So far away(Completed)

By AliceYay-Zhang

164K 8.6K 720

ကိုယ်​ မင်းရှိရာကိုလာခဲ့​ပေမယ့် မင်းက ကိုယ်နဲ့ နီးလို့ မလာခဲ့ဘူး baby အစတည်းက မင်းက ကိုယ့်ရဲ့ဆန်ကျင်ဖက်ကို ​... More

Ep-1 Unicode
Ep-1 Zawgyi
Ep-2 Unicode
Ep-2 Zawgyi
Ep-3 Unicode
Ep-3 Zawgyi
Ep-4 Unicode
Ep-4 Zawgyi
Ep-5 Unicode
Ep-6 Unicode
Ep-6 Zawgyi
Ost song
Ep-7 Unicode
Ep-7 Zawgyi
Ep-8 Unicode
Ep-8 Zawgyi
Ep-9 Unicode
Ep-9 Zawgyi
Ep-10 Unicode
Ep-10 Zawgyi
Ep-11 Unicode
Ep-11 Zawgyi
Ep-12 Unicode
Ep-12 Zawgyi
Ep-13 Unicode
Ep-13 Zawgyi
Ep-14 Unicode
Ep-14 Zawgyi
Ep-15 Unicode
Ep-15 Zawgyi
Ep-16 Unicode
Ep-16 Zawgyi
Ep-17 Unicode
Ep-17 Zawgyi
Ep-18 Unicode ( The end )
Ep-18 Zawgyi ( The end )
Extra (R.E) Unicode
Extra (R.E) Zawgyi

Ep-5 Zawgyi

2.3K 143 14
By AliceYay-Zhang

"နင်​ပြော​တော့ ဒီ​နေ့မလာဘူးဆို?"

အချိန်အားဖြင့် မနက် 5နာရီဖြစ်ပြီး
Companyရဲ့ အစည်းအ​ဝေးခန်းမထဲဝင်လာတဲ့
lisa ကို chaeက ​​အံ့သြစွာနဲ့ မေးလိုက်ခြင်းဖြစ်တယ်

Lisa ဘားမှ ပြန်မ​ပြော​သေးဘဲ
ဥက္ကဌ​နေရာမှာ ဝင်ထိုင်လိုက်ပြီးတဲ့​နောက်
လက်ကို စားပွဲခုံ​​ပေါ် စုတင်ရင်း
ခေါင်းကိုပါ စိုက်ချထားမိလိုက်တယ်

"ဟဲ့ Lisa!
ဘာဖြစ်လာတာလဲ ?

နင်​မ​နေ့က​ပြော​တော့
Jennie နဲ့ aniversary အတွက်
ဒီ​နေ့ Bangkok ကိုသွားကြမှာဆို?
အဲ့ဒါ နင်က အခုဒီမှာ...

"Baby မအားဘူး chae!
သူ့ သူငယ်ချင်း​မွေး​နေ့မို့
မ​နေ့ ညတည်းက party သွားတာ
ဒီ​နေ့လည်း သူတို့သူငယ်ချင်း​တွေ​လျှောက်လည်ဦးမှာမို့
ငါတို့ မသွားဖြစ်​တော့ဘူး

အဲ့ဒါ​တွေထားပါ
အစည်းအ​ဝေးအတွက် အားလုံးပြင်ပြီးပြီမှတ်လား?"

"အင်း
နောက် နာရီဝက်​နေရင်
အားလုံး​ရောက်လာကြလိမ့်မယ်"

"​ကောင်းပြီ​လေ"

ရှယ်ယာရှင်​တွေ တ​​ဖြေ​​ဖြေး​ရောက်လာ​ကြတော့
Chae နဲ့ lisa တို့ စကားစ ပျက်သွားခဲ့တယ်

လုပ်ငန်းအတွက် ​ဆွေး​နွေး​နေကြရင်း
ခန်းမတံခါးကို ဝုန်းခနဲ့ ဖွင့်သံနဲ့အတူ
ဝင်လာတဲ့သူ​ကြောင့် အားလုံးအံ့သြသင့်​နေမိတဲ့အထိ

အဲ့ထဲမှာ Lisa နဲ့ chae တို့
အဆိုးဆုံးဖြစ်လိမ့်မယ်ထင်တယ်












"Darling!"

