🌺ေႏွာင္တြယ္ရစ္ေသာၾကိဳး🌺
ေကာင္းကင္ေျပာျပသည္ကို ျမတ္ဘုန္းအ့ံၾသသြားေသာ္လည္း
ေကာင္းကင္ကို အထင္ေသးသည့္ အမူအယာေတာ့မျပ။
အရင္နီးဆံုးသူငယ္ခ်င္းေရွ႕မွာ ကိုယ့္ရဲ႕ျဖစ္ရပ္အမွန္ကို ေျပာျပရေတာ့ ေကာင္းကင္နည္းနည္းေတာ့သိမ္ငယ္မိသည္။
"ေကာင္းကင္ မင္းအခုဘာလုပ္ခ်င္တာလဲ
အိမ္ေထာင္မျပဳခ်င္တဲ့အေၾကာင္းျပခ်က္နဲ႔ ခုနကေျပာသလို……"
"အင္း ငါအဲ့လိုလုပ္ျဖစ္မယ္ထင္တယ္"
"လြယ္တယ္ထင္လို႔လား ေကာင္းကင္
ေယာက်ာ္းေလးကိုယ္ဝန္ေဆာင္ျပီး ကေလးယူတာ
ေသလမ္းကိုေရြးတာနဲ႔မျခားဘူးေနာ္
ေဆးပညာေတြတိုးတက္ေနေပမဲ့ အရမ္းခက္ခဲတယ္"
"ဒါဆိုငါက အိမ္ကယူခိုင္းတဲ့မိန္းမပဲယူလိုက္ရမွာလား
ငါ့ကိုယ္ငါသိေနတာ ငါဘယ္လိုစိတ္နဲ႔ မိန္းမယူရမလဲ"
"အဲ့လိုဆိုေပမဲ့လဲ ငါေတာ့ မလုပ္ေစခ်င္ဘူး"
"ေသသြားရလဲ အဆင္ေျပတာမို႔ ငါ့ကိုသာကူညီပါျမတ္ဘုန္းရယ္
လူေကာင္းတစ္ေယာက္စီက မ်ိဳးဆက္ပဲျဖစ္ျဖစ္ရရင္ အားလံုးငါပဲဆက္လုပ္ပါမယ္"
"ေကာင္းကင္ရာ မင္းက်မွ ဒါကိုလုပ္ခ်င္ရတာလဲ"
"ဘာအရႈပ္အရွင္းမွမျဖစ္နိုင္တဲ့လူဆို အေကာင္းဆံုးပါပဲ
ငါလဲအဲ့ဒီလူဘယ္သူဆိုတာ မသိခ်င္ဘူး
ငါဘယ္သူဆိုတာလဲ မသိေစခ်င္ဘူး ဒီအတိုင္း တစ္ေယာက္ကိုတစ္ေယာက္မသိၾကရင္ ရျပီ"
ျမတ္ဘုန္းက လက္မခံခ်င္ေသာ္လည္း ေကာင္းကင္ကေတာ့
ျဖစ္ခ်င္တာကိုဇြတ္ေျပာသည္။
"ထက္ေကာင္းကင္ရာ ငါမင္းအစား ရူးေတာ့မယ္"
"ငါေျပာတာေလးပဲ မင္းရေအာင္ရွာေပးရင္ ရပါျပီဆို
မရူးပါနဲ႔အံုးသူငယ္ခ်င္းရာ ေနာ္ ငါလဲခက္ခက္ခဲခဲဆံုးျဖတ္ထားရတာမို႔ ကူညီပါကြာ"
"ဟင္း……ေအးပါကြာ
ဒါဆိုလဲ ငါရွာေပးပါ့မယ္"
"ခုနကေျပာသလိုပဲ ဘာမွ အရႈပ္အရွင္းမျဖစ္တဲ့လူစီကေနာ္
ေတာ္ၾကာ ျပသနာေတြတက္ရင္ ဒုကၡ"
"ေအးပါ မင္းဒုကၡေရာက္ေအာင္ေတာ့ ငါလုပ္ပါ့မလား"
"သူမ်ားေယာက်ာ္းစီလဲမယူလာနဲ႔ေနာ္"
"ေအးပါဆို ထက္ေကာင္းကင္ရယ္
ကိုယ္တိုင္ရင္လဲ ရွာပါေတာ့လား"
ထိုအခါက်လဲ ေကာင္းကင္ပါးစပ္ေလးပိတ္လိုက္ရသည္။
"မင္းကလဲ……"
"လဲ မေနနဲ႔ ေန႔လည္စာေလးေက်ြးျပီး
ငါ့ကိုေပးလိုက္တဲ့တာဝန္က ဆရာဝန္မျဖစ္ေသးဘူး လက္မွတ္ျပဳတ္မဲ့တာဝန္"
"ေက်းဇူးမေမ့ပါဘူးသူငယ္ခ်င္းကလဲ
ျမန္ျမန္ေတာ့ရွာေပး……ရွင္းရွင္းေျပာရရင္
အဲ့ဒီလူက တစ္သက္လံုး ခရီးထြက္သြားတဲ့သူလဲျဖစ္တယ္
ဒီေန႔ရ မနက္ျဖန္ေသလဲျဖစ္တယ္"
"ဟာကြာ မင္းလိုခ်င္တာရရင္ ေသခိုင္းမဲ့ဒီဇိုင္း
ဘယ္လိုေကာင္လဲကြာ"
"ငါက မျဖစ္သင့္တာေတြ ျဖစ္လာမွာစိုးလို႔ပါ"
ထိုအခါမွ ျမတ္ဘုန္းက စကားဆက္မလာေတာ့။
ဘာျဖစ္ျဖစ္ အေကာင္းဆံုး စဥ္းစားခဲ့တာမို႔ ေကာင္းကင္လုပ္နိုင္မွာပါ။
ျမတ္ဘုန္းကို လိုက္ပို႔ျပီးေနာက္ ေကာင္းကင္ျပန္လာခဲ့သည္။
အျပန္လမ္းတြင္ အျမဲဝင္ေနက်ကိတ္မုန္႔ဆိုင္ေရွ႕ေရာက္ေသာ္လည္း
ဒီတစ္ေန႔ေတာ့ စိတ္မပါတာမို႔ မဝင္ျဖစ္ေတာ့။
"တီ……တီ……"
"အာ……အာ့……က်ြတ္……က်ြတ္"
ေဘးနားကရုတ္တရက္ျဖတ္ေမာင္းလိုက္သည့္ ကားေၾကာင့္
ေကာင္းကင္ေရွာင္လိုက္ရင္း ေျခေခါက္လဲသြားရသည္။
ေမာင္းသြားသည့္ ကားကလဲ ခ်က္ခ်င္းရပ္သြားျပီး
လူတစ္ေယာက္ဆင္းလာခဲ့သည္။
"Sorry အဆင္ေျပရဲ႕လား ညီေလး"
"အာ့…ဟုတ္ ရပါတယ္ဗ်"
"ေျခက်င္းဝတ္ လည္သြားတာပဲ
ခဏေနာ္ ကိုယ္လုပ္ေပးမယ္"
ေကာင္းကင္ေျခေထာက္ကို ကိုင္လိုက္သည့္သူအား
အားနာလြန္းစြာၾကည့္မိေတာ့ ေကာင္းကင္မွင္သက္ရသည္။
ထိုလူ……။
ေကာင္းကင္၏ အမည္မသိနတ္သား။
တိတ္တဆိတ္အားက်ေနခဲ့ရေသာသူသည္
ယခုေကာင္းကင္ရဲ႕မ်က္ေမွာက္တြင္ရိွေနေလေတာ့
ေငးေမာယံုမွတပါး အျခားအရာမ်ားကို ေမ့ေလ်ာ့ေနခဲ့ရသည္။
"ဟိတ္ ညီေလး……အဆင္ေျပရဲ႕လား"
မ်က္ႏွာေရွ႕ကို လက္ယမ္းကာ ခပ္ျပံဳးျပံဳးေခၚလာသည့္ ထိုလူသား။
အနီးကပ္ျမင္ဖူးမွ နတ္သားဆိုတာ တကယ္ရွိမွန္း ေကာင္းကင္ယံုခ်င္လာသည္။
ခပ္ေျဖးေျဖးလႈပ္ခတ္ေနသည့္ ရင္ဘတ္က ထိုသူၾကည့္ေကာင္းလြန္းတာေၾကာင့္ျဖစ္မည္။
မညီမညာထြင္းထြက္ေနသည့္ သြားတက္ေလးမ်ားေပၚေအာင္ျပံဳးသည့္ ထိုလူသားက ခန္႔ညားလြန္းသည္။
ႏႈတ္ခမ္းပါး၏ေကာ့ညြတ္သြားမႈက ေကာင္းကင္အဖို႔
အသက္ရွဴရန္ေမ့ေစ၏။
"ဟိတ္……ငုတ္တုတ္ေမ့ေနျပီလား
hello……ဟိတ္……"
" အာ့……"
ီွႏွာေခါင္းကို ရုတ္တရက္ အဆြဲခံလုိက္ရေတာ့မွ
ေကာင္းကင္ လက္ရွိကိုသတိထားမိရသည္။
"Sorry အရမ္းနာသြားလား
