Jiminနဲ့ TaeHyungတို့နှစ်ယောက် ဂေဟာကို
ဘယ်အချိန်ရောက်လာမလဲဆိုတာကို သိထား
ပြီးသားဖြစ်တာမို့ မေမေကြီးခိုင်းထားတဲ့ ရုံးခန်း
ထဲကဓာတ်ပုံမှန်ဘောင်တွေကို သန့်ရှင်းရေးလုပ်
နေရင်းမှ ခြံဝင်းထဲကအသံကိုလဲ သူ့အလိုလိုနား
စွင့်နေပြီးသားဖြစ်နေသည်။ဂနာမငြိမ်စွာဖြင့်ရုံးခန်းထဲကနေ ခြံဝန်းထဲသို့ ချောင်းကြည့်မိတာက
လဲအကြိမ်ကြိမ်အခါခါဖြစ်သည်။
ခြံထဲသို့ သူဌေးသားသူငယ်ချင်းနှစ်ယောက်ရဲ့
ကားလေးဆိုက်ရောက်လာသည့်အသံကြားလိုက်
တဲ့အချိန်မှာတော့ ခွေးခြေအပုလေးပေါ်ကနေ
ပြုတ်ကျသည်အထိပင် စိတ်လှုပ်ရှားနေခဲ့မိ
သည်။
အနီရဲရဲ မော်ဒယ်မြင့် ကားလှလှလေးပေါ်ကနေ
လိုက်ဖက်ညီစွာ ဆင်းလာကြတဲ့ ကောင်လေး
နှစ်ယောက်ရဲ့ အရှိန်အဝါသည် ဂေဟာက အည တရကောင်လေးရဲ့ ဖြစ်တည်မှုကို ပိုမိုသေးနုပ်
သွားသည်ဟူ၍ ခံစားမိလောက်အောင်ပင် ထွန်း
လင်းတောက်ပနေသည်။
TaeHyungနဲ့ ကျောချင်းကပ်ကာရပ်နေသည်မို့
ချစ်စဖွယ်မျက်နှာလေးကိုတော့ဖြင့် မြင်တွေ့ခွင့်
မရလိုက်ပေ။သဲမှုန်စလေးတွေ အနည်းငယ်တင်
ကျန်နေသည့် sneaker ဖြူဖြူလေးကိုတော့မျက်
ဝန်းထောင့်ကနေ မြင်ဖြစ်အောင် မြင်လိုက်သေး
သည်မို့ Jungkookက ထိုကောင်လေးကို ကျော်
လွန်လာပြီးသည့်အခါ အရူးတစ်ယောက်လိုပြုံး
ရယ်မိသည်။
"ကိုကို... ဒါလေးဝယ်ပေး" ဟူ၍ ပူဆာခဲ့သည့်
ထိုကလေးရဲ့ အမူအရာလေးကိုပါ မြင်ယောင်
မိကာရင်ခုန်သံတွေကမောက်ကမဖြစ်ကုန်သည်။
ရပ်ကွက်စျေးလေးထဲက တန်ဖိုးမကြီးလှတဲ့ ထို
ဖိနပ်ကလေးကို ပိုင်ဆိုင်ခွင့်ရတဲ့အချိန်တုန်းက
တစ်ကမ္ဘာလုံးကို အပိုင်စားရသလိုပြုံးပျော်နေခဲ့
တဲ့ ကောင်လေးရဲ့မျက်နှာလှလှလေးကို ငေးမော
ရင်းဖြင့် သူကိုယ်တိုင်လဲ ထပ်တူပျော်ရွှင်ကြည်နူး
ခဲ့ဖူးသည်။
ဒီဖိနပ်ကလေးကြောင့်ပဲ ရှေ့ဆက်တိုးဖို့အတွက်
အားအင်တစ်ခုရလာခဲ့သလို...။ သို့ပေမဲ့ ကောင်
လေးရဲ့အပြုအမူအစစ်အမှန်လေးတွေကို သူစိမ်း
တစ်ယောက်အနေနဲ့ တိတ်တိတ်လေး စောင့်
ကြည့်ပြီး ရင်ခုန်ကြည့်ချင်သေးသည်။ SeokJin
အပေါ်ကို ဘယ်လိုဆက်ဆံမလဲ ဆိုတာကိုလဲ
သိချင်လှတာမို့ ခဏလေးတော့ မသိချင်ယောင်
ဆောင်နေလိုက်ပါဦးမယ်။
"ဟေ့ Jungkook... ဟိုကောင်လေးတွေရောက်
နေပြီလား"
"ဟုတ်... မေမေကြီးနဲ့ စကားပြောနေကြတယ်"
NamJoon Hyungက Jiminနဲ့ တစ်ခါမှမဆုံဖူး
သေးတာမို့ "ဟိုကောင်လေးရောက်လာပြီလား'"
ဟူ၍ တဖွဖွမေးနေခဲ့ကာ "တွေ့မှပညာပြရဦးမယ်"ဆိုပြီးတော့လဲ ကြုံးဝါးနေခဲ့သေးသည်။
"ရောက်နေပြီတဲ့...ဒီအကြောတင်းလေးကို
မြင်ဖူးတယ်ရှိအောင် သွားကြည့်လိုက်ဦးမယ်"
"ဒေါက်တာ... ကလေးကို ရန်သွားမရှာနဲ့ဦး
နော်"
"မင်းညီကို ဘာမှမလုပ်သေးပါဘူး ။မြင်ဖူးတယ်
ရှိအောင် ကြည့်ရုံပဲ"
SeokJinကို ပြန်ပြောပြီးနောက် NamJoonတစ်
ယောက် မေမေကြီးရဲ့ ရုံးခန်းရှိရာဘက်သို့ ထွက်
လာကာ ရုံးခန်းရှေ့ကနေ မယောင်မလည်နှင့်
Jiminတို့ကို ချောင်းကြည့်နေလေသည်။ရုံးခန်း
ထဲမှာ ထိုင်နေသည့် ကလေးမျက်နှာနှင့် ဖြူဖြူ
သေးသေး ကောင်လေးက သူ့ကောင်လေး SeokJinကို မထိတထိ ဒုက္ခပေးခဲ့တဲ့လူဆိုးလေးဆိုတာ ယုံချင်စရာပင်မရှိချေ။
NamJoonက SeokJinနဲ့ Jungkookတို့ရှိရာ
အဆောင်သစ်ဆီသို့ပြန်လျှောက်လာကာ-
"ဟင်း... လူကောင်လေးက သေးသေးလေး
တစ်ချက်စာတောင်မရှိဘူး"
"ဟက်...ဒေါက်တာ အူယားလာပြီမလား"
"ဘာအူယား ရမှာတုန်း"
"ကဲပါ ...အစ်ကို Jungkookရှေ့မှာ Jiminကို
ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ် ခြိမ်းခြောက်မ
နေနဲ့။ ဒီမှာ မျက်နှာက ဇီးရွက်လောက်ပဲရှိတော့
တယ်"
"အာ... မဟုတ်ပါဘူး"
"ဘာမှမလုပ်ပါဘူးကွာ။ နည်းနည်းလေး ပညာ
ပေးချင်ရုံပါ။ နောက်လဲ ငါတို့က အမျိုးတွေဖြစ်
လာမှာပဲကို... မျက်နှာပျက်ရအောင်တော့မလုပ်
ပါဘူး"
"ကဲပါ ရွာထဲသွားကြမယ်"
လောလောဆယ် ဒီဂေဟာကနေ တစ်ဖဝါးမျှ
မခွာချင်ပေမဲ့ Hyung တို့ကို လိုက်ပြပေးဖို့
တာဝန်ရှိတာမို့ Jungkook တစ်ယောက်
Hyungတို့စုံတွဲကြားမှာ ကန့်လန့်ကန့်လန့်နဲ့ လိုက်ပါသွားရတော့သည်။
-----------------------
"အဆောင်အသစ်ဘက်ကို သွားကြည့်ရအောင်"
"ဟို... သား နောက်မှပဲ ကြည့်ပါတော့မယ်"
"ခုနက Jungkookပြောသွားတာကြားတယ်မ
လားသူတို့ ရွာထဲသွားကြမလို့တဲ့။ အခု အဆောင်
အသစ်ဘက်မှာ ဘယ်သူမှရှိမနေတော့ဘူး"
"အဲ့လိုဆို သွားကြည့်မယ်လေ ဟီးဟီး"
ယခင်အဆောင်အဟောင်းရဲ့ ဘေးဘက်မှာရှိနေ
သည့် ရေချိုးအုတ်ကန်ကြီး၏နေရာတွင် အစား
ထိုးဝင်ရောက်နေသော နှစ်ထပ်အဆောက်အဦး
ကသူ မတည်ပေးခဲ့တဲ့ ပိုက်ဆံဖြင့် တည်ဆောက်
ထားခြင်းဖြစ်သည်။ အမှန်အတိုင်းပြောရရင်
ဂေဟာကကလေးတွေကို အဆင်ပြေပြေနေစေချင်တဲ့ စိတ်ထက် တစ်လတစ်လ သူ့အတွက်သူ
မသုံးနိုင်လောက်အောင် ချွေတာနေသည့် သူ့
ဆရာဝန်လေးရဲ့ တာဝန်ကို မျှဝေယူချင်ရုံဖြင့် လှူဒါန်းခဲ့ခြင်းသာဖြစ်သည်။
အခုလိုမျိုး လှလှပပ နှစ်ထပ်အဆောက်အဦး လေးကို မြင်တွေ့ရတဲ့အခါကျတော့ စိတ်ထဲ
မှာ တစ်မျိုးကြည်နူးရသည်။
"ဒီမှာ ကလေးတွေ နေနေပြီလား မေမေကြီး"
"ဖွင့်ပွဲပြီးမှ နေကြမှာသားရဲ့။ လောလောဆယ်
Jungkookတို့ ၃ယောက် ဒီမှာ ညဘက် အိပ်ကြ
တယ်။ Jiminတို့နှစ်ယောက်က ဟိုတစ်ခါလာ
တုန်းက နေသွားတဲ့ Jungkookအခန်းလေးထဲ
မှာပဲ နေလိုက်နော်။ အဆောင်သစ်ဘက်မှာဆို
သားတို့ နေရခက်နေမှာစိုးလို့"
"ဟုတ်"
"သူငယ်ချင်းနှစ်ယောက် အေးအေးဆေးဆေး နေ
ကြဦးနော်။ နေ့လည်စာစားချိန်ကျမှ ထမင်းစား
ခန်းထဲ လာခဲ့ကြ။ ဒီနေ့ Jiminကြိုက်တာတွေ
ချက်ထားတယ်"
"ဟုတ်ကဲ့ မေမေကြီး။ သားတို့ အပေါ်ထပ်ကို တက်ကြည့်လိုက်ဦးမယ်"
"အေး...အေး"
"Jimin..."
