အတွေးစတွေကိုဘေးချိတ်ကာ မင်းဒင်ကို
အချုပ်ခန်းထဲသော့ခတ်ခိုင်းထားတဲ့ မဟူရာ...
''X ကြီး..သူ့ညီ သစ်ထူးဆိုတဲ့ကောင်ကို ရှာထား.. ငါနဲ့စားရင်းရှင်းရမယ်။''
''ဟုတ်ကဲ့ boss..''
မှာစရာရှိတာမှာပြီး... အိမ်ကြီးထဲ ပြန်ဝင်သွားတဲ့ မဟူရာ သူချစ်ရသူအိပ်စက်နေတဲ့ကုတင်ဘေး ဝင်ထိုင်ရင်း..
''ငယ်လေး သတိမရသေးဘူးလားကွာ..ကိုယ့်အရမ်းလွမ်းနေရပြီ။ငယ်မရှိတဲ့ ဒီနေ့ရက်တွေက ကိုယ့်အတွက် ခြောက်သွေ့လှတဲ့ ကန္တာရလိုပဲ..
ရှင်သန်ခြင်း အိုအေစစ်လေးက အနားမရှိတော့ ကိုယ်ရဲ့အသက်ရှူနှုန်းတွေက အဓိပ္ပါယ်မရှိသလိုပဲ ငယ်ရာ။''
မဟူရာ ရဲ့စကားတွေကိုတော့ အိပ်စက်နေတဲ့ကောင်လေးကြားနိုင်မယ်မထင်ပါ။
သစ်ထူးဆိုတဲ့ပေတိပေစုတ် ဂျစ်ကန်ကန်နဲ့
ကောင်ကတော့ အမြဲပြသနာရှာနေကြ..
ဒီနေ့လည်း barမှာ ပြသနာရှာခဲ့ပြန်ပြီလေ။
အကိုအားကိုးနဲ့ မိုက်ကန်းနေတဲ့ဒီငနဲလေးက မိန်းမလည်းပွေရှုတ်တတ်သေး။
သူ့ကြောင့် ဘဝပျက်ခဲ့ရတဲ့ ပန်းလေးတွေ
နည်းတော့တာမဟုတ်ဘူး။
ဒါကြောင့် မဟူရာဘက်က သူ့လိုလူမျိုးကို
လောကထဲက အပြီးအပိုင်ထုတ်ပြစ်ဖို့ စဥ်းစားထားပုံပဲ။
မိုးချုပ်ပြီဖြစ်တဲ့အတွက် ငှက်ကလေးများလည်း အိပ်တန်းပြန်ချိန်ရောက်ပြီလေ..နေဝန်းကြီးလည်း.. အနောက်ရပ်ကိုပြန်ပြီး...မာဂျူရီညမီးတိုင်များလင်းလို့လာကြချိန် ရန်ကုန်မြို့ကြီးရဲ့ ညတာဟာအလုပ်ပြန်သူတွေနဲ့ရှုတ်နေခဲ့ပြန်တယ်။
နေ့စဥ် အလုပ်ထဲမှာစိတ်ပင်ပန်းခဲ့ရပေမဲ့
စစ်မဟာ အိမ်ပြန်ရောက်ရင် သူ့ရဲ့အသက်ဘူးလေးကိုမြင်ရတဲ့အတွက် ပင်ပန်းသမျှအဝေးကိုပြေးထွက်သွားသလို လွန်းက
သူ့အပေါ်စိုးမိုးနိုင်လွန်းတယ်။
ခုလည်း..''ကိုကို မောနေပြီလားဟင် ကလေးရေခပ်ပေးမယ်နော်..''
ရေအေးအေးလေး ခပ်ပေးမယ်ထင်ပေမဲ့..
လက်ထဲအမှန်တကယ်ယူလာခဲ့တာက
သံပုရာရည်အေးအေးလေးတခွက်ဖြစ်လို့နေပြန်တယ်။
''အာ..ကိုကို့ရဲ့ ခလေးကအလိုက်သိတတ်လိုက်တာ..''
''သိရမှာပေါ့..ကိုကိုကအလုပ်ကြိုးစားနေရတာမဟုတ်လား..ဒါကြောင့် ကလေးဘက်ကလည်း အလိုက်သိရမှာပေါ့။
ကိုကိုပင်ပန်းလွန်းရင် ကလေးက ကိုကို့ဘေးနားက ဖေးမသင့်တာဖေးမရမှာ..မဟုတ်လား''
''ဟုတ်ပါပြီ..ကိုကို့ရဲ့ကလေးရယ်..''
''အဲ့ဒါဘာဖြစ်လို့လည်းသိလား..ကိုကို..''
''မသိဘူးကလေး..ဘာဖြစ်လို့လဲ။''
မျက်နှာကို ပြုံးစိစိနဲ့ ပြန်လုပ်နေတဲ့စစ်မဟာကြောင့်..
''ကိုကို..အဲ့ဒါ ကလေးက ကိုကို့ကိုချစ်လို့လေ..''
နှုတ်ခမ်းကြီးက စပြီးစူပုပ်စပြုလာပြီလေ..
''အာ..ကိုကိုကစတာပါ ကလေးရယ်
ကိုကိုသိတာပေါ့..ကလေးက ကိုကို့ကို အရမ်းချစ်တယ်ဆိုတာ။''
''လာပါအုံး ကိုကိုဆီ..''
''မလာဘူး..သွား..လာမခေါ်နဲ့..''