မင္းကေခၚမရလို႔ ဆြဲလိုက္မိတာ ေျခေထာက္ ရရဲ႕လား
ကိုယ္ထူေပးမယ္"
"ဟုတ္…ရပါတယ္ဗ်"
ထိုလူသား၏ထူေပးမႈေၾကာင့္ ေကာင္းကင္ မတ္တပ္ရပ္လို႔ရသြားသည္။
"လမ္းေလ်ွာက္လို႔ အဆင္မေျပရင္ ကိုယ္လိုက္ပို႔ေပးမယ္ေလ
ဘယ္မွာေနတာလဲ"
"ၤရပါတယ္ဗ် က်ေနာ္ လမ္းေလ်ွာက္နိုင္ပါတယ္
ေက်းဇူးတင္ပါတယ္ဗ်"
"အင္း ဒါဆို ေျဖးေျဖးသြားေနာ္"
"ဟုတ္"
ေကာင္းကင္ အနည္းငယ္နာေနသည့္ ေျခေထာက္ကို ေဖာ့နင္းကာ အိမ္ျပန္လမ္းကိုဆက္ခဲ့ေတာ့ ထိုလူသားဟာ အျပံဳးႏွင့္ၾကည့္ေနခဲ့ေသးသည္။
သူ႔ေၾကာင့္ျဖစ္သြားတာမို႔ စိုးရိမ္ေနသည့္ဟန္။
မွတ္မွတ္ရရ……ထိုေန႔က ေကာင္းကင္ ေမ်ွာ္ေငးတက္ေသာ
ကိတ္မုန္႔ဆိုင္ေရွ႕တြင္ လွပျခင္းမမည္ေသာ ဒိတ္တစ္ခု ထိုလူသားႏွင့္ ဖန္ဆင္းျဖစ္ခဲ့သည္။
ေကာင္းကင္တစ္ခု၏ ခ်စ္ျခင္း ထိုမွစေသာ္ ဘယ္စီအရပ္မွာ အဆံုးသတ္မည္နည္း။
……………………………………………………
"ကိုခန္႔"
"ဟင္ roundလွည့္ျပီးခဲ့ျပီလား ျမတ္ဘုန္း"
"ဟုတ္ ကိုခန္႔ USသြားရမယ္ဆို"
"အင္း…ပါရဂူဘြဲ႔သြားယူဖို႔ အဖြားကတိုက္တြန္းေနလို႔"
"ကိုခန္႔က အဖြားကိုေတာ့ အရမ္းစိတ္ခ်မ္းသာေအာင္ထားတယ္ေနာ္
အဖြားကလဲ ကိုခန္႔ဆို ေတာ္ေတာ္ခ်စ္တာ"
"ဒါေပါ့ကြာ ရွိတာမွ အဖြားနဲ႔ ငါတို႔ညီကိုႏွစ္ေယာက္ထဲေလ
ငါတို႔ငယ္ငယ္ေလးကတည္းက အဖြားလက္ထဲမွာပဲ ၾကီးျပင္းခဲ့ရတာ
အခုအခ်ိန္ထိပဲ အဲ့ဒါေၾကာင့္ ညီကိုႏွစ္ေယာက္လံုး
အဖြားစိတ္ခ်မ္းသာဖို႔ကို ဦးစားေပးျဖစ္တာ"
မရွိေတာ့သည့္ မိခင္ႏွင့္ ေနာက္အိမ္ေထာင္ျပဳသြားသည့္ ဖခင္။
အားငယ္မိသည့္ အခ်ိန္မွာ ေပၚလာေပးျပီး
ညီကိုႏွစ္ေယာက္လံုးကို ေက်ြးေမြးေစာင့္ေရွာက္ေပးသည့္ အဖြားက
က်ေနာ္တို႔အတြက္ အၾကီးမားဆံုးအားကိုးရာ။
ညီကိုႏွစ္ေယာက္လံုးကို ထက္ျမတ္ေအာင္ပ်ိဳးေထာင္ေပးခဲ့သည့္
အဖြားက မည္သည့္ေမ်ွာ္လင့္ခ်က္မွ မရွိေပမဲ့ ေျမးေတြကိုေတာ့
ဂုဏ္ပုဒ္ေတြ တစ္ခုျပီးတစ္ခု တပ္ေပးခ်င္သည္။
ထို႔ေၾကာင့္လဲ အထူးကုေဒါက္တာခန္႔တည္နိုင္အျဖစ္မွ
ပါရဂူဘြဲ႔ရအျဖစ္သို႔ ေျပာင္းလဲေစရန္ အဖြားကညႊန္ၾကားျပန္သည္။
ခန္႔တည္တို႔ ညီကိုႏွစ္ေယာက္လံုးအတြက္ အဖြားရဲ႕စိတ္ခ်မ္းသာမႈက အေရးၾကီးဆံုးမို႔ ျငင္းဆိုဖြယ္ရာမရွိ။
"ကိုခန္႔က USမွာ ဘယ္ေလာက္ၾကာမွာလဲ"
"6ႏွစ္ေလာက္ျဖစ္မယ္ထင္တယ္
ေသခ်ာေတာ့မသိရေသးဘူး"
"ဒါဆိုဘယ္ေတာ့သြားမွာလဲ"
"ေနာက္လထဲသြားမွာ
မင္းလိုက္ခ်င္လို႔လား"
"လိုက္ခ်င္ရင္ေတာင္ ကိုခန္႔လို အရည္အခ်င္းမျပည့္လို႔
မလိုက္နိုင္ေသးပါဘူးဗ်ာ"
"ၾကိဳးစားေပါ့ကြ မင္းကသင္ယူခ်င္စိတ္ရွိတဲ့သူပဲ
ဒါနဲ႔ေနပါအံုး ငါ့စီမလာစဖူး ဘာကိစၥလဲ"
"အာ ေမ့ေနတာ လာရင္းကိစၥတိုင္ပင္မလို႔ကို"
"ဘာလဲ အခက္အခဲျဖစ္လို႔လား"
"ဟုတ္တယ္ကိုခန္႔ က်ေနာ္ေတာ့မဟုတ္ပါဘူး
က်ေနာ့္အသိတစ္ေယာက္……သူကေယာက်ာ္းေလးကို ေမြးရာပါသားအိမ္ပါတာ ကိုခန္႔"
ျမတ္ဘုန္းေျပာလိုက္ေတာ့ ကိုခန္႔က ကိုင္ထာားတဲေဖာင္တိန္ကို
စာအုပ္ၾကားထဲညွပ္လိုက္ျပီး ေသခ်ာစိတ္ဝင္တစားနားေထာင္လာသည္။
"ေယာက်ာ္းေလးေမြးရာပါသားအိမ္ပါတယ္
အဲ့လိုေျပာခ်င္တာလား"
"ဟုတ္တယ္ကိုခန္႔ အခုသူက်ေနာ့္ကို အကူအညီတစ္ခုေတာင္းလာတယ္ဗ်"
"ဆိုပါအံုး စိတ္ဝင္စားစရာပဲ"
"သူကိုယ္တိုင္ကိုယ္ဝန္ေဆာင္ဖို႔အတြက္
တစ္စံုတစ္ေယာက္စီက မ်ိဳးဥလိုခ်င္တာေပါ့ဗ်ာ"
"ဟင္ သူကဘာကိစၥ အဲ့လိုလုပ္ခ်င္ရတာလဲ"
"အဲ့ဒါက သူ႔မိဘေတြေၾကာင့္ပါ အိမ္ေထာင္ျပဳခိုင္းေနလို႔ေလ
သူကလဲ သူ႔ကိုယ္သူသိေတာ့ အိမ္ေထာင္မျပဳခ်င္ဘူး
အဲ့ဒါေၾကာင့္ သူကိုယ္တိုင္ ကေလးယူခ်င္တာတဲ့"
"ေအာ္ ထူးဆန္းတဲ့ကိစၥေတာ့မဟုတ္ပါဘူး
ေဆးပညာေလာကမွာ ေယာက်ာ္းေလးေတြ ကေလးယူဖို႔
ၾကိဳးစားၾကတာပဲ သူက ေမြးရာပါဆိုေတာ့ အရမ္းအခက္အခဲရွိမွာမဟုတ္ဘူး အဲ့ဒါနဲ႔ငါ့ကိုအကူအညီေတာင္းခ်င္တာက ဘာလဲ"
"သူကဗ်ာ ဘာအရႈပ္အရွင္းမွျဖစ္မလာနိုင္တဲ့လူစီက
မ်ိဳးဆက္ကိုလိုခ်င္တာတဲ့ ဘယ္ေတာ့မွ အဆက္အသြယ္မရွိတာမ်ိဳး
ေပါ့ကိုခန္႔ရာ က်ေနာ္တျခားသူလဲ မျမင္မိဘဲ
ကိုခန္႔ကိုပဲသတိရလို႔"
"ဟမ္ မင္းငါ့ကိုေပးခိုင္းေနတာေတာ့ မဟုတ္ပါဘူးေနာ္"
"အဲ့အတိုင္းပဲ ကိုခန္႔
ကိုခန္႔ကပဲ ေအးေအးေဆးေဆးျဖစ္မဲ့လူေလ
မၾကာခင္USသြားမွာဆို ပိုေတာင္အဆင္ေျပေသးတယ္"
"ဟာ မျဖစ္ဘူး ျမတ္ဘုန္းရာ
ငါအဲ့လို လက္လြတ္စပယ္ေတာ့ ငါ့မ်ိဳးဆက္ကို မေပးနိုင္ဘူး
