Unicode Version
ညဟာ အလင်းရောင်စိုးစဥ်းမျှ ဖြာကျခြင်းမရှိသည့်အပြင် မိုးတိမ်မည်းမည်းများကြောင့် ကောင်းကင်ထက်မှ တစ်ခုတည်းသောကြယ်ရောင်များပါ တိမ်မြုပ်နေလေရာ မဟူရာညသည် လောကတစ်ခွင်ကို အမှောင်ထုထဲသို့ ဝါးမြိုသွတ်သွင်းထားပေသည်။
ထိုစဥ် အမှောင်ရိပ်လွန်ကဲသည့်လမ်းမတစ်ခုထက်တွင် မညီမညာယိမ်းထိုးနေသော လူရိပ်တစ်ခုသည် တိတ်တဆိတ်လှုပ်ရှားလာသည်။
"ကျစ်"
ခန့်မင်းနောင်မှာ ဒယိမ်းဒယိုင်ခြေလှမ်းတို့ဖြင့် လမ်းမထက်တွင် လျှောက်နေရာမှ တစ်နေရာအရောက်တွင် ရပ်တန့်သွားသည်။ ဒေါသနှင့်အတူ လည်ချောင်းထဲမှ ပျို့တက်လာသောခံစားချက်ဆိုးဆိုးကြောင့် ချုံပုတ်တစ်ခုအနီးသို့ အပြေးသွားကာ အန်ချမိသည်။ ယခုအချိန် တစ်ယောက်ယောက်ကများမြင်လျှင် ခန့်မင်းနောင်ကို မူးရူးလာသောအရက်သမားတစ်ယောက်ဟု ထင်ကြမည်မှာ အမှန်ပင်။
အမှန်တကယ်တော့ ခန့်မင်းနောင်လုံးဝမမူးပါ။ ခံစားချက်ပေါင်းစုံရောထွေးကာ မယုံကြည်နိုင်မှုနှင့်အတူ သစ္စာဖောက်ခံရသည့်ခံစားချက်ဟာ ခန့်မင်းနောင်အားချာချာလည်နေစေသောကြောင့်ပင်။ ကမ္ဘာမြေကြီးကပြောင်းကပြန်လည်ပတ်နေသလို၊ ခန္ဓာကိုယ်မှသွေးများ ဇောက်ထိုးစီးဆင်းသွားသလို သူ၏ဘဝလည်းဇောက်ထိုးမိုးမျှော်ဖြစ်ရလေပြီ။
ရောင်နီ.....။ တစ်နည်းအားဖြင့်ပြောရလျှင် ခန့်မင်းနောင်၏အချစ်ဦး။ ခန့်မင်းနောင်သည် ရောင်နီနှင့်စတွေ့စဥ်အခါက မသင့်မြတ်ခဲ့ကြသော်လည်းနောက်ပိုင်းခင်မင်သွားပြီးနောက် သံယောဇဥ်တွယ်ကာ ချစ်ကြိုက်မိခဲ့ကြသည်။
ထိုမတိုင်ခင်က သူသည် ယောကျ်ားလေးများကိုသာ စိတ်ဝင်စားသူဖြစ်ကြောင်း သူကိုယ်တိုင်ပင်မသိခဲ့။ အချိန်ကြာလာသည်နှင့်အမျှ ရောင်နီနှင့်တွဲသည့်သက်တမ်းရှည်ကြာလာသောအခါ သူ၏လိင်စိတ်တိမ်းညွတ်မှုကိုလည်း တဖြည်းဖြည်းသဘောပေါက်ခဲ့သည်။ အချစ်ကို အချစ်ဟုသာ သဘောထားနိုင်သွားသည့် သူ့အဖို့ ထူးဆန်းသော လိင်စိတ်တိမ်းညွတ်မှုဟူသည့် အရာသည်လည်း အဆန်းမဟုတ်တော့။
ရောင်နီနှင့်သူသည် နှစ်နှစ်ကြာမျှတွဲလာသည့်တစ်လျှောက်တွင် ရန်ဖြစ်ရသည့်အချိန်တချို့ရှိခဲ့သော်လည်း ယနေ့လောက် ဆိုးဆိုးဝါးဝါးမဖြစ်ခဲ့ဖူးပေ။ အဆိုးဆုံးမှာ ရောင်နီက ခန့်မင်းနောင်အား "တကယ်မချစ်ခဲ့ဘူး"ဟုဆိုလာခြင်းပင်။
"မင်း စိတ်ဆိုးနေတုန်းဆိုရင်ငါတောင်းပန်တယ်ကွာ။ ဟုတ်ပြီလား။ မချစ်ဘူးဆိုတဲ့စကားကို ခဏခဏမပြောပါနဲ့"
ခန့်မင်းနောင်ဟာ သူ၏ရေးလက်စစာမူများကိုအပြီးသတ်ပြီးသည့်နောက်တွင်ရောင်နီနှင့်တွေ့ရန် သွားခဲ့သော်လည်း ရောင်နီကမူ မချစ်ဘူးဟုအတွင်တွင်ပြောကာ မောင်းထုတ်နေသဖြင့် အတောင်းတောင်းအပန်ပန်ဖြင့်ပြောမိခဲ့ခြင်းဖြစ်သည်။
"ငါစိတ်ဆိုးနေတာမဟုတ်ဘူး။ စိတ်ကုန်နေတာ။ အမှန်အတိုင်းပြောရရင် မင်းနဲ့တွဲရတာစိတ်ကုန်နေပြီ။ အစကတည်းကငါတကယ်မချစ်ခဲ့ဘူး။ ငါတို့တွေ့ခါစက မင်းပြောခဲ့တဲ့စကားကိုမှတ်မိလား။ ငါ့ကိုGayဆိုပြီး ကဲ့ရဲ့တာလေ။ အဲ့စကားကို မကျေနပ်လို့မင်းမုန်းလှပါတယ်ဆိုတဲ့ Gayဆိုတဲ့ဖြစ်တည်မှုထဲကို မင်းကိုပါဆွဲသွင်းချင်ခဲ့တာ။ အခုမင်းလည်းGayဖြစ်နေပြီလေ"
အောင်နိုင်သူတစ်ယောက်လိုပြုံးလျက် လူကြားထဲတွင်ပင် အသံမလျှော့ဘဲ ပြောခြင်းက ခန့်မင်းနောင်ကို အရှက်ကွဲစေလိုသည်ထင်ရဲ့။ ဖြတ်သွားဖြတ်လာများကအစ သူ့ကိုသိသော လူတချို့ကပါ ထူးဆန်းသောသတ္တဝါတစ်ကောင်လို ကြည့်သွားကြသည်မှာ သူ၏ခန္ဓာကိုယ်ကို ဓားနှင့်မွှန်းနေသည့်အလား။
သို့သော် ထိုနာကျင်မှုမှာ အစပျိုးရုံမျှသာရှိသေးသည်။ သူ ထင်မထားသည့်အမှန်တရားတစ်ခုမှာ သူ၏ချစ်ရသူသည် သူ့ကို တစ်ချိန်လုံးလှည့်စားခဲ့သည်ဟူသော အချက်ပင်။ နာကျင်စေရက်သော စကားများကိုဆိုသူအား အမှတ်မရှိသောခန့်မင်းနောင်မှာ ဒူးထောက်၍ပင် တောင်းပန်ရ၊တောင်းပန်ရဟုတွေးကာ ရောင်နီကို နောက်တစ်ကြိမ်သွားရှာမိသည့်အချိန်မှာပင် ထိုအမှန်တရားကိုရှာဖွေတွေ့ရှိခဲ့သည်။
မကြာသေးသောရက်ပိုင်းလေးအတွင်းမှာတင် ရောင်နီသည် သူမဟုတ်သည့်တစ်ပါးလူကို အိပ်ရာထဲသို့ ခေါ်သွင်းလေသည်တဲ့။ ပတ်ဝန်းကျင်မှ နားစွန်နားဖျားကြားခဲ့ရသမျှကလည်း ရောင်နီဟာ ထိုကောင်လေးနှင့် ငြိစွန်းနေသည်မှာ လနှင့်ချီ၍ပင် ကြာမြင့်နေလေပြီဟူ၍သာ။
ယုံကြည်လွန်း၍ အချစ်များအားပုံအပ်ပေးခဲ့မိပါသည်။ အပြန်အလှန်ချစ်ခြင်းကိုသာ တောင့်တသောသူ့အတွက် ပြန်ရခဲ့သည်မှာ သစ္စာဖောက်မှုတစ်ခုတည်းသာ......။
ခန့်မင်းနောင်မှာ တုံးအလွန်းသောကိုယ့်ကိုယ်ကိုယ်သာ လှောင်ရယ်မိပါသည်။ထို့နောက် ဘာတုံ့ပြန်မှုမှပင် မပြုနိုင်တော့ဘဲ နေရာမှလှည့်ထွက်လာခဲ့သည်။ နာကြည်းခြင်း၊ လှည့်စားခံရခြင်းဟူသော ခံစားချက်များကို ထုပ်ပိုးကာ သူ၏တုံးအမှုများကိုလည်း ပြန်လည်ဆင်ခြင်ပြီး နောင်တရမိသည်။
စာရေးဆရာတစ်ယောက်အဖြစ် ဝါသနာကိုအရင်းခံ၍ စာများရေးပြီးအားလပ်ချိန်များတွင် အကြီးတန်းကျောင်းသားများကို Guideပြရင်းကြိုစားခဲ့ရသမျှသည် ရောင်နီ့ကြောင့်သာ။ ယခုတော့ဖြင့် ကြိုးစားခဲ့သမျှ သဲထဲရေသွန်ဖြစ်ရလေခြင်း..။
ဤမျှမကသေး။ သူ့အတွက်နှင့် မွေးရပ်မြေကိုစွန့်ခွါကာ သူရှိရာနေရာ၌ လာရောက်နေထိုင်ရန် မိခင်ဖြစ်သူကိုပင် မိမိဟာ ယောကျ်ားများကိုသာ တိမ်းညွတ်သူဟုဝန်ခံခဲ့ပြီး မိခင်ကြီးတားနေသည့်ကြားက ဤမြို့သို့ မရမကလာခဲ့သည်။
မိဘရင်ကိုစုံကန်ကာ ထွက်ခဲ့ခြင်း၏အကျိုးဆက်ပင်ဖြစ်ပေလိမ့်မည်။ ယခုအခါမှသာ သူသည် "မိဘကို စိတ်ဆင်းရဲအောင်လုပ်သောလူသည် မကြီးပွါးနိုင်"ဟူသောအဆုံးအမကို နားထဲပဲ့တင်ထပ်နေသလို ကြားနေရတော့သည်။ ဤကဲ့သို့ဖြူစင်သောအသည်းနှလုံးကိုခွဲခဲ့သူတစ်ယောက်အဖို့ ယခုလိုနာကျင်ခံစားရမှုဟာ ထိုက်တန်ပါသည်လေ။
"မေမေ ကျွန်တော်တောင်းပန်ပါတယ်.."
