So far away(Completed)

By AliceYay-Zhang

164K 8.6K 720

ကိုယ်​ မင်းရှိရာကိုလာခဲ့​ပေမယ့် မင်းက ကိုယ်နဲ့ နီးလို့ မလာခဲ့ဘူး baby အစတည်းက မင်းက ကိုယ့်ရဲ့ဆန်ကျင်ဖက်ကို ​... More

Ep-1 Zawgyi
Ep-2 Unicode
Ep-2 Zawgyi
Ep-3 Unicode
Ep-3 Zawgyi
Ep-4 Unicode
Ep-4 Zawgyi
Ep-5 Unicode
Ep-5 Zawgyi
Ep-6 Unicode
Ep-6 Zawgyi
Ost song
Ep-7 Unicode
Ep-7 Zawgyi
Ep-8 Unicode
Ep-8 Zawgyi
Ep-9 Unicode
Ep-9 Zawgyi
Ep-10 Unicode
Ep-10 Zawgyi
Ep-11 Unicode
Ep-11 Zawgyi
Ep-12 Unicode
Ep-12 Zawgyi
Ep-13 Unicode
Ep-13 Zawgyi
Ep-14 Unicode
Ep-14 Zawgyi
Ep-15 Unicode
Ep-15 Zawgyi
Ep-16 Unicode
Ep-16 Zawgyi
Ep-17 Unicode
Ep-17 Zawgyi
Ep-18 Unicode ( The end )
Ep-18 Zawgyi ( The end )
Extra (R.E) Unicode
Extra (R.E) Zawgyi

Ep-1 Unicode

16K 475 24
By AliceYay-Zhang

"​သေချာသွားပြီလား baby?
ကိုယ်တို့လမ်းခွဲမယ်ဆိုတာ​သေချာပြီလား?

ကိုယ့်ကိုမသနားဘူးလား baby ရယ်
အဲ့​လောက်​တောင်ပြတ်သားနိုင်တာလား?"

"babyတို့လမ်းခွဲတာအ​ကောင်းဆုံးပဲဖြစ်မှာပါ
darling က baby ရဲ့ပုံစံမဟုတ်ဘူး"

တွဲလာတာဖြင့် နှစ်​​​တွေတောင်ကြာခဲ့ပြီ
ခုကျမှ မ​သေချာ မ​ရေရာတဲ့အ​ကြောင်းပြချက်နဲ့
လမ်းခွဲဖို့​​ပြောလာတဲ့ သိပ်ချစ်ရပါ​သော baby nini

Babyကဆိုးတယ် က​လေးဆန်တယ်
အဲ့တည်းကlisaနဲ့လွဲမှား​နေခဲ့တာ

တူညီတာဆိုလို့
အချစ်တစ်ခု​တော့ ရှိမယ်လို့ lisa ထင်ခဲ့​ပေမယ့်

ခု​တော့ဘာဆိုဘာမှမတူညီခဲ့ဘူး​ပေါ့​လေ

ချစ်လွန်းလို့ အရာရာမှာ လိုက်ပြီး ဝင်ပါ​နေမိတာ
အလုပ်ရာထူး အဆင့်အတန်းဆိုတဲ့ တာဝန်​တွေနဲ့ ​
နေလာခဲ့ရတဲ့ lisaကငယ်ငယ်တည်းက​ခုထိ
လူရို​သေ ရှင်ရို​သေ ခံရတဲ့ လူအဖြစ်
တည်ငြိမ်ရင့်ကျက်စွာ ​နေရတယ်

အဲ့လိုလူက
တကယ့်ကို ဆန့်ကျင်ဖက် က​လေးဆိုး​လေးကို
ချစ်သူ​တော်ရမယ်လို့ ဘယ်သူထင်မှာလဲ?

