AI (Edit လုပ်နေဆဲ )

By yuppie_wu

247K 8.2K 111

အချစ်ဆိုတာ အလျော်တောင်းရာကနေ အကြွေးပြန်ဆပ်ရတဲ့အဖြစ်ကနေစတယ်။ အခ်စ္ဆိုတာ အေလ်ာ္ေတာင္းရာကေန အေႂကြးျပန္ဆပ္ရတဲ့အျဖ... More

AI - 1
AI - 3
AI - 4
AI - 5
AI - 6
AI - 7
AI - 8
AI - 9
AI - 10
AI - 11
AI - 12
AI - 13

AI - 2

6.9K 737 1
By yuppie_wu

(Unicode)
အလုပ်လုပ်ရာမှာ စေ့စပ်တိကျတဲ့ ဝမ်ရိပေါ်က ဒီနေ့ ကုမ္ပဏီမှာ ကိစ္စတစ်ခုကြောင့် ပြသနာတက်နေလို့ စိတ်တိုနေသည်။

ကုမ္ပဏီဆိုလို့ အကြီးကြီးမဟုတ်ပဲ ရိပေါ် ကိုယ်တိုင်ထောင်ထားတဲ့ ဖက်ရှင်ကုမ္ပဏီ အသေးစားလေးပင်ဖြစ်သည်။

မိဘတွေက ရိပေါ်ကို စီးပွားရေးသမားဖြစ်စေချင်ခဲ့ပေမယ့် ဖက်ရှင်ကိုပဲစိတ်ဝင်စားတဲ့ ရိပေါ်က မိဘတွေကို ဆန့်ကျင်ပြီး ဖက်ရှင်မေဂျာကိုယူခဲ့သည်။

ဖက်ရှင်မေဂျာနဲ့ ဘွဲ့ရရပြီးချင်း ရိပေါ်က ကိုယ်ပိုင် ကုမ္ပဏီအသေးစားလေးစထောင်သည်။

အစပိုင်းမှာ ကုမ္ပဏီက ဝန်ထမ်းမခန့်နိုင်။ သူငယ်ချင်းဖြစ်တဲ့သူ ဟောက်ရွမ်းနဲ့ ကိုယ်ပဲသူဌေး ကိုယ်ပဲ ဝန်ထမ်း အတူတူလုပ်ခဲ့ကြသည်။

အခက်အခဲတွေနဲ့လည်ပတ်ခဲ့ရတဲ့ ဖက်ရှင် ကုမ္ပဏီအသေးစားလေးက ခုဆို သိပ်တော့ မဆိုးလှတော့။

WYB ဆိုတဲ့ နာမည်နဲ့ brand အသေးလေးက နာမည်ရစပြုနေတဲ့အချိန်။

ဒီလိုအချိန်မှာ ရိပေါ်က သူ့အဖေဆီကနေ နာမည်ကောင်း ရအောင်ကြိုးစားရမည်။

ဒီ brandသေးသေးလေးထောင်ဖို့ ရိပေါ်အတွက်က မလွယ်ကူခဲ့။အတော်လေးကြိုးစားခဲ့ရသည်။

ရိပေါ်မိဘတွေက ချမ်းသာသည်။ရိပေါ်တို့မိဘတွေက ကိုရီးယားမှာ အခြေချနေတဲ့ တရုတ်စစ်စစ်တွေဖြစ်သည်။ တရုတ်ရော ကိုရီးယားမှာရော ကုန်တိုက်ကြီးတွေ ပိုင်တဲ့ မိဘတွေက သူတို့ရဲ့တစ်ဦးတည်းသောသားဖြစ်တဲ့ ရိပေါ်ရဲ့ ဝါသနာကို လုံးဝအားမပေး။

မိဘတွေကို ဆန့်ကျင်ပြီး ဖက်ရှင်မေဂျာကို တက်ခဲ့တဲ့အတွက် ရိပေါ်ကို မိဘတွေက ကျောင်းတက်သမျှကာလပတ်လုံး ကျောင်းစရိတ်လုံးဝမထောက်ပံ့ပေ။

