Letters

Bởi mysunshineisbright

56.3K 6.1K 121

စာလေးတစ်စောင်မှာ ရေးပေးလိုက်တဲ့သူရဲ့ နှလုံးသားတစ်ခုလုံးကို ခံစားရစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်.. စာေလးတစ္... Xem Thêm

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
Finale
❤️📢💚

24

2.1K 223 8
Bởi mysunshineisbright

(Unicode)

ရှောင်းကျန့်ချုံချင်းကိုရောက်တာ တစ်လနီးနီးရှိပြီ.. ကောင်လေးကိုလွမ်းတိုင်း ပန်းချီရေးနေတာနဲ့ သူ့ရဲ့တစ်နေ့တာက studio မှာပဲ အချိန်ကုန်တာများပါတယ်..
ညနေရောက်တော့ အညောင်းအညာပြေအောင် မြစ်ကမ်းကို လမ်းလျှောက်ထွက်လာတယ်... နာရီဝက်လောက်လျှောက်ပြီးတော့ လွတ်နေတဲ့ခုံတန်းလေးမှာထိုင်ပြီး ဆေးလိပ်သောက်နေလိုက်တယ်... တိမ်တောက်နေတဲ့ ကောင်းကင်ကြီးကိုငေးကာထိုင်နေရင်းနဲ့ ဒီလိုအချိန် ဝမ်ပေါက်စလေးသာရှိရင်ကောင်းမယ်လို့တွေးမိတယ်.. အရမ်းလွမ်းရပေမဲ့ ဘာမှမဖြစ်ခဲ့ကြသလိုနဲ့ မျက်နှာပြောင်တိုက်ပြီး ကလေးရှေ့ကိုသွားဖို့ သူ့မှာ သတ္တိကမရှိသေးဘူး.. အမှားတွေလုပ်ထားတဲ့သူမဟုတ်လား...

"ဘယ်အချိန်ထိ ပုန်းနေဖို့စဉ်းစားထားတာလဲ"

ရှောင်းကျန့်အလန့်တကြားလှည့်ကြည့်မိတော့ သူ့ဘေးမှာလာထိုင်တဲ့ ဝါဂွမ်းလုံးလေးရယ်လေ.. ရင်တွေခုန်လိုက်ရတာ... သူ့အဖိုးတန်ကလေးက သူ့ဘေးကိုရောက်လာတယ်တဲ့...

"ရိပေါ်.. ဘယ်လိုရောက်လာတာလဲ.."
"ကောကပုန်းနေတော့လဲ လိုက်လာရတော့တာပေါ့.."
"ကိုယ်ဒီမှာရှိမှန်း ဘယ်လိုသိလဲ.."
"နေပါဦးကောရယ်.. အရေးကြီးတာအရင်ပြောရအောင်ပါ... ကော ကျွန်တော့်ကိုကြည့်စမ်း.."

ရိပေါ်က ခုံပေါ်ကနေဆင်းပြီး ရှောင်းကျန့်ရှေ့မှာ ဒူးတစ်ဖက်ထောက်ပြီးထိုင်လိုက်တယ်.. ရှောင်းကျန့် သူ့ရှေ့ကရိပေါ်ကို ငေးနေမိတယ်... သူ့ကလေးလေးက ဘယ်အချိန်မဆို မြတ်နိုးစရာကောင်းနေတော့တာ...

ရိပေါ်က ရှောင်းကျန့်လက်တွေကိုဆုပ်ကိုင်လိုက်ရင်း

"ကော ကျွန်တော်ကောကိုချစ်တယ်.."
"......"
"ဘယ်လိုပဲ ကောနားမလာတော့ဘူးပဲလုပ်လုပ် အချိန်တန်ရင် ကောနားပဲပြန်လာချင်တာ.. ကောကရော ခုထိ ကျွန်တော်နဲ့အဝေးကိုပြေးချင်တုန်းလား.. "
"ရိပေါ်... ကိုယ်က..."

