Letters

By mysunshineisbright

56.3K 6.1K 121

စာလေးတစ်စောင်မှာ ရေးပေးလိုက်တဲ့သူရဲ့ နှလုံးသားတစ်ခုလုံးကို ခံစားရစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်.. စာေလးတစ္... More

1
2
3
4
5
6
7
8
9
10
11
13
14
15
16
17
18
19
20
21
22
23
24
Finale
❤️📢💚

12

1.8K 229 7
By mysunshineisbright

(Unicode)

"Hello"
"ကျန့်ကော ကျွန်တော်ရိပေါ်"
"ရိပေါ်ပြောလေ"
"သဘက်ခါ ကျန့်ကော Zio မှာရှိမှာလား.. ကျန်တော့်ကို အချိန်ခဏပေးလို့ရနိုင်လား"
"သဘက်ခါ?? ခဏလေး.. schedule ကြည့်လိုက်ဦးမယ်....
ရတယ်..နေ့လည် ၂နာရီလောက်ကနေ စအားပြီရိပေါ်.. ဘာလို့လဲ.."
"ကျွန်တော်ပြောစရာလေးရှိလို့ပါ.... Zio ကိုပဲလာခဲ့မယ်နော်ကော.."
"အင်းရတယ်လေ"
"See you ကော"
"See you ရိပေါ်"
.
.
.
.
ရိပေါ်စောင့်နေရတဲ့ 520 ကိုရောက်လို့လာပါပြီ...
အချိန်နီးတာနဲ့ အိမ်ကနေထွက်လာလိုက်တယ်... ဒီနေ့တော့ ကားပဲယူလာလိုက်တယ်... စိတ်လှုပ်ရှားလွန်းနေတော့ ဆိုင်ကယ်နဲ့ဆို အန္တရာယ်များတာမို့...

Zio ရောက်တော့ ကျန့်ကောကို message ပို့ပြီးတော့ gallery ရဲ့ portico အောက်မှာပဲ စောင့်နေလိုက်တယ်.. cafe မှာဆိုရင် တစ်ခြားသူတွေရှိနေတာမို့ gallery ဘေးက landscape area လေးမှာပဲ စကားပြောဖို့ စဉ်းစားထားတယ်...
ပြောမှာတွေကို စာစီပြီးအလွတ်ကျက်လာပေမဲ့ ကျန့်ကော ထွက်လာခါနီးလေ စိတ်လှုပ်ရှားပြီး ပြောမှာတွေမေ့လာလေ...

"ရိပေါ်... cafe မှာထိုင်မလား"
"ဟိုအပင်တွေအောက်သွားရအောင်ကော.. အေးအေးဆေးဆေး ရှိတာပေါ့"
"Ok"

သစ်ပင်ကြီးအောက်က picnic table လေးမှာ မျက်နှာချင်းဆိုင်ထိုင်လိုက်ကြတယ်...ရှောင်းကျန့်က အကဲခတ်သလိုကြည့်နေတော့ ရိပေါ် ပိုပိုပြီးစိတ်လှုပ်ရှားလာပါတယ်... လက်ဖဝါးနှစ်ခုကို မီးပွင့်မတတ်ပွတ်နေမိတယ်...

"ရိပေါ်"
"ကျွန်တော်ပြောစရာရှိလို့ ကော"
"အင်းပြောလေ"
"ကျွန်တော်အခုပြောမှာကို ကျန့်ကောတစ်မျိုးမထင်စေချင်ဘူး.. ပြီးတော့ ကျွန်တော့်စိတ်ရင်းနဲ့ပဲဆိုတာလဲ သိထားပေးပါ...
ကျွန်တော် ကောကို သဘောကျတယ်... ကောနဲ့တွေ့တာက သိပ်မကြာသေးပေမဲ့ ကျွန်တော်တစ်ကယ် လေးလေးနက်နက်ကို စိတ်ထဲရှိတာကြောင့်ပါ..."

ရှောင်းကျန့်ကိုအကဲခတ်လိုက်တော့ စိတ်လှုပ်ရှားနေတာကိုတွေ့ရပါတယ်... စက်စုပ်တဲ့အရိပ်အယောင်မျိုးမမြင်ရတာနဲ့တင် တော်လှပြီလို့ ရိပေါ်တွေးမိတယ်...

"ကော... ကျန့်ကော... ကျွန်တော့်ရဲ့စိတ်ကို ကောကိုသိစေချင်လို့ ပြောပြတဲ့သဘောပါပဲ.. ဒါတွေပြောလိုက်လို့ ကောစိတ်ရှုပ်မှာမျိုးတော့ မဖြစ်စေချင်ဘူး.."