ရိပေါ်ကိုယ်တိုင် အချိန်ပိုင်းအလုပ်တစ်ဖက်ရယ် ကျောင်းစာရယ်ကို အိပ်ချိန်တောင်မရှိအားပဲကုန်းရုန်းကြိုးစားပြီးမှ ခက်ခက်ခဲခဲဘွဲ့ရခဲ့တာဖြစ်သည်။

ပင်ပန်းလွန်းလို့ လွှတ်ချပစ်လိုက်ချင်တဲ့အချိန်တွေရှိခဲ့သည်။ အထူးသဖြင့် ကျောင်းစရိတ် ။

ရိပေါ်တက်ချင်တာလည်း ကိုရီးယားရဲ့ နာမည်အကြီးဆုံးဖက်ရှင်ကျောင်း။ကျောင်းစရိတ်မလောက်လို့ အချိန်ပိုင်းအလုပ်အပြင် ကြုံရာပါလုပ်ခဲ့ရသေးသည်။

အထူးသဖြင့် ဘားမှာစားပွဲထိုးလုပ်ခြင်းက မြိုးမြိုးမြက်မြက်ရစေသည်။ အဲ့ဒီက ပိုက်ဆံနဲ့ပဲ ကျောင်းဆက်တက်ရသည်။ ရိပေါ်က စစ်စစ်ကုပ်ကုပ်သူံးသည်။ ပြီးတော့ လျှို့ဝှက်တတ်သည်။

ဘယ်သူမှ ရိပေါ်ကို သူဌေးသားလို့မထင်ကြ။ ကိုယ့်သားသမီး ဝါသနာကို အားမပေးတဲ့အပြင် ရှုံ့ချတဲ့ မိဘတွေကိုလည်း ရိပေါ်တစ်ခါတစ်ခါ စိတ်နာသည်။

သူတို့သာထောက်ပံ့ပေးခဲ့ရင် ရိပေါ် ဒီလောက်ထိ ပင်ပန်းရမှာမဟုတ်။ မိဘတွေကလည်း တကယ်ပဲ ပစ်ထားနိုင်သည်။

တက္ကသိုလ်စတက်ကတည်းက အိမ်ကဆင်းလာတဲ့ ရိပေါ်က ခုထိ အိမ်မပြန်တော့။

အိမ်ကိုလည်း အဆက်အသွယ်မလုပ်တော့။

ဒါပေမယ့် နာမည်ရစပြုလာတဲ့ ရိပေါ်ရဲ့ ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံဖို့ သူဌေးတစ်ယောက်က ကမ်းလှမ်းလာသည်။

ဖြစ်ချင်တော့ သူ့အဖေဖြစ်နေသည်။ အဖေဖြစ်သူက ဒီတစ်ခေါက်ထုတ်တဲ့ ရိပေါ် brand သာအောင်မြင်ရင် သူ့ကုန်တ်ိုက်မှာ တင်ပြီး ကြော်ငြာပေးမယ်လို့ပြောသည်။

အစက ရိပေါ်ကစိတ်နာလို့ ငြင်းမလို့လုပ်ပေမယ့် မခံချင်စိတ်နဲ့ ဖြစ်အောင်လုပ်ပြမယ်လို့ ကတိပေးလိုက်သည်။

ဒီတစ်ခေါက်အောင်မြင်ရင် ရိပေါ်အတွက်က အခွင့်အရေးကြီး။ သူ့အဖေက သူ့ကို ယုံကြည်ပေးမယ်ပြောသည်။ ဘယ်လိုပဲဖြစ်ဖြစ် ရိပေါ် အဖေဆီက ယုံကြည်မှုယူရမည်။

အင်တိုက်အားတိုက်နဲ့ကြိုးစားနေချိန် ပြသနာတက်နေတာက ဒီဇိုင်းပဲ။ သူလိုချင်တဲ့ ဒီဇိုင်းကို ဘယ်သူမှ မထွင်ပေးနိုင်ဘူးဖြစ်နေသည်။

ရိပေါ်က ဖက်ရှင်မေဂျာပဲတက်တာ ပုံဆွဲတတ်တာမှမဟုတ်ပဲ။
ရိပေါ်က သူ့စိတ်ကူးထဲက ဒီဇိုင်းကို လက်တွေအကောင်အထည်ဖော်ချင်သည်။ ဒါပေမယ့် ရိပေါ်ဖြစ်စေချင်သလို ဒီဇိုင်းကို ဘယ်သူမှမဆွဲပေးနိုင်လို့ စိတ်တိုင်းမကျ။

