AI - 3

6.2K 683 8
                                    

(Unicode)

ရှောင်းကျန့်က ကားတံခါးမှန်ကိြလာခေါက်တော့ ရိပေါ်လည်း ကားပေါ်ကဆင်းလာလိုက်သည်။

ရှောင်းကျန့်က ဦးထုပ်ကိုချွတ်လိုက်ပြီး ခါးစောင်းမှာပိုက်ထားသည်။ ပူလွန်းလို့ တပ်ထားတဲ့ နှာခေါင်းစည်းကိုပါဖြုတ်လိုက်၏။ လေ့အဝေ့မှာ ဆံပင်တွေကဖွာကနဲ။ ရှောင်းကျန့်က ရိပေါ်ကို သေချာစိုက်ကြည့်သည်။

ရှောင်းကျန့်အထင်က

" အရှေ့က ကောင်လေးက အပိုးမကျိုးတဲ့ရုပ် "

ရိပေါ်ကလည်း မျက်မှောင်ကြီးကုတ် ခါးကြီးထောက်ပြီးရှောင်းကျန့်ကိုကြည့်နေသည်။ အကြည့်ချင်းဆုံနေတဲ့ စစ်အေးတိုက်ပွဲလိုပင်။ နှစ်ယောက်သားမျက်နှာချင်းဆိုင်နေတဲ့ပုံကြီးက မကြာခင်မှာပဲ သတ်ကြတော့မယ်သူတွေအတိုင်း။

ခနကြာတော့ ရှောင်းကျန့်ကချောင်းဟန့်သည်။

" အဟမ်း "

" ဒီမှာ ခင်ဗျားလုပ်လိုက်တာ ကျွန်တော် ဒီနေ့ deli လိုက်ပို့လို့မရတော့ဘူး "

ရှေ့က ကောင်လေးက ရှောင်းကျန့်ထက်ငယ်လောက်မည်။

" အဲတာဘာဖြစ်လဲ "

ခါးထောက်ပြီး မျက်မှောင်ကြီးကုတ်ပြီးကြည့်နေတဲ့ ရိပေါ်ကိုရော ရိပေါ်ရဲ့အပြောကိုရော ရှောင်းကျန့် အချဥ်ပေါက်လာသည်။

" ဟေ့ ဒီမှာ မင်းဘယ်လိုလုပ်လိုက်လဲတွေ့လား။ ငါ့ဆ်ိုင်ကယ်လဲပြီး ပို့ရမယ့် အစားအစာတွေလည်း မှောက်ကုန်ပြီ "

သေချာအောင်လို့ မှောက်ကျနေတဲ့ အစားအစာတွေကို လက်ညှိုးထိုးပြလိုက်သည်။

ရိပေါ်က ဆိုင်ကယ်ဘက်ကိုတစ်ချက်လှမ်းကြည့်ပြီး မျက်ခုံးတစ်ဖက်ကို ပင့်ကာ မထိမဲ့မြင်ဟန်လုပ်၏။

" အဲ့တော့ "

မေးပုံးမေးပေါက်ရယ် မျက်နှာ အနေအထားဟာရယ်ဖြင့် အတော် ဖြတ်ရိုက်ချင်စရာလေး။

" အဲ့တော့ အလျော်ပေးရမယ် မင်းငါ့ကို "

" ဘာဆိုင်လဲ ကျုပ်နဲ့ "

" ဆိုင်တာပေါ့ မင်းကငါ့ကို ဝင်တ်ိုက်တာလေ။ မင်းကြောင့် ငါဒီနေ့ deli လိုက်ပို့လို့မရတော့ဘူး။ "

AI (Edit လုပ်နေဆဲ )Where stories live. Discover now