Letters

By mysunshineisbright

56.3K 6.1K 121

စာလေးတစ်စောင်မှာ ရေးပေးလိုက်တဲ့သူရဲ့ နှလုံးသားတစ်ခုလုံးကို ခံစားရစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်.. စာေလးတစ္... More

1
2
3
4
5
6
7
8
9
10
11
12
13
14
16
17
18
19
20
21
22
23
24
Finale
❤️📢💚

15

1.8K 226 9
By mysunshineisbright

(Unicode)

ဒီတစ်ခေါက် Zack ပြန်လာတော့ ရိပေါ်တို့ အရင်လို မုန့်စား bar သွားတာတွေအပြင် ရုပ်ရှင်ကြည့်တာ နေ့ချင်းပြန်ခရီးတိုသွားတာလေးတွေပါ လုပ်ဖြစ်ကြတယ်... တရုတ်ပြည်ကိုလာရင် အလုပ်ကိစ္စတွေနဲ့ပြည့်နေတဲ့ Zack က ဒီတစ်ခါအလည်သက်သက်ပဲလာတော့မှပဲ စိတ်လွတ်ကိုယ်လွတ်နေနိုင်ပါတယ်..

ဒီနေ့ရိပေါ်တို့ရုပ်ရှင်ကြည့်ပြီး ညစာစားဖို့စီစဉ်ထားကြတယ်.. ပြိုင်ပွဲနီးနေတဲ့ရိပေါ်ကို စိတ်ပြေလက်ပျောက်ဖြစ်အောင် Zack ကရအောင်ခေါ်ထုတ်လာခဲ့တာ... လက်မှတ်ဝယ်ပြီးတော့ ရုံထဲမဝင်ခင် lounge မှာထိုင်စောင့်နေတုန်း ရိပေါ်ရဲ့ fangirl လေးတွေရောက်လာပြီး အော်တိုထိုးခိုင်းတော့ ထိုးပေးလိုက်ရသေးတယ်... သူတို့ပြန်ထွက်သွားတော့ Zack ကလဲ အားကျမခံ..
"ရိပေါ် ကိုယ့်ကိုလဲ အော်တိုထိုးပေးပါ.."
"လုပ်ပြီ.. ဘာတွေထွင်ပြန်ပြီလဲ.."
"ကိုယ်သိမ်းထားဖို့လေ.. နော်.."

ရိပေါ်ခေါင်းခါလို့ရီရင်း sign ထိုးပေးလိုက်ပြီး စာလေးတစ်ကြောင်းပါတွဲရေးပေးလိုက်တယ်...

*အမာခံပရိတ်သတ် Zack အတွက်*

Zack ကသဘောတကျကြည့်ရင်း
"ကျေးဇူးရိပေါ်.."
"Zack လဲ အော်တိုထိုးပေး ကျွန်တော့်ကို.."
"ဟားဟား... ကိုယ်ကတော့ ဂုဏ်ယူစရာပဲ... နာမည်ကြီးကတောင် အော်တိုတောင်းတယ်ဆိုတော့..."

*To Yibo , with love* ဆိုတဲ့စာလေးနဲ့ Zack ရဲ့လက်မှတ်ထိုးထားတဲ့စာရွက်ကို ရိပေါ်ကြည့်ရင်း..

"ဘာလို့တရုတ်လိုမရေးတာလဲ Zack ရ."
"ကိုယ်က အရေးသိပ်မကြွမ်းဘူးလေ.. စာဖတ်ရင်တောင် နားလည်ဖို့အချိန်ယူရတယ်.. တရုတ်စာက ကိုယ့်အတွက် တော်တော်ခက်တယ်.."
"အဲ့လောက်တော့ မဟုတ်ပါဘူး Zack ရဲ့...ကျွန်တော့်ဆီရေးထားတာတွေဆို ချောနေတာပဲဟာ.."

ရိပေါ်ပြောနေတုန်းမှာပဲ ရုပ်ရှင်ရုံထဲဝင်နိုင်ပြီဖြစ်ကြောင်း ကြေငြာတော့ဝင်လာလိုက်ကြတယ်။
.
.
.
.
ဒီနေ့က ရိပေါ်ရဲ့ ပြိုင်ပွဲမတိုင်မီညဖြစ်ပါတယ်.. ရိပေါ်ပြိုင်ပွဲအတွက် အားဆေးလိုတာကြောင့် ရှောင်းကျန့်ရဲ့ အိမ်လေးဆီထွက်လာလိုက်တယ်... အရိပ်လေးဖြစ်ဖြစ် တွေ့ရရင်တောင် အားရှိတယ်မဟုတ်လား..
ရိပေါ် အပင်အကွယ်လေးမှာရပ်ပြီး အိမ်လေးဆီမျှော်ကြည့်နေတယ်..

