So far away(Completed)

By AliceYay-Zhang

164K 8.6K 720

ကိုယ်​ မင်းရှိရာကိုလာခဲ့​ပေမယ့် မင်းက ကိုယ်နဲ့ နီးလို့ မလာခဲ့ဘူး baby အစတည်းက မင်းက ကိုယ့်ရဲ့ဆန်ကျင်ဖက်ကို ​... More

Ep-1 Unicode
Ep-1 Zawgyi
Ep-2 Unicode
Ep-2 Zawgyi
Ep-3 Unicode
Ep-3 Zawgyi
Ep-4 Unicode
Ep-4 Zawgyi
Ep-5 Unicode
Ep-5 Zawgyi
Ep-6 Zawgyi
Ost song
Ep-7 Unicode
Ep-7 Zawgyi
Ep-8 Unicode
Ep-8 Zawgyi
Ep-9 Unicode
Ep-9 Zawgyi
Ep-10 Unicode
Ep-10 Zawgyi
Ep-11 Unicode
Ep-11 Zawgyi
Ep-12 Unicode
Ep-12 Zawgyi
Ep-13 Unicode
Ep-13 Zawgyi
Ep-14 Unicode
Ep-14 Zawgyi
Ep-15 Unicode
Ep-15 Zawgyi
Ep-16 Unicode
Ep-16 Zawgyi
Ep-17 Unicode
Ep-17 Zawgyi
Ep-18 Unicode ( The end )
Ep-18 Zawgyi ( The end )
Extra (R.E) Unicode
Extra (R.E) Zawgyi

Ep-6 Unicode

4.3K 317 32
By AliceYay-Zhang

"မချစ်ခဲ့ဘူးလား baby?"

"အင်း မချစ်ခဲ့ဘူး
နှုတ်ဆက်ခဲ့ပါတယ် darling!"

​ကျောခိုင်းပြီး ထွက်လာခဲ့တဲ့​နောက်မှာ
ကျန်ရစ်ခဲ့ရတဲ့သူ ဘယ်လိုခံစားရမလဲဆိုတာ
Jennie လုံးဝမသိသလို သိလည်းမသိချင်ဘူး

3နှစ်တာ​လောက် ချစ်ဟန်​ဆောင်ခဲ့ရတာ
အရမ်းကို မွန်းကြပ်ပြီး​တော့ ပင်ပန်း​နေပြီ​လေ







ကား​ပေါ်​ရောက်တဲ့အထိ
​မောင်းမထွက်နိုင်​သေးဘဲ ကား​လေး​ပေါ်မှာ
Jennie ထိုင်ပြီး စဥ်းစား​နေမိတယ်

