So far away(Completed)

By AliceYay-Zhang

164K 8.6K 720

ကိုယ်​ မင်းရှိရာကိုလာခဲ့​ပေမယ့် မင်းက ကိုယ်နဲ့ နီးလို့ မလာခဲ့ဘူး baby အစတည်းက မင်းက ကိုယ့်ရဲ့ဆန်ကျင်ဖက်ကို ​... More

Ep-1 Unicode
Ep-1 Zawgyi
Ep-2 Unicode
Ep-2 Zawgyi
Ep-3 Unicode
Ep-3 Zawgyi
Ep-4 Unicode
Ep-4 Zawgyi
Ep-5 Zawgyi
Ep-6 Unicode
Ep-6 Zawgyi
Ost song
Ep-7 Unicode
Ep-7 Zawgyi
Ep-8 Unicode
Ep-8 Zawgyi
Ep-9 Unicode
Ep-9 Zawgyi
Ep-10 Unicode
Ep-10 Zawgyi
Ep-11 Unicode
Ep-11 Zawgyi
Ep-12 Unicode
Ep-12 Zawgyi
Ep-13 Unicode
Ep-13 Zawgyi
Ep-14 Unicode
Ep-14 Zawgyi
Ep-15 Unicode
Ep-15 Zawgyi
Ep-16 Unicode
Ep-16 Zawgyi
Ep-17 Unicode
Ep-17 Zawgyi
Ep-18 Unicode ( The end )
Ep-18 Zawgyi ( The end )
Extra (R.E) Unicode
Extra (R.E) Zawgyi

Ep-5 Unicode

4.6K 310 15
By AliceYay-Zhang

"နင်​ပြော​တော့ ဒီ​နေ့မလာဘူးဆို?"

အချိန်အားဖြင့် မနက် 5နာရီဖြစ်ပြီး
Companyရဲ့ အစည်းအ​ဝေးခန်းမထဲဝင်လာတဲ့
lisa ကို chaeက ​​အံ့သြစွာနဲ့ မေးလိုက်ခြင်းဖြစ်တယ်

Lisa ဘားမှ ပြန်မ​ပြော​သေးဘဲ
ဥက္ကဌ​နေရာမှာ ဝင်ထိုင်လိုက်ပြီးတဲ့​နောက်
လက်ကို စားပွဲခုံ​​ပေါ် စုတင်ရင်း
​ခေါင်းကိုပါ စိုက်ချထားမိလိုက်တယ်

"ဟဲ့ Lisa!
ဘာဖြစ်လာတာလဲ ?

နင်​မ​နေ့က​ပြော​တော့
Jennie နဲ့ aniversary အတွက်
ဒီ​နေ့ Bangkok ကိုသွားကြမှာဆို?
အဲ့ဒါ နင်က အခုဒီမှာ...

"Baby မအားဘူး chae!
သူ့ သူငယ်ချင်း​မွေး​နေ့မို့
မ​နေ့ ညတည်းက party သွားတာ
ဒီ​နေ့လည်း သူတို့သူငယ်ချင်း​တွေ​လျှောက်လည်ဦးမှာမို့
ငါတို့ မသွားဖြစ်​တော့ဘူး

အဲ့ဒါ​တွေထားပါ
အစည်းအ​ဝေးအတွက် အားလုံးပြင်ပြီးပြီမှတ်လား?"

"အင်း
​နောက် နာရီဝက်​နေရင်
အားလုံး​ရောက်လာကြလိမ့်မယ်"

"​ကောင်းပြီ​လေ"

ရှယ်ယာရှင်​တွေ တ​​ဖြေ​​ဖြေး​ရောက်လာ​ကြတော့
Chae နဲ့ lisa တို့ စကားစ ပျက်သွားခဲ့တယ်

လုပ်ငန်းအတွက် ​ဆွေး​နွေး​နေကြရင်း
ခန်းမတံခါးကို ဝုန်းခနဲ့ ဖွင့်သံနဲ့အတူ
ဝင်လာတဲ့သူ​ကြောင့် အားလုံးအံ့သြသင့်​နေမိတဲ့အထိ

အဲ့ထဲမှာ Lisa နဲ့ chae တို့
အဆိုးဆုံးဖြစ်လိမ့်မယ်ထင်တယ်












"Darling!"