အဲ့ဒီလူက ဘယ္လိုမိသားစုက ေပါက္ဖြားျပီး
ဘယ္လိုၾကီးျပင္းလာမွန္းမွမသိတာ ငါ့ေသြးသားကို
ျဖစ္သလိုေတာ့ မၾကီးျပင္းေစနိုင္ဘူး"
"ကိုခန္႔ အဲ့လိုမဟုတ္ပါဘူး
သူကလူေကာင္းတစ္ေယာက္ပါ မ်ိဳးရိုးလဲေကာင္းပါတယ္
နိမ့္ပါးတဲ့သူလဲ မဟုတ္လို႔ စိတ္ခ်လို႔႔ပါတယ္
သူကိုယ္တိုင္လဲ ေကာင္းေကာင္းမြန္မြန္ေနတဲ့သူမို႔
အကယ္၍ကေလးရခဲ့ရင္ေတာင္ ေသခ်ာေစာင့္ေရွာက္မဲ့သူပါ"
"ဘယ္လိုပဲျဖစ္ျဖစ္ ငါေတာ့ အဲ့လိုမလုပ္ခ်င္ဘူးကြာ
ငါဘယ္သူနဲ႔မွလဲ မပတ္သက္ခ်င္ဘူး"
"ပတ္သက္စရာမလိုဘူးေလ ကိုခန္႔ကလဲ
ဒီတိုင္းကိုခန္႔က မ်ိဳးဆက္ေပးရင္ရပါျပီ
သူဘယ္သူဆိုတာလဲ ကိုခန္႔မသိသလို
ကိုခန္႔နာမည္လဲ က်ေနာ္လံုးဝမေျပာဘူး
အာမခံပါတယ္"
"ဟင္း သူကမင္းနဲ႔ရင္းနီးတဲ့သူမဟုတ္ဘူးလား"
"မရင္းနီးဘူး လံုးဝမရင္းနီးဘူး
အခုက ဘယ္ကဘယ္လို က်ေနာ့္ကိုသိျပီး
ေရာက္လာတယ္ေတာ့မသိဘူးကိုခန္႔ သူအႏူးညြတ္ေတာင္းဆိုလို႔
က်ေနာ္ အခုလို ကိုခန္႔စီအကူအညီေတာင္းတာ
ကူညီလိုက္ပါကိုခန္႔ရယ္ သူ႔အေနနဲ႔လဲ အိမ္ေထာင္ျပဳဖို႔ ခက္ခဲမွာပဲေလ"
ျမတ္ဘုန္းလိမ္ညာလိုက္ရသည္။
ေကာင္းကင္နဲ႔ရင္းနီးတယ္ေျပာရင္ ကိုခန္႔က ကူညီမွာမဟုတ္ဘူး။
ဇာတ္ရႈပ္ေတြၾကား ကိုခန္႔က ပါခ်င္သူမဟုတ္။
"မင္းကူညီလိုက္လဲရတာကို ျမတ္ဘုန္းရာ"
"က်ေနာ္နဲ႔က် မ်က္မွန္းတန္းမိသြားျပီေလ ကိုခန္႔ကလဲ
ကိုခန္႔သာဆို သူနဲ႔မသိၾကဘူးေလ ေနာက္လဲ ေတြ႔ၾကမွာမွမဟုတ္တာ"
ဒီကိစၥျပီးရင္ တကယ္လဲ မေတြ႔ၾကမွာပဲကို။
အခုလဲေတြ႔စရာအေၾကာင္းမွမရွိၾကတာ။
"ေနာ္ ကိုခန္႔ ကူညီလိုက္ပါ
စိတ္ခ်ဗ်ာ ကိုခန္႔မိန္းမယူတဲ့အခါက်လဲ ဘာအေႏွာက္အယွက္မွမရွိေစရဘူး က်ေနာ္တာဝန္ယူတယ္"
"ဘယ္သူကအဲ့ဒါကို စိုးရိမ္ေနမွာလဲ ျမတ္ဘုန္းရာ
အခုက ေယာက်ာ္းေလးတစ္ေယာက္မို႔ ငါကစဥ္းစားေနတာ"
"ေအာ္ ကိုခန္႔ရယ္ ေယာက်ာ္းေလးပဲ ဘာစဥ္းစားစရာလိုလဲ
မိန္းကေလးဆိုရင္သာ ေငြေတာင္းမွာစိုးရိမ္ရတာေလ
ဒီလူကစိတ္ခ်ရပါတယ္ လံုးဝ ကိုခန္႔စီ မဆက္သြယ္လာေစရဘူး"
"ဟုတ္ေတာ့လဲ ဟုတ္ပါတယ္
ငါ့နာမည္ေတာင္ သိလို႔မရဘူးေနာ္
မင္းေျပာလြန္းလို႔သာ ငါကေပးရမွာ"
"စိတ္ခ် လံုးဝကိုခန္႔နာမည္မသိေစရဘူး
ဒါဆို က်ေနာ္ဘယ္ေန႔ယူရမလဲ"
"မနက္ျဖန္လာယူလိုက္ က်န္တာ မင္းအပိုင္းေနာ္
ငါနဲ႔လံုးဝမဆိုင္ဘူး"
"ဟုတ္ လံုးဝ ကိုခန္႔ဘာမွတာဝန္ယူဖို႔မလိုဘူး
ကူညီတာနဲ႔တင္ေက်းဇူးတင္လွပါျပီ တဖက္လူလဲ အရမ္းေပ်ာ္သြားမွာ သူ႔အခက္အခဲကို ေက်ာ္လႊားနိုင္ျပီေလ"
"ကာယကံရွင္ေတာ့ မသိဘူး မင္းကေတာ့ ေတာ္ေတာ္အူျမဴးေနတာပဲ"
"ဟီး……ဒါဆိုက်ေနာ္သြားေတာ့မယ္
ကိုခန္႔ မနက္ျဖန္လာယူမယ္ေနာ္"
"အင္း"
ျမတ္ဘုန္းက လိုခ်င္တာရသြားတာမို႔
အျပံဳးႏွင့္ျပန္သြားသည္။
ခန္႔တည္ေသခ်ာေတြးၾကည့္ေနမိသည္။
ဘာမွေတာ့ ျပသနာမရွိနိုင္ဘူးမို႔လား။
ထိုသူကို ခန္႔တည္မသိသလို ခန္႔တည္ကိုလဲ ထိုသူမွမသိတာ။
လူတစ္ေယာက္အခက္အခဲကို ကူညီလိုက္တာပဲ ဘာျပသနာမွေတာ့ရွိမလာနိုင္ပါဘူးေလ။
ေမြးရာပါကိုယ္ဝန္ေဆာင္နိုင္သည့္ ထိုသူရဲ႕စိတိက ဘယ္လိုမ်ားရွိလို႔
အခုလို အကူအညီမ်ိဳးလိုအပ္ရပါလိမ့္။
……………………………………………………
"ေကာင္းကင္"
"ဘာလာလုပ္ျပန္တာလဲၾကယ္စင္"
"နင္ငါေျပာတာမလုပ္ဘူးလား"
"မလုပ္ဘူးလို႔ငါေျပာျပီးျပီေလ
သြား အခန္းထဲကထြက္ ငါအလုပ္ရွိေသးတယ္"
ညတိုင္း ၾကယ္စင္က ေကာင္းကင္စီေရာက္လာျပီး
ကေလးယူဖို႔တိုက္တြန္းသည္။
ေကာင္းကင္ဆံုးျဖတ္ထားေပမဲ့ အသိမေပးခ်င္။
ဘယ္သူမွမသိေအာင္ တစ္ေယာက္ထဲ လုပ္တာအေကာင္းဆံုးမဟုတ္လား။
ဒီကိစၥက လူသိလို႔ေကာင္းတာမွမဟုတ္ဘဲ။
"ေနေပါ့ အေကာင္းလဲေျပာရေသး
ေခါင္းမာေနတာက မေျပာလိုက္ခ်င္ဘူး
မိန္းမပဲယူလိုက္ ဟြင့္"
ေျခေစာင့္ကာ ထြက္သြားသည့္ၾကယ္စင္။
အၾကီးျဖစ္ေနျပီး စိတ္ေကာက္တက္တာလဲႏွစ္ေယာက္မရွိ။
ေကာင္းကင္အေၾကာင္းမဲ့ဗိုက္ကိုစမ္းၾကည့္မိသည္။
မၾကာခင္ေရာက္လာမည့္ ေသြးသားတစ္စက္။
ျမတ္ဘုန္းအားလံုးစီစဥ္ေပးထားလို႔အဆင္ေျပသည္။
ေသခ်ာစစ္ေဆးျပီးရင္ ေနာက္တစ္ပတ္အတြင္း ထိုမ်ိဳးဆက္အား
ေကာင္းကင္ကိုယ္ထဲထည့္ရန္သာ။
ကေလးရဖို႔ေသခ်ာသြားျပီဆိုမွ က်န္တာေတြေကာင္းကင္တစ္ေယာက္ထဲ ေရွ႕ဆက္ရမည္။
မျပီးေသးသည့္ အလုပ္ေတြကို ဆက္လုပ္ရင္း
