🐚🎈 My Balloon 🎈🐚(H.I.A.T...

By LeonAres_2020

69.8K 6.4K 242

ကုန္​း​ေျမနဲ႔​ေရျပင္​ကိုကိုယ္​စားျပဳတဲ့ ​အိမ္​​ေ႐ွ႕စံ​ေလးဝမ္​ရိ​ေပၚနဲ႔ ​ေရသူထီး​ေလး​ေ႐ွာင္​က်န္​႔ရဲ႕ခ်စ္​ပံုျ... More

🐚🎈 MB - XZ 🎈🐚
🐚🎈 MB - XZ 🎈🐚
🐚🎈 MB - XZ 🎈🐚 Uni
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
Hello

🐚🎈 MB - XZ 🎈🐚 U&Z

1.3K 162 5
By LeonAres_2020

Unicode ver ~~

🎈 My Balloon 🎈

🐳 Episode - 18 🐳

ဆိုဖီယာ တစ်ညနေနဲ့တစ်ညကုန်တဲ့အချိန်မှာ
သိလိုက်ရတာက ဖက်ထုပ်ဖြူလေးနာမည်က
ရှောင်ကျန့်ဆိုတာရယ် ဖက်ထုပ်ဖြူလေးက
သူ့ရဲ့အနာဂါတ်ခင်ပွန်းလောင်းရဲ့
ကြင်ယာလောင်းဆိုတာရယ်...။

အို...ဆိုဖီယာ..ဆိုဖီယာ...
နင်ဟာစလာလာချင်းကိုရှတော့တာပါလား...

သူမခေါင်းခါရင်းရယ်လိုက်မိသည် ... ။

ဘာပဲဖြစ်ဖြစ် လင့်ပစ္စည်းမယားပိုင်တယ်ဆိုတော့
မင်းသားနဲ့ယူပြီးသွားရင် သူလည်းဖက်ထုပ်ဖြူလေးနဲ့နည်းနည်းတော့ဆိုင်လာမယ်ထင်ပါတယ် ... ။

ဆိုဖီယာက သူ့အတွေးလေးနဲ့သူ
ရယ်မောသဘောကျနေ၏ ...

စားသောက်လို့လည်းပြီးပြီမို့ သူမအတွက်ပေးထားတဲ့ ခန်းဆောင်ထဲကိုဝင်လာခဲ့တော့ တန်းနေအောင်
မြင်လိုက်ရတဲ့ပင်လယ်ကြီး .... ။

အား...!