ရိပေါ်ကကောက်ခါငင်ကာပဲ ရှောင်းကျန့်ရဲ့ဖုန်းကိုဆွဲယူပြီး password နှိပ်ဖွင့်လိုက်ပြီး photo ထဲကိုဝင်လိုက်တယ်.. ပြီးတော့

"ငြင်းဦးမှာလား... ကျွန်တော့်မွေးနေ့နဲ့ password ရယ် ခိုးရိုက်ထားတဲ့ပုံတွေရယ်... ကောရယ် ဘာလို့မပွင့်လင်းရတာလဲ... ကောက စောင့်ဆိုလဲစောင့်နိုင်ပါတယ်.. ဒါပေမဲ့ ဒီလိုကြီးငြင်းနေတာကြတော့ ကျွန်တော့်ကို မသနားဘူးလား.. ဟင် ကော.."
"ကိုယ်က အဲ့လောက်ထိကို သရဲဘောကြောင်တာ... ကိုယ် ရိပေါ်ဆီလာဖို့ကြိုးစားတိုင်း ချီတုံချတုံဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်လဲ မုန်းတယ်.. ဒီလောက်ကို မကောင်းတဲ့ကောင်ပဲကိုယ်က.."
"ကော သူငယ်ချင်းကိုအားနာနေတဲ့စိတ်ကိုဖျောက်ပေးပါလား... ကျွန်တော်က ကောကိုချစ်နေတာသိရဲ့သားနဲ့ ထွက်ပြေးနေတာကြတော့ရော.. ကျွန်တော့်ကိုအားမနာဘူးလား.. အရင်က ကောစိတ်ကိုမသိခဲ့လို့ ကျွန်တော်ကောဆီလာရင် ကောစိတ်ပင်ပန်းရမှာစိုးလို့ ရှောင်ပေးခဲ့တာ.. အခုကောလဲ ကျွန်တော့်ကိုစိတ်ထဲရှိရဲ့သားနဲ့ ဘာလို့ ကျွန်တော့်ကိုလက်မခံရတာလဲ... နှစ်ယောက်လုံးပင်ပန်းနေရတာကြီးက ဟုတ်မှမဟုတ်တာ.. ပြီးတော့ Zack က ကောကိုဘာပြောထားလဲဆိုတာလဲဆိုတာလဲ ကျွန်တော်သိပြီးပြီ... သူကလဲ ကောကိုအပြစ်မတင်ဘူးလေ.. အဲ့တော့ ဒီတိုင်း ကျွန်တော့်ကိုယုံပြီး လက်ခံပေးလို့မရဘူးလား..."

ရှောင်းကျန့် ရိပေါ်ကိုလှမ်းဖက်လိုက်တော့တယ်.. ထိန်းထားတဲ့ကြားက မျက်ရည်ကလဲ ကျလိုက်မိသေးတာ.. ဒီကလေးလေးက သူ့အတွက်တန်ဖိုးရှိလွန်းတယ်... ဒီလောက်မကောင်းတဲ့ကိုယ့်ကို စိတ်မကုန်ပဲ ခုထိသူ့ဆီလာခဲ့ဖို့ တတွတ်တွတ်ပြောနေတဲ့ကောင်လေးက အရာရာကိုရင်ဆိုင်နိုင်ဖို့ သတ္တိတွေပေးပါတယ်...

"ချစ်တယ် ကိုယ့်ကလေးလေး..."

ရိပေါ်က ဖက်ထားတာကိုရုန်းပြီးတော့ သူ့မျက်လုံးတွေကို ဆုံပြီးကြည့်လာတယ်..

"ကော ပြန်ပြောပါဦး.."
"ချစ်တယ်လို့.."
"ခုနကအတိုင်းပြောလေ အပြည့်အစုံ.. ဘယ်လိုခေါ်လိုက်တာ.."
"ကိုယ့်ကလေးလေးကို ချစ်တယ်.. ထပ်ထွက်မပြေးတော့ဘူးနော်..."
"ကောရာ ကျွန်တော်နှလုံးခုန်တာရပ်တော့မှာပဲ.."
"လာ ခုံပေါ်လာထိုင်.. ညောင်းနေတော့မယ်.."

ရိပေါ်က သူ့ဘေးက ခုံမှာလာထိုင်ရင်း လက်ကိုဆုပ်ကိုင်လာတယ်...