"ဘာလဲ ...မင်းနော် ခုနက ဘာလို့သွားပြီးနှုတ်ဆက်တာလဲ"
"ဟီးဟီး... ငါတို့က ခင်နေတာပဲ ။ နှုတ်ဆက်ရ
မှာပေါ့"
"ဟွန်း မျက်နှာကြီးက စူပုပ်နေတာပဲ။ ငါလာလို့
မကျေမနပ်ဖြစ်နေတာနေမှာ"
"ငါ ဒီကနေ ကလေးတစ်ယောက်လောက်မွေး
စားရင်ကောင်းမလား"
"ကလေးမွေးတာ လွယ်တဲ့ကိစ္စများထင်နေ
လား"
"မလွယ်တော့ မလွယ်ဘူးလေ။ ဒီက ကလေး
လေးတွေကို သနားလို့"
"အရင်တုန်းက ဒီနားမှာ အုတ်ကန်အကြီးကြီးပဲ
ရှိတာ။ အခုတော့ ဘယ်နားမှာရေသွားချိုးရမလဲ
မသိဘူး"
"ပြီးမှ မေမေကြီးကိုမေးကြည့်ကြမယ်လေ..."
"အင်း...မင်း ပျင်းနေမှာစိုးလို့ ဟိုနားဒီနား
လိုက်ပြချင်ပေမဲ့ ငါလဲ ဒီနားမှာ ဘယ်နေရာ
ဘာရှိလဲ သေချာမသိဘူး"
"ဘယ်မှမသွားချင်ဘူး ... ပင်ပန်းပြီး နားပဲနား
ချင်တယ်"
"အဲ့ဒါဆို ဟိုဘက်အဆောင်ဟောင်းကို ပြန်သွား
ကြမယ်လေ။ ခဏအိပ်ချင် အိပ်ပါလား ...တစ်ည
လုံး ကားမောင်းလာရတာ"
"အင်း"
သူငယ်ချင်းနှစ်ယောက်သား မေမေကြီး နေရာ
ပေးထားသည့် အဆောင်ဟောင်းဘက်သို့ ပြန်
လာခဲ့ကာ TaeHyungက အခန်းထဲဝင်အိပ်နေပြီး
Jiminကတော့ အောက်ထပ်က ဘုစုခရုလေး
တွေကို ခဏတဖြုတ်ဝိုင်းထိန်းပေးလိုက်သည်။
ပြီးနောက် မေမေကြီးတို့အတွက်ယူလာတဲ့ လက်
ဆောင်ပစ္စည်းများကို ကားထဲကနေ ထုတ်ဖို့အ
တွက်အပြင်ပြန်ထွက်ခဲ့သည်။ ထိုအချိန်တွင်
Jungkookတို့ ၃ ယောက်ကလဲ ဂေဟာဝင်းထဲ
သို့ ပြန်ရောက်နေပြီဖြစ်ကာ ကလေးတွေနဲ့အတူ
ဘောလုံးကန်နေကြသည်။
အပြင်ထွက်ပြီးမှ အထဲပြန်ဝင်လျှင်လဲ အရမ်း
သိသာနေမှာစိုးတာနဲ့ သူဟာ ဂေဟာရဲ့အလှူ
ရှင်တစ်ယောက်အနေနဲ့ ဒီကိုရောက်နေတာဆို
တဲ့စိတ်ဖြင့် အားတင်းလိုက်ကာ Jungkookတို့
ရှိရာကို ကြည့်မနေတော့ဘဲ ကားရပ်ထားရာ နေရာသို့ လျှောက်သွားလိုက်သည်။
အဆောင်ဟောင်းရဲ့ အရှေ့ဘက် မြေနေရာလွတ်
က ကလေးတွေကစားတဲ့နေရာအပြင် ကား၃စီး
ခန့် ရပ်ထားလို့ရသည်အထိ ကျယ်ဝန်းလေသည်။ ဂေဟာအတွက်သုံးသည့် truckကား
အသေးလေးအပြင် SeokJin Hyungရဲ့ လူကြီး
တို့ ကားရယ် Jiminတို့ကားရယ် (၃)စီးလုံးက
အဆောင်အရှေ့မှာ အစီအရီ ရပ်နားထားသည်။
ကားနောက်ဖုံးထဲက ပစ္စည်းတွေကို မနိုင်မနင်း
သယ်ယူကာအဆောင်ဘက်သို့ပြန်လှည့်လျှောက်
လာသည့်အချိန်တွင်
"SeokJin ah ... မိအောင်ဖမ်းနော်"
ဆိုသည့် အသံကိုကြားလိုက်ရသည်နှင့်တပြိုင်
နက် အရှိန်နှင့် ကန်ထုတ်ခံလိုက်ရသော ဘော
လုံးရဲ့ဦးတည်ရာက Jimin ရဲ့ ဦးခေါင်းဆီသို့
တန်းတန်းမတ်မတ် လာရောက်ထိခတ်သည်။
"အာ့"
လက်ထဲမှာလဲ အထုပ်အပိုးတွေအပြည့်နဲ့မို့ Jiminတစ်ယောက် ဒေါသထွက်ကာ စောစော
က အသံလာရာဘက်သို့ မျက်မှောင်ကုပ်ပြီး လှမ်းကြည့်မိသည်။ပြီးတော့ ကိုကို့ရှေ့မှာမှ
ဘောလုံးမှန်ရတယ်လို့။ ရှက်စိတ်ရော ဒေါသ
ရောကြောင့် Jiminမျက်နှာက တဖြည်းဖြည်း
နီမြန်းလာသည်။
"Jimin ah... နာသွားလား။ Huyng ဘောလုံးကို
မဖမ်းမိလို့ ချော်ပြီးထိသွားတာ... နာသွားပြီမ
လား။ ပြကြည့်ဦး"
SeokJin Hyung က Jiminအနားကို အပြေး
အလွှားရောက်လာကာ လက်ထဲက အထုပ်တွေ
သယ်ပေးဖို့ပြင်ရင်းနှင့် အားတုံ့အားနာဟန်ဖြင့်
တောင်းပန်စကားဆိုသော်လည်း ကိုကိုကတော့
ဂိုးတိုင်ကို မ,ရွှေ့နေရင်းနှင့် သူတို့ဖြစ်ပျက်နေကြ
သည်ကို အရေးမလုပ်ဘဲ နေနေသည်။
အခုချက်ချင်း လက်ထဲကအထုပ်အပိုးတွေကို
ပစ်ချပြီး ဟိုလူကြီးကို ဘောလုံးနဲ့ပြန်ကောက်
ပေါက်ချင်သော်လည်း ကိုကို့အမြင်မှာ ရိုင်းစိုင်း
တဲ့ ကောင်လေးလို့ မြင်သွားမှာ စိုးရိမ်သဖြင့်
"ရတယ်...ဘာမှမဖြစ်ဘူး" ဟူ၍သာ SeokJin
Hyungကို ပြန်ပြောလိုက်သည်။
ထိုစဉ်ဟိုလူကြီးကအနားကိုရောက်လာပြီးJimin
ဘေးမှာကျနေသည့် ဘောလုံးကိုကောက်ယူကာ
"ဘာမှမဖြစ်ဘူးမလား..."