ကြည့်ရတာ မူး​နေပုံ​ပေါ်တဲ့babyက
Lisa ကို ရှယ်ယာရှင်​တွေကြားထဲမှာ
Darling လို့​ခေါ်လိုက်တာ​ကြောင့်
လူတစ်ကိုယ်လုံး ထူပူသွားခဲ့ရတယ်

"လိုက်ခဲ့"

Baby လက်ကိုဆွဲလိုက်တယ်
ဒါ​ပေမယ့် ဆက်ခနဲ့ ပုတ်ထုတ်လိုက်တဲ့
Baby ရဲ့ တခြားလက်တစ်ဖက်

"Darling နဲ့ လိုက်ခဲ့လို့​ပြော​နေတယ်​လေ
သွားကြရ​အောင် baby!"

ယိုင်နဲ့နဲ့ ဖြစ်​နေတဲ့ သူမကိုတွဲ​ခေါ်ရင်း
Lisa ရုံးခန်းထဲ ​ရောက်လာခဲ့ကြတယ်

















ဘယ်​လောက်​​သောက်ထားမှန်းမသိ
မူးပြီး​တော့ ဆိုဖာ​ပေါ်မှာအ်ပ်​ပျော်သွားတဲ့
Babyကို ဘားမှ ​မေးလို့ရမှာမဟုတ်လို့
အတူပါလာတဲ့ Irene ကို​မေး​လိုက်တယ်

"ဘာဖြစ်လာကြတာလဲ?"

"Unnie!
တကယ်​တော့​လေ Ireneတို့ထွက်​ပြေးလာတာ"

"ဘယ်ကလဲ?
ဘာဖြစ်ခဲ့ကြလို့လဲ?
ဘယ်သူ​တွေလိုက်လာလို့လဲ?"

"ဟို...

"Irene shi!"

နဂိုတည်းက baby နဲ့ပတ်သတ်ရင်
Lisa က လုံးဝ အထိအခိုက်မခံသူမို့
အခု Irene စကား လိုရင်းမ​ရောက်တာကို
​ဒေါသတကြီးနဲ့ ​အော်မိတယ်

"​တောင်းပန်ပါတယ် unnie!

Jennie က club အပြင်မှာ
သူရဲ့ ရီးစား​ဟောင်းနဲ့​တွေ့​တော့
ဒီတိုင်း မိတ်​ဆွေလိုပဲ စကား​​ပြောကြတာပါ
အဲ့ဒါကို...

"အဲ့​တော့?"

"အဲ့တစ်​ယောက်ရဲ့ရီးစားက ရောက်လာပြီး
Jennie ကိုရန်လည်းစတယ် ပြသနာလည်းရှာတာနဲ့
သူ့ကို ​အရက်ပုလင်းနဲ့​ခေါင်းရိုက်ခဲ့ပြီးထွက်​ပြေးလာကြတာ"

"Babyက လား?"

"ဟုတ် unnie!"

အ​ကြောင်းစုံသိလိုက်ပြီးတဲ့​​နောက်မှာ​တော့
Lisa သက်ပြင်း အကြီး ကြီးကို ချမိတာပါ


















"Lisa!"

ဘာလုပ်ရမလဲ စဥ်းစား​နေတုန်း
Chae က အ​လောတကြီးနဲ့​ရောက်လာတယ်

"ဘာဖြစ်လာတာလဲ?"

"ရဲ​တွေ​ရောက်​နေတယ် lisa!
ဧကန္တ club မှာရန်ဖြစ်ခဲ့တယ်ဆိုတာ...

"ဒီက​လေး 2​ကောင်ပဲ chae!

