Letters

By mysunshineisbright

56.3K 6.1K 121

စာလေးတစ်စောင်မှာ ရေးပေးလိုက်တဲ့သူရဲ့ နှလုံးသားတစ်ခုလုံးကို ခံစားရစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်.. စာေလးတစ္... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
24
Finale
❤️📢💚

23

1.9K 226 5
By mysunshineisbright

(Unicode)

"လာတွေ့ပေးတာကျေးဇူးတင်ပါတယ်ရိပေါ်.."
"ကျွန်တော်သိပ်အချိန်မရဘူး Zack"
"ကိုယ်နောက်နေ့ ပြန်တော့မှာမို့ လာနှုတ်ဆက်တာ... ပြီး​တော့ တောင်းပန်ချင်လို့.. ကိုယ့်ကိုခွင့်လွှတ်ပါ.."
"ထားလိုက်ပါတော့... ပြီးခဲ့တာတွေလဲပြီးပြီပဲ.. မေ့လိုက်ပြီး ကိုယ့်လမ်းကိုယ်လျှောက်တာပေါ့."
"ရိပေါ်.. ကိုယ်ကိုစောင့်နေခွင့်တော့ပေးပါ.. ကိုယ်ရိပေါ်ဆီကနေ ဒီတိုင်းထွက်မလာနိုင်ဘူး..."
"Zack မျှော်လင့်ရတာ ပင်ပန်းတယ်... ပြီးတော့ ခင်ဗျားပြောဖူးသလိုပဲ ကိုယ်နဲ့ကံမပါတာတွေအတွက် အဲ့လောက် energy အကုန်မခံပါနဲ့.."
"ကိုယ်ကအဆင်ပြေပါတယ်...  ရိပေါ်မလိုအပ်လဲ ကိုယ့်ကိုစိတ်ထဲမထားပဲ ထုတ်ထားလို့ရတယ်...  တိတ်တိတ်လေးပဲစောင့်နေမှာဆိုတော့ ရိပေါ်လိုအပ်တဲ့အချိန်ကျရင်သာ ကိုယ့်ဆီလာခဲ့ပါ...
သွားတော့မယ်နော်..
I got your back ရိပေါ်.. see you.."
"Have a safe flight Zack"

ရိပေါ် က see you လို့ပြန်မပြောလိုက်တော့ဘူး... မတွေ့ဖြစ်ကြရင် အဟောင်းတွေအသစ်ပြန်မဖြစ်တော့ဘူးပေါ့...

~စွန့်ပစ်ခံရတယ်ဆိုတာကမှ တစ်ချိန်တုန်းက အဲ့ဒီလူရဲ့အပိုင်ဖြစ်ခဲ့ဖူးပါဦးမယ်.. အခု ကျွန်တော်ဆိုတာက ကျန့်ကောတစ်ခါလေးတောင် ပိုင်ချင်ခဲ့ဖူးတဲ့ကောင်မှ မဟုတ်ပဲ...~

ရိပေါ်ဟိုးအရင် ရှောင်းကျန့်နဲ့မတွေ့ခင်ကအတိုင်း Training ရှိတဲ့ရက်တွေဆိုရင် မနက်စောစောထ၊မနက်စာအပြေးအလွှားစား၊ ပြီးတာနဲ့ လေ့ကျင့်ကွင်းကိုသွား၊ Training မရှိရင်တော့ lego ဒါမှမဟုတ် game ဆော့ရင်း၊ စကိတ်စီးရင်း၊ Jackson နဲ့တွေ့ရင်းပဲ ကုန်ဆုံးတော့တယ်။ လူက အရင်အတိုင်းပြန်လည်ပတ်လာရင် စိတ်ကလဲ အရင်အတိုင်းပြန်ဖြစ်ဖို့မကြာတော့ဘူးလို့ ရိပေါ်ကယူဆသည်လေ..