ညည့္နက္မွအိပ္ယာဝင္ခဲ့သည္။
ိအိပ္ခါနီးဘုရားဝတ္ျပဳေတာ့ ေကာင္းကင္အား အကူအညီျဖစ္ေစသည့္ အမည္မသိထိုသူအား မွန္းကာကန္ေတာ့လိုက္သည္။
ထိုသူေၾကာင့္ ေကာင္းကင္ အျမန္ဆံုး အဆင္ေျပသြားရသည္မဟုတ္ပါလား။
…………………………………………
တကယ္တမ္း လူတစ္ေယာက္၏ေသြးသားကို ေကာင္းကင္သားအိမ္ထဲထည့္ရမည္ဆိုေတာ့ ေၾကာက္လာမိသည္။
မေတာ္လို႔မ်ား တစ္ခုခုျဖစ္သြားခဲ့ရင္ အားနာစရာေကာင္းသည္မဟုတ္လား။
ဘယ္လုိေၾကာင့္ လူခ်င္းမေတြ႕ၾကဘူးဆိုအံုးေတာ့
ေသြးသားဟူသည့္ အရာရွင္သန္ေနတာကိုပဲ ထိုသူလဲလိုခ်င္မည္မဟုတ္လား။
"ေကာင္းကင္ မင္းမလုပ္ခ်င္ရင္ မလုပ္နဲ႔ေတာ့"
"လုပ္မယ္……ငါလုပ္မွာမို႔ မင္းတို႔အားလံုးျပင္ျပီးရင္ေျပာ"
"မင္းမ်က္ႏွာမွာ ေသြးမရွိေတာ့သလိုပဲေကာင္းကင္"
"နည္းနည္းစိတ္လႈပ္ရွားလို႔ပါ"
ျမတ္ဘုန္းေခၚလာသည့္ စမ္းသပ္ခန္းမဆုိသာေသာ အခန္းမွာ လက္ေထာက္ဆရာဝန္ေလးတစ္ေယာက္သာ အျပင္လူရွိသည္။
ေဆးဝါးပစၥည္းမ်ိဳးစံုႏွင့္အတူ ပုလင္းတစ္လံုးကိုပါ စားပြဲတင္ထားသည္။
လက္ဖ်ားမ်ားပင္ေအးစက္ကာ ရင္ေတြလဲတဒိန္းဒိန္းခုန္ေနရသည္။
ေကာင္းကင္တကယ္ပဲ ရူးမိုက္စြာေရြးခ်ယ္ခဲ့မိသည္လား။
"ဒါဆို စလိုက္ရေအာင္"
"အင္း"
အျဖဴေရာင္လြင္ျပင္သို႔ ႏွစ္နာရီၾကာမ်ွ ေလ်ွာက္လွမ္းေနရျပီးေနာက္
အိပ္မက္သစ္ကိုဖန္ဆင္းရန္ ေကာင္းကင္နိုးလာခဲ့သည္။
"ေကာင္းကင္ ေသခ်ာဂရုစိုက္ရမယ္ေနာ္
ဘာအေလးအပင္မွသိပ္မ မ နဲ႔
ခုန္တာေတြဘာေတြလုပ္လို႔မရဘူး
အနည္းဆံုးတစ္လေလာက္ေနမွ ကိုယ္ဝန္ေဆာင္တဲ့လကၡဏာျပမွာ"
"အင္း……ငါဂရုစိုက္မွာပါ
ေက်းဇူးပဲျမတ္ဘုန္း ဘယ္သူ႔ကိုမွေတာ့ မဖြင့္ဟဖို႔ ေတာင္းဆိုပါရေစ"
"စိတ္ခ်ပါ……မင္းအခက္အခဲရွိရင္ေျပာ
ဗိုက္ထဲမွာ ထူးထူးျခားျခားခံစားရတာမ်ိဳးဆိုရင္
ခ်က္ခ်င္းဖုန္းဆက္ေနာ္"
"အင္း……ဒါဆိုငါျပန္ေတာ့မယ္"
"ခဏေလး ေသာက္ရမဲ့ေဆးေတြေပးလိုက္မယ္"
ျမတ္ဘုန္းက ေဆးေတြကို ေသာက္ရမည့္အခိ်န္ႏွင့္ေသခ်ာေရးေပးသည္။
ေဆးေတြယူျပီး ေဆးရံုထဲက ထြက္လာေတာ့ မလံုမလဲျဖစ္မိသည့္စိတ္ေၾကာင့္ ဟိုဒီၾကည့္ေနမိေသးသည္။
အဆိုးဆံုးက ေကာင္းကင္မိဘေတြမသိေအာင္ လုပ္မိတာမို႔
ပိုေၾကာက္မိသည္။
"ေကာင္းကင္"
"အေမ့……"
ေဆးရံုႏွင့္မလွမ္းမကမ္းတြင္ရပ္ကာ ကားငွားဖို႔ ေစာင့္ေနတုန္း
ပုခံုးလာပုတ္သည့္ ၾကယ္စင့္ေၾကာင့္ လန္႔ျဖတ္သြားရသည္။
စပ္စုစိန္ႏွင့္မွတည့္တည့္လာတိုးေနရသည္။
"မမ……မမ……"
"အမယ္ မမေတြေတာင္ေခၚလို႔
ဘာေတြစိတ္ခံစားခ်က္မေကာင္းေနျပန္တာလဲ"
"ဘာမွမေကာင္းတာမရွိပါဘူး အၾကီးမို႔ မမေခၚတာကို
ဘယ္ကေနလာတာလဲ"
"ေဆးရံုက ေဒါက္တာကို လာေခ်ာင္းတာ
နင္ကေရာ ဒီနားဘယ္လိုေရာက္ေနတာလဲ
ပိတ္ရက္ေတာင္ အိမ္မွာမေနဘူး"
"သူငယ္ခ်င္းစီလာတာ
ဟိုတေလာက ငါေျပာတဲ့ေဒါက္တာေလ ျမတ္ဘုန္းသန္႔"
"သိပါတယ္သူ႔ကို……အခုျပန္ေတာ့မွာလား"
"အင္း ေတြ႔ျပီးျပီမို႔ျပန္ေတာ့မွာ တခါထဲျပန္လိုက္မွာလား"
"ဟင့္အင္း ေဆးရံုထဲသြားအံုးမွာ……
ဟင္း ငါကေတာ့ နင္ဟိုကိစၥအတြက္လာတယ္ထင္ေနတာ"
"ၾကယ္စင္ နင္အဲ့ဒါကို မေျပာနဲ႔လို႔
သူမ်ားၾကားရင္ မေကာင္းဘူး
သြားမွာဆိုသြား ဟိုေဒါက္တာက ဘယ္မွန္းမသိဘူး"
"သြားျပီ သြားျပီ
ေမေမတို႔ေမးရင္ ရုပ္ရွင္ၾကည့္ေနတယ္လို႔ေျပာလိုက္"
ေဆးရံုဘက္ကို ထြက္သြားရင္း အလြယ္ေျပာသည့္ၾကယ္စင္။
မနက္အိမ္ကထြက္သြားတုန္းက သူငယ္ခ်င္းစီစာသြားလုပ္မယ္ေျပာျပီး အခုက် ရုပ္ရွင္ၾကည့္တယ္ေျပာခိုင္းေနေတာ့ ေမေမကဘယ္လိုယံုမွာတဲ့လဲ။
ေနရာတကာ တစ္လြဲလုပ္တက္သည္မို႔လဲ ဘာမွၾကယ္စင့္ကိုေပးမသိရဲတာျဖစ္သည္။
Taxiလာေနရပ္ျပီမို႔ တက္လိုက္ခဲ့ျပီး အိမ္လိပ္စာေျပာလိုက္သည္။
လူကနံုးခ်င္ေနတာမို႔ အိမ္အျမန္ေရာက္ကာ အနားယူခ်င္ေနသည္။
ပံုမွန္အတိုင္းလည္ပတ္ရမည့္ အခ်ိန္က တစ္လေလာက္သာ။
ထိုတစ္လမွာေတာ့ အိမ္မွာပဲ အခ်ိန္ကုန္ခ်င္သည္။
အလုပ္ကေတာ့ နားလို႔မျဖစ္ေသးတာမို႔ ခါတိုင္းလို႔ ဆက္လုပ္ယံုသာ။
တရားဝင္ ဝန္ထမ္းျဖစ္ခါမွ အလုပ္ထြက္ရမည္ကိုေတြးမိျပန္ေတာ့ႏွေျမာရသည္။
ကိုယ္တိုင္ေရြးခ်ယ္ျပီးျပီပဲ ခက္ခဲလာလဲေတာင့္ခံယံုပဲမဟုတ္ပါလား။
……………………………………………………
T.B.C
(AN/မအားတာနဲ႔ေနာက္က်သြားတာ
ေနာက္ရက္ေတာ့ အပ္ပုဒိတ္မွန္မွာပါ😘)
#HoneyChan
🌺နှောင်တွယ်ရစ်သောကြိုး🌺