*အရမ်းကိုအချစ်ခံခဲ့ရတာက
အားနာမိပြီး အပြစ်ရှိသလိုခံစားရတယ်

Darlingက Jennie နဲ့မထိုက်တန်တဲ့သူပါ
​ကောင်းတဲ့သူတစ်​ယောက်​ယောက်နဲ့​တွေ့ပြီး ​ပျော်ပါ​စေ*
















~~~~~~~~~~~~~~~~~~~~~~~

About 2 years ago<<<<<<








"Jennie!"

​သောက်​နေတဲ့ ဝိုင်ခွက်ထဲက လက်ကျန်ကို
​မော့မလို့ကြံတုန်း ​ဘေးမှာထိုင်​နေတဲ့ Ireneက
ဝိုင်ခွက်ကိုင်ထားတဲ့ Jennieရဲ့ လက်ကိုလာကိုင်တယ်

မနက်ဖြန်က Darlingနဲ့ Jennieတို့ရဲ့
1year aniversaryဖြစ်ပြီး​တော့ ဒါ​ပေမယ့်လည်း
အခု​ရောက်​နေတာက​တော့ Joyဆိုတဲ့သူငယ်ချင်းရဲ့​မွေး​နေ့...

"ဘာဖြစ်လို့လဲ Irene?
ငါ ဒီလက်ကျန်ကို​သောက်မှဖြစ်မယ်
အခု​လော​လောဆယ် ငါ့စိတ်​တွေမွန်းကြပ်​နေတယ်"

Ireneရဲ့လက်ကိုဖြုတ်လိုက်ပြီး
လပ်ကျန်ဝိုင်းကို အဆုံး ​မော့ချ​လိုက်​ပေမယ့်
ကြားလိုက်ရတဲ့ Irene ရဲ့စကား​​ကြောင့်
လည်​ချောင်ထဲပူထူ​နေတာက သီးတက်လာ​တဲ့အထိ

"နင်ငါ့ကိုချစ်​နေ​​သေးလား Jennie?"

"အဟွတ်~အဟွတ်~~!

နင်ဘာ​ပြောလိုက်တာလဲ Irene?"

"ငါတို့ UKမှာ ​စ​တွေ့ခဲ့ကြတာ​နော်?
​နောက်ပြီး အရမ်းရင်းနှီးတဲ့ သူငယ်ချင်း​တွေဖြစ်ခဲ့ကြတယ်

1နှစ်​​လောက်​နေ​တော့ နင့်ငါကိုချစ်တယ်လို့...

"ဒီစကား​တွေ နင်ဘာလို့ပြန်​ပြော​နေတာလဲ?
နင်ပဲ ငါ့ကိုအဲ့တုန်းက ခါးခါးသီးသီးငြင်းပစ်ခဲ့တယ်​လေ
သူငယ်ချင်း​တွေဖြစ်တဲ့အပြင် မိန်းက​လေးချင်းမို့ဆိုပြီး...

"ငါနင့်ကိုချစ်တယ် Jennie!"

Club partyဖြစ်တဲ့အတွက်
တီးလုံးသံ​တွေဆူညံ​နေ​ပေမယ့်လည်း
Irene​ပြောတဲ့စကား​တွေက လုံးဝကိုပြတ်သားပြီး
သီချင်းရဲ့စီးချက်နဲ့အတူ ရင်ကိုအဆမတန်ခုန်​စေတယ်

"နင် အခုမှဘာလို့လဲ?"

"ငါ နင့်ကို unnie Lisa လက်ထဲထည့်​ပေးပြီးမှ
နင့်ကို ဘယ်​လောက်ထိ ငါချစ်​နေမိမှန်းသိရတာ"

ငိုပြီး​ပြော​နေတဲ့ Ireneကိုမြင်ရတာ
Jennie ရင်ကို အဆမတန်နာကျင်လွန်းတယ်

အချစ်ဦးမှတ်လား

ရူး​​အောင်ချစ်ခဲ့ရသလို
​မေ့လို့လည်းမရနိုင်ခဲ့ဘူး​လေ
အထူးသဖြင့် အနားမှာရှိ​နေ​သေးတဲ့
သူငယ်ချင်း အဖြစ်နဲ့​​ပေါ့

"ငါ ဘယ်လိုလုပ်ရမလဲ Irene?
အခုအ​ခြေမှာငါက..

"နင်ငါ့ကိုချစ်တယ်မှတ်လား?
အဲ့တစ်ခုနဲ့တင် လုံ​လောက်​နေပြီ Jennie!
Unnieကို ချက်ချင်းဖြတ်ပစ်​ပေးဖို့
ငါ နင့်ကို​မ​တောင်းဆိုပါဘူး"

"နင့်ကို နာကျင်​စေရမှာ ငါမလိုလားဘူး​လေ"

"ရပါတယ် Jennieရယ်
ငါတို့ ​အေး​ဆေးအချိန်ယူကြတာ​ပေါ့"

"အင်း"

​သောက်ထားတဲ့အရှိန်​​ကြောင့်လားမသိ​ပေမယ့်
မျက်လုံးထဲမြင်​နေရတဲ့ Ireneရဲ့နှုတ်ခမ်းလေးက
Jennie ကိုသိပ်ဆွဲ​ဆောင်လွန်းတယ်

အလိုက်သိတဲ့နှုတ်ခမ်းတစ်စုံ​​ကြောင့်
လှပတဲ့အနမ်း​တွေကို Jennieပုံ​​ဖော်ခွင့်ရခဲ့တယ်






"အသစ်နဲ့ပါလား ?"

အနား​ရောက်လာတဲ့မိန်းက​လေး​ကြောင့်
Jennie တို့နမ်း​နေတာကို အဆုံးသတ်လိုက်တယ်

​မေးလာတဲ့သူကိုကြည့်လိုက်​တော့
လွန်ခဲ့တဲ့ လ ကမှ Ireneနဲ့ပျက်သွားတဲ့​ကောင်မ​လေး

"Honny!
နင် ဒီကိုဘာလာလုပ်တာလဲ?
ငါတို့ ဇာတ်လမ်းက ပြီးသွားပြီ​​လေ"

"နင်က အသသ်​တွေ့သွား​တော့
ငါ့ကို လုံးဝမလို​တော့ဘူး​ပေါ့ Irene?"







Irene နဲ့ အဲ့​ကောင်မ​လေးရဲ့
​ပြော​နေတဲ့စကား​တွေကြား Jennieငြိမ်​နေလိုက်တယ်

ဒါ​​​ပေမယ့်
​ပြောလာတဲ့စကားတစ်ခွန်းက

"နင့်အရာရာက ငါ့လက်နဲ့ထိ​တွေ့ခဲ့ရပြီးသားပါ
ငါ့ဖက်က ဘားမှ နစ်နာစရာမရှိဘူး Irene!
နင်​ရွေးလိုက်တဲ့အသစ်ဆိုတာ​က​တော့ သနားစရာပဲ

နင်က မိန်းမပျက်​လေ"

💢ခွမ်း💢

​ဘေးမှာ ချ​ပေးထားတဲ့ ဝိုက်ပုလင်းက
လုံးဝကို အဆင်သင့်နီးပါး ဖြစ်သွားခဲ့တယ်

အားပါပါနဲ့ ရိုက်ချက်မှာ
Honny ဆိုတဲ့ မိန်းက​လေးက
ဘာစကားမှမ​​ပြောနိုင်ဘဲ ​​ခေါင်းကသွေးတွေနဲ့အတူ
လဲကျသွား​ပေမယ့်​ရောက်လာကြတဲ့ လုံခြုံ​ရေး​တွေ​ကြောင့်
Irene လက်ကိုဆွဲပြီး ထွက်​ပြေးလာခဲ့လိုက်တယ်

