ရိပေါ်  Zio ကိုလဲမသွားဖြစ်အောင်ကြိုးစားပါတယ်.. ဒါတောင် အဲ့ဒီနားရောက်ဖြစ်ရင် အမှတ်သည်းခြေမရှိတဲ့ရိပေါ်က ရှောင်းကျန့်ကို လွမ်းတုန်းပဲမို့ တစ်ခြားလမ်းကနေပဲ လေ့ကျင့်ကွင်းကိုသွားတော့တယ်... လမ်းကပိုရှည်သွားပေမဲ့ စိတ်သက်သာတာကိုး...

ဒီနေ့ Jackson နဲ့အတူတူ စကိတ်စီးဖြစ်ကြတယ်... သွားနေကျ ဟိုစကိတ်ကွင်းတော့မဟုတ်ဘူး.. အဲ့မှာအမှတ်တရတွေက သိပ်မကောင်းဘူးလေ... စကိတ်စီးပြီးတော့ နှစ်ယောက်သား စကားထိုင်ပြောဖြစ်ကြတယ်...

"ရိပေါ် မင်းအဆင်ပြေလား.."
"အဆင်ပြေအောင်နေရတာပေါ့ကွာ.."
"ကျန့်ကောကို မလွမ်းတော့ဘူးပေါ့.."
"မလွမ်းရအောင် ငါကပုံမှန်မှမဟုတ်တာ.. ရှောင်းကျန့်ရူး ရူးနေတာလေ.. အဟက်.."
"သွားတွေ့ပါလား အဲ့လောက်ဖြစ်နေတာကို.."
"မတွေ့ဘူး... ငါ့ကို သူကလိုတာမှမဟုတ်တာ.. ငါ့ကိုတွေ့ရင် သူပဲစိတ်ရှုပ်ရမှာ... ပြီးရင် ပစ်ပစ်ခါခါတွေထပ်လုပ်ရင် ငါခံနိုင်ရည်ရှိမှာမဟုတ်ဘူး... ဘယ်လောက်ချစ်ချစ် အဲ့ဒါကြီးကိုတော့ ငါသည်းမခံနိုင်ဘူး.. ချစ်ရင်အရာရာခွင့်လွှတ်နိုင်တယ်ဆိုတာ ဟုတ်တော့မဟုတ်ဘူးထင်တယ်..."
"သူက မင်းကိုမချစ်တာ သေချာလား.."
"ဟားဟား သူကိုယ်တိုင်ငြင်းထားတာကို မသေချာစရာလား... ငါ့ကို ဆားလာမသိပ်နဲ့ဟေ့ကောင်.."
"မဟုတ်ပါဘူး.. ငါစဉ်းစားကြည့်တာလေ.. သူငယ်ချင်းကို ကူတာကကူတာပေါ့.. ဒါပေမဲ့ မုန့်တွေလုပ်ပြီးပို့တဲ့ထိတော့ ငါဆိုအလုပ်ရှူပ်မခံလောက်ဘူးလားလို့လေ.."
"ဒါကတော့ မင်းကငပျင်းကိုး.."
"စကားအကောင်းပြောလို့ကိုမရဘူး မင်းနဲ့လဲ.."

စကားပြောနေတုန်း မိန်းကလေးနှစ်ယောက် သူတို့ရှေ့လာရပ်ကြတယ်... fangirl တွေလဲဖြစ်ဟန်မတူဘူး.. မျက်နှာတွေကလဲချီလို့ လက်တွေကပိုက်ထားကြသေးတာ... လူမိုက်တွေအထာနဲ့.. တစ်ယောက်ကိုက မြင်ဖူးသလိုလို...

"ကောက ဝမ်ရိပေါ်မလား.."
"ဟုတ်ကဲ့.."