ကောင်းကင်ပြောပြသည်ကို မြတ်ဘုန်းအံ့သြသွားသော်လည်း
ကောင်းကင်ကို အထင်သေးသည့် အမူအယာတော့မပြ။
အရင်နီးဆုံးသူငယ်ချင်းရှေ့မှာ ကိုယ့်ရဲ့ဖြစ်ရပ်အမှန်ကို ပြောပြရတော့ ကောင်းကင်နည်းနည်းတော့သိမ်ငယ်မိသည်။
"ကောင်းကင် မင်းအခုဘာလုပ်ချင်တာလဲ
အိမ်ထောင်မပြုချင်တဲ့အကြောင်းပြချက်နဲ့ ခုနကပြောသလို……"
"အင်း ငါအဲ့လိုလုပ်ဖြစ်မယ်ထင်တယ်"
"လွယ်တယ်ထင်လို့လား ကောင်းကင်
ယောကျာ်းလေးကိုယ်ဝန်ဆောင်ပြီး ကလေးယူတာ
သေလမ်းကိုရွေးတာနဲ့မခြားဘူးနော်
ဆေးပညာတွေတိုးတက်နေပေမဲ့ အရမ်းခက်ခဲတယ်"
"ဒါဆိုငါက အိမ်ကယူခိုင်းတဲ့မိန်းမပဲယူလိုက်ရမှာလား
ငါ့ကိုယ်ငါသိနေတာ ငါဘယ်လိုစိတ်နဲ့ မိန်းမယူရမလဲ"
"အဲ့လိုဆိုပေမဲ့လဲ ငါတော့ မလုပ်စေချင်ဘူး"
"သေသွားရလဲ အဆင်ပြေတာမို့ ငါ့ကိုသာကူညီပါမြတ်ဘုန်းရယ်
လူကောင်းတစ်ယောက်စီက မျိုးဆက်ပဲဖြစ်ဖြစ်ရရင် အားလုံးငါပဲဆက်လုပ်ပါမယ်"
"ကောင်းကင်ရာ မင်းကျမှ ဒါကိုလုပ်ချင်ရတာလဲ"
"ဘာအရှုပ်အရှင်းမှမဖြစ်နိုင်တဲ့လူဆို အကောင်းဆုံးပါပဲ
ငါလဲအဲ့ဒီလူဘယ်သူဆိုတာ မသိချင်ဘူး
ငါဘယ်သူဆိုတာလဲ မသိစေချင်ဘူး ဒီအတိုင်း တစ်ယောက်ကိုတစ်ယောက်မသိကြရင် ရပြီ"
မြတ်ဘုန်းက လက်မခံချင်သော်လည်း ကောင်းကင်ကတော့
ဖြစ်ချင်တာကိုဇွတ်ပြောသည်။
"ထက်ကောင်းကင်ရာ ငါမင်းအစား ရူးတော့မယ်"
"ငါပြောတာလေးပဲ မင်းရအောင်ရှာပေးရင် ရပါပြီဆို
မရူးပါနဲ့အုံးသူငယ်ချင်းရာ နော် ငါလဲခက်ခက်ခဲခဲဆုံးဖြတ်ထားရတာမို့ ကူညီပါကွာ"
"ဟင်း……အေးပါကွာ
ဒါဆိုလဲ ငါရှာပေးပါ့မယ်"
"ခုနကပြောသလိုပဲ ဘာမှ အရှုပ်အရှင်းမဖြစ်တဲ့လူစီကနော်
တော်ကြာ ပြသနာတွေတက်ရင် ဒုက္ခ"
"အေးပါ မင်းဒုက္ခရောက်အောင်တော့ ငါလုပ်ပါ့မလား"
"သူများယောကျာ်းစီလဲမယူလာနဲ့နော်"
"အေးပါဆို ထက်ကောင်းကင်ရယ်
ကိုယ်တိုင်ရင်လဲ ရှာပါတော့လား"
ထိုအခါကျလဲ ကောင်းကင်ပါးစပ်လေးပိတ်လိုက်ရသည်။
"မင်းကလဲ……"
"လဲ မနေနဲ့ နေ့လည်စာလေးကျွေးပြီး
ငါ့ကိုပေးလိုက်တဲ့တာဝန်က ဆရာဝန်မဖြစ်သေးဘူး လက်မှတ်ပြုတ်မဲ့တာဝန်"
"ကျေးဇူးမမေ့ပါဘူးသူငယ်ချင်းကလဲ
မြန်မြန်တော့ရှာပေး……ရှင်းရှင်းပြောရရင်
အဲ့ဒီလူက တစ်သက်လုံး ခရီးထွက်သွားတဲ့သူလဲဖြစ်တယ်
ဒီနေ့ရ မနက်ဖြန်သေလဲဖြစ်တယ်"
"ဟာကွာ မင်းလိုချင်တာရရင် သေခိုင်းမဲ့ဒီဇိုင်း
ဘယ်လိုကောင်လဲကွာ"
"ငါက မဖြစ်သင့်တာတွေ ဖြစ်လာမှာစိုးလို့ပါ"
ထိုအခါမှ မြတ်ဘုန်းက စကားဆက်မလာတော့။
ဘာဖြစ်ဖြစ် အကောင်းဆုံး စဉ်းစားခဲ့တာမို့ ကောင်းကင်လုပ်နိုင်မှာပါ။
မြတ်ဘုန်းကို လိုက်ပို့ပြီးနောက် ကောင်းကင်ပြန်လာခဲ့သည်။
အပြန်လမ်းတွင် အမြဲဝင်နေကျကိတ်မုန့်ဆိုင်ရှေ့ရောက်သော်လည်း
ဒီတစ်နေ့တော့ စိတ်မပါတာမို့ မဝင်ဖြစ်တော့။
"တီ……တီ……"
"အာ……အာ့……ကျွတ်……ကျွတ်"
ဘေးနားကရုတ်တရက်ဖြတ်မောင်းလိုက်သည့် ကားကြောင့်
ကောင်းကင်ရှောင်လိုက်ရင်း ခြေခေါက်လဲသွားရသည်။
မောင်းသွားသည့် ကားကလဲ ချက်ချင်းရပ်သွားပြီး
လူတစ်ယောက်ဆင်းလာခဲ့သည်။
"Sorry အဆင်ပြေရဲ့လား ညီလေး"
"အာ့…ဟုတ် ရပါတယ်ဗျ"
"ခြေကျင်းဝတ် လည်သွားတာပဲ
ခဏနော် ကိုယ်လုပ်ပေးမယ်"
ကောင်းကင်ခြေထောက်ကို ကိုင်လိုက်သည့်သူအား
အားနာလွန်းစွာကြည့်မိတော့ ကောင်းကင်မှင်သက်ရသည်။
ထိုလူ……။
ကောင်းကင်၏ အမည်မသိနတ်သား။
တိတ်တဆိတ်အားကျနေခဲ့ရသောသူသည်
ယခုကောင်းကင်ရဲ့မျက်မှောက်တွင်ရှိနေလေတော့
ငေးမောယုံမှတပါး အခြားအရာများကို မေ့လျော့နေခဲ့ရသည်။
"ဟိတ် ညီလေး……အဆင်ပြေရဲ့လား"
မျက်နှာရှေ့ကို လက်ယမ်းကာ ခပ်ပြုံးပြုံးခေါ်လာသည့် ထိုလူသား။
အနီးကပ်မြင်ဖူးမှ နတ်သားဆိုတာ တကယ်ရှိမှန်း ကောင်းကင်ယုံချင်လာသည်။
ခပ်ဖြေးဖြေးလှုပ်ခတ်နေသည့် ရင်ဘတ်က ထိုသူကြည့်ကောင်းလွန်းတာကြောင့်ဖြစ်မည်။
မညီမညာထွင်းထွက်နေသည့် သွားတက်လေးများပေါ်အောင်ပြုံးသည့် ထိုလူသားက ခန့်ညားလွန်းသည်။
နှုတ်ခမ်းပါး၏ကော့ညွတ်သွားမှုက ကောင်းကင်အဖို့
အသက်ရှူရန်မေ့စေ၏။
"ဟိတ်……ငုတ်တုတ်မေ့နေပြီလား
hello……ဟိတ်……"
" အာ့……"
ှီနှာခေါင်းကို ရုတ်တရက် အဆွဲခံလိုက်ရတော့မှ
ကောင်းကင် လက်ရှိကိုသတိထားမိရသည်။
"Sorry အရမ်းနာသွားလား
မင်းကခေါ်မရလို့ ဆွဲလိုက်မိတာ ခြေထောက် ရရဲ့လား
