Letters

By mysunshineisbright

56.3K 6.1K 121

စာလေးတစ်စောင်မှာ ရေးပေးလိုက်တဲ့သူရဲ့ နှလုံးသားတစ်ခုလုံးကို ခံစားရစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်.. စာေလးတစ္... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
18
19
20
21
22
23
24
Finale
❤️📢💚

17

1.8K 233 4
By mysunshineisbright

(Unicode)

"အခုရောပြောစရာရှိပြီလား Zack.."
"ရိပေါ်.."

ရှောင်းကျန့်ရှေ့မှာထိုင်နေတဲ့ Zackရဲ့ မျက်နှာမှာသွေးတောင်မရှိတော့သလို ဖြူစုတ်သွားတယ်... ရိပေါ်လွတ်နေတဲ့ခုံကိုဆွဲထိုင်လိုက်ရင်း

"ဘာလို့ဒီလောက်လန့်သွားတာလဲ Zack? မဟုတ်တာတွေများလုပ်ထားလို့လား..."
"ရိပေါ် ကိုယ်နဲနဲပြောချင်တယ်.."
"ကျန့်ကော... ကျွန်တော် Zack နဲ့ပြောနေတာ.."
"အာ Sorry ရိပေါ်.. ဒါဆိုကိုယ် gallery ပြန်တော့မယ်နော်... အေးအေးဆေးဆေးပြောကြပါ.."
"ဘယ်သူကပြန်ခိုင်းလို့လဲ ကျန့်ကော.. ကောလဲရှိနေရမယ်လေ... ဆိုင်နေတယ်မဟုတ်ဘူးလား..ဒီကိစ္စနဲ့.."

"ရိပေါ် ကိုယ်တောင်းပန်ပါတယ်..."
"ဘာကိုလဲ Zack.. အရူးလုပ်ခဲ့တာကိုလား... အစောကြီးအလိမ်ပေါ်သွားတာကိုလား..."
"ကိုယ့်ခံစားချက်တွေက လိမ်တာတွေမဟုတ်ဘူးရိပေါ်... စာတွေကိစ္စကို ကိုယ်ရှင်းပြပါမယ်.."
"ဆင်ခြေတွေ ကျွန်တော်နားမထောင်ချင်ဘူး Zack... ခင်ဗျားတို့နှစ်ယောက်ပေါင်းပြီး ကျုပ်ကို အရူးလုပ်ရတဲ့ အကြောင်းကိုပဲပြော..."
"အရူးလုပ်တာမဟုတ်ပါဘူးရိပေါ်... ကိုယ်က ရိပေါ်ကို သဘောကျမိလို့ ရိပေါ်ရဲ့ attention ကိုရချင်လို့ ကျန့်ကျန့်ကို အကူအညီတောင်းခဲ့တာပါ... ကိုယ်ဒီလိုမလုပ်ခဲ့သင့်ဘူး... ကိုယ်မှားတာပါ..."
"ဟက်.. attention ရဖို့?? ခင်ဗျားတို့ mission အောင်မြင်ခဲ့ပါတယ်... သရုပ်ဆောင်လဲအတော်ကောင်းကြတာပဲခင်ဗျားတို့က... ပိပိရိရိကို အလိမ်ခံခဲ့ရတာ...ကျွန်တော်ကအရူးပဲ.."

အသည်းအသန်ရှင်းပြနေတဲ့ Zack ကိုရော ဇောချွေးတွေပြန်ပြီး ငြိမ်နေတဲ့ ရှောင်းကျန့်ကိုရော ရိပေါ်သိပ်ကို စိတ်ကုန်ပါတယ်... ဒီနှစ်ယောက်နားမှာ ဆက်မနေနိုင်တော့တာကြောင့် ထထွက်လာခဲ့လိုက်တော့ Zack က နောက်ကလိုက်လာတယ်..

"ရိပေါ် နေပါဦး.. ကိုယ်..."
"လိုက်မလာနဲ့ Zack... ဆက်လိုက်လာရင် ကျွန်တော်ဘာလုပ်မိမလဲမသိဘူး... ရုပ်ပျက်ဆင်းပျက်တွေမဖြစ်ချင်ဘူး.."

ရိပေါ်ဘဝမှာ ပထမဆုံး လူတစ်ယောက်ကို သဘောကျမိရာကနေ ဖြစ်ပေါ်လာတဲ့ခံစားချက်တွေကြောင့် ပြိုလဲရတာအခါခါပါပဲ...