~နေပါဦး ဒီကောင်မလေးက ဟိုတစ်လောက ကောဖုန်းလိုက်လုနေတဲ့ သူ့ရည်းစား လက်လက်ထ မဟုတ်ဘူးလား..~

"ကောက ရှောင်းကျန့်ကောကောကို ကြိုက်နေတာဆို.."
"ခင်ဗျာ.."

~စနိုက်ကျော်ဆိုပြီး လာရန်ရှာတာတော့မဟုတ်ဘူးမလား.. ကံဆိုးတာကဒီလောက်ဆို တော်ပြီလေ..~

"ကြိုက်နေတာ ဟုတ်လား မဟုတ်ဘူးလား..."
"ဟုတ်ပါတယ်ခင်ဗျ... ဒါပေမဲ့"
"ဒါပေမဲ့မလိုဘူး.. ကြိုက်ရင်ရပြီ...
ကြိုက်တယ်ဆိုလဲ ဘာလို့သွားမတွေ့တာတုန်း.. တကောက်ကောက်လိုက်နေရမယ်လေ... ကောတို့က သိပ်ခက်တယ်.."
"ခင်ဗျာ.."
"သမီးတို့က ညီမလေးတန်မဲ့နဲ့ အကို,ကို ထိုးကျွေးနေရတာ.. မနိတ်ပါဘူး..."
"ခင်ဗျာ.."
"ကဲ... ရိပေါ်ကောက ခင်ဗျာပဲတတ်တာလား.. ဒီပုံနဲ့ ဆို ဘယ်လို ယောကျာ်းရတော့မလဲ.."
"ဒါဆို ညီမတို့က ကျန့်ကောညီမတွေလား..."
"ဟုတ်တယ်လေ... အမြွှာတွေ... ရိပေါ်ကော ဒီတိုင်းစကိတ်စီးနေရုံနဲ့ ကောကောကပြန်ကြိုက်မှာမဟုတ်ဘူး.. ကြိုးစားမှပေါ့.. အဲ့ဒါလာပြောတာ.. သွားတော့မယ်... တစ်ကယ်ပဲ... အားကိုမရဘူး.."

....

"ဟေ့ကောင်ရိပေါ်..သေနေပြီလား အတောင့်လိုက်ကြီး.."
"ငါကလေ အဲ့ကောင်မလေးနဲ့ ကျန့်ကောကိုတွဲတွေ့တုန်းက သူ့ညီမမှန်းမှ မသိတာ.."
"အဲ့တော့??"
"ငါပြန်ကြိုးစားကြည့်ချင်တယ်...."
"မင်းတို့ဟာကလဲ လိုက်လေပြေးလေနဲ့.."
"မလိုက်တော့ရင် အဝေးကြီးရောက်သွားတော့မှာလေ... လိုက်နေတော့ ဝေးရင်တောင် ရပ်ပြီးကျန်နေခဲ့တာလောက် မဝေးဘူးပေါ့.."

___________________

(Zawgyi)

"လာေတြ႕ေပးတာေက်းဇူးတင္ပါတယ္ရိေပၚ.."
"ကၽြန္ေတာ္သိပ္အခ်ိန္မရဘူး Zack"
"ကိုယ္ေနာက္ေန႔ ျပန္ေတာ့မွာမို႔ လာႏႈတ္ဆက္တာ... ၿပီး​ေတာ့ ေတာင္းပန္ခ်င္လို႔.. ကိုယ့္ကိုခြင့္လႊတ္ပါ.."
"ထားလိုက္ပါေတာ့... ၿပီးခဲ့တာေတြလဲၿပီးၿပီပဲ.. ေမ့လိုက္ၿပီး ကိုယ့္လမ္းကိုယ္ေလၽွာက္တာေပါ့."
"ရိေပၚ.. ကိုယ္ကိုေစာင့္ေနခြင့္ေတာ့ေပးပါ.. ကိုယ္ရိေပၚဆီကေန ဒီတိုင္းထြက္မလာနိုင္ဘူး..."
"Zack ေမၽွာ္လင့္ရတာ ပင္ပန္းတယ္... ၿပီးေတာ့ ခင္ဗ်ားေျပာဖူးသလိုပဲ ကိုယ္နဲ႔ကံမပါတာေတြအတြက္ အဲ့ေလာက္ energy အကုန္မခံပါနဲ႔.."
"ကိုယ္ကအဆင္ေျပပါတယ္...  ရိေပၚမလိုအပ္လဲ ကိုယ့္ကိုစိတ္ထဲမထားပဲ ထုတ္ထားလို႔ရတယ္...  တိတ္တိတ္ေလးပဲေစာင့္ေနမွာဆိုေတာ့ ရိေပၚလိုအပ္တဲ့အခ်ိန္က်ရင္သာ ကိုယ့္ဆီလာခဲ့ပါ...
သြားေတာ့မယ္ေနာ္..
I got your back ရိေပၚ.. see you.."
"Have a safe flight Zack"