မှောင်မည်းမည်းအခန်းငယ်လေးထဲတွင် တိတ်တဆိတ်ငိုကြွေးကာ တီးတိုးရေရွတ်နေသော ခန့်မင်းနောင်ကို စာနာသူမဲ့နေလေသည်။ မည်သူမှမသိအောင် တိတ်တိတ်နာကျင်ရသော ရင်အစုံဟာလည်း တင်းကြပ်၍မတန်တဆပူလောင်လာရသည်။
ယောကျ်ားတန်မဲ့ ရုပ်ပျက်ဆင်းပျက်မျက်ရည်ကျနေခြင်းသည် အရှက်ရချင်စရာပါပင်။ ရင်တွင်းကဒဏ်ရာကို မကုစားနိုင်စွာ စီးကျလာသောမျက်ရည်များကလည်း ထိုအရှက်တရားများကိုပင် မငဲ့ညာဘဲ ပါးပြင်ကိုပင် လောင်ကျွမ်းသွားစေမတတ် ပူလောင်နေတော့သည်။ ဆုံးရှုံးမှုတစ်ခုကြောင့် လစ်ဟာသွားသင့်သော ရင်ဘတ်တစ်ခုလုံးကလည်း အမုန်းတရားတချို့တောက်လောင်ကာ ပြည့်သိပ်နေသည့် ခံစားချက်မျိုးသာ လှိုင်းထနေလေသည်။
ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီးနောက်တွင်တော့ ရုတ်တရက်ချလိုက်သော ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချိန်ဆပြီးသည့်နောက်တွင် ခန့်မင်းနောင်မှာ အထုပ်အပိုးကိုပြင်ကာ သူ၏ပစ္စည်းမှန်သမျှကို သိမ်းဆည်းလိုက်သည်။ ထို့နောက် အဆောင်ခန်းကိုလည်း ပြန်အပ်ဖို့ပြင်လိုက်သည်။
"ကျွန်တော့်ရဲ့အပြစ်ကြွေးကိုဆပ်ဖို့ပြန်လာခဲ့မယ် မေမေ"
•••••••••••••
ကျောက်ဆည်မြို့၏တောင်ဘက်ရှိ ရွာငယ်လေးတစ်ခုသည် ပတ်ဝန်းကျင်တစ်ခုလုံး သာယာအေးချမ်းစွာ ပြုမူနေထိုင်ခြင်းကြောင့် အေးချမ်းဖွယ်နေရာတစ်ခုအဖြစ် အနီးအနားရပ်ရွာများက အသိအမှတ်ပြုကြရသည်။
နိစ္စဓူဝလုပ်ငန်းဆောင်တာများနှင့် လှုပ်ရှားသက်ဝင်လာသော ထိုရွာငယ်လေးသည် သာယာအေးချမ်းမှုနှင့် နေ့တစ်နေ့ကို အစပျိုးပေသည်။ အရှေ့အရပ်ဆီ၌ ထိန်ထိန်သာနေပါသည့် နေမင်းကြီး၏ဖြန့်ကျက်မှုအောက်၌ အရပ်ရှစ်မျက်နှာ ပတ်ဝန်းကျင်တစ်ဝိုက်ရှိသက်ရှိတိုင်းသည် လန်းဆန်းတက်ကြွမှုအတိပြီး၏။
ထိုမျှသာယာနေသော ဝန်းကျင်ဝယ် မအေးချမ်းနိုင်သောနေရာမှာ ရဝေချမ်း၏အိပ်ခန်းအတွင်းသာ ဖြစ်လေရဲ့။ ကိုးတန်းဖြေပြီးခါစ ကျောင်းပိတ်ရက်အချိန်ဖြစ်ရာ လွတ်လပ်ရေးရနေသောရဝေချမ်းမှာ သူ့အချိန်အများစုကို စာဖတ်ခြင်းဖြင့်သာ ကုန်ဆုံးလေသည်။ နှစ်နှစ်ခြိုက်ခြိုက်ဖတ်ဖြစ်သည့်စာအုပ်မှာလည်း စာရေးသူတစ်ယောက်တည်း၏စာအုပ်သာဖြစ်၏။
ရဝေချမ်းမှာ ညကစာဖတ်ရင်းတန်းလန်းဖြင့် အိပ်ပျော်သွားသည်ဖြစ်ရာ မနက်နိုးလာသည်နှင့် ကုတင်ပေါ်တွင် ဘာစာအုပ်မှ ရှာမတွေ့တော့သဖြင့် ခေါင်းမီးတောက်သွားရသည်။ တစ်ခန်းလုံးအနှံ့ပတ်ရှာသော်လည်း အစအနတောင်မမြင်ရလေတော့ ရဝေချမ်းတို့ပျာယာခတ်ရပြီ။
ထိုစာအုပ်မှာ သူအကြိုက်ဆုံး စာရေးဆရာရေးထားသော စာအုပ်ဖြစ်ပြီး ဤနေရာတွင် အလွယ်တကူရနိုင်သော စာအုပ်မဟုတ်ပေ။ ရဝေချမ်းမှာ သူ၏အဖေက မြို့ကိုသွားတုန်းက မရမကပူဆာ၍ မှာလိုက်ရသော စာအုပ်ဖြစ်သည်မို့ ပျောက်သွားသည်ဆိုလျှင် ခံစားနိုင်မည်မဟုတ်ပေ။
"အမေ သားစာအုပ်ကိုယူသေးလား"
အခန်းထဲကထွက်ကာ မီးဖိုချောင်ထဲရှိအမေဖြစ်သူဒေါ်နှင်းနုကို မယုံသင်္ကာဖြင့်မေးမိလေရာ သူ့အမေက စိတ်ပေါက်ပေါက်နှင့် ခေါင်းခေါက်လေသည်။
"ကိုယ့်ဘာသာစည်းကမ်းမရှိဘဲပစ်ထားပြီးတော့.."
"အာ့...။ သားပစ်မထားပါဘူး။ မနေ့ညကဖတ်နေရင်းအိပ်ပျော်သွားတာ။ သေချာပေါက်ကုတင်ပေါ်မှာရှိနေရမှာကို အခုမတွေ့တော့ဘူး"
ရဝေချမ်းက ငိုမဲ့မဲ့လေးပြောသောအခါ သူ့အမေက ငေါက်ဆတ်ဆတ်အမူအရာမှ ပြန်လည်နူးညံ့သွားသည်။
"သေချာရှာပြီးပြီလား"
"ရှာပြီးပြီ။ မရှိဘူး"
ထိုစဥ် ရဝေချမ်း၏အစ်ကိုဖြစ်သူမှာ ပန်းသီးစိတ်ကို လက်ထဲကကိုင်ထားရင်း ဆောင့်ကြွားကြွားအမူအရာဖြင့် မီးဖိုချောင်ထဲသို့ဝင်လာလေသည်။ ရဝေချမ်းမှာ စိတ်ထဲတွင်သိပ်မသင်္ကာသဖြင့် သံသယမျက်လုံးများနှင့် သူ့အားကြည့်နေခိုက် သူကမင်သေသေနှင့် ပြန်ကြည့်ကာ ရဝေချမ်းကိုမေးလာသည်။
"စာအုပ်က ဘယ်လိုမျိုးလဲ"
ပန်းသီးစိတ်ကို ပါးစပ်ထဲထည့်ဝါးလိုက်ရင်း အေးအေးလူလူဖြင့် မေးလိုက်သော ဇေယျာချမ်း၏မေးခွန်းကို ရဝေချမ်းက မျက်လုံးများကို မှေးကျဥ်းကာ လေသံဖျော့ဖျော့နှင့် ပြန်ဖြေပြီး သူ့ကိုအလိုမကျစွာ အကဲခတ်နေလိုက်သည်။
"အစိမ်းရောင်စာအုပ်လေး။ နာမည်ကစိမ့်စမ်းရေပမာတဲ့"
"ဒါလေးလား"
ဇေယျာချမ်းမှာ ခါးကြားထဲတွင်ဘောင်းဘီခါးစည်းစနှင့် ညှပ်၍ထည့်ထားသော စာအုပ်လေးကိုထုတ်ယူလိုက်ပြီး ခပ်တည်တည်ဖြင့်မေးလိုက်သောအခါ ရဝေချမ်းမှာ ထိုစာအုပ်ကို ဆတ်ခနဲဆွဲယူလိုက်ပြီး လူသတ်ချင်သောအကြည့်မျိုးဖြင့် ဇေယျာချမ်းကို စူးစိုက်ကြည့်နေလေသည်။
"မင်း... ငါ့စာအုပ်ကိုခိုးထားတယ်"
ရဝေချမ်းက ဒေါသတကြီးဖြင့် ပြောလိုက်သော်လည်း ဇေယျာချမ်းကတော့ မထုံတတ်တေးပုံစံဖြင့် ပခုံးတွန့်ပြ၍ ပြန်ပြောပုံမှာ ရဝေချမ်းအဖို့ မြင်ပြင်းကပ်ချင်စရာပင်။ ဇေယျာချမ်း၏ထိုပုံစံမှာ ရဝေချမ်းကို ပို၍အသည်းတယားယားဖြစ်စေလေသည်။
"ဖတ်ကြည့်ချင်လို့ ယူထားလိုက်တာ။ အခုပြန်ပေးတယ်လေ။ ဘာဖြစ်နေတာလဲ"
"ပြီးတော့ မင်းကဒီစာအုပ်ကိုခါးကြားထဲထိုးထည့်ထားတယ်လေ"
"သိပ်ပြီးဇီဇာမကြောင်စမ်းနဲ့။ စာအုပ်လေးတစ်အုပ်ပဲကို"
ဇေယျာချမ်းက "အကဲမပိုစမ်းနဲ့"ဟူသောအမူအရာမျိုးဖြင့် သူ့ကိုပြောလာသောအခါ ရဝေချမ်းမှာလည်း ဒေါသက ငယ်ထိပ်ကို တက်ဆောင့်လေတော့သည်။
"ငါတယုတယထားတဲ့စာအုပ်ကို မင်းက..."