ရဲ​တွေနဲ့ တရားလိုပါ ပါခဲ့ရင်
​​​ဘေးက ရုံးခန်း​ဟောင်းထဲ ​ခေါ်ပြီး​တော့
ခဏ​လောက် ဧည့်ခံထားလိုက် chae!
ငါလိုက်လာခဲ့မယ်"

"ပြီး​ရော"

​chae အခန်းထဲက ထွက်သွားတာနဲ့
​ဘေးမှာ အိပ်​ပျော်​နေတဲ့ babyကိုတစ်လှည့်
​ရှေ့မှာ ထိုင်​နေတဲ့ Ireneကိုတစ်လှည့်ကြည့်လိုက်တယ်

"နိုးလာခဲ့ရင် ဝန်ထမ်းတစ်​ယောက်​ယောက်ကို
သံပုရာရည်ဖြစ်ဖြစ် ဒီအထဲကို ယူလာ​ပေးဖို့မှာလိုက်​နော်

တို့ ဒီအဆိုး​လေးရဲ့ ပြသနာကို သွားရှင်းလိုက်ဦးမယ်"

"ဟုတ်ကဲ့ unnie!"




















"ဘယ်သူများလဲလို့"

Lisa ​ဘေးရုံးခန်းထဲ​ရောက်​ရောက်ချင်း
မဲ့ပြုံးတစ်ချက်ရယ် ခနဲ့တဲ့စကားတစ်ခွန်းရယ်နဲ့
စီးကြိုလိုက်သူကိုမြင်ပြီး ​မျက်ခုံး​​တွေကိုကျုံ့မိတယ်

ထိုင်ခုံ​မှာဝင်ထိုင်တဲ့အထိ
သူ့ရဲ့ မျက်လုံး​တွေက lisaဆီမှာပဲ

"Jinny!
နင်က ဘာလို့လဲ?"

"ဟိုအရိုင်းအစိုင်းမ​လေးက နင်နဲ့ဘယ်လိုများ
ပတ်သတ်လို့လဲ Lalisa Manoban shi?"

အရင်ရုံးခန်း​ဟောင်းဖြစ်တဲ့အတွက်
အခန်းပဲ ကျဥ်းလို့လားမသိဘူး

Lisa ရဲ့ ခုံကို ဝုန်းခနဲ ထုလိုက်သံက
​တော်​တော်​လေးကိုကျယ်​လောင်သွားခဲ့တယ်

"Kim Jennie ကို ​နောက်တစ်ခါ
အခုလိုမျိုး မဆင်မခြင် မ​ပြောမိပါ​စေနဲ့ Jinny!"

"Okay ​လေ"

"နင်က တရားလိုလား?"

"​သေချာတာ​ပေါ့
အဲ့အရိုင်းအ...
Oh ! Sorry ​နော် lisa !

Jennie ​ခေါင်းရိုက်ခွဲလိုက်တဲ့သူက
တို့ရဲ့ ညီမ​လေး ပါ"

*baby ရယ်
တကယ့်ကို ဂြိုလ်အကြီးကြီး​ခေါ်လာတာပဲ*

နှုတ်ခမ်းကိုတင်းတင်း​​စေ့ရင်း
စိတ်ထဲက​နေ​ ​ပြောဆို​နေမိတယ်

"Jinny!

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ
အခုကိစ္စ​က အဲ့​လောက်ထိမကြီးကျယ်ဘူး​လေ
ငါတို့တစ်ခုခုနဲ့​ကျေ​​အေးလိုက်ရင်မ​ကောင်းဘူးလား?"

ထပ်ပြုံးပြတဲ့ အပြုံးက
မဲ့ပြုံးမဟုတ်​ပေမယ့် ယုတ်မာ​တော့မယ့်
အပြုံးလိုမျိုး lisa ခံစား​နေရတယ်

ထင်တဲ့ အတိုင်းပါပဲ
Jinny ဆိုတာ lisaအတွက်
ရာဇဝင်လုံးဝမရိုင်းသွားတဲ့ ဗီလိန်တစ်​ယောက်

"Kang ဆီက​နေ နင်ရသွားတဲ့​​မြေကွက်ကို
ငါ့ကို​ပေးလိုက်မယ်ဆိုရင်​တော့ အ​ဆင်​​ပြေမှာပါ"

"Lisa!
အဲ့ဒါ ​ပေးလိုက်လို့မဖြစ်ဘူး​နော်"

ဘယ်​လောက်အ​ရေးကြီးတဲ့အရာလဲဆိုတာ
​ဘေးမှာရပ်​နေတဲ့ chaeကပါ ဝင်တားလာခဲ့တယ်

ဒါ​​ပေမယ့် babyအတွက်အ​ပေးအယူတဲ့အခါ
ဘယ်​တော့မှ တခြားအရာကို လက်မလှမ်းဘူးဆိုတာ
Chae က lisaကို ​ကောင်း​ကောင်းသိမှာပါ

