"အဟြတ္ အဟြတ္ "
မေန႔က ဟိုေကာင္ေလးေက်းဇူးနဲ႔ အၾကာႀကီးေရစိုခံ
လိုက္ရတာမို႔ လူကဖ်ားခ်င္ေနသည္။
ေခါင္းေတြလည္းထူပူၿပီး ႏွာေခါင္းေတြပါပိတ္ကာ
အိပ္ရာထဲသာေကြးေနမိေတာ့သည္။
"သား ေမေမဝင္လာမယ္ေနာ္"
"ဟုတ္ကဲ့"
ေမေမက ကုတင္ေဘးဝင္ထိုင္ၿပီး နဖူးကိုလာစမ္း
သည္။ၿပီးေတာ့ သက္ျပင္းခပ္ဖြဖြခ်ကာ
"ကဲ ခုေတာ့ဖ်ားၿပီ"
"အဲ့တာေကာင္မေလးဆီမွာ ေရပက္ခံလို႔ေလ"
အခန္းထဲဝင္လာကာ ေျပာခ်လိုက္ေသာ
ေစာသီရိမေဟာ္ကို ခပ္တည္တည္ၾကည့္
လိုက္ေတာ့ ငခြၽတ္မေလးက ေျပာင္ျပေန
သည္။
"မႀကီးမငယ္နဲ႔ ေရေဆာ့ရျပန္တယ္လို႔"
ေမေမကေျပာၿပီး အခန္းထဲမွထြက္သြားေလ
သည္။
"ကိုကို႔ ဝိုင္ဆိုတာ အဲ့ေကာင္မေလးအတြက္
ေရးထားတာလား ဟိ"
ေနာက္တစ္ႀကိမ္ ၾကည့္ေပးလိုက္ေတာ့ ငခြၽတ္
အသံတိတ္သြားသည္။ ၿပီးေတာ့ အခန္းထဲဟိုဒီ
ေဝ့ဝဲၾကည့္ကာ
"အဲ့စာအုပ္ေလး ေပးဖတ္ပါဦး" တဲ့ေလ။
ဘာမွမေျပာေတာ့ဘဲ မွိန္းေနလိုက္သည္။
မ်က္လံုးေတြပါ ပူလာေတာ့လူက ႏံုးခ်ိေနရၿပီ။
ပံုမွန္မဖ်ားတတ္ေပမဲ့ ဒီရက္ပိုင္း ညအိပ္ပ်က္တာ
ေတြနဲ႔ေရာသြားလို႔ထင္ပါရဲ႕။
>>>>>>>>>>>>>>>>
မနက္ခင္း အေစာႀကီးထၿပီး ေအာက္ထပ္ဆင္း
လာေသာ ႐ွင္းဆက္ေၾကာင့္ ေမေမကမ်က္လံုး
ေလး ဝင့္ကာဝင့္ကာျဖင့္ျပံဳးၾကည့္သည္။
ႏႈတ္ခမ္းေလးကို မလိုပါဘဲတမင္မဲ့ကာျဖင့္
"အံမယ္ ေသာင္းက်န္းဖို႔ အေစာႀကီးထလာ
တယ္ေပါ့"
ဆံပင္စုတ္ဖြားႏွင့္ အိပ္ခ်င္မူးတူးျဖစ္ေနေသာ
႐ွင္းဆက္ေခါင္းေလးကို လွမ္းဖြလိုက္ေသး
သည္။
"အာ ႀကီးႀကီးျမဆိုင္က မုန္႔တီစားခ်င္လို႔ပါဗ်
ေနာက္က်မွသြားရင္ ေရပက္ခံရမွာ"
ပြေနေသာ ဆံပင္ေလးကို ဖိခ်လိုက္ၿပီး
"ပိုက္ပိုက္ေပး"
"ေရာ့ ျပန္ရင္င႐ုတ္မႈန္႔တစ္ထုပ္ပါဝယ္ခဲ့"
ပိုက္ဆံယူကာ စက္ဘီးေလးႏွင့္ထြက္ခဲ့သည္။
မနက္ေစာေစာရဲ႕ေလကိုမ႐ွဴ ျဖစ္တာေတာင္
အေတာ္ၾကာၿပီ။ႏိုးလာတာနဲ႔ ေန႔လယ္ေရာက္