"ကျေးဇူးတင်ပါတယ်ကော.. ကော ကျွန်တော့်ဆီကထပ်ထွက်ပြေးချင်စိတ်မပေါ်အောင်ကို ကျွန်တော်က ပျော်အောင်ထားမှာမို့ ကောက ကျွန်တော့်ကိုယုံပြီးလိုက်ခဲ့နော်.."
"အင်း.. ယုံတယ်.. ရိပေါ်ကို ကိုယ့်ကိုကိုယ်ထက်တောင်ပိုယုံတယ်.."
"ဘာရိပေါ်လဲ... ခုနကနာမည်က ဘယ်ရောက်သွားပြန်ပြီလဲ.."
"ဟီးဟီး..
ဒါနဲ့ ကိုယ်ဒီမှာရှိမှန်းဘယ်လိုသိလဲလို့.."
"ကောရဲ့ ညီမတွေကျေးဇူးပေါ့.."
.
.
.
*flashback*

"ဒါဆို ညီမတို့က ကျန့်ကောညီမတွေလား..."
"ဟုတ်တယ်လေ...အမြွှာတွေ... ရိပေါ်ကော ဒီတိုင်းစကိတ်စီးနေရုံနဲ့ ကောကောကပြန်ကြိုက်မှာမဟုတ်ဘူး.. ကြိုးစားမှပေါ့.. အဲ့ဒါလာပြောတာ.. သွားတော့မယ်... တစ်ကယ်ပဲ... အားကိုမရဘူး.."
"ခဏလေးပါ... ညီမတို့လာတာ ကျန့်ကောသိလား.."
"သိမလားကောကလဲ.. ပြီးတော့ ရှောင်းကျန့်ကောကောက ချုံချင်းပြန်သွားတာ.. ရိပေါ်ကောကိုတွေ့ရင် သူစိတ်မခိုင်တော့မှာစိုးလို့... ကြိုက်ရဲ့သားနဲ့ သူကလဲတစ်မျိုး.."
"ခဏ ခဏ... ကြိုက်ရဲ့သားနဲ့လို့ပြောလိုက်တာလား.."
"ဟုတ်တယ်လေ.. ရှောင်းကျန့်ကောကောက ရိပေါ်ကောကို အရင်ထဲကကြိုက်တာ.. Zack ကောက ရိပေါ်ကောကို အရင်တွေ့ပြီးကြိုက်လို့ သူက အလျှော့ပေးလိုက်တာ..
ရိပေါ်ကောကလဲ ပိန်းဥ.. ကိုယ့်ကိုကြိုက်နေလား မကြိုက်နေလားတောင်မသိဘူးလားလို့.."

ရိပေါ် သူ့ကိုပိန်းဥလို့ပြောနေတဲ့ ဒီနှစ်ယောက်ကို စိတ်လျှော့ထားရတယ်... ကျေးဇူးရှင်လေးတွေမဟုတ်လား..

"ညီမတို့ပြောတာတွေက တစ်ကယ်လား.. ကောကမယုံလို့မဟုတ်ပါဘူး.. သေချာအောင်ပါ.."

မျက်နှာချိုကသွေးရသေးတာ.. ခယ်မလောင်းလေးတွေဆိုတော့လဲ..

"ဪ.. ဟုတ်ပါတယ်ဆို.. ရှောင်းကျန့်ကောကောနဲ့ Zack ကောနဲ့ပြောနေတာကို သမီးတို့ခိုးနားထောင်ထားတာ.. ဟီးဟီး..
ပြီးတော့ ကောကောရဲ့ ဖုန်းထဲမှာလဲ ရိပေါ်ကောကိုခိုးရိုက်ထားတဲ့ပုံတွေအများကြီးရှိတယ်သိလား.. မယုံရင် သူနဲ့တွေ့ရင် ဖုန်းယူစစ်ကြည့်.. password က ရိပေါ်ကောမွေးနေ့ပဲ.. ဒါလဲ သမီးတို့ခိုးကြည့်ထားတာ.."
"ကျေးဇူးတင်ပါတယ် ညီမလေးတို့ရယ်.. တစ်ကယ်ပါ"
"ရပါတယ်.. သမီးတို့က ကောကောယောကျာ်းရသွားရင်ကို ကျေနပ်ပြီ.. ခုကသမီးတို့ဝင်မပါရင်ကောတို့အခြေအနေက တိုးတက်တော့မှာမဟုတ်လို့ ဝင်ပါရတာ... ကောတို့အဆင်ပြေသွားရင်ရပြီ.. သွားတော့မယ်နော် ရိပေါ်ကော.. ကောတာဝန်ပဲကျန်တော့တယ်.. သမီးတို့တာဝန်ကျေပြီ.."
.
.
.
"ဪ ဟိုပေါက်ကျော်မတွေလက်ချက်ပဲပေါ့လေ.."
"လက်ချက်လို့မပြောပါနဲ့ကောကလဲ.. သူတို့ကျေးဇူးနဲ့ ကျွန်တော်တို့အဆင်ပြေသွားတဲ့ဟာကို.."
"အင်း ဟုတ်ပါတယ်လေ"
"ကော ပေကျင်းပြန်လိုက်ခဲ့တော့နော်... ကျွန်တော်အရမ်းလွမ်းနေပြီ.."