ကြည့်ရတာ မူး​နေပုံ​ပေါ်တဲ့babyက
Lisa ကို ရှယ်ယာရှင်​တွေကြားထဲမှာ
Darling လို့​ခေါ်လိုက်တာ​ကြောင့်
လူတစ်ကိုယ်လုံး ထူပူသွားခဲ့ရတယ်

"လိုက်ခဲ့"

Baby လက်ကိုဆွဲလိုက်တယ်
ဒါ​ပေမယ့် ဆက်ခနဲ့ ပုတ်ထုတ်လိုက်တဲ့
Baby ရဲ့ တခြားလက်တစ်ဖက်

"Darling နဲ့ လိုက်ခဲ့လို့​ပြော​နေတယ်​လေ
သွားကြရ​အောင် baby!"

ယိုင်နဲ့နဲ့ ဖြစ်​နေတဲ့ သူမကိုတွဲ​ခေါ်ရင်း
Lisa ရုံးခန်းထဲ ​ရောက်လာခဲ့ကြတယ်

















ဘယ်​လောက်​​သောက်ထားမှန်းမသိ
မူးပြီး​တော့ ဆိုဖာ​ပေါ်မှာအ်ပ်​ပျော်သွားတဲ့
Babyကို ဘားမှ ​မေးလို့ရမှာမဟုတ်လို့
အတူပါလာတဲ့ Irene ကို​မေး​လိုက်တယ်

"ဘာဖြစ်လာကြတာလဲ?"

"Unnie!
တကယ်​တော့​လေ Ireneတို့ထွက်​ပြေးလာတာ"

"ဘယ်ကလဲ?
ဘာဖြစ်ခဲ့ကြလို့လဲ?
ဘယ်သူ​တွေလိုက်လာလို့လဲ?"

"ဟို...

"Irene shi!"

နဂိုတည်းက baby နဲ့ပတ်သတ်ရင်
Lisa က လုံးဝ အထိအခိုက်မခံသူမို့
အခု Irene စကား လိုရင်းမ​ရောက်တာကို
ဒေါသတကြီးနဲ့ ​အော်မိတယ်

"​တောင်းပန်ပါတယ် unnie!

Jennie က club အပြင်မှာ
သူရဲ့ ရီးစား​ဟောင်းနဲ့​တွေ့​တော့
ဒီတိုင်း မိတ်​ဆွေလိုပဲ စကား​​ပြောကြတာပါ
အဲ့ဒါကို...

"အဲ့​တော့?"

"အဲ့တစ်​ယောက်ရဲ့ရီးစားက ရောက်လာပြီး
Jennie ကိုရန်လည်းစတယ် ပြသနာလည်းရှာတာနဲ့
သူ့ကို ​အရက်ပုလင်းနဲ့​ခေါင်းရိုက်ခဲ့ပြီးထွက်​ပြေးလာကြတာ"

"Babyက လား?"

"ဟုတ် unnie!"

အ​ကြောင်းစုံသိလိုက်ပြီးတဲ့​​နောက်မှာ​တော့
Lisa သက်ပြင်း အကြီး ကြီးကို ချမိတာပါ


















"Lisa!"

ဘာလုပ်ရမလဲ စဉ်းစား​နေတုန်း
Chae က အ​လောတကြီးနဲ့​ရောက်လာတယ်

"ဘာဖြစ်လာတာလဲ?"

"ရဲ​တွေ​ရောက်​နေတယ် lisa!
ဧကန္တ club မှာရန်ဖြစ်ခဲ့တယ်ဆိုတာ...

"ဒီက​လေး 2​ကောင်ပဲ chae!

ရဲ​တွေနဲ့ တရားလိုပါ ပါခဲ့ရင်
ဘေးက ရုံးခန်း​ဟောင်းထဲ ​ခေါ်ပြီး​တော့
ခဏ​လောက် ဧည့်ခံထားလိုက် chae!
ငါလိုက်လာခဲ့မယ်"

"ပြီး​ရော"

chae အခန်းထဲက ထွက်သွားတာနဲ့
ဘေးမှာ အိပ်​ပျော်​နေတဲ့ babyကိုတစ်လှည့်
ရှေ့မှာ ထိုင်​နေတဲ့ Ireneကိုတစ်လှည့်ကြည့်လိုက်တယ်

"နိုးလာခဲ့ရင် ဝန်ထမ်းတစ်​ယောက်​ယောက်ကို
သံပုရာရည်ဖြစ်ဖြစ် ဒီအထဲကို ယူလာ​ပေးဖို့မှာလိုက်​နော်

တို့ ဒီအဆိုး​လေးရဲ့ ပြသနာကို သွားရှင်းလိုက်ဦးမယ်"

"ဟုတ်ကဲ့ unnie!"




















