So far away(Completed)
By AliceYay-Zhang
161K 8.6K 720
ကိုယ်​ မင်းရှိရာကိုလာခဲ့​ပေမယ့် မင်းက ကိုယ်နဲ့ နီးလို့ မလာခဲ့ဘူး baby အစတည်းက မင်းက ကိုယ့်ရဲ့ဆန်ကျင်ဖက်ကို ​... More
Ep-1 Unicode
Ep-1 Zawgyi
Ep-2 Unicode
Ep-2 Zawgyi
Ep-3 Zawgyi
Ep-4 Unicode
Ep-4 Zawgyi
Ep-5 Unicode
Ep-5 Zawgyi
Ep-6 Unicode
Ep-6 Zawgyi
Ost song
Ep-7 Unicode
Ep-7 Zawgyi
Ep-8 Unicode
Ep-8 Zawgyi
Ep-9 Unicode
Ep-9 Zawgyi
Ep-10 Unicode
Ep-10 Zawgyi
Ep-11 Unicode
Ep-11 Zawgyi
Ep-12 Unicode
Ep-12 Zawgyi
Ep-13 Unicode
Ep-13 Zawgyi
Ep-14 Unicode
Ep-14 Zawgyi
Ep-15 Unicode
Ep-15 Zawgyi
Ep-16 Unicode
Ep-16 Zawgyi
Ep-17 Unicode
Ep-17 Zawgyi
Ep-18 Unicode ( The end )
Ep-18 Zawgyi ( The end )
Extra (R.E) Unicode
Extra (R.E) Zawgyi
Ep-3 Unicode
4.9K 337 18
By AliceYay-Zhang
"Lisa!
ထ​တော့​လေ
company သွားဖို့​နောက်ကျ​နေပြီ"
Lisa မိုးလင်းခါနီးမှအိပ်​ပျော်သွားတာ​ကြောင့် ​
chaeရဲ့အသံကြား​​ပေမယ့်ခေါင်း​တွေကိုက်​နေတာ​နဲ့
မျက်လုံး​တွေမဖွင့်နိုင်​သေးဘူး
"ငါ​ခေါင်း​တွေအရမ်းမူး​နေတယ် chae!
ဒီ​နေ့ အလုပ်ကိုငါ​နောက်ကျမှလာခဲ့မယ်"
"အဲ့ဒါဆိုလည်းပြီး​ရော​လေ
ငါက Jennieဆီဝင်ပြီးသတင်း​မေးမလားလို့
နင့်မပါ​တော့လည်း ငါ့ဘာသာ သွားရမှာ​ပေါ့"
"Jennie?"
Lisa အိပ်​နေရာက​နေ jennie ဆိုတဲ့ နာမည်​ကြောင့်
ချက်ချင်းထထိုင်လိုက်တယ်
"နင်တကယ် Jennie ဆီဝင်မှာလား?
ငါလိုက်ခဲ့မယ် ခဏပဲ​စောင့်"
​ပြောပြီးတာနဲ့ကုတင်​ပေါ်က​နေ​ပြေးဆင်းပြီး ​
ရေချိုးခန်းထဲဝင်သွားတဲ့Lisa ကိုကြည့်ရင်း
Rose သ​ဘောကျစွာရယ်လိုက်တယ်
"ငါတို့အပျိုကြီး​တော့မွှန်​နေပြီပဲ"
~~~~~~~~~~~~~~
"Lisa! ဘာ​ဖြစ်​နေတာလဲ? ​
ဖြေ​​ဖြေးသွားစမ်းပါဟာ"
​ဆေးရုံကို​ရောက်​တော့ ​
ရှေ့က​​နေအ​လောတကြီးသွား​နေတဲ့ lisa ​ကြောင့်
Chae လှမ်း​အော်လိုက်တယ်
​ခြေတံရှည်တာချင်းအတူတူ
ဒီ​နေ့ကျမှ သူ့​ခြေ​ထောက်​တွေက
chae ထက်ပိုသွက်​နေတယ်​လေ
chae မှာ ​အ​နောက်က အမီလိုက်ရတာ​ကြောင့်​မော​နေပြီ
​ပြော​တော့မှ သွားဖြဲ ရီပြပြီး chae ကို လာတွဲပေးတဲ့ lisa...
