Letters

By mysunshineisbright

56.3K 6.1K 121

စာလေးတစ်စောင်မှာ ရေးပေးလိုက်တဲ့သူရဲ့ နှလုံးသားတစ်ခုလုံးကို ခံစားရစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်.. စာေလးတစ္... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
20
21
22
23
24
Finale
❤️📢💚

19

1.9K 221 4
By mysunshineisbright

(Unicode)

"Sean မင်းပြောကြည့်.. ငါရိပေါ်ရဲ့ attention ရအောင်ဘယ်လိုလုပ်ရမလဲ.."

Zack ကပြောလာတော့ ရှောင်းကျန့်ရင်ထဲခပ်အောင့်အောင့်ရယ်.. သူ့ပထမဆုံး သဘောကျမိတဲ့ကောင်လေးကို သူ့သူငယ်ချင်းကလဲ သဘောကျတယ်တဲ့လေ.. Zack ကအရင်တွေ့ပြီး သဘောကျနေတဲ့ကောင်လေးကို *မလိုက်နဲ့ ငါလဲကြိုက်လို့* လို့ သွားပြောလို့လဲမရဘူးမဟုတ်လား...

"Zack မင်းတစ်ကယ်သဘောကျတာလားသူ့ကို.."
"ဟုတ်တယ်... flirt ချင်ယုံပဲမဟုတ်ဘူး.. တစ်ကယ်သဘောကျတာ.."

Playboy သူငယ်ချင်းရဲ့ ပထမဆုံးတစ်ကယ်သဘောကျမိတဲ့ကောင်လေးကို သွားလုဖို့လောက်ထိ ရှောင်းကျန့်ရဲ့ ကိုယ်ကျင့်တရားက ခွင့်မပြုဘူးလေ..

"ကျန့်ကျန့်... ငြိမ်လိုက်တာ.. ဘာတွေတွေးနေတာလဲ... ငါပြောတာရောကြားရဲ့လား.."
"ကြားပါတယ်.. ငါစဉ်းစားနေတာ.. မင်းရိပေါ်နား ဘယ်လိုသွားရင် အဆင်ပြေမလဲဆိုတာ... စာလေးတွေရေးပို့ရင်ရော... ခုခေတ်က စာသိပ်မပို့ကြတော့ အထူးအဆန်းလဲဖြစ်တယ်လေ.."
"Cool!!! နေ့တိုင်းစာလေးတွေပို့မယ်.. ငါ့ကိုရေးပေး ကျန့်"
"ကိုယ့်ဟာကိုရေးလေကွာ.."
"ငါမှတရုတ်လိုကောင်းကောင်းမရေးတတ်တာ... English လိုလဲမရေးချင်ဘူး.."
"အစားရေးပေးတာ ဘယ်ကောင်းမလဲ.. ကိုယ့်ဟာကိုရေးစမ်းပါကွာ.."
"နေ့တိုင်းပို့ချင်တာပါဆို... ငါက ဟိုပြန်သွားရရင် ပို့လို့မရတော့ဘူးလေ.. မင်းရေးပေးတော့ ငါပြန်သွားလဲ ဆက်ပို့လို့ရတာပေါ့... ပြီးတော့မင်းက artist လေ.. ငါ့ထက်ပိုပြီး စာကောင်းကောင်းလေးတွေထွက်မှာ... နော် ကျန့်ကျန့်... လုပ်ပါ.."
"အေး အေး ရေးပေးမယ်.. ရှုပ်ကိုရှုပ်တယ်... ဟိုကသိသွားရင်ဘယ်လိုလုပ်မှာလဲဆိုတာလဲတွေးထားဦး.."
"နောက်ငါဖွင့်ပြောပြီးရင်တော့ အမှန်အတိုင်းပြောမှာပေါ့... ဪ ပြီးတော့ရေးရင် ငါ့နာမည်အပြည့်အစုံမရေးချင်ဘူး... initial ပဲထည့်ပေးနော်.."

ဒီလိုနဲ့ ကောင်လေးဆီပထမဦးဆုံးစာကို စရေးဖို့ရှောင်းကျန့်စဉ်းစားပါတော့တယ်..
ဘာရေးရမလဲတွေးတဲ့အခါ စစတွေ့ချင်းထဲက ကိုယ်တွယ်ညိခဲ့ရတဲ့အပြုံးလေးကို မြင်ယောင်လာတော့....

"ပထမဆုံးစတွေ့တဲ့နေ့မှာ မြင်လိုက်ရတဲ့ အပြုံးလေးအတွက် ကျေးဇူးပါ ကောင်လေးရေ...

From Z"

ရှောင်းကျန့်က စာအိတ်ကို သူကြိုက်တဲ့အပြာရောင်ကိုရွေးပြီး စာကိုထည့်လိုက်တယ်... စာမပို့ခင် Zack ကိုပြတော့...

"Wow!! I love it!! အဲ့ဒီ nickname လေးကိုလဲကြိုက်တယ်.. ပြောသားပဲ မင်းကငါ့ထက်ပိုရေးတတ်ပါတယ်ဆို.. ဪ ဒါနဲ့ ငါရိပေါ်နောက်ကို လူလွှတ်ထားတယ်.. သူတစ်နေ့တာ ဘာလုပ်လဲဆိုတာသိရရင် မင်းစာရေးကတာပိုလွယ်မလားလိုလေ.."

ရှောင်းကျန့် ယဲ့ယဲ့လေးပဲပြုံးနိုင်ပါတယ်.. ရင်ထဲမှာရှိနေတာတွေကို စာအဖြစ်ချရေးဖို့က မခက်ဘူးဆိုတာ ရှောင်းကျန့် မပြောဖြစ်လိုက်တော့ပါဘူး..
.
.
.

February,2020

ရှောင်းကျန့်စာတွေရေးပြီးလို့ Zack ကိုပြပြီးရင် အတွင်းရေးမှုးကို ရိပေါ်ရဲ့အိမ်ရှေ့က စာတိုက်ပုံးလေးဆီပို့ခိုင်းရတယ်... ဒီလိုနဲ့နေ့တိုင်းစာတွေပို့နေလိုက်တာ ၂ လနီးနီးလောက်ရှိခဲ့ပြီ..
ဒီနေ့ရှောင်းကျန့် အလုပ်လဲပါးတာနဲ့ gallery က studio ထဲမှာ ပန်းချီရေးနေရင်း ဆေးလိပ်သောက်ချင်လာတာနဲ့ cafe ဖက်ကိုထွက်လာလိုက်တယ်...
ရှောင်းကျန့်ရဲ့မိဘတွေက လုပ်ငန်းတွေက ဇာတိဖြစ်တဲ့ ချုံချင်းမှာပဲမို့ ရှောင်းကျန့်နဲ့မတူမနေဖြစ်ကြပါဘူး.. မိဘလုပ်ငန်းကိုမဆက်ခံပဲ ဝါသနာပါရာ ပန်းချီရေးတာကိုပဲ လုပ်ချင်တဲ့ရှောင်းကျန့်က ပေကျင်းမှာ gallery လေးဖွင့်ဖြစ်တယ်.. ကော်ဖီလဲကြိုက်တာမို့ ကော်ဖီဆိုင်လေးကိုပါ တွဲပြီးဖွင့်ထားလိုက်တာ....
Cafe ရဲ့ outdoor မှာ ကော်ဖီလေးတမြုံ့မြုံ့နဲ့ စာအုပ်ဖတ်ရင်း ဆေးလိပ်သောက်ရတာကို ရှောင်းကျန့်က အတော်ကြိုက်ပါတယ်...
ကော်ဖီကုန်တော့ နောက်တစ်ခွက်ထပ်သောက်ဖို့ ဆိုင်ထဲလှမ်းကြည့်မိလိုက်တဲ့အခါ....

