(Unicode)
December,2019
ဆောင်းတွင်း မနက်မှာ ချမ်းချမ်းအေးအေးနဲ့ ရှောင်းကျန့် လေဆိပ်ကိုရောက်နေတယ်.. ငယ်သူငယ်ချင်း Zack က တရုတ်ပြည်မှာ လုပ်ငန်းတွေတိုးချဲ့ဖို့အတွက် စျေးကွက်လာလေ့လာမယ်ဆိုလို့ လာကြိုရတာဖြစ်ပါတယ်.. ရှောင်းကျန့်က ပန်းချီဆွဲရတာရယ် gallery ကိုသွားရတာရယ် ကော်ဖီသောက်ရတာရယ်ကလွဲရင် ဘာမှသိပ်စိတ်ဝင်စားတာမဟုတ်ဘူးရယ်.. လူများတဲ့နေရာတွေဆိုလဲ တတ်နိုင်သလောက်ရှောင်တတ်တာ... ခုက driver လွှတ်လိုက်ရင် Zack က နားပူနားဆာလုပ်မှာစိုးတာနဲ့ပဲ ကိုယ်တိုင်လာကြိုရတာ...
"Zack ငါဒီမှာ!!"
"Sean ငါ့သူငယ်ချင်းက ပိုပိုမိုက်လာတာပဲ.."
"အံမယ်... တရုတ်စကားတိုးတက်လာပါလားမင်းက.."
"အေးပေါ့... အလုပ်လာလုပ်ရင် တတ်မှရတော့မှာလေ.."
"အေးပါ သွားကြမယ်.."
"ငါဟိုတယ်မှာပဲနေမှာနော်... မင်းအိမ်မလိုက်ဘူး.."
"သိပါတယ်... အဲ့ဒါကြောင့် ဘာမှပြင်မထားဘူးအိမ်မှာ..."
Zack က သီးသန့်နေတတ်တဲ့လူမို့ US မှာလဲ မိဘနဲ့မနေသလို တရုတ်ပြည်လာတိုင်းလဲ ရှောင်းကျန့်အိမ်မှာမတည်းပဲ ဟိုတယ်မှာပဲနေလေ့ရှိပါတယ်...
ရှောင်းကျန့် US မှာ တက္ကသိုလ်သွားတတ်တုန်းကတောင် တစ်ယောက်တစ်အိမ်နေကြတာ...
"ကျန့်ကျန့်, girlfriend ထားတော့လေ"
"နေပါကွာ.... ကိုယ့်ဟာကို အေးအေးဆေးဆေး ပန်းချီပဲရေးပါရစေ... မင်းလဲ ရှုပ်မနေနဲ့တော့.. ငါတို့အရွယ်က တည်တည်တံ့တံ့နေရမဲ့အရွယ်ရောက်ပြီ.."
"Come on Sean!!! ငါတို့က အဲ့လောက်လဲအသက်မကြီးသေးပါဘူး.. ပြီးတော့ ငါတစ်ယောက်ထဲနေနေတာ ၆လလောက်ရှိပြီ"
"ဟဟ အေးပါ အေးပါ.. တော်တော်ကိုကြာပြီပဲ.."
စကားတပြောပြောနဲ့လာလိုက်ကြတာ Zack တည်းမဲ့ဟိုတယ်ကိုရောက်လာပါတယ်။
"ငါညနေမှလာပြန်ခေါ်မယ်နော်... နားလိုက်ဦး"
"Thank u Sean. See ya.."
"အေး အေး"
.
.
.
.
ညနေရောက်တော့ ရှောင်းကျန့်က Zack ကိုသွားပြန်ခေါ်တယ်.. ဗိုက်မဆာကြသေးတော့ ညစာစားမဲ့ဆိုင်နားက ပန်းခြံမှာထိုင်စကားပြောနေလိုက်ကြတယ်...
စကားပြောကြရင်း Zack ကငြိမ်ပြီးငေးနေတာနဲ့ ရှောင်းကျန့်က
"ဘာတွေငေးနေတာလဲ"
"ကျန့် ဟိုမှာကြည့်စမ်း.."
Zack လက်ညှိုးထိုးပြတဲ့ဆီကြည့်လိုက်တော့ ပန်းခြံထဲက စကိတ်ကွင်းဆီကို...
"ဘာကိုပြနေတာလဲ.."
"ဟိုမှာ စကိတ်ဘုတ်ပေါ်ထိုင်ပြီး စကားပြောနေတဲ့တစ်ယောက်ကို.."
