Seokjin အဆောင်ပြန်ရောက်ရောက်ခြင်းပင် namjoon သူ့ဆီရောက်လာသည်.
"Joon လာလေ''
Namjoon သူ့ရှေ့က ခုံပေါ်တွင် ဝင်ထိုင်လိုက်ပြီး ရေ နွေးကို တခါတည်းမော့သောက်လိုက်သည်.
"Joon ဒီကို ဘယ်လိုလုပ်ပြီးရောက်လာတာလဲ''
ထိုစကားအဆုံးတွင် seokjin သည် namjoon သူ့
အား မကျေနပ်စွာကြည့်နေသော အကြည့်တို့နှင့်ဆုံလေ
သည်.မျက်မှောက်ကျုံ့ကာ ကြည့်နေသော namjoon
ကို သွားတန်းများပေါ်သည်အထိရီပြရင်း မျက်နှာချိုသွေး
နေသော seokjin...
"အဲ့ အချိန်နာရီတွေကို မထိပါနဲ့လို့ မပြောခဲ့ဘူးလား''
အနည်းငယ်စိတ်ဆိုးချင်နေသော namjoon သည်
သက်ပြင်းချရင်း စကားဆိုသည်.
"တောင်းပန်ပါတယ် joon''
မျက်နှာငယ်နဲ့ သနားကမားရုပ်ဖြစ်နေသော seokjin
ကိုကြည့်ရင်း တရားတွေပင်ပေါက်ချင်လာသည်.
"အချိန်တွေ ကမောက်ကမ လုပ်လို့ ငါတို့ ဒဏ်ခက်ခံရ
လိမ့်မယ် jin''
ဒီတခါတော့ သနားကမားရုပ်ကနေ အကြီးအကျယ်အံ့
သြ သွားသောပုံပြောင်းသွားသည်.
တက်လဲတက်နိုင်တဲ့ kim seokjin ရယ်ပါ...
"ဘာအပြစ်လဲ joon''
"အပြစ်က တော်တော်ကြီးမဲ့ပုံပဲ.အခု ငရဲမင်းကြီးစီသွား
ဖို့ မင်းကို လာခေါ်တာ''
"ဟင်....ငါသေတော့မှာလား joon''
ချက်ချင်းပင် ငိုမဲ့မဲ့ဖြစ်လာသော seokjin ကိုကြည့်ရင်း
Namjoon သက်ပြင်းချမိပြန်သည်.
ငါလဲ သက်ပြင်းချ လွန်းလို့ အသက်တိုမှာပဲ..
"မင်းကို ဘယ်သူက သတ်မယ်ပြောလို့တုံး''
"မသတ်ဘူးလား''
Namjoon သက်ပြင်းထက်ချမိပြန်သည်.အရင်အချိန်
ပြန်မရောက်မချင်း သူစောင့်ရှောက်ရမည့်လူဖြစ်သော
ကြောင့် ရင်လေးမိသည်.
"လာ လိုက်ခဲ့ jin''
Namjoon ခေါ်သွားသော အိမ်ပုထဲသို့ seokjin ပါ
ဝင်လာလိုက်သည်.
စာအုပ်ပုံတွေကြားထဲမှ အဘိုးအိုတစ်ယောက် ထွက်လာ
သည်.
မုတ်ဆိတ်မွှေး အဖြူ ဖြင့် နီညိုညို အသားအရည်နှင့်ထို
အဖိုးအိုကို namjoon ဦးညွှန့်ကာ အရိုအသေပေး
လိုက်သည်.
"ဒီလူသားလား.''
"ဟုတ်ပါတယ်''
အခြေအနေကို နားလည်လာသော seokjin လဲထို
အဖိုးအိုအား အရိုအသေပေးလိုက်သည်.
"မင်းတို့အပြစ်ကို မင်းတို့သိလား''
ထိုအဖိုးအို ပါးစပ်မှ ထွက်သောစကားများသည် ပြတ်
သားသည်.သြဇာသံပါသော အသံကြောင့် seokjin
လက်ဖျားများ ချွေးစို့နေသည်.