~အဲ့လောက်တောင်တိုက်ဆိုင်ရလား~

သူ့ရဲ့ပေါက်စလေးက သူငယ်ချင်းတွေနဲ့စကားပြောနေလေရဲ့... ဒီလိုအချိန်မှာ ရှောင်းကျန့်က ရိပေါ်ကိုရအောင် ရှောင်ချင်ပါတယ်... ကောင်လေးကိုမြင်နေရရင် အပြစ်လုပ်ထားမိတဲ့စိတ်က သူ့ကို နေရခက်စေတယ်လေ... ပြီးတော့ ရိပေါ်သူ့ကို မျက်မှန်းတမ်းမိသွားရင် ကောင်းစရာကလဲမရှိဘူးမဟုတ်လား.. ရှောင်းကျန့် ကော်ဖီထပ်မသောက်တော့ပဲ gallery ဖက်ကိုပဲ အမြန်ကူးလာလိုက်တော့တယ်...
.
.
...

ဒီနေ့တော့ schedule ကလဲသိပ်မရှိတာနဲ့ gallery ကိုအရင်မသွားသေးပဲ cafe ကိုပဲအရင်ဝင်လာလိုက်တယ်... ထိုင်နေကြနေရာမှာပဲ ဖတ်ဖို့ယူလာတဲ့စာအုပ်လေးချပြီး ကော်ဖီသောက်မလို့ပြင်တုန်း မန်နေဂျာက ဆိုင်ကိစ္စတိုင်ပင်စရာရှိတယ်ဆိုတာနဲ့ ဆိုင်ရုံးခန်းထဲ ခဏသွားလိုက်ရတယ်... ပြောစရာရှိတာတွေပြောပြီးလို့ နေရာကိုပြန်လာတော့ သူ့နေရာမှာ လူတစ်ယောက်ကထိုင်လို့...

"Excuse me.. ဒါကျွန်တော်ထိုင်နေတာခင်ဗျ"

ပြောရင်းနဲ့ ငုံကြည့်လိုက်တော့ သူ့ရဲ့ပေါက်စလေးဖြစ်နေတယ်...

~ရေစက်တွေက ဒီလောက်ဆုံစရာမလိုဘူးမဟုတ်ဘူးလား..~

ရှောင်းကျန့်အံ့ဩနေပြီးကြည့်နေမိတယ်... ပြီးတော့မှ အမူအရာမပျက်အောင်ပြန်ထိန်းရတယ်..
ကောင်လေးက သူနဲ့အတူထိုင်ဖို့ပြောလာတဲ့အခါ ရှောင်းကျန့်ရင်တွေမောရပါတယ်.. ငြင်းလိုက်သင့်တာပေမဲ့ သူမသိလိုက်ခင်မှာပဲ ကောင်လေးနဲ့ စကားတွေဖောင်ဖွဲ့နေမိပြီ...

"ကျွန်တော့်နာမည် ဝမ်ရိပေါ်ပါ.. ဒီဆိုင်ကို အမြဲလာဖြစ်တယ်.. အကိုရောလာဖြစ်လား"
"ရှောင်းကျန့်ပါ.. ကိုယ့်အလုပ်က Zio Gallery မှာဆိုတော့ ဒီမှာ အမြဲရှိတာ"
"ဪ..ဒါကြောင့် ဟိုတစ်ခါအကို့ကိုတွေ့လိုက်တာ"

ရှောင်းကျန့်လန့်သွားမိတယ်... Zack နဲ့အတူတူတွဲတွေ့မိတာတော့မဟုတ်လောက်ပါဘူးနော်...
နောက်တော့ရိပေါ်ဆီကဖုန်းဝင်လာပြီး နောက်ကျနေပုံရတဲ့ ကောင်လေးဟာ အမြန်နှုတ်ဆက်ပြီး ဆိုင်ကယ်ကို အသဲအသန်မောင်းထွက်သွားပါတော့တယ်..

~ဆိုင်ကယ်ကို ဖြေးဖြေးစီးပါကောင်လေးရ... စိတ်ပူနေရတယ်...~

ရှောင်းကျန့် gallery ဖက်ကိုပြန်ရောက်တာနဲ့ Zack ဆီဖုန်းဆက်ရတော့တယ်... ရိပေါ်နဲ့တွေ့သွားတဲ့အကြောင်း...ပြီးတော့ Zio ကိုမလာသေးဖို့အကြောင်း...
.
.
....

မီးပုံးပွဲလဲနီးလာပြီဆိုတော့ ရှောင်းကျန့်ချုံချင်းကိုပြန်ရပါမယ်.. နှစ်တိုင်း မိသားစု ၃ ယောက်အတူ ဒီပွဲကိုဖြတ်သန်းနေကြပဲလေ.. ဒါကြောင့် စာတွေကြိုရေးပြီးတော့ အတွင်းရေးမှုးကိုပေးခဲ့ရတယ် တစ်နေ့တစ်စောင်ပို့ဖို့ပေါ့...

တစ်ယောက်ထဲနေတဲ့ရိပေါ်ကို ဒီလို မီးပုံးပွဲနေ့မျိုးမှာ အထီးမကျန်စေချင်တာ ရှောင်းကျန့်ရဲ့ ဆန္ဒပါပဲ... ချုံချင်းအိမ်မှာ ယွမ်ရှောင်းလုပ်ရင်း ကောင်လေးကိုပါ စားစေချင်မိတာမို့ လေယာဉ်နဲ့အမြန်ပို့ဖို့စီစဉ်ပါတော့တယ်... ရိပေါ်ဆီမပို့ခင် သေချာနွှေးပေးလိုက်ဖို့လဲ အတွင်းရေးမှုးကို မှာရသေးတယ်...
ပို့မဲ့စာကို Zack ကိုပြလိုက်ပေမဲ့ ယွမ်ရှောင်းတွေပါပို့လိုက်တဲ့အကြောင်းကိုတော့ ရှောင်းကျန့်မပြောလိုက်တော့ဘူး... ဒီလောက်ထိလုပ်ပေးတာကို Zack သိရင် တစ်မျိုးထင်မလားလို့ မလုံတာလဲပါတာပေါ့လေ... ဒါပေမဲ့ ဒီလိုမပြောဖြစ်တာက တစ်ချိန်မှာ စာတွေအကြောင်း ရိပေါ်သိသွားစေမဲ့ အရိပ်အမြွက်တွေဖြစ်စေမယ်ဆိုတာသာသိခဲ့ရင်......