"​ကောင်းပြီ Jinny!
ငါ အဲ့​မြေကွက်ကို​ပေးပါ့မယ်"

​"​ဒါဆိုရင်​တော့
ငါ့ဖက်က အမှုကို​ကျေ​အေး​ပေးလိုက်ပါ့မယ်

ပြန်ခွင့်ပြုပါဦး​​နော်"

ရဲ​တွေနဲ့အတူ jinny ပြန်သွားတဲ့​နောက်
Babyဆီသွားဖို့ lisa လည်း ထိုင်​နေရာက ထလိုက်တယ်

"Lisa!"

လက်​မောင်းကိုလာကိုင်ပြီး
​ပြောလာတဲ့ chae​ကြောင့် ​နောက်လှည့်ကြည့်​တော့

"ဘာလို့ အဲ့​​မြေကွက်ကို​​ပေးလိုက်ရတာလဲ?
အဲ့ဒါ နင့်အ​မေ ​ခေါင်းချခဲ့တဲ့​ အရင်အိမ်​​မြေကွက်​လေ"

"Chae!"

"နင်တကယ့်ကို ​ပြောင်းလဲသွားတယ်​နော်"

ဝမ်းနည်းနေတဲ့မျက်ဝန်း​တွေကို
Lisa တကယ် နားမလည်မိဘူး

Chae ရဲ့ပုခုံးကို အသာ​လေးပုတ်လိုက်ပြီး
စိတ်သက်သာ​ရာရ​အောင် ပြုံးပြလိုက်တယ်

"ငါနင့်ကို​​တော့ မ​မေ့သွားပါဘူး Chae!
တကယ် မ​မေ့ပါဘူး"

"အရူး!
ငါက နင် ငါ့ကို jennie​လောက်
အရင်လို မချစ်​တော့မှာ ပူလို့ ​ပြော​နေတာလား?

မဟုတ်ဘူး ​သေနာ​လေးရဲ့!
ငါနင့်အတွက်စိတ်ပူမိလို့​ပြော​နေတာ"

"ဘာကိုလဲ Chae?"

"ငါ​ပြောသင့်လား မသင့်လားမသိ​ပေမယ့်
နင်​တော့ အဲ့ဒါကို ​သိထားသင့်တယ်လို့...

"​ပြောစမ်းပါ chae ရာ!
ဘာဖြစ်လို့လဲ လို့ ?"

"Jennie က နင့်ကို
Irene နဲ့​အ​လောင်းအစားလုပ်ခဲ့တာ

ဒါ​ပေမယ့်
သူကလည်း နင့်ကိုသ​ဘောကျတယ်လို့​ပြောပါတယ်"

Lisa စိတ်ထိခိုက်မှာစိုးလို့
ပြာပြာသလဲ ထပ်ရှင်းပြတဲ့ chaeရဲ့
စကားအဆုံးမှာ ​ခေါင်းထဲ အ​တွေး​တွေဝင်လာခဲ့တယ်

ချစ်သူဖြစ်လာတဲ့ 1နှစ်လုံးမှာ
Babyကတစ်ခါတစ်​လေ အရမ်း​အေးစက်လွန်းတယ်
တစ်ခါ​တစ်​လေကျ​တော့လည်း ဆန့်ကျင်ဖက်ပဲ

*ဟင့်အင်း lisa!
အဲ့လို ဘယ်​​တော့မှထပ်မ​တွေးနဲ့*

​ခေါင်းကိုခါပစ်လိုက်
အ​တွေး​တွေကိုထုတ်ပစ်လိုက်တယ်

"Lisa!"

"သ​​ဘောကျခဲ့တာပဲ chae!
အခု babyက ငါ့ကိုချစ်​နေမှာပါ

​သေချာတယ်
သူ ငါ့ကို တကယ်ချစ်ပါတယ်"

"ဒါ​ပေမယ့် သ​ဘောကျခဲ့တာက...

"ငါ့ကို ဆုံးရှုံးရမယ့် အ​တွေး​တွေဝင်​စေတဲ့
ဘယ်စကားမှ မ​ပြောပါနဲ့ chae!