"ကောင်လေး??"

ရိပေါ်လန့်ပြီး တုန်တောင်သွားတယ်။ ခိုးလာပါတယ်ဆိုကာမှ လူမိရတဲ့အဖြစ်ပါပဲ...

"ဟီး ကျန့်ကော.."
"ရိပေါ် ဘာလုပ်နေတာလဲ"
"ကျွန်တော် အိမ်ပြန်နေတာ.."
"..."
"အာ.. အိမ်ပြန်မလို့လို့ပြောတာ.."
"...."
"လွမ်းလို့... ကောကိုလွမ်းလို့လာတွေ့တာ.."
"...."
"မနက်ဖြန် ပြိုင်ပွဲရှိလို့ ကောဆီကနေအားလာယူတာ.."
"..."

ရိပေါ် သူ့ကိုယ်သူမသိလိုက်ခင်မှာပဲ ရှောင်းကျန့်ရဲ့မျကနှာကိုဆွဲယူပြီး နှုတ်ခမ်းတွေကို ဖိနမ်းမိလိုက်တယ်..
ခဏလေးပါပဲ... တစ်လောကလုံးတိတ်ဆိတ်သွားပြီး အေးချမ်းသွားလိုက်တာ... တစ်ကယ်ကိုခဏလေးပါပဲ.. ရှောင်းကျန့်ကရိပေါ်ကိုတွန်းလွှတ်လာတယ်..

"ရိပေါ်.. မင်းဘာလုပ်တာလဲ.."
"ကော ကျွန်တော်တောင်းပန်ပါတယ်... မရည်ရွယ်ပါဘူး.."
"တွဲနေတဲ့လူရှိနေတာကို ငါ့ကိုဒီလိုလာမလုပ်နဲ့ရိပေါ်.."

ရိပေါ်ကိုတွန်းတိုက်ပြီးရှောင်းကျန့်အိမ်ထဲဝင်သွားတော့တယ်..

~ငါတဲ့လား.. တစ်ခါမှအသုံးဘူးတဲ့ဒီနာမ်စား...
စိမ်းကားလိုက်တာကျန့်ကောရာ..
သေချာပါတယ် ဒီလောက်ဆို ကျန့်ကောကမုန်းသွားလောက်ပြီ..~

ရိပေါ်အလဲလဲအပြိုပြိုနဲ့ အိမ်ကိုပြန်ရောက်လာတယ်.. ပြီးတော့ အဖြစ်အပျက်တွေကို ပြန်စဉ်စားမိတယ်..

*တွဲနေတဲ့လူရှိနေတာကို ငါ့ကိုဒီလိုလာမလုပ်နဲ့ရိပေါ်*

~ကောက ငါတွဲနေတဲ့သူရှိမှန်း ဘယ်လိုသိသွားတာလဲ..~

ရိပေါ်အတွေးတွေကိုရအောင်ဖျောက်ပြီး ကြိုးစားအိပ်ရပါတယ်.. မနက်ဖြန်ပွဲက သူအရမ်းအားခဲထားတဲ့ပွဲမဟုတ်လား.. သူ့စိတ်ကိုလွှတ်လိုက်လို့မဖြစ်ဘူးလေ... ဖြစ်သင့်တာကိုဦးစားပေးရပါတယ်..
.
.
.
ညကစိတ်ပင်ပန်းထားရတာမို့ ပွဲမှာရိပေါ်စိတ်တွေက လေးလံလို့.. Zack ကဘယ်လိုပဲအားပေးနေပေမဲ့ သက်တော့မသက်သာလာဘူး...