ဆိုဖီယာ အသည်းအသန်အော်ပြီး
ထိုင်ချလိုက်မိသည် ။

နားနှစ်ဖက်ကိုလက်နဲ့အုပ်ထားရင်း မျက်နှာကို
ဒူးပေါ်အပ်ထားလျက်နဲ့ဆိုဖီယာ့ပုံစံက
အလွန်အမင်းကြောက်လန့်နေပုံပင် ။

~~~~

ရိပေါ် ထမင်းစားခန်းမှာ
မင်းသမီးကိုအနိုင်ပိုင်းလာရတာမို့
မြောက်ကြွမြောက်ကြွနဲ့ အိပ်ခန်းရှိရာကို
ပြန်လာခဲ့သည် ။

ကိုကို့လက်ကိုတွဲထားဖို့ကိုလည်း မမေ့လျော့ခဲ့ ။

ထိုမင်းသမီးကိုကြည့်ရတာ
ကိုကို့ကိုစိတ်ဝင်စားပုံပဲ....

သူမရှေ့မှာကိုကို့ကို ပိုင်ဆိုင်ကြောင်းပြရတာကို
ရိပေါ်တကယ်ပျော်တယ်....

ခံစားချက်ကနည်းနည်းတော့ထူးဆန်းသား....

ရန်သူတစ်ယောက်လိုသဘောမထားနိုင်ဘဲ
တစ်စုံတစ်ယောက်ကိုစနောက်ပီးအရွဲ့တိုက်သလိုသာ ခံစားနေမိသည် ။

ဆိုဖီယာဆိုလား နာမည်က....

ဆိုဖီယာ စစလာချင်းပုံစံက အမြင်ကပ်ဖို့ကောင်းပေမဲ့ သူဆက်ပီးအမြင်မကပ်မိပေ....။

ထူးထူးဆန်းဆန်း ရင်းနီးဖူးသူတစ်ယောက်လို
ခံစားနေကတာဘာလို့ပါလိမ့် .... ။

" အား....! "

ဒါ ဆိုဖီယာ့အခန်းကအသံပဲ ...

ဆိုဖီယာ့အခန်းက ရိပေါ်အခန်းနဲ့
ဟိုဘက်အစွန်း ဒီဘက်အစွန်းမို့
ရိပေါ်အော်သံကြားကြားချင်းပြေးသွားမိသည် ။

ကိုကိုကလည်းသူ့နောက်ကနေလိုက်လာသည် ။

ကျစ်..အစောင့်တွေဘယ်ရောက်နေလဲ...?!

အခန်းရှေ့ရောက်တော့ တံခါးပွင့်လျက်သားအတိုင်း
အပေါက်ဝမှာပဲ ထိုင်ချပီး တုန်ယင်နေတဲ့ဆိုဖီယာကို
တွေ့လိုက်တာမို့ ရိပေါ်စိတ်ပူသွားသည်ကိုတော့
ဝန်ခံရမည်.. ။

" ဆိုဖီယာ ဘာဖြစ်တာလဲ "

"ငါ ပင်လယ်ကိုကြောက်တယ် "

ပြောရင်းသူ့ရင်ခွင်ထဲကိုတိုးဝင်လာတဲ့သူမ...။

တကိုယ်လုံးအေးစက်ဖြူလျော့နေတဲ့သူမက
ရေစိုထားလို့ပျက်စီးတော့မဲ့ စက္ကူဖြူလေးလို...

🌊🌧️🌊🌧️🌊🌧️ Tbc 🌊🌧️🌊🌧️🌊🌧️

Love you all my puqu ❤❤
Feedbackလေးတွေမျှော်လင့်မိတယ်...။

Zawgyi ver ~~~

🎈 My Balloon 🎈

🐳 Episode - 18 🐳

ဆိုဖီယာ တစ္ညေနနဲ႔တစ္ညကုန္တဲ့အခ်ိန္မွာ
သိလိုက္ရတာက ဖက္ထုပ္ျဖဴေလးနာမည္က
ေ႐ွာင္က်န္႔ဆိုတာရယ္ ဖက္ထုပ္ျဖဴေလးက
သူ႕ရဲ႕အနာဂါတ္ခင္ပြန္းေလာင္းရဲ႕
ၾကင္ယာေလာင္းဆိုတာရယ္...။

အို...ဆိုဖီယာ..ဆိုဖီယာ...
နင္ဟာစလာလာခ်င္းကို႐ွေတာ့တာပါလား...

သူမေခါင္းခါရင္းရယ္လိုက္မိသည္ ... ။

ဘာပဲျဖစ္ျဖစ္ လင့္ပစၥည္းမယားပိုင္တယ္ဆိုေတာ့
မင္းသားနဲ႔ယူၿပီးသြားရင္ သူလည္းဖက္ထုပ္ျဖဴေလးနဲ႔နည္းနည္းေတာ့ဆိုင္လာမယ္ထင္ပါတယ္ ... ။

ဆိုဖီယာက သူ႕အေတြးေလးနဲ႔သူ
ရယ္ေမာသေဘာက်ေန၏ ...

စားေသာက္လို႔လည္းၿပီးၿပီမို႔ သူမအတြက္ေပးထားတဲ့ ခန္းေဆာင္ထဲကိုဝင္လာခဲ့ေတာ့ တန္းေနေအာင္
ျမင္လိုက္ရတဲ့ပင္လယ္ႀကီး .... ။

အား...!

ဆိုဖီယာ အသည္းအသန္ေအာ္ၿပီး
ထိုင္ခ်လိုက္မိသည္ ။

နားႏွစ္ဖက္ကိုလက္နဲ႔အုပ္ထားရင္း မ်က္ႏွာကို
ဒူးေပၚအပ္ထားလ်က္နဲ႔ဆိုဖီယာ့ပုံစံက
အလြန္အမင္းေၾကာက္လန္႔ေနပုံပင္ ။