ဘာမှမတုန့်ပြန်တဲ့ ရှောင်းကျန့်ကိုကြည့်ပြီး ရိပေါ်ရင်တွေပိုတုန်ရပါတယ်...

ရှောင်းကျန့်ချွေးတွေတောင်ပြန်တဲ့ထိ မတည်မငြိမ်ဖြစ်နေတယ်.. ရိပေါ်ပြောမှာတွေကို လုံးဝမမျှော်လင့်ထားတဲ့ပုံပါပဲ...

"ဘာလို့လဲ.."
"ကော.."

ရှောင်းကျန့် အမေးမဟုတ်တဲ့ အမေးကိုခပ်တိုးတိုးရေရွတ်လာတော့ ရိပေါ်ရှင်းပြဖို့ကြိုးစားတယ်...ဒါပေမဲ့..

"ကောလက်မခံနိုင်ဘူး..."
"ကော.."
"........"
"ကော ချက်ချင်းမဖြေပါနဲ့... ကျွန်တော်စောင့်နိုင်ပါတယ်.."
"မစောင့်ပါနဲ့ရိပေါ်... ကိုယ်စိတ်ပြောင်းမှာမဟုတ်ဘူး.."

ကျန့်ကော စိတ်ရှုပ်လွန်းလို့နဲ့တူပါရဲ့... လက်တွေတောင်တုန်နေပါတယ်... ကျန့်ကောစိတ်ပင်ပန်းတာတွေ့ရတော့လဲ ရိပေါ် အထွန့်မတက်ရဲတော့ဘူး...

~အခု ကျန့်ကောငြင်းလို့ရင်နာရတယ်.. ဒါပေမဲ့ ကျွန်တော်ကြောင့်စိတ်ညစ်သွားတဲ့ကျန့်ကောကိုမြင်ရတာက ရင်အခွဲခံရသလိုပဲ..~

"ကျန့်ကော ကျွန်တော့်ကြောင့်စိတ်ညစ်ရရင် တောင်းပန်ပါတယ်.. ကောကတော့ ပျော်မှဖြစ်မှာ.."

ရှောင်းကျန့်က ရိပေါ်ကိုခဏငေးနေပြီးတော့ ထွက်သွားတော့တယ်.. အရင်ကလို see you ရိပေါ်  လို့တောင်မနှုတ်ဆက်တော့ပဲနဲ့လေ.. နောက်မတွေ့ချင်တော့တဲ့ သဘောများလား... ရှောင်းကျန့်က သူစိတ်ပြောင်းမှာမဟုတ်တဲ့အကြောင်းပြောပြီးကတည်းက ရိပေါ်ထွက်ပြေးလာချင်ပေမဲ့ ရှောင်းကျန့်ထသွားမဲ့အချိန်အထိစောင့်နေမိပါတယ်..
ရိပေါ်က အရင်ထဲက ကော်ဖီအတူသောက်ကြရင် တတ်နိုင်သလောက် ရှောင်းကျန့်အရင်ထပြန်တဲ့အထိစောင့်တယ်.. ကျန်ခဲ့ရတဲ့ခံစားချက်က မကောင်းဘူးမဟုတ်လား.. သူ့ရဲ့ကျန့်ကောကို ဒီလိုတွေမခံစားစေချင်ဘူးလေ.. ကောက သူ့အပေါ် ဒီလိုနက်နက်နက်နဲနဲတွေ တွေးနေမှာမဟုတ်ဘူးဆိုတာသိပေမဲ့ပေါ့...

ရှောင်းကျန့်က အချိန်တောင်မဆိုင်းပဲ ချက်ချင်းအဖြေပေးရလောက်တဲ့ထိ ရိပေါ်အပေါ်ခံစားချက်တွေက သေချာနေတယ်ထင်ပါရဲ့.. ရိပေါ် ဘယ်လိုပဲစိတ်ကိုပြင်ဆင်ထားတယ်ဆိုဆို နဖူးတွေ့ဒူးတွေ့ကြုံရတဲ့အခါ ပြိုလဲရပြန်တာပါပဲ...