"အသင်လူသား သင်ဟာ သင့်ရဲ့ ကူညီလိုစိတ်ကြောင့်
အချိန်တွေ ကမောက်ကမ ဖြစ်အောင်လုပ်မိတဲ့ အတွက်
သင့်အား အပြစ် ဒဏ်ချမှတ်မယ်..
ဒါကြောင့် သတ်မှတ်ထားတဲ့ ကံကြမ္မာအတိုင်း အိမ်ရှေ့
စံကို အစွမ်းကုန်ကာကွယ်ပါ.ဖြေရှင်းစရာတွေ ဖြေရှင်း
ပြီးရင် အသင်ရဲ့ အရင်အချိန်တွေဆီပြန်ရောက်လိမ့်မယ်''
"ဟုတ်ကဲ့''
ထို့နောက် namjoon အားကြည့်ကာ
"ဘာလို့ အချိန်စောင့်မှင်စာ ဖြစ်လဲသိလား''
"အမိန့်ရှိပါ''
Namjoon စကားကို သဘောကျဟန်ရှိသော အဖိုးအိုသည် မုန့်ဆိတ်မွှေးများကို သပ်ကာ စကားပြန်ဆက်သည်.
"အချိန်တွေနဲ့အတူ အတိတ်က ချစ်ရတဲ့သူကိုစောင့်နေရ
လို့ပဲ.အရမ်းနာကျင်ခဲ့ရတဲ့ အတိတ်တွေကို မေ့နေပင်မဲ့
ချစ်ရတဲ့သူကို စောင့်နေချင်သေးတာကြောင့်...''
အဘိုးအို စကားအဆုံးတွင် namjoon စိတ်ထဲဝမ်း
နည်းကာ မျက်ရည်ဝဲလာသည်.
"အသင့်ရဲ့ အပြစ်ဒဏ်က အသင့်ရဲ့အတိတ်ကိုရှာဖွေရ
မှာပဲ''
.
.
.
.
.
Seokjin အဆောင်ပြန်ရောက်သည်အထိ နှစ်ယောက်စလုံးစကားမဆိုမိ.
ပြန်ခါနီး အဘိုးအိုပြောလိုက်သောစကားကိုသာ
Seokjin စိတ်ထဲ စွဲနေသည်.
"သတ်မှတ်ပြီးသား ကံကြမ္မာကို ဘယ်သူမှမပြင်နိုင်ဘူး'' ဟူသော စကားကို စိတ်ထင့်နေသည်.
ထိုအကြောင်းကို namjoon အားပြောချင်သော်လဲ
ပြန်လာကတည်းက မျက်နှာမကောင်းတာမို့ မပြောဖြစ်
Namjoon လဲ သူမတူးဆွချင်တဲ့ ဝမ်းနည်းဖွယ်
အတိတ်ကို ပြန်တူးဆွရမည်မဟုတ်လား..
သူလဲ သူ့အားမမှတ်မိတဲ့ အိမ်ရှေ့စံကို ကာကွယ်ရမည်.
စိတ်ရှုတ်စရာများကို ကြာကြာမတွေးတတ်သော
Seokjin သည် အိမ်မက်ထဲရောက်မှ ဆက်တွေးရန်
ပြင်ပြီး အိမ်မက်ကမ္ဘာဆီသာ ဦးတည်လိုက်သည်.
Tbc.....
အခုမှ ဇာတ်ကြောင်းပေါ်အောင်ရေးတုံးရှိသေးလို့.
နောက်ပိုင်းတွေကျရင် ဇာတ်ရည်လည်အောင်ရေးပေးပါ
မယ်နော်.မရှင်းတာရှိလဲမေးလို့ရတယ်😁😁😁
မကောင်းမကန်းလေးကို အားပေးငြလို့ကျေးဇူးတင်
ပါတယ်💙
Thz for reading💜
For Unicode
.