သြားတဲ့ေန႔ေတြကမ်ားတယ္ေလ။
စာေမးပဲြေျဖၿပီးကတည္းက လြတ္လပ္ေရးရ
ေနသည္။
ဆိုင္ထဲဝင္ထိုင္လိုက္တာနဲ႔ ႀကီးႀကီးျမက
ျပံဳးၾကည့္သည္။ မွာစရာမလို ခ်က္ခ်င္းသိ
ၿပီးသား။ဒီကိုေရာက္စကတည္းက
အျမဲစားေနၾကမို႔ ႀကီးႀကီးနဲ႔လည္းရင္းႏွီး
ေနၿပီ ျဖစ္ကာပင္တိုင္စံေဖာက္သည္
က ကြၽန္ေတာ္ပါပင္။
"႐ွင္းေလးေရ မင္းသူငယ္ခ်င္းဖ်ားေနလို႔တဲ့"
ႀကီးႀကီးျမက ပန္းကန္ေဆးေန
ရင္းလွမ္းေျပာလိုက္ေသာေၾကာင့္ ဘယ္သူ
မ်ားပါလိမ့္စဥ္းစားမိသည္။
"ဘယ္သူလဲဗ်"
"မေဟာ္စံအိမ္က ေကာင္ေလးေလ"
ႀကီးႀကီးျမ ရဲ႕ေမာင္က မေဟာ္စံအိမ္ရဲ႕
Family doctor ျဖစ္ေလသည္။
"ဟုတ္လား သားလည္းမသိဘူး"
"ပုလင္းခ်ိတ္ရတယ္ေျပာတယ္ကြယ္"
"ဟင္"
စားလက္စ ဇြန္းကိုခ်ကာ လူကေၾကာင္အ
သြားရသည္။မေန႔က ေနာက္ေက်ာတစ္
ခုလံုးေရစိုရဲြေနတဲ့ ျမတ္မင္းမေဟာ္ကိုျမင္
ေယာင္လာသည္။ ၿပီးေတာ့ပံုမွန္ႏွင့္မတူေသာ
သူ႔ရဲ႕မ်က္ဝန္းညိဳေတြ....။
"ႀကီးႀကီး ဒီမွာ ပိုက္ဆံထားခဲ့ၿပီေနာ္"
စက္ဘီးႏွင့္ စံအိမ္ဘက္သြားျဖစ္သည္။
ခန္းစီးစျဖဴျဖဴ လြင့္ေနေသာ ျပတင္းေပါက္
ကိုမခ်င့္မရဲၾကည့္မိသည္။စံအိမ္ထဲလည္း
မဝင္ရဲ။မဝင္ခ်င္တာဆို ပိုမွန္မည္။
မ်က္လံုးကစားေပးလိုက္ေတာ့ ျပတင္းေပါက္
နဲ႔မနီးမေဝးမွာ သရက္ပင္ႀကီးတစ္ပင္ရိွေန
သည္။ အကိုင္းမ်ားတာမို႔ အဆင္ေတာ့ေျပ
ေလာက္မွာပါ။
ႀကိဳးႀကိဳးစားစား ကုပ္တြယ္တက္လိုက္ေတာ့
ျပတင္းေပါက္ကိုျမင္ရသည္။
ခန္းစီးလြင့္သြားတဲ့ေနာက္ ကုတင္မွာလွဲ
ေနသည့္သူ႔ကိုျဖတ္ခနဲျမင္လိုက္ရသည္။
*********************************
*********************************
ညကေဆးအ႐ွိန္နဲ႔ ေမွးေနရင္း ဘုတ္ခနဲအသံ
ႏွင့္အတူ အနားမွာက်ေနေသာ သရက္သီးတစ္
လံုး။လာတဲ့အရပ္ဆီလွည့္ၾကည့္မိေတာ့
ဟမ္!!သရက္ပင္ေပၚမွာ ငုတ္တုတ္ထိုင္ေနသူက
႐ုတ္တရက္လန္႔သြားတာေတာ့ အမွန္။
မနက္ခင္း ေပမဲ့လည္း...။