ရိပေါ်မြစ်ကမ်းနားမှာ ကားရပ်လိုက်ပြီး bonnet ပေါ်ထိုင်ကာ မသောက်စဖူး ဆေးလိပ်တွေထိုင်နေသောက်လိုက်တယ်.. ဆေးလိပ်ငွေ့တွေကို အဆုံးထိရှိူက်လိုက်ပြီး ပြန်ထုတ်လိုက်ရင် နာကျင်ရတာတွေသက်သာမယ်လို့ယူဆတာကိုး..
ရိပေါ်လက်ချောင်းတွေကြားက ဆေးလိပ်ကိုကြည့်ရင်း ရှောင်းကျန့်ရဲ့ ဆေးလိပ်ညှပ်ထားတဲ့လက်ကလေးကို မြင်ယောင်လာတယ်..

~တစ်ခါလောက်လေးပဲဖြစ်ဖြစ် ဆုပ်ကိုင်ဖူးချင်လိုက်တာ.. ကျွန်တော့်လက်ထဲမှာဆိုရင် ကောရဲ့လက်လေးကပျောက်နေမလားပဲ..~

ရိပေါ်အိမ်ပြန်ရောက်တော့ ဗီရိုထဲ အမြတ်တနိုးသိမ်းထားတဲ့ မာဖလာအပြာမှိုင်းမှိုင်းလေးကိုထုတ်လိုက်တယ်... ရင်ထဲမှာပိုက်ပြီး နမ်းရှိုက်လိုက်တော့ ရနေကြ စီးကရက်နံ့ပြေပြေလေးရယ် ရှောင်းကျန့်ရဲ့ ကိုယ်သင်းနံ့လေးရယ်.. ဒါလေးတွေပျောက်သွားမှာစိုးလို့ အိတ်လေးနဲ့ထုတ်ပြီးသိမ်းထားရတာ.. တစ်ခြားအဝတ်တွေနဲ့ရောလိုက်ရင် ဆပ်ပြာနံ့တွေနဲ့ရောသွားမှာမဟုတ်လား..
ဒီလောက်ထိ ရိပေါ်က ရှောင်းကျန့်ကိုရူးသွပ်ပါတယ်..

~အရမ်းလဲမနမ်းရဲဘူး.. တော်ကြာအနံ့လေးတွေပျယ်သွားရင် တခြားအလွမ်းဖြေစရာကလဲရှိတာမဟုတ်ဘူး...~

ရှောင်းကျန့်နဲ့ အရင်လို ကော်ဖီအတူသောက်ရင်း ထွေရာလေးပါးပြောရင်း ကုန်ဆုံးရတဲ့မနက်ခင်းတွေကို ရိပေါ်နှမျောမိတယ်... ဘယ်လိုပဲ ကိုယ့်စိတ်ကိုသူသိရင်ရပြီပြောပြော ကိုယ်ပေးချင်တာကို တစ်ဖက်လူကမယူတဲ့အခါ ချစ်နေရယုံနဲ့ကျေနပ်တယ်ဆိုတဲ့စကားဟာမှားမှန်းသိလိုက်ရပါတယ်..

ဝေးနေကြပါတယ်...ဟုတ်တိပတ်တိနီးခဲ့တာလဲမဟုတ်ပေမဲ့ပေါ့လေ.. ဒီလိုနဲ့ ရိပေါ်ဟာ ဒုတိယအကြိမ်သေပါတယ်...

_____________________

(Zawgyi)

"Hello"
"က်န္႔ေကာ ကၽြန္ေတာ္ရိေပၚ"
"ရိေပၚေျပာေလ"
"သဘက္ခါ က်န္႔ေကာ Zio မွာရွိမွာလား.. က်န္ေတာ့္ကို အခ်ိန္ခဏေပးလို႔ရနိုင္လား"
"သဘက္ခါ?? ခဏေလး.. schedule ၾကည့္လိုက္ဦးမယ္....
ရတယ္..ေန႔လည္ ၂နာရီေလာက္ကေန စအားၿပီရိေပၚ.. ဘာလို႔လဲ.."
"ကၽြန္ေတာ္ေျပာစရာေလးရွိလို႔ပါ.... Zio ကိုပဲလာခဲ့မယ္ေနာ္ေကာ.."
"အင္းရတယ္ေလ"
"See you ေကာ"
"See you ရိေပၚ"
.
.
.
.
ရိေပၚေစာင့္ေနရတဲ့ 520 ကိုေရာက္လို႔လာပါၿပီ...
အခ်ိန္နီးတာနဲ႔ အိမ္ကေနထြက္လာလိုက္တယ္... ဒီေန႔ေတာ့ ကားပဲယူလာလိုက္တယ္... စိတ္လႈပ္ရွားလြန္းေနေတာ့ ဆိုင္ကယ္နဲ႔ဆို အႏၲရာယ္မ်ားတာမို႔...