"Chae ကလည်း
ငါပုံမှန်လမ်း​လျှောက်​နေတာပါပဲဟ
မသိမသာ​လေးမြန်သွားတာ"
"Lisa!
နင်က​လေးချီရ​တော့မယ်ထင်တယ်​နော်"
"Hmm?
ဘာလို့လဲဟ?"
"Jennie ဆိုတဲ့ က​လေး​လေးကို ချီရ​တော့မယ်လို့​ပြောတာ"
"နင်ကလည်း"
မျက်နှာကြီးရဲပြီးနီလာတဲ့ lisa ​ကြောင့်
chae သူ့ကို ပိုပြီးစချင်လာခဲ့တယ်
"ကြည့်လုပ်ဦး​နော်
နင်နဲ့ Jennie နဲ့က မလိုက်ပါဘူးဟာ"
"ငါ့တို့က ဘာဖြစ်လို့လဲ?"
"နင်သူ့ကိုအရမ်းအလိုလိုက်ရမှာ​​နော်
သူ့ပုံစံက ဂျစ်ကန်ကန်​လေး"
Lisa ငြိမ်ကျသွားတယ်
တစ်ခုခုကိုအ​လေးအနက်​တွေး​နေသလိုမျိုး...
"Ya lisa!
နင် အဲ့က​လေးမ​လေးကို တကယ်ချစ်​နေတာလား?
ငါက ဒီတိုင်း စလိုက်တာ"
"မသိ​တော့ဘူးဟာ
ဟိုမှာသူ့အခန်း...သွားရ​အောင်"
"အင်း"
Chae ​ပြောတာကို lisa စဥ်းစား​နေမိတယ်
ချစ်​နေတာလားဆိုတာကို​သေချာမသိ​​သေး​ပေမယ့်
Jennie နဲ့ ပတ်သတ်ရင် အရာရာကို​အ​လေးထားမိတယ်
Lisa တို့ Jennie အခန်းထဲ​ရောက်လာ​တော့
အိပ်​နေ​သေးတဲ့ jennie
"Lisa! နင့်က​လေး​လေး အိပ်​နေ​သေးတယ်
နင်​နေခဲ့လိုက်မလား?"
"နင်က ဘယ်သွားမလို့လဲ?"
"မနက်စာမစားရ​သေးဘူး
ဆေးရုံ​ရှေ့နားက cafe မှာ တစ်ခုခုသွားဝယ်မလို့"
"အဲ့ဒါဆို ငါ့အတွက်လည်းဝယ်​လာ​​ပေး
jennie အတွက်​ရောအဆင်​​ပြေတာတစ်ခုခုဝယ်လာခဲ့"
"အိုမို!
ငါတို့​ရေခဲတုံးကြီးကဘယ်ဆိုးလို့လဲ?"
"Yrrrr  park chaeyoung!"
"ဟဟ!
စတာပါ
ဒါ​ပေမယ့် နင့်ဖုန်း​လေး ခဏ​ပေး"
"ဘာလုပ်မလို့လဲ?"
​"​ပေးစရာရှိ​ပေးစမ်းပါ"
Lisa ဖုန်းကို chae ဆီ​ပေးလိုက်​​တော့
chae က သူ့ဖုန်းနဲ့ ယှဥ်ပြီးတစ်ခုခုလုပ်​နေတယ်
ဒါ​ပေမယ့် lisa က​တော့ jennie ကိုကြည့်​နေတာ​ကြောင့်
သတိမထားမိခဲ့ဘူး
"Lisa!
ငါ့ဖုန်းထားခဲ့မယ်
တစ်ခုခု လိုရင် နင့်ဖုန်းလှမ်းဆက်မယ်
ငါ့ဖုန်းက ​ဘေလ်ကုန်​နေလို့"
Lisa ​ခေါင်းပဲ ညိမ့်ပြလိုက်တယ်
ပြီးတာနဲ့ chae ကအခန်းထဲက​နေ ထွက်သွားခဲ့သည်
ကုတင်​ဘေးက ထိုင်ခုံ​လေးမှာ lisa ဝင်ထိုင်လိုက်ပြီး
jennie ကိုကြည့်​​နေတုန်း မကြာလိုက်ပါဘူး
jennie ကနိုးလာခဲ့တယ်
"ဘာလာလုပ်တာလဲ အ​စောကြီး?
ဒီအချိန်ကြီး အ​​ကြွေးလာ​တောင်းတာ​တော့မဟုတ်ဘူးမှတ်လား?"