"ဖြစ်လားမဖြစ်လား တစ်ချက်လောက် ဘောလုံး
နဲ့အထုခံကြည့်ပါလား"
ခပ်ကြိတ်ကြိတ်အသံဖြင့် SeokJin Hyungရဲ့
လူကြီးကို ပြန်ရန်တွေ့လိုက်ကာ အဆောင်ထဲ
သို့ ဝင်ခဲ့လိုက်သည်။အထဲရောက်မှ အထုပ်အပိုး
တွေကိုချကာ ခေါင်းကိုပွတ်ရင်း နံရံအကွယ်က
နေ အပြင်ဘက်သို့ ချောင်းကြည့်မိသည်။ ကိုကို
တို့ သုံးယောက်ကတော့ ဘာမှမဖြစ်ခဲ့ကြသလို
ပင် ကလေးတွေနဲ့ ဆက်ပြီးကစားနေကြသည်မို့
စိတ်မကောင်းဖြစ်မိသည်။
SeokJin Hyungရဲ့ လူကြီးဆီမှ သူ့ကိုမလိုလား
သလို ပုံစံမျိုးဖြင့်ဆက်ဆံခံရသည့်အပြင် ကိုကို
ကတော့ သူ့ကိုရှိတယ်လို့တောင် သတ်မှတ်မ
ထားတဲ့ပုံမို့ နေရခက်နေတာက အမှန်ဖြစ်သည်။
အိပ်ပျော်နေတဲ့ TaeHyungကို သွားနှိုးပြီးတော့
ဆိုးလ်ကိုပြန်လိုက်ရင်ကောင်းမလား။
"သားလေး"
"ဗျာ..."
"ဘာတွေ စဉ်းစားနေတာလဲ"
"အာ... ဘာမှမစဉ်းစားပါဘူး။ ဒီမှာမေမေကြီး
အတွက် ကွတ်ကီးလေးတွေယူလာတာ။ မနက်
ဖြန် ဖွင့်ပွဲကျရင် ရွာထဲက လူကြီးတွေလဲ လာကြ
မှာမလား။ အကုန်လုံးကို ကျွေးရအောင်လို့ ပန်း
ကွတ်ကီးလေးတွေလုပ်လာခဲ့တယ်"
ကွတ်ကီးအချပ်ပြားဝိုင်းလေးတွေပေါ်တွင် ပန်း
ပွင့်လွှာလေးများ ဖိကပ်ထားကာ ပလက်စတစ်
အကြည်လေးများဖြင့် တစ်ခုချင်းစီသပ်ရပ်စွာ
ထုပ်ပိုးထားသော ပန်းကွတ်ကီးလေးများသည်
အထက်တန်းလွှာ ဇိမ်ခံအစားအသောက်ပုံစံ၏
ဂုဏ်ဒြပ်ကိုဖော်ကျူးနေသယောင်ရှိသည်။
"သားလုပ်လာတာလား"
"ဟုတ် ... ဒီဖန်ပုလင်းလေးထဲက မေမေကြီး
အတွက် ။ ဒီအထုပ်သေးလေးတွေက မနက်ဖြန်
ဖွင့်ပွဲအတွက်။ ပြီးတော့ ကလေးတွေကို မုန့်လုပ်
ကျွေးဖို့လဲ တခြားပစ္စည်းတွေယူလာသေးတယ်"
"သားက အကုန်လုံးအတွက် သေချာပြင်ဆင်
လာပေးတာပဲ...ဆိုးလ်မှာ အရေးကြီးကိစ္စမရှိရင်
ဒီမှာသုံးရက်လောက်နေသွားပါလား"
"ဟို... TaeHyungက ဆိုင်ကို ထားပစ်ခဲ့ရတော့
စိတ်ချမှာမဟုတ်ဘူး မေမေကြီးရဲ့။ ပြီးတော့ ဖွင့်
ပွဲပြီးတာနဲ့ ပြန်တာပဲကောင်းမယ်ထင်ပါတယ်"
"ဘာလို့လဲ"
"မေမေကြီးလဲ သိရဲ့သားနဲ့"
"သားသဘောပါ။ မေမေကြီးက ရောက်တုန်း
ရောက်ခိုက် ကြာကြာလေးနေစေချင်တာ"
"ဟုတ်... TaeHyungကို မေးကြည့်လိုက်ဦးမယ်"
"အေးပါ...ရေချိုးချင်ရင် အဆောင်သစ်ဘက်က
ယောကျ်ားလေးတွေချိုးတဲ့အခန်းမှာ ချိုးလို့ရ
တယ်နော်။ ခဏနေရင် ထမင်းစားခန်းထဲလာခဲ့
ကြတော့လေ...ကလေးတွေနဲ့အတူတူစားမယ်
မလား"
"ဟုတ်...TaeHyungကို သွားနှိုးလိုက်ဦးမယ်"
"အင်း... ပြီးရင် လာခဲ့ကြနော်။ Jungkookတို့
ရှိလို့ဆိုပြီး ထမင်းလာမစားဘဲ နေနေကြမှာစိုး
လို့"
မေမေကြီးလက်ထဲသို့ မုန့်ထုပ်တွေ ထည့်ပေး
လိုက်ပြီးနောက် ကျန်သည့်ပစ္စည်းများကို ဆရာ
မငယ်ဆီသို့ သွားအပ်ထားလိုက်သည်။ပြီးနောက်
TaeHyungကို နှိုးဖို့အပေါ်ထပ် အခန်းထဲပြန်ဝင်
ခဲ့ရာ TaeHyungက နိုးနှင့်နေပြီး စောင်ကြီးခြုံ
ကာ ခပ်ငိုင်ငိုင်ထိုင်နေလေသည်။
"နိုးနေရင်လဲ ထတော့။ ဗိုက်မဆာဘူးလား
ရေချိုးပြီး ထမင်းသွားစားကြမယ်"
"ငါ ဖျားနေပြီလားမသိဘူး။ ထမင်းလဲမစားချင်
ဘူး အိပ်ပဲ အိပ်ချင်နေတယ်"
"စမ်းကြည့်ရအောင်"
Jiminက TaeHyungဘေးမှာ ကပ်ထိုင်လိုက်ကာ
နဖူးပေါ် လက်လေးတင်ပြီးစမ်းကြည့်ပေးမိတော့
ခပ်နွေးနွေးဖြစ်နေသည့် ကိုယ်ငွေ့လေးကို ခံစား
မိသည်မို့-
"ကိုယ်တွေနွေးနေတယ်... ဘယ်လိုလုပ်မလဲ?
ဒီမှာ ခဏနေဦး မေမေကြီးတို့ဆီမှာ သောက်
ဆေးရှိမလားမသိဘူး"
"ရတယ်... ထမင်းစားတဲ့အချိန်ကျရင် မင်းတစ်
ယောက်ထဲဖြစ်နေလိမ့်မယ်။တစ်ခုခုစားပြီး ဆေး
သောက်ပြီးမှ ပြန်အိပ်လိုက်တော့မယ်"
"အဲ့ဒါဆို ငါရေသွားချိုးလိုက်ဦးမယ်...ဒီမှာ
ခဏစောင့်နေနော်"
TaeHyungက ခေါင်းညိတ်ပြပြီး အိပ်ရာထဲပြန်
လှဲလိုက်သည်မို့ Jiminလဲ အဝတ်အစားတွေ
ယူပြီး တစ်ဖက် အဆောင်သစ်ရှိရာသို့ရေချိုးဖို့
ထွက်ခဲ့လိုက်သည်။ကိုကိုတို့ ကစားနေတုန်း ရေ
မြန်မြန်ချိုးထားရမယ်။Jiminက သူ့အတွေးနဲ့သူ
ခပ်သွက်သွက်လျှောက်သွားလိုက်ကာ အဆောင်
သစ်ရဲ့ ယောကျ်ားလေးရေချိုးခန်း နှစ်ခုရှိသည့်
အထဲမှ တစ်ခန်းထဲသို့ပြေးဝင်လိုက်သည်။
မိဘမဲ့ဂေဟာက ရေချိုးခန်းဖြစ်သည့်အလျောက်
ရေချိုးခန်းထဲမှာလဲ အုတ်ကန်အကြီးတစ်ခုနှင့်
ရေပန်းတစ်ခုသာ ခပ်ရှင်းရှင်း တည်ရှိလေသည်။
ယောကျာ်းလေးတွေပဲ အတူတူသုံးကြသည့် ရေ
ချိုးခန်းဖြစ်တာမို့ အထူးတလည်တံခါးပိတ်ထား
တာမျိုးလဲ မရှိပေ။
အရှိန်ဖြင့် ပြေးဝင်ပြီးသည့်အခါမှ အမှားကြီးမှား
ပြီဆိုတာကို သိလိုက်ရသည်။ရေပန်းအောက်မှာ
အပေါ်ပိုင်း ဗလာကျင်းလျက် ဘောင်းဘီတိုလေး
ဖြင့် ရေချိုးနေသော Jungkook ကိုတွေ့လိုက်ရ
သည့်အချိန်မှာ Jungkookကလဲ ရေချိုးခန်းထဲ
လူဝင်လာသည့် အသံကြောင့် လှည့်ကြည့်မိ
သည်နှင့် အကြည့်ချင်းဆုံလေသည်။
ရေမှုန်ရေမွှားလေးတွေကြားကနေမြင်နေရသည့်
သူ့ရဲ့နေရောင်ခြည်လေးက ထုံးစံအတိုင်း အဝါနု
နုတီရှပ်ပွပွလေးနှင့် ဘောင်းဘီတိုလေးကိုဝတ်
ဆင်ထားကာ တစ်ကိုယ်လုံးလုံစေလောက်သည့်
မွှေးပွသဘက်ကြီးကိုလဲ ခြုံလာသေးသည်။
အဝတ်အစားထည့်ထားပုံရတဲ့ အိတ်အသေးလေး
နှင့်ဆပ်ပြာ ခေါင်းလျှော်ရည်တို့ထည့်ထားသည့်
ရေပုံးအသေးလေးကိုလက်မှာဆွဲထားကာ Jungkook ကို တွေ့တော့ထိတ်လန့်သွားပုံဖြင့် ချက်ချင်းပဲရေချိုးခန်းထဲကပြန်ထွက်ကာ-
"တောင်းပန်ပါတယ်... လူမရှိဘူးထင်လို့ ဝင်လာ
မိတာ။ ဟိုဘက်အခန်းပဲ သွားလိုက်တော့မယ်"
အင်း... ဟိုဘက်အခန်းသွားမှNamJoon Hyung
နဲ့တွေ့ပြီး သူ့ကလေး အစခံနေရဦးမည်။
"ဒီမှာ ပြီးနေပြီ။ ဟိုဘက်အခန်းမှာလဲ လူရှိ
တယ်။ အဲ့မှာခဏစောင့်နေ"
သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ကာ ထိုစကား
တို့နှုတ်ဖျားကထွက်ကျလာအောင် မနည်းဖျစ်
ညှစ်ပြီး အော်ပြောလိုက်တော့ ကောင်လေးဆီက
"ဟုတ်" ဆိုသည့် အသံချိုချိုလေးကို ပြန်ရရှိ
လေသည်။ဒီလိုနည်းနဲ့ပဲ ဒီကလူကို အလူးလူး အလဲလဲ ခံစားရအောင်လုပ်နေခဲ့တာ အရင်က
ရော အခုရော နည်းနည်းလေးတောင် ပြောင်း
လဲမသွားဘူးပဲ။
Jungkookက အဆင်သင့်ယူလာသည့် သဘက်
ဖြင့် သူ့ကိုယ်သူ လုံနေအောင် လွှမ်းခြုံလိုက်ကာ
ရေချိုးခန်းထဲ ဝင်လို့ရပြီဖြစ်ကြောင်းအသံပေး
လိုက်သည်။ ရေချိုးခန်းဘက်ကို ကျောပေးထား
သည့်ကောင်လေးကတော့ သူ့ကိုလှည့်မကြည့်
ဘဲ ခေါင်းတညိတ်ညိတ်လုပ်နေလေသည်။
"တံခါးသေချာပိတ်ပြီးမှချိုး"
"ဟုတ်"
ဟူး.....