ရဝေချမ်းမှာ ပြောရင်းဆိုရင်းနှင့် စိတ်မထိန်းနိုင်တော့ဘဲ ဇေယျာချမ်းကို ခြေထောက်ဖြင့်လှမ်းကန်ပြီး လက်ကလည်း တရစပ်လိုက်ရိုက်ပါတော့သည်။
"ဟဲ့.. နင့်ထက်အကြီးကိုမရိုမသေမလုပ်နဲ့လေ ငချမ်း!!"
အိမ်သားများကသာမက တစ်ရွာလုံးကပါ ရဝေချမ်းကို ချမ်းလေးဟုခေါ်တတ်ကြပြီး ဇေယျာချမ်းကိုတော့ဖြင့် ကိုဇေဟုသုံးနှုန်းတတ်ကြခြင်းဖြစ်သဖြင့် အမေဖြစ်သူညွှန်းချင်သောသူမှာ ရဝေချမ်းဆိုသည်က ရှင်းလင်းနေသည်။
ဒေါ်နှင်းနုက မီးဖိုချောင်ထဲက လှမ်းအော်သော်လည်း ရဝေချမ်းမှာ အရှေ့ကရယ်မောလျက် ထွက်ပြေးသွားသော ဇေယျာချမ်းနောက်ကို သဲကြီးမဲကြီးလိုက်နေပြီး သူ(မ)၏စကားကို အဖတ်ပင်မလုပ်။ နေ့ရှိသရွေ့စနောက်ချင်နေသော အစ်ကိုကြီးနှင့် သူ့စာအုပ်များနှင့််ပတ်သက်လျှင် အမြဲတမ်းဆတ်ဆတ်ထိမခံဖြစ်တတ်သော ညီငယ်လေးတို့မှာ လိုက်လည်းလိုက်လွန်းသည်ဟုသာ သူ(မ) ကူကယ်ရာမဲ့စွာ တွေးမိတော့သည်။
အိမ်ရှေ့ရှိ မြေကွက်လပ်တွင် ကုလားထိုင်တစ်လုံးဖြင့်ထိုင်ရင်း စာရင်းစစ်နေသောဦးပိုင်သူမှာ သားဖြစ်သူနှစ်ယောက် ပြေးလွှားနေပုံကို ချစ်စနိုးဖြင့်ငေးကြည့်ကာ အရူးအမူးရယ်မောနေလေသည်။
ရဝေချမ်းသည် စာအုပ်ကိုလက်တစ်ဖက်ကကိုင်၍ ကျန်လက်တစ်ဖက်နှင့် ဇေယျာချမ်း၏အင်္ကျီစကို မမှီမကမ်းလှမ်းဆွဲလိုက်၊ လွတ်သွားလိုက်ဖြစ်နေပြီး ဇေယျာချမ်းမှာလည်း သူ့ညီကိုတမင်တကာစနောက်ချင်၍ အရှိန်လျှော့ပြေးလိုက်၊ ဝေးသွားပြီဟုထင်လျှင် အရှိန်လျှော့ပြေးကာ သူ့အင်္ကျီစကို ရဝေချမ်းအားဆွဲစေ၍ သူ့အနောက်မှ တရွတ်တိုက်မတတ် တန်းလန်းပါလာသော ရဝေချမ်း၏အဖြစ်ကို ရယ်လိုက်နှင့် အလုပ်များနေလေသည်။
ခဏကြာမှ ရဝေချမ်းမှာ မောဟိုက်သွားဟန်နှင့် ပြေးလိုက်နေခြင်းကို ရပ်လိုက်ပြီး အဖေဖြစ်သူအနားသို့လျှောက်သွား၍ ဘေးနားကခုံတွင် ဝင်ထိုင်လေသည်။ ဟောဟဲဆိုက်ကာမောဟိုက်နေသည့်ကြားမှ ကိုယ့်ကိုယ်ကိုယ်ပင်ဂရုမစိုက်နိုင်သေးဘဲ စာအုပ်အနားသတ်လေးတွင် စိုသွားသောချွေးစများကို သုတ်ဖယ်ကာ တယုတယလုပ်နေသော ရဝေချမ်းကိုကြည့်၍ ဦးပိုင်သူကမေးလိုက်သည်။
"စာအုပ်တွေကိုအဲ့လောက်ပဲချစ်သလား ငါ့သားရာ"
"သားက တခြားစာအုပ်ဆိုရင် ဒီလောက်အသည်းအသန်မဖြစ်ပါဘူး။ ဒီစာရေးဆရာရဲ့ စာအုပ်တွေက လိုချင်တိုင်းရတာမဟုတ်ဘူး။ သူကအုပ်ရေအကန့်အသတ်နဲ့ထုတ်တာ။ မြို့ပေါ်မှာဆို သူ့စာအုပ်တွေဒီနေ့ရောင်းရင် နောက်နှစ်ရက်ဆိုရောင်းလို့ကုန်ပြီတဲ့။ အဲ့လောက်ကိုနာမည်ကြီးတာနော်။ ပြီးတော့ သားကသူရေးသမျှ အကုန်ကြိုက်တယ်။ သူ့ကိုလေးလည်းလေးစားတယ်"
စာအုပ်တွေအပေါ် ချစ်မြတ်နိုးတတ်သည့်စိတ်လေးဟာ ဖြူစင်သည်ဖြစ်ရာ ဦးပိုင်သူမှာ သားငယ်၏ဝါသနာကို အသိအမှတ်ပြုပေးဖြစ်သည်။
"အဲ့စာရေးဆရာရဲ့ကလောင်နာမည်က ဘာတဲ့..."
"စျာန်..တဲ့"
ရဝေချမ်းက ကျေနပ်ပီတီဖြာနေသော မျက်နှာထားဖြင့်ပြောလိုက်သည်။ မိမိဝါသနာကို မိဘကအသိအမှတ်ပြုလျှင် လူတိုင်းကျေနပ်ကြသည်သာ။
ထိုအချိန်တွင် သူတို့နှင့်မလှမ်းမကမ်းရှိ ဇေယျာချမ်းက အပင်နောက်မှ လက်ပိုက်လျက်သားနှင့်ထွက်လာပြီး ပင်စည်ကိုမှီကာရပ်နေသဖြင့် ရဝေချမ်း၏မြင်ကွင်းထဲသို့ ဝင်လာသည်။ ရဝေချမ်းမှာ သူ့ကိုမျက်စောင်းတထိုးထိုးနှင့် စိုက်ကြည့်နေသော်လည်း သူကတော့ဖြင့် အရေးမလုပ်ဟန်နှင့် မေးစေ့ကိုမော့ချီထားသည်။ ပြီးသည်နှင့် ရဝေချမ်းတို့သားအဖရှိရာသို့ မျှော်ကြည့်ကာ အသံစာစာနှင့် အော်ပြောလေသည်။
"ဟေ့.. စျာန်က ဒီကိုရောက်နေပြီဟ"
ထိုစကားကိုကြားသောအခါ ရဝေချမ်းသည် ရုတ်တရက်မို့ တအံ့တသြနှင့် မော့ကြည့်လိုက်မိစဥ် ဇေယျာချမ်းမှာ ပင်စည်ကိုမှီထားရင်း လက်ထဲရှိ နေကြာစေ့ထုပ်ကို သူမြင်သာအောင် ကိုင်မြှောက်ပြလေသည်။
"မင်းရဲ့စျာန်နဲ့တော့ဘယ်တူမလဲ။ ငါ့ရဲ့စျာန်က နေကြာစေ့ထုပ်"
"ငါ မင်းရဲ့စျာန်ကိုစားတော့မှာနော်။ စျာန့်ရဲ့ဘဝက ငါ့ပါးစပ်ထဲမှာ စိစိညက်ညက်ကြေရတော့မယ်ကွ..ဟားဟားဟား"
မပြီးနိုင်မစီးနိုင်စနောက်နေသေးသောဇေယျာချမ်းကြောင့် သူ့မှာဒေါသကအလိပ်လိုက်အခွေလိုက် ထွက်လာသလားပင်အောက်မေ့ရသည်။ မခံချိမခံသာဖြစ်ကာ သူ့ကိုမနားတမ်းမျက်နှာပြောင်နေသော ဇေယျာချမ်းကို လက်သီးဆုပ်ပြလိုက်လေရာ ဇေယျာချမ်းမှာ အတည်ပေါက်ကြီးနှင့် လက်ဝါးပြန်ဖြန့်ပြလေသည်။
"ငါ့မှာ ကာမပိုင်မိန်းမမရှိသေးပါဘူး။ မင်းသိသားနဲ့ ဘာလို့မဟော်သဓာလို ဂိုက်ဖမ်းပြီး လာမေးနေတာလဲ။ ဒါမှမဟုတ် စျာန့်မှာရှိမရှိမေးတာလား။ ဒါဆိုရင်တော့ ငါသူ့ကိုစားပြီးရင် မေးကြည့်ပေးပါ့မယ်"
ရဝေချမ်းခမျာ ဇေယျာချမ်း၏သရော်စကားများကြောင့် နဂိုက မပြယ်သေးသော ဒေါသမှာ ပို၍ထုထည်ကြီးမားသွားရသည်။ ပြန်အစပြုလာသော ဒေါသကြောင့် အနားတွင်ကျနေသော သစ်ကိုင်းခြောက်နှင့် ဇေယျာချမ်းကိုလှမ်းထုကာ မေတ္တာပို့လေတော့သည်။
"မင်းလိုကောင်က နေကြာစေ့အတောင့်လိုက် လည်ပင်းမှာတစ်နေရမှာ"