~~~~

ရိေပၚ ထမင္းစားခန္းမွာ
မင္းသမီးကိုအႏိုင္ပိုင္းလာရတာမို႔
ေျမာက္ႂကြေျမာက္ႂကြနဲ႔ အိပ္ခန္း႐ွိရာကို
ျပန္လာခဲ့သည္ ။

ကိုကို႔လက္ကိုတြဲထားဖို႔ကိုလည္း မေမ့ေလ်ာ့ခဲ့ ။

ထိုမင္းသမီးကိုၾကည့္ရတာ
ကိုကို႔ကိုစိတ္ဝင္စားပုံပဲ....

သူမေ႐ွ႕မွာကိုကို႔ကို ပိုင္ဆိုင္ေၾကာင္းျပရတာကို
ရိေပၚတကယ္ေပ်ာ္တယ္....

ခံစားခ်က္ကနည္းနည္းေတာ့ထူးဆန္းသား....

ရန္သူတစ္ေယာက္လိုသေဘာမထားႏိုင္ဘဲ
တစ္စုံတစ္ေယာက္ကိုစေနာက္ပီးအ႐ြဲ႕တိုက္သလိုသာ ခံစားေနမိသည္ ။

ဆိုဖီယာဆိုလား နာမည္က....

ဆိုဖီယာ စစလာခ်င္းပုံစံက အျမင္ကပ္ဖို႔ေကာင္းေပမဲ့ သူဆက္ပီးအျမင္မကပ္မိေပ....။

ထူးထူးဆန္းဆန္း ရင္းနီးဖူးသူတစ္ေယာက္လို
ခံစားေနကတာဘာလို႔ပါလိမ့္ .... ။

" အား....! "

ဒါ ဆိုဖီယာ့အခန္းကအသံပဲ ...

ဆိုဖီယာ့အခန္းက ရိေပၚအခန္းနဲ႔
ဟိုဘက္အစြန္း ဒီဘက္အစြန္းမို႔
ရိေပၚေအာ္သံၾကားၾကားခ်င္းေျပးသြားမိသည္ ။

ကိုကိုကလည္းသူ႕ေနာက္ကေနလိုက္လာသည္ ။

က်စ္..အေစာင့္ေတြဘယ္ေရာက္ေနလဲ...?!

အခန္းေ႐ွ႕ေရာက္ေတာ့ တံခါးပြင့္လ်က္သားအတိုင္း
အေပါက္ဝမွာပဲ ထိုင္ခ်ပီး တုန္ယင္ေနတဲ့ဆိုဖီယာကို
ေတြ႕လိုက္တာမို႔ ရိေပၚစိတ္ပူသြားသည္ကိုေတာ့
ဝန္ခံရမည္.. ။

" ဆိုဖီယာ ဘာျဖစ္တာလဲ "

"ငါ ပင္လယ္ကိုေၾကာက္တယ္ "

ေျပာရင္းသူ႕ရင္ခြင္ထဲကိုတိုးဝင္လာတဲ့သူမ...။

တကိုယ္လုံးေအးစက္ျဖဴေလ်ာ့ေနတဲ့သူမက
ေရစိုထားလို႔ပ်က္စီးေတာ့မဲ့ စကၠဴျဖဴေလးလို...

🌊🌧️🌊🌧️🌊🌧️ Tbc 🌊🌧️🌊🌧️🌊🌧️

Love you all my puqu ❤❤
Feedbackေလးေတြေမွ်ာ္လင့္မိတယ္...။

Continue Reading

You'll Also Like

299K 14.6K 94
Riven Dixon, the youngest of the Dixon brothers, the half brother of Merle and Daryl dixon was a troubled young teen with lots of anger in his body...
761K 20.6K 76
မင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခ...
135K 7.9K 94
"Great news! Wei WuXian has died!" "Wait- WHAT?!" "But I'm still here." The juniors (Lan Sizhui, Lan Jingyi, Jin Ling, and Ouyang Zizhen) accidentall...
383K 12.1K 88
"I have a secret, a well-kept secret for the last almost seven years. The real reason why I went into hiding." After years in a complicated relatio...