ရှောင်းကျန့်က သူ့ကို ခေါင်းလေးနဲ့ တိုးခွေ့ရင်းပြောနေတဲ့ ကလေးကိုကြည့်ရင်း အသဲတွေယားလိုက်ရတာ..

"ဒီကလေး ဘယ်တုန်းကဒီလောက်ချွဲတတ်သွားတာလဲ.."
ရိပေါ်က ရှောင်းကျန့်ပါးကိုအုပ်ကိုင်လိုက်ရင်း...
"ကောက ချစ်တယ်လို့ပြောပြီးကတည်းကပဲ..
ကော အများကြီးချစ်တယ်နော်.."

ဒီလူသားနှစ်ယောက်ရဲ့ ဒုတိယအကြိမ်အနမ်းတွေကတော့ ပိုချိုမြနေလေရဲ့....

Next part is finale!!!

___________________

(Zawgyi)

ေရွာင္းက်န္႔ခ်ဳံခ်င္းကိုေရာက္တာ တစ္လနီးနီးရွိၿပီ.. ေကာင္ေလးကိုလြမ္းတိုင္း ပန္းခ်ီေရးေနတာနဲ႔ သူ႔ရဲ့တစ္ေန႔တာက studio မွာပဲ အခ်ိန္ကုန္တာမ်ားပါတယ္..
ညေနေရာက္ေတာ့ အေညာင္းအညာေျပေအာင္ ျမစ္ကမ္းကို လမ္းေလၽွာက္ထြက္လာတယ္... နာရီဝက္ေလာက္ေလၽွာက္ၿပီးေတာ့ လြတ္ေနတဲ့ခုံတန္းေလးမွာထိုင္ၿပီး ေဆးလိပ္ေသာက္ေနလိုက္တယ္... တိမ္ေတာက္ေနတဲ့ ေကာင္းကင္ႀကီးကိုေငးကာထိုင္ေနရင္းနဲ႔ ဒီလိုအခ်ိန္ ဝမ္ေပါက္စေလးသာရွိရင္ေကာင္းမယ္လို႔ေတြးမိတယ္.. အရမ္းလြမ္းရေပမဲ့ ဘာမွမျဖစ္ခဲ့ၾကသလိုနဲ႔ မ်က္ႏွာေျပာင္တိုက္ၿပီး ကေလးေရွ႕ကိုသြားဖို႔ သူ႔မွာ သတၱိကမရွိေသးဘူး.. အမွားေတြလုပ္ထားတဲ့သူမဟုတ္လား...

"ဘယ္အခ်ိန္ထိ ပုန္းေနဖို႔စဥ္းစားထားတာလဲ"

ေရွာင္းက်န္႔အလန္႔တၾကားလွည့္ၾကည့္မိေတာ့ သူ႔ေဘးမွာလာထိုင္တဲ့ ဝါဂြမ္းလုံးေလးရယ္ေလ.. ရင္ေတြခုန္လိုက္ရတာ... သူ႔အဖိုးတန္ကေလးက သူ႔ေဘးကိုေရာက္လာတယ္တဲ့...

"ရိေပၚ.. ဘယ္လိုေရာက္လာတာလဲ.."
"ေကာကပုန္းေနေတာ့လဲ လိုက္လာရေတာ့တာေပါ့.."
"ကိုယ္ဒီမွာရွိမွန္း ဘယ္လိုသိလဲ.."
"ေနပါဦးေကာရယ္.. အေရးႀကီးတာအရင္ေျပာရေအာင္ပါ... ေကာ ကၽြန္ေတာ့္ကိုၾကည့္စမ္း.."