"ဘယ်သူများလဲလို့"

Lisa ​ဘေးရုံးခန်းထဲ​ရောက်​ရောက်ချင်း
မဲ့ပြုံးတစ်ချက်ရယ် ခနဲ့တဲ့စကားတစ်ခွန်းရယ်နဲ့
စီးကြိုလိုက်သူကိုမြင်ပြီး ​မျက်ခုံး​​တွေကိုကျုံ့မိတယ်

ထိုင်ခုံ​မှာဝင်ထိုင်တဲ့အထိ
သူ့ရဲ့ မျက်လုံး​တွေက lisaဆီမှာပဲ

"Jinny!
နင်က ဘာလို့လဲ?"

"ဟိုအရိုင်းအစိုင်းမ​လေးက နင်နဲ့ဘယ်လိုများ
ပတ်သတ်လို့လဲ Lalisa Manoban shi?"

အရင်ရုံးခန်း​ဟောင်းဖြစ်တဲ့အတွက်
အခန်းပဲ ကျဉ်းလို့လားမသိဘူး

Lisa ရဲ့ ခုံကို ဝုန်းခနဲ ထုလိုက်သံက
တော်​တော်​လေးကိုကျယ်​လောင်သွားခဲ့တယ်

"Kim Jennie ကို ​နောက်တစ်ခါ
အခုလိုမျိုး မဆင်မခြင် မ​ပြောမိပါ​စေနဲ့ Jinny!"

"Okay ​လေ"

"နင်က တရားလိုလား?"

"​သေချာတာ​ပေါ့
အဲ့အရိုင်းအ...
Oh ! Sorry ​နော် lisa !

Jennie ​ခေါင်းရိုက်ခွဲလိုက်တဲ့သူက
တို့ရဲ့ ညီမ​လေး ပါ"

*baby ရယ်
တကယ့်ကို ဂြိုလ်အကြီးကြီး​ခေါ်လာတာပဲ*

နှုတ်ခမ်းကိုတင်းတင်း​​စေ့ရင်း
စိတ်ထဲက​နေ​ ​ပြောဆို​နေမိတယ်

"Jinny!

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ
အခုကိစ္စ​က အဲ့​လောက်ထိမကြီးကျယ်ဘူး​လေ
ငါတို့တစ်ခုခုနဲ့​ကျေ​​အေးလိုက်ရင်မ​ကောင်းဘူးလား?"

ထပ်ပြုံးပြတဲ့ အပြုံးက
မဲ့ပြုံးမဟုတ်​ပေမယ့် ယုတ်မာ​တော့မယ့်
အပြုံးလိုမျိုး lisa ခံစား​နေရတယ်

ထင်တဲ့ အတိုင်းပါပဲ
Jinny ဆိုတာ lisaအတွက်
ရာဇဝင်လုံးဝမရိုင်းသွားတဲ့ ဗီလိန်တစ်​ယောက်

"Kang ဆီက​နေ နင်ရသွားတဲ့​​မြေကွက်ကို
ငါ့ကို​ပေးလိုက်မယ်ဆိုရင်​တော့ အ​ဆင်​​ပြေမှာပါ"

"Lisa!
အဲ့ဒါ ​ပေးလိုက်လို့မဖြစ်ဘူး​နော်"

ဘယ်​လောက်အ​ရေးကြီးတဲ့အရာလဲဆိုတာ
ဘေးမှာရပ်​နေတဲ့ chaeကပါ ဝင်တားလာခဲ့တယ်

ဒါ​​ပေမယ့် babyအတွက်အ​ပေးအယူတဲ့အခါ
ဘယ်​တော့မှ တခြားအရာကို လက်မလှမ်းဘူးဆိုတာ
Chae က lisaကို ​ကောင်း​ကောင်းသိမှာပါ

"​ကောင်းပြီ Jinny!
ငါ အဲ့​မြေကွက်ကို​ပေးပါ့မယ်"

"​ဒါဆိုရင်​တော့
ငါ့ဖက်က အမှုကို​ကျေ​အေး​ပေးလိုက်ပါ့မယ်

ပြန်ခွင့်ပြုပါဦး​​နော်"

ရဲ​တွေနဲ့အတူ jinny ပြန်သွားတဲ့​နောက်
Babyဆီသွားဖို့ lisa လည်း ထိုင်​နေရာက ထလိုက်တယ်

"Lisa!"