~~~~~~~~~~~~~~~~~~~~~~


"နင် Unnie lisaဆီမသွားတာ
​တော်​​တော်​လေးကို ကြာ​နေပြီမှတ်လား Jennie?"

ကုတင်​ပေါ်မှာ Jennieရင်ခွင်ထဲဝင်ပြီး
တင်းကျပ်စွာနဲ့ လူကို​ပွေ့ဖက်ထားတဲ့ Ireneက
မကြားချင်ဆုံးစကားတစ်ခွန်းကိုမှ ​ပြောလာတာမို့
စုတ်တစ်ချက်သပ်လိုက်တယ်

"သွား​စေချင်လို့လား ငါ့ကို?"

"​တောင်းပန်ပါတယ် ငါစကားမှားသွားလို့"

"ငါ့အနားမှာ နင်ရှိရင်ရပြီ Irene!
အခုလို​နေတာ အ​​ကောင်းဆုံးဖြစ်မှာပါ
သူလည်း ငါ့ကိုငြီး​ငွေ့​နေ​လောက်ပါပြီ"

ရင်ခွင်ထဲကIreneမော့ကြည့်လာ​တော့
သူမရဲ့နှဖူးကို ငြင်သာစွာ ငုံ့နမ်းလိုက်တယ်

ပြုံးပြတဲ့အပြုံးတစ်ခုက
Jennieကိုပါ အလိုအ​လျောက်ပြုံး​စေတယ်

"Ph လာ​နေတယ် ထင်တယ်"

​အပြုံးတစ်ခုမှာ အ​တွေးများ​နေတုန်း
Irene လှမ်းသတိ​ပေးလာတာ​ကြောင့်
​ဘေးက phကိုကြည့်လိုက်​တော့

"Unnie lisaမှတ်လား?"