ရိေပၚ က see you လို႔ျပန္မေျပာလိုက္ေတာ့ဘူး... မေတြ႕ျဖစ္ၾကရင္ အေဟာင္းေတြအသစ္ျပန္မျဖစ္ေတာ့ဘူးေပါ့...

~စြန္႔ပစ္ခံရတယ္ဆိုတာကမွ တစ္ခ်ိန္တုန္းက အဲ့ဒီလူရဲ့အပိုင္ျဖစ္ခဲ့ဖူးပါဦးမယ္.. အခု ကၽြန္ေတာ္ဆိုတာက က်န္႔ေကာတစ္ခါေလးေတာင္ ပိုင္ခ်င္ခဲ့ဖူးတဲ့ေကာင္မွ မဟုတ္ပဲ...~

ရိေပၚဟိုးအရင္ ေရွာင္းက်န္႔နဲ႔မေတြ႕ခင္ကအတိုင္း Training ရွိတဲ့ရက္ေတြဆိုရင္ မနက္ေစာေစာထ၊မနက္စာအေျပးအလႊားစား၊ ၿပီးတာနဲ႔ ေလ့က်င့္ကြင္းကိုသြား၊ Training မရွိရင္ေတာ့ lego ဒါမွမဟုတ္ game ေဆာ့ရင္း၊ စကိတ္စီးရင္း၊ Jackson နဲ႔ေတြ႕ရင္းပဲ ကုန္ဆုံးေတာ့တယ္။ လူက အရင္အတိုင္းျပန္လည္ပတ္လာရင္ စိတ္ကလဲ အရင္အတိုင္းျပန္ျဖစ္ဖို႔မၾကာေတာ့ဘူးလို႔ ရိေပၚကယူဆသည္ေလ..

ရိေပၚ  Zio ကိုလဲမသြားျဖစ္ေအာင္ႀကိဳးစားပါတယ္.. ဒါေတာင္ အဲ့ဒီနားေရာက္ျဖစ္ရင္ အမွတ္သည္းေျခမရွိတဲ့ရိေပၚက ေရွာင္းက်န္႔ကို လြမ္းတုန္းပဲမို႔ တစ္ျခားလမ္းကေနပဲ ေလ့က်င့္ကြင္းကိုသြားေတာ့တယ္... လမ္းကပိုရွည္သြားေပမဲ့ စိတ္သက္သာတာကိုး...

ဒီေန႔ Jackson နဲ႔အတူတူ စကိတ္စီးျဖစ္ၾကတယ္... သြားေနက် ဟိုစကိတ္ကြင္းေတာ့မဟုတ္ဘူး.. အဲ့မွာအမွတ္တရေတြက သိပ္မေကာင္းဘူးေလ... စကိတ္စီးၿပီးေတာ့ ႏွစ္ေယာက္သား စကားထိုင္ေျပာျဖစ္ၾကတယ္...