ဒါပေမယ့် ရိပေါ်အဖေက ရိပေါ်ကို အချိန်တစ်နှစ်ပေးထားသည်။ တစ်နှစ်အတွင်းမှာ အဆင်သင့်ဖြစ်အောင်လုပ်ထားဖို့က ရိပေါ်တာဝန်။

အချိန်နှစ်လကျော်ကုန်သွားပေမယ့် ဒီဇိုင်းက လိုချင်တဲ့ပုံစံကိုမရသေး။

ဆယ်လကျန်သည်။ သူလိုချင်တဲ့ ပန်းချီဆရာကို ဘယ်လိုသွားရှာရမလဲရိပေါ်မသိ။ ပြီးတော့ နာမည်ကြီးတွေကို ဌားဖို့အတွက် ရိပေါ်ထပ်ပြီး ပိုက်ဆံအကုန်မခံနိုင်တော့ပါ။

ဒီဇိုင်းပညာရှင်ဆိုပေမယ့် ကွန်ပြူတာနဲ့ဆွဲတဲ့ဒီဇိုင်းထက် ကိုယ်တိုင်စိတ်နှစ်ပြီး အနုပညာရသကို သေချာခံစားန်ိုင်တဲ့ စာရွက်ပေါ်မှာ စုတ်တံနဲ့ဆွဲတဲ့ ပန်းချီဆရာကိုပဲလိုချင်တာဖြစ်သည်။

ရိပေါ်က " ငါက သိပ်ကိုချေး များနေမိပြီလား " လို့တွေးမိတဲ့အထိပင်။

နှစ်လလုံးလုံးလည်း ဒီစိတ်နဲ့ပဲနှစ်ပါးသွားနေရသည်။

ဖြစ်ချင်တော့ ဒီနေ့ထပ်ပြသနာတက်တာက ဒီဇိုင်းတင်မဟုတ်။ အကျီ အသားကိစ္စ။ ရိပေါ်က စျေးနှုန်းအသင့်အတင့်နဲ့ ကွာလတီကောင်းတဲ့ ချည်ထည်ကိူပဲ အသုံးပြုချင်သည်။ အထူးသဖြင့် လက်လုပ်တွေဆို ပိုကောင်းမည်။ ထုတ်တာကလည်း အကန့်အသတ်နဲ့ထုတ်မယ်စဥ်းစားထားသည်။

ဒါပေမယ့် အကုန်လုံးက ဘယ်လိုဖြစ်နိုင်မှာလည်းဆ်ိုပြီး ရိပေါ်ကို အထင်သေးလွန်းကြသည်။ သူ့အိုးနဲ့သူ့ဆန်တန်ရုံပဲပေါ့လို့ ပြောကြသည်။

ဒီတစ်ခေါက်ရိပေါ်အတွက်စိန်ခေါ်မှုကြီးက ကွာလတီကိုလုံးဝအကောင်းစားနဲ့ စျေးအသင့်အတင့်နဲ့ သာမန်လူတွေဝယ်လို့ရတဲ့ brand မျိုးထုတ်ချင်တာ။ ဒါပေမယ့် အိမ်မက်က စိတ်ကူးယဉ်ဆန်သည်။

ရိပေါ်ဘက်မှာရှိတာ ဟိုးအရင်ကတည်းက ခုထိ သူ့သူငယ်ချင်း ဟောက်ရွှမ်း။

စိတ်အရမ်းညစ်နေပါတယ်ဆို နေကလည်းပူ ရုံးဆင်းချိန်မို့ ကားကကြပ်နဲ့ ရိပေါ်က အရာအားလုံးကို အကောင်းမမြင်နိုင်တော့။

မီးပွိုင့်စောင့်ရတာ စိတ်မရှည်တာနဲ့ လမ်းကြိုလမ်းကြားကပတ်မောင်းလာခဲ့တာပင်။

အဲဒီမှာ ပြသနာတစ်ခုက ထပ်တက်တာဖြစ်သည်။

လမ်းချိုးထဲကနေကွေ့လာတဲ့ ဆိုင်ကယ်ကို ရိပေါ်က ဝင်တိုက်လိုက်မိသည်။ တကယ်တမ်းက ရိပေါ်လည်းမမှား။