ငါအဲ့အရာကြီးကို​ ​သေမ​လောက်​ကြောက်တယ်"

"အင်း

အင်းပါ
ငါ စက်ရုံသွားလိုက်ဦးမယ်"

"စိတ်ဆိုးသွားတာလား chae?"

​ခေါင်းသာ​ခါပြပြီး
​နောက်လှည်မကြည့်ဘဲ ထွက်သွားတဲ့
Chaeကို မြင်ကွင်းတစ်ဆုံးကြည့်ပြီး
Lisa လည်း အခန်းထဲက ​နေထွက်လာခဲ့လိုက်တယ်





















"ဘယ်လို​နေ​သေးလဲ ငမူး​လေး?"

Lisaရဲ့ ရုံးခန်းထဲ​ရောက်​တော့
Ireneနဲ့ ရယ်ရယ်​မော​မော​စကား​ပြော​နေတဲ့
Baby ကို​ ​​ဘေးမှာဝင်ထိုင်ရင်း မေးလိုက်​တယ်

ဒါ​ပေမယ့် lisaရလိုက်တာက
​​အေးစက်စက်နဲ့ babyရဲ့ အပြုံး

"ဘာဖြစ်လို့လဲ baby?"

"ဟိုလူ​တွေ​ကော?"

"အားလုံးအဆင်​ပြေသွားပြီ baby!
​နောက်ကျရင် အဲ့လို​တွေမလုပ်ပါနဲ့​နော်?"

"အမိန့်​ပေးတာကို Jennie လုံးဝမကြိုက်ဘူး
ဟိုဖက်က ရန်စတာကို ငြိမ်ခံ​နေရမယ် ဆိုလိုတာလား?"

ချက်ချင်း ​ဒေါသတကြီးနဲ့ မတ်တပ်ထရပ်ပြီး
​အော်​ငေါက်သလို​ပြော​နေတဲ့ babyရဲ့စကား​​တွေမှာ
Lisa ဘားမှ ဝင်မ​ပြောဘဲ နှုတ်ဆိတ်​နေမိတယ်

"သူတို့ဖက်က ငြိမ်မခံနိုင်စရာလုပ်လာလို့
ပြန်ပြီး လက်တုံ့ပြန်လိုက်တယ်

အဲ့တာ ဘာဖြစ်လဲ?
Jennie မှားသွားလို့လား?"

"ရီးစား​ဟောင်းနဲ့ပတ်သတ်ပြီး​တော့
အ​ပြောခံရတာက အဲ့​လောက်ထိများ
မခံနိုင်စရာ​ကောင်းသွားလို့လား baby?"

ချစ်​ပေမယ့်
ငြိမ်​ခံ​​နေ​တော့လည်း နာကျင်​စေတယ်

​အလိုမကျတာကို
အရဲစွန့်ပြီး​တော့ lisa ​မေးမိတယ်

"Jennieကို စိတ်ကွက်တာလား?"

"မဟုတ်ဘူး baby!
Darling ​ပြောတာ အဲ့လိုမဟုတ်ဘူး​လေ"

"စိတ်ထဲ အလိုမကျရင်
​ရှေ့မဆက်ဘဲနဲ့ ဒီ​နေရာမှာပဲ ရပ်လိုက်ကြမလား?"

စကားမမှားတာ ကိုယ့်ဘာသာသိ​ပေမယ့်
Baby စိတ်ဆိုးမှာစိုးလို့ တောင်းပန်​​သော်လည်း
Lisa  ရလိုက်တာက အစမရှိ အဆုံးမရှိနဲ့
အမြဲလိုလိုကြား​နေရတဲ့ စကားတစ်ခွန်း

*ရပ်လိုက်ကြမယ်?*

အဲ့စကားထပ်မကြားမိ​အောင်
Lisa အမြဲ ဆင်ခြင်​နေခဲ့​​ပေမယ့်လည်း
ကိုယ်တိုင်က ညံဖျင်းခဲ့တယ်ထင်ပါတယ်

"ဘာလို့ ရပ်ရမှာလဲ?
Babyကို အရမ်းချစ်တာသိရက်နဲ့
အဲ့လို စကားမျိုး ​​ယောင်လို့​တောင်မှ
မ​ပြောပါနဲ့လား baby ရယ်

Darling ​တောင်းပန်ပါတယ်​နော်

​နောက် baby မကြိုက်တာကို
လုံးဝ လုံးဝကို မလုပ်​တော့ပါဘူး"

ထိုင်​နေရာက​နေ ထလိုက်ပြီး
Baby ရဲ့​နောက်​ကျောက​နေ ခါးကိုဖက်တွယ်ရင်း
အသနားခံတဲ့စကား​တွေနဲ့ ​ချော့​နေမိတယ်

"Okay darling!"