တာထွက်ပါပြီ.. professional ဆန်တဲ့ရိပေါ်က ပွဲအပေါ်ကို အာရုံအပြည့်ထည့်ကာပြိုင်ပါတယ်.. ဒါပေမဲ့ ကံဆိုးမှုဆိုတာက အဖော်အပေါင်းနဲ့လာတတ်တဲ့အမျိုးလေ..ရိပေါ်ဆိုင်ကယ်က ပြေးလမ်းပေါ်ရောက်မှ စက်ချို့ယွင်းတာကြောင့် စတုတ္တနေရာနဲ့ပဲကျေနပ်လိုက်ရတော့တယ်... ရိပေါ်အရမ်းအားခဲထားရတဲ့ပွဲဆိုတော့ ကျိတ်မနိုင်ခဲမရတော်တော်ဖြစ်ရပါတယ်..

Zack လဲ ရိပေါ်စိတ်သက်သာအောင် ဘီယာဗူးတွေဝယ်လာပြီး မြစ်ကမ်းကိုခေါ်လာခဲ့လိုက်တယ်.. ကားဘော့နက်ပေါ်ထိုင်ကြရင်း လေးတဖြူးဖြူးနဲ့ ဘီယာသောက်လိုက်ရတော့ ရိပေါ်စိတ်တော့နဲနဲကြည်လင်လာရတယ်။ ဒီလိုစက်ချို့ယွင်းတာက ဖြစ်တတ်တဲ့အရာတွေဆိုတော့ ကိုယ့်စိတ်ကိုပြန်လျှော့ရတာပေါ့လေ..

"Zack ဆေးလိပ်တစ်လိပ်လောက်.."
"မသောက်စဖူးပါလား... ရိပေါ်သောက်ချင်ရင် ကိုယ်သွားဝယ်ပေးမယ်.. ခဏလေး.."
"ဪ.. ကုန်နေတာလား.."
"မဟုတ်ဘူးလေ.. ကိုယ်မှ ဆေးလိပ်မသောက်ပဲ ရိပေါ်ရဲ့..."

* ကိုယ်မှ ဆေးလိပ်မသောက်ပဲ*
* ကိုယ်မှ ဆေးလိပ်မသောက်ပဲ*
* ကိုယ်မှ ဆေးလိပ်မသောက်ပဲ*

ရိပေါ်ခေါင်းထဲ မေးခွန်းတွေကပေါ်လာခဲ့တယ်.. ရိပေါ်နားမလည်တာတွေတဖြည်းဖြည်းများလာနေပြီ..

"ရိပေါ်??"
"ဪ.. မဝယ်ပါနဲ့တော့.. ကျွန်တော်နားချင်ပြီ Zack... ကျွန်တော့်ကို အိမ်ပြန်ပို့ပေးပါ.."
"Ok ရိပေါ်.. အိပ်ရေးဝအောင်အိပ်ပြီး နားပစ်လိုက်.."

ရိပေါ်အိမ်ပြန်ရောက်တာနဲ့ ဖိနပ်တောင် ကောင်းကောင်းမချွတ်နိုင်ဘူး.. အိပ်ခန်းထဲအပြေးဝင်ပြီး ရုပ်ရှင်သွားကြည့်တဲ့နေ့က Zack အော်တိုထိုးပေးထားတဲ့စာရွက်ကို အမြန်ရှာပါတော့တယ်..
နောက်တော့ မဖွင့်တာကြာပြီဖြစ်တဲ့ သေတ္တာအပြာလေးကိုဖွင့်တယ်.. လက်တွေတုန်နေတော့ တော်တော်နဲ့လဲ ဖွင့်လို့မရ.. ပြီးတော့ အပြာရောင်စာအိတ်လေးပေါ်က *To Yibo* ဆိုတဲ့စာနဲ့ *အော်တိုထိုးထားတဲ့ *To Yibo, with love* ဆိုတဲ့စာကိုတိုက်ကြည့်လိုက်တော့..

~ကံကဆိုးပြီဆိုရင် အလုံးအရင်းနဲ့ကိုဆိုးတာပဲ~

__________________

(Zawgyi)

ဒီတစ္ေခါက္ Zack ျပန္လာေတာ့ ရိေပၚတို႔ အရင္လို မုန္႔စား bar သြားတာေတြအျပင္ ႐ုပ္ရွင္ၾကည့္တာ ေန႔ခ်င္းျပန္ခရီးတိုသြားတာေလးေတြပါ လုပ္ျဖစ္ၾကတယ္... တ႐ုတ္ျပည္ကိုလာရင္ အလုပ္ကိစၥေတြနဲ႔ျပည့္ေနတဲ့ Zack က ဒီတစ္ခါအလည္သက္သက္ပဲလာေတာ့မွပဲ စိတ္လြတ္ကိုယ္လြတ္ေနနိုင္ပါတယ္..