Jungkookရဲ့ ခြေသံလေး ခပ်ဝေးဝေးကိုရောက်
သွားတော့မှ Jiminတစ်ယောက် ရေချိုးခန်းဘက်
သို့ ပြန်လှည့်ဝင်ပြီး lockချလိုက်သည်။ပြီးနောက်
ရေပုံးလေးထဲက ဆပ်ပြာဘူးတွေကိုထုတ်ကာ
ထိုရေပုံးအလွတ်ထဲ မျက်နှာအပ်ပြီး အရူးတစ်
ယောက်လို အော်ဟစ်လိုက်သည်။
"ဟေး... ကိုကိုက စကားပြောသွားတယ်။
ဟီးဟီး... တံခါးသေချာပိတ်ပြီးမှချိုးတဲ့ ဟားဟား ဟား"
ရေပုံးထဲကသူ့အသံသူပြန်နားထောင်ပြီး သဘော
ကျသလို တဟားဟားအော်ရယ်နေတုန်းမှာပင်
"ဟိုဘက်အခန်းက ဘယ်သူလဲကွ။ ဘာတွေ
လာအော်နေတာလဲ"
"ဘာလဲဟ"
ရေပုံးခွံထဲကနေ ခေါင်းပြန်မော့ကာ တစ်ဖက်ရေချိုးခန်းဘက်ကို စောင်းငဲ့ကြည့်ပြီး ဒန်ဖလား
ဖြင့်အခန်းထောင့်ကို ကောက်ပေါက်လိုက်သည်။
ဂလုံးဂလွမ်းအသံတွေရဲ့အဆုံးမှာတော့ ဟိုဘက်အခန်းက အသံပြန်တိတ်သွားသည်မို့ Jiminလဲ ထိုဒန်ဖလားကို ပြန်ကောက်ကာရေချိုးနေလိုက်တော့သည်။
သိသားပဲ။ အခုနက သူ့ကို ဘောလုံးနဲ့လှမ်းကန်
တဲ့ ကလန်ကလားဆရာဝန်ရဲ့အသံဆိုတာကို။
အုတ်ကန်ထဲက အေးစိမ့်စိမ့်ရေစက်လေးတို့၏
အထိအတွေ့ကြောင့်လား စောစောက သူ့ကို
စကားပြန်ပြောသွားတဲ့ ကိုကို့ကြောင့်လား သူ
မသိပေမဲ့ သီချင်းလေး ခပ်တိုးတိုးညည်းရင်းကုန် ဆုံးခဲ့ရတဲ့ ရေချိုးခန်းထဲက ၁၅မိနစ်တာအချိန်
လေးက ရက်ပေါင်း ၂၀၀လောက်အတွင်းမှာ
ပထမဆုံးအနေနဲ့ ပျော်ရွှင်ကြည်နူးမှုကို ပြန်ပြီး
ခံစားစေမိသည့် အခိုက်အတန့်လေးဖြစ်သည်။
ရေချိုးခန်းထဲမှာပဲ အဝတ်အစားလဲဝတ်ခဲ့ကာ
အဆောင်ဟောင်းဘက်သို့ ပြန်လာခဲ့သည်။
"TaeHyung ...အိပ်ပျော်နေတာလား"
"ဟင်... မပျော်ပါဘူး"
"ခုနကလေ ရေချိုးခန်းထဲမှာ ကိုကိုနဲ့တွေ့ခဲ့တယ်"
"ဟမ်... ရေချိုးခန်းထဲမှာ?
ကိုကိုနဲ့တွေ့ခဲ့တယ်?"
နေမကောင်းချင်သလိုဖြစ်ပြီး အိပ်ရာထဲခွေနေ
သည့် လူက ဒါမျိုးကျတော့ ဟာသလုပ်ဖို့သတိ
ရနိုင်သေးသည်။
"သူရေချိုးနေမှန်းမသိလို့ ဝင်သွားမိတာ"
"အဲ့ဒါနဲ့ ဘာဆက်ဖြစ်ကြလဲ"
"သူက ရေချိုးပြီးတော့ ထွက်သွားတယ်။သူထွက်
သွား တော့ငါက ရေချိုးခန်းထဲဝင်လိုက်တယ်"
"ဟာ... မင်းတို့ဟာကလဲ ဒါလေးပဲလား"
"ဒါပဲပေါ့ ဟေ့ကောင်ရ ။ အဲ့ဒါတောင် ငါ့မှာရင်
တုန်နေတာ။ သွားမယ်လေ...ဗိုက်ဆာနေပြီ"
"အင်း"
TaeHyungက ပုံမှန်အချိန်ဆိုလျှင်လဲ အစား
အသောက် နည်းနည်းချေးများတတ်ကာ အခု
လိုနေမကောင်းဖြစ်တဲ့အချိန်ဆိုလျှင် ဘာဆို
ဘာမှမစားတော့ဘဲ ကလေးတစ်ယောက်လို
ကပ်ချွဲနေတတ်သည်။
"နေမကောင်းတော့ ဘာမှမစားချင်ဘူးဖြစ်နေ
တယ်မလား"
"အင်း... ဆေးသောက်ရမှာဆိုတော့ ငါ့ကိုချိုတဲ့
မုန့်လေး လုပ်ပေးနော်"
"အေးပါ..."