ဟွန်းတီးရဲ့သားနဲ့ ဇွတ်ကွေ့တဲ့ဆိုင်ကယ်အမှားပဲ။
တကယ်ဆို လမ်းချိုးထဲက ထွက်လာတဲ့သူက လမ်းမဘက်က လာတဲ့သူကို ဦးစားပေးသင့်တာမဟုတ်လား။

ရိပေါ်က အဲ့ဒီဆိုင်ကယ်ကိုတိုက်ပြီး အမြန်ဘရိတ်အုပ်လိုက်ရလို့ထိုးရပ်သွားသည်။

ကိုယ်တိုင်လည်း ရင်တုန်ပန်းတုန်ဖြစ်ပြီး အသက်ရှုတွေကြပ်သွားသည်။နဂိုတည်းက နှလုံးရောဂါအခံရှိတော့ ပိုမောသည်။

ကားစတီယာတိုင်ပေါ်ကို မျက်နှာမှောက်ပြီး ခန အမောဖြေနေမိသည်။

ခဏနေတော့ ထိုလူဟာကားတံခါးကိုလာခေါက်သည်။

စိတ်ညစ်နေပါတယ်ဆို စောက်ပြသနာကတစ်မှောင့်။ အလျော်တောင်းမယ်ထင်တယ်လို့ ရိပေါ် တထစ်ချတွက်လိုက်မိသည်။

" စောက်လုပ်ကရှုပ်ဦးမယ်။ shitttttt! "

TBC...

(Zawgyi)

အလုပ္လုပ္ရာမွာ ေစ့စပ္တိက်တဲ့ ဝမ္ရိေပၚက ဒီေန႕ ကုမၸဏီမွာ ကိစၥတစ္ခုေၾကာင့္ ျပသနာတက္ေနလို႔ စိတ္တိုေနသည္။

ကုမၸဏီဆိုလို႔ အႀကီးႀကီးမဟုတ္ပဲ ရိေပၚ ကိုယ္တိုင္ေထာင္ထားတဲ့ ဖက္ရွင္ကုမၸဏီ အေသးစားေလးပင္ျဖစ္သည္။

မိဘေတြက ရိေပၚကို စီးပြားေရးသမားျဖစ္ေစခ်င္ခဲ့ေပမယ့္ ဖက္ရွင္ကိုပဲစိတ္ဝင္စားတဲ့ ရိေပၚက မိဘေတြကို ဆန့္က်င္ၿပီး ဖက္ရွင္ေမဂ်ာကိုယူခဲ့သည္။

ဖက္ရွင္ေမဂ်ာနဲ႕ ဘြဲ႕ရရၿပီးခ်င္း ရိေပၚက ကိုယ္ပိုင္ ကုမၸဏီအေသးစားေလးစေထာင္သည္။

အစပိုင္းမွာ ကုမၸဏီက ဝန္ထမ္းမခန့္နိုင္။ သူငယ္ခ်င္းျဖစ္တဲ့သူ ေဟာက္႐ြမ္းနဲ႕ ကိုယ္ပဲသူေဌး ကိုယ္ပဲ ဝန္ထမ္း အတူတူလုပ္ခဲ့ၾကသည္။

အခက္အခဲေတြနဲ႕လည္ပတ္ခဲ့ရတဲ့ ဖက္ရွင္ ကုမၸဏီအေသးစားေလးက ခုဆို သိပ္ေတာ့ မဆိုးလွေတာ့။

WYB ဆိုတဲ့ နာမည္နဲ႕ brand အေသးေလးက နာမည္ရစျပဳေနတဲ့အခ်ိန္။

ဒီလိုအခ်ိန္မွာ ရိေပၚက သူ႕အေဖဆီကေန နာမည္ေကာင္း ရေအာင္ႀကိဳးစားရမည္။

ဒီ brandေသးေသးေလးေထာင္ဖို႔ ရိေပၚအတြက္က မလြယ္ကူခဲ့။အေတာ္ေလးႀကိဳးစားခဲ့ရသည္။

ရိေပၚမိဘေတြက ခ်မ္းသာသည္။ရိေပၚတို႔မိဘေတြက ကိုရီးယားမွာ အေျခခ်ေနတဲ့ တ႐ုတ္စစ္စစ္ေတြျဖစ္သည္။ တ႐ုတ္ေရာ ကိုရီးယားမွာေရာ ကုန္တိုက္ႀကီးေတြ ပိုင္တဲ့ မိဘေတြက သူတို႔ရဲ႕တစ္ဦးတည္းေသာသားျဖစ္တဲ့ ရိေပၚရဲ႕ ဝါသနာကို လုံးဝအားမေပး။