ရိေပၚက ခုံေပၚကေနဆင္းၿပီး ေရွာင္းက်န္႔ေရွ႕မွာ ဒူးတစ္ဖက္ေထာက္ၿပီးထိုင္လိုက္တယ္.. ေရွာင္းက်န္႔ သူ႔ေရွ႕ကရိေပၚကို ေငးေနမိတယ္... သူ႔ကေလးေလးက ဘယ္အခ်ိန္မဆို ျမတ္နိုးစရာေကာင္းေနေတာ့တာ...

ရိေပၚက ေရွာင္းက်န္႔လက္ေတြကိုဆုပ္ကိုင္လိုက္ရင္း

"ေကာ ကၽြန္ေတာ္ေကာကိုခ်စ္တယ္.."
"......"
"ဘယ္လိုပဲ ေကာနားမလာေတာ့ဘူးပဲလုပ္လုပ္ အခ်ိန္တန္ရင္ ေကာနားပဲျပန္လာခ်င္တာ.. ေကာကေရာ ခုထိ ကၽြန္ေတာ္နဲ႔အေဝးကိုေျပးခ်င္တုန္းလား.. "
"ရိေပၚ... ကိုယ္က..."

ရိေပၚကေကာက္ခါငင္ကာပဲ ေရွာင္းက်န္႔ရဲ့ဖုန္းကိုဆြဲယူၿပီး password ႏွိပ္ဖြင့္လိုက္ၿပီး photo ထဲကိုဝင္လိုက္တယ္.. ၿပီးေတာ့

"ျငင္းဦးမွာလား... ကၽြန္ေတာ့္ေမြးေန႔နဲ႔ password ရယ္ ခိုးရိုက္ထားတဲ့ပုံေတြရယ္... ေကာရယ္ ဘာလို႔မပြင့္လင္းရတာလဲ... ေကာက ေစာင့္ဆိုလဲေစာင့္နိုင္ပါတယ္.. ဒါေပမဲ့ ဒီလိုႀကီးျငင္းေနတာၾကေတာ့ ကၽြန္ေတာ့္ကို မသနားဘူးလား.. ဟင္ ေကာ.."
"ကိုယ္က အဲ့ေလာက္ထိကို သရဲေဘာေၾကာင္တာ... ကိုယ္ ရိေပၚဆီလာဖို႔ႀကိဳးစားတိုင္း ခ်ီတုံခ်တုံျဖစ္ေနတဲ့ ကိုယ့္ကိုကိုယ္လဲ မုန္းတယ္.. ဒီေလာက္ကို မေကာင္းတဲ့ေကာင္ပဲကိုယ္က.."
"ေကာ သူငယ္ခ်င္းကိုအားနာေနတဲ့စိတ္ကိုေဖ်ာက္ေပးပါလား... ကၽြန္ေတာ္က ေကာကိုခ်စ္ေနတာသိရဲ့သားနဲ႔ ထြက္ေျပးေနတာၾကေတာ့ေရာ.. ကၽြန္ေတာ့္ကိုအားမနာဘူးလား.. အရင္က ေကာစိတ္ကိုမသိခဲ့လို႔ ကၽြန္ေတာ္ေကာဆီလာရင္ ေကာစိတ္ပင္ပန္းရမွာစိုးလို႔ ေရွာင္ေပးခဲ့တာ.. အခုေကာလဲ ကၽြန္ေတာ့္ကိုစိတ္ထဲရွိရဲ့သားနဲ႔ ဘာလို႔ ကၽြန္ေတာ့္ကိုလက္မခံရတာလဲ... ႏွစ္ေယာက္လုံးပင္ပန္းေနရတာႀကီးက ဟုတ္မွမဟုတ္တာ.. ၿပီးေတာ့ Zack က ေကာကိုဘာေျပာထားလဲဆိုတာလဲဆိုတာလဲ ကၽြန္ေတာ္သိၿပီးၿပီ... သူကလဲ ေကာကိုအျပစ္မတင္ဘူးေလ.. အဲ့ေတာ့ ဒီတိုင္း ကၽြန္ေတာ့္ကိုယုံၿပီး လက္ခံေပးလို႔မရဘူးလား..."