ဒါ​​ပေမယ့်လည်း ချစ်သူ​တွေဖြစ်ခဲ့ကြတာပဲ​လေ





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

3 years ago>>>>>

"Chae! အဲ့ဒါ​တွေထားခဲ့လိုက်​တော့
ငါပါတနာတစ်​ယောက်ဖိတ်ထားတဲ့partyကိုသွားစရာရှိတယ်
အဲ့ဒါနင်ပါလိုက်ခဲ့"

Lisa ရုံးခန်းထဲမှာ
Company ရဲ့ နှစ်ချုပ်စာရင်း​တွေစစ်​နေရတယ်
လက်ကနာရီကို တစ်ချက်ကြည့်လိုက်ပြီး ​
ဘေးက စာရင်းချုပ်​​နေတဲ့ Chae ကို​ပြောလိုက်​တော့
Chae က ​မော့ကြည့်လာတယ်

Chae ဆိုတာ
lisa နဲ့ ငယ်ငယ်တည်းက ​ပေါင်းလာတဲ့သူငယ်ချင်းဖြစ်ပြီး
ညီအမ အရင်းနီးပါး ချစ်ကြတယ်
ကျောင်းပြီး​တော့လည်း
Chae က lisa ရဲ့ အတွင်း​ရေးမှူးအဖြစ် company မှာ
အလုပ်လုပ်​ပေးတဲ့အထိ ခွဲလို့မရတဲ့ သူငယ်ချင်းမျိုး

"နင်တစ်​ယောက်တည်းသွားလို့မရဘူးလား lisa ရာ
ငါ honey နဲ့ချိန်းထားတယ်
aniversary​ အတွက်​လေ"

"အာ!
sorry chae ရာ ငါ​မေ့သွားတယ်
ဒီ​နေ့နင်နဲ့ unnie jisooရဲ့ 2နှစ်ပြည့်ပဲကိုး"

Chae မှာ kim jisooဆိုတဲ့ အရမ်းချစ်ရတဲ့ ချစ်သူရှိတယ်
chae ထက်အသက် 2 နှစ်ကြီး​သလို
chae ကို ဦး​ဆောင်မှု​ပေးနိုင်တဲ့ ချစ်သူ​ကောင်းတစ်​ယောက်ပါ
lisa တို့ စီပွား​ရေး တက္ကသိုလ် ဒုတိယနှစ်မှာ
chaeနဲ့ unnie တို့က ချစ်သူဖြစ်ခဲ့ကြတာ

Lisa အဲ့တုန်းက​တော့ chae ကိုနားမလည်နိုင်ခဲ့ဘူး
မိန်းက​လေးချင်းချစ်ကြိုက်ကြတာကို
lisa ပထမဆုံး မျက်မြင်ကြုံ​တွေ့ခဲ့ရတာ
နောက်​တော့လည်း chae တို့အတွဲနဲ့​နေပါများလို့ ​နေသားကျ​နေပြီ
Dadyက​တော့ အဲ့ဒါ​တွေကို လုံးဝသ​ဘောမကျဘူး
chaeကို​တောင် အဲ့ဒါ​တွေ​ကြောင့်
company မှာ အလုပ်မလုပ်ခိုင်းဖို့​ပြော​ပေမယ့်
lisa နဲ့အ​ပေးအယူလုပ်ပြီးlisa နိုင်လို့သာ
chae ကိုအတွင်း​ရေးမှူးအဖြစ် ​ခေါ်ထားနိုင်ခဲ့တာ
ဘယ်အရာကိုမဆို အသာ​လေး နိုင်တာက lisaရဲ့အားနည်းချက်ပဲ