လက်​မောင်းကိုလာကိုင်ပြီး
ပြောလာတဲ့ chae​ကြောင့် ​နောက်လှည့်ကြည့်​တော့

"ဘာလို့ အဲ့​​မြေကွက်ကို​​ပေးလိုက်ရတာလဲ?
အဲ့ဒါ နင့်အ​မေ ​ခေါင်းချခဲ့တဲ့​ အရင်အိမ်​​မြေကွက်​လေ"

"Chae!"

"နင်တကယ့်ကို ​ပြောင်းလဲသွားတယ်​နော်"

ဝမ်းနည်းနေတဲ့မျက်ဝန်း​တွေကို
Lisa တကယ် နားမလည်မိဘူး

Chae ရဲ့ပုခုံးကို အသာ​လေးပုတ်လိုက်ပြီး
စိတ်သက်သာ​ရာရ​အောင် ပြုံးပြလိုက်တယ်

"ငါနင့်ကို​​တော့ မ​မေ့သွားပါဘူး Chae!
တကယ် မ​မေ့ပါဘူး"

"အရူး!
ငါက နင် ငါ့ကို jennie​လောက်
အရင်လို မချစ်​တော့မှာ ပူလို့ ​ပြော​နေတာလား?

မဟုတ်ဘူး ​သေနာ​လေးရဲ့!
ငါနင့်အတွက်စိတ်ပူမိလို့​ပြော​နေတာ"

"ဘာကိုလဲ Chae?"

"ငါ​ပြောသင့်လား မသင့်လားမသိ​ပေမယ့်
နင်​တော့ အဲ့ဒါကို ​သိထားသင့်တယ်လို့...

"​ပြောစမ်းပါ chae ရာ!
ဘာဖြစ်လို့လဲ လို့ ?"

"Jennie က နင့်ကို
Irene နဲ့​အ​လောင်းအစားလုပ်ခဲ့တာ

ဒါ​ပေမယ့်
သူကလည်း နင့်ကိုသ​ဘောကျတယ်လို့​ပြောပါတယ်"

Lisa စိတ်ထိခိုက်မှာစိုးလို့
ပြာပြာသလဲ ထပ်ရှင်းပြတဲ့ chaeရဲ့
စကားအဆုံးမှာ ​ခေါင်းထဲ အ​တွေး​တွေဝင်လာခဲ့တယ်

ချစ်သူဖြစ်လာတဲ့ 1နှစ်လုံးမှာ
Babyကတစ်ခါတစ်​လေ အရမ်း​အေးစက်လွန်းတယ်
တစ်ခါ​တစ်​လေကျ​တော့လည်း ဆန့်ကျင်ဖက်ပဲ

*ဟင့်အင်း lisa!
အဲ့လို ဘယ်​​တော့မှထပ်မ​တွေးနဲ့*

ခေါင်းကိုခါပစ်လိုက်
အ​တွေး​တွေကိုထုတ်ပစ်လိုက်တယ်

"Lisa!"

"သ​​ဘောကျခဲ့တာပဲ chae!
အခု babyက ငါ့ကိုချစ်​နေမှာပါ

သေချာတယ်
သူ ငါ့ကို တကယ်ချစ်ပါတယ်"

"ဒါ​ပေမယ့် သ​ဘောကျခဲ့တာက...

"ငါ့ကို ဆုံးရှုံးရမယ့် အ​တွေး​တွေဝင်​စေတဲ့
ဘယ်စကားမှ မ​ပြောပါနဲ့ chae!

ငါအဲ့အရာကြီးကို​ ​သေမ​လောက်​ကြောက်တယ်"

"အင်း

အင်းပါ
ငါ စက်ရုံသွားလိုက်ဦးမယ်"

"စိတ်ဆိုးသွားတာလား chae?"