ေရွာင္းက်န္႔ ရိေပၚကိုလွမ္းဖက္လိုက္ေတာ့တယ္.. ထိန္းထားတဲ့ၾကားက မ်က္ရည္ကလဲ က်လိုက္မိေသးတာ.. ဒီကေလးေလးက သူ႔အတြက္တန္ဖိုးရွိလြန္းတယ္... ဒီေလာက္မေကာင္းတဲ့ကိုယ့္ကို စိတ္မကုန္ပဲ ခုထိသူ႔ဆီလာခဲ့ဖို႔ တတြတ္တြတ္ေျပာေနတဲ့ေကာင္ေလးက အရာရာကိုရင္ဆိုင္နိုင္ဖို႔ သတၱိေတြေပးပါတယ္...

"ခ်စ္တယ္ ကိုယ့္ကေလးေလး..."

ရိေပၚက ဖက္ထားတာကို႐ုန္းၿပီးေတာ့ သူ႔မ်က္လုံးေတြကို ဆုံၿပီးၾကည့္လာတယ္..

"ေကာ ျပန္ေျပာပါဦး.."
"ခ်စ္တယ္လို႔.."
"ခုနကအတိုင္းေျပာေလ အျပည့္အစုံ.. ဘယ္လိုေခၚလိုက္တာ.."
"ကိုယ့္ကေလးေလးကို ခ်စ္တယ္.. ထပ္ထြက္မေျပးေတာ့ဘူးေနာ္..."
"ေကာရာ ကၽြန္ေတာ္ႏွလုံးခုန္တာရပ္ေတာ့မွာပဲ.."
"လာ ခုံေပၚလာထိုင္.. ေညာင္းေနေတာ့မယ္.."

ရိေပၚက သူ႔ေဘးက ခုံမွာလာထိုင္ရင္း လက္ကိုဆုပ္ကိုင္လာတယ္...

"ေက်းဇူးတင္ပါတယ္ေကာ.. ေကာ ကၽြန္ေတာ့္ဆီကထပ္ထြက္ေျပးခ်င္စိတ္မေပၚေအာင္ကို ကၽြန္ေတာ္က ေပ်ာ္ေအာင္ထားမွာမို႔ ေကာက ကၽြန္ေတာ့္ကိုယုံၿပီးလိုက္ခဲ့ေနာ္.."
"အင္း.. ယုံတယ္.. ရိေပၚကို ကိုယ့္ကိုကိုယ္ထက္ေတာင္ပိုယုံတယ္.."
"ဘာရိေပၚလဲ... ခုနကနာမည္က ဘယ္ေရာက္သြားျပန္ၿပီလဲ.."
"ဟီးဟီး..
ဒါနဲ႔ ကိုယ္ဒီမွာရွိမွန္းဘယ္လိုသိလဲလို႔.."
"ေကာရဲ့ ညီမေတြေက်းဇူးေပါ့.."
.
.
.
*flashback*

"ဒါဆို ညီမတို႔က က်န္႔ေကာညီမေတြလား..."
"ဟုတ္တယ္ေလ...အႁမႊာေတြ... ရိေပၚေကာ ဒီတိုင္းစကိတ္စီးေန႐ုံနဲ႔ ေကာေကာကျပန္ႀကိဳက္မွာမဟုတ္ဘူး.. ႀကိဳးစားမွေပါ့.. အဲ့ဒါလာေျပာတာ.. သြားေတာ့မယ္... တစ္ကယ္ပဲ... အားကိုမရဘူး.."
"ခဏေလးပါ... ညီမတို႔လာတာ က်န္႔ေကာသိလား.."
"သိမလားေကာကလဲ.. ၿပီးေတာ့ ေရွာင္းက်န္႔ေကာေကာက ခ်ဳံခ်င္းျပန္သြားတာ.. ရိေပၚေကာကိုေတြ႕ရင္ သူစိတ္မခိုင္ေတာ့မွာစိုးလို႔... ႀကိဳက္ရဲ့သားနဲ႔ သူကလဲတစ္မ်ိဳး.."
"ခဏ ခဏ... ႀကိဳက္ရဲ့သားနဲ႔လို႔ေျပာလိုက္တာလား.."
"ဟုတ္တယ္ေလ.. ေရွာင္းက်န္႔ေကာေကာက ရိေပၚေကာကို အရင္ထဲကႀကိဳက္တာ.. Zack ေကာက ရိေပၚေကာကို အရင္ေတြ႕ၿပီးႀကိဳက္လို႔ သူက အေလၽွာ့ေပးလိုက္တာ..
ရိေပၚေကာကလဲ ပိန္းဥ.. ကိုယ့္ကိုႀကိဳက္ေနလား မႀကိဳက္ေနလားေတာင္မသိဘူးလားလို႔.."