သူငယ်ချင်းနှစ်ယောက်သား ထမင်းစားခန်းထဲ
ရောက်သွားတဲ့အချိန်မှာတော့ ကလေးတွေရော
Jungkookတို့ရော လူစုံနေပြီဖြစ်သည်။
Jungkookတို့ သုံးယောက်က ခုံတန်းရှည်တစ်
ခုမှာ နေရာယူပြီး ထိုင်နေကြလေသည်။ကလေး
ငယ်လေးတွေ ၃ယောက်စီ မျက်နှာချင်းဆိုင်ထိုင်
ကာ စားရသည့်စားပွဲခုံများဖြစ်တာမို့ Jungkook
တို့စားပွဲရဲ့ မျက်နှာချင်းဆိုင်ဘက်အခြမ်းက ၃
ယောက်စာ နေရာလွတ်နေသေးသည်။
သို့သော် အတူတူသွားမထိုင်ရဲတဲ့အတွက်ကြောင့် Jiminနဲ့ TaeHyungက ကလေးတွေရှိတဲ့ စားပွဲခုံ
ဘက်မှာပဲ နေရာယူလိုက်ကြသည်။
"ငါ ဆရာမငယ်ဆီမှာ ဆေးရှိလား တောင်းကြည့်
ဦးမယ်။ ခဏစောင့်နေနော်"
TaeHyung က ခေါင်းညိတ်ပြကာ နံရံဘက်ကို
မှီပြီး ထိုင်နေလေသည်။Jiminက Jungkookတို့
အနောက်ဘက်မှာရှိနေသည့် ဆရာမငယ်ဆီမှာ
ထမင်းပန်းကန်ယူရင်းမှ
"ဆရာမငယ်.... TaeHyungဖျားနေလို့ သောက်
ဆေးလေးဘာလေးရှိလားဟင်"
"ရှိတာပေါ့ သားရဲ့။ သောက်ဆေးတင်မကဘူး
ဒီမှာဆရာဝန်တွေလဲရှိတယ်"
ရယ်စရာတွေပြောတတ်သည့် ဆရာမငယ်ကထမင်း ပန်းကန်ထဲသို့ ဟင်းတွေထည့်ပေးရင်းမှ Jungkookတို့ ဘက်ကို မျက်စပစ်ပြပြီး Jiminကို စနောက်နေသေးသည်။
"လောလောဆယ် တစ်ခုခုစားခိုင်းလိုက်ဦးလေ။
ပြီးရင် မေမေကြီးဆီကနေ ဆေးယူပေးထားမယ်"
"ဟုတ်ကဲ့"
ထမင်းပန်းကန်ယူပြီး သူတို့စားပွဲဆီပြန်လာတဲ့
အချိန်တွင် Jungkookတို့ စားပွဲဝိုင်းမှ အသံထွက်
လာပြန်သည်။
"အလှူရှင်ကြီးတွေက မေမေကြီးရဲ့ အခန်းထဲ
မှာ ထမင်းစားရမှာမဟုတ်ဘူးလား။ ဒီထဲမှာ ဘာ
လာလုပ်နေတာလဲ။ တစ်ယောက်ယောက်ကို
တွေ့ချင်လို့လား"
Jiminက စိတ်ရှုပ်သလိုဖြင့် အောက်နှုတ်ခမ်းကို
ဖိကိုက်လိုက်ကာ စားပွဲဝိုင်းဆီ ခပ်သွက်သွက်
လျှောက်သွားပြီး ထမင်းပန်းကန်လေးကို ချထား
လိုက်သည်။ ပြီးနောက် တစ်ဖက်က မီးဖိုခန်းထဲ
ကူးသွားပြီး ကလေးတွေအတွက်ဝယ်လာခဲ့
သည့် ရောင်စုံcerealများကို ပန်းကန်လုံးတစ်
လုံးထဲ ထည့်ကာ ရေခဲသေတ္တာထဲမှ စတော်ဘယ်
ရီနှင့် ဘလူးဘယ်ရီသီးများကိုပါ အနည်းငယ်စီ
ထည့်လိုက်သည်။ ပြီးနောက် နွားနို့လေးစမ်းကာ
အားလုံးနှံ့သွားအောင် ရောမွှေလိုက်သည်။ဒါက
တော့ နေမကောင်းဖြစ်နေသည့် ဘေဘီTae Hyungအတွက်ဖြစ်သည်။
နေစမ်းပါဦး ...ဟိုလူကြီးက ဘာဖြစ်ချင်နေတာ
လဲမသိဘူး။ ဘာပဲပြောပြော SeokJin Hyung
နဲ့ပက်သတ်နေမှတော့ တစ်ချိန်ချိန်မှာ သူတို့
မိသားစုနဲ့လဲပတ်သက်လာရဦးမယ်မလား။အဲ့ကျ
မှ ဖိုးဖိုးဆီမှာ ကောင်းကောင်းလေး ချွန်တွန်းလုပ်
ပေးလိုက်ဦးမယ်။
"ကဲ...ရော့ ဒါလေးစားလိုက်"
Jungkookတို့ စားပွဲခုံဘက်ကို နောက်ကျော
ပေးကာ ထိုင်နေသည်မို့ Jungkookတို့ဘက်က
ကြည့်လျှင် Jiminနဲ့ TaeHyungတို့နှစ်ယောက်ရဲ့
ပုံစံကို အရှင်းသားမြင်နေရသည်။
Jiminက ခုံတန်းရှည်မှာဝင်ထိုင်ပြီးသည်နှင့်Tae
Hyung ၏နဖူးဆီသို့လက်လှမ်းပြီးထပ်စမ်းကြည့်
ကာ တစ်ခုခုပြောနေဟန်တူသည်။TaeHyung
ကတော့ Jiminရဲ့ ပခုံးပေါ်ကို မှီချလိုက်ကာ စား
ပွဲပေါ်တင်ထားသည့် ပန်းကန်လုံးထဲမှ စားစရာကို ဇွန်းဖြင့်ဟိုမွှေဒီမွှေလုပ်နေလေသည်။
ထိုအချင်းအရာကို မြင်လိုက်ရသည့် Jungkook
ကတော့ ချက်ချင်းပဲမျက်လွှာချကာ ထမင်းကိုပဲ
အာရုံစိုက်ပြီးစားနေမိသည်။
တစ်ဖက်က Jiminနှင့် TaeHyungတို့အတွက်ကျ
တော့ ဒါကဘာမှမထူးဆန်းတဲ့ သူတို့နှစ်ယောက်
ရဲ့ နေ့စဉ်ဖြတ်သန်းမှုပုံစံဖြစ်တာကြောင့် သတိ
ထားပြီး အာရုံစိုက်နေရမည့် ကိစ္စမဟုတ်တာမို့
ပုံမှန်အတိုင်းနေနေကြရုံသာဖြစ်သည်။
"ခုနကထက် ပိုပြီးပူလာသလိုပဲ"
"အင်း... ငါ့ကို ခွံ့ကျွေး။ ဇွန်းလေးတောင် မ.မ
နိုင်တော့ဘူး"
"မင်းက ကလေးလား"
"ငါဆေးသောက်ရဦးမှာနော်... မင်းမကျွေးရင်
မစားဘဲနေလိုက်မှာ"
"အမလေး...ကလေးကတော်တော်ဖြစ်နေတာပဲ"
Jiminက သူ့ပခုံးပေါ်မှီတွယ်နေသည့် ဘေဘီ
TaeHyungကို အသည်းယားစွာဖြင့် နှာခေါင်း
လေးကို ခပ်ဖွဖွညှစ်ဆွဲလိုက်သည်။
"ကလေးလေးက ဖျားနေတာ ကိုကိုရဲ့"
TaeHyung၏ ပုံစံကိုကြည့်ရင်း ဗြောလေးကပါ
အူယားပြီး စနောက်လေသည်။
"ဟက်...ကလေးကတောင် မင်းကိုပြောနေပြီ
မရှက်ဘူးလား"
"မရှက်ပါဘူး"
"ရော့... တစ်ဇွန်းပဲခွံ့ကျွေးမယ်"
"အာ...."
ကလေး ၃ယောက်နှင့် Jiminတို့နှစ်ယောက်က
စလိုက်နောက်လိုက်ဖြင့် ပွဲကျနေသလောက်
သူတို့အနောက်ဘက်ဝိုင်းက Jungkookမှာတော့
နေမထိထိုင်မထိဖြင့် စားလက်စထမင်းကိုတောင်
ကုန်အောင်မစားတော့ဘဲ အခန်းထဲကထွက်သွား
လေသည်။ဒါ သူ့ဘဝမှာ ဂေဟာရဲ့စည်းကမ်းကို
ပထမဆုံးအကြိမ်ချိုးဖောက်မိခြင်းဖြစ်သည်။
"Jungkook ဘယ်လဲ...ကုန်အောင်စားသွားလေ"
"အင်းလေ ခုနကပဲ ဗိုက်ဆာလို့ဆို"
ဖြတ်ခနဲသာ မြင်လိုက်ရတော့တဲ့ နောက်ကျော
ပြင်လေးနဲ့ ကြားလိုက်ရတဲ့စကားသံတို့ကြောင့်
Jiminရဲ့ မျက်နှာကလဲ ချက်ချင်းညှိုးနွမ်းသွား
သည်။TaeHyungက Jiminနားသို့ တိုးတိုးလေး
ကပ်ပြီး မေးကြည့်လိုက်သည်။
"Jungkook ဘာဖြစ်လို့လဲမသိဘူး"
"ငါရှိနေလို့ ဒီမှာမနေချင်တာဖြစ်မှာပေါ့"
"အဲ့လိုဆို အစောကြီးထဲက ဒီမှာထမင်းလာမစား
ဘဲနေမှာပေါ့"
"မသိဘူး..."