"ရိေပၚ မင္းအဆင္ေျပလား.."
"အဆင္ေျပေအာင္ေနရတာေပါ့ကြာ.."
"က်န္႔ေကာကို မလြမ္းေတာ့ဘူးေပါ့.."
"မလြမ္းရေအာင္ ငါကပုံမွန္မွမဟုတ္တာ.. ေရွာင္းက်န္႔႐ူး ႐ူးေနတာေလ.. အဟက္.."
"သြားေတြ႕ပါလား အဲ့ေလာက္ျဖစ္ေနတာကို.."
"မေတြ႕ဘူး... ငါ့ကို သူကလိုတာမွမဟုတ္တာ.. ငါ့ကိုေတြ႕ရင္ သူပဲစိတ္ရႈပ္ရမွာ... ၿပီးရင္ ပစ္ပစ္ခါခါေတြထပ္လုပ္ရင္ ငါခံနိုင္ရည္ရွိမွာမဟုတ္ဘူး... ဘယ္ေလာက္ခ်စ္ခ်စ္ အဲ့ဒါႀကီးကိုေတာ့ ငါသည္းမခံနိုင္ဘူး.. ခ်စ္ရင္အရာရာခြင့္လႊတ္နိုင္တယ္ဆိုတာ ဟုတ္ေတာ့မဟုတ္ဘူးထင္တယ္..."
"သူက မင္းကိုမခ်စ္တာ ေသခ်ာလား.."
"ဟားဟား သူကိုယ္တိုင္ျငင္းထားတာကို မေသခ်ာစရာလား... ငါ့ကို ဆားလာမသိပ္နဲ႔ေဟ့ေကာင္.."
"မဟုတ္ပါဘူး.. ငါစဥ္းစားၾကည့္တာေလ.. သူငယ္ခ်င္းကို ကူတာကကူတာေပါ့.. ဒါေပမဲ့ မုန္႔ေတြလုပ္ၿပီးပို႔တဲ့ထိေတာ့ ငါဆိုအလုပ္ရႉပ္မခံေလာက္ဘူးလားလို႔ေလ.."
"ဒါကေတာ့ မင္းကငပ်င္းကိုး.."
"စကားအေကာင္းေျပာလို႔ကိုမရဘူး မင္းနဲ႔လဲ.."

စကားေျပာေနတုန္း မိန္းကေလးႏွစ္ေယာက္ သူတို႔ေရွ႕လာရပ္ၾကတယ္... fangirl ေတြလဲျဖစ္ဟန္မတူဘူး.. မ်က္ႏွာေတြကလဲခ်ီလို႔ လက္ေတြကပိုက္ထားၾကေသးတာ... လူမိုက္ေတြအထာနဲ႔.. တစ္ေယာက္ကိုက ျမင္ဖူးသလိုလို...

"ေကာက ဝမ္ရိေပၚမလား.."
"ဟုတ္ကဲ့.."

~ေနပါဦး ဒီေကာင္မေလးက ဟိုတစ္ေလာက ေကာဖုန္းလိုက္လုေနတဲ့ သူ႔ရည္းစား လက္လက္ထ မဟုတ္ဘူးလား..~

"ေကာက ေရွာင္းက်န္႔ေကာေကာကို ႀကိဳက္ေနတာဆို.."
"ခင္ဗ်ာ.."

~စနိုက္ေက်ာ္ဆိုၿပီး လာရန္ရွာတာေတာ့မဟုတ္ဘူးမလား.. ကံဆိုးတာကဒီေလာက္ဆို ေတာ္ၿပီေလ..~

