🎈 My Balloon 🎈
🐳 Episode - 2 🐳
ရှောင်ကျန့်ရဲ့အမြှီးလေးဟာ နာရီနဲ့ချီအောင်
လှုပ်ရှားကူးခတ်လာရတာမို့ အတော်လေးကို
ငြောင်းညာနာကျင်နေရပေမဲ့ သူဆက်ပြီး
ကူးခတ်နေမိသည်...ဒီကလေးလေးကုန်းပေါ်ပြန်ရောက်မှဖြစ်မယ်...
ကလေးငယ်လေးကတော့ သူလုပ်ပေးထားတဲ့
လေလုံးလေးထဲကနေသူ့ကိုငေးနေလေသည်ရှောင်ကျန့်က ရေသူတို့တတ်အပ်တာတွေကို
မသင်ကြားထားရတာမို့ လေလုံးကို
အကြာကြီးခံအောင်လည်းသူမလုပ်တတ်ပေ...ဒါ့အပြင် ရေအောက်ကမ္ဘာထဲက ကိစ္စရပ်တွေမှန်
သမျှကိုလည်းသူမသိပေ..တကယ်ဆို ဝတ်ကောင်းစားလှနဲ့ဒီ
လူသားကလေးကအဏ္ဏဝါဘုရင်ရဲ့သားတော်မှန်း ရေအောက်ထဲမှာရှိတဲ့
ရေသူတိုင်းသိကြပေမဲ့ ရှောင်ကျန့်မသိပေ................
နေလုံးဝကုန်ပြီးကောင်းကင်ကြီး
မဲမှောင်သွားချိန်မှာတော့ ရှောင်ကျန့်
ကုန်းမြေရှိရာကိုရောက်ရှိလာပြီဖြစ်သည်...သူကလေးလေးကို ကမ်းစပ်ထိတင်ပေးလိုက်တော့
ကလေးလေးက သူ့ကိုကုန်းပေါ်တက်လာရန်
ခေါ်လေသည်...သူခေါင်းယမ်းပြလိုက်ပြီးကလေးလေးကို
နှုတ်ဆက်လက်ပြလိုက်တော့ ကလေးလေးက
ရေထဲပြန်ဆင်းလာပြီးသူ့ကိုအတင်းဖက်ထားလေသည်...❆ ကိုကိုမသွားပါနဲ့ ❆
❆ ဘာလို့လဲ ကလေးလေးရဲ့...
ကိုကိုကကုန်းပေါ်တက်လို့မရဘူးလေ...
ကိုကိုသေသွားမှာပေါ့ ❆ရှောင်ကျန့်သူ့အမြှီးလေးကို ရေပေါ်ဖော်ပြရင်း
ပြောလိုက်သည်...❆ အဲ့တာဆို ရေကန်အကြီးကြီး
ဆောက်ပေးမယ်လေ ❆❆ ကလေးလေးရယ် ကိုကိုက
ပင်လယ်နဲ့ပဲသက်ဆိုင်တာလေ...❆
YOU ARE READING
🐚🎈 My Balloon 🎈🐚(H.I.A.T.U.S)
Fanfictionကုန်းမြေနဲ့ရေပြင်ကိုကိုယ်စားပြုတဲ့ အိမ်ရှေ့စံလေးဝမ်ရိပေါ်နဲ့ ရေသူထီးလေးရှောင်ကျန့်ရဲ့ချစ်ပုံပြင်လေးအကြောင်းပြောပြပါရစေ.... #Htet Ko ကုန်းမြေနဲ့ရေပြင်ကိုကိုယ်စားပြုတဲ့ အိမ်ရှေ့စံလေးဝမ်ရိပေါ်နဲ့ ရေသူထီးလေးရှောင်ကျန...