ရိေပၚ သူ႔ကိုပိန္းဥလို႔ေျပာေနတဲ့ ဒီႏွစ္ေယာက္ကို စိတ္ေလၽွာ့ထားရတယ္... ေက်းဇူးရွင္ေလးေတြမဟုတ္လား..

"ညီမတို႔ေျပာတာေတြက တစ္ကယ္လား.. ေကာကမယုံလို႔မဟုတ္ပါဘူး.. ေသခ်ာေအာင္ပါ.."

မ်က္ႏွာခ်ိဳကေသြးရေသးတာ.. ခယ္မေလာင္းေလးေတြဆိုေတာ့လဲ..

"ဪ.. ဟုတ္ပါတယ္ဆို.. ေရွာင္းက်န္႔ေကာေကာနဲ႔ Zack ေကာနဲ႔ေျပာေနတာကို သမီးတို႔ခိုးနားေထာင္ထားတာ.. ဟီးဟီး..
ၿပီးေတာ့ ေကာေကာရဲ့ ဖုန္းထဲမွာလဲ ရိေပၚေကာကိုခိုးရိုက္ထားတဲ့ပုံေတြအမ်ားႀကီးရွိတယ္သိလား.. မယုံရင္ သူနဲ႔ေတြ႕ရင္ ဖုန္းယူစစ္ၾကည့္.. password က ရိေပၚေကာေမြးေန႔ပဲ.. ဒါလဲ သမီးတို႔ခိုးၾကည့္ထားတာ.."
"ေက်းဇူးတင္ပါတယ္ ညီမေလးတို႔ရယ္.. တစ္ကယ္ပါ"
"ရပါတယ္.. သမီးတို႔က ေကာေကာေယာက်ာ္းရသြားရင္ကို ေက်နပ္ၿပီ.. ခုကသမီးတို႔ဝင္မပါရင္ေကာတို႔အေျခအေနက တိုးတက္ေတာ့မွာမဟုတ္လို႔ ဝင္ပါရတာ... ေကာတို႔အဆင္ေျပသြားရင္ရၿပီ.. သြားေတာ့မယ္ေနာ္ ရိေပၚေကာ.. ေကာတာဝန္ပဲက်န္ေတာ့တယ္.. သမီးတို႔တာဝန္ေက်ၿပီ.."
.
.
.
"ဪ ဟိုေပါက္ေက်ာ္မေတြလက္ခ်က္ပဲေပါ့ေလ.."
"လက္ခ်က္လို႔မေျပာပါနဲ႔ေကာကလဲ.. သူတို႔ေက်းဇူးနဲ႔ ကၽြန္ေတာ္တို႔အဆင္ေျပသြားတဲ့ဟာကို.."
"အင္း ဟုတ္ပါတယ္ေလ"
"ေကာ ေပက်င္းျပန္လိုက္ခဲ့ေတာ့ေနာ္... ကၽြန္ေတာ္အရမ္းလြမ္းေနၿပီ.."

ေရွာင္းက်န္႔က သူ႔ကို ေခါင္းေလးနဲ႔ တိုးေခြ႕ရင္းေျပာေနတဲ့ ကေလးကိုၾကည့္ရင္း အသဲေတြယားလိုက္ရတာ..

"ဒီကေလး ဘယ္တုန္းကဒီေလာက္ခၽြဲတတ္သြားတာလဲ.."
ရိေပၚက ေရွာင္းက်န္႔ပါးကိုအုပ္ကိုင္လိုက္ရင္း...
"ေကာက ခ်စ္တယ္လို႔ေျပာၿပီးကတည္းကပဲ..
ေကာ အမ်ားႀကီးခ်စ္တယ္ေနာ္.."

ဒီလူသားႏွစ္ေယာက္ရဲ့ ဒုတိယအႀကိမ္အနမ္းေတြကေတာ့ ပိုခ်ိဳျမေနေလရဲ့....

Next part is finale!!!

Đọc tiếp

Bạn Cũng Sẽ Thích

1.8M 116K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
1.2M 28.9K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
3.3M 190K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
3.6M 150K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...