Letters
Por mysunshineisbright
56.3K 6.1K 121
စာလေးတစ်စောင်မှာ ရေးပေးလိုက်တဲ့သူရဲ့ နှလုံးသားတစ်ခုလုံးကို ခံစားရစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်.. စာေလးတစ္... Más
1
2
3
4
5
6
7
8
9
10
11
12
13
14
15
17
18
19
20
21
22
23
24
Finale
❤️📢💚
16
1.8K 219 9
Por mysunshineisbright
(Unicode)
Zack ဒီနေ့ တိမ်တွေပေါ်ရောက်နေသလိုခံစားနေရတယ်။ ရိပေါ်က တွေ့ဖို့စချိန်းတယ်တဲ့လေ။ သူတို့စတွေ့ထဲကနေ ဒီနေ့အထိအချိန်အတွင်းမှာ Zack ကပဲတွေ့ဖို့ကြိုးစားခဲ့ရတာတွေချည်းပဲမဟုတ်လား...
"ရိပေါ်ဘာစားချင်လဲ.. ဘာလုပ်ချင်လဲ.. ကိုယ်တစ်နေကုန်အားတယ်.."
"အေးအေးဆေးဆေးရှိတဲ့ဆီပဲသွားတာပေါ့.."
"Ok!!"
ရိပေါ်တို့ ကော်ဖီဆိုင်တစ်ခုဆီလာလိုက်ကြတယ်.. ရုံးဖွင့်ရက်ဖြစ်နေတော့ ဆိုင်လေးက လူအတော်ရှင်းနေပါတယ်..
"Zack, US ကို ဘယ်တော့ပြန်ရမှာလဲ"
"နောက်အပါတ်ထဲပြန်ရမယ်.. board meeting ရှိလို့.. ကိုယ်အနားယူနေတာလဲကြာသွားပြီလေ.. အလုပ်ကြွေးတွေစောင့်နေပြီ.."
"အင်း... ဟိုမှာဆို တစ်ယောက်ထဲနေတော့ ဘာတွေချက်စားလဲ..."
"ဟားဟား ရိပေါ်က ကိုယ့်ကိုအထင်ကြီးတာကိုး.. ကိုယ်က ဟင်းချက်တဲ့နေရာမှာ တော်တော် talent မရှိတာ... ကြက်ဥပြုတ်လောက်ပဲရတာ.."
ရိပေါ်ထူးပြီးတော့ စိတ်လှုပ်ရှားမနေတော့ဘူး... အဖြေကို မှန်းထားပြီးသားပဲကိုး...
"Zack ကျွန်တော့်ကို ဘာပြောစရာရှိလဲ.."
"Ummm.... ကိုယ်ရိပေါ်ကိုစောင့်နေတဲ့အကြောင်း.."
"အဟက်..."
"ရိပေါ်ရော ကိုယ့်ကိုပြောစရာရှိလား.."
"ကျွန်တော်အိမ်ပြန်ချင်ပြီ။"
"ကိုယ်တို့အခုမှရောက်တာကို.."
"နေသိပ်မကောင်းလို့ပါ.."
ရိပေါ် အာရုံနောက်နေတာနဲ့ အိမ်မပြန်သေးပဲ ခြေဦးတည့်ရာဆိုင်ကယ်မောင်းနေလိုက်တယ်..
သတိထားမိတော့ Zio ရှေ့ကိုရောက်နေပြီ.. ရှောင်းကျန့်ကိုသူသိပ်လွမ်းပါတယ်..
~ကောကိုမြင်ရရင် ခဏလေးဖြစ်ဖြစ် စိတ်ချမ်းသာရမှာပဲ..~
Parking ထိုးပြီးတော့ ထိုင်နေကြခုံလေးဆီလှမ်းကြည့်လိုက်တော့ လူတစ်ယောက်နဲ့ထိုင်စကားပြောနေတဲ့ ရှောင်းကျန့်ကိုလှမ်းတွေ့လိုက်ရတယ်... ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် ရင်အေးစေတဲ့ ရှောင်းကျန့်ဟာ ဒီနေ့တော့ ရိပေါ်ရင်ကို မီးစနဲ့ထိုးနေသလိုပါပဲ... ရိပေါ်မပြေးရုံတစ်မယ် ခြေလှမ်းကျဲကြီးတွေနဲ့ ရှောင်းကျန့်ရှိတဲ့စားပွဲဆီ လျှောက်သွားလိုက်တယ်... ပြီးတော့ စိတ်ကိုမနဲထိန်းချုပ်ရင်း စားပေါ်ကိုလက်ထောက်လိုက်ကာ...
"အခုရောပြောစရာရှိပြီလား Zack.."
______________________
(Zawgyi)
"Ok!!"
"အဟက်..."
"နေသိပ်မကောင်းလို့ပါ.."
to be continued...
Seguir leyendo
También te gustarán
878 172 5
အိမ်မက်လေးကနေပြန်မနိုးလာချင်တော့ဘူး
3.6M 151K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
39.9K 2.4K 28
Sean!!!အဲ့တာကစားစရာမဟုတ်ဘူးလေ Sean!!!အာလူးကြော်တွေစားတာများနေပြီ Sean!!!ကိုယ့်ကိုချစ်လား?
11.1K 720 4
3.April.2023 Birthday present for sister ❤️🙆