အလုပ်နဲ့ပတ်သတ်ရင်လည်း
အသက်14နှစ်လောက်တည်းကအဖိုးသင်​ပေးထားတာ​တွေ​ကြောင့် လူငယ်ဆိုတဲ့ အသိဥာဏ်ကြွယ်ဝမှု​လေးနဲ့ပါ​ပေါင်းပြီးလုပ်ကိုင်ရင်း
ပြိုင်ဖက်ကင်း လူငယ်စီးပွား​ရေးလုပ်ငန်းရှင်ဖြစ်လာခဲ့တယ်









~~~~~~~~~~

Chae မလိုက်နိုင်တာ​ကြောင့်
lisa တစ်​ယောက်တည်း party ကို​ရောက်လာခဲ့တယ်
အောင်မြင်​နေတဲ့ စီးပွား​ရေးလုပ်ငန်းရှင်လုပ်တဲ့
ပွဲ​လေးဖြစ်တာ​​ကြောင့်လည်း
media သမား​တွေပါ ​ရောက်​နေခဲ့တယ်

Lisaရဲ့ ကား​လေး က party ပွဲ​နေရာဖြစ်တဲ့
အိမ်ရဲ့ ခြံထဲကို​ရောက်သည်နှင့်
mediaတွေရဲ့ camera မီး​တွေက
lisaအ​ပေါ် ကျ​ရောက်လာကြတယ်

ကားကို ခြံထဲမှာရပ်လိုက်ပြီး​တော့
ကား​ပေါ်က ဆင်းလာတဲ့အခါမှာ​တော့
ပြုံးပြီး Lisa အနား ​ရောက်လာတဲ့
အသက်ကြီးကြီး အမျိုးသားတစ်ဦး...

"CEO Lisa ​ရောက်လာသားပဲ"

"Uncle Kim ကိုယ်တိုင်ဖိတ်ထားတာပဲ​လေ
Lisa မလာလို့ ဘယ်ဖြစ်ပါ့မလဲ?
ဒါနဲ့ ပွဲ​လေးက ဘာအတွက်များလဲ uncle?
K2 company မှာတစ်ခုခု ဝမ်းသာစရာ​တွေများရှိလို့လား?"

"မဟုတ်ပါဘူး
ဒီ​နေ့က UK မှာပညာ​တော်သင်ပြီး ပြန်လာတဲ့
သမီး​​လေးအတွက် ကြိုဆိုပွဲ​လေးလုပ်​ပေးတာပါ"

"Uncle မှာ သမီးရှိတာလား?
Lisa က uncle ကို အိမ်​ထောင်လွတ်လို့ ထင်​နေတာ"

"သမီး​လေးရဲ့ အ​မေနဲ့ uncle က ကွဲ​နေတာ​လေ
သူ့အ​မေနဲ့ အစက​အတူ​နေ​ပေမယ့်
သူ့အ​မေ ​နောက်အိမ်​ထောင်ပြု​တော့
uncle ပဲပြန်​ခေါ်ထားတာ​လေ
နောက်မကြာပါဘူး
ပညာ​တော်သင်လွှတ်လိုက်တာ"

"​အော်!"

"Lisa ထိုင်နှင့်​နော်
uncleရဲ့ သမီး​လေးကို
အားလုံးနဲ့ မိတ်ဆက်​ပေးဖို့သွား​ခေါ်ရဦးမယ်
လိုအပ်တာရှိရင်​ပြော
သောက်ချင်ရင် စိတ်ကြိုက်​သာသောက်
မှောက်သွားရင်​တော့ အိမ်ကိုလာ​ခေါ်ခိုင်းလိုက်မယ်"

"ဟုတ်ကဲ့ uncle! ရပါတယ်
lisa ဒီ​နေ့​တော့ အများကြီး​သောက်လို့မဖြစ်​လောက်ဘူး
ဒီ​နေ့ရဲ့ အဓိက ဇာတ်လိုက်​လေးကိုပဲ သွား​ခေါ်လိုက်ပါ"

Lisa ​ပြောလိုက်ပြီးတဲ့​နောက် Uncle kim ထွက်သွားခဲ့တယ်
ချောင်ကျမယ့် ဝိုင်း​လေးမှာ ထိုင်​နေလိုက်ပြီး
လာချ​ပေးတဲ့ထဲက ဝိုင်ကိုသာ ယူ​​သောက်​နေလိုက်တယ်

Uncle kim ဆိုတာ
lisa ရဲ့ နာမည်နဲ့ သီးသန့်တည်​ထောင်ထားတဲ့
Manoban fashion brand Company က
ဒုတိယ ရှယ်ယာအများဆုံးသူ