Jiminကြိုက်တဲ့ ဟင်းနုနွယ်ရွက်ကြော်ရယ်၊ ငါး
ကြော်ပူပူကြွပ်ကြွပ်လေးရယ် မေမေကြီးနဲ့ဆရာ
မငယ်တို့ရဲ့လက်ရာဖြစ်တဲ့ ကင်မ်ချီလေးရယ်၊
ပဲပင်ပေါက်ဟင်းချို ပူပူလေးရယ်ဖြင့် အများကြီး
စားပစ်လိုက်ဖို့တွေးထားသော်လည်း Jungkook
ရဲ့ အပြုအမူကြောင့် ပန်းကန်ထဲကျန်နေသည့်
လက်ကျန်ထမင်းကိုပင် မနည်းကုန်အောင်စား
ရသည်။
လှိုက်တက်လာတဲ့ဝမ်းနည်းစိတ်ကြောင့် ထမင်း
တစ်လုပ် မျိုကျဖို့ကို ခက်ခဲပင်ပန်းစွာကြိုးစားနေ
ရသည်။
"မင်း... ငါ့ကို ခွံ့ကျွေးနေတာမြင်သွားလို့လားမ
သိဘူး"
"အဲ့လိုဆို သူက ပိုတောင်ပျော်နေဦးမယ်"
"ဟီးဟီး... မြန်မြန်စားပြီး အပေါ်မှာ သွားပြန်
အိပ်တော့မယ်။ ကြောက်တယ်"
Jiminတို့ နှစ်ယောက်လဲ စားလက်စတို့ကို လက်
စသတ်ပြီး သိမ်းဆည်းခဲ့ကာကိုယ့်အခန်းထဲကိုယ်
ပြန်နေလိုက်ကြသည်။အခုမှ နေ့တစ်ဝက်တောင်
မကျိုးသေးဘူး... ဒီလောက်အချိန်အပိုင်းအခြား
လေးအတွင်းမှာတောင် နေရထိုင်ရခက်နေတာ။
မနက်ဖြန် ညနေအထိ ဘယ်လိုများ ခရီးဆက်ရ
ပါ့မလဲ။
တားမြစ်ထားတဲ့ စည်းကို မချိုးဖောက်ပဲ ထပ်တွေ့နိုင်မည့်အခွင့်အရေးက ဒီတစ်ကြိမ်ပဲရှိတာမို့
အရဲစွန့်ပြီး လာခဲ့ရခြင်းဖြစ်ပေမဲ့ သူ့ကိုမလိုလား
တဲ့သူတွေပဲရှိနေတဲ့နေရာမှာ ဘယ်လောက်ထိ
သိမ်ငယ်စွာနဲ့ ဆက်ပြီးနေနေရဦးမှာလဲ။
-----------------------------
မြူခိုးဝေနေသည့် ဆောင်းဉတုရဲ့ အအေးဓာတ်
က အိမ်ခြေအနည်းငယ်သာရှိသည့် ယန်ဒုံးရွာ
လေးပေါ်သို့ ညီမျှစွာလွှမ်းခြုံထားသည်။ရွာအစွန်
ဘက်က မေတ္တာရိပ်မြုံဂေဟာလေးအတွင်းမှာ
တော့ အဆောင်သစ်ဖွင့်ပွဲအတွက် အလုပ်ရှုပ်နေ
ကြသည်။
မေမေကြီးတို့ အလုပ်ရှုပ်နေကြသည်ကိုအခွင့်
ကောင်းယူကာ ကလေးတွေကလဲတော်ရုံနဲ့မအိပ်
ကြဘဲ မီးဖိုခန်းထဲမှာ ဝိုင်းကူရှုပ်နေကြသည်။
TaeHyungကိုတော့ အနားယူခိုင်းထားကာ
Jiminကတော့ မေမေကြီးနှင့်ဆရာမငယ်တို့ကို
ကူညီပေးနေသည်။
နေ့လည်ကTaeHyungကို ဆေးလာထိုးပေးသွား
သော ဆရာဝန်သည်လည်း မီးဖိုခန်းထဲမှာရှိနေ
သည်။SeokJin Hyungတို့စုံတွဲကိုတော့ အခုထိ
အရိပ်အယောင်မမြင်ရသေးပေ။ဖွင့်ပွဲတွင် ကြက်
ကောက်ညှင်းဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်သော
ကြောင့် Jiminက ကောက်ညှင်းဆန်များကို ရေ
စိမ်ကာ အခြားလိုအပ်သည့် ပစ္စည်းများကို လှီး
သင်ထားသည်။
Jungkookကတော့ ရေနွေးတစ်အိုးတည်ကာ
မနက်ချက်ဖို့ အဆင်သင့်ဖြစ်အောင် ကြက်အသေ အကောင်၂၀ခန့်ဖြင့် အလုပ်ရှုပ်နေသည်။
"ကိုကို ... မုန့်လုပ်ကျွေးမယ်ဆို။ ဗိုက်ဆာလို့"
"အင်းလေ... Jiminလက်ရာလဲမစားရတာကြာ
ပြီ ။ တစ်ခုခု လုပ်ပါလား"
"ဟုတ်... မေမေကြီး ဘာစားချင်လဲ"
"ဟမ်ဘာဂါလုပ်ပါလား Jungkookလဲကြိုက်
တယ်။ မနက်က ရွာထဲသွားတုန်းက အမဲသား
ကြိတ်သားတွေယူလာပေးခဲ့တာလဲရှိတယ်"
"ဟုတ်"
တကယ်တော့ Jiminက အမှတ်မရှိတဲ့ အရူးလေး
သာဖြစ်လိမ့်မည်။ တစ်ယောက်ထဲ Jungkook
ကို စိတ်ဆိုးလိုက် ၊ ခိုး ခိုးကြည့်ပြီးသနားလိုက်
နှင့် အခုလဲ နေ့လည်ကကိစ္စတွေကိုမေ့ပျောက်
ကာ Jungkookကြိုက်တဲ့ ဟမ်ဘာဂါကို ပြုလုပ်
ပေးဖို့ တက်ကြွနေပြန်သည်။ နေ့လည်က ကိုကို
ထမင်းကောင်းကောင်း မစားသွားရတာ သူ့
ကြောင့်ပဲဖြစ်တာမို့ တစ်နေကုန် စိတ်မကောင်း
ဖြစ်နေခဲ့ရတယ်မဟုတ်လား။
အခုလဲ သူလုပ်ပေးတဲ့ဟမ်ဘာဂါကို စားချင်ပါ့
မလားမသိပေမဲ့ ဟမ်ဘာဂါဖြစ်နေတဲ့အတွက်
ငြင်းမယ်တော့ မထင်ပေါင်။
ကြိတ်ထားတဲ့အမဲသားစများကို ဟင်းခတ်အမွှေး
အကြိုင်နှင့်အရသာများထည့်ကာ ရောနယ်ပြီး
နောက် အဝိုင်းပြားထူထူလေးတွေ ပုံဖော်လိုက်
သည်။ ပြီးလျှင် ထိုအဝိုင်းပြားထူထူလေးရဲ့အ
လယ်ကို လက်ညှိုးလေးဖြင့် ဖိကာ ချိုင့်ခွက်လေး
ဖြစ်အောင် ပုံဖော်ပြီးနောက်Garlic butterခဲလေး
ကို မြှုပ်ပြီးထည့်လိုက်သည်။
အသားပြားကို ကိုက်မိတဲ့အချိန်မှာ မွှေးမွှေးလေး
ထွက်လာတဲ့ ကြက်သွန်ဖြူနှင့် ထောပတ်နံ့တို့ကို
ကိုကိုက ကြိုက်နှစ်သက်တတ်သည်မို့ စားမလား
မစားဘဲ ပဲများနေမလားမသိပေမဲ့ သူကတော့
ပြုံးပျော်ပြီး အသားပြားတွေကို ကြော်နေမိတော့
တာပါပဲ။
"အူဝါး... မွှေးနေတာပဲ"
အိုးအရှေ့တည့်တည့်မှာ ထိုင်ကြည့်ပြီး သွားရည်
ကျနေသည့် ကလေးနှစ်ယောက်ကတော့ လျှာ
တစ်သပ်သပ်နှင့်မို့ သူ့အရှိန်ကို နည်းနည်းမြှင့်
လိုက်သည်။
ပေါင်မုန့်အဝိုင်းလေးတွေကြားထဲမှာ အသားပြား၊
ချိစ်နှင့် အသီးအရွက်များကို အလွှာလိုက်ထည့်
ပြီးသည့်အချိန်တွင်တော့ သူ့ရဲ့ဟမ်ဘာဂါလေး
တွေက စားချင်စဖွယ်အတိဖြစ်နေပြီ။
"မေမေကြီးတို့ အတွက်"
ကိုကိုနှင့်မေမေကြီးတို့အတွက်ကို ပန်းကန်ပြား
ဖြင့် အရင်ထည့်ပေးပြီးမှ သူ့ဘေးနားဝိုင်းထိုင်
နေသည့်ကလေးတွေဆီသို့ တစ်ယောက်တစ်ခု
ဆီဝေပေးလိုက်သည်။ ပြီးနောက် TaeHyung
နှင့် အဆောင်ပေါ်က ကလေးကြီးတွေကိုပါကျွေး
ဖို့အတွက် ဘာဂါတွေကို ဗန်းလေးထဲထည့်ပြီး
မီးဖိုခန်းထဲမှ ထွက်လာခဲ့သည်။ မီးဖိုခန်းနှင့် အ
ဆောင်ရဲ့ကြားမှ ကွန်ကရစ်လမ်းအတိုလေးကို
ဖြတ်လာသည့်အချိန်တွင် လက်ချင်းတွဲကာ
လျှောက်လာသော လောရှည်အတွဲကိုလဲ တွေ့
လိုက်ရသေးသည်။
ကံကောင်းထောက်မစွာဖြင့် ဟိုလူကြီးဆီက
ဘယ်လိုထော်လော်ကန့်လန့်စကားမျိုးကိုမှ မ
ကြားခဲ့ရပေ။အဆောင်ပေါ်က ကလေးတွေကို
မုန့်တွေပေးခဲ့ပြီးတဲ့အချိန်မှာတော့ TaeHyung
က မီးဖိုခန်းထဲမှာ ဝိုင်းကူပေးမယ်ဟုဆိုကာ
သူနဲ့အတူလိုက်လာသည်။