လက္မွပိုက္ကိုဆဲြျဖဳတ္ကာ ျပတင္းေပါက္နား
တေရြ႕ေရြ႕တိုးကပ္မိသည္။
"မင္း ဘယ္လိုလုပ္ၿပီး"
ေျပာမဲ့စကားက သရက္သီးကို
တဂြၽတ္ဂြၽတ္ကိုက္ဝါးေနေသာ သူ႔ကိုၾကည့္ရင္း
ရပ္တန္႔သြားရသည္။
အပင္ေပၚ က်က်နနထိုင္ကာ သရက္သီးစား
ေနေသာသူ။ ဆံပင္ေတြကအနည္းငယ္ပြ
ေယာင္းေနကာ ေဖာင္းလိုက္ပိန္လိုက္ျဖစ္
ေနေသာ သူ႔ပါးျပင္ကနီနီရဲရဲေလး။
နီမွာေပါ့ င႐ုတ္မႈန္႔ေတြလား ဘာလား
အဲ့တာေတြနဲ႔ သရက္သီးကိုတို႔စားေနတာကိုး။
"အား စားေကာင္းလိုက္တာကြာ"
မ်က္လံုးေလးပါမွိတ္ၿပီး အရသာခံကာ
အားရပါးရစားေနေတာ့တာ။
"အဟြတ္အဟြတ္"
စားရင္းေခ်ာင္းေတြထဆိုးေသးသည္။
င႐ုတ္သီး မႊန္တာ!!
ေအးပါကြာ....။
ဘာမွမေျပာႏိုင္ဘဲ သူ႔ကိုသာရပ္ၾကည့္ေနမိသည္။
ေနမေကာင္းတာေတြေတာင္ ဘယ္ေပ်ာက္သြား
သည္မသိ။
"မင္း သက္သာလား"
စားရင္းနဲ႔ထြက္လာေသာ စကားသံ!!
"ပံုစံကသက္သာမဲ့ပံုပါ မတ္တပ္ေတာင္
ေကာင္းေကာင္း ရပ္ႏိုင္တာပဲ"
သူ႔ဘာသူေမးၿပီး သူ႔ဘာသူေျပာေနေသး
သည္။
"ငါ မင္းကို သတင္းေမးဖို႔လာတာေလ အိမ္ထဲမဝင္
ခ်င္တာနဲ႔ သရက္ပင္ေပၚတက္လာတာ
သရက္သီးက စားေကာင္းတာေတာ့ ငါလည္း
မတတ္ႏိုင္ဘူး"
ေျပာၿပီး သရက္သီးကိုကိုက္ဝါးေနျပန္သည္။
ေဘာင္းဘီစလြတ္ေနေသာ သူ႔ေျခသလံုးေဖြး
ေတြမွာ အနီစင္းေတြကိုျမင္ေတာ့ ထိတ္ခနဲ
ျဖစ္သြားရေသးသည္။ဒါလည္းသိပံုမေပၚ..။
"မင္းေျခေထာက္"
"ဟမ္"
ကြၽန္ေတာ္ေျပာလိုက္ေတာ့မွ သူ႔ေျခေထာက္သူ
ငံု႔ၾကည့္ၿပီး ဘယ္လက္နဲ႔အသာပြတ္ကာ ရယ္ရင္း
"ဟီး အပင္တက္ရင္း အကိုင္းခြၽန္နဲ႔ျခစ္မိသြားတာ
ထင္တယ္"
ဘယ္လို ဂ်ပလြတ္ေကာင္ေလးလဲေလ။
ေဆးသြင္းတာမၿပီးေသးဘဲ ပိုက္ျဖဳတ္လာ
ရတာမို႔ လူကယိုင္နဲ႔နဲ႔။ ၿပီးေတာ့ျပတင္းေပါက္
ကေလစိမ္းေတြေၾကာင့္ေရာခ်မ္းစိမ့္လာရ
ေလသည္။
တျဖည္းျဖည္း ျဖဴ ေဖ်ာ့လာေသာ ျမတ္မင္း
မေဟာ္ကိုၾကည့္ၿပီး
"မင္းႏႈတ္ခမ္းေတြက ေသြးေရာင္ေတာင္မရိွ