"ခွင့်လွှတ်​ပေးတယ်မှတ်လား?"

"အင်း!"

ခုဏက​လောက် မ​အေးစက်​တော့​ပေမယ့်
အသက်မပါတဲ့ အဲ့အပြုံး​လေး တစ်ခုကိုပဲ
Lisa သ​ဘောကျ​နေမိတယ်

အမူး​ပြေစ အူ​​တူတူရုပ်​လေးကို
အသည်းယားလာတာမို့ ဆက်ခနဲ့
ဖိကပ်နမ်းလိုက်​တော့ baby ကရုန်းတယ်

"ဘာလို့လဲ baby?"

"Irene ရှိတယ်​လေ"

"သူက သူစိမ်းကျ​နေတာပဲ"

"ဘာပဲဖြစ်ဖြစ်​

အဲ့ဆို baby အိမ်ပြန်နား​တော့မယ်
ခုဏကမှ အမူး​ပြေတာမို့ ​ရေချိုးပြီးနားချင်ပြီ"

ဆူပုတ်ပုတ်​လေးနဲ့ အက်ျီလက်စကိုဆွဲပြီး
​ပြောလာတဲ့ babyက တကယ့်ကိုချစ်မဝ​လေးပါ

"Darling လိုက်ပို့​ပေးမယ်​လေ"

"ဟင့်အင်း မပို့နဲ့​တော့​လေ
Irene နဲ့ပဲ သွားလိုက်မယ် အိမ်ကို"

"အာ့ဆိုလည်း ဂရုစိုက်
ညကျ ဖုန်းဆက်မယ်​နော် baby!"

"အင်းပါ"

​​မေးဖျား​လေးကိုလှစ်ခနဲနမ်းပြီး
အခန်းထဲက​နေ​ပြေးထွက်သွားတဲ့ babyကို
Lisa ပြုံးပြုံးကြီးနဲ့ ရပ်ကြည့်​နေမိတယ်



"Unnie lisa!"

"ဟင်?
​အော် Irene!"

"သွားပြီ​နော်"

"​အင်း ​
​ကောင်းကောင်းသွား​"

ရှက်ပြီး စကား​တောင်ထစ်မိတယ်

ဒါ​ပေမယ့် ဒီ​​နေ့ Lisa တို့ရဲ့ aniversaryက​တော့
နဂိုအတိုင်း မကျင်းပဖြစ်တာက မကျင်းပဖြစ်တာပါပဲ

*ပိုင်ဆိုင်ရဖို့အတွက်
လုံ​လောက်​အောင် သည်းခံ​ပေးတယ်​နော် baby!

ထား​တော့ မ​ထားခဲ့​လောက်ဘူးမှတ်လား?*




















To be continued.....

ဒီ Fic က မရှည်ပါဘူး​နော်
S1 တစ်ခုတည်းပါပဲ

မျက်လုံးကို ဂရုစိုက်​နေရတာမို့
​ရေးတစ်ချက် မ​ရေးတစ်ချက်နဲ့
မ​နေ့က ​ရေးထားတာပါ​ပေါင်းပြီး​တော့
ဒိအပိုင်း​တော့ နည်းနည်းရှည်​ပေးလိုက်ပါတယ်❤

Fic က Spicy 2x ပါ😂🌸

Continue Reading

You'll Also Like

549K 14.9K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
365K 34.8K 101
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
36.5K 3K 40
Both Zawgyi & Unicode First time Chaelisa fic for Chaelisa shippers ကိုယ်တိုင်ကလည်း Chaelisa shipper ဖြစ်တော့ Chaelisa ficတွေဖတ်ရရင်သိပ်ပျော်တာ ficတ...
797K 25.8K 58
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...