🐚🎈 My Balloon 🎈🐚(H.I.A.T...

By LeonAres_2020

68.8K 6.3K 242

ကုန်း​မြေနဲ့​ရေပြင်​ကိုကိုယ်​စားပြုတဲ့ ​အိမ်​​ရှေ့စံ​လေးဝမ်​ရိ​ပေါ်နဲ့ ​ရေသူထီး​လေး​ရှောင်​ကျန့်​ရဲ့ချစ်​ပြုံ... More

🐚🎈 MB - XZ 🎈🐚
🐚🎈 MB - XZ 🎈🐚
🐚🎈 MB - XZ 🎈🐚 Uni
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
Hello

🐚🎈 MB - XZ 🎈🐚 U&Z

1.2K 176 19
By LeonAres_2020

Unicode ver ~~

🎈 My Balloon 🎈

🐳 Episode - 17 🐳

ကျိရန် ဟောက်ရွှမ်ကိုစကားပြောဖို့စလိုက်စဥ်
ယူရီကိုရဲ့ မောင် ဆိုတဲ့ခေါ်သံကြောင့် သူမဘက်ကို
လှည့်ကြည့်လိုက်မိသည် ။

" ဒုန်း! "

ဘုရင်မကြီးက စားပွဲကိုလက်နဲ့ထုလိုက်တာမို့
အလိုလိုမှတိတ်ဆိတ်နေတဲ့ ညစာဝိုင်းက
ပိုမိုတိတ်ဆိတ်သွားလေသည် ။

" အတင့်ရဲလိုက်တာ
ဘယ်သူ့ကို မောင် လို့ခေါ်တာလဲ
ဒါကဒီတိုင်းပြည်တစ်ခုလုံးရဲ့ကိုယ်ရံတော်ချုပ်
မင်းလို့အပျိုရံတစ်ယောက်ရဲ့ပါးစပ်က
ဖြစ်သလိုခေါ်ရလောက်တဲ့ အဆင့်အတန်းမဟုတ်ဘူး"

ဘုရင်မကြီးရဲ့စကားကြောင့် ယူရီကိုက
နောက်ကိုဆုတ်သွားပြီး ခေါင်းငုံ့ထားလေသည် ။

" တောင်းပန်ပါတယ် ဘုရင်မကြီး
ကျွန်မရဲ့ဆုံးမမှုညံ့ဖျင်းသွားတာကြောင့်ပါ"

မင်းသမီးက ကိုယ်စားတောင်းပန်ပေးပြီးတော့မှ
ယူရီကို ကို တချက်လှည့်ကြည့်ပြီး ခန်းဆောင်အပြင်ဘက်ထွက်ရန်မျက်ရိပ်ပြလေသည် ။

ထို့နောက် မင်းသမီးက သူမလုပ်လက်စကိုဆက်လုပ်လေသည် ။

သူမဘာလုပ်တာလဲဆိုတော့
သူမရဲ့ခင်ပွန်းလောင်း အိမ်ရှေ့စံဝမ်ရိပေါ်ရဲ့ဘေးက
ဖြူဖြူဖွေးဖွေးဖက်ထုပ်လေးကိုငမ်းနေခြင်းပင် ။

မင်းသမီးရဲ့နာမည်က ဆိုဖီယာ ။

ဆိုဖီယာကငယ်ငယ်ထဲက တစ်ဦးတည်းသောအကိုဖြစ်သူကိုဆုံးရှုံးထားရတာမို့ သွေးအေးရက်စက်တတ်တဲ့ မိန်းမပျိုတစ်ယောက်ဖြစ်လာခဲ့သည် ။

သူမရဲ့တိုင်းပြည် သူမရဲ့ပြည်သူတွေအတွက်နဲ့
သူမ အကိုတော်ရဲ့အသက်အတွက် သူမလုပ်သင့်တာကိုလုပ်ရမယ် ။

ဒါပေမဲ့ ခဏလောက်အဲ့ကိစ္စတွေကိုမေ့ထားပါရစေ

ဆိုဖီယာ ဖက်ထုပ်လေးကိုငေးနေရင်းနဲ့
ဖက်ထုပ်လေးရဲ့နှုတ်ခမ်းကမှဲ့လေးကိုသတိထားမိသည် ။

တစ်နေရာရာမှာဆုံဖူးသလားဖက်ထုပ်လေး ။

.......

ရိပေါ် ကိုကို့ကိုအသေငမ်းနေတဲ့မင်းသမီးကြောင့်
ကိုကို့ကိုပုခုံးကနေဆွဲပြီးရင်ခွင်ထဲသွင်းလိုက်မိသည်

မင်းသမီးက သူလုပ်တာကိုမြင်တော့
သူ့ကိုမျက်စောင်းတွေကြီးပိတ်ထိုးနေလေရဲ့ ...