"ႀကိဳက္ေနတာ ဟုတ္လား မဟုတ္ဘူးလား..."
"ဟုတ္ပါတယ္ခင္ဗ်... ဒါေပမဲ့"
"ဒါေပမဲ့မလိုဘူး.. ႀကိဳက္ရင္ရၿပီ...
ႀကိဳက္တယ္ဆိုလဲ ဘာလို႔သြားမေတြ႕တာတုန္း.. တေကာက္ေကာက္လိုက္ေနရမယ္ေလ... ေကာတို႔က သိပ္ခက္တယ္.."
"ခင္ဗ်ာ.."
"သမီးတို႔က ညီမေလးတန္မဲ့နဲ႔ အကို,ကို ထိုးေကၽြးေနရတာ.. မနိတ္ပါဘူး..."
"ခင္ဗ်ာ.."
"ကဲ... ရိေပၚေကာက ခင္ဗ်ာပဲတတ္တာလား.. ဒီပုံနဲ႔ ဆို ဘယ္လို ေယာက်ာ္းရေတာ့မလဲ.."
"ဒါဆို ညီမတို႔က က်န္႔ေကာညီမေတြလား..."
"ဟုတ္တယ္ေလ... အႁမႊာေတြ... ရိေပၚေကာ ဒီတိုင္းစကိတ္စီးေန႐ုံနဲ႔ ေကာေကာကျပန္ႀကိဳက္မွာမဟုတ္ဘူး.. ႀကိဳးစားမွေပါ့.. အဲ့ဒါလာေျပာတာ.. သြားေတာ့မယ္... တစ္ကယ္ပဲ... အားကိုမရဘူး.."

....

"ေဟ့ေကာင္ရိေပၚ..ေသေနၿပီလား အေတာင့္လိုက္ႀကီး.."
"ငါကေလ အဲ့ေကာင္မေလးနဲ႔ က်န္႔ေကာကိုတြဲေတြ႕တုန္းက သူ႔ညီမမွန္းမွ မသိတာ.."
"အဲ့ေတာ့??"
"ငါျပန္ႀကိဳးစားၾကည့္ခ်င္တယ္...."
"မင္းတို႔ဟာကလဲ လိုက္ေလေျပးေလနဲ႔.."
"မလိုက္ေတာ့ရင္ အေဝးႀကီးေရာက္သြားေတာ့မွာေလ... လိုက္ေနေတာ့ ေဝးရင္ေတာင္ ရပ္ၿပီးက်န္ေနခဲ့တာေလာက္ မေဝးဘူးေပါ့.."

to be continued...

Continue Reading

You'll Also Like

17.9K 822 6
(Unicode) ဒါလေးတော့ ကျန့်ကောမွေးနေ့အဖြစ်ဖန်တီးဖြစ်တာလေးပါ အစကတော့ တစ်ပိုင်းနဲ့အပြီးရေးဖို့စဉ်းစားထားပေမယ့် အရမ်းရှည်နေတာကြောင့်မလို အပိုင်းခွဲရေးလိုက...
6.4K 503 14
#not translation #own creation #You can enjoy both uni & zawgyi versions ဖက္လက္စစာအုပ္ထဲကိုကူး‌ေျပာင္းသြားခဲ့တဲ့ေရွာင္းက်န႔္တေယာက္ သူဘယ္လိုရွင္သန္ရန...
15.2K 1.3K 5
𝑩𝑱𝒀𝑿 𝑭𝒂𝒏𝒇𝒊𝒄𝒕𝒊𝒐𝒏~♡︎ 𝒱𝒶𝓁ℯ𝓃𝓉𝒾𝓃ℯ 𝒹𝒶𝓎 𝓅𝓇ℯ𝓈ℯ𝓃𝓉 𝒷𝓎 ℳℴ𝓂ℯ𝓁ℴ𝓃_𝒴𝒾 Publish Date_14.2.2022
21.2K 2.1K 17
စိတ်ပျော်ချင်ရုံမို့ ပေါ့ပေါ့ပါးပါးပါပဲ။ ~ ° ~ ° ~ ° ~ ° ~ ° ~ ° ~ ° ~ ° ~ ° ~ ° ~ ° စိတ္ေပ်ာ္ခ်င္ရံုမို႔ ေပါ့ေပါ့ပါးပါးပါပဲ။