ရှောင်းကျန့်တစ်ပါတ်ကျော်လောက် ချုံချင်းမှာနေပြီးတော့ အခုပေကျင်းကိုပြန်ရောက်ပြီး ရုံးပြန်တက်ရပါပြီ... Zack ကလဲ US ကိုပြန်သွားပြီဖြစ်ပါတယ်... မပြန်ခင် ရိပေါ်ကိုသေချာစောင့်ကြည့်ဖို့ရယ် သူ့ဆီ ရိပေါ်အကြောင်းတွေ အမြဲပြောပြဖို့ရယ် တတွတ်တွတ်မှာသွားသေးတာ... Zack က ရိပေါ်ကိုသဘောကျလေ Zack ကိုသူအားနာရလေဖြစ်ရပါတယ်... ဒါပေမဲ့ ခံစားချက်ဆိုတာကလဲ လုပ်ယူလို့ရတဲ့အမျိုးမှမဟုတ်ပဲလေ... ထိန်းချုပ်ဖို့ပဲကြိုးစားရတော့တာပေါ့...
ရှောင်းကျန့်ကော်ဖီထိုင်သောက်နေတုန်း ရိပေါ်ရဲ့လှမ်းခေါ်သံကိုကြားလိုက်ရပါတယ်... ရိပေါ်ရဲ့အသံကြားရတိုင်း အရိပ်လေးမြင်ရတိုင်း အလိုလိုပြုံးမိတာကလဲ ထိန်းမရအောင်ပါပဲ...

"Morning ကျန့်ကော... ဘယ်တုန်းကပြန်ရောက်လဲ"
"....."
"ဪ.. ကျွန်တော်ဟိုနေ့က Gallery ဖက်ရောက်တာနဲ့ ကျန့်ကောကိုမေးတော့ ခရီးသွားနေတယ်ပြောလို့လေ.. အဟီး"

ကလေးကသူ့ကိုသတိတရနဲ့မေးပေးတယ်တဲ့လား... ပျော်ရပါတယ်.. ဒါပေမဲ့ရိပေါ်ကြောင့် ပျော်လိုက်ရတိုင်း ရင်ခုန်ရတိုင်းမှာ သူငယ်ချင်းကိုအားနာရတာကတွဲပြီးပါလာတတ်တာကြောင့် ကိုယ်ရှိန်ပြန်ပြန်သတ်ရပါသေးတယ်... အခုလို ခင်ခင်မင်မင်နေမိတာတောင်လွန်လှပြီလေ...

"ကျွန်တော်ကတော့ မိဘအိမ်မပြန်ဖြစ်ဘူးဒီနှစ်။ ဒါပေမဲ့ ယွမ်ရှောင်းကောင်းကောင်းလေးစားလိုက်ရတော့ တစ်ယောက်ထဲပေမဲ့ အထီးတော့မကျန်နေတော့ဘူးပေါ့.."

ရှောင်းကျန့်ရင်ထဲနွေးထွေးသွားလိုက်တာ... သူလုပ်ပေးလိုက်တဲ့ယွမ်ရှောင်းကို သူ့ကလေးလေးက တန်ဖိုးထားပေးတယ်တဲ့လေ..
ဒီတစ်ကြိမ်မှာတော့ ရှောင်းကျန့်အားနာရတာက ရိပေါ်ကိုပါပဲ... ဒီလိုဖြူစင်တဲ့ကောင်လေးကို သူတို့ကဝိုင်းလိမ်သလိုဖြစ်နေတယ်မဟုတ်လား.. နောင်တစ်ချိန်ကောင်လေးပြန်သိတဲ့အခါ စိတ်ဆိုးသွားမှာကိုလဲ ခုထဲက ရင်ပူနေရပါတယ်... ဒါပေမဲ့ ဦးနှောက်ကထိန်းလိုက် နှလုံးသားနောက်ပါသွားလိုက်နဲ့ဖြစ်နေရတဲ့ အခြေအနေကြီးပါပဲ...

"နွေးနွေးထွေးထွေးနေလေ ကောင်လေးရဲ့.. အေးနေ...."
"ကျန့်ကော.."

~သွားပြီ.. ဘာလို့ ဒီနာမ်စားကိုသွားခေါ်မိရတာလဲကွာ..~

အကင်းပါးလွန်းတဲ့ ရိပေါ်ကမေးလာတော့ ရှောင်းကျန့်လဲမရှိတဲ့ ညီတစ်ဝမ်းကွဲကိုလွှဲချလိုက်ရတော့တယ်... ဆက်ထိုင်နေရင် ရိပေါ်ဘာတွေထပ်မေးဦးမလဲမသိနိုင်တာကြောင့် ထထွက်လာဖို့ပဲ ဆုံးဖြတ်လိုက်ပါတော့တယ်... မထခင် သူ့မာဖလာကိုရိပေါ်ကိုပတ်ပေးခဲ့လိုက်ပြီး အမြန်ပဲထွက်လာလိုက်တယ်...

~ကျန်းမာရေးဂရုစိုက်ပါ ကိုယ့်ကလေးလေး...~
.
.
.
....

အချိန်တွေကြာလာတော့ ရှောင်းကျန့်နဲ့ရိပေါ်တို့ တဖြည်းဖြည်းရင်းနှီးလာကြပါတယ်... ရိပေါ်နဲ့ ကော်ဖီအတူသောက်ရင်း စတင်ရတဲ့နေ့ရက်တိုင်းက ရှောင်းကျန့်အတွက် ရက်ရာဇာတွေချည်းပါပဲ... ရင်းနှီးလာတော့ ရိပေါ်အကြောင်းပိုသိလာလေ ပိုတွယ်တာမိလေပါပဲ... ပြီးတော့ ဒီလိုတန်ဖိုးထားဖို့ထိုက်တန်တဲ့ကောင်လေးကို လှည့်စားနေရသလိုဖြစ်နေတာကြောင့်လဲ ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်က ရှောင်းကျန့်ကိုနှိက်စက်ပါသေးတယ်..

တစ်ရက် ရိပေါ်နဲ့ကော်ဖီအတူသောက်နေတုန်း မိန်းကလေးတစ်ယောက်က အော်တိုလာထိုးခိုင်းလို့ ထိုးပေးနေတုန်း ရိပေါ်ကလှမ်းကြည့်နေတာကြောင့် ကွယ်လိုက်ရသေးတယ်... သူ့လက်ရေးကိုမြင်လို့မြဖစ်ဘူးလေ... ဒီလိုတွေဖုံးကွယ်နေရတာတွေ ရှောင်းကျန့်ပင်ပန်းပါတယ်.. Zack အတွက်သာမဟုတ်ရင် သူဒါတွေလွှတ်ချလိုက်တော့မှာ...
.
.
.
.....

"Sean ငါဒီတစ်ခေါက်ပြန်လာရင် ရိပေါ်နဲ့တွေ့တော့မလို့.."