ကိုယ်ထူပေးမယ်"
"ဟုတ်…ရပါတယ်ဗျ"
ထိုလူသား၏ထူပေးမှုကြောင့် ကောင်းကင် မတ်တပ်ရပ်လို့ရသွားသည်။
"လမ်းလျှောက်လို့ အဆင်မပြေရင် ကိုယ်လိုက်ပို့ပေးမယ်လေ
ဘယ်မှာနေတာလဲ"
"ၤရပါတယ်ဗျ ကျနော် လမ်းလျှောက်နိုင်ပါတယ်
ကျေးဇူးတင်ပါတယ်ဗျ"
"အင်း ဒါဆို ဖြေးဖြေးသွားနော်"
"ဟုတ်"
ကောင်းကင် အနည်းငယ်နာနေသည့် ခြေထောက်ကို ဖော့နင်းကာ အိမ်ပြန်လမ်းကိုဆက်ခဲ့တော့ ထိုလူသားဟာ အပြုံးနှင့်ကြည့်နေခဲ့သေးသည်။
သူ့ကြောင့်ဖြစ်သွားတာမို့ စိုးရိမ်နေသည့်ဟန်။
မှတ်မှတ်ရရ……ထိုနေ့က ကောင်းကင် မျှော်ငေးတက်သော
ကိတ်မုန့်ဆိုင်ရှေ့တွင် လှပခြင်းမမည်သော ဒိတ်တစ်ခု ထိုလူသားနှင့် ဖန်ဆင်းဖြစ်ခဲ့သည်။
ကောင်းကင်တစ်ခု၏ ချစ်ခြင်း ထိုမှစသော် ဘယ်စီအရပ်မှာ အဆုံးသတ်မည်နည်း။
……………………………………………………
"ကိုခန့်"
"ဟင် roundလှည့်ပြီးခဲ့ပြီလား မြတ်ဘုန်း"
"ဟုတ် ကိုခန့် USသွားရမယ်ဆို"
"အင်း…ပါရဂူဘွဲ့သွားယူဖို့ အဖွားကတိုက်တွန်းနေလို့"
"ကိုခန့်က အဖွားကိုတော့ အရမ်းစိတ်ချမ်းသာအောင်ထားတယ်နော်
အဖွားကလဲ ကိုခန့်ဆို တော်တော်ချစ်တာ"
"ဒါပေါ့ကွာ ရှိတာမှ အဖွားနဲ့ ငါတို့ညီကိုနှစ်ယောက်ထဲလေ
ငါတို့ငယ်ငယ်လေးကတည်းက အဖွားလက်ထဲမှာပဲ ကြီးပြင်းခဲ့ရတာ
အခုအချိန်ထိပဲ အဲ့ဒါကြောင့် ညီကိုနှစ်ယောက်လုံး
အဖွားစိတ်ချမ်းသာဖို့ကို ဦးစားပေးဖြစ်တာ"
မရှိတော့သည့် မိခင်နှင့် နောက်အိမ်ထောင်ပြုသွားသည့် ဖခင်။
အားငယ်မိသည့် အချိန်မှာ ပေါ်လာပေးပြီး
ညီကိုနှစ်ယောက်လုံးကို ကျွေးမွေးစောင့်ရှောက်ပေးသည့် အဖွားက
ကျနော်တို့အတွက် အကြီးမားဆုံးအားကိုးရာ။
ညီကိုနှစ်ယောက်လုံးကို ထက်မြတ်အောင်ပျိုးထောင်ပေးခဲ့သည့်
အဖွားက မည်သည့်မျှော်လင့်ချက်မှ မရှိပေမဲ့ မြေးတွေကိုတော့
ဂုဏ်ပုဒ်တွေ တစ်ခုပြီးတစ်ခု တပ်ပေးချင်သည်။
ထို့ကြောင့်လဲ အထူးကုဒေါက်တာခန့်တည်နိုင်အဖြစ်မှ
ပါရဂူဘွဲ့ရအဖြစ်သို့ ပြောင်းလဲစေရန် အဖွားကညွှန်ကြားပြန်သည်။
ခန့်တည်တို့ ညီကိုနှစ်ယောက်လုံးအတွက် အဖွားရဲ့စိတ်ချမ်းသာမှုက အရေးကြီးဆုံးမို့ ငြင်းဆိုဖွယ်ရာမရှိ။
"ကိုခန့်က USမှာ ဘယ်လောက်ကြာမှာလဲ"
"6နှစ်လောက်ဖြစ်မယ်ထင်တယ်
သေချာတော့မသိရသေးဘူး"
"ဒါဆိုဘယ်တော့သွားမှာလဲ"
"နောက်လထဲသွားမှာ
မင်းလိုက်ချင်လို့လား"
"လိုက်ချင်ရင်တောင် ကိုခန့်လို အရည်အချင်းမပြည့်လို့
မလိုက်နိုင်သေးပါဘူးဗျာ"
"ကြိုးစားပေါ့ကွ မင်းကသင်ယူချင်စိတ်ရှိတဲ့သူပဲ
ဒါနဲ့နေပါအုံး ငါ့စီမလာစဖူး ဘာကိစ္စလဲ"
"အာ မေ့နေတာ လာရင်းကိစ္စတိုင်ပင်မလို့ကို"
"ဘာလဲ အခက်အခဲဖြစ်လို့လား"
"ဟုတ်တယ်ကိုခန့် ကျနော်တော့မဟုတ်ပါဘူး
ကျနော့်အသိတစ်ယောက်……သူကယောကျာ်းလေးကို မွေးရာပါသားအိမ်ပါတာ ကိုခန့်"
မြတ်ဘုန်းပြောလိုက်တော့ ကိုခန့်က ကိုင်ထာားတဲဖောင်တိန်ကို
စာအုပ်ကြားထဲညှပ်လိုက်ပြီး သေချာစိတ်ဝင်တစားနားထောင်လာသည်။
"ယောကျာ်းလေးမွေးရာပါသားအိမ်ပါတယ်
အဲ့လိုပြောချင်တာလား"
"ဟုတ်တယ်ကိုခန့် အခုသူကျနော့်ကို အကူအညီတစ်ခုတောင်းလာတယ်ဗျ"
"ဆိုပါအုံး စိတ်ဝင်စားစရာပဲ"
"သူကိုယ်တိုင်ကိုယ်ဝန်ဆောင်ဖို့အတွက်
တစ်စုံတစ်ယောက်စီက မျိုးဥလိုချင်တာပေါ့ဗျာ"
"ဟင် သူကဘာကိစ္စ အဲ့လိုလုပ်ချင်ရတာလဲ"
"အဲ့ဒါက သူ့မိဘတွေကြောင့်ပါ အိမ်ထောင်ပြုခိုင်းနေလို့လေ
သူကလဲ သူ့ကိုယ်သူသိတော့ အိမ်ထောင်မပြုချင်ဘူး
အဲ့ဒါကြောင့် သူကိုယ်တိုင် ကလေးယူချင်တာတဲ့"
"အော် ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး
ဆေးပညာလောကမှာ ယောကျာ်းလေးတွေ ကလေးယူဖို့
ကြိုးစားကြတာပဲ သူက မွေးရာပါဆိုတော့ အရမ်းအခက်အခဲရှိမှာမဟုတ်ဘူး အဲ့ဒါနဲ့ငါ့ကိုအကူအညီတောင်းချင်တာက ဘာလဲ"
"သူကဗျာ ဘာအရှုပ်အရှင်းမှဖြစ်မလာနိုင်တဲ့လူစီက
မျိုးဆက်ကိုလိုချင်တာတဲ့ ဘယ်တော့မှ အဆက်အသွယ်မရှိတာမျိုး
ပေါ့ကိုခန့်ရာ ကျနော်တခြားသူလဲ မမြင်မိဘဲ
ကိုခန့်ကိုပဲသတိရလို့"
"ဟမ် မင်းငါ့ကိုပေးခိုင်းနေတာတော့ မဟုတ်ပါဘူးနော်"
"အဲ့အတိုင်းပဲ ကိုခန့်
ကိုခန့်ကပဲ အေးအေးဆေးဆေးဖြစ်မဲ့လူလေ
မကြာခင်USသွားမှာဆို ပိုတောင်အဆင်ပြေသေးတယ်"
"ဟာ မဖြစ်ဘူး မြတ်ဘုန်းရာ