Zio ေရာက္ေတာ့ က်န္႔ေကာကို message ပို႔ၿပီးေတာ့ gallery ရဲ့ portico ေအာက္မွာပဲ ေစာင့္ေနလိုက္တယ္.. cafe မွာဆိုရင္ တစ္ျခားသူေတြရွိေနတာမို႔ gallery ေဘးက landscape area ေလးမွာပဲ စကားေျပာဖို႔ စဥ္းစားထားတယ္...
ေျပာမွာေတြကို စာစီၿပီးအလြတ္က်က္လာေပမဲ့ က်န္႔ေကာ ထြက္လာခါနီးေလ စိတ္လႈပ္ရွားၿပီး ေျပာမွာေတြေမ့လာေလ...

"ရိေပၚ... cafe မွာထိုင္မလား"
"ဟိုအပင္ေတြေအာက္သြားရေအာင္ေကာ.. ေအးေအးေဆးေဆး ရွိတာေပါ့"
"Ok"

သစ္ပင္ႀကီးေအာက္က picnic table ေလးမွာ မ်က္ႏွာခ်င္းဆိုင္ထိုင္လိုက္ၾကတယ္...ေရွာင္းက်န္႔က အကဲခတ္သလိုၾကည့္ေနေတာ့ ရိေပၚ ပိုပိုၿပီးစိတ္လႈပ္ရွားလာပါတယ္... လက္ဖဝါးႏွစ္ခုကို မီးပြင့္မတတ္ပြတ္ေနမိတယ္...

"ရိေပၚ"
"ကၽြန္ေတာ္ေျပာစရာရွိလို႔ ေကာ"
"အင္းေျပာေလ"
"ကၽြန္ေတာ္အခုေျပာမွာကို က်န္႔ေကာတစ္မ်ိဳးမထင္ေစခ်င္ဘူး.. ၿပီးေတာ့ ကၽြန္ေတာ့္စိတ္ရင္းနဲ႔ပဲဆိုတာလဲ သိထားေပးပါ...
ကၽြန္ေတာ္ ေကာကို သေဘာက်တယ္... ေကာနဲ႔ေတြ႕တာက သိပ္မၾကာေသးေပမဲ့ ကၽြန္ေတာ္တစ္ကယ္ ေလးေလးနက္နက္ကို စိတ္ထဲရွိတာေၾကာင့္ပါ..."

ေရွာင္းက်န္႔ကိုအကဲခတ္လိုက္ေတာ့ စိတ္လႈပ္ရွားေနတာကိုေတြ႕ရပါတယ္... စက္စုပ္တဲ့အရိပ္အေယာင္မ်ိဳးမျမင္ရတာနဲ႔တင္ ေတာ္လွၿပီလို႔ ရိေပၚေတြးမိတယ္...

"ေကာ... က်န္႔ေကာ... ကၽြန္ေတာ့္ရဲ့စိတ္ကို ေကာကိုသိေစခ်င္လို႔ ေျပာျပတဲ့သေဘာပါပဲ.. ဒါေတြေျပာလိုက္လို႔ ေကာစိတ္ရႈပ္မွာမ်ိဳးေတာ့ မျဖစ္ေစခ်င္ဘူး.."

ဘာမွမတုန္႔ျပန္တဲ့ ေရွာင္းက်န္႔ကိုၾကည့္ၿပီး ရိေပၚရင္ေတြပိုတုန္ရပါတယ္...

ေရွာင္းက်န္႔ေခၽြးေတြေတာင္ျပန္တဲ့ထိ မတည္မၿငိမ္ျဖစ္ေနတယ္.. ရိေပၚေျပာမွာေတြကို လုံးဝမေမၽွာ္လင့္ထားတဲ့ပုံပါပဲ...

"ဘာလို႔လဲ.."
"ေကာ.."

ေရွာင္းက်န္႔ အေမးမဟုတ္တဲ့ အေမးကိုခပ္တိုးတိုးေရရြတ္လာေတာ့ ရိေပၚရွင္းျပဖို႔ႀကိဳးစားတယ္...ဒါေပမဲ့..

"ေကာလက္မခံနိုင္ဘူး..."
"ေကာ.."
"........"
"ေကာ ခ်က္ခ်င္းမေျဖပါနဲ႔... ကၽြန္ေတာ္ေစာင့္နိုင္ပါတယ္.."
"မေစာင့္ပါနဲ႔ရိေပၚ... ကိုယ္စိတ္ေျပာင္းမွာမဟုတ္ဘူး.."