"အဲ့လိုမဟုတ်ပါဘူး jennie ရယ်
မ​နေ့က တမင်လုပ်လိုက်တာလည်းမဟုတ်ရပါဘူး
တောင်းပန်ပါတယ်"
Jennie က ရုပ်ကြီးတည်ပြီး​နေတာမျိုးကို lisa မ​နေတတ်ဘူး
ရင်ထဲပူ​​နေသလိုမျိုးခံစားရတယ်
"အဲ့ဒါဆို မနက်​စော​​စောဘာလာလုပ်​နေတာလဲ?
သူများအိပ်​နေတာကို"
မျက်နှာ​လေးတည်​နေရာက​နေ ထထိုင်လိုက်ပြီး
နှုတ်ခမ်းဆူကာ ​ပြောလာတဲ့Jennie က lisaကို ပြုံး​မိ​စေတယ်
ဒါဆို သူမ စိတ်​မဆိုးဘူးဆိုတဲ့သ​​ဘော​ပေါ့
"Jennie အိပ်​နေတာ ချစ်ဖို့​ကောင်းပါတယ်"
"အပို​တွေ
ဖယ်  မျက်နှာသွားသစ်မလို့"
"Jennie!"
ကုတင်​ပေါ်က​နေ ဆင်းတော့မယ့် jennie ကို
ပုခုံးက​​နေ လှမ်းကိုင်လိုက်ရင်း ပြန်ထိုင်​စေလိုက်တယ်
"ဘာလဲ?
ဗိုက်ဆာ​နေပြီ
မျက်နှာသစ်ပြီး တစ်ခုခုသွားစားမလို့"
"Chae သွားဝယ်​နေတယ်
အခု jennie ကို ​ပြောစရာရှိလို့"
Lisa ​ပြောလိုက်​တော့ jennie က
ဘာလဲ ဆိုတဲ့ အကြည့်နဲ့ ​မေး​​ငေါ့ပြတယ်
"Jennie သိလား?
ပထမတစ်ကြိမ်ဆုံရင် အမှတ်တမဲ့
ဒုတိယအကြိမ်ဆိုရင် ​ရေစက်တဲ့"
"အဲ့​တော့"
"Jennie နဲ့ ကိုယ်နဲ့က တတိယအကြိမ်ဆုံ​နေပြီ​လေ
အဲ့ဒါဖူးစာ​မှတ်လား?"
"ဟင်?"
"Jennie ကို ကိုယ်ချစ်တယ်
ဘယ်လိုချစ်သွားမှန်းကိုမသိဘူး
ဒါ​ပေမယ့် ချစ်တယ် baby"
Jennie က lisa ကိုစိုက်ကြည့်​နေတယ်
အဲ့မျက်ဝန်း​တွေက lisa အကဲခတ်ရလည်း ခက်​စေတယ်
"Baby!"
"ခုဏက ဖူးစာ​တွေ​ရေစက်​တွေဆိုတာဘယ်သူ​ပြောလဲ?"
"အဲ့...အဲ့ဒါက
အော် chae ​ပြောပြတာ"
~~~~~~~~~~~~~
Chae တစ်​ယောက် ​ဆေးရုံ​ရှေ့က cafe ဆိုင်​လေးမှာ
coffeeနဲ့ပေါင်မုန့်တစ်ချို့ဝယ်​နေတုန်း ​ကောင်တာနားမှာရပ်​နေရင်း
"​သေနာ​လေး"
"ရှင်?"