ေတာ့သလိုပဲ"
"ဟုတ္လား"
"မင္း မ်က္ကြင္းေတြလည္းည္ုိၿပီး ခ်ိဳင့္ခြက္လို
ျဖစ္ေနၿပီ"
"အင္း ဒီရက္ပိုင္းက္ိစၥတစ္ခုကိုအေျဖ႐ွာရင္း
ညနက္မွအိပ္ရာဝင္ျဖစ္လို႔ေလ"
႐ွင္းဆက္ကို အၾကည့္ခ်င္းဆံုေအာင္စိုက္ၾကည့္
ၿပီး ေျပာလာေသာေၾကာင့္ ဘာေၾကာင့္မွန္းမသိ
ၾကက္သီးထမိေလသည္။
"ငါ သြားေတာ့မယ္ မင္းလည္းအခန္းထဲ
ဝင္ေတာ့"
သူ႔ကိုတစ္ခ်က္ၾကည့္လိုက္ၿပီးမွ အပင္ေပၚမွဆင္း
လာခဲ့သည္။စက္ဘီးေပၚတက္သည္အထိ
ျပတင္းအနားမွမခြာဘဲရပ္ၾကည့္ေနေသာ
သူ႔ကို အထဲဝင္ေတာ့ ဆိုသည့္
ပံုစံျဖင့္ လက္ယပ္ျပလိုက္သည္။
စက္ဘီးေလး ျမင္ကြင္းထဲက ေပ်ာက္ကြယ္
သြားေတာ့မွ တအိအိၿပိဳဆင္းသြားခဲ့ေသာ....။
ဘုန္း!!!
ေဒၚျမတ္ေသာသီရိ အေပၚထပ္မွလဲၿပိဳသံၾကား၍
ဆန္ျပဳတ္ျပဳတ္ေနရာမွ အေျပးအလႊား
တက္လာၾကည့္မိေတာ့ ျပတင္းေပါက္ေလးရဲ႕
ေဘးမွာ ေခြလဲက်ေနေသာ သားျဖစ္သူကိုျမင္
လိုက္ရေလသည္...။
To be continued....
>>>>>>>>>>>Unicode<<<<<<<<<<
"အဟွတ် အဟွတ် "
မနေ့က ဟိုကောင်လေးကျေးဇူးနဲ့ အကြာကြီးရေစိုခံ
လိုက်ရတာမို့ လူကဖျားချင်နေသည်။
ခေါင်းတွေလည်းထူပူပြီး နှာခေါင်းတွေပါပိတ်ကာ
အိပ်ရာထဲသာကွေးနေမိတော့သည်။
"သား မေမေဝင်လာမယ်နော်"
"ဟုတ်ကဲ့"
မေမေက ကုတင်ဘေးဝင်ထိုင်ပြီး နဖူးကိုလာစမ်း
သည်။ပြီးတော့ သက်ပြင်းခပ်ဖွဖွချကာ
"ကဲ ခုတော့ဖျားပြီ"
"အဲ့တာကောင်မလေးဆီမှာ ရေပက်ခံလို့လေ"
အခန်းထဲဝင်လာကာ ပြောချလိုက်သော
စောသီရိမဟော်ကို ခပ်တည်တည်ကြည့်
လိုက်တော့ ငချွတ်မလေးက ပြောင်ပြနေ
သည်။
"မကြီးမငယ်နဲ့ ရေဆော့ရပြန်တယ်လို့"
မေမေကပြောပြီး အခန်းထဲမှထွက်သွားလေ
သည်။
"ကိုကို့ ဝိုင်ဆိုတာ အဲ့ကောင်မလေးအတွက်
ရေးထားတာလား ဟိ"
နောက်တစ်ကြိမ် ကြည့်ပေးလိုက်တော့ ငချွတ်
အသံတိတ်သွားသည်။ ပြီးတော့ အခန်းထဲဟိုဒီ
ဝေ့ဝဲကြည့်ကာ