ဒီလိုနေ့ရောက်လာမှာကို ရှောင်းကျန့်သိပြီးသားပေမဲ့ တစ်ကယ်တမ်းတွေ့တော့မယ်ဆိုတော့ ရင်ထဲမကောင်းလိုက်တာ... ဒါပေမဲ့ ဘယ်လုပ်ပိုင်ခွင့်နဲ့မှ တားခွင့်မရှိဘူးမဟုတ်လား...
တွေ့ကြလို့ အဆင်ပြေသွားကြရင် ရင်းရမှာက ကိုယ့်နှလုံးသားတစ်ခုလုံး..
အဆင်မပြေကြပြန်ရင် ရင်းရမှာက ကိုယ့်သူငယ်ချင်းရဲ့ နှလုံးသားတစ်ခုလုံး..
ရှောင်းကျန့်အတွက် တစ်ကယ်ကိုခက်ခဲပါတယ်..

"ကျန့်ကျန့် သိလားလို့.."
"အင်း Zack.. တွေ့လေ..."
"I'm so excited!! စာလဲရေးထားပေးနော်.. ဆိုင်ကိုလဲ မင်းအဆင်ပြေတာပဲ ရွေးထားပေး..."
"အေးပါ... လုပ်ထားပေးမယ်.. good luck Zack.."
"ကျန့်ကျန့် အကောင်းဆုံးပဲ.."

ဖုန်းချပြီးမှ ရှောင်းကျန့်ကိုယ့်ကိုကိုယ်သတိထားမိတယ်.. တာဝေးပြေးလာရသလိုပဲ ရင်ထဲမောဟိုက်လို့...
.
.
.
.
အခု ရှောင်းကျန့်တို့ gallery မှာ ပြပွဲလုပ်ရှိနေတာနဲ့အလုပ်တွေများနေပါတယ်.. ဒီလိုအချိန်မှာ ပြပွဲကြောင့်အလုပ်ရှုပ်နေတာကိုပဲ ကျေးဇူးတင်ရမယ်.. မဟုတ်ရင် အတွေးများနေရတယ်လေ.. ဘယ်လိုပဲအလုပ်များများ မနက်တိုင်းတော့ gallery ထဲမဝင်ခင် ကော်ဖီဆိုင်က ထိုင်နေကြခုံလေးဆီ လှမ်းလှမ်းကြည့်ဖြစ်တယ်.. ကောင်လေးများရောက်နေမလားရယ်လို့... အခုတစ်လောရိပေါ်က ပြိုင်ပွဲရှိနေလို့ အပြင်းအထန် လေ့ကျင့်နေတယ်လို့ လွှတ်ထားတဲ့လူကပြောတာနဲ့ ပြိုင်ပွဲမှာအဆင်ပြေစေဖို့ ဆုတောင်းပေးရပါသေးတယ်...

~ကိုယ့်ကလေးက တော်ပြီးသားဆိုတော့ ပထမရပါစေဆိုတာထက် အန္တရာယ်ကင်းဖို့ ပဲဆုတောင်းပေးပါတော့မယ်..~

ရှောင်းကျန့် meeting ပြီးတော့ ဧည့်သည်တွေကို လိုက်ပို့ရင်း အကျင့်ပါနေတဲ့အတိုင်း ထိုင်နေကြခုံလေးဆီလှမ်းကြည့်မိပြန်တော့ သူ့ကို ကြည့်နေတဲ့ ဝမ်ကောင်လေးကိုတွေ့ရပါတယ်.. ရိပေါ်ဟာ ရှောင်းကျန့်အတွက် တစ်ကယ့်ကို နွေဦးရဲ့လေပြေလေးပါပဲ... တွေ့ရတိုင်း ရင်ကိုလှပ်ခနဲကိုအေးစေပါတယ်.. ရိပေါ်လှမ်းပြုံးပြလိုက်တော့ ရှောင်းကျန့်ခြေထောက်တွေက မခိုင်းစေရပဲ အလိုလို ကော်ဖီဆိုင်ဖက်ကို လှမ်းနေပြီ...
ရိပေါ်ရှေ့မှာထိုင်လိုက်ပြီး စကားပြောရင်း ကောင်လေးကိုငေးနေမိတယ်... နောက်ဆို ဒီကလေးနဲ့ ဒီလိုအချိန်တွေကုန်ဖို့က သိပ်မဖြစ်နိုင်တော့ဘူးလေ..

"ကော နေကောင်းရဲ့လား... သိပ်မလန်းသလိုပဲ"

ရိပေါ်မေးလာတော့မှ ရှောင်းကျန့်သူ့ကိုယ်သူပြန်ထိန်းမိတယ်... ဆက်ထိုင်နေရင် အမှားတွေလုပ်မိမှာဆိုးတာနဲ့ပဲ အမြန်နှုတ်ဆက်ပြီး ထထွက်လာခဲ့လိုက်တော့တယ်...
ရုံးခန်းကိုပြန်ရောက်တော့ တွေ့ဖို့စာလေးရေးပြီး ရိပေါ်ရဲ့စာတိုက်ပုံးလေးဆီပို့ခိုင်းလိုက်ပါတယ်... ဒါကနောက်ဆုံးစာပဲဖြစ်မှာမို့ စာအိတ်လေးကို နှုတ်ဆက်အနမ်းလေးထည့်ပေးရင်းပေါ့....

ဒီနှစ် ၃လပိုင်းရဲ့နောက်ဆုံးရက်ဟာ ရှောင်းကျန့်သူ့သက်တမ်းတစ်လျှောက်မှာ ရင်အမောရဆုံးပဲဖြစ်ပါလိမ့်မယ်...

~ပျော်ရွှင်ပါစေ ကိုယ့်ကလေးရေ..~

______________________

(Zawgyi)

"Sean မင္းေျပာၾကည့္.. ငါရိေပၚရဲ့ attention ရေအာင္ဘယ္လိုလုပ္ရမလဲ.."

Zack ကေျပာလာေတာ့ ေရွာင္းက်န္႔ရင္ထဲခပ္ေအာင့္ေအာင့္ရယ္.. သူ႔ပထမဆုံး သေဘာက်မိတဲ့ေကာင္ေလးကို သူ႔သူငယ္ခ်င္းကလဲ သေဘာက်တယ္တဲ့ေလ.. Zack ကအရင္ေတြ႕ၿပီး သေဘာက်ေနတဲ့ေကာင္ေလးကို *မလိုက္နဲ႔ ငါလဲႀကိဳက္လို႔* လို႔ သြားေျပာလို႔လဲမရဘူးမဟုတ္လား...

"Zack မင္းတစ္ကယ္သေဘာက်တာလားသူ႔ကို.."
"ဟုတ္တယ္... flirt ခ်င္ယုံပဲမဟုတ္ဘူး.. တစ္ကယ္သေဘာက်တာ.."

Playboy သူငယ္ခ်င္းရဲ့ ပထမဆုံးတစ္ကယ္သေဘာက်မိတဲ့ေကာင္ေလးကို သြားလုဖို႔ေလာက္ထိ ေရွာင္းက်န္႔ရဲ့ ကိုယ္က်င့္တရားက ခြင့္မျပဳဘူးေလ..