ရှောင်းကျန့်ကြည့်လိုက်တဲ့အခါ ဖြူဖြူဥဥကောင်လေးတစ်ယောက်... စကိတ်ဘုတ်ပေါ် ငုတ်တုတ်လေးထိုင်ပြီး ရယ်မောကာ သူ့သူငယ်ချင်းနဲ့စကားပြောနေလေရဲ့...
ကလေးရုပ်လေးနဲ့ ပေါ့ပေါ့ပါးပါးရယ်မောနေတဲ့ ဒီကောင်လေးကို ရှောင်းကျန့်ငေးနေမိတယ်... ဘဝမှာ လူတစ်ယောက်ကို ဒီလောက်ထိငေးဖူးတာ ဒါပထမဆုံးပါပဲ...
~ဘယ်လိုပုံလေးလဲ ကောင်လေးရဲ့~
"Sean သိလားလို့..."
"ဟင် ဘာပြောလိုက်တာလဲ.."
"ငါ အဲ့ဒီကောင်လေးကို သဘောကျတယ်လို့.."
"တစ်ရွာတစ်ကျီဆောက်ချင်ပြန်ပြီလား.. မလုပ်ပါနဲ့ကွာ.."
"No, Sean!! I really like him."
"အဲ့တော့ အခုစကားသွားပြောမလို့လား.."
"အခုသွားပြောရင် ငါ့ကို အပျော်လာစတယ်ပဲထင်သွားမှာပေါ့.. သေချာလေး plan ပြီးမှ သွားချင်တာ.."
Zack ကပြောပြီးတာနဲ့ သူ့အတွင်းရေးမှူးကိုခေါ်ပြီး ထိုကောင်လေးအကြောင်းစုံစမ်းခိုင်းပါတော့တယ်...
နောက်နေ့ရောက်တော့ ကောင်လေးရဲ့ biography ကို Zack ကလာပြတယ်..
ကောင်လေးက Tracer 85 ဆိုတဲ့ professional racer တဲ့..
ရှောင်းကျန့် အဲ့ဒီနေ့က ကောင်လေးရဲ့ ပြိုင်ပွဲဝင်နေတဲ့ video တွေ YouTube ကနေ တစ်ညလုံးထိုင်ကြည့်ဖြစ်ပါတယ်...
ပြိုင်ပွဲဝင်နေတဲ့ကောင်လေးကို သူများတွေက ဘယ်လိုပဲ cool guy လို့ဆိုဆို ရှောင်းကျန့်အတွက်တော့ အပူအပင်ကင်းကင်းနဲ့ စကိတ်ဘုတ်လေးပိုက်ရင်း ရီမောနေတဲ့ ကလေးလေးပါပဲ...
~ဒီလိုလေးပဲပျော်နေပါကလေးရေ..~
_____________________
(Zawgyi)
December,2019
ဆောင်းတွင်း မနက်မှာ ချမ်းချမ်းအေးအေးနဲ့ ရှောင်းကျန့် လေဆိပ်ကိုရောက်နေတယ်.. ငယ်သူငယ်ချင်း Zack က တရုတ်ပြည်မှာ လုပ်ငန်းတွေတိုးချဲ့ဖို့အတွက် ဈေးကွက်လာလေ့လာမယ်ဆိုလို့ လာကြိုရတာဖြစ်ပါတယ်.. ရှောင်းကျန့်က ပန်းချီဆွဲရတာရယ် gallery ကိုသွားရတာရယ် ကော်ဖီသောက်ရတာရယ်ကလွဲရင် ဘာမှသိပ်စိတ်ဝင်စားတာမဟုတ်ဘူးရယ်.. လူများတဲ့နေရာတွေဆိုလဲ တတ်နိုင်သလောက်ရှောင်တတ်တာ... ခုက driver လွှတ်လိုက်ရင် Zack က နားပူနားဆာလုပ်မှာစိုးတာနဲ့ပဲ ကိုယ်တိုင်လာကြိုရတာ...
"Zack ငါဒီမှာ!!"
"အေးပါ သွားကြမယ်.."
"Thank u Sean. See ya.."
"အေး အေး"
.
.
.
.
"ဘာတွေငေးနေတာလဲ"
"ဘာကိုပြနေတာလဲ.."
"Sean သိလားလို့..."
"ဟင် ဘာပြောလိုက်တာလဲ.."
to be continued...