ရိပေါ်အိမ်ရောက်တော့ Jackson ကိုဖုန်းဆက်လှမ်းခေါ်လိုက်တယ်... ရိပေါ်က ပျော်စရာဖြစ်ဖြစ် စိတ်ညစ်စရာဖြစ်ဖြစ် Jackson ကိုအရင်ဆုံးပြောပြတတ်တာ... ရိပေါ်ကိစ္စတွေကိုဆိုရင် သူ့ကိစ္စလိုပဲ အတူခံစားပေးပြီး အားပေးတာ အကြံဥာဏ်ပေးတာကြောင့် အကိုတစ်ယောက်လိုလဲ အားကိုးရပါသေးတယ်.. ပြိုလဲရတိုင်း ခေါ်လိုက်တာနဲ့ ဆဲဆိုနေပေမဲ့ အပြေးရောက်လာပေးတာပါပဲ...

"ရော့ သောက်လိုက်ဦး.."
"အင်း.."

Jackson လှမ်းပေးတဲ့ ဘီယာဗူးကို တစ်ကျိုက်ထဲမော့သောက်ပစ်လိုက်တယ်...

"ဖြေးဖြေးသောက်ဟေ့ရောင်ရ"
"ပင်ပန်းတယ်ငါ... ဒီလိုတွေဆက်မဖြစ်ချင်တော့ဘူး... ပထမတုန်းက အမှားတွေမျှော်လင့်မိလို့ ငါ့ကိုယ်ငါအပြစ်တင်တယ်.. နောက်တော့ မနေနိုင်မထိုင်နိုင်နဲ့ ကျန့်ကောကို ဖွင့်ပြောပြီး အငြင်းခံရတော့လဲ ကောကို စိတ်ရှုပ်အောင်လုပ်မိလို့ ငါ့ကိုယ်ငါပဲအပြစ်တင်တယ်... အခုကျတော့ ကိုယ့်အပြစ်ကြီးပဲလို့ထင်ခဲ့လို့ ကိုယ့်ကိုကိုယ် အပြစ်တင်ချင်တယ်... ငါရူးနေပြီ.. ငါက ဟိုလူကိုတောင် အားနာလိုက်သေးတာ မကြိုက်ပဲ တွဲမိလို့.."
"ကိုယ့်ကိုကိုယ်တော့အပြစ်မတင်ပါနဲ့ကွာ... ကံဆိုးသွားလို့ပါ.."
"ကျန့်ကောကတော်တော်ရက်စက်တာ ငါ့ကို... တစ်ချက်တောင်မျက်နှာမပျက်ဘူး လုပ်သွားတာများ... ငါဖွင့်ပြောလိုက်တုန်းကဆို ဘယ်လောက်တောင်လှောင်နေမလဲမသိဘူး စိတ်ထဲကနေ..
ဒီအရူးကလေ ပြိုင်ပွဲလာဖို့လက်မှတ်တောင်သွားပေးလိုက်သေးတယ်... ပြီးတော့ရောက်လာတယ်ထင်ပြီးပျော်လိုက်သေးတာ.. ပြီးတော့ ငါသွားလဲနမ်းလိုက်သေးတယ်...
ကောကရည်းစားရှိတယ်သိလား... ကောင်မလေး..
ဟိုလူကဟင်းမချက်တတ်ဘူးတဲ့... ငါစားလိုက်ရတဲ့ ယွမ်ရှောင်းက ကောချက်တာပဲဖြစ်မယ်..
ကောက ဆေးလိပ်တွေအရမ်းသောက်တာ.. စာတွေမှာဆို ဆေးလိပ်နံ့လေးတွေတောင်စွဲနေတာ..
သူ့မာဖလာလေးမှာရောပဲ..  ငါမလျှော်ထားဘူး.. နှမျောလို့လေ..
ပေါက်စလေးလို့လဲခေါ်သေးတယ်ကောက...
သူ့လက်လေးတွေကအရမ်းနွေးတာ ငါ့ပုခုံးမှာလေ..
ကျန့်ကောအိမ်လေးကချစ်စရာလေးသိလား.. ငါ၂ခေါက်ရောက်ဖူးတယ်..
ကောရဲ့နှုတ်ခမ်းကလဲနွေးတာပဲ...
သူက ငါ့ကိုတွန်းပြီး အိမ်ထဲဝင်သွားတာ.."