Dady နဲ့ အရမ်းရင်းနှီးတဲ့ မိတ်​ဆွေ​တွေဖြစ်ပြီး​တော့
Lisa ကိုလည်း uncle က စီးပွား​ရေးနယ်ပယ်ကို
သင်ကြား​ပေးခဲ့သူ

သူ့ကို အိမ်​ထောင်လွတ်လို့ lisa ထင်​နေခဲ့တာ
ခု​မှ သမီး​တစ်​ယောက်ရှိ​နေမှန်း lisa သိရတယ်






Lisa ​သောက်​နေရင်း အရှိန်က များလာတာ​ကြောင့်
နည်းနည်းရီ​ဝေ​ဝေဖြစ်လာခဲ့တယ်

uncle kimသွား​ခေါ်တဲ့ သမီးဆိုတာ​​ရော
uncle​ပါ​ပေါ်မလာ​သေးတာ​ကြောင့် ​​
စောင့်​နေရင်းပျင်းပျင်းနဲ့သောက်​နေတာ များ​နေပြီ

ဒီ​နေ့ မူးလို့မဖြစ်တာ ကိုယ့်ဘာသာကိုယ်သိတာမို့
အိမ်ထဲကိုခဏဝင်ပြီး မျက်နှာသွားသစ်ဖို့ ပြင်လိုက်တယ်

Lisa က အရင်တည်းက
ဒီအိမ်ကို အလုပ်ကိစ္စနဲ့ အဝင်အထွက်ရှိ​နေတာ​ကြောင့်
uncle kimရဲ့ အိမ်က အလုပ်သမား​တွေ အားလုံးနဲ့ပါ သိတယ်






အိမ်ထဲကို lisa ဝင်လာ​တော့
ဧည့်ခန်းထဲမှာ ​ဒေါသထွက်​နေတဲ့ uncleနဲ့အတူ ​
က​လေးမ​လေးတစ်ဦး...

Lisa လည်း သူတို့အနားကိုသွားလိုက်တဲ့အခါမှာ​တော့
uncle နဲ့အတူက​လေးမ​လေးကပါ
lisa ဆီအကြည့်​ရောက်လာကြတယ်

"သမီး ဘာအဆင်မ​ပြေတာရှိလို့လဲ lisa?"

"ဘားမှမရှိပါဘူး uncle!
ဒီမှာ uncle ကို​တွေ့လို့ လာခဲ့တာပါ
ဒါနဲ့ သူက?"

ဆိုဖာ​​ပေါ်မှာထိုင်​နေတဲ့ က​လေးမ​လေးကို
lisa ကြည့်ပြီး​​မေးလိုက်တယ်

"သူက uncle ရဲ့ သမီးဆိုတာ​လေ
Kim Jennie တဲ့"

"Uncle က သိပ်ကံ​ကောင်းတာပဲ
သမီးဖြစ်တဲ့သူက ချစ်စရာ​​လေးဆို​တော့​လေ"

"အဆိုး​လေပါ သမီး lisa ရယ်
ခုလည်း party ရှိတယ်ဆိုတာ
အပြင်ခိုးထွက်ဖို့ လုပ်​နေလို့ ဆူ​နေတာ"

က​လေးမ​လေးကြည့်ရတာ
ဂျစ်ကန်ကန်နိုင်မယ့်ပုံဆိုတာ lisa သိတယ်
ဝတ်စားတာကအစ တိုပြတ်​နေပြီး
တကယ့်ကို အ​ပေအ​တေ​လေးလိုပါပဲ
Lisa ကိုလည်း ကြည့်​နေတည့်အကြည့်က အချိုးမ​ပြေ​နေပြန်ဘူး

"အပြင်မှာ ဧည့်သည်​တွေ​စောင့်​နေတာ​တော့ကြာ​နေပြီထင်တယ်
ဒီက​လေးကို lisa ပဲ​ခေါ်လာခဲ့လိုက်ပါ့မယ်"

"​ကျေးဇူးပါပဲသမီးရယ်
ဂျစ်တိုက်​နေတာ ​ပြောလို့ကိုမရဘူး
အဲ့ဒါဆို Uncle ခြံထဲသွားလိုက်ဦးမယ်"

Lisa ​ခေါင်းငြိမ့်ပြလိုက်တာနဲ့
uncle kim ထွက်သွားခဲ့တယ်
ကျန်ခဲ့တဲ့က​လေးမ​လေးရဲ့ မျက်​စောင်းက​တော့
Lisa ဆီတန်းတန်းမတ်မတ်

"ဟန်​ဆောင်ပြီးငို​နေတာ​တွေရပ်​တော့
အပြင်မှာ မင်းအတွက်လုပ်​ပေးတဲ့ပွဲကို​တော့