"အဲ့စာအုပ်လေး ပေးဖတ်ပါဦး" တဲ့လေ။
ဘာမှမပြောတော့ဘဲ မှိန်းနေလိုက်သည်။
မျက်လုံးတွေပါ ပူလာတော့လူက နုံးချိနေရပြီ။
ပုံမှန်မဖျားတတ်ပေမဲ့ ဒီရက်ပိုင်း ညအိပ်ပျက်တာ
တွေနဲ့ရောသွားလို့ထင်ပါရဲ့။
>>>>>>>>>>>>>>>>
မနက်ခင်း အစောကြီးထပြီး အောက်ထပ်ဆင်း
လာသော ရှင်းဆက်ကြောင့် မေမေကမျက်လုံး
လေး ဝင့်ကာဝင့်ကာဖြင့်ပြုံးကြည့်သည်။
နွုတ်ခမ်းလေးကို မလိုပါဘဲတမင်မဲ့ကာဖြင့်
"အံမယ် သောင်းကျန်းဖို့ အစောကြီးထလာ
တယ်ပေါ့"
ဆံပင်စုတ်ဖွားနှင့် အိပ်ချင်မူးတူးဖြစ်နေသော
ရှင်းဆက်ခေါင်းလေးကို လှမ်းဖွလိုက်သေး
သည်။
"အာ ကြီးကြီးမြဆိုင်က မုန့်တီစားချင်လို့ပါဗျ
နောက်ကျမှသွားရင် ရေပက်ခံရမှာ"
ပွနေသော ဆံပင်လေးကို ဖိချလိုက်ပြီး
"ပိုက်ပိုက်ပေး"
"ရော့ ပြန်ရင်ငရုတ်မွုန့်တစ်ထုပ်ပါဝယ်ခဲ့"
ပိုက်ဆံယူကာ စက်ဘီးလေးနှင့်ထွက်ခဲ့သည်။
မနက်စောစောရဲ့လေကိုမရှူ ဖြစ်တာတောင်
အတော်ကြာပြီ။နိုးလာတာနဲ့ နေ့လယ်ရောက်
သွားတဲ့နေ့တွေကများတယ်လေ။
စာမေးပွဲဖြေပြီးကတည်းက လွတ်လပ်ရေးရ
နေသည်။
ဆိုင်ထဲဝင်ထိုင်လိုက်တာနဲ့ ကြီးကြီးမြက
ပြုံးကြည့်သည်။ မှာစရာမလို ချက်ချင်းသိ
ပြီးသား။ဒီကိုရောက်စကတည်းက
အမြဲစားနေကြမို့ ကြီးကြီးနဲ့လည်းရင်းနှီး
နေပြီ ဖြစ်ကာပင်တိုင်စံဖောက်သည်
က ကျွန်တော်ပါပင်။
"ရှင်းလေးရေ မင်းသူငယ်ချင်းဖျားနေလို့တဲ့"
ကြီးကြီးမြက ပန်းကန်ဆေးနေ
ရင်းလှမ်းပြောလိုက်သောကြောင့် ဘယ်သူ
များပါလိမ့်စဉ်းစားမိသည်။
"ဘယ်သူလဲဗျ"
"မဟော်စံအိမ်က ကောင်လေးလေ"
ကြီးကြီးမြ ရဲ့မောင်က မဟော်စံအိမ်ရဲ့
Family doctor ဖြစ်လေသည်။
"ဟုတ်လား သားလည်းမသိဘူး"
"ပုလင်းချိတ်ရတယ်ပြောတယ်ကွယ်"
"ဟင်"
စားလက်စ ဇွန်းကိုချကာ လူကကြောင်အ
သွားရသည်။မနေ့က နောက်ကျောတစ်
ခုလုံးရေစိုရွဲနေတဲ့ မြတ်မင်းမဟော်ကိုမြင်
ယောင်လာသည်။ ပြီးတော့ပုံမှန်နှင့်မတူသော