"ဒီရောက်ထဲက နုနေတာ။အပိုလူကြီးလိုပဲ"
"အော်... တကယ်နေမကောင်းဖြစ်နေတာပဲ
ဟာ"
နေ့လည်က အစားကောင်းကောင်းမစားထားတဲ့
TaeHyungက Jiminရဲ့ ဟမ်ဘာဂါကို အားရ
ပါးရစားနေရင်းမှ Jiminနောက်ကနေတကောက်
ကောက်လိုက်လာသည်။
"ဟီး... စားလို့ကောင်းလိုက်တာ"
Jiminတို့ မီးဖိုဆောင်ထဲပြန်ရောက်လာတဲ့အချိန်
မှာ SeokJin Hyungက ခုံတစ်ခုမှာ ခပ်မှီမှီ ထိုင်နေကာမေမေကြီးတို့နှင့် ၊ ကိုကိုတို့က ပြာယာ
ခတ်နေကြလေသည်။ SeokJin Hyungရဲ့ မျက်
နှာနှင့် လည်ပင်းပေါ်က အနီကွက်တွေကို တွေ့
လိုက်ရတဲ့အချိန်မှာ Jiminရဲ့ခေါင်းထဲကိုရောက်
လာသည်က အသားပြားထဲမှာ ထည့်ခဲ့မိသည့်
Garlic butter အခဲလေးတွေဖြစ်သည်။
၁၀မိနစ် ၁၅မိနစ်အတွင်းမှာ ဘာဖြစ်သွားကြ
တာလဲ။
"ဆေးရော...ဆေးမသောက်ထားဘူးလား"
"ဆေးကုန်နေလို့"
"အဲ့ဒါမှ ဒုက္ခပါပဲ။ ဒီမှာကလဲ allergicဖြစ်တတ်
တဲ့သူမရှိတော့ ဆေးကမဆောင်ထားမိဘူး။
လုပ်ပါဦး"
"Hyung ဘာဖြစ်လို့လဲဟင်။ ဟမ်ဘာဂါတွေ
ယူစားမိလို့လား"
Jiminက SeokJin Hyungအနားကို ပြေးသွား
ကာ အင်္ကျီကြယ်သီးလေးဖြုတ်ပေးရင်း မေး
လိုက်သည်။ NamJoonက Jiminရဲ့ လက်ကို
ဆွဲဖယ်လိုက်ကာ-
"မင်း သူနဲ့ ဝေးဝေးမှာနေ။ အခုနက လမ်းမှာ
တွေ့လိုက်ရဲ့သားနဲ့ မင်းဘာဂါထဲမှာ ကြက်သွန်
ဖြူတွေ ထည့်ထားတာ ဘာလို့မပြောလိုက်လဲ"
"မဟုတ်ပါဘူး... ကျွန်တော်..."
"မင်း... SeokJinကို အဲ့လောက်တောင် မုန်းနေ
တာလား"
"Hyung"
အဖျားခတ်ကာ ထွက်ပေါ်လာသည့် Hyungဆို
သည့်အသံက Jungkookဆီမှဖြစ်သည်။သူ့ကို
ကိုကိုထပ်ပြီး အထင်လွဲသွားလို့မဖြစ်ဘူး။
ဒီလိုဖြစ်သွားစေဖို့ ရည်ရွယ်ချက်လဲ သူ့မှာရှိမနေ
ခဲ့တာမို့ သူ့ဘက်ကအမှားမကျူးလွန်ခဲ့ကြောင်း အသနားခံသည့်မျက်ဝန်းများဖြင့် Jungkook
မျက်နှာကို အားကိုးတကြီးလှမ်းကြည့်မိသည်။
"ကျွန်တော် တကယ်မသိလိုက်လို့ပါ။ Hyungတို့
မစားကြသေးဘူးထင်လို့ TaeHyungဆီက ပြန်
လာတာနဲ့ သတိပေးမလို့လုပ်ထားတာ"
"SeokJin Hyung သူ့ဘာသူ ဆေးမသောက်
ထားလို့ဖြစ်ရတာလေ။ အဲ့ဒါလဲ Jiminအပြစ်
ပဲလား"
"ဘာ"
TaeHyungဝင်ပြောလိုက်သည့် စကားကြောင့်
ဟိုလူကြီးရဲ့ဒေါသတွေက TaeHyungဘက်သို့
ဦးတည်သွားပြန်သည်။
"ဒေါက်တာ... ကျွန်တော့်ဘာသာ မမေးမိဘဲ
ယူစားမိတာလေ"
"ခုနက ကျွန်တော်တို့လဲ ဒီမှာရှိနေတာပဲ၊
Jimin မုန့်လုပ်နေတာလဲ အကုန်လုံးမြင်လိုက်
ကြတယ်။ SeokJinကိုသတိမပေးမိတာကျွန်
တော်တို့အကုန်လုံးရဲ့အမှားပါ"
Jungkookကလဲ ပြေရာပြေကြောင်းဝင်ပြော
မိသည်။သူ့ကောင်လေး အမှန်အတိုင်းပြောနေ
တယ်ဆိုတာ သူအသိဆုံးပဲ မဟုတ်လား။
"ကဲပါ...စကားများမနေကြနဲ့တော့။ ရွာထဲက
သူနာပြုအိမ်ကိုသာ မြန်မြန်သွားကြတော့။ဒီ
မှာ အသက်ရှူရတာခက်နေပြီ ကလေးက"
မေမေကြီးက လေသံမာမာဖြင့် ဝင်ပြောလိုက်မှ
သာ SeokJin Hyungကို တွဲခေါ်ကာ ၃ယောက်
သား သူနာပြုအိမ်သို့ သွားဖို့ပြင်ကြသည်။သူတို့
ကားလေး ဂေဟာဝင်းထဲက ထွက်သွားတော့မှ
မေမေကြီးဘက်သို့လှည့်ကာ-
"မေမေကြီး"
"သားကိုယုံပါတယ်။ NamJoonကလဲ အရမ်း
စိတ်ပူနေလို့ စကားတွေမှားကုန်တာနေမှာပါ"
"သားက ကိုကိုကြိုက်တတ်လို့ အဲ့ဒါတွေထည့်
လိုက်မိတာပါ။ SeokJin Hyung မစားလောက်
သေးဘူးထင်လို့ TaeHyungဆီကပြန်လာမှသတိ
ပေးမလို့ လုပ်ထားတာ။ ပြီးတော့ ဟိုအစ်ကိုက
သားကိုတွေ့ရင် သဘောမကျသလိုလုပ်နေလို့
လမ်းမှာတွေ့တုန်းက မပြောလိုက်မိတာ"
"သားရယ်... အဲ့လောက်ထိရှင်းပြဖို့မလိုပါဘူး။
Jungkook ပြောသလိုပဲ အကုန်လုံးမှာ အပြစ်
ရှိတာ"
"ကိုကို အထင်လွဲသွားမှာကြောက်လို့"
"ကဲပါ...စိတ်ထဲမထားနဲ့ သွားအိပ်တော့။ မနက်
လဲ အစောကြီးထရဉီးမှာ"
"ဟုတ်"
-------------------------
သူနာပြုဆရာမအိမ်မှ ပြန်လာသောအခါ ဝေဒနာ
တွေ သက်သာသွားပြီဖြစ်တဲ့ Seok Jinက ကား
မောင်းလာသည့် NamJoonကို တဖုံးဖုံးထုကာ
"ဒေါက်တာကလေ... အဲ့ကလေးကို ဘာလို့
အဲ့လောက်ထိ ပြောဆိုချင်နေရတာလဲ"
"ငါဘာပြောရသေးလို့လဲ"
"စိတ်ညစ်တယ်။ ငြိမ်းချမ်းရေးရတာ မကြာသေး
ဘူးဆိုမှ။ ကျွန်တော့်ဘာသာ သွားပြီးစားမိတာ
လေ သူက ပါးစပ်ထဲ အတင်းလိုက်ခွံ့လို့လား"
"အေးကွာ ... မင်းကို စိတ်ပူမိတဲ့ ငါပဲမှားတာ
ကျေနပ်ပြီလား"
"မြန်မြန်မောင်း... အသားတွေက ယားနေတုန်း
ပဲ...အဆောင်ရောက်မှ ဆေးလိမ်းရမယ်"
"ဟုတ်ကဲ့ပါ"
Jungkookကတော့ SeokJinတို့ စကားဝိုင်းထဲ
ဝင်မပါဘဲ စောစောက မျက်နှာလေးကိုပြန်မြင်
ယောင်ကာ အဆောင်ကိုပဲ ပြန်ရောက်စေချင်
နေသည်။ ဘယ်သူ့ကြောင့်နဲ့မှ သူ့ကောင်လေး
ဝမ်းနည်းနေမှာမျိုးကို ထပ်မမြင်ချင်တော့ဘူး။
ဒီဂေဟာအတွက် အများကြီးအထောက်အကူ
ပေးထားတဲ့ အလှူရှင်ပီပီ ဝံ့ဝံ့ကြွားကြွား ချေ
မိုးနေလို့ရသည့် အခွင့်အရေး Jiminမှာရှိသည်။
သို့သော် သူ့ကြောင့်နဲ့ အရာအားလုံးကိုသည်းခံ
ပြီး အခုလောက်ထိ အပင်ပန်းခံပေးနေတာကို
သူ့အလိုလိုခံစားမိနေသည်။
"မေမေကြီးကို သွားပြောလိုက်ဦးမယ် သက်သာ
သွားပြီလို့"
ဂေဟာဝင်းထဲ ကားရပ်ပြီးသည်နှင့် SeokJinက
မေမေကြီးအခန်းဆီ ပြေးဝင်သွားသည်။ကားပေါ်
မှာ သူနဲ့Hyung နှစ်ယောက်ထဲပဲကျန်နေခဲ့သည်။
Hyungက အခုမှပဲ သူ့ကိုအားနာနေတယ်ထင်
ပါရဲ့။စကားပြောတာတောင် သူ့ဘက်ကို လှည့်
မကြည့်တော့ဘူးလေ။
"Hyung"
"ဟေ"
"SeokJinကို အရမ်းချစ်တာ ကျွန်တော်သိတယ်။
အထိခိုက်မခံနိုင်တာလဲ နားလည်တယ်"
"......"