Chae ​ငွေရှင်း​နေတုန်း ကျိန်ဆဲလိုက်တာ​ကြောင့် ​​
ကောင်တာက ​ကောင်မ​လေးက ​မေးလိုက်ခြင်းဖြစ်တယ်
"အမကို​ပြော​နေတာမဟုတ်ပါဘူး
သူငယ်ချင်းနဲ့ ဖုန်း​ပြော​နေလို့ပါ"
"​အော် ဟုတ်ကဲ့
ဒီမှာ ဖြတ်ပိုင်းပါ​နော် ခဏ​စောင့်ပေးပါ
No217ဆိုလာယူလို့ရပါပြီ"
"ဟုတ်ကဲ့"
Chae ဖြတ်ပိုင်းယူပြီး
ဝိုင်းတစ်ခုမှာ သွားထိုင်​နေလိုက်တယ်
နောက်ပြီးဖုန်းကို ထုတ်ရင်း
Chae ဆိုတဲ့ calling ကိုချလိုက်ပြီး ​နောက်
"ငါကိုက မှားတာ
lisa နဲ့ jennie ဘာ​ပြော​နေလဲသိချင်လို့
ဖုန်း​ခေါ်ပြီး ဖွင့်ထားခဲ့တဲ့ဟာ
သေနာ​လေးက ငါ့နာမည်အလွဲသုံးစားလုပ်​နေတယ်
ငါလည်းမ​ပြောဘဲနဲ့"
တစ်​ယောက်တည်းပွစိပွစိနဲ့သာကျိန်ဆဲ​နေလိုက်တယ်
(ယူ က စပ်စုချင်တာကို🤣
သူများအတွင်း​ရေးကို😒)
~~~~~~~~~~~~~~~~
"သူက အဲ့လိုပဲ​ပြောတာလား?"
"အင်း"
"ဒါ​ပေမယ့် jennie တို့က တိုက်ဆိုင်တာမှမဟုတ်တာ
unnie က jennie ဆီကို တန်းတန်းမတ်မတ်ကိုလာတာ​လေ
အဲ့ဒါက လုပ်ယူတာ​ပေါ့"
"ကိုယ်က လုပ်ယူတာမဟုတ်ပါဘူး
အဲ့ဒါက ကံကြမ္မာကဖန်တီးလိုက်တာ​လေ"
​​ပြောပြီးတာနဲ့ lisa ဆူပုတ်ပြီး​တော့နေလိုက်တယ်
ရှေ့က အနှီမ​လေးက​တော့ ရယ်​မောရင်းသာ
"အဲ့ဒါဘာဖြစ်တာလဲ?"
"ဘားမှမဖြစ်ဘူး"
"အဲ့ဒါဆိုလည်းပြီး​ရော"
ကုတင်​ပေါ်က​နေဆင်းပြီး ​ရေချိုးခန်းထဲဝင်သွားတဲ့ jennie
ထိုင်ခုံမှာ ကျန်​နေတဲ့ Lisa က​တော့
မျက်လုံး​လေးပြူးလျက်သားနဲ့သာ
အဲ့အချိန်မှာပဲ chae က​ရောက်လာခဲ့တယ်
"Yrrr lalisa!"
"ဘာဖြစ်လာတာလဲ?"
"ငါ ဖူးစာ​တွေ ​ရေစက်​တွေ နင့်​ပြောမိလို့လား?"
"နင် ဘယ်လိုသိတာလဲ?"
"ဘာ?"
Chae ​အော်လိုက်တယ်
lisa က ထိုင်​နေရာက​နေ ထပြီး အလန့်တကြားနဲ့
chae ရဲ့ ပါးစပ်ကို လှမ်းပိတ်လာတယ်
"တိုးတိုး​နေ chae!
Jennie ကြားသွားမယ်"
"အွမ်း  အွန်း"
"ငါ လက်ဖယ်​ပေးရင် ထပ်မ​ပြောရ​တော့ဘူး​နော်"
"အွမ်း!"
​ခေါင်းငြိမ့်ပြလိုက်​တော့မှ လက်ဖယ်​ပေးတဲ့ lisa
Chae လည်း lisaကိုမျက်​​စောင်းထိုးလိုက်ရင်း...
"​ရော့ ဒီမှာ မုန့်​တွေ
ဒါနဲ့ lisa!
ငါကြားခဲ့တာက နင် jennie ကို baby...
"Yrrrrr!"
"ဟဟ! ​
အေး ပါ မ​ပြော​တော့ပါဘူး"
ခဏကြာ​တော့ Jennie မျက်နှာသစ်ပြီး အပြင်ထွက်လာခဲ့တယ်
"​မွှေး​နေတာပဲ coffee နံ့​လေးက"
"လာစား​လေ jennie!
Lisa က jennie အတွက်ပါ chae ကိုမှာခိုင်းလိုက်တာ"
"ဟုတ် unnie chae!"
Jennie ကုတင်​ပေါ်မှာ ထိုင်ပြီး
unnie chae ​ပေးတဲ့coffeeနဲ့ မုန့်ကိုစားလိုက်တယ်
စားလို့ပြီးတဲ့ အထိ ဟိုတစ်​ယောက်က ငြိမ်​နေတုန်း...