"က်န္႔က်န္႔... ၿငိမ္လိုက္တာ.. ဘာေတြေတြးေနတာလဲ... ငါေျပာတာေရာၾကားရဲ့လား.."
"ၾကားပါတယ္.. ငါစဥ္းစားေနတာ.. မင္းရိေပၚနား ဘယ္လိုသြားရင္ အဆင္ေျပမလဲဆိုတာ... စာေလးေတြေရးပို႔ရင္ေရာ... ခုေခတ္က စာသိပ္မပို႔ၾကေတာ့ အထူးအဆန္းလဲျဖစ္တယ္ေလ.."
"Cool!!! ေန႔တိုင္းစာေလးေတြပို႔မယ္.. ငါ့ကိုေရးေပး က်န္႔"
"ကိုယ့္ဟာကိုေရးေလကြာ.."
"ငါမွတ႐ုတ္လိုေကာင္းေကာင္းမေရးတတ္တာ... English လိုလဲမေရးခ်င္ဘူး.."
"အစားေရးေပးတာ ဘယ္ေကာင္းမလဲ.. ကိုယ့္ဟာကိုေရးစမ္းပါကြာ.."
"ေန႔တိုင္းပို႔ခ်င္တာပါဆို... ငါက ဟိုျပန္သြားရရင္ ပို႔လို႔မရေတာ့ဘူးေလ.. မင္းေရးေပးေတာ့ ငါျပန္သြားလဲ ဆက္ပို႔လို႔ရတာေပါ့... ၿပီးေတာ့မင္းက artist ေလ.. ငါ့ထက္ပိုၿပီး စာေကာင္းေကာင္းေလးေတြထြက္မွာ... ေနာ္ က်န္႔က်န္႔... လုပ္ပါ.."
"ေအး ေအး ေရးေပးမယ္.. ရႈပ္ကိုရႈပ္တယ္... ဟိုကသိသြားရင္ဘယ္လိုလုပ္မွာလဲဆိုတာလဲေတြးထားဦး.."
"ေနာက္ငါဖြင့္ေျပာၿပီးရင္ေတာ့ အမွန္အတိုင္းေျပာမွာေပါ့... ဪ ၿပီးေတာ့ေရးရင္ ငါ့နာမည္အျပည့္အစုံမေရးခ်င္ဘူး... initial ပဲထည့္ေပးေနာ္.."

ဒီလိုနဲ႔ ေကာင္ေလးဆီပထမဦးဆုံးစာကို စေရးဖို႔ေရွာင္းက်န္႔စဥ္းစားပါေတာ့တယ္..
ဘာေရးရမလဲေတြးတဲ့အခါ စစေတြ႕ခ်င္းထဲက ကိုယ္တြယ္ညိခဲ့ရတဲ့အျပဳံးေလးကို ျမင္ေယာင္လာေတာ့....

"ပထမဆုံးစေတြ႕တဲ့ေန႔မွာ ျမင္လိုက္ရတဲ့ အျပဳံးေလးအတြက္ ေက်းဇူးပါ ေကာင္ေလးေရ...

From Z"

ေရွာင္းက်န္႔က စာအိတ္ကို သူႀကိဳက္တဲ့အျပာေရာင္ကိုေရြးၿပီး စာကိုထည့္လိုက္တယ္... စာမပို႔ခင္ Zack ကိုျပေတာ့...

"Wow!! I love it!! အဲ့ဒီ nickname ေလးကိုလဲႀကိဳက္တယ္.. ေျပာသားပဲ မင္းကငါ့ထက္ပိုေရးတတ္ပါတယ္ဆို.. ဪ ဒါနဲ႔ ငါရိေပၚေနာက္ကို လူလႊတ္ထားတယ္.. သူတစ္ေန႔တာ ဘာလုပ္လဲဆိုတာသိရရင္ မင္းစာေရးကတာပိုလြယ္မလားလိုေလ.."

ေရွာင္းက်န္႔ ယဲ့ယဲ့ေလးပဲျပဳံးနိုင္ပါတယ္.. ရင္ထဲမွာရွိေနတာေတြကို စာအျဖစ္ခ်ေရးဖို႔က မခက္ဘူးဆိုတာ ေရွာင္းက်န္႔ မေျပာျဖစ္လိုက္ေတာ့ပါဘူး..
.
.
.

February,2020

ေရွာင္းက်န္႔စာေတြေရးၿပီးလို႔ Zack ကိုျပၿပီးရင္ အတြင္းေရးမႈးကို ရိေပၚရဲ့အိမ္ေရွ႕က စာတိုက္ပုံးေလးဆီပို႔ခိုင္းရတယ္... ဒီလိုနဲ႔ေန႔တိုင္းစာေတြပို႔ေနလိုက္တာ ၂ လနီးနီးေလာက္ရွိခဲ့ၿပီ..
ဒီေန႔ေရွာင္းက်န္႔ အလုပ္လဲပါးတာနဲ႔ gallery က studio ထဲမွာ ပန္းခ်ီေရးေနရင္း ေဆးလိပ္ေသာက္ခ်င္လာတာနဲ႔ cafe ဖက္ကိုထြက္လာလိုက္တယ္...
ေရွာင္းက်န္႔ရဲ့မိဘေတြက လုပ္ငန္းေတြက ဇာတိျဖစ္တဲ့ ခ်ဳံခ်င္းမွာပဲမို႔ ေရွာင္းက်န္႔နဲ႔မတူမေနျဖစ္ၾကပါဘူး.. မိဘလုပ္ငန္းကိုမဆက္ခံပဲ ဝါသနာပါရာ ပန္းခ်ီေရးတာကိုပဲ လုပ္ခ်င္တဲ့ေရွာင္းက်န္႔က ေပက်င္းမွာ gallery ေလးဖြင့္ျဖစ္တယ္.. ေကာ္ဖီလဲႀကိဳက္တာမို႔ ေကာ္ဖီဆိုင္ေလးကိုပါ တြဲၿပီးဖြင့္ထားလိုက္တာ....
Cafe ရဲ့ outdoor မွာ ေကာ္ဖီေလးတျမဳံ႕ျမဳံ႕နဲ႔ စာအုပ္ဖတ္ရင္း ေဆးလိပ္ေသာက္ရတာကို ေရွာင္းက်န္႔က အေတာ္ႀကိဳက္ပါတယ္...
ေကာ္ဖီကုန္ေတာ့ ေနာက္တစ္ခြက္ထပ္ေသာက္ဖို႔ ဆိုင္ထဲလွမ္းၾကည့္မိလိုက္တဲ့အခါ....