ရဝေချမ်း၏စကားကို ဇေယျာချမ်းက ဟာသပြောနေသည်ဟု မှတ်ယူထားသလားမသိ။ အူလှိုက်သည်းလှိုက်ရယ်မောကာ နေကြာစေ့ထုပ်ကို တယုတယဖက်ပြ၍ ရဝေချမ်းစာအုပ်ကို ဂရုတစိုက်ကိုင်တွယ်ထားပုံကို အတုခိုးကာ လုပ်ပြလေသည်။
"ကဲ သားကြီးကညီလေးကိုတအားစမနေနဲ့။ မနက်စာမစားရသေးဘူးမလား။ သွားစားကြဦး"
ရဝေချမ်းမှာ ဇေယျာချမ်းကိုမျက်စောင်းတထိုးထိုးဖြင့် အနားကထွက်သွားပြီး အိမ်ထဲသို့ ဆောင့်ကြီးအောင့်ကြီးနှင့် ဝင်သွားသည်။ ဇေယျာချမ်းကတော့ သည်းသည်းလှုပ်ဖြစ်ပျက်နေသော သူ့ညီကြောင့် နေရာတွင် ရယ်မောလျက် ကျန်နေခဲ့သည်။
ဇေယျာချမ်းမှာ ရဝေချမ်းကို စနောက်နိုင်မည့်အခွင့်အရေးမှန်သမျှကို ဘယ်တော့မှလက်မလွှတ်ပေ။ တစ်ခါကလည်း အမေဖြစ်သူနှင့် သူတို့နှစ်ယောက် စျေးဝယ်ထွက်ကြသောအခါ အမေက သူတို့ကို စားစရာမုန့်ထုပ်အချို့ စိတ်ကြိုက်ရွေးစေသည်။ ထိုအခါ ဇေယျာချမ်းက ရယ်ကျဲကျဲနှင့် အမေ့ကို ပြောသည်။
"စျာန်နဲ့ပတ်သက်သမျှအကုန်လိုချင်တယ် အမေရဲ့"
"ဟဲဟဲ နေကြာစေ့ကိုပြောတာပါဗျာ"
ရဝေချမ်းနှင့် ဇေယျာချမ်း၏အသက်မှာ တစ်နှစ်ကျော်မျှသာကွာသည်မို့ သူငယ်ချင်းပေါင်း ပေါင်း၍ရသည်။ အကြိုက်ဆုံးစာရေးဆရာနှင့် ပတ်သက်၍ စနောက်တတ်သည့် ဇေယျာချမ်း၏အကျင့်ကလွဲလျှင် ရဝေချမ်းမှာ သူနှင့်ကိစ္စတော်တော်များများတွင် အပေးအယူတည့်လေသည်။
သူတို့နှစ်ယောက်ပေါင်းလိုက်လျှင် တလွဲများဖြစ်သည်ကလည်း အစဥ်အလာလိုပင်။ ယနေ့လည်း မနက်စာစားသောက်ပြီးနောက် ငြိမ်းချမ်းရေးရနေပြီဖြစ်သော ညီအစ်ကိုနှစ်ယောက်ကို ဒေါ်နှင်းနုကစျေးဝယ်ပေးရန် ပြောလာသည်။ ခါတိုင်းလည်း သူ(မ)မအားတိုင်း သူတို့နှစ်ယောက်ကို စျေးဝယ်လွှတ်နေကျမို့ ထွေထွေထူးထူးစိတ်ပူနေစရာမလိုပေ။
"နှစ်ယောက်သား ဘယ်မှမသွားခင် အမေ့ကိုစျေးဝယ်ပေးခဲ့ဦး။ ဒီမှာပိုက်ဆံ။ ခဏနေဦး..။ အမေ စျေးခြင်းတောင်းသွားယူဦးမယ်"
ဒေါ်နှင်းနုက ပြောပြောဆိုဆိုဖြင့် အိမ်ထဲပြန်ဝင်သွားသောကြောင့် ဇေယျာချမ်းနှင့်ရဝေချမ်းမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ စျေးဝယ်ပေးရသည်ကို မငြိုငြင်သော်လည်း မိန်းကလေးများလို စျေးခြင်းတောင်းကိုင်၍ သွားရမည်ကိုတော့ သူတို့ရှက်လှသည်။ ဤသည်ကိုပင် သူတို့အမေကလည်း အမြဲလိုလို မရမကထည့်ပေးတတ်သည်။
"ခြင်းယူမနေတော့ဘူး။ အမေရေ..သွားပြီဗျို့"
နှစ်ယောက်သားလည်း သူတို့အမေအိမ်ထဲဝင်သွားသည်ကို အခွင့်ကောင်းယူ၍ စျေးခြင်းတောင်းမယူရရေး၊တို့အရေးဖြစ်နေကာ အသံစာစာနှင့် လှမ်းအော်ပြောလိုက်ပြီးသည်နှင့် အိမ်ထဲမှ သုတ်ခြေတင်ကာ ထွက်ပြေးကြတော့သည်။
" ဟဲ့.. ဝယ်ရမယ့်ပစ္စည်းတောင် မပြောရသေးတာ။ နင်တို့ကဘာသွားဝယ်ကြမှာတုန်း"
ဒေါ်နှင်းနုက ပြေးထွက်သွားသော နှစ်ယောက်အနောက်ကို ပြေးလိုက်ကာ လှမ်းအော်ပြောနေသော်လည်း ဇွတ်အတင်းပြေးသွားသည့် နှစ်ယောက်ကတော့ အဝေးကိုပင်ရောက်နေလေပြီဖြစ်ရာ သူ(မ)၏စကားများကို လုံးဝမကြားတော့ချေ။ သူ(မ)မှာလည်း လွဲပြီးရင်းလွဲနေသော သားတော်မောင်နှစ်ယောက်၏ အလွဲတော်ပုံကို သက်ပြင်းတချချလုပ်ကာ ညည်းညူနေရုံသာ တတ်နိုင်တော့သည်။
"မတည့်ပြန်တော့လည်း ဆူညံနေလို့ နားညည်းရတယ်။ တည့်ပြန်တော့လည်း အလွဲတွေချည်းလုပ်လွန်းလို့ ပြောရတာပါးစပ်ညောင်းတယ်။ ဒင်းတို့ညီအစ်ကိုနှစ်ယောက်နဲ့တော့ ခက်ပါတယ်လေ"
ရဝေချမ်းနှင့် ဇေယျာချမ်းမှာ အိမ်ထဲမှ အပြေးအလွှားထွက်လာခဲ့ကြပြီး လမ်းထိပ်သို့ရောက်သောအခါမှ ပြေးလွှားခြင်းကိုရပ်ကာ အမောဖြေလိုက်ကြသည်။ ထို့နောက် မီးရထားသံလမ်းကို ဖြတ်ကျော်၍ စျေးထဲသို့ဦးတည်လိုက်သည်။
စျေးထဲသို့ရောက်သောအခါ ဆူညံလှသော စျေးသည်များနှင့် စျေးဝယ်များ၏ တစ်ယောက်တစ်ပေါက်စကားသံများကြောင့် ခေါင်းပင်မူးချင်လာသည်။
"ငချမ်း ငါတို့အရင်ဆုံးဘာဝယ်ရမှာလဲ"
ဇေယျာချမ်းက ခေါင်းတကုတ်ကုတ်နှင့် ဟိုကြည့်သည်ကြည့်လုပ်ရင်းမေးလာသောအခါ ရဝေချမ်းလည်းကြောင်အသွားရတော့သည်။ မှတ်ဥာဏ်ကိုပြန်ခေါ်ကာ စဥ်းစားသော်လည်း ဗလာနတ္ထိ။
"သေစမ်း။ ဘာဝယ်ရမှာလဲမှမမေးလာမိတာ"
ရဝေချမ်းနှင့်ဇေယျာချမ်းမှာ ကိုယ့်ခေါင်းကိုသာ နာနာထုရိုက်မိတော့သည်။ ထို့ကြောင့် ရှေးလူကြီးများက ထိုစကားကို ချန်ရစ်ခဲ့ခြင်းဖြစ်ပေမည်။ "မလိမ္မာနှစ်ခါမိုက်"....တဲ့။
•••••••••••••
A/N: Edited on 6.11.2021
ZawGyi Version
ညဟာ အလင္းေရာင္စိုးစဥ္းမွ် ျဖာက်ျခင္းမ႐ွိသည့္အျပင္ မိုးတိမ္မည္းမည္းမ်ားေၾကာင့္ ေကာင္းကင္ထက္မွ တစ္ခုတည္းေသာၾကယ္ေရာင္မ်ားပါ တိမ္ျမဳပ္ေနေလရာ မဟူရာညသည္ ေလာကတစ္ခြင္ကို အေမွာင္ထုထဲသို႔ ဝါးၿမိဳသြတ္သြင္းထားေပသည္။
ထိုစဥ္ အေမွာင္ရိပ္လြန္ကဲသည့္လမ္းမတစ္ခုထက္တြင္ မညီမညာယိမ္းထိုးေနေသာ လူရိပ္တစ္ခုသည္ တိတ္တဆိတ္လႈပ္႐ွားလာသည္။
"က်စ္"
ခန္႔မင္းေနာင္မွာ ဒယိမ္းဒယိုင္ေျခလွမ္းတို႔ျဖင့္ လမ္းမထက္တြင္ ေလွ်ာက္ေနရာမွ တစ္ေနရာအေရာက္တြင္ ရပ္တန္႔သြားသည္။ ေဒါသႏွင့္အတူ လည္ေခ်ာင္းထဲမွ ပ်ိဳ႕တက္လာေသာခံစားခ်က္ဆိုးဆိုးေၾကာင့္ ခ်ံဳပုတ္တစ္ခုအနီးသို႔ အေျပးသြားကာ အန္ခ်မိသည္။ ယခုအခ်ိန္ တစ္ေယာက္ေယာက္ကမ်ားျမင္လွ်င္ ခန္႔မင္းေနာင္ကို မူး႐ူးလာေသာအရက္သမားတစ္ေယာက္ဟု ထင္ၾကမည္မွာ အမွန္ပင္။