ခဏပဲဖြစ်ဖြစ် တက်ရမှာ​ပေါ့"

"မတက်ချင်ပါဘူး
ရှင်ဘာနားလည်လို့လဲ?
Dadyကကြိုဆိုပွဲpartyဆိုပြီး
လာကြတဲ့ သူ​ဌေး​တွေဆီ ကျွန်မကို ​လေလံတင်ချင်​နေတာ"

"မင်းဘယ်လို​ပြောလိုက်တာလဲ?
uncle က အဲ့လိုလူမျိုးမဟုတ်ဘူး
ကိုယ့် အ​ဖေကို အဲ့လိုပဲ​ပြောရလား?
ထဆို​နေ"

တကယ်ပါပဲ
အဲ့က​လေးမ​ ပြောတဲ့စကား​တွေ​ကြောင့်
lisa ​တောင်အံ့သြသွားမိတယ်
party ပွဲကို မတက်ချင်တာနဲ့
အ​ဖေ​တောင် လူဆိုးဖြစ်​​အောင်လုပ်တတ်တဲ့ သူမျိုး

"ရှင်က dady နဲ့အရမ်းရင်းနှီးတာလား?"

"​အေး ဟုတ်တယ်
တို့က uncle ရဲ့ မျက်စိ​အောက်မှာ
ကြီးပြင်းလာတယ်ဆိုရင်လည်းမှန်တယ်
အဲ့​တော့ မင်းဘားမှ​ပေါက်ကရမ​ပြော​နေနဲ့"

Lisa ​ပြော​တော့ ထိုက​​လေးမ​လေးက ဆူပုတ်ပြီး
lisa ရဲ့ လက်​​မောင်းကိုတွဲချိတ်လာတယ်
lisa လည်း ဘာလဲ ဆိုတဲ့အကြည့်နဲ့ကြည့်လိုက်​တော့...

"ဝတ်ထားတဲ့ ဂါဝန်ကအရှည်ကြီး​လေ
ရှင်ကူပြီးတွဲ​ပေးသင့်တာ​ပေါ့"

"ပြီး​ရော
ဒါ​ပေမယ့် တစ်ခု​​တော့​ပြောမယ်
တို့ကို  ရှင် ဆိုပြီးမ​​ခေါ်နဲ့
တို့က မင်းထက်အသက်ကြီးတယ်
unnie လို​ခေါ်  "

"မ​ခေါ်ချင်ပါဘူး
ခု party ကိုတက်​ပေးတဲ့အတွက်
ရှင် Jennie ကိုကူတွဲ​ပေးရတယ်
အဲ့လိုပဲ unnie လို့​ခေါ်ဖို့လည်းတစ်ခုခု​ပေးရမယ်"

Lisa ဘားမှဆက်မ​ပြော​နေ​တော့ဘဲ
အနှီမ​လေးကိုသာ တွဲပြီး ခြံထဲကိုပို့​ပေးလိုက်တယ်
ပြီးတာနဲ့ uncle ကို နှုတ်ဆက်ပြီး အိမ်ကိုသာပြန်လာခဲ့သည်

To be continued......

Continue Reading

You'll Also Like

401K 16.2K 46
ကြယ်ကလေးတွေလည်း လင်းလက်နေပါသေးသည်။ လမင်းကြီးလည်း ထိန်ထိန်လင်းနေပါသေးသည်။ ငှက်ကလေးတွေလည်း ပျံဝဲနေပါသေးသည်။ လေကလေးတွေလည်း တိုက်နေဆဲသာ။ ချစ်သေးရဲ့လားတဲ့...
168K 10.2K 29
(Unicode) Lalisa manoban ကို အရမ်းချစ်ပြီးတော့ အရမ်းလည်း ရစ်တတ်တဲ့ Jennie Kim ဆိုတဲ့ကောင်မလေးနဲ့ Jennie Kim နဲ့ ပတ်သက်ရင် အမြဲ အလွဲတွေ ဖြစ်ပြီး Jenn...
140K 6.9K 30
မင်းရဲ့တဇွတ်ထိုးနိုင်မှုတွေကငါ့ကိုစိတ်ပျက်စေတယ်lisaရင့်ကျက်စမ်းပါ မင်းတဇွတ်ထိုးဆန်သ၍တော့ငါမင်းကိုဘယ်တော့မှပြန်မချစ်နိုင်ဘူး #jennie liကတဇွတ်ထိုးဆန်တယ...
599K 5K 23
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...