ဘီယာတွေတစ်ဗူးပြီးတစ်ဗူးသောက်ရင်း မူးနေပြီဖြစ်တဲ့ ရိပေါ်ရဲ့တောင်စဉ်ရေမရစကားတွေကို Jackson နားထောင်ပေးနေလိုက်တယ်.. ဘာတွေပဲဖြစ်ဖြစ် ဖွင့်ပြောလိုက်ရရင် သူ့သူငယ်ချင်း ရင်ထဲပေါ့သွားမယ်လေ... တွဲနေတဲ့လူဆီကနေလှည့်စားခံရတယ်ဆိုပေမဲ့ တွဲနေတဲ့လူရဲ့ သူငယ်ချင်းအကြောင်းတွေပဲပြောပြီး အိပ်ပျော်သွားတဲ့ သူငယ်ချင်းကိုကြည့်ကာ Jackson သက်ပျင်းချမိတယ်...
ရိပေါ်ကတော့ အိမ်မက်ကမ္ဘာထဲရောက်နေပြီဖြစ်ပါတယ်...

~ကျွန်တော် အိမ်မက်ထဲမှာ ကျန့်ကောကိုတွေ့တယ်..အိမ်မက်ထဲမှာလဲ ကောက ငြင်းတာပဲ... နာကျင်ဖို့တောင်မရဲဘူးကောရယ်... ဆုံးရှုံးခဲ့ရတာမရှိဘူးလေ... ဆုံးရှုံးရအောင်လဲ ကျွန်တော်က ဘာမှမပိုင်ခဲ့ဘူးမဟုတ်လား..~

ဒီလိုနဲ့ ရိပေါ်ဟာ နောက်ထပ်တစ်ကြိမ်သေပါတယ်...

_______________________

(Zawgyi)

"အခုေရာေျပာစရာရွိၿပီလား Zack.."
"ရိေပၚ.."

ေရွာင္းက်န္႔ေရွ႕မွာထိုင္ေနတဲ့ Zackရဲ့ မ်က္ႏွာမွာေသြးေတာင္မရွိေတာ့သလို ျဖဴစုတ္သြားတယ္... ရိေပၚလြတ္ေနတဲ့ခုံကိုဆြဲထိုင္လိုက္ရင္း

"ဘာလို႔ဒီေလာက္လန္႔သြားတာလဲ Zack? မဟုတ္တာေတြမ်ားလုပ္ထားလို႔လား..."
"ရိေပၚ ကိုယ္နဲနဲေျပာခ်င္တယ္.."
"က်န္႔ေကာ... ကၽြန္ေတာ္ Zack နဲ႔ေျပာေနတာ.."
"အာ Sorry ရိေပၚ.. ဒါဆိုကိုယ္ gallery ျပန္ေတာ့မယ္ေနာ္... ေအးေအးေဆးေဆးေျပာၾကပါ.."
"ဘယ္သူကျပန္ခိုင္းလို႔လဲ က်န္႔ေကာ.. ေကာလဲရွိေနရမယ္ေလ... ဆိုင္ေနတယ္မဟုတ္ဘူးလား..ဒီကိစၥနဲ႔.."

"ရိေပၚ ကိုယ္ေတာင္းပန္ပါတယ္..."
"ဘာကိုလဲ Zack.. အ႐ူးလုပ္ခဲ့တာကိုလား... အေစာႀကီးအလိမ္ေပၚသြားတာကိုလား..."
"ကိုယ့္ခံစားခ်က္ေတြက လိမ္တာေတြမဟုတ္ဘူးရိေပၚ... စာေတြကိစၥကို ကိုယ္ရွင္းျပပါမယ္.."
"ဆင္ေျခေတြ ကၽြန္ေတာ္နားမေထာင္ခ်င္ဘူး Zack... ခင္ဗ်ားတို႔ႏွစ္ေယာက္ေပါင္းၿပီး က်ဳပ္ကို အ႐ူးလုပ္ရတဲ့ အေၾကာင္းကိုပဲေျပာ..."
"အ႐ူးလုပ္တာမဟုတ္ပါဘူးရိေပၚ... ကိုယ္က ရိေပၚကို သေဘာက်မိလို႔ ရိေပၚရဲ့ attention ကိုရခ်င္လို႔ က်န္႔က်န္႔ကို အကူအညီေတာင္းခဲ့တာပါ... ကိုယ္ဒီလိုမလုပ္ခဲ့သင့္ဘူး... ကိုယ္မွားတာပါ..."
"ဟက္.. attention ရဖို႔?? ခင္ဗ်ားတို႔ mission ေအာင္ျမင္ခဲ့ပါတယ္... သ႐ုပ္ေဆာင္လဲအေတာ္ေကာင္းၾကတာပဲခင္ဗ်ားတို႔က... ပိပိရိရိကို အလိမ္ခံခဲ့ရတာ...ကၽြန္ေတာ္ကအ႐ူးပဲ.."