အမွန္တကယ္ေတာ့ ခန္႔မင္းေနာင္လုံးဝမမူးပါ။ ခံစားခ်က္ေပါင္းစုံေရာေထြးကာ မယုံၾကည္ႏိုင္မႈႏွင့္အတူ သစၥာေဖာက္ခံရသည့္ခံစားခ်က္ဟာ ခန္႔မင္းေနာင္အားခ်ာခ်ာလည္ေနေစေသာေၾကာင့္ပင္။ ကမ႓ာေျမႀကီးကေျပာင္းကျပန္လည္ပတ္ေနသလို၊ ခႏၶာကိုယ္မွေသြးမ်ား ေဇာက္ထိုးစီးဆင္းသြားသလို သူ၏ဘဝလည္းေဇာက္ထိုးမိုးေမွ်ာ္ျဖစ္ရေလၿပီ။
ေရာင္နီ.....။ တစ္နည္းအားျဖင့္ေျပာရလွ်င္ ခန္႔မင္းေနာင္၏အခ်စ္ဦး။ ခန္႔မင္းေနာင္သည္ ေရာင္နီႏွင့္စေတြ႕စဥ္အခါက မသင့္ျမတ္ခဲ့ၾကေသာ္လည္းေနာက္ပိုင္းခင္မင္သြားၿပီးေနာက္ သံေယာဇဥ္တြယ္ကာ ခ်စ္ႀကိဳက္မိခဲ့ၾကသည္။
ထိုမတိုင္ခင္က သူသည္ ေယာက်္ားေလးမ်ားကိုသာ စိတ္ဝင္စားသူျဖစ္ေၾကာင္း သူကိုယ္တိုင္ပင္မသိခဲ့။ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ေရာင္နီႏွင့္တြဲသည့္သက္တမ္း႐ွည္ၾကာလာေသာအခါ သူ၏လိင္စိတ္တိမ္းၫြတ္မႈကိုလည္း တျဖည္းျဖည္းသေဘာေပါက္ခဲ့သည္။ အခ်စ္ကို အခ်စ္ဟုသာ သေဘာထားႏိုင္သြားသည့္ သူ႕အဖို႔ ထူးဆန္းေသာ လိင္စိတ္တိမ္းၫြတ္မႈဟူသည့္ အရာသည္လည္း အဆန္းမဟုတ္ေတာ့။
ေရာင္နီႏွင့္သူသည္ ႏွစ္ႏွစ္ၾကာမွ်တြဲလာသည့္တစ္ေလွ်ာက္တြင္ ရန္ျဖစ္ရသည့္အခ်ိန္တခ်ိဳ႕႐ွိခဲ့ေသာ္လည္း ယေန႔ေလာက္ ဆိုးဆိုးဝါးဝါးမျဖစ္ခဲ့ဖူးေပ။ အဆိုးဆုံးမွာ ေရာင္နီက ခန္႔မင္းေနာင္အား "တကယ္မခ်စ္ခဲ့ဘူး"ဟုဆိုလာျခင္းပင္။
"မင္း စိတ္ဆိုးေနတုန္းဆိုရင္ငါေတာင္းပန္တယ္ကြာ။ ဟုတ္ၿပီလား။ မခ်စ္ဘူးဆိုတဲ့စကားကို ခဏခဏမေျပာပါနဲ႔"
ခန္႔မင္းေနာင္ဟာ သူ၏ေရးလက္စစာမူမ်ားကိုအၿပီးသတ္ၿပီးသည့္ေနာက္တြင္ေရာင္နီႏွင့္ေတြ႕ရန္ သြားခဲ့ေသာ္လည္း ေရာင္နီကမူ မခ်စ္ဘူးဟုအတြင္တြင္ေျပာကာ ေမာင္းထုတ္ေနသျဖင့္ အေတာင္းေတာင္းအပန္ပန္ျဖင့္ေျပာမိခဲ့ျခင္းျဖစ္သည္။
"ငါစိတ္ဆိုးေနတာမဟုတ္ဘူး။ စိတ္ကုန္ေနတာ။ အမွန္အတိုင္းေျပာရရင္ မင္းနဲ႔တြဲရတာစိတ္ကုန္ေနၿပီ။ အစကတည္းကငါတကယ္မခ်စ္ခဲ့ဘူး။ ငါတို႔ေတြ႕ခါစက မင္းေျပာခဲ့တဲ့စကားကိုမွတ္မိလား။ ငါ့ကိုGayဆိုၿပီး ကဲ့ရဲ႕တာေလ။ အဲ့စကားကို မေက်နပ္လို႔မင္းမုန္းလွပါတယ္ဆိုတဲ့ Gayဆိုတဲ့ျဖစ္တည္မႈထဲကို မင္းကိုပါဆြဲသြင္းခ်င္ခဲ့တာ။ အခုမင္းလည္းGayျဖစ္ေနၿပီေလ"
ေအာင္ႏိုင္သူတစ္ေယာက္လိုျပဳံးလ်က္ လူၾကားထဲတြင္ပင္ အသံမေလွ်ာ့ဘဲ ေျပာျခင္းက ခန္႔မင္းေနာင္ကို အ႐ွက္ကြဲေစလိုသည္ထင္ရဲ႕။ ျဖတ္သြားျဖတ္လာမ်ားကအစ သူ႕ကိုသိေသာ လူတခ်ိဳ႕ကပါ ထူးဆန္းေသာသတၱဝါတစ္ေကာင္လို ၾကည့္သြားၾကသည္မွာ သူ၏ခႏၶာကိုယ္ကို ဓားႏွင့္မႊန္းေနသည့္အလား။
သို႔ေသာ္ ထိုနာက်င္မႈမွာ အစပ်ိဳး႐ုံမွ်သာ႐ွိေသးသည္။ သူ ထင္မထားသည့္အမွန္တရားတစ္ခုမွာ သူ၏ခ်စ္ရသူသည္ သူ႕ကို တစ္ခ်ိန္လုံးလွည့္စားခဲ့သည္ဟူေသာ အခ်က္ပင္။ နာက်င္ေစရက္ေသာ စကားမ်ားကိုဆိုသူအား အမွတ္မ႐ွိေသာခန္႔မင္းေနာင္မွာ ဒူးေထာက္၍ပင္ ေတာင္းပန္ရ၊ေတာင္းပန္ရဟုေတြးကာ ေရာင္နီကို ေနာက္တစ္ႀကိမ္သြား႐ွာမိသည့္အခ်ိန္မွာပင္ ထိုအမွန္တရားကို႐ွာေဖြေတြ႕႐ွိခဲ့သည္။
မၾကာေသးေသာရက္ပိုင္းေလးအတြင္းမွာတင္ ေရာင္နီသည္ သူမဟုတ္သည့္တစ္ပါးလူကို အိပ္ရာထဲသို႔ ေခၚသြင္းေလသည္တဲ့။ ပတ္ဝန္းက်င္မွ နားစြန္နားဖ်ားၾကားခဲ့ရသမွ်ကလည္း ေရာင္နီဟာ ထိုေကာင္ေလးႏွင့္ ၿငိစြန္းေနသည္မွာ လႏွင့္ခ်ီ၍ပင္ ၾကာျမင့္ေနေလၿပီဟူ၍သာ။
ယုံၾကည္လြန္း၍ အခ်စ္မ်ားအားပုံအပ္ေပးခဲ့မိပါသည္။ အျပန္အလွန္ခ်စ္ျခင္းကိုသာ ေတာင့္တေသာသူ႕အတြက္ ျပန္ရခဲ့သည္မွာ သစၥာေဖာက္မႈတစ္ခုတည္းသာ......။
ခန္႔မင္းေနာင္မွာ တုံးအလြန္းေသာကိုယ့္ကိုယ္ကိုယ္သာ ေလွာင္ရယ္မိပါသည္။ထို႔ေနာက္ ဘာတုံ႔ျပန္မႈမွပင္ မျပဳႏိုင္ေတာ့ဘဲ ေနရာမွလွည့္ထြက္လာခဲ့သည္။ နာၾကည္းျခင္း၊ လွည့္စားခံရျခင္းဟူေသာ ခံစားခ်က္မ်ားကို ထုပ္ပိုးကာ သူ၏တုံးအမႈမ်ားကိုလည္း ျပန္လည္ဆင္ျခင္ၿပီး ေနာင္တရမိသည္။
စာေရးဆရာတစ္ေယာက္အျဖစ္ ဝါသနာကိုအရင္းခံ၍ စာမ်ားေရးၿပီးအားလပ္ခ်ိန္မ်ားတြင္ အႀကီးတန္းေက်ာင္းသားမ်ားကို Guideျပရင္းႀကိဳစားခဲ့ရသမွ်သည္ ေရာင္နီ႔ေၾကာင့္သာ။ ယခုေတာ့ျဖင့္ ႀကိဳးစားခဲ့သမွ် သဲထဲေရသြန္ျဖစ္ရေလျခင္း..။
ဤမွ်မကေသး။ သူ႕အတြက္ႏွင့္ ေမြးရပ္ေျမကိုစြန္႔ခြါကာ သူ႐ွိရာေနရာ၌ လာေရာက္ေနထိုင္ရန္ မိခင္ျဖစ္သူကိုပင္ မိမိဟာ ေယာက်္ားမ်ားကိုသာ တိမ္းၫြတ္သူဟုဝန္ခံခဲ့ၿပီး မိခင္ႀကီးတားေနသည့္ၾကားက ဤၿမိဳ႕သို႔ မရမကလာခဲ့သည္။
မိဘရင္ကိုစုံကန္ကာ ထြက္ခဲ့ျခင္း၏အက်ိဳးဆက္ပင္ျဖစ္ေပလိမ့္မည္။ ယခုအခါမွသာ သူသည္ "မိဘကို စိတ္ဆင္းရဲေအာင္လုပ္ေသာလူသည္ မႀကီးပြါးႏိုင္"ဟူေသာအဆုံးအမကို နားထဲပဲ့တင္ထပ္ေနသလို ၾကားေနရေတာ့သည္။ ဤကဲ့သို႔ျဖဴစင္ေသာအသည္းႏွလုံးကိုခြဲခဲ့သူတစ္ေယာက္အဖို႔ ယခုလိုနာက်င္ခံစားရမႈဟာ ထိုက္တန္ပါသည္ေလ။
"ေမေမ ကြၽန္ေတာ္ေတာင္းပန္ပါတယ္.."