ကိုကိုကလည်းအလိုက်သင့်လေးသူ့ရင်ခွင်ကိုမှီပြီး
ငြိမ်နေတာမို့ ရိပေါ်ဂုဏ်ဆာနေတဲ့မျက်နှာထားနဲ့
မင်းသမီးကိုမျက်ခုံးတစ်ဖက်ပင့်ပြလိုက်သည် ။

မင်းသမီးက သူ့ကိုအလွန်ဒေါသဖြစ်သွားဟန်တူသည် ။

မျက်နှာများနီရဲလာပြီး သူ့ကိုပြာကျမတတ်အကြည့်တွေနဲ့ကြည့်နေသည် ။

ရိပေါ်ကလည်း မင်းသမီးကို
"Ko Ko is Mine" ဆိုတဲ့အကြည့်နဲ့ပြန်ကြည့်ရင်း
နှစ်ယောက်သား အကြည့်ချင်းစစ်ခင်းနေလျက် ။

............

" ဟောက်ရွှမ် "

ကျိရန်ကခေါ်လိုက်တော့ငြိမ်ငြိမ်လေးစွတ်ပြုတ်သောက်နေတဲ့ဟောက်ရွှမ်က ကျိရန်ကိုမော့ကြည့်လာသည် ။

" ကိုယ်တောင်းပန်ပါတယ် ကိုယ်အခုကစပြီး
မင်းအပေါ်မှာပဲဂရုစိုက်ပေးပါ့မယ်"

ကျိရန်ကပြောတော့ မျက်လုံးလေးတွေမှိတ်ကျသွားသည်အထိပြုံးပြလာတဲ့ ဟောက်ရွှမ် ။

ဒီကောင်လေးတကယ်ချစ်ဖို့ကောင်းတာပဲ....။

..............

ပြောင်းလဲသွားတဲ့အခြေနေတွေကြားမှာ
ရင်တထိတ်ထိတ်ဖြစ်နေရတဲ့အစေခံတွေ ။

မင်းသမီးကလည်းအစောတုန်းကလို
အိမ်ရှေ့စံကို အကို တွေဘာတွေမခေါ်တော့ဘူး

ဝက်ရိပေါ် တဲ့။ နာမည်လေးကလှချက်ပဲ ....

အိမ်ရှေ့စံကလည်း မင်းသမီးကိုဂျပုမတဲ့ ။

မင်းသမီးက တကယ်လည်းပုသကိုး

စရောက်လာတဲ့နေ့တုန်းကဂါဝန်ရှည်ကြီးနဲ့မို့
မသိသာပေမဲ့ ရိုးရိုးရှင်းရှင်းဂါဝန်လေးတွေဝတ်လိုက်တော့ သူမစီးထားတဲ့ သုံးလက်ဒေါက်ကြီးက
အထင်းသား ။

အဲ့ဒေါက်ဖိနပ်သာမပါရင်သူမက
တကယ့်ကိုပုပုလုံးလုံးလေး ။

မင်းသမီးဟာ ဒီနိုင်ငံကို အိမ်ရှေ့စံနဲ့လက်ထပ်ဖို့လာတာလား အိမ်ရှေ့စံနဲ့ရန်ပြိုင်ဖြစ်ဖို့လာတာလားဆိုတာမသဲကွဲ ။

အိမ်ရှေ့စံလစ်ရင်လစ်သလို အိမ်ရှေ့စံရဲ့
အသည်းအူပွတ်ကလေးကို မ မ သွားတတ်သေးသည် ။

🌊🌧️🌊🌧️🌊🌧️ Tbc 🌊🌧️🌊🌧️🌊🌧️

လောင်းတိုင်းနို့ဆီ😆
Do you miss me ?
နောက်တပိုင်းက ညနေ ဒါမှမဟုတ် မနက်ဖြန်
တင်ပေးမယ်နော် အပ် လာတောင်းတဲ့
ဒါဒါလေးတွေ ချစ်တယ်နော် ❤

Zawgyi ver ~~~

🎈 My Balloon 🎈

🐳 Episode - 17 🐳


" ဒုန်း! "


" အတင့်ရဲလိုက်တာ












.......







............

" ဟောက်ရွှမ် "





..............



ဝက်ရိပေါ် တဲ့။ နာမည်လေးကလှချက်ပဲ ....



အထင်းသား ။




🌊🌧️🌊🌧️🌊🌧️ Tbc 🌊🌧️🌊🌧️🌊🌧️

လောင်းတိုင်းနို့ဆီ😆
Do you miss me ?

Continue Reading

You'll Also Like

1.1M 38.2K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
196K 19.2K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
246K 8.8K 99
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
669K 33.7K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...