~အဲ့ေလာက္ေတာင္တိုက္ဆိုင္ရလား~

သူ႔ရဲ့ေပါက္စေလးက သူငယ္ခ်င္းေတြနဲ႔စကားေျပာေနေလရဲ့... ဒီလိုအခ်ိန္မွာ ေရွာင္းက်န္႔က ရိေပၚကိုရေအာင္ ေရွာင္ခ်င္ပါတယ္... ေကာင္ေလးကိုျမင္ေနရရင္ အျပစ္လုပ္ထားမိတဲ့စိတ္က သူ႔ကို ေနရခက္ေစတယ္ေလ... ၿပီးေတာ့ ရိေပၚသူ႔ကို မ်က္မွန္းတမ္းမိသြားရင္ ေကာင္းစရာကလဲမရွိဘူးမဟုတ္လား.. ေရွာင္းက်န္႔ ေကာ္ဖီထပ္မေသာက္ေတာ့ပဲ gallery ဖက္ကိုပဲ အျမန္ကူးလာလိုက္ေတာ့တယ္...
.
.
...

ဒီေန႔ေတာ့ schedule ကလဲသိပ္မရွိတာနဲ႔ gallery ကိုအရင္မသြားေသးပဲ cafe ကိုပဲအရင္ဝင္လာလိုက္တယ္... ထိုင္ေနၾကေနရာမွာပဲ ဖတ္ဖို႔ယူလာတဲ့စာအုပ္ေလးခ်ၿပီး ေကာ္ဖီေသာက္မလို႔ျပင္တုန္း မန္ေနဂ်ာက ဆိုင္ကိစၥတိုင္ပင္စရာရွိတယ္ဆိုတာနဲ႔ ဆိုင္႐ုံးခန္းထဲ ခဏသြားလိုက္ရတယ္... ေျပာစရာရွိတာေတြေျပာၿပီးလို႔ ေနရာကိုျပန္လာေတာ့ သူ႔ေနရာမွာ လူတစ္ေယာက္ကထိုင္လို႔...

"Excuse me.. ဒါကၽြန္ေတာ္ထိုင္ေနတာခင္ဗ်"

ေျပာရင္းနဲ႔ ငုံၾကည့္လိုက္ေတာ့ သူ႔ရဲ့ေပါက္စေလးျဖစ္ေနတယ္...

~ေရစက္ေတြက ဒီေလာက္ဆုံစရာမလိုဘူးမဟုတ္ဘူးလား..~

ေရွာင္းက်န္႔အံ့ဩေနၿပီးၾကည့္ေနမိတယ္... ၿပီးေတာ့မွ အမူအရာမပ်က္ေအာင္ျပန္ထိန္းရတယ္..
ေကာင္ေလးက သူနဲ႔အတူထိုင္ဖို႔ေျပာလာတဲ့အခါ ေရွာင္းက်န္႔ရင္ေတြေမာရပါတယ္.. ျငင္းလိုက္သင့္တာေပမဲ့ သူမသိလိုက္ခင္မွာပဲ ေကာင္ေလးနဲ႔ စကားေတြေဖာင္ဖြဲ႕ေနမိၿပီ...

"ကၽြန္ေတာ့္နာမည္ ဝမ္ရိေပၚပါ.. ဒီဆိုင္ကို အျမဲလာျဖစ္တယ္.. အကိုေရာလာျဖစ္လား"
"ေရွာင္းက်န္႔ပါ.. ကိုယ့္အလုပ္က Zio Gallery မွာဆိုေတာ့ ဒီမွာ အျမဲရွိတာ"
"ဪ..ဒါေၾကာင့္ ဟိုတစ္ခါအကို႔ကိုေတြ႕လိုက္တာ"

ေရွာင္းက်န္႔လန္႔သြားမိတယ္... Zack နဲ႔အတူတူတြဲေတြ႕မိတာေတာ့မဟုတ္ေလာက္ပါဘူးေနာ္...
ေနာက္ေတာ့ရိေပၚဆီကဖုန္းဝင္လာၿပီး ေနာက္က်ေနပုံရတဲ့ ေကာင္ေလးဟာ အျမန္ႏႈတ္ဆက္ၿပီး ဆိုင္ကယ္ကို အသဲအသန္ေမာင္းထြက္သြားပါေတာ့တယ္..

~ဆိုင္ကယ္ကို ေျဖးေျဖးစီးပါေကာင္ေလးရ... စိတ္ပူေနရတယ္...~

ေရွာင္းက်န္႔ gallery ဖက္ကိုျပန္ေရာက္တာနဲ႔ Zack ဆီဖုန္းဆက္ရေတာ့တယ္... ရိေပၚနဲ႔ေတြ႕သြားတဲ့အေၾကာင္း...ၿပီးေတာ့ Zio ကိုမလာေသးဖို႔အေၾကာင္း...
.
.
....

မီးပုံးပြဲလဲနီးလာၿပီဆိုေတာ့ ေရွာင္းက်န္႔ခ်ဳံခ်င္းကိုျပန္ရပါမယ္.. ႏွစ္တိုင္း မိသားစု ၃ ေယာက္အတူ ဒီပြဲကိုျဖတ္သန္းေနၾကပဲေလ.. ဒါေၾကာင့္ စာေတြႀကိဳေရးၿပီးေတာ့ အတြင္းေရးမႈးကိုေပးခဲ့ရတယ္ တစ္ေန႔တစ္ေစာင္ပို႔ဖို႔ေပါ့...

တစ္ေယာက္ထဲေနတဲ့ရိေပၚကို ဒီလို မီးပုံးပြဲေန႔မ်ိဳးမွာ အထီးမက်န္ေစခ်င္တာ ေရွာင္းက်န္႔ရဲ့ ဆႏၵပါပဲ... ခ်ဳံခ်င္းအိမ္မွာ ယြမ္ေရွာင္းလုပ္ရင္း ေကာင္ေလးကိုပါ စားေစခ်င္မိတာမို႔ ေလယာဥ္နဲ႔အျမန္ပို႔ဖို႔စီစဥ္ပါေတာ့တယ္... ရိေပၚဆီမပို႔ခင္ ေသခ်ာေႏႊးေပးလိုက္ဖို႔လဲ အတြင္းေရးမႈးကို မွာရေသးတယ္...
ပို႔မဲ့စာကို Zack ကိုျပလိုက္ေပမဲ့ ယြမ္ေရွာင္းေတြပါပို႔လိုက္တဲ့အေၾကာင္းကိုေတာ့ ေရွာင္းက်န္႔မေျပာလိုက္ေတာ့ဘူး... ဒီေလာက္ထိလုပ္ေပးတာကို Zack သိရင္ တစ္မ်ိဳးထင္မလားလို႔ မလုံတာလဲပါတာေပါ့ေလ... ဒါေပမဲ့ ဒီလိုမေျပာျဖစ္တာက တစ္ခ်ိန္မွာ စာေတြအေၾကာင္း ရိေပၚသိသြားေစမဲ့ အရိပ္အႁမြက္ေတြျဖစ္ေစမယ္ဆိုတာသာသိခဲ့ရင္......