"အင်း"

"ကိုင်လိုက်​လေ Jennie!
ငါ​​ရေသွားချိုးလိုက်ဦးမယ်"

"အကြာကြီးမချိုးနဲ့​နော်"

"စိတ်ချပါ"

ပါးကို လှစ်ခနဲနမ်းသွားတဲ့သူကို
Jennie ​အရူးတစ်​ယောက်လိုပြုံးပြီးကြည့်​နေမိတယ်

​ရေချိုးခန်းထဲ Irene ဝင်သွား​တော့
Jennie လာ​​နေတဲ့ phကိုကိုင်လိုက်တယ်

"Hello Darling?"

"Kim Jennie!
မင်း ငါ့အိမ်ကို အခုချက်ချင်းလာခဲ့ပါ"

ကြားလိုက်ရတဲ့အသံက
အရင်က​လိုမျိုး နားဝင်မချိုတာမို့
Jennie တစ်ချက် လန့်သွားမိခဲ့တယ်

"ဘာဖြစ်လို့လဲ?"

"ဘာလဲလို့ပြန်မ​​မေးနဲ့
ဘာလုပ်ထားလဲ ကိုယ့်ဟာကိုယ်သိရင်
အမြန်ဆုံး ငါ့ဆီကို လာခဲ့လိုက်ပါ"

ပြန်​ပြောမလို့ပဲရှိ​သေးတယ်
Ph ကျသွားတာမို့ Jennieလည်း
အိပ်ယာ​ပေါ်က​​နေဆင်းပြီး အဝတ်အစားလဲလိုက်တယ်

"Irene!
ငါ အပြင်ခဏသွားလိုက်ဦးမယ်
ပြန်လာခဲ့မယ် ညစာအတူစားမယ်​နော်"

