Letters

By mysunshineisbright

56.3K 6.1K 121

စာလေးတစ်စောင်မှာ ရေးပေးလိုက်တဲ့သူရဲ့ နှလုံးသားတစ်ခုလုံးကို ခံစားရစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်.. စာေလးတစ္... More

1
2
3
4
5
6
7
8
9
10
11
12
13
15
16
17
18
19
20
21
22
23
24
Finale
❤️📢💚

14

1.7K 221 4
By mysunshineisbright

(Unicode)

"ကျွန်တော်တို့ date ကြည့်တာပေါ့.. နောက်တော့အဆင်ပြေရင်တော့ တွဲတာပေါ့.."

ရိပေါ်စိတ်ပေါက်ပေါက်နဲ့ Zack နဲ့ date ဖို့ဆုံးဖြတ်လိုက်တယ်... Zack လိုလူကို ဒီလိုမလုပ်သင့်တာသိပေမဲ့ ရိပေါ်တစ်ကိုယ်ကောင်းဆန်မိပါတယ်... Zack ကလဲ အနောက်တိုင်းသွေးနှောတဲ့သူပဲလေ.. ဒီလိုဆက်ဆံရေးမျိုးက သူ့အတွက်မဆန်းပါဘူး...

ရိပေါ်တို့ date ကြည့်ကြမယ်ဆိုတဲ့နောက်ပိုင်းမှာ တစ်ခေါက်လောက်ပဲတွေ့ဖြစ်လိုက်ပြီး Zack က US ပြန်သွားရတာကြောင့် ဖုန်းနဲ့ပဲအဆက်အသွယ်လုပ်ဖြစ်ကြတယ်.. ရိပေါ်တို့ဆက်ဆံရေးက ခေါင်းစဉ်သာပြောင်းသွားပေမဲ့ အရင်လို သူငယ်ချင်းတွေလိုပဲပြောဆိုကြခြင်းနဲ့ Zack က ရိပေါ်ကို ဝန်ပေါ့စေပါတယ်..

ရိပေါ် training တွေလဲပြန်စပြီဆိုတော့ Zio ကိုရောက်ဖြစ်ပြန်တယ်.. ရှောင်းကျန့်ကိုလဲမတွေ့ပဲကမနေနိုင်ဘူးလေ... ရှောင်းကျန့်ကိုလွမ်းမိတိုင်း Zack ကိုအားနာရတာကလဲ ခံစားချက်တော့ကောင်းလှတယ်မဟုတ်ဘူး..

Zio ကိုရောက်ရင် ထိုင်နေကြစာပွဲလေးဆီပဲ ခြေထောက်ကအလိုလိုဦးတည်မိပါတယ်..

"ရိပေါ်.."

လွမ်းခဲ့ရတဲ့အသံလေး...
နောက်တော့ လွမ်းခဲ့ရတဲ့လူသားလေ..
နောက်တော့ လွမ်းခဲ့ရတဲ့ ထိုသူရဲ့အပြုံးလေ...

ရိပေါ် ထုံးဆံအတိုင်း သတိလက်လွတ်ငေးမိပြန်ပါတယ်...

"ကော.."
"Training သွားမလို့လား.."
"ဟုတ်ကော.. ထိုင်ပါဦးလား.."

အရဲစွန့်ပြီးမေးလိုက်တဲ့အခါ ရှောင်းကျန့်က ရိပေါ်ရှေ့ကခုံလေးကိုဆွဲထိုင်တော့ ရိပေါ်ပျော်လိုက်ရတာ.. ကောက သူထင်ထားသလို ပစ်ပစ်ခါခါမလုပ်ဘူးရယ်လေ..ရှေ့မှာထိုင်နေတဲ့ ရှောင်းကျန့်ဆီကနေ ရနေကျ ကိုယ်သင်းနံ့လေးနဲ့စီးကရက်နံ့ပြေပြေလေး...