သူ့ရဲ့မျက်ဝန်းညိုတွေ....။
"ကြီးကြီး ဒီမှာ ပိုက်ဆံထားခဲ့ပြီနော်"
စက်ဘီးနှင့် စံအိမ်ဘက်သွားဖြစ်သည်။
ခန်းစီးစဖြူဖြူ လွင့်နေသော ပြတင်းပေါက်
ကိုမချင့်မရဲကြည့်မိသည်။စံအိမ်ထဲလည်း
မဝင်ရဲ။မဝင်ချင်တာဆို ပိုမှန်မည်။
မျက်လုံးကစားပေးလိုက်တော့ ပြတင်းပေါက်
နဲ့မနီးမဝေးမှာ သရက်ပင်ကြီးတစ်ပင်ရိှနေ
သည်။ အကိုင်းများတာမို့ အဆင်တော့ပြေ
လောက်မှာပါ။
ကြိုးကြိုးစားစား ကုပ်တွယ်တက်လိုက်တော့
ပြတင်းပေါက်ကိုမြင်ရသည်။
ခန်းစီးလွင့်သွားတဲ့နောက် ကုတင်မှာလှဲ
နေသည့်သူ့ကိုဖြတ်ခနဲမြင်လိုက်ရသည်။
*********************************
*********************************
ညကဆေးအရှိန်နဲ့ မေှးနေရင်း ဘုတ်ခနဲအသံ
နှင့်အတူ အနားမှာကျနေသော သရက်သီးတစ်
လုံး။လာတဲ့အရပ်ဆီလှည့်ကြည့်မိတော့
ဟမ်!!သရက်ပင်ပေါ်မှာ ငုတ်တုတ်ထိုင်နေသူက
ရုတ်တရက်လန့်သွားတာတော့ အမှန်။
မနက်ခင်း ပေမဲ့လည်း...။
လက်မှပိုက်ကိုဆွဲဖြုတ်ကာ ပြတင်းပေါက်နား
တရွေ့ရွေ့တိုးကပ်မိသည်။
"မင်း ဘယ်လိုလုပ်ပြီး"
ပြောမဲ့စကားက သရက်သီးကို
တဂျွတ်ဂျွတ်ကိုက်ဝါးနေသော သူ့ကိုကြည့်ရင်း
ရပ်တန့်သွားရသည်။
အပင်ပေါ် ကျကျနနထိုင်ကာ သရက်သီးစား
နေသောသူ။ ဆံပင်တွေကအနည်းငယ်ပွ
ယောင်းနေကာ ဖောင်းလိုက်ပိန်လိုက်ဖြစ်
နေသော သူ့ပါးပြင်ကနီနီရဲရဲလေး။
နီမှာပေါ့ ငရုတ်မွုန့်တွေလား ဘာလား
အဲ့တာတွေနဲ့ သရက်သီးကိုတို့စားနေတာကိုး။
"အား စားကောင်းလိုက်တာကွာ"
မျက်လုံးလေးပါမှိတ်ပြီး အရသာခံကာ
အားရပါးရစားနေတော့တာ။
"အဟွတ်အဟွတ်"
စားရင်းချောင်းတွေထဆိုးသေးသည်။
ငရုတ်သီး မွွန်တာ!!
အေးပါကွာ....။
ဘာမှမပြောနိုင်ဘဲ သူ့ကိုသာရပ်ကြည့်နေမိသည်။
နေမကောင်းတာတွေတောင် ဘယ်ပျောက်သွား
သည်မသိ။
"မင်း သက်သာလား"
စားရင်းနဲ့ထွက်လာသော စကားသံ!!