ခေါင်းသာ​ခါပြပြီး
နောက်လှည်မကြည့်ဘဲ ထွက်သွားတဲ့
Chaeကို မြင်ကွင်းတစ်ဆုံးကြည့်ပြီး
Lisa လည်း အခန်းထဲက ​နေထွက်လာခဲ့လိုက်တယ်





















"ဘယ်လို​နေ​သေးလဲ ငမူး​လေး?"

Lisaရဲ့ ရုံးခန်းထဲ​ရောက်​တော့
Ireneနဲ့ ရယ်ရယ်​မော​မော​စကား​ပြော​နေတဲ့
Baby ကို​ ​​ဘေးမှာဝင်ထိုင်ရင်း မေးလိုက်​တယ်

ဒါ​ပေမယ့် lisaရလိုက်တာက
အေးစက်စက်နဲ့ babyရဲ့ အပြုံး

"ဘာဖြစ်လို့လဲ baby?"

"ဟိုလူ​တွေ​ကော?"

"အားလုံးအဆင်​ပြေသွားပြီ baby!
နောက်ကျရင် အဲ့လို​တွေမလုပ်ပါနဲ့​နော်?"

"အမိန့်​ပေးတာကို Jennie လုံးဝမကြိုက်ဘူး
ဟိုဖက်က ရန်စတာကို ငြိမ်ခံ​နေရမယ် ဆိုလိုတာလား?"

ချက်ချင်း ​ဒေါသတကြီးနဲ့ မတ်တပ်ထရပ်ပြီး
အော်​ငေါက်သလို​ပြော​နေတဲ့ babyရဲ့စကား​​တွေမှာ
Lisa ဘားမှ ဝင်မ​ပြောဘဲ နှုတ်ဆိတ်​နေမိတယ်

"သူတို့ဖက်က ငြိမ်မခံနိုင်စရာလုပ်လာလို့
ပြန်ပြီး လက်တုံ့ပြန်လိုက်တယ်

အဲ့တာ ဘာဖြစ်လဲ?
Jennie မှားသွားလို့လား?"

"ရီးစား​ဟောင်းနဲ့ပတ်သတ်ပြီး​တော့
အ​ပြောခံရတာက အဲ့​လောက်ထိများ
မခံနိုင်စရာ​ကောင်းသွားလို့လား baby?"

ချစ်​ပေမယ့်
ငြိမ်​ခံ​​နေ​တော့လည်း နာကျင်​စေတယ်

အလိုမကျတာကို
အရဲစွန့်ပြီး​တော့ lisa ​မေးမိတယ်

"Jennieကို စိတ်ကွက်တာလား?"

"မဟုတ်ဘူး baby!
Darling ​ပြောတာ အဲ့လိုမဟုတ်ဘူး​လေ"

"စိတ်ထဲ အလိုမကျရင်
ရှေ့မဆက်ဘဲနဲ့ ဒီ​နေရာမှာပဲ ရပ်လိုက်ကြမလား?"

စကားမမှားတာ ကိုယ့်ဘာသာသိ​ပေမယ့်
Baby စိတ်ဆိုးမှာစိုးလို့ တောင်းပန်​​သော်လည်း
Lisa  ရလိုက်တာက အစမရှိ အဆုံးမရှိနဲ့
အမြဲလိုလိုကြား​နေရတဲ့ စကားတစ်ခွန်း

*ရပ်လိုက်ကြမယ်?*

အဲ့စကားထပ်မကြားမိ​အောင်
Lisa အမြဲ ဆင်ခြင်​နေခဲ့​​ပေမယ့်လည်း
ကိုယ်တိုင်က ညံဖျင်းခဲ့တယ်ထင်ပါတယ်

"ဘာလို့ ရပ်ရမှာလဲ?
Babyကို အရမ်းချစ်တာသိရက်နဲ့
အဲ့လို စကားမျိုး ​​ယောင်လို့​တောင်မှ
မ​ပြောပါနဲ့လား baby ရယ်

Darling ​တောင်းပန်ပါတယ်​နော်

နောက် baby မကြိုက်တာကို
လုံးဝ လုံးဝကို မလုပ်​တော့ပါဘူး"

ထိုင်​နေရာက​နေ ထလိုက်ပြီး
Baby ရဲ့​နောက်​ကျောက​နေ ခါးကိုဖက်တွယ်ရင်း
အသနားခံတဲ့စကား​တွေနဲ့ ​ချော့​နေမိတယ်

"Okay darling!"