~လွမ်းနေတာ အရမ်းကို~

မြင်နေတွေ့နေရတော့မှ အရင်ကဘယ်လောက်တောင်လွမ်းနေမိတယ်ဆိုတာ ပိုသိလိုက်ရပါတယ်...

"ကျန့်ကောနေကောင်းတယ်နော်.."
"အင်း ကောင်းပါတယ်.. ရိပေါ်အကုန်အဆင်ပြေတယ်မလား.."
"ပြေပါတယ်ကော.."

~လွမ်းတာကလွဲရင်ပေါ့.~

ရိပေါ် လွမ်းတဲ့အကြောင်းတွေကိုတော့ မပြောဖြစ်တော့ပါဘူး.. ရှောင်းကျန့်စိတ်ရှုပ်နေရခက်မှာစိုးတာရယ်၊ Zack ရဲ့မျက်နှာရယ်ကြောင့်ပေါ့.. ဘယ်လိုပဲလေးနက်တဲ့ ဆက်ဆံရေးကိုမရောက်သေးဘူးပဲဆိုဆို Zack ရဲ့ဖြစ်တည်မှုကိုတော့ ရိပေါ် respect ပေးရမည်လေ...

"ကော ခရီးတွေသွားသေးလား.."
"အင်း.. ဟိုတစ်လောကတော့သွားတယ်.. အခုတော့သွားဖို့မရှိသေးပါဘူး.."

ဘာဆက်ပြောရမှန်းမသိကြတော့ တိတ်သွားကြပြန်တယ်... နဲနဲနေရခက်တဲ့အခြေအနေဆိုပေမဲ့ ရိပေါ်ဒီအချိန်လေးကို ရပ်ထားချင်မိတယ်.. သူတန်ဖိုးထားရတဲ့လူသားလေးနဲ့အတူရှိတဲ့အချိန်မဟုတ်လား...

"ရိပေါ်.. ကိုယ် meeting ချိန်နီးပြီဆိုတော့ ဝင်တော့မယ်နော်.."
"ဟုတ်ကော.."
"See you ရိပေါ်.."
"See you ကော.."

~တစ်ကယ်ကို ပြန်တွေ့ချင်တယ်ကော~
.
.
.
.
.
ရိပေါ်နဲ့ Zackတို့ date တာ ဘာလိုလိုနဲ့  ၃ လထဲတောင်ဝင်လာပြီ.. Zack ကပြန်လာတော့မယ်တဲ့... ရိပေါ်ကအထွေအထူးမဖြစ်ပေမဲ့ Zack ကတော့တော်တော်လေးကို ပျော်နေရှာပါတယ်.. နှစ်ယောက်စ date ထဲက အခုမှရိပေါ်နဲ့ ကောင်းကောင်းအချိန်ကုန်ရမှာဆိုတော့ လုပ်ချင်တဲ့ wishlist ကလဲတန်းစီလို့...

ဒီတစ်ခေါက်ပြန်လာတဲ့အခါ ကိုယ့်အပေါ်ကောင်းလွန်းတဲ့ Zack အပေါ် ရိပေါ် စိတ်နှစ်ကြည့်ဖို့ စဉ်းစားထားပါတယ်....

_____________________

(Zawgyi)






"ရိပေါ်.."

လွမ်းခဲ့ရတဲ့အသံလေး...


"ကော.."
"ဟုတ်ကော.. ထိုင်ပါဦးလား.."


~လွမ်းနေတာ အရမ်းကို~


"ပြေပါတယ်ကော.."

~လွမ်းတာကလွဲရင်ပေါ့.~




"ဟုတ်ကော.."
"See you ရိပေါ်.."
"See you ကော.."

.
.
.
.
.


Continue Reading

You'll Also Like

460K 25.1K 18
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
1.7M 98.7K 88
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
26K 811 11
A lone person who like anime and was excited on his second day after Cosplaying for the first time to run from reality because he always think negati...
714K 73.5K 27
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...