ငါအဲ့လို လက်လွတ်စပယ်တော့ ငါ့မျိုးဆက်ကို မပေးနိုင်ဘူး
အဲ့ဒီလူက ဘယ်လိုမိသားစုက ပေါက်ဖွားပြီး
ဘယ်လိုကြီးပြင်းလာမှန်းမှမသိတာ ငါ့သွေးသားကို
ဖြစ်သလိုတော့ မကြီးပြင်းစေနိုင်ဘူး"
"ကိုခန့် အဲ့လိုမဟုတ်ပါဘူး
သူကလူကောင်းတစ်ယောက်ပါ မျိုးရိုးလဲကောင်းပါတယ်
နိမ့်ပါးတဲ့သူလဲ မဟုတ်လို့ စိတ်ချလို့ပါတယ်
သူကိုယ်တိုင်လဲ ကောင်းကောင်းမွန်မွန်နေတဲ့သူမို့
အကယ်၍ကလေးရခဲ့ရင်တောင် သေချာစောင့်ရှောက်မဲ့သူပါ"
"ဘယ်လိုပဲဖြစ်ဖြစ် ငါတော့ အဲ့လိုမလုပ်ချင်ဘူးကွာ
ငါဘယ်သူနဲ့မှလဲ မပတ်သက်ချင်ဘူး"
"ပတ်သက်စရာမလိုဘူးလေ ကိုခန့်ကလဲ
ဒီတိုင်းကိုခန့်က မျိုးဆက်ပေးရင်ရပါပြီ
သူဘယ်သူဆိုတာလဲ ကိုခန့်မသိသလို
ကိုခန့်နာမည်လဲ ကျနော်လုံးဝမပြောဘူး
အာမခံပါတယ်"
"ဟင်း သူကမင်းနဲ့ရင်းနီးတဲ့သူမဟုတ်ဘူးလား"
"မရင်းနီးဘူး လုံးဝမရင်းနီးဘူး
အခုက ဘယ်ကဘယ်လို ကျနော့်ကိုသိပြီး
ရောက်လာတယ်တော့မသိဘူးကိုခန့် သူအနူးညွတ်တောင်းဆိုလို့
ကျနော် အခုလို ကိုခန့်စီအကူအညီတောင်းတာ
ကူညီလိုက်ပါကိုခန့်ရယ် သူ့အနေနဲ့လဲ အိမ်ထောင်ပြုဖို့ ခက်ခဲမှာပဲလေ"
မြတ်ဘုန်းလိမ်ညာလိုက်ရသည်။
ကောင်းကင်နဲ့ရင်းနီးတယ်ပြောရင် ကိုခန့်က ကူညီမှာမဟုတ်ဘူး။
ဇာတ်ရှုပ်တွေကြား ကိုခန့်က ပါချင်သူမဟုတ်။
"မင်းကူညီလိုက်လဲရတာကို မြတ်ဘုန်းရာ"
"ကျနော်နဲ့ကျ မျက်မှန်းတန်းမိသွားပြီလေ ကိုခန့်ကလဲ
ကိုခန့်သာဆို သူနဲ့မသိကြဘူးလေ နောက်လဲ တွေ့ကြမှာမှမဟုတ်တာ"
ဒီကိစ္စပြီးရင် တကယ်လဲ မတွေ့ကြမှာပဲကို။
အခုလဲတွေ့စရာအကြောင်းမှမရှိကြတာ။
"နော် ကိုခန့် ကူညီလိုက်ပါ
စိတ်ချဗျာ ကိုခန့်မိန်းမယူတဲ့အခါကျလဲ ဘာအနှောက်အယှက်မှမရှိစေရဘူး ကျနော်တာဝန်ယူတယ်"
"ဘယ်သူကအဲ့ဒါကို စိုးရိမ်နေမှာလဲ မြတ်ဘုန်းရာ
အခုက ယောကျာ်းလေးတစ်ယောက်မို့ ငါကစဉ်းစားနေတာ"
"အော် ကိုခန့်ရယ် ယောကျာ်းလေးပဲ ဘာစဉ်းစားစရာလိုလဲ
မိန်းကလေးဆိုရင်သာ ငွေတောင်းမှာစိုးရိမ်ရတာလေ
ဒီလူကစိတ်ချရပါတယ် လုံးဝ ကိုခန့်စီ မဆက်သွယ်လာစေရဘူး"
"ဟုတ်တော့လဲ ဟုတ်ပါတယ်
ငါ့နာမည်တောင် သိလို့မရဘူးနော်
မင်းပြောလွန်းလို့သာ ငါကပေးရမှာ"
"စိတ်ချ လုံးဝကိုခန့်နာမည်မသိစေရဘူး
ဒါဆို ကျနော်ဘယ်နေ့ယူရမလဲ"
"မနက်ဖြန်လာယူလိုက် ကျန်တာ မင်းအပိုင်းနော်
ငါနဲ့လုံးဝမဆိုင်ဘူး"
"ဟုတ် လုံးဝ ကိုခန့်ဘာမှတာဝန်ယူဖို့မလိုဘူး
ကူညီတာနဲ့တင်ကျေးဇူးတင်လှပါပြီ တဖက်လူလဲ အရမ်းပျော်သွားမှာ သူ့အခက်အခဲကို ကျော်လွှားနိုင်ပြီလေ"
"ကာယကံရှင်တော့ မသိဘူး မင်းကတော့ တော်တော်အူမြူးနေတာပဲ"
"ဟီး……ဒါဆိုကျနော်သွားတော့မယ်
ကိုခန့် မနက်ဖြန်လာယူမယ်နော်"
"အင်း"
မြတ်ဘုန်းက လိုချင်တာရသွားတာမို့
အပြုံးနှင့်ပြန်သွားသည်။
ခန့်တည်သေချာတွေးကြည့်နေမိသည်။
ဘာမှတော့ ပြသနာမရှိနိုင်ဘူးမို့လား။
ထိုသူကို ခန့်တည်မသိသလို ခန့်တည်ကိုလဲ ထိုသူမှမသိတာ။
လူတစ်ယောက်အခက်အခဲကို ကူညီလိုက်တာပဲ ဘာပြသနာမှတော့ရှိမလာနိုင်ပါဘူးလေ။
မွေးရာပါကိုယ်ဝန်ဆောင်နိုင်သည့် ထိုသူရဲ့စိတိက ဘယ်လိုများရှိလို့
အခုလို အကူအညီမျိုးလိုအပ်ရပါလိမ့်။
……………………………………………………
"ကောင်းကင်"
"ဘာလာလုပ်ပြန်တာလဲကြယ်စင်"
"နင်ငါပြောတာမလုပ်ဘူးလား"
"မလုပ်ဘူးလို့ငါပြောပြီးပြီလေ
သွား အခန်းထဲကထွက် ငါအလုပ်ရှိသေးတယ်"
ညတိုင်း ကြယ်စင်က ကောင်းကင်စီရောက်လာပြီး
ကလေးယူဖို့တိုက်တွန်းသည်။
ကောင်းကင်ဆုံးဖြတ်ထားပေမဲ့ အသိမပေးချင်။
ဘယ်သူမှမသိအောင် တစ်ယောက်ထဲ လုပ်တာအကောင်းဆုံးမဟုတ်လား။
ဒီကိစ္စက လူသိလို့ကောင်းတာမှမဟုတ်ဘဲ။
"နေပေါ့ အကောင်းလဲပြောရသေး
ခေါင်းမာနေတာက မပြောလိုက်ချင်ဘူး
မိန်းမပဲယူလိုက် ဟွင့်"
ခြေစောင့်ကာ ထွက်သွားသည့်ကြယ်စင်။
အကြီးဖြစ်နေပြီး စိတ်ကောက်တက်တာလဲနှစ်ယောက်မရှိ။
ကောင်းကင်အကြောင်းမဲ့ဗိုက်ကိုစမ်းကြည့်မိသည်။
မကြာခင်ရောက်လာမည့် သွေးသားတစ်စက်။
မြတ်ဘုန်းအားလုံးစီစဉ်ပေးထားလို့အဆင်ပြေသည်။
သေချာစစ်ဆေးပြီးရင် နောက်တစ်ပတ်အတွင်း ထိုမျိုးဆက်အား
ကောင်းကင်ကိုယ်ထဲထည့်ရန်သာ။
ကလေးရဖို့သေချာသွားပြီဆိုမှ ကျန်တာတွေကောင်းကင်တစ်ယောက်ထဲ ရှေ့ဆက်ရမည်။
မပြီးသေးသည့် အလုပ်တွေကို ဆက်လုပ်ရင်း