က်န္႔ေကာ စိတ္ရႈပ္လြန္းလို႔နဲ႔တူပါရဲ့... လက္ေတြေတာင္တုန္ေနပါတယ္... က်န္႔ေကာစိတ္ပင္ပန္းတာေတြ႕ရေတာ့လဲ ရိေပၚ အထြန္႔မတက္ရဲေတာ့ဘူး...

~အခု က်န္႔ေကာျငင္းလို႔ရင္နာရတယ္.. ဒါေပမဲ့ ကၽြန္ေတာ္ေၾကာင့္စိတ္ညစ္သြားတဲ့က်န္႔ေကာကိုျမင္ရတာက ရင္အခြဲခံရသလိုပဲ..~

"က်န္႔ေကာ ကၽြန္ေတာ့္ေၾကာင့္စိတ္ညစ္ရရင္ ေတာင္းပန္ပါတယ္.. ေကာကေတာ့ ေပ်ာ္မွျဖစ္မွာ.."

ေရွာင္းက်န္႔က ရိေပၚကိုခဏေငးေနၿပီးေတာ့ ထြက္သြားေတာ့တယ္.. အရင္ကလို see you ရိေပၚ  လို႔ေတာင္မႏႈတ္ဆက္ေတာ့ပဲနဲ႔ေလ.. ေနာက္မေတြ႕ခ်င္ေတာ့တဲ့ သေဘာမ်ားလား... ေရွာင္းက်န္႔က သူစိတ္ေျပာင္းမွာမဟုတ္တဲ့အေၾကာင္းေျပာၿပီးကတည္းက ရိေပၚထြက္ေျပးလာခ်င္ေပမဲ့ ေရွာင္းက်န္႔ထသြားမဲ့အခ်ိန္အထိေစာင့္ေနမိပါတယ္..
ရိေပၚက အရင္ထဲက ေကာ္ဖီအတူေသာက္ၾကရင္ တတ္နိုင္သေလာက္ ေရွာင္းက်န္႔အရင္ထျပန္တဲ့အထိေစာင့္တယ္.. က်န္ခဲ့ရတဲ့ခံစားခ်က္က မေကာင္းဘူးမဟုတ္လား.. သူ႔ရဲ့က်န္႔ေကာကို ဒီလိုေတြမခံစားေစခ်င္ဘူးေလ.. ေကာက သူ႔အေပၚ ဒီလိုနက္နက္နက္နဲနဲေတြ ေတြးေနမွာမဟုတ္ဘူးဆိုတာသိေပမဲ့ေပါ့...

ေရွာင္းက်န္႔က အခ်ိန္ေတာင္မဆိုင္းပဲ ခ်က္ခ်င္းအေျဖေပးရေလာက္တဲ့ထိ ရိေပၚအေပၚခံစားခ်က္ေတြက ေသခ်ာေနတယ္ထင္ပါရဲ့.. ရိေပၚ ဘယ္လိုပဲစိတ္ကိုျပင္ဆင္ထားတယ္ဆိုဆို နဖူးေတြ႕ဒူးေတြ႕ၾကဳံရတဲ့အခါ ၿပိဳလဲရျပန္တာပါပဲ...

ရိေပၚျမစ္ကမ္းနားမွာ ကားရပ္လိုက္ၿပီး bonnet ေပၚထိုင္ကာ မေသာက္စဖူး ေဆးလိပ္ေတြထိုင္ေနေသာက္လိုက္တယ္.. ေဆးလိပ္ေငြ႕ေတြကို အဆုံးထိရွိူက္လိုက္ၿပီး ျပန္ထုတ္လိုက္ရင္ နာက်င္ရတာေတြသက္သာမယ္လို႔ယူဆတာကိုး..
ရိေပၚလက္ေခ်ာင္းေတြၾကားက ေဆးလိပ္ကိုၾကည့္ရင္း ေရွာင္းက်န္႔ရဲ့ ေဆးလိပ္ညႇပ္ထားတဲ့လက္ကေလးကို ျမင္ေယာင္လာတယ္..

~တစ္ခါေလာက္ေလးပဲျဖစ္ျဖစ္ ဆုပ္ကိုင္ဖူးခ်င္လိုက္တာ.. ကၽြန္ေတာ့္လက္ထဲမွာဆိုရင္ ေကာရဲ့လက္ေလးကေပ်ာက္ေနမလားပဲ..~

ရိေပၚအိမ္ျပန္ေရာက္