ေရွာင္းက်န္႔တစ္ပါတ္ေက်ာ္ေလာက္ ခ်ဳံခ်င္းမွာေနၿပီးေတာ့ အခုေပက်င္းကိုျပန္ေရာက္ၿပီး ႐ုံးျပန္တက္ရပါၿပီ... Zack ကလဲ US ကိုျပန္သြားၿပီျဖစ္ပါတယ္... မျပန္ခင္ ရိေပၚကိုေသခ်ာေစာင့္ၾကည့္ဖို႔ရယ္ သူ႔ဆီ ရိေပၚအေၾကာင္းေတြ အျမဲေျပာျပဖို႔ရယ္ တတြတ္တြတ္မွာသြားေသးတာ... Zack က ရိေပၚကိုသေဘာက်ေလ Zack ကိုသူအားနာရေလျဖစ္ရပါတယ္... ဒါေပမဲ့ ခံစားခ်က္ဆိုတာကလဲ လုပ္ယူလို႔ရတဲ့အမ်ိဳးမွမဟုတ္ပဲေလ... ထိန္းခ်ဳပ္ဖို႔ပဲႀကိဳးစားရေတာ့တာေပါ့...
ေရွာင္းက်န္႔ေကာ္ဖီထိုင္ေသာက္ေနတုန္း ရိေပၚရဲ့လွမ္းေခၚသံကိုၾကားလိုက္ရပါတယ္... ရိေပၚရဲ့အသံၾကားရတိုင္း အရိပ္ေလးျမင္ရတိုင္း အလိုလိုျပဳံးမိတာကလဲ ထိန္းမရေအာင္ပါပဲ...

"Morning က်န္႔ေကာ... ဘယ္တုန္းကျပန္ေရာက္လဲ"
"....."
"ဪ.. ကၽြန္ေတာ္ဟိုေန႔က Gallery ဖက္ေရာက္တာနဲ႔ က်န္႔ေကာကိုေမးေတာ့ ခရီးသြားေနတယ္ေျပာလို႔ေလ.. အဟီး"

ကေလးကသူ႔ကိုသတိတရနဲ႔ေမးေပးတယ္တဲ့လား... ေပ်ာ္ရပါတယ္.. ဒါေပမဲ့ရိေပၚေၾကာင့္ ေပ်ာ္လိုက္ရတိုင္း ရင္ခုန္ရတိုင္းမွာ သူငယ္ခ်င္းကိုအားနာရတာကတြဲၿပီးပါလာတတ္တာေၾကာင့္ ကိုယ္ရွိန္ျပန္ျပန္သတ္ရပါေသးတယ္... အခုလို ခင္ခင္မင္မင္ေနမိတာေတာင္လြန္လွၿပီေလ...

"ကၽြန္ေတာ္ကေတာ့ မိဘအိမ္မျပန္ျဖစ္ဘူးဒီႏွစ္။ ဒါေပမဲ့ ယြမ္ေရွာင္းေကာင္းေကာင္းေလးစားလိုက္ရေတာ့ တစ္ေယာက္ထဲေပမဲ့ အထီးေတာ့မက်န္ေနေတာ့ဘူးေပါ့.."

ေရွာင္းက်န္႔ရင္ထဲေႏြးေထြးသြားလိုက္တာ... သူလုပ္ေပးလိုက္တဲ့ယြမ္ေရွာင္းကို သူ႔ကေလးေလးက တန္ဖိုးထားေပးတယ္တဲ့ေလ..
ဒီတစ္ႀကိမ္မွာေတာ့ ေရွာင္းက်န္႔အားနာရတာက ရိေပၚကိုပါပဲ... ဒီလိုျဖဴစင္တဲ့ေကာင္ေလးကို သူတို႔ကဝိုင္းလိမ္သလိုျဖစ္ေနတယ္မဟုတ္လား.. ေနာင္တစ္ခ်ိန္ေကာင္ေလးျပန္သိတဲ့အခါ စိတ္ဆိုးသြားမွာကိုလဲ ခုထဲက ရင္ပူေနရပါတယ္... ဒါေပမဲ့ ဦးေႏွာက္ကထိန္းလိုက္ ႏွလုံးသားေနာက္ပါသြားလိုက္နဲ႔ျဖစ္ေနရတဲ့ အေျခအေနႀကီးပါပဲ...

"ေႏြးေႏြးေထြးေထြးေနေလ ေကာင္ေလးရဲ့.. ေအးေန...."
"က်န္႔ေကာ.."

~သြားၿပီ.. ဘာလို႔ ဒီနာမ္စားကိုသြားေခၚမိရတာလဲကြာ..~

အကင္းပါးလြန္းတဲ့ ရိေပၚကေမးလာေတာ့ ေရွာင္းက်န္႔လဲမရွိတဲ့ ညီတစ္ဝမ္းကြဲကိုလႊဲခ်လိုက္ရေတာ့တယ္... ဆက္ထိုင္ေနရင္ ရိေပၚဘာေတြထပ္ေမးဦးမလဲမသိနိုင္တာေၾကာင့္ ထထြက္လာဖို႔ပဲ ဆုံးျဖတ္လိုက္ပါေတာ့တယ္... မထခင္ သူ႔မာဖလာကိုရိေပၚကိုပတ္ေပးခဲ့လိုက္ၿပီး အျမန္ပဲထြက္လာလိုက္တယ္...

~က်န္းမာေရးဂ႐ုစိုက္ပါ ကိုယ့္ကေလးေလး...~
.
.
.
....

အခ်ိန္ေတြၾကာလာေတာ့ ေရွာင္းက်န္႔နဲ႔ရိေပၚတို႔ တျဖည္းျဖည္းရင္းႏွီးလာၾကပါတယ္... ရိေပၚနဲ႔ ေကာ္ဖီအတူေသာက္ရင္း စတင္ရတဲ့ေန႔ရက္တိုင္းက ေရွာင္းက်န္႔အတြက္ ရက္ရာဇာေတြခ်ည္းပါပဲ... ရင္းႏွီးလာေတာ့ ရိေပၚအေၾကာင္းပိုသိလာေလ ပိုတြယ္တာမိေလပါပဲ... ၿပီးေတာ့ ဒီလိုတန္ဖိုးထားဖို႔ထိုက္တန္တဲ့ေကာင္ေလးကို လွည့္စားေနရသလိုျဖစ္ေနတာေၾကာင့္လဲ ကိုယ့္ကိုကိုယ္အျပစ္တင္စိတ္က ေရွာင္းက်န္႔ကိုႏွိက္စက္ပါေသးတယ္..

တစ္ရက္ ရိေပၚနဲ႔ေကာ္ဖီအတူေသာက္ေနတုန္း မိန္းကေလးတစ္ေယာက္က ေအာ္တိုလာထိုးခိုင္းလို႔ ထိုးေပးေနတုန္း ရိေပၚကလွမ္းၾကည့္ေနတာေၾကာင့္ ကြယ္လိုက္ရေသးတယ္... သူ႔လက္ေရးကိုျမင္လို႔ျမဖစ္ဘူးေလ... ဒီလိုေတြဖုံးကြယ္ေနရတာေတြ ေရွာင္းက်န္႔ပင္ပန္းပါတယ္.. Zack အတြက္သာမဟုတ္ရင္ သူဒါေတြလႊတ္ခ်လိုက္ေတာ့မွာ...
.
.
.
.....

"Sean ငါဒီတစ္ေခါက္ျပန္လာရင္ ရိေပၚနဲ႔ေတြ႕ေတာ့မလို႔.."