ေမွာင္မည္းမည္းအခန္းငယ္ေလးထဲတြင္ တိတ္တဆိတ္ငိုေႂကြးကာ တီးတိုးေရ႐ြတ္ေနေသာ ခန္႔မင္းေနာင္ကို စာနာသူမဲ့ေနေလသည္။ မည္သူမွမသိေအာင္ တိတ္တိတ္နာက်င္ရေသာ ရင္အစုံဟာလည္း တင္းၾကပ္၍မတန္တဆပူေလာင္လာရသည္။
ေယာက်္ားတန္မဲ့ ႐ုပ္ပ်က္ဆင္းပ်က္မ်က္ရည္က်ေနျခင္းသည္ အ႐ွက္ရခ်င္စရာပါပင္။ ရင္တြင္းကဒဏ္ရာကို မကုစားႏိုင္စြာ စီးက်လာေသာမ်က္ရည္မ်ားကလည္း ထိုအ႐ွက္တရားမ်ားကိုပင္ မငဲ့ညာဘဲ ပါးျပင္ကိုပင္ ေလာင္ကြၽမ္းသြားေစမတတ္ ပူေလာင္ေနေတာ့သည္။ ဆုံး႐ႈံးမႈတစ္ခုေၾကာင့္ လစ္ဟာသြားသင့္ေသာ ရင္ဘတ္တစ္ခုလုံးကလည္း အမုန္းတရားတခ်ိဳ႕ေတာက္ေလာင္ကာ ျပည့္သိပ္ေနသည့္ ခံစားခ်က္မ်ိဳးသာ လိႈင္းထေနေလသည္။
ကိုယ့္ကိုယ္ကိုယ္ ျပန္လည္သုံးသပ္ၿပီးေနာက္တြင္ေတာ့ ႐ုတ္တရက္ခ်လိုက္ေသာ ဆုံးျဖတ္ခ်က္ကို ခိုင္ခိုင္မာမာခ်ိန္ဆၿပီးသည့္ေနာက္တြင္ ခန္႔မင္းေနာင္မွာ အထုပ္အပိုးကိုျပင္ကာ သူ၏ပစၥည္းမွန္သမွ်ကို သိမ္းဆည္းလိုက္သည္။ ထို႔ေနာက္ အေဆာင္ခန္းကိုလည္း ျပန္အပ္ဖို႔ျပင္လိုက္သည္။
"ကြၽန္ေတာ္႕ရဲ႕အျပစ္ေႂကြးကိုဆပ္ဖို႔ျပန္လာခဲ့မယ္ ေမေမ"
•••••••••••••
ေက်ာက္ဆည္ၿမိဳ႕၏ေတာင္ဘက္႐ွိ ႐ြာငယ္ေလးတစ္ခုသည္ ပတ္ဝန္းက်င္တစ္ခုလုံး သာယာေအးခ်မ္းစြာ ျပဳမူေနထိုင္ျခင္းေၾကာင့္ ေအးခ်မ္းဖြယ္ေနရာတစ္ခုအျဖစ္ အနီးအနားရပ္႐ြာမ်ားက အသိအမွတ္ျပဳၾကရသည္။
နိစၥဓူဝလုပ္ငန္းေဆာင္တာမ်ားႏွင့္ လႈပ္႐ွားသက္ဝင္လာေသာ ထို႐ြာငယ္ေလးသည္ သာယာေအးခ်မ္းမႈႏွင့္ ေန႔တစ္ေန႔ကို အစပ်ိဳးေပသည္။ အေ႐ွ႕အရပ္ဆီ၌ ထိန္ထိန္သာေနပါသည့္ ေနမင္းႀကီး၏ျဖန္႔က်က္မႈေအာက္၌ အရပ္႐ွစ္မ်က္ႏွာ ပတ္ဝန္းက်င္တစ္ဝိုက္႐ွိသက္႐ွိတိုင္းသည္ လန္းဆန္းတက္ႂကြမႈအတိၿပီး၏။
ထိုမွ်သာယာေနေသာ ဝန္းက်င္ဝယ္ မေအးခ်မ္းႏိုင္ေသာေနရာမွာ ရေဝခ်မ္း၏အိပ္ခန္းအတြင္းသာ ျဖစ္ေလရဲ႕။ ကိုးတန္းေျဖၿပီးခါစ ေက်ာင္းပိတ္ရက္အခ်ိန္ျဖစ္ရာ လြတ္လပ္ေရးရေနေသာရေဝခ်မ္းမွာ သူ႕အခ်ိန္အမ်ားစုကို စာဖတ္ျခင္းျဖင့္သာ ကုန္ဆုံးေလသည္။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ဖတ္ျဖစ္သည့္စာအုပ္မွာလည္း စာေရးသူတစ္ေယာက္တည္း၏စာအုပ္သာျဖစ္၏။
ရေဝခ်မ္းမွာ ညကစာဖတ္ရင္းတန္းလန္းျဖင့္ အိပ္ေပ်ာ္သြားသည္ျဖစ္ရာ မနက္ႏိုးလာသည္ႏွင့္ ကုတင္ေပၚတြင္ ဘာစာအုပ္မွ ႐ွာမေတြ႕ေတာ့သျဖင့္ ေခါင္းမီးေတာက္သြားရသည္။ တစ္ခန္းလုံးအႏွံ႔ပတ္႐ွာေသာ္လည္း အစအနေတာင္မျမင္ရေလေတာ့ ရေဝခ်မ္းတို႔ပ်ာယာခတ္ရၿပီ။
ထိုစာအုပ္မွာ သူအႀကိဳက္ဆုံး စာေရးဆရာေရးထားေသာ စာအုပ္ျဖစ္ၿပီး ဤေနရာတြင္ အလြယ္တကူရႏိုင္ေသာ စာအုပ္မဟုတ္ေပ။ ရေဝခ်မ္းမွာ သူ၏အေဖက ၿမိဳ႕ကိုသြားတုန္းက မရမကပူဆာ၍ မွာလိုက္ရေသာ စာအုပ္ျဖစ္သည္မို႔ ေပ်ာက္သြားသည္ဆိုလွ်င္ ခံစားႏိုင္မည္မဟုတ္ေပ။
"အေမ သားစာအုပ္ကိုယူေသးလား"
အခန္းထဲကထြက္ကာ မီးဖိုေခ်ာင္ထဲ႐ွိအေမျဖစ္သူေဒၚႏွင္းႏုကို မယုံသကၤာျဖင့္ေမးမိေလရာ သူ႕အေမက စိတ္ေပါက္ေပါက္ႏွင့္ ေခါင္းေခါက္ေလသည္။
"ကိုယ့္ဘာသာစည္းကမ္းမ႐ွိဘဲပစ္ထားၿပီးေတာ့.."
"အာ့...။ သားပစ္မထားပါဘူး။ မေန႔ညကဖတ္ေနရင္းအိပ္ေပ်ာ္သြားတာ။ ေသခ်ာေပါက္ကုတင္ေပၚမွာ႐ွိေနရမွာကို အခုမေတြ႕ေတာ့ဘူး"
ရေဝခ်မ္းက ငိုမဲ့မဲ့ေလးေျပာေသာအခါ သူ႕အေမက ေငါက္ဆတ္ဆတ္အမူအရာမွ ျပန္လည္ႏူးညံ့သြားသည္။
"ေသခ်ာ႐ွာၿပီးၿပီလား"
"႐ွာၿပီးၿပီ။ မ႐ွိဘူး"
ထိုစဥ္ ရေဝခ်မ္း၏အစ္ကိုျဖစ္သူမွာ ပန္းသီးစိတ္ကို လက္ထဲကကိုင္ထားရင္း ေဆာင့္ႂကြားႂကြားအမူအရာျဖင့္ မီးဖိုေခ်ာင္ထဲသို႔ဝင္လာေလသည္။ ရေဝခ်မ္းမွာ စိတ္ထဲတြင္သိပ္မသကၤာသျဖင့္ သံသယမ်က္လုံးမ်ားႏွင့္ သူ႕အားၾကည့္ေနခိုက္ သူကမင္ေသေသႏွင့္ ျပန္ၾကည့္ကာ ရေဝခ်မ္းကိုေမးလာသည္။
"စာအုပ္က ဘယ္လိုမ်ိဳးလဲ"
ပန္းသီးစိတ္ကို ပါးစပ္ထဲထည့္ဝါးလိုက္ရင္း ေအးေအးလူလူျဖင့္ ေမးလိုက္ေသာ ေဇယ်ာခ်မ္း၏ေမးခြန္းကို ရေဝခ်မ္းက မ်က္လုံးမ်ားကို ေမွးက်ဥ္းကာ ေလသံေဖ်ာ့ေဖ်ာ့ႏွင့္ ျပန္ေျဖၿပီး သူ႕ကိုအလိုမက်စြာ အကဲခတ္ေနလိုက္သည္။
"အစိမ္းေရာင္စာအုပ္ေလး။ နာမည္ကစိမ့္စမ္းေရပမာတဲ့"
"ဒါေလးလား"
ေဇယ်ာခ်မ္းမွာ ခါးၾကားထဲတြင္ေဘာင္းဘီခါးစည္းစႏွင့္ ညႇပ္၍ထည့္ထားေသာ စာအုပ္ေလးကိုထုတ္ယူလိုက္ၿပီး ခပ္တည္တည္ျဖင့္ေမးလိုက္ေသာအခါ ရေဝခ်မ္းမွာ ထိုစာအုပ္ကို ဆတ္ခနဲဆြဲယူလိုက္ၿပီး လူသတ္ခ်င္ေသာအၾကည့္မ်ိဳးျဖင့္ ေဇယ်ာခ်မ္းကို စူးစိုက္ၾကည့္ေနေလသည္။
"မင္း... ငါ့စာအုပ္ကိုခိုးထားတယ္"
ရေဝခ်မ္းက ေဒါသတႀကီးျဖင့္ ေျပာလိုက္ေသာ္လည္း ေဇယ်ာခ်မ္းကေတာ့ မထုံတတ္ေတးပုံစံျဖင့္ ပခုံးတြန္႔ျပ၍ ျပန္ေျပာပုံမွာ ရေဝခ်မ္းအဖို႔ ျမင္ျပင္းကပ္ခ်င္စရာပင္။ ေဇယ်ာခ်မ္း၏ထိုပုံစံမွာ ရေဝခ်မ္းကို ပို၍အသည္းတယားယားျဖစ္ေစေလသည္။
"ဖတ္ၾကည့္ခ်င္လို႔ ယူထားလိုက္တာ။ အခုျပန္ေပးတယ္ေလ။ ဘာျဖစ္ေနတာလဲ"
"ၿပီးေတာ့ မင္းကဒီစာအုပ္ကိုခါးၾကားထဲထိုးထည့္ထားတယ္ေလ"
"သိပ္ၿပီးဇီဇာမေၾကာင္စမ္းနဲ႔။ စာအုပ္ေလးတစ္အုပ္ပဲကို"
ေဇယ်ာခ်မ္းက "အကဲမပိုစမ္းနဲ႔"ဟူေသာအမူအရာမ်ိဳးျဖင့္ သူ႕ကိုေျပာလာေသာအခါ ရေဝခ်မ္းမွာလည္း ေဒါသက ငယ္ထိပ္ကို တက္ေဆာင့္ေလေတာ့သည္။
"ငါတယုတယထားတဲ့စာအုပ္ကို မင္းက..."