"Hyung က SeokJinကို အရမ်းချစ်သလိုမျိုး
ကျွန်တော်လဲ Park Jiminကို အရမ်းချစ်တာ"
"Jungkook ah"
"မနက်ကရော အခုရော ... ဘာမှပြန်မပြောနိုင်
ဘဲ ဒီအတိုင်းကြည့်နေရတာ အဆင်မပြေဘူး"
"Hyung တောင်းပန်ပါတယ်"
"Jiminကို ပြန်တောင်းပန်လိုက်ပါ။ သူ့ကို ထပ်ပြီး တမျိုးထင်ကြမှာကို အရမ်းကြောက်နေတာ"
"အေးပါ... Hyung မနက်ကျရင် တောင်းပန်
လိုက်ပါ့မယ်"
မဟုတ်ဘူး...ဒီညတစ်ညကို အခုနကပြဿနာ
ကြောင့် သောကရောက်နေမှာကို သူမလိုချင်
တာ။
"အခု အတူတူ တောင်းပန်ရအောင် ကျွန်တော်
လိုက်ခဲ့ပေးမယ်"
"ဟေ"
"နော်"
"အေး...အေးပါ"
လူကြီးတစ်ယောက်အနေနဲ့ Hyungဘက်က ပြန်
တောင်းပန်ရတာ နည်းနည်းရှက်စရာကောင်း
တယ်ဆိုပေမဲ့ လောလောဆယ် သူ့ခေါင်းထဲမှာ
Jimin တစ်ယောက် ဒီညကို စိတ်အေးချမ်းစွာ
ဖြတ်သန်းနိုင်ဖို့ကိုပဲ အာရုံရှိသည်။
သူတို့နှစ်ယောက် အဆောင်ဟောင်းရဲ့ အောက်
ထပ်မှာ ရပ်နေကြပြီး အပေါ်ထပ်ကိုတက်ဖို့ တွန့်
ဆုတ်နေမိကြသေးသည်။ အမြဲလိုလို ဖိနပ်လေး
တွေ သေသပ်စွာ ချွတ်ထားတတ်တဲ့ ကောင်လေး
ရဲ့ sneakerလေးနှစ်ဖက်က သစ်သားလှေကား
ရဲ့ အောက်မှာဟိုတစ်ဖက် ဒီတစ်ဖက်အလှမ်းဝေး
စွာတည်ရှိနေသည်။
အခုနက ပြဿနာကြောင့်များ ဖိနပ်လေးတွေကို
ညီညီစီစီမချွတ်နိုင်လောက်အောင် စိတ်ထိခိုက်
သွားရှာမလားတွေးကာ တစ်ဖက်စီပြန့်ကျဲနေ
သည့် ဖိနပ်လေးနှစ်ခုကို စုကာ ညီညီလေး ထား
ထားပေးလိုက်သည်။
"တက်လေ...Hyung"
"အေး... အဲ့ကောင်လေးက တော်တော်စွာတာ
ငါ့ကို ပြန်အော်ရင် ဒုက္ခ"
"မအော်ပါဘူး "
Jimin တို့ရဲ့ အခန်းရှေ့ရောက်တော့ တံခါခေါက် လိုက်ကာ-
"Jimin အိပ်နေပြီလား"
"TaeHyung ရေ ..."
နှစ်ခွန်း သုံးခွန်းခေါ်တော့မှ အခန်းတံခါးလေးက
ဖြည်းညှင်းစွာပွင့်လာသည်။ ပြီးနောက် ကောင်
လေးရဲ့ခန္ဓာကိုယ်လေး ဖြည်းဖြည်းချင်းထွက်လာ
သည်။ ငိုများငိုထား မလား အမိအရ အကဲခတ်
ကာ မငိုထားသည့် အနေအထားကိုမြင်မှ သူ့မှာ
စိတ်အေးရသည်။
"SeokJin Hyung သက်သာသွားပြီလား'
"အင်း..."
NamJoon Hyungထက်အရင် သူကဦးအောင်
အဖြေပြန်ပေးလိုက်သည်။
"ငါ... Jiminကိုတောင်းပန်ပါတယ်"
"..."
"ခုနတုန်းက မသိဘဲနဲ့ စွပ်စွဲမိတာ"
"ရတယ်"
"တောင်းပန်တယ်နော်"
"ရပါတယ်ဆို"
Jiminက အခန်းတံခါးလေးကို ပြန်ပိတ်လိုက်
တော့ အပြင်ဘက်က သူတို့နှစ်ယောက် ဘာများ
မှားသွားပြီလဲ တွေးကာ တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်လိုက်မိသည်။ သူ့ကိုအပြစ်
တင်ဖို့စောင့်နေတဲ့ သူဆီက တောင်းပန်စကား
ကို မမျှော်လင့်ဘဲ ကြားလိုက်ရတာမို့ ကောင်
လေးဝမ်းနည်းသွားတာနေမှာ။
"ရပြီHyung ...ကျွန်တော်တို့ ဟိုဘက်အဆောင်
ကိုပြန်ရအောင်"
ကောင်လေးက သူ့ကိုတွေ့ချင်လို့ ဂေဟာကို
လာခဲ့တာဆိုလျှင် သူကတော့ ကောင်လေး
ကိုတွေ့ချင်လွန်းလို့ အဆောင်သစ်ဖွင့်ပွဲကိုလာဖို့ မေမေကြီးကတဆင့် ဖိတ်ခေါ်စေခဲ့တာဖြစ်သည်။
ကိုကိုက ကိုကို့ရဲ့အသည်းလေးကို တွေ့ချင်
လွန်းလို့ပါ။
ပြီးလျှင် အဆောင်သစ်ဖွင့်ပွဲရက်နှင့် အလှူရှင်ကောင်လေးရဲ့ မွေးနေ့ရက်တို့ကလဲ ထပ်တူကျနေလိမ့်ဦးမည်။
14.9.2020
🐾🐾🐾🐾🐾🐾🐾🐾🐾🐾
ဂေဟာအပိုင်းလေးက ကျန်ဦးမယ်နော်။
အရမ်းနောက်ကျနေပေမဲ့ ဒါလေးအရင်ဖတ်
ထားပေးကြပါဦး။ စာလုံးပေါင်းလဲ မစစ်ရသေး
ဘူး။ ရှေ့အပိုင်းမှာလဲ စာတွေပြတ်ကျန်ခဲ့တာ
ပြင်ရတာအဆင်မပြေလို့ ခဏလေးထားထား
ရတယ်။
Jungkookကို Jiminလေး အရမ်းချစ်သလိုပဲ
SeokJinကိုလဲ NamJoonက အရမ်းချစ်တာပါ။
သူစိမ်းတစ်ယောက်အနေနဲ့ သူ့ကောင်လေးအ ပေါ် အမှားလုပ်ထားတဲ့ Jiminလေးကို ချက်ချင်း
ကြီးအမြင်ကြည်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ခံစား
ရတာမို့ နည်းနည်းကတောက်ကဆဖြစ်တာလေး
တွေ ထည့်ရေးထားတာပါ။ အမှန်အတိုင်းပြောရ
ရင် ဒီအပိုင်းလေးတွေကို အရေးချင်ဆုံးပဲ။ နောက်တစ်ပိုင်းလဲ Minimoniလေးက တကျက်
ကျက်ဖြစ်နေဦးမှာ။
ပေးချင်တဲ့ မက်စိကတော့ အိုင့်ကိုကိုJoonieကို
အပြစ်မမြင်ကြဖို့တောင်းဆိုချင်တာလေးပါ။
အားလုံးကိုကျေးဇူးပါ။
နောက်တစ်ပိုင်းလဲ ဒီတစ်ပတ် ကြာသာပတေး
သို့မဟုတ် သောကြာလောက် upနိုင်အောင်
ကြိစားပါ့မယ်။ မနေ့ကရော ဒီနေ့ရော စောင့်နေ
ပေးတဲ့သူတွေကိုလဲ တောင်းပန်ပါတယ်နော်။
🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