ဒီေန႔ရိေပၚတို႔႐ုပ္ရွင္ၾကည့္ၿပီး ညစာစားဖို႔စီစဥ္ထားၾကတယ္.. ၿပိဳင္ပြဲနီးေနတဲ့ရိေပၚကို စိတ္ေျပလက္ေပ်ာက္ျဖစ္ေအာင္ Zack ကရေအာင္ေခၚထုတ္လာခဲ့တာ... လက္မွတ္ဝယ္ၿပီးေတာ့ ႐ုံထဲမဝင္ခင္ lounge မွာထိုင္ေစာင့္ေနတုန္း ရိေပၚရဲ့ fangirl ေလးေတြေရာက္လာၿပီး ေအာ္တိုထိုးခိုင္းေတာ့ ထိုးေပးလိုက္ရေသးတယ္... သူတို႔ျပန္ထြက္သြားေတာ့ Zack ကလဲ အားက်မခံ..
"ရိေပၚ ကိုယ့္ကိုလဲ ေအာ္တိုထိုးေပးပါ.."
"လုပ္ၿပီ.. ဘာေတြထြင္ျပန္ၿပီလဲ.."
"ကိုယ္သိမ္းထားဖို႔ေလ.. ေနာ္.."

ရိေပၚေခါင္းခါလို႔ရီရင္း sign ထိုးေပးလိုက္ၿပီး စာေလးတစ္ေၾကာင္းပါတြဲေရးေပးလိုက္တယ္...

*အမာခံပရိတ္သတ္ Zack အတြက္*

Zack ကသေဘာတက်ၾကည့္ရင္း
"ေက်းဇူးရိေပၚ.."
"Zack လဲ ေအာ္တိုထိုးေပး ကၽြန္ေတာ့္ကို.."
"ဟားဟား... ကိုယ္ကေတာ့ ဂုဏ္ယူစရာပဲ... နာမည္ႀကီးကေတာင္ ေအာ္တိုေတာင္းတယ္ဆိုေတာ့..."

*To Yibo , with love* ဆိုတဲ့စာေလးနဲ႔ Zack ရဲ့လက္မွတ္ထိုးထားတဲ့စာရြက္ကို ရိေပၚၾကည့္ရင္း..

"ဘာလို႔တ႐ုတ္လိုမေရးတာလဲ Zack ရ."
"ကိုယ္က အေရးသိပ္မႂကြမ္းဘူးေလ.. စာဖတ္ရင္ေတာင္ နားလည္ဖို႔အခ်ိန္ယူရတယ္.. တ႐ုတ္စာက ကိုယ့္အတြက္ ေတာ္ေတာ္ခက္တယ္.."
"အဲ့ေလာက္ေတာ့ မဟုတ္ပါဘူး Zack ရဲ့...ကၽြန္ေတာ့္ဆီေရးထားတာေတြဆို ေခ်ာေနတာပဲဟာ.."

ရိေပၚေျပာေနတုန္းမွာပဲ ႐ုပ္ရွင္႐ုံထဲဝင္နိုင္ၿပီျဖစ္ေၾကာင္း ေၾကျငာေတာ့ဝင္လာလိုက္ၾကတယ္။
.
.
.
.
ဒီေန႔က ရိေပၚရဲ့ ၿပိဳင္ပြဲမတိုင္မီညျဖစ္ပါတယ္.. ရိေပၚၿပိဳင္ပြဲအတြက္ အားေဆးလိုတာေၾကာင့္ ေရွာင္းက်န္႔ရဲ့ အိမ္ေလးဆီထြက္လာလိုက္တယ္... အရိပ္ေလးျဖစ္ျဖစ္ ေတြ႕ရရင္ေတာင္ အားရွိတယ္မဟုတ္လား..
ရိေပၚ အပင္အကြယ္ေလးမွာရပ္ၿပီး အိမ္ေလးဆီေမၽွာ္ၾကည့္ေနတယ္..

"ေကာင္ေလး??"

ရိေပၚလန္႔ၿပီး တုန္ေတာင္သြားတယ္။ ခိုးလာပါတယ္ဆိုကာမွ လူမိရတဲ့အျဖစ္ပါပဲ...

