Ep-25

255 14 0
                                    

"ညီ ဘာလို့မရောက်သေးပါလိမ့် "

ဤစကားကိုဘယ်နှစ်ကြိမ်မြောက်ရေရွတ်နေမိပြီလဲမသိတော့။နဘေးမှစွမ်းညီသည်ပင်မြင်ပြင်းကပ်လာသည်ထင်
ခုံတန်းတစ်ခုတွင်ဝင်ထိုင်ကာဖုန်းကြည့်နေတော့သည်။
ကျွန်တော်သည်ကားမတ်တပ်ရပ်ရာမှမထိုင်နိုင်သေး။
ငချွတ်ကလေးညီသည်အိပ်ရာထများနောက်ကျနေသလား
မသိ၊မိမိဘာသာအဆောင်ကထွက်လာနှင့်မည်ဟုဆိုကာ
အတူတူမလာဖြစ်ခဲ့ခြင်းတွင်ယခုကဲ့သို့ပူပန်နေရမည်ဟု
မတွေးခဲ့မိ။အတူတူမသွားရန်ညီ့သဘောထားကိုလက်ခံ
မိသည့်ကျွန်တော့်အမှားပင်။

ကျောင်းအပျော်ခရီးအဖြစ်ချောင်းသာသို့သွားကြမည်ဖြစ်
ပြီး semester break လည်းဖြစ်သောကြောင့်
အတန်းစုံ၊လူစုံကာပျော်နေရမည့်ခရီးတွင်ညီမပါလို့တော့
မဖြစ်။နံနက်၈နာရီတွင်စထွက်မည်ဖြစ်ပြီး ယခု၇နာရီခွဲနေ
သည့်တိုင်ညီ့အရိပ်အယောင်မမြင်သေး။ဖုန်းကလည်း
စက်ပိတ်ထားသည်ဖြစ်ရာမပူပန်မိဘဲနေနိုင်မလားလေ။

၈နာရီထိုးရန် ၁၀မိနစ်အလိုတွင်မနားတမ်းခေါ်နေသော
ဖုန်းကတူခနဲဝင်သွားသည်။စကားမဆိုနိုင်ခင်မှာပင်ဟိုဖက်
မှညီ့အသံကအရင်ထွက်လာသည်။

"ကျွန်တော်ရောက်ပြီ ဒီမှာ "

ဖုန်းကိုင်ထားလျက်နှင့်ပင်ညီ့အသံလာရာဆီလှည့်ကြည့်
လိုက်တော့ ကောင်မလေးများစုရပ်နေသောနောက်မှ
ထောင်ပြနေသောလက်ကလေးတစ်ဖက်၊ထို့နောက်တွင်မှ
ခရီးဆောင်အိတ်ဆွဲလာသောညီ့ကိုမြင်သည်။သူ့ခမျာ
ဖုန်းကိုပါးနှင့်ပခုံးကြားညှပ်ကာလက်တစ်ဖက်ကခရီး​ဆောင်အိတ်ကိုကိုင်ကျန်တစ်ဖက်ကဘာထည့်လာမှန်း
မသိသောအိတ်အလတ်စားတစ်အိတ်နှင့်အမှန်ပင်ကြည့်ရ
အဆင်မပြေလှ။အနားသို့ပြေးသွားလိုက်ကာသူ့လက်ထဲမှ
ခရီးဆောင်အိတ်ကိုဆွဲယူလိုက်ရသည်။ဖြတ်ခနဲမော့ကြည့်
လာကာအပြုံးများနှင့်ဆိုလာသည်က "ကျေးဇူး "ဟူ၍။

ဤစကားနှင့်ပတ်သက်၍အရင်က နှစ်ယောက်ကြားကျေးဇူးဆိုသည့်စကားမလိုကြောင်းပြောသည့်အခါတိုင်းညီသည်အကျင့်ပါနေသည့်ဟန်ယဉ်ယဉ်ကျေးကျေးဆိုလာ
စမြဲပင်။ကြီးကျယ်ခမ်းနားသည့်စကားမဟုတ်သည့်တိုင်
ကူညီပေးရသူ၏စိတ်ထဲတွင်ပီတိတစ်ဖြာထည့်ပေးလိုက်
နိုင်၍ပြောခြင်းဖြစ်ကြောင်းရှင်းပြသေးသည်။တစ်ခါတစ်ရံ
တွင်ကလေးဆန်သည်ဟုယူဆရသည့်တိုင်ဤသို့သော
ချစ်စရာစိတ်ဓာတ်ကလေးကြောင့်လူကြီးကလေးအား
ကြိတ်ချီးကျူးရသေးသည်။

CHEERLEADER (Completed) Hikayelerin yaşadığı yer. Şimdi keşfedin