မိဘေတြကို ဆန့္က်င္ၿပီး ဖက္ရွင္ေမဂ်ာကို တက္ခဲ့တဲ့အတြက္ ရိေပၚကို မိဘေတြက ေက်ာင္းတက္သမွ်ကာလပတ္လုံး ေက်ာင္းစရိတ္လုံးဝမေထာက္ပံ့ေပ။

ရိေပၚကိုယ္တိုင္ အခ်ိန္ပိုင္းအလုပ္တစ္ဖက္ရယ္ ေက်ာင္းစာရယ္ကို အိပ္ခ်ိန္ေတာင္မရွိအားပဲကုန္း႐ုန္းႀကိဳးစားၿပီးမွ ခက္ခက္ခဲခဲဘြဲ႕ရခဲ့တာျဖစ္သည္။

ပင္ပန္းလြန္းလို႔ လႊတ္ခ်ပစ္လိုက္ခ်င္တဲ့အခ်ိန္ေတြရွိခဲ့သည္။ အထူးသျဖင့္ ေက်ာင္းစရိတ္ ။

ရိေပၚတက္ခ်င္တာလည္း ကိုရီးယားရဲ႕ နာမည္အႀကီးဆုံးဖက္ရွင္ေက်ာင္း။ေက်ာင္းစရိတ္မေလာက္လို႔ အခ်ိန္ပိုင္းအလုပ္အျပင္ ႀကဳံရာပါလုပ္ခဲ့ရေသးသည္။

အထူးသျဖင့္ ဘားမွာစားပြဲထိုးလုပ္ျခင္းက ၿမိဳးၿမိဳးျမက္ျမက္ရေစသည္။ အဲ့ဒီက ပိုက္ဆံနဲ႕ပဲ ေက်ာင္းဆက္တက္ရသည္။ ရိေပၚက စစ္စစ္ကုပ္ကုပ္သူံးသည္။ ၿပီးေတာ့ လွ်ို႔ဝွက္တတ္သည္။

ဘယ္သူမွ ရိေပၚကို သူေဌးသားလို႔မထင္ၾက။ ကိုယ့္သားသမီး ဝါသနာကို အားမေပးတဲ့အျပင္ ရႈံ႕ခ်တဲ့ မိဘေတြကိုလည္း ရိေပၚတစ္ခါတစ္ခါ စိတ္နာသည္။

သူတို႔သာေထာက္ပံ့ေပးခဲ့ရင္ ရိေပၚ ဒီေလာက္ထိ ပင္ပန္းရမွာမဟုတ္။ မိဘေတြကလည္း တကယ္ပဲ ပစ္ထားနိုင္သည္။

တကၠသိုလ္စတက္ကတည္းက အိမ္ကဆင္းလာတဲ့ ရိေပၚက ခုထိ အိမ္မျပန္ေတာ့။

အိမ္ကိုလည္း အဆက္အသြယ္မလုပ္ေတာ့။

ဒါေပမယ့္ နာမည္ရစျပဳလာတဲ့ ရိေပၚရဲ႕ ကုမၸဏီမွာ ရင္းႏွီးျမႇုပ္ႏွံဖို႔ သူေဌးတစ္ေယာက္က ကမ္းလွမ္းလာသည္။

ျဖစ္ခ်င္ေတာ့ သူ႕အေဖျဖစ္ေနသည္။ အေဖျဖစ္သူက ဒီတစ္ေခါက္ထုတ္တဲ့ ရိေပၚ brand သာေအာင္ျမင္ရင္ သူ႕ကုန္တ္ိုက္မွာ တင္ၿပီး ေၾကာ္ျငာေပးမယ္လို႔ေျပာသည္။