''ဟော်ကြည့် စိတ်ကောက်ပြန်ပြီ အမွှေစိန်
လေးရယ်။''
စစ်မဟာလွန်းပေးထါးတဲ့ သံပုရာရည်ကို
ကုန်အောင်မော့ပြစ်လိုက်ပြီး..သူ့ကလေးထိုင်နေတဲ့ဆီ ရှောက်သွားမိပြန်တယ်။
ကောက်ပွေ့လိုက်တဲ့အတွက် လန့်ပြီး စစ်မဟာလည်တိုင်လေးကို ဖက်တွယ်မိပြန်တဲ့
လွန်း..''အာ့..ကိုကိုကလန့်အောင်အရမ်းလုပ်တာပဲ မပြောမဆိုနဲ့ကောက်ပွေ့ရသလား။''
''ချစ်လို့..ချစ်လို့လေ ကိုကိုရဲ့ကလေးလေးရဲ့..''
''ဟွန့်အွန်း..ဖယ်ပေး..ရေမချိုးရသေးပဲ
ကလေးကိုမနမ်းနဲ့..ညစ်ပတ်အိုးကြီး..ဖယ်''
''ကိုကိုကသန့်ပြီးသားပါ..ကလေးရဲ့..''
''ဟွန့်..ချွေးစော်တွေနံတယ် သွားရေသွားချိုးခု..''
''ချွဲစိန်လေးကြောင့် ကိုကို နေရခက်လာပြီ
ကလေးရာ။''
''လူကြီး..ရေမချိုးရင် ဒီည ကလေးနဲ့အိပ်ဖို့မစဥ်းစားနဲ့.. ဒါပဲ..သွား..သွားသွား..ညစ်ပတ်ရင် အနားမလာနဲ့..''
လက်သေးသေးလေးတွေနဲ့ ရေချိုးခန်းထဲ တွန်းပို့နေရှာတဲ့ လွန်းကြောင့်..''ဟုတ်ပြီ..ဟုတ်ပြီ.. ကိုကိုရေချိုးမယ်နော် ကလေး ကိုကိုအတွက် အင်ကျီယူထားပေး။''
''အွန်း...ရေချိုးတော့..''
စစ်မဟာကတော့ရေချိုးခန်းထဲ ရေချိုးနေပါရဲ့..သူ့ကလေးကတော့ သူ့အတွက် အင်ကျီတွေရွေးပြီး အပြင်မှာစောင့်နေပါရဲ့။
ရေချိုးခန်းတံခါးလေးအသာဖွင့်ပြီး..''ကလေး ကိုကို့ဆီ သပတ်ပေးအုံး။''
''လူကြီး ဒီမှာရော့..''
ကမ်းပေးလါတဲ့ သပတ်ကိုယူပြီး ကိုယ်မှာပတ်ကာထွက်လာတဲ့
စစ်မဟာ..
''ကလေး..ကိုကိုရေချိုးပြီးပြီလေ..အနားကပ်လို့ရပြီလား။''
''ဟွန့်..လူကြီး..ဘာဆိုင်လို့လဲ..''
အင်ကျီကြယ်သီးတွေကိုတပ်ပေးနေတဲ့လွန်းရဲ့လက်လေးတွေကို အသာဆွဲလိုက်ပြီး..လည်ပင်းသားတွေကို လျှာဖျားလေးနဲ့ထိုးဆင်းလာတဲ့စစ်မဟာကြောင့်.. ''အ့''
ကုတင်ပေါ် ပစ်လှဲချလိုက်တဲ့လက်တွေက
ခဏအတွင်း ဘာတွေဘယ်လိုလုပ်လိုက်မှန်းမသိအောင်..လွန်းရဲ့အင်ကျီလေး ကြယ်သီးတွေတောင်ပြုတ်ကုန်ပြီလေ။
ရင်ဘတ်က ပွင့်ချပ်လေးတွေကို စုပ်ယူလိုက်ချိန်..''အာ့ဟာ...ဟင်..အာ့..''
''ကိုကို..''
စစ်မဟာရဲ့လုပ်ရပ်ကြောင့် လွန်းရဲ့ ညည်းသံလေး ထွက်ပေါ်လာပြန်တယ်။
ပွင့်ချပ်တွေကို အားပါပါ စုပ်ယူလေ အသံလေးကပိုထွက်လေဆိုတော့..အကြိုက်တွေ့နေသူကတော့ စစ်မဟာပဲလေ..
သူ့ကလေးက အတိတ်မေ့ပြီးတဲ့နောက်ပိုင်းမှ သူပြုသမျှလက်ခံပေးတာ။
အရင်လိုပုံစံအတိုင်းဆိုရင် ဒီလိုလုပ်ရဖို့မပြောနဲ့ အခန်းထဲဝင်ရင်တောင်မောင်းထုတ်တတ်တာ။
စစ်မဟာလောဘကြီးကြီးပဲ ဆုတောင်းနေဆဲ..သူ့ကလေး အတိတ်မေ့ရောဂါ အမြဲတမ်းပဲဖြစ်နေပါစေလို့။
ရှိုက်သံတွေ ထွက်ပေါ်နေတဲ့ အိပ်ခန်းလေးထဲမှာတော့ ဒီနေ့ညရဲ့ ညလယ်ထိ ဒီအသံတွေကရပ်တန့်အုံးမှာမဟုတ်ပေ။
''အာ့..ကိုကို..''
''ကလေး..ကိုကို ကြမ်းပြီနော်..''
mp Rockeain
Zawgyi