အသည္းအသန္ရွင္းျပေနတဲ့ Zack ကိုေရာ ေဇာေခၽြးေတြျပန္ၿပီး ၿငိမ္ေနတဲ့ ေရွာင္းက်န္႔ကိုေရာ ရိေပၚသိပ္ကို စိတ္ကုန္ပါတယ္... ဒီႏွစ္ေယာက္နားမွာ ဆက္မေနနိုင္ေတာ့တာေၾကာင့္ ထထြက္လာခဲ့လိုက္ေတာ့ Zack က ေနာက္ကလိုက္လာတယ္..

"ရိေပၚ ေနပါဦး.. ကိုယ္..."
"လိုက္မလာနဲ႔ Zack... ဆက္လိုက္လာရင္ ကၽြန္ေတာ္ဘာလုပ္မိမလဲမသိဘူး... ႐ုပ္ပ်က္ဆင္းပ်က္ေတြမျဖစ္ခ်င္ဘူး.."

ရိေပၚဘဝမွာ ပထမဆုံး လူတစ္ေယာက္ကို သေဘာက်မိရာကေန ျဖစ္ေပၚလာတဲ့ခံစားခ်က္ေတြေၾကာင့္ ၿပိဳလဲရတာအခါခါပါပဲ...

ရိေပၚအိမ္ေရာက္ေတာ့ Jackson ကိုဖုန္းဆက္လွမ္းေခၚလိုက္တယ္... ရိေပၚက ေပ်ာ္စရာျဖစ္ျဖစ္ စိတ္ညစ္စရာျဖစ္ျဖစ္ Jackson ကိုအရင္ဆုံးေျပာျပတတ္တာ... ရိေပၚကိစၥေတြကိုဆိုရင္ သူ႔ကိစၥလိုပဲ အတူခံစားေပးၿပီး အားေပးတာ အႀကံဥာဏ္ေပးတာေၾကာင့္ အကိုတစ္ေယာက္လိုလဲ အားကိုးရပါေသးတယ္.. ၿပိဳလဲရတိုင္း ေခၚလိုက္တာနဲ႔ ဆဲဆိုေနေပမဲ့ အေျပးေရာက္လာေပးတာပါပဲ...

"ေရာ့ ေသာက္လိုက္ဦး.."
"အင္း.."

Jackson လွမ္းေပးတဲ့ ဘီယာဗူးကို တစ္က်ိဳက္ထဲေမာ့ေသာက္ပစ္လိုက္တယ္...