အစက ရိေပၚကစိတ္နာလို႔ ျငင္းမလို႔လုပ္ေပမယ့္ မခံခ်င္စိတ္နဲ႕ ျဖစ္ေအာင္လုပ္ျပမယ္လို႔ ကတိေပးလိုက္သည္။

ဒီတစ္ေခါက္ေအာင္ျမင္ရင္ ရိေပၚအတြက္က အခြင့္အေရးႀကီး။ သူ႕အေဖက သူ႕ကို ယုံၾကည္ေပးမယ္ေျပာသည္။ ဘယ္လိုပဲျဖစ္ျဖစ္ ရိေပၚ အေဖဆီက ယုံၾကည္မႈယူရမည္။

အင္တိုက္အားတိုက္နဲ႕ႀကိဳးစားေနခ်ိန္ ျပသနာတက္ေနတာက ဒီဇိုင္းပဲ။ သူလိုခ်င္တဲ့ ဒီဇိုင္းကို ဘယ္သူမွ မထြင္ေပးနိုင္ဘူးျဖစ္ေနသည္။

ရိေပၚက ဖက္ရွင္ေမဂ်ာပဲတက္တာ ပုံဆြဲတတ္တာမွမဟုတ္ပဲ။
ရိေပၚက သူ႕စိတ္ကူးထဲက ဒီဇိုင္းကို လက္ေတြအေကာင္အထည္ေဖာ္ခ်င္သည္။ ဒါေပမယ့္ ရိေပၚျဖစ္ေစခ်င္သလို ဒီဇိုင္းကို ဘယ္သူမွမဆြဲေပးနိုင္လို႔ စိတ္တိုင္းမက်။

ဒါေပမယ့္ ရိေပၚအေဖက ရိေပၚကို အခ်ိန္တစ္ႏွစ္ေပးထားသည္။ တစ္ႏွစ္အတြင္းမွာ အဆင္သင့္ျဖစ္ေအာင္လုပ္ထားဖို႔က ရိေပၚတာဝန္။

အခ်ိန္ႏွစ္လေက်ာ္ကုန္သြားေပမယ့္ ဒီဇိုင္းက လိုခ်င္တဲ့ပုံစံကိုမရေသး။

ဆယ္လက်န္သည္။ သူလိုခ်င္တဲ့ ပန္းခ်ီဆရာကို ဘယ္လိုသြားရွာရမလဲရိေပၚမသိ။ ၿပီးေတာ့ နာမည္ႀကီးေတြကို ဌားဖို႔အတြက္ ရိေပၚထပ္ၿပီး ပိုက္ဆံအကုန္မခံနိုင္ေတာ့ပါ။

ဒီဇိုင္းပညာရွင္ဆိုေပမယ့္ ကြန္ျပဴတာနဲ႕ဆြဲတဲ့ဒီဇိုင္းထက္ ကိုယ္တိုင္စိတ္ႏွစ္ၿပီး အႏုပညာရသကို ေသခ်ာခံစားန္ိုင္တဲ့ စာ႐ြက္ေပၚမွာ စုတ္တံနဲ႕ဆြဲတဲ့ ပန္းခ်ီဆရာကိုပဲလိုခ်င္တာျဖစ္သည္။

ရိေပၚက " ငါက သိပ္ကိုေခ်း မ်ားေနမိၿပီလား " လို႔ေတြးမိတဲ့အထိပင္။

ႏွစ္လလုံးလုံးလည္း ဒီစိတ္နဲ႕ပဲႏွစ္ပါးသြားေနရသည္။

ျဖစ္ခ်င္ေတာ့ ဒီေန႕ထပ္ျပသနာတက္တာက ဒီဇိုင္းတင္မဟုတ္။ အက်ီ အသားကိစၥ။ ရိေပၚက ေစ်းႏႈန္းအသင့္အတင့္နဲ႕ ကြာလတီေကာင္းတဲ့ ခ်ည္ထည္ကိူပဲ အသုံးျပဳခ်င္သည္။ အထူးသျဖင့္ လက္လုပ္ေတြဆို ပိုေကာင္းမည္။ ထုတ္တာကလည္း အကန့္အသတ္နဲ႕ထုတ္မယ္စဥ္းစားထားသည္။