"ပုံစံကသက်သာမဲ့ပုံပါ မတ်တပ်တောင်
ကောင်းကောင်း ရပ်နိုင်တာပဲ"
သူ့ဘာသူမေးပြီး သူ့ဘာသူပြောနေသေး
သည်။
"ငါ မင်းကို သတင်းမေးဖို့လာတာလေ အိမ်ထဲမဝင်
ချင်တာနဲ့ သရက်ပင်ပေါ်တက်လာတာ
သရက်သီးက စားကောင်းတာတော့ ငါလည်း
မတတ်နိုင်ဘူး"
ပြောပြီး သရက်သီးကိုကိုက်ဝါးနေပြန်သည်။
ဘောင်းဘီစလွတ်နေသော သူ့ခြေသလုံးဖွေး
တွေမှာ အနီစင်းတွေကိုမြင်တော့ ထိတ်ခနဲ
ဖြစ်သွားရသေးသည်။ဒါလည်းသိပုံမပေါ်..။
"မင်းခြေထောက်"
"ဟမ်"
ကျွန်တော်ပြောလိုက်တော့မှ သူ့ခြေထောက်သူ
ငုံ့ကြည့်ပြီး ဘယ်လက်နဲ့အသာပွတ်ကာ ရယ်ရင်း
"ဟီး အပင်တက်ရင်း အကိုင်းချွန်နဲ့ခြစ်မိသွားတာ
ထင်တယ်"
ဘယ်လို ဂျပလွတ်ကောင်လေးလဲလေ။
ဆေးသွင်းတာမပြီးသေးဘဲ ပိုက်ဖြုတ်လာ
ရတာမို့ လူကယိုင်နဲ့နဲ့။ ပြီးတော့ပြတင်းပေါက်
ကလေစိမ်းတွေကြောင့်ရောချမ်းစိမ့်လာရ
လေသည်။
တဖြည်းဖြည်း ဖြူ ဖျော့လာသော မြတ်မင်း
မဟော်ကိုကြည့်ပြီး
"မင်းနွုတ်ခမ်းတွေက သွေးရောင်တောင်မရိှ
တော့သလိုပဲ"
"ဟုတ်လား"
"မင်း မျက်ကွင်းတွေလည်းည်ုိပြီး ချိုင့်ခွက်လို
ဖြစ်နေပြီ"
"အင်း ဒီရက်ပိုင်းက်ိစ္စတစ်ခုကိုအဖြေရှာရင်း
ညနက်မှအိပ်ရာဝင်ဖြစ်လို့လေ"
ရှင်းဆက်ကို အကြည့်ချင်းဆုံအောင်စိုက်ကြည့်
ပြီး ပြောလာသောကြောင့် ဘာကြောင့်မှန်းမသိ
ကြက်သီးထမိလေသည်။
"ငါ သွားတော့မယ် မင်းလည်းအခန်းထဲ
ဝင်တော့"
သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးမှ အပင်ပေါ်မှဆင်း
လာခဲ့သည်။စက်ဘီးပေါ်တက်သည်အထိ
ပြတင်းအနားမှမခွာဘဲရပ်ကြည့်နေသော
သူ့ကို အထဲဝင်တော့ ဆိုသည့်
ပုံစံဖြင့် လက်ယပ်ပြလိုက်သည်။
စက်ဘီးလေး မြင်ကွင်းထဲက ပျောက်ကွယ်
သွားတော့မှ တအိအိပြိုဆင်းသွားခဲ့သော....။
ဘုန်း!!!
ဒေါ်မြတ်သောသီရိ အပေါ်ထပ်မှလဲပြိုသံကြား၍
ဆန်ပြုတ်ပြုတ်နေရာမှ အပြေးအလွွား
တက်လာကြည့်မိတော့ ပြတင်းပေါက်လေးရဲ့
ဘေးမှာ ခွေလဲကျနေသော သားဖြစ်သူကိုမြင်
လိုက်ရလေသည်...။
To be continued.....