ညည့်နက်မှအိပ်ယာဝင်ခဲ့သည်။
ိအိပ်ခါနီးဘုရားဝတ်ပြုတော့ ကောင်းကင်အား အကူအညီဖြစ်စေသည့် အမည်မသိထိုသူအား မှန်းကာကန်တော့လိုက်သည်။
ထိုသူကြောင့် ကောင်းကင် အမြန်ဆုံး အဆင်ပြေသွားရသည်မဟုတ်ပါလား။
…………………………………………
တကယ်တမ်း လူတစ်ယောက်၏သွေးသားကို ကောင်းကင်သားအိမ်ထဲထည့်ရမည်ဆိုတော့ ကြောက်လာမိသည်။
မတော်လို့များ တစ်ခုခုဖြစ်သွားခဲ့ရင် အားနာစရာကောင်းသည်မဟုတ်လား။
ဘယ်လိုကြောင့် လူချင်းမတွေ့ကြဘူးဆိုအုံးတော့
သွေးသားဟူသည့် အရာရှင်သန်နေတာကိုပဲ ထိုသူလဲလိုချင်မည်မဟုတ်လား။
"ကောင်းကင် မင်းမလုပ်ချင်ရင် မလုပ်နဲ့တော့"
"လုပ်မယ်……ငါလုပ်မှာမို့ မင်းတို့အားလုံးပြင်ပြီးရင်ပြော"
"မင်းမျက်နှာမှာ သွေးမရှိတော့သလိုပဲကောင်းကင်"
"နည်းနည်းစိတ်လှုပ်ရှားလို့ပါ"
မြတ်ဘုန်းခေါ်လာသည့် စမ်းသပ်ခန်းမဆိုသာသော အခန်းမှာ လက်ထောက်ဆရာဝန်လေးတစ်ယောက်သာ အပြင်လူရှိသည်။
ဆေးဝါးပစ္စည်းမျိုးစုံနှင့်အတူ ပုလင်းတစ်လုံးကိုပါ စားပွဲတင်ထားသည်။
လက်ဖျားများပင်အေးစက်ကာ ရင်တွေလဲတဒိန်းဒိန်းခုန်နေရသည်။
ကောင်းကင်တကယ်ပဲ ရူးမိုက်စွာရွေးချယ်ခဲ့မိသည်လား။
"ဒါဆို စလိုက်ရအောင်"
"အင်း"
အဖြူရောင်လွင်ပြင်သို့ နှစ်နာရီကြာမျှ လျှောက်လှမ်းနေရပြီးနောက်
အိပ်မက်သစ်ကိုဖန်ဆင်းရန် ကောင်းကင်နိုးလာခဲ့သည်။
"ကောင်းကင် သေချာဂရုစိုက်ရမယ်နော်
ဘာအလေးအပင်မှသိပ်မ မ နဲ့
ခုန်တာတွေဘာတွေလုပ်လို့မရဘူး
အနည်းဆုံးတစ်လလောက်နေမှ ကိုယ်ဝန်ဆောင်တဲ့လက္ခဏာပြမှာ"
"အင်း……ငါဂရုစိုက်မှာပါ
ကျေးဇူးပဲမြတ်ဘုန်း ဘယ်သူ့ကိုမှတော့ မဖွင့်ဟဖို့ တောင်းဆိုပါရစေ"
"စိတ်ချပါ……မင်းအခက်အခဲရှိရင်ပြော
ဗိုက်ထဲမှာ ထူးထူးခြားခြားခံစားရတာမျိုးဆိုရင်
ချက်ချင်းဖုန်းဆက်နော်"
"အင်း……ဒါဆိုငါပြန်တော့မယ်"
"ခဏလေး သောက်ရမဲ့ဆေးတွေပေးလိုက်မယ်"
မြတ်ဘုန်းက ဆေးတွေကို သောက်ရမည့်အချိန်နှင့်သေချာရေးပေးသည်။
ဆေးတွေယူပြီး ဆေးရုံထဲက ထွက်လာတော့ မလုံမလဲဖြစ်မိသည့်စိတ်ကြောင့် ဟိုဒီကြည့်နေမိသေးသည်။
အဆိုးဆုံးက ကောင်းကင်မိဘတွေမသိအောင် လုပ်မိတာမို့
ပိုကြောက်မိသည်။
"ကောင်းကင်"
"အမေ့……"
ဆေးရုံနှင့်မလှမ်းမကမ်းတွင်ရပ်ကာ ကားငှားဖို့ စောင့်နေတုန်း
ပုခုံးလာပုတ်သည့် ကြယ်စင့်ကြောင့် လန့်ဖြတ်သွားရသည်။
စပ်စုစိန်နှင့်မှတည့်တည့်လာတိုးနေရသည်။
"မမ……မမ……"
"အမယ် မမတွေတောင်ခေါ်လို့
ဘာတွေစိတ်ခံစားချက်မကောင်းနေပြန်တာလဲ"
"ဘာမှမကောင်းတာမရှိပါဘူး အကြီးမို့ မမခေါ်တာကို
ဘယ်ကနေလာတာလဲ"
"ဆေးရုံက ဒေါက်တာကို လာချောင်းတာ
နင်ကရော ဒီနားဘယ်လိုရောက်နေတာလဲ
ပိတ်ရက်တောင် အိမ်မှာမနေဘူး"
"သူငယ်ချင်းစီလာတာ
ဟိုတလောက ငါပြောတဲ့ဒေါက်တာလေ မြတ်ဘုန်းသန့်"
"သိပါတယ်သူ့ကို……အခုပြန်တော့မှာလား"
"အင်း တွေ့ပြီးပြီမို့ပြန်တော့မှာ တခါထဲပြန်လိုက်မှာလား"
"ဟင့်အင်း ဆေးရုံထဲသွားအုံးမှာ……
ဟင်း ငါကတော့ နင်ဟိုကိစ္စအတွက်လာတယ်ထင်နေတာ"
"ကြယ်စင် နင်အဲ့ဒါကို မပြောနဲ့လို့
သူများကြားရင် မကောင်းဘူး
သွားမှာဆိုသွား ဟိုဒေါက်တာက ဘယ်မှန်းမသိဘူး"
"သွားပြီ သွားပြီ
မေမေတို့မေးရင် ရုပ်ရှင်ကြည့်နေတယ်လို့ပြောလိုက်"
ဆေးရုံဘက်ကို ထွက်သွားရင်း အလွယ်ပြောသည့်ကြယ်စင်။
မနက်အိမ်ကထွက်သွားတုန်းက သူငယ်ချင်းစီစာသွားလုပ်မယ်ပြောပြီး အခုကျ ရုပ်ရှင်ကြည့်တယ်ပြောခိုင်းနေတော့ မေမေကဘယ်လိုယုံမှာတဲ့လဲ။
နေရာတကာ တစ်လွဲလုပ်တက်သည်မို့လဲ ဘာမှကြယ်စင့်ကိုပေးမသိရဲတာဖြစ်သည်။
Taxiလာနေရပ်ပြီမို့ တက်လိုက်ခဲ့ပြီး အိမ်လိပ်စာပြောလိုက်သည်။
လူကနုံးချင်နေတာမို့ အိမ်အမြန်ရောက်ကာ အနားယူချင်နေသည်။
ပုံမှန်အတိုင်းလည်ပတ်ရမည့် အချိန်က တစ်လလောက်သာ။
ထိုတစ်လမှာတော့ အိမ်မှာပဲ အချိန်ကုန်ချင်သည်။
အလုပ်ကတော့ နားလို့မဖြစ်သေးတာမို့ ခါတိုင်းလို့ ဆက်လုပ်ယုံသာ။
တရားဝင် ဝန်ထမ်းဖြစ်ခါမှ အလုပ်ထွက်ရမည်ကိုတွေးမိပြန်တော့နှမြောရသည်။
ကိုယ်တိုင်ရွေးချယ်ပြီးပြီပဲ ခက်ခဲလာလဲတောင့်ခံယုံပဲမဟုတ်ပါလား။
……………………………………………………
T.B.C
(AN/မအားတာနဲ့နောက်ကျသွားတာ
နောက်ရက်တော့ အပ်ပုဒိတ်မှန်မှာပါ😘)
#HoneyChan