ဒါေပမယ့္ အကုန္လုံးက ဘယ္လိုျဖစ္နိုင္မွာလည္းဆ္ိုၿပီး ရိေပၚကို အထင္ေသးလြန္းၾကသည္။ သူ႕အိုးနဲ႕သူ႕ဆန္တန္႐ုံပဲေပါ့လို႔ ေျပာၾကသည္။

ဒီတစ္ေခါက္ရိေပၚအတြက္စိန္ေခၚမႈႀကီးက ကြာလတီကိုလုံးဝအေကာင္းစားနဲ႕ ေစ်းအသင့္အတင့္နဲ႕ သာမန္လူေတြဝယ္လို႔ရတဲ့ brand မ်ိဳးထုတ္ခ်င္တာ။ ဒါေပမယ့္ အိမ္မက္က စိတ္ကူးယဥ္ဆန္သည္။

ရိေပၚဘက္မွာရွိတာ ဟိုးအရင္ကတည္းက ခုထိ သူ႕သူငယ္ခ်င္း ေဟာက္႐ႊမ္း။

စိတ္အရမ္းညစ္ေနပါတယ္ဆို ေနကလည္းပူ ႐ုံးဆင္းခ်ိန္မို႔ ကားကၾကပ္နဲ႕ ရိေပၚက အရာအားလုံးကို အေကာင္းမျမင္နိုင္ေတာ့။

မီးပြိုင့္ေစာင့္ရတာ စိတ္မရွည္တာနဲ႕ လမ္းႀကိဳလမ္းၾကားကပတ္ေမာင္းလာခဲ့တာပင္။

အဲဒီမွာ ျပသနာတစ္ခုက ထပ္တက္တာျဖစ္သည္။

လမ္းခ်ိဳးထဲကေနေကြ႕လာတဲ့ ဆိုင္ကယ္ကို ရိေပၚက ဝင္တိုက္လိုက္မိသည္။ တကယ္တမ္းက ရိေပၚလည္းမမွား။

ဟြန္းတီးရဲ႕သားနဲ႕ ဇြတ္ေကြ႕တဲ့ဆိုင္ကယ္အမွားပဲ။
တကယ္ဆို လမ္းခ်ိဳးထဲက ထြက္လာတဲ့သူက လမ္းမဘက္က လာတဲ့သူကို ဦးစားေပးသင့္တာမဟုတ္လား။

ရိေပၚက အဲ့ဒီဆိုင္ကယ္ကိုတိုက္ၿပီး အျမန္ဘရိတ္အုပ္လိုက္ရလို႔ထိုးရပ္သြားသည္။

ကိုယ္တိုင္လည္း ရင္တုန္ပန္းတုန္ျဖစ္ၿပီး အသက္ရႈေတြၾကပ္သြားသည္။နဂိုတည္းက ႏွလုံးေရာဂါအခံရွိေတာ့ ပိုေမာသည္။

ကားစတီယာတိုင္ေပၚကို မ်က္ႏွာေမွာက္ၿပီး ခန အေမာေျဖေနမိသည္။

ခဏေနေတာ့ ထိုလူဟာကားတံခါးကိုလာေခါက္သည္။

စိတ္ညစ္ေနပါတယ္ဆို ေစာက္ျပသနာကတစ္ေမွာင့္။ အေလ်ာ္ေတာင္းမယ္ထင္တယ္လို႔ ရိေပၚ တထစ္ခ်တြက္လိုက္မိသည္။

" ေစာက္လုပ္ကရႈပ္ဦးမယ္။ shitttttt! "

TBC...

Continue Reading

You'll Also Like

30.1K 6.6K 38
tk sinhala
247K 8.2K 13
အချစ်ဆိုတာ အလျော်တောင်းရာကနေ အကြွေးပြန်ဆပ်ရတဲ့အဖြစ်ကနေစတယ်။ အခ်စ္ဆိုတာ အေလ်ာ္ေတာင္းရာကေန အေႂကြးျပန္ဆပ္ရတဲ့အျဖစ္ကေနစတယ္။
53.7K 14.3K 51
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
28.1K 2.7K 7
Do I ever cross your mind?