​ရေချိုးခန်းတံခါးနားကပ်​ပြော​တော့
အထဲက​နေ Irene ရဲ့ ခွင့်ပြုချက်ရမှပဲ
Jennie ထွက်လာခဲ့လိုက်တယ်


















~~~~~~~~~~~~~~~~~~~~~~~


"​ရော့!"

စားပွဲ​ပေါ်ပစ်တင်​ပေးလိုက်တဲ့ဓါတ်ပုံ​တွေ

ဒါ​ပေမယ့် Jennieမျက်လုံးက​တော့
​ဒေါသထွက်​နေတဲ့ Darlingရဲ့အ​ပေါ်မှာ
အရင်ဆုံးကျ​ရောက်လာခဲ့တယ်

"ဓါတ်ပုံ​တွေထဲက မင်းမဟုတ်ပါဘူးလို့
Darlingကို ပြောစမ်းပါ babyရယ်"

ဘားမှပြန်မ​ပြော​သေးဘဲ
စားပွဲကိုကြည့်လိုက်​တော့ မြင်ရတာက

Irene နဲ့ Jennieတို့ရဲ့
1year aniversaryမှာDateတုန်းက
dinnerစားပြီးအပြန် ပန်းခြံထဲမှာလမ်း​လျှောက်ရင်း
နမ်း​နေကြခဲ့တုန်းကပုံ​တွေ

"အဲ့တာ baby မဟုတ်ဘူးလားဟင်?"

အနားမှာ ဒူး​ထောက်ပြီး
မျက်ရည်​တွေနဲ့​ပြောလာတဲ့ Darlingကို
Jennie တကယ့်စိတ်ရင်းနဲ့ သနားမိတာအမှန်ပါ

ဒါ​​ပေမယ့်လည်း...

"အဲ့ဒါ Jennie အစစ်ပါပဲ"

"မဟုတ်ဘူး baby!
ဘာလို့ ကိုယ့်အ​ပေါ်အဲ့​လောက်ရက်စက်ရတာလဲ?
ကိုယ်တို့ မနက်ဖြန်ဆို 2နှစ်ပဲပြည့်ပြီ
ဘာလို့ အခုလိုလုပ်ရက်ရတာလဲ Babyရယ်
ကိုယ့်ဖက်က ဘာ​တွေလိုအပ်ခဲ့လိုလဲ?
အားလုံး babyစိတ်တိုင်းကျလုပ်​ပေးမှာမို့
ခုလို​တော့ Darlingကို မရက်စက်ပါနဲ့လား?"

Jennieရဲ့ ​ခြေ​​​ထောက်​တွေကို
ကိုင်တွယ်ပြီး ငိုရင်း ​ပြောလာခဲ့တယ်

ဘယ်လိုပုံစံနဲ့ဒီအ​ခြေအ​နေမှာ
Jennie ရက်စက်နိုင်ရက်မှာလဲ

*​ဖြေး​​ဖြေးချင်းပဲ Jennie!
အဲ့လိုနည်းနဲ့ ထွက်သွားရ​အောင်

​အမြန်မလို​သေးဘူး*

"ကိုယ့်ကို မထားခဲ့ပါနဲ့​နော်?"

"Darlingကို Jennieမထားခဲ့ပါဘူး
​တောင်းပန်ပါတယ်​နော်"

"ဟင့်အင်း
ထွက်မသွားဘူးဆိုတာနဲ့တင် ရပါပြီ"

ဂုဏ်ကျက်သ​ရေနဲ့ပြည့်စုံပြီး​တော့
အရမ်းကို ရင့်ကျက်တည်ငြိမ်တဲ့
ဒီအမျိုးသမီးက Jennieရဲ့ရင်ခွင်ထဲမှာ
က​လေးတစ်​ယောက်လိုငို​နေလိမ့်မယ်လို့
ဘယ်သူက ထင်ထားမှာလဲ

*ဒီလိုမျိုးဆို
Jennieရုန်းထွက်ဖို့ခက်​နေမယ်Darlingရယ်

မချစ်ခဲ့ပါဘူးလို့​ပြောရင်
ဘယ်​လောက်ထိ စိတ်ထိခိုက်ပြီးနာကျင်သွားမလဲ

Jennieစခဲ့တဲ့ဇာတ်လမ်းကို
တစ်ချိန်​တော့ အဆုံးသတ်မှာပါ*

အ​တွေး​တွေနဲ့အတူ သက်ပြင်ချရင်း
Darlingရဲ့​နောက်​ကျောကို
အသာ​လေးပုတ်​ပေး​နေလိုက်တယ်




















To be continued.......

တစ်လှည့်စီသွားကြတာ​ပေါ့🤧❤
တစ်​ယောက်ချင်းစီ ​နောက်​ကြောင်းပြန်ကြမယ်






Continue Reading

You'll Also Like

168K 10.2K 29
(Unicode) Lalisa manoban ကို အရမ်းချစ်ပြီးတော့ အရမ်းလည်း ရစ်တတ်တဲ့ Jennie Kim ဆိုတဲ့ကောင်မလေးနဲ့ Jennie Kim နဲ့ ပတ်သက်ရင် အမြဲ အလွဲတွေ ဖြစ်ပြီး Jenn...
82.2K 5.1K 38
အရမ်းမချစ်မိစေနဲ့ အချစ်လွန်ရင်မုန်းရတတ်တယ် အဲ့လိုပါဘဲ အမုန်းလွန်သွားရင်လည်း ချစ်သွားတတ်တယ် နောက်ဆုံးတခုပြောချင်တာက အချစ်က ကစားစရာတခုမဟုတ်ဘူး ...
1.6M 121K 66
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...
87.6K 8.1K 34
အချစ်ဦးဆိုတာမျိုးကိုသိလား... လူတိုင်းလူတိုင်းဟာဘဝမှာလူတယောက်ကိုတော့ရူးရူးမူးမူးစွဲလန်းခဲ့ကြဖူးပါလိမ့်မယ်.. အဲ့လူကိုအချစ်ဦးလို့ခေါ်တယ်... Zawgyi # အ...