"ဟီး က်န္႔ေကာ.."
"ရိေပၚ ဘာလုပ္ေနတာလဲ"
"ကၽြန္ေတာ္ အိမ္ျပန္ေနတာ.."
"..."
"အာ.. အိမ္ျပန္မလို႔လို႔ေျပာတာ.."
"...."
"လြမ္းလို႔... ေကာကိုလြမ္းလို႔လာေတြ႕တာ.."
"...."
"မနက္ျဖန္ ၿပိဳင္ပြဲရွိလို႔ ေကာဆီကေနအားလာယူတာ.."
"..."

ရိေပၚ သူ႔ကိုယ္သူမသိလိုက္ခင္မွာပဲ ေရွာင္းက်န္႔ရဲ့မ်ကႏွာကိုဆြဲယူၿပီး ႏႈတ္ခမ္းေတြကို ဖိနမ္းမိလိုက္တယ္..
ခဏေလးပါပဲ... တစ္ေလာကလုံးတိတ္ဆိတ္သြားၿပီး ေအးခ်မ္းသြားလိုက္တာ... တစ္ကယ္ကိုခဏေလးပါပဲ.. ေရွာင္းက်န္႔ကရိေပၚကိုတြန္းလႊတ္လာတယ္..

"ရိေပၚ.. မင္းဘာလုပ္တာလဲ.."
"ေကာ ကၽြန္ေတာ္ေတာင္းပန္ပါတယ္... မရည္ရြယ္ပါဘူး.."
"တြဲေနတဲ့လူရွိေနတာကို ငါ့ကိုဒီလိုလာမလုပ္နဲ႔ရိေပၚ.."

ရိေပၚကိုတြန္းတိုက္ၿပီးေရွာင္းက်န္႔အိမ္ထဲဝင္သြားေတာ့တယ္..

~ငါတဲ့လား.. တစ္ခါမွအသုံးဘူးတဲ့ဒီနာမ္စား...
စိမ္းကားလိုက္တာက်န္႔ေကာရာ..
ေသခ်ာပါတယ္ ဒီေလာက္ဆို က်န္႔ေကာကမုန္းသြားေလာက္ၿပီ..~

ရိေပၚအလဲလဲအၿပိဳၿပိဳနဲ႔ အိမ္ကိုျပန္ေရာက္လာတယ္.. ၿပီးေတာ့ အျဖစ္အပ်က္ေတြကို ျပန္စဥ္စားမိတယ္..

*တြဲေနတဲ့လူရွိေနတာကို ငါ့ကိုဒီလိုလာမလုပ္နဲ႔ရိေပၚ*

~ေကာက ငါတြဲေနတဲ့သူရွိမွန္း ဘယ္လိုသိသြားတာလဲ..~

ရိေပၚအေတြးေတြကိုရေအာင္ေဖ်ာက္ၿပီး ႀကိဳးစားအိပ္ရပါတယ္.. မနက္ျဖန္ပြဲက သူအရမ္းအားခဲထားတဲ့ပြဲမဟုတ္လား.. သူ႔စိတ္ကိုလႊတ္လိုက္လို႔မျဖစ္ဘူးေလ... ျဖစ္သင့္တာကိုဦးစားေပးရပါတယ္..
.
.
.
ညကစိတ္ပင္ပန္းထားရတာမို႔ ပြဲမွာရိေပၚစိတ္ေတြက ေလးလံလို႔.. Zack ကဘယ္လိုပဲအားေပးေနေပမဲ့ သက္ေတာ့မသက္သာလာဘူး...

တာထြက္ပါၿပီ.. professional ဆန္တဲ့ရိေပၚက ပြဲအေပၚကို အာ႐ုံအျပည့္ထည့္ကာၿပိဳင္ပါတယ္.. ဒါေပမဲ့ ကံဆိုးမႈဆိုတာက အေဖာ္အေပါင္းနဲ႔လာတတ္တဲ့အမ်ိဳးေလ..ရိေပၚဆိုင္ကယ္က ေျပးလမ္းေပၚေရာက္မွ စက္ခ်ိဳ႕ယြင္းတာေၾကာင့္ စတုတၱေနရာနဲ႔ပဲေက်နပ္လိုက္ရေတာ့တယ္... ရိေပၚအရမ္းအားခဲထားရတဲ့ပြဲဆိုေတာ့ က်ိတ္မနိုင္ခဲမရေတာ္ေတာ္ျဖစ္ရပါတယ္..