ရေဝခ်မ္းမွာ ေျပာရင္းဆိုရင္းႏွင့္ စိတ္မထိန္းႏိုင္ေတာ့ဘဲ ေဇယ်ာခ်မ္းကို ေျခေထာက္ျဖင့္လွမ္းကန္ၿပီး လက္ကလည္း တရစပ္လိုက္႐ိုက္ပါေတာ့သည္။
"ဟဲ့.. နင့္ထက္အႀကီးကိုမ႐ိုမေသမလုပ္နဲ႔ေလ ငခ်မ္း!!"
အိမ္သားမ်ားကသာမက တစ္႐ြာလုံးကပါ ရေဝခ်မ္းကို ခ်မ္းေလးဟုေခၚတတ္ၾကၿပီး ေဇယ်ာခ်မ္းကိုေတာ့ျဖင့္ ကိုေဇဟုသုံးႏႈန္းတတ္ၾကျခင္းျဖစ္သျဖင့္ အေမျဖစ္သူၫႊန္းခ်င္ေသာသူမွာ ရေဝခ်မ္းဆိုသည္က ႐ွင္းလင္းေနသည္။
ေဒၚႏွင္းႏုက မီးဖိုေခ်ာင္ထဲက လွမ္းေအာ္ေသာ္လည္း ရေဝခ်မ္းမွာ အေ႐ွ႕ကရယ္ေမာလ်က္ ထြက္ေျပးသြားေသာ ေဇယ်ာခ်မ္းေနာက္ကို သဲႀကီးမဲႀကီးလိုက္ေနၿပီး သူ(မ)၏စကားကို အဖတ္ပင္မလုပ္။ ေန႔႐ွိသေ႐ြ႕စေနာက္ခ်င္ေနေသာ အစ္ကိုႀကီးႏွင့္ သူ႕စာအုပ္မ်ားႏွင့္္ပတ္သက္လွ်င္ အၿမဲတမ္းဆတ္ဆတ္ထိမခံျဖစ္တတ္ေသာ ညီငယ္ေလးတို႔မွာ လိုက္လည္းလိုက္လြန္းသည္ဟုသာ သူ(မ) ကူကယ္ရာမဲ့စြာ ေတြးမိေတာ့သည္။
အိမ္ေ႐ွ႕႐ွိ ေျမကြက္လပ္တြင္ ကုလားထိုင္တစ္လုံးျဖင့္ထိုင္ရင္း စာရင္းစစ္ေနေသာဦးပိုင္သူမွာ သားျဖစ္သူႏွစ္ေယာက္ ေျပးလႊားေနပုံကို ခ်စ္စႏိုးျဖင့္ေငးၾကည့္ကာ အ႐ူးအမူးရယ္ေမာေနေလသည္။
ရေဝခ်မ္းသည္ စာအုပ္ကိုလက္တစ္ဖက္ကကိုင္၍ က်န္လက္တစ္ဖက္ႏွင့္ ေဇယ်ာခ်မ္း၏အက်ႌစကို မမွီမကမ္းလွမ္းဆြဲလိုက္၊ လြတ္သြားလိုက္ျဖစ္ေနၿပီး ေဇယ်ာခ်မ္းမွာလည္း သူ႕ညီကိုတမင္တကာစေနာက္ခ်င္၍ အ႐ွိန္ေလွ်ာ့ေျပးလိုက္၊ ေဝးသြားၿပီဟုထင္လွ်င္ အ႐ွိန္ေလွ်ာ့ေျပးကာ သူ႕အက်ႌစကို ရေဝခ်မ္းအားဆြဲေစ၍ သူ႕အေနာက္မွ တ႐ြတ္တိုက္မတတ္ တန္းလန္းပါလာေသာ ရေဝခ်မ္း၏အျဖစ္ကို ရယ္လိုက္ႏွင့္ အလုပ္မ်ားေနေလသည္။
ခဏၾကာမွ ရေဝခ်မ္းမွာ ေမာဟိုက္သြားဟန္ႏွင့္ ေျပးလိုက္ေနျခင္းကို ရပ္လိုက္ၿပီး အေဖျဖစ္သူအနားသို႔ေလွ်ာက္သြား၍ ေဘးနားကခုံတြင္ ဝင္ထိုင္ေလသည္။ ေဟာဟဲဆိုက္ကာေမာဟိုက္ေနသည့္ၾကားမွ ကိုယ့္ကိုယ္ကိုယ္ပင္ဂ႐ုမစိုက္ႏိုင္ေသးဘဲ စာအုပ္အနားသတ္ေလးတြင္ စိုသြားေသာေခြၽးစမ်ားကို သုတ္ဖယ္ကာ တယုတယလုပ္ေနေသာ ရေဝခ်မ္းကိုၾကည့္၍ ဦးပိုင္သူကေမးလိုက္သည္။
"စာအုပ္ေတြကိုအဲ့ေလာက္ပဲခ်စ္သလား ငါ့သားရာ"
"သားက တျခားစာအုပ္ဆိုရင္ ဒီေလာက္အသည္းအသန္မျဖစ္ပါဘူး။ ဒီစာေရးဆရာရဲ႕ စာအုပ္ေတြက လိုခ်င္တိုင္းရတာမဟုတ္ဘူး။ သူကအုပ္ေရအကန္႔အသတ္နဲ႔ထုတ္တာ။ ၿမိဳ႕ေပၚမွာဆို သူ႕စာအုပ္ေတြဒီေန႔ေရာင္းရင္ ေနာက္ႏွစ္ရက္ဆိုေရာင္းလို႔ကုန္ၿပီတဲ့။ အဲ့ေလာက္ကိုနာမည္ႀကီးတာေနာ္။ ၿပီးေတာ့ သားကသူေရးသမွ် အကုန္ႀကိဳက္တယ္။ သူ႕ကိုေလးလည္းေလးစားတယ္"
စာအုပ္ေတြအေပၚ ခ်စ္ျမတ္ႏိုးတတ္သည့္စိတ္ေလးဟာ ျဖဴစင္သည္ျဖစ္ရာ ဦးပိုင္သူမွာ သားငယ္၏ဝါသနာကို အသိအမွတ္ျပဳေပးျဖစ္သည္။
"အဲ့စာေရးဆရာရဲ႕ကေလာင္နာမည္က ဘာတဲ့..."
"စ်ာန္..တဲ့"
ရေဝခ်မ္းက ေက်နပ္ပီတီျဖာေနေသာ မ်က္ႏွာထားျဖင့္ေျပာလိုက္သည္။ မိမိဝါသနာကို မိဘကအသိအမွတ္ျပဳလွ်င္ လူတိုင္းေက်နပ္ၾကသည္သာ။
ထိုအခ်ိန္တြင္ သူတို႔ႏွင့္မလွမ္းမကမ္း႐ွိ ေဇယ်ာခ်မ္းက အပင္ေနာက္မွ လက္ပိုက္လ်က္သားႏွင့္ထြက္လာၿပီး ပင္စည္ကိုမွီကာရပ္ေနသျဖင့္ ရေဝခ်မ္း၏ျမင္ကြင္းထဲသို႔ ဝင္လာသည္။ ရေဝခ်မ္းမွာ သူ႕ကိုမ်က္ေစာင္းတထိုးထိုးႏွင့္ စိုက္ၾကည့္ေနေသာ္လည္း သူကေတာ့ျဖင့္ အေရးမလုပ္ဟန္ႏွင့္ ေမးေစ့ကိုေမာ့ခ်ီထားသည္။ ၿပီးသည္ႏွင့္ ရေဝခ်မ္းတို႔သားအဖ႐ွိရာသို႔ ေမွ်ာ္ၾကည့္ကာ အသံစာစာႏွင့္ ေအာ္ေျပာေလသည္။
"ေဟ့.. စ်ာန္က ဒီကိုေရာက္ေနၿပီဟ"
ထိုစကားကိုၾကားေသာအခါ ရေဝခ်မ္းသည္ ႐ုတ္တရက္မို႔ တအံ့တၾသႏွင့္ ေမာ့ၾကည့္လိုက္မိစဥ္ ေဇယ်ာခ်မ္းမွာ ပင္စည္ကိုမွီထားရင္း လက္ထဲ႐ွိ ေနၾကာေစ့ထုပ္ကို သူျမင္သာေအာင္ ကိုင္ေျမႇာက္ျပေလသည္။
"မင္းရဲ႕စ်ာန္နဲ႔ေတာ့ဘယ္တူမလဲ။ ငါ့ရဲ႕စ်ာန္က ေနၾကာေစ့ထုပ္"
"ငါ မင္းရဲ႕စ်ာန္ကိုစားေတာ့မွာေနာ္။ စ်ာန္႔ရဲ႕ဘဝက ငါ့ပါးစပ္ထဲမွာ စိစိညက္ညက္ေၾကရေတာ့မယ္ကြ..ဟားဟားဟား"
မၿပီးႏိုင္မစီးႏိုင္စေနာက္ေနေသးေသာေဇယ်ာခ်မ္းေၾကာင့္ သူ႕မွာေဒါသကအလိပ္လိုက္အေခြလိုက္ ထြက္လာသလားပင္ေအာက္ေမ့ရသည္။ မခံခ်ိမခံသာျဖစ္ကာ သူ႕ကိုမနားတမ္းမ်က္ႏွာေျပာင္ေနေသာ ေဇယ်ာခ်မ္းကို လက္သီးဆုပ္ျပလိုက္ေလရာ ေဇယ်ာခ်မ္းမွာ အတည္ေပါက္ႀကီးႏွင့္ လက္ဝါးျပန္ျဖန္႔ျပေလသည္။
"ငါ့မွာ ကာမပိုင္မိန္းမမ႐ွိေသးပါဘူး။ မင္းသိသားနဲ႔ ဘာလို႔မေဟာ္သဓာလို ဂိုက္ဖမ္းၿပီး လာေမးေနတာလဲ။ ဒါမွမဟုတ္ စ်ာန္႔မွာ႐ွိမ႐ွိေမးတာလား။ ဒါဆိုရင္ေတာ့ ငါသူ႕ကိုစားၿပီးရင္ ေမးၾကည့္ေပးပါ့မယ္"