"ေျဖးေျဖးေသာက္ေဟ့ေရာင္ရ"
"ပင္ပန္းတယ္ငါ... ဒီလိုေတြဆက္မျဖစ္ခ်င္ေတာ့ဘူး... ပထမတုန္းက အမွားေတြေမၽွာ္လင့္မိလို႔ ငါ့ကိုယ္ငါအျပစ္တင္တယ္.. ေနာက္ေတာ့ မေနနိုင္မထိုင္နိုင္နဲ႔ က်န္႔ေကာကို ဖြင့္ေျပာၿပီး အျငင္းခံရေတာ့လဲ ေကာကို စိတ္ရႈပ္ေအာင္လုပ္မိလို႔ ငါ့ကိုယ္ငါပဲအျပစ္တင္တယ္... အခုက်ေတာ့ ကိုယ့္အျပစ္ႀကီးပဲလို႔ထင္ခဲ့လို႔ ကိုယ့္ကိုကိုယ္ အျပစ္တင္ခ်င္တယ္... ငါ႐ူးေနၿပီ.. ငါက ဟိုလူကိုေတာင္ အားနာလိုက္ေသးတာ မႀကိဳက္ပဲ တြဲမိလို႔.."
"ကိုယ့္ကိုကိုယ္ေတာ့အျပစ္မတင္ပါနဲ႔ကြာ... ကံဆိုးသြားလို႔ပါ.."
"က်န္႔ေကာကေတာ္ေတာ္ရက္စက္တာ ငါ့ကို... တစ္ခ်က္ေတာင္မ်က္ႏွာမပ်က္ဘူး လုပ္သြားတာမ်ား... ငါဖြင့္ေျပာလိုက္တုန္းကဆို ဘယ္ေလာက္ေတာင္ေလွာင္ေနမလဲမသိဘူး စိတ္ထဲကေန..
ဒီအ႐ူးကေလ ၿပိဳင္ပြဲလာဖို႔လက္မွတ္ေတာင္သြားေပးလိုက္ေသးတယ္... ၿပီးေတာ့ေရာက္လာတယ္ထင္ၿပီးေပ်ာ္လိုက္ေသးတာ.. ၿပီးေတာ့ ငါသြားလဲနမ္းလိုက္ေသးတယ္...
ေကာကရည္းစားရွိတယ္သိလား... ေကာင္မေလး..
ဟိုလူကဟင္းမခ်က္တတ္ဘူးတဲ့... ငါစားလိုက္ရတဲ့ ယြမ္ေရွာင္းက ေကာခ်က္တာပဲျဖစ္မယ္..
ေကာက ေဆးလိပ္ေတြအရမ္းေသာက္တာ.. စာေတြမွာဆို ေဆးလိပ္နံ့ေလးေတြေတာင္စြဲေနတာ..
သူ႔မာဖလာေလးမွာေရာပဲ..  ငါမေလၽွာ္ထားဘူး.. ႏွေမ်ာလို႔ေလ..
ေပါက္စေလးလို႔လဲေခၚေသးတယ္ေကာက...
သူ႔လက္ေလးေတြကအရမ္းေႏြးတာ ငါ့ပုခုံးမွာေလ..
က်န္႔ေကာအိမ္ေလးကခ်စ္စရာေလးသိလား.. ငါ၂ေခါက္ေရာက္ဖူးတယ္..
ေကာရဲ့ႏႈတ္ခမ္းကလဲေႏြးတာပဲ...
သူက ငါ့ကိုတြန္းၿပီး အိမ္ထဲဝင္သြားတာ.."

ဘီယာေတြတစ္ဗူးၿပီးတစ္ဗူးေသာက္ရင္း မူးေနၿပီျဖစ္တဲ့ ရိေပၚရဲ့ေတာင္စဥ္ေရမရစကားေတြကို Jackson နားေထာင္ေပးေနလိုက္တယ္.. ဘာေတြပဲျဖစ္ျဖစ္ ဖြင့္ေျပာလိုက္ရရင္ သူ႔သူငယ္ခ်င္း ရင္ထဲေပါ့သြားမယ္ေလ... တြဲေနတဲ့လူဆီကေနလွည့္စားခံရတယ္ဆိုေပမဲ့ တြဲေနတဲ့လူရဲ့ သူငယ္ခ်င္းအေၾကာင္းေတြပဲေျပာၿပီး အိပ္ေပ်ာ္သြားတဲ့ သူငယ္ခ်င္းကိုၾကည့္ကာ Jackson သက္ပ်င္းခ်မိတယ္...
ရိေပၚကေတာ့ အိမ္မက္ကမၻာထဲေရာက္ေနၿပီျဖစ္ပါတယ္...

~ကၽြန္ေတာ္ အိမ္မက္ထဲမွာ က်န္႔ေကာကိုေတြ႕တယ္..အိမ္မက္ထဲမွာလဲ ေကာက ျငင္းတာပဲ... နာက်င္ဖို႔ေတာင္မရဲဘူးေကာရယ္... ဆုံးရႈံးခဲ့ရတာမရွိဘူးေလ... ဆုံးရႈံးရေအာင္လဲ ကၽြန္ေတာ္က ဘာမွမပိုင္ခဲ့ဘူးမဟုတ္လား..~

ဒီလိုနဲ႔ ရိေပၚဟာ ေနာက္ထပ္တစ္ႀကိမ္ေသပါတယ္...

to be continued...

Continue Reading

You'll Also Like

734K 76.1K 28
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
878 172 5
အိမ်မက်လေးကနေပြန်မနိုးလာချင်တော့ဘူး
3.3M 191K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
3.2M 203K 90
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...