Zack လဲ ရိေပၚစိတ္သက္သာေအာင္ ဘီယာဗူးေတြဝယ္လာၿပီး ျမစ္ကမ္းကိုေခၚလာခဲ့လိုက္တယ္.. ကားေဘာ့နက္ေပၚထိုင္ၾကရင္း ေလးတျဖဴးျဖဴးနဲ႔ ဘီယာေသာက္လိုက္ရေတာ့ ရိေပၚစိတ္ေတာ့နဲနဲၾကည္လင္လာရတယ္။ ဒီလိုစက္ခ်ိဳ႕ယြင္းတာက ျဖစ္တတ္တဲ့အရာေတြဆိုေတာ့ ကိုယ့္စိတ္ကိုျပန္ေလၽွာ့ရတာေပါ့ေလ..

"Zack ေဆးလိပ္တစ္လိပ္ေလာက္.."
"မေသာက္စဖူးပါလား... ရိေပၚေသာက္ခ်င္ရင္ ကိုယ္သြားဝယ္ေပးမယ္.. ခဏေလး.."
"ဪ.. ကုန္ေနတာလား.."
"မဟုတ္ဘူးေလ.. ကိုယ္မွ ေဆးလိပ္မေသာက္ပဲ ရိေပၚရဲ့..."

* ကိုယ္မွ ေဆးလိပ္မေသာက္ပဲ*
* ကိုယ္မွ ေဆးလိပ္မေသာက္ပဲ*
* ကိုယ္မွ ေဆးလိပ္မေသာက္ပဲ*

ရိေပၚေခါင္းထဲ ေမးခြန္းေတြကေပၚလာခဲ့တယ္.. ရိေပၚနားမလည္တာေတြတျဖည္းျဖည္းမ်ားလာေနၿပီ..

"ရိေပၚ??"
"ဪ.. မဝယ္ပါနဲ႔ေတာ့.. ကၽြန္ေတာ္နားခ်င္ၿပီ Zack... ကၽြန္ေတာ့္ကို အိမ္ျပန္ပို႔ေပးပါ.."
"Ok ရိေပၚ.. အိပ္ေရးဝေအာင္အိပ္ၿပီး နားပစ္လိုက္.."

ရိေပၚအိမ္ျပန္ေရာက္တာနဲ႔ ဖိနပ္ေတာင္ ေကာင္းေကာင္းမခၽြတ္နိုင္ဘူး.. အိပ္ခန္းထဲအေျပးဝင္ၿပီး ႐ုပ္ရွင္သြားၾကည့္တဲ့ေန႔က Zack ေအာ္တိုထိုးေပးထားတဲ့စာရြက္ကို အျမန္ရွာပါေတာ့တယ္..
ေနာက္ေတာ့ မဖြင့္တာၾကာၿပီျဖစ္တဲ့ ေသတၱာအျပာေလးကိုဖြင့္တယ္.. လက္ေတြတုန္ေနေတာ့ ေတာ္ေတာ္နဲ႔လဲ ဖြင့္လို႔မရ.. ၿပီးေတာ့ အျပာေရာင္စာအိတ္ေလးေပၚက *To Yibo* ဆိုတဲ့စာနဲ႔ *ေအာ္တိုထိုးထားတဲ့ *To Yibo, with love* ဆိုတဲ့စာကိုတိုက္ၾကည့္လိုက္ေတာ့..

~ကံကဆိုးၿပီဆိုရင္ အလုံးအရင္းနဲ႔ကိုဆိုးတာပဲ~

to be continued...

Continue Reading

You'll Also Like

453K 24.9K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
11.1K 718 4
3.April.2023 Birthday present for sister ❤️🙆
1.8M 116K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
17.9K 822 6
(Unicode) ဒါလေးတော့ ကျန့်ကောမွေးနေ့အဖြစ်ဖန်တီးဖြစ်တာလေးပါ အစကတော့ တစ်ပိုင်းနဲ့အပြီးရေးဖို့စဉ်းစားထားပေမယ့် အရမ်းရှည်နေတာကြောင့်မလို အပိုင်းခွဲရေးလိုက...