"ခွင့်လွှတ်​ပေးတယ်မှတ်လား?"

"အင်း!"

ခုဏက​လောက် မ​အေးစက်​တော့​ပေမယ့်
အသက်မပါတဲ့ အဲ့အပြုံး​လေး တစ်ခုကိုပဲ
Lisa သ​ဘောကျ​နေမိတယ်

အမူး​ပြေစ အူ​​တူတူရုပ်​လေးကို
အသည်းယားလာတာမို့ ဆက်ခနဲ့
ဖိကပ်နမ်းလိုက်​တော့ baby ကရုန်းတယ်

"ဘာလို့လဲ baby?"

"Irene ရှိတယ်​လေ"

"သူက သူစိမ်းကျ​နေတာပဲ"

"ဘာပဲဖြစ်ဖြစ်

အဲ့ဆို baby အိမ်ပြန်နား​တော့မယ်
ခုဏကမှ အမူး​ပြေတာမို့ ​ရေချိုးပြီးနားချင်ပြီ"

ဆူပုတ်ပုတ်​လေးနဲ့ အက်ျီလက်စကိုဆွဲပြီး
ပြောလာတဲ့ babyက တကယ့်ကိုချစ်မဝ​လေးပါ

"Darling လိုက်ပို့​ပေးမယ်​လေ"

"ဟင့်အင်း မပို့နဲ့​တော့​လေ
Irene နဲ့ပဲ သွားလိုက်မယ် အိမ်ကို"

"အာ့ဆိုလည်း ဂရုစိုက်
ညကျ ဖုန်းဆက်မယ်​နော် baby!"

"အင်းပါ"

မေးဖျား​လေးကိုလှစ်ခနဲနမ်းပြီး
အခန်းထဲက​နေ​ပြေးထွက်သွားတဲ့ babyကို
Lisa ပြုံးပြုံးကြီးနဲ့ ရပ်ကြည့်​နေမိတယ်



"Unnie lisa!"

"ဟင်?
အော် Irene!"

"သွားပြီ​နော်"

"​အင်း 
ကောင်းကောင်းသွား​"

ရှက်ပြီး စကား​တောင်ထစ်မိတယ်

ဒါ​ပေမယ့် ဒီ​​နေ့ Lisa တို့ရဲ့ aniversaryက​တော့
နဂိုအတိုင်း မကျင်းပဖြစ်တာက မကျင်းပဖြစ်တာပါပဲ

*ပိုင်ဆိုင်ရဖို့အတွက်
လုံ​လောက်​အောင် သည်းခံ​ပေးတယ်​နော် baby!

ထား​တော့ မ​ထားခဲ့​လောက်ဘူးမှတ်လား?*




















To be continued.....

ဒီ Fic က မရှည်ပါဘူး​နော်
S1 တစ်ခုတည်းပါပဲ

မျက်လုံးကို ဂရုစိုက်​နေရတာမို့
ရေးတစ်ချက် မ​ရေးတစ်ချက်နဲ့
မ​နေ့က ​ရေးထားတာပါ​ပေါင်းပြီး​တော့
ဒိအပိုင်း​တော့ နည်းနည်းရှည်​ပေးလိုက်ပါတယ်❤

Fic က Spicy 2x ပါ😂🌸

Continue Reading

You'll Also Like

403K 16.3K 46
ကြယ်ကလေးတွေလည်း လင်းလက်နေပါသေးသည်။ လမင်းကြီးလည်း ထိန်ထိန်လင်းနေပါသေးသည်။ ငှက်ကလေးတွေလည်း ပျံဝဲနေပါသေးသည်။ လေကလေးတွေလည်း တိုက်နေဆဲသာ။ ချစ်သေးရဲ့လားတဲ့...
552K 12.4K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
65.7K 5.3K 27
Chae နဲ့အတူကုန်ဆုံးခဲ့ရတဲ့အချိန်တွေက မ ဘဝရဲ့အကောင်းဆုံးအချိန်တွေပါပဲ
534K 48K 143
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်