ဒီလိုေန႔ေရာက္လာမွာကို ေရွာင္းက်န္႔သိၿပီးသားေပမဲ့ တစ္ကယ္တမ္းေတြ႕ေတာ့မယ္ဆိုေတာ့ ရင္ထဲမေကာင္းလိုက္တာ... ဒါေပမဲ့ ဘယ္လုပ္ပိုင္ခြင့္နဲ႔မွ တားခြင့္မရွိဘူးမဟုတ္လား...
ေတြ႕ၾကလို႔ အဆင္ေျပသြားၾကရင္ ရင္းရမွာက ကိုယ့္ႏွလုံးသားတစ္ခုလုံး..
အဆင္မေျပၾကျပန္ရင္ ရင္းရမွာက ကိုယ့္သူငယ္ခ်င္းရဲ့ ႏွလုံးသားတစ္ခုလုံး..
ေရွာင္းက်န္႔အတြက္ တစ္ကယ္ကိုခက္ခဲပါတယ္..

"က်န္႔က်န္႔ သိလားလို႔.."
"အင္း Zack.. ေတြ႕ေလ..."
"I'm so excited!! စာလဲေရးထားေပးေနာ္.. ဆိုင္ကိုလဲ မင္းအဆင္ေျပတာပဲ ေရြးထားေပး..."
"ေအးပါ... လုပ္ထားေပးမယ္.. good luck Zack.."
"က်န္႔က်န္႔ အေကာင္းဆုံးပဲ.."

ဖုန္းခ်ၿပီးမွ ေရွာင္းက်န္႔ကိုယ့္ကိုကိုယ္သတိထားမိတယ္.. တာေဝးေျပးလာရသလိုပဲ ရင္ထဲေမာဟိုက္လို႔...
.
.
.
.
အခု ေရွာင္းက်န္႔တို႔ gallery မွာ ျပပြဲလုပ္ရွိေနတာနဲ႔အလုပ္ေတြမ်ားေနပါတယ္.. ဒီလိုအခ်ိန္မွာ ျပပြဲေၾကာင့္အလုပ္ရႈပ္ေနတာကိုပဲ ေက်းဇူးတင္ရမယ္.. မဟုတ္ရင္ အေတြးမ်ားေနရတယ္ေလ.. ဘယ္လိုပဲအလုပ္မ်ားမ်ား မနက္တိုင္းေတာ့ gallery ထဲမဝင္ခင္ ေကာ္ဖီဆိုင္က ထိုင္ေနၾကခုံေလးဆီ လွမ္းလွမ္းၾကည့္ျဖစ္တယ္.. ေကာင္ေလးမ်ားေရာက္ေနမလားရယ္လို႔... အခုတစ္ေလာရိေပၚက ၿပိဳင္ပြဲရွိေနလို႔ အျပင္းအထန္ ေလ့က်င့္ေနတယ္လို႔ လႊတ္ထားတဲ့လူကေျပာတာနဲ႔ ၿပိဳင္ပြဲမွာအဆင္ေျပေစဖို႔ ဆုေတာင္းေပးရပါေသးတယ္...

~ကိုယ့္ကေလးက ေတာ္ၿပီးသားဆိုေတာ့ ပထမရပါေစဆိုတာထက္ အႏၲရာယ္ကင္းဖို႔ ပဲဆုေတာင္းေပးပါေတာ့မယ္..~

ေရွာင္းက်န္႔ meeting ၿပီးေတာ့ ဧည့္သည္ေတြကို လိုက္ပို႔ရင္း အက်င့္ပါေနတဲ့အတိုင္း ထိုင္ေနၾကခုံေလးဆီလွမ္းၾကည့္မိျပန္ေတာ့ သူ႔ကို ၾကည့္ေနတဲ့ ဝမ္ေကာင္ေလးကိုေတြ႕ရပါတယ္.. ရိေပၚဟာ ေရွာင္းက်န္႔အတြက္ တစ္ကယ့္ကို ေႏြဦးရဲ့ေလေျပေလးပါပဲ... ေတြ႕ရတိုင္း ရင္ကိုလွပ္ခနဲကိုေအးေစပါတယ္.. ရိေပၚလွမ္းျပဳံးျပလိုက္ေတာ့ ေရွာင္းက်န္႔ေျခေထာက္ေတြက မခိုင္းေစရပဲ အလိုလို ေကာ္ဖီဆိုင္ဖက္ကို လွမ္းေနၿပီ...
ရိေပၚေရွ႕မွာထိုင္လိုက္ၿပီး စကားေျပာရင္း ေကာင္ေလးကိုေငးေနမိတယ္... ေနာက္ဆို ဒီကေလးနဲ႔ ဒီလိုအခ်ိန္ေတြကုန္ဖို႔က သိပ္မျဖစ္နိုင္ေတာ့ဘူးေလ..

"ေကာ ေနေကာင္းရဲ့လား... သိပ္မလန္းသလိုပဲ"

ရိေပၚေမးလာေတာ့မွ ေရွာင္းက်န္႔သူ႔ကိုယ္သူျပန္ထိန္းမိတယ္... ဆက္ထိုင္ေနရင္ အမွားေတြလုပ္မိမွာဆိုးတာနဲ႔ပဲ အျမန္ႏႈတ္ဆက္ၿပီး ထထြက္လာခဲ့လိုက္ေတာ့တယ္...
႐ုံးခန္းကိုျပန္ေရာက္ေတာ့ ေတြ႕ဖို႔စာေလးေရးၿပီး ရိေပၚရဲ့စာတိုက္ပုံးေလးဆီပို႔ခိုင္းလိုက္ပါတယ္... ဒါကေနာက္ဆုံးစာပဲျဖစ္မွာမို႔ စာအိတ္ေလးကို ႏႈတ္ဆက္အနမ္းေလးထည့္ေပးရင္းေပါ့....

ဒီႏွစ္ ၃လပိုင္းရဲ့ေနာက္ဆုံးရက္ဟာ ေရွာင္းက်န္႔သူ႔သက္တမ္းတစ္ေလၽွာက္မွာ ရင္အေမာရဆုံးပဲျဖစ္ပါလိမ့္မယ္...

~ေပ်ာ္ရႊင္ပါေစ ကိုယ့္ကေလးေရ..~

to be continued...

Continue Reading

You'll Also Like

6.9K 140 30
They hate each other... or so they thought. (Spanish&English Book)
3.7K 116 3
MC gets reincarnated into the previous era or PE for short as Bronya the herrscher of truth. I know some of y'all might skip the prologue but if you...
6.4K 501 14
#not translation #own creation #You can enjoy both uni & zawgyi versions ဖက္လက္စစာအုပ္ထဲကိုကူး‌ေျပာင္းသြားခဲ့တဲ့ေရွာင္းက်န႔္တေယာက္ သူဘယ္လိုရွင္သန္ရန...
39.9K 2.4K 28
Sean!!!အဲ့တာကစားစရာမဟုတ်ဘူးလေ Sean!!!အာလူးကြော်တွေစားတာများနေပြီ Sean!!!ကိုယ့်ကိုချစ်လား?