ရေဝခ်မ္းခမ်ာ ေဇယ်ာခ်မ္း၏သေရာ္စကားမ်ားေၾကာင့္ နဂိုက မျပယ္ေသးေသာ ေဒါသမွာ ပို၍ထုထည္ႀကီးမားသြားရသည္။ ျပန္အစျပဳလာေသာ ေဒါသေၾကာင့္ အနားတြင္က်ေနေသာ သစ္ကိုင္းေျခာက္ႏွင့္ ေဇယ်ာခ်မ္းကိုလွမ္းထုကာ ေမတၱာပို႔ေလေတာ့သည္။
"မင္းလိုေကာင္က ေနၾကာေစ့အေတာင့္လိုက္ လည္ပင္းမွာတစ္ေနရမွာ"
ရေဝခ်မ္း၏စကားကို ေဇယ်ာခ်မ္းက ဟာသေျပာေနသည္ဟု မွတ္ယူထားသလားမသိ။ အူလိႈက္သည္းလိႈက္ရယ္ေမာကာ ေနၾကာေစ့ထုပ္ကို တယုတယဖက္ျပ၍ ရေဝခ်မ္းစာအုပ္ကို ဂ႐ုတစိုက္ကိုင္တြယ္ထားပုံကို အတုခိုးကာ လုပ္ျပေလသည္။
"ကဲ သားႀကီးကညီေလးကိုတအားစမေနနဲ႔။ မနက္စာမစားရေသးဘူးမလား။ သြားစားၾကဦး"
ရေဝခ်မ္းမွာ ေဇယ်ာခ်မ္းကိုမ်က္ေစာင္းတထိုးထိုးျဖင့္ အနားကထြက္သြားၿပီး အိမ္ထဲသို႔ ေဆာင့္ႀကီးေအာင့္ႀကီးႏွင့္ ဝင္သြားသည္။ ေဇယ်ာခ်မ္းကေတာ့ သည္းသည္းလႈပ္ျဖစ္ပ်က္ေနေသာ သူ႕ညီေၾကာင့္ ေနရာတြင္ ရယ္ေမာလ်က္ က်န္ေနခဲ့သည္။
ေဇယ်ာခ်မ္းမွာ ရေဝခ်မ္းကို စေနာက္ႏိုင္မည့္အခြင့္အေရးမွန္သမွ်ကို ဘယ္ေတာ့မွလက္မလႊတ္ေပ။ တစ္ခါကလည္း အေမျဖစ္သူႏွင့္ သူတို႔ႏွစ္ေယာက္ ေစ်းဝယ္ထြက္ၾကေသာအခါ အေမက သူတို႔ကို စားစရာမုန္႔ထုပ္အခ်ိဳ႕ စိတ္ႀကိဳက္ေ႐ြးေစသည္။ ထိုအခါ ေဇယ်ာခ်မ္းက ရယ္က်ဲက်ဲႏွင့္ အေမ့ကို ေျပာသည္။
"စ်ာန္နဲ႔ပတ္သက္သမွ်အကုန္လိုခ်င္တယ္ အေမရဲ႕"
"ဟဲဟဲ ေနၾကာေစ့ကိုေျပာတာပါဗ်ာ"
ရေဝခ်မ္းႏွင့္ ေဇယ်ာခ်မ္း၏အသက္မွာ တစ္ႏွစ္ေက်ာ္မွ်သာကြာသည္မို႔ သူငယ္ခ်င္းေပါင္း ေပါင္း၍ရသည္။ အႀကိဳက္ဆုံးစာေရးဆရာႏွင့္ ပတ္သက္၍ စေနာက္တတ္သည့္ ေဇယ်ာခ်မ္း၏အက်င့္ကလြဲလွ်င္ ရေဝခ်မ္းမွာ သူႏွင့္ကိစၥေတာ္ေတာ္မ်ားမ်ားတြင္ အေပးအယူတည့္ေလသည္။
သူတို႔ႏွစ္ေယာက္ေပါင္းလိုက္လွ်င္ တလြဲမ်ားျဖစ္သည္ကလည္း အစဥ္အလာလိုပင္။ ယေန႔လည္း မနက္စာစားေသာက္ၿပီးေနာက္ ၿငိမ္းခ်မ္းေရးရေနၿပီျဖစ္ေသာ ညီအစ္ကိုႏွစ္ေယာက္ကို ေဒၚႏွင္းႏုကေစ်းဝယ္ေပးရန္ ေျပာလာသည္။ ခါတိုင္းလည္း သူ(မ)မအားတိုင္း သူတို႔ႏွစ္ေယာက္ကို ေစ်းဝယ္လႊတ္ေနက်မို႔ ေထြေထြထူးထူးစိတ္ပူေနစရာမလိုေပ။
"ႏွစ္ေယာက္သား ဘယ္မွမသြားခင္ အေမ့ကိုေစ်းဝယ္ေပးခဲ့ဦး။ ဒီမွာပိုက္ဆံ။ ခဏေနဦး..။ အေမ ေစ်းျခင္းေတာင္းသြားယူဦးမယ္"
ေဒၚႏွင္းႏုက ေျပာေျပာဆိုဆိုျဖင့္ အိမ္ထဲျပန္ဝင္သြားေသာေၾကာင့္ ေဇယ်ာခ်မ္းႏွင့္ရေဝခ်မ္းမွာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၾကသည္။ ေစ်းဝယ္ေပးရသည္ကို မၿငိဳျငင္ေသာ္လည္း မိန္းကေလးမ်ားလို ေစ်းျခင္းေတာင္းကိုင္၍ သြားရမည္ကိုေတာ့ သူတို႔႐ွက္လွသည္။ ဤသည္ကိုပင္ သူတို႔အေမကလည္း အၿမဲလိုလို မရမကထည့္ေပးတတ္သည္။
"ျခင္းယူမေနေတာ့ဘူး။ အေမေရ..သြားၿပီဗ်ိဳ႕"
ႏွစ္ေယာက္သားလည္း သူတို႔အေမအိမ္ထဲဝင္သြားသည္ကို အခြင့္ေကာင္းယူ၍ ေစ်းျခင္းေတာင္းမယူရေရး၊တို႔အေရးျဖစ္ေနကာ အသံစာစာႏွင့္ လွမ္းေအာ္ေျပာလိုက္ၿပီးသည္ႏွင့္ အိမ္ထဲမွ သုတ္ေျခတင္ကာ ထြက္ေျပးၾကေတာ့သည္။
" ဟဲ့.. ဝယ္ရမယ့္ပစၥည္းေတာင္ မေျပာရေသးတာ။ နင္တို႔ကဘာသြားဝယ္ၾကမွာတုန္း"
ေဒၚႏွင္းႏုက ေျပးထြက္သြားေသာ ႏွစ္ေယာက္အေနာက္ကို ေျပးလိုက္ကာ လွမ္းေအာ္ေျပာေနေသာ္လည္း ဇြတ္အတင္းေျပးသြားသည့္ ႏွစ္ေယာက္ကေတာ့ အေဝးကိုပင္ေရာက္ေနေလၿပီျဖစ္ရာ သူ(မ)၏စကားမ်ားကို လုံးဝမၾကားေတာ့ေခ်။ သူ(မ)မွာလည္း လြဲၿပီးရင္းလြဲေနေသာ သားေတာ္ေမာင္ႏွစ္ေယာက္၏ အလြဲေတာ္ပုံကို သက္ျပင္းတခ်ခ်လုပ္ကာ ညည္းညဴေန႐ုံသာ တတ္ႏိုင္ေတာ့သည္။
"မတည့္ျပန္ေတာ့လည္း ဆူညံေနလို႔ နားညည္းရတယ္။ တည့္ျပန္ေတာ့လည္း အလြဲေတြခ်ည္းလုပ္လြန္းလို႔ ေျပာရတာပါးစပ္ေညာင္းတယ္။ ဒင္းတို႔ညီအစ္ကိုႏွစ္ေယာက္နဲ႔ေတာ့ ခက္ပါတယ္ေလ"
ရေဝခ်မ္းႏွင့္ ေဇယ်ာခ်မ္းမွာ အိမ္ထဲမွ အေျပးအလႊားထြက္လာခဲ့ၾကၿပီး လမ္းထိပ္သို႔ေရာက္ေသာအခါမွ ေျပးလႊားျခင္းကိုရပ္ကာ အေမာေျဖလိုက္ၾကသည္။ ထို႔ေနာက္ မီးရထားသံလမ္းကို ျဖတ္ေက်ာ္၍ ေစ်းထဲသို႔ဦးတည္လိုက္သည္။
ေစ်းထဲသို႔ေရာက္ေသာအခါ ဆူညံလွေသာ ေစ်းသည္မ်ားႏွင့္ ေစ်းဝယ္မ်ား၏ တစ္ေယာက္တစ္ေပါက္စကားသံမ်ားေၾကာင့္ ေခါင္းပင္မူးခ်င္လာသည္။
"ငခ်မ္း ငါတို႔အရင္ဆုံးဘာဝယ္ရမွာလဲ"
ေဇယ်ာခ်မ္းက ေခါင္းတကုတ္ကုတ္ႏွင့္ ဟိုၾကည့္သည္ၾကည့္လုပ္ရင္းေမးလာေသာအခါ ရေဝခ်မ္းလည္းေၾကာင္အသြားရေတာ့သည္။ မွတ္ဥာဏ္ကိုျပန္ေခၚကာ စဥ္းစားေသာ္လည္း ဗလာနတၳိ။
"ေသစမ္း။ ဘာဝယ္ရမွာလဲမွမေမးလာမိတာ"
ရေဝခ်မ္းႏွင့္ေဇယ်ာခ်မ္းမွာ ကိုယ့္ေခါင္းကိုသာ နာနာထု႐ိုက္မိေတာ့သည္။ ထို႔ေၾကာင့္ ေ႐ွးလူႀကီးမ်ားက ထိုစကားကို ခ်န္ရစ္ခဲ့ျခင္းျဖစ္ေပမည္။ "မလိမၼာႏွစ္ခါမိုက္"....တဲ့။
•••••••••••••
A/N : Edited on 6.11.2021