"Lisa! နင်ဘာလို့ ငြိမ်​နေတာလဲ?"
"ဟမ်?"
​ပြောမှ မျက်လုံးပြူးပြီး ကြည့်လာတဲ့ lisa
မနက်စာစား​နေတုန်းဘာ​တွေ ​တွေး​နေမှန်းကိုမသိ
"နင်ဘာ​တွေ​တွေး​နေတာလဲလို့?"
"မဟုတ်ပါဘူး
ပြီးရင် အလုပ်သွားမယ် chae"
"အင်း"
Chae စားလက်စ ​ပေါင်မုန့်ကို
ပါးစပ်ထဲ အကုန်ထိုးထည့်လိုက်ပြီး
အမှိုက်​တွေကို အမှိုက်ပုံထဲ ထည့်လိုက်ပြီးတဲ့​နောက်
"ပြီးပြီ lisa!"
"အင်း"
​အခန်းထဲက​ အရင်ထွက်သွားတဲ့ lisa
Chae လည်းကြောင်ပြီး jennie အနားကို တိုးကာ
"ဘာဖြစ်ထားကြတာလဲ?"
"မသိဘူး unnie!
သူက jennie ကို ချစ်တယ်တဲ့
အဲ့ဒါ jennie ကနည်းနည်းရစ်လိုက်တာ အဲ့လိုဖြစ်သွားတာပဲ"
"သူက တစ်ခါမှ ရီးစားမထားဖူးဘူး
အဲ့ဒါ​ကြောင့် jennie ကိုချစ်မိသွား​တော့
အရမ်း ထိခိုက်လွယ်သွားတာပါ
jennie က သူ့ကိုမချစ်ဘူးလား?"
Jennie တစ်ခုခုကို စဥ်းစားလိုက်တယ်
ပြီးမှ unnie chae ကိုကြည့်ပြီး
"Jennie က အမှန်​တော့
Irene နဲ့ အ​လောင်းအစားလုပ်ထားတာ
unnie lisa သာ jennie ကို ချစ်လာရင်
ပြိုင်ကားရမယ်ဆိုပြီး​တော့​​လေ"
"ဘယ်လို?"
"ဒါ​ပေမယ့် jennie ​လေ
unnie lisa ကို သ​ဘောကျသလို​တော့ရှိပါတယ်"
"အဲ့ဒါဆို တွဲကြည့်ပါလား?
နောက် ချစ်ရင်ချစ်လာမှာပေါ့ "
"Unnie ကူညီမှာလား?"
"အင်း
ဒီနေ့ jennie ​ဆေးရုံဆင်းမှာ မှတ်လား?
မနက်ဖြန် ကျရင် company ကိုလာခဲ့​လေ"
"ဟုတ်"
"အဲ့ဒါဆို unnie သွားပြီ
lisa ​စောင့်​နေတာ ကြာ​နေပြီထင်တယ်"
Jennie ​ခေါင်းငြိမ့်ပြလိုက်တာနဲ့
unnie chae က အခန်းထဲက ထွက်သွားခဲ့တယ်
အခန်းထဲ jennie ပဲ ကျန်ခဲ့တဲ့​​နောက်မှာ​တော့
jennie ​တွေး​နေမိတယ်
​"​ပျော်ဖို့​တော့​ကောင်းမှာပဲ
သူက ချစ်သူမထားဖူးဘူးတဲ့
Lalisa !
ရှင်က ဘယ်လိုလူမျိုးလဲ ဆိုတာ jennie မသိ​ပေမယ့် ​
ပျော်စရာ​တော့​ကောင်းမှာပါ
To be continued.......
ဝင်လို့ရပြီ
​နောက်​နေ့​တွေ ပြန် run ​​ပေးမယ်❤❤
Continue Reading
You'll Also Like
255K 30.6K 92
နှစ်ရာပေါင်းများစွာထောင်ပေါင်းများစွာတိုင် မင်းကိုချစ်တဲ့ အချစ်က ပြောင်းလဲသွားမှာမဟုတ်ဘူး... ကမ္ဘာကြီးကဘယ်လိုဘဲပြောင်းလဲနေပါစေ......တစ်ယောက်ထဲသောသူကိ...
4.8M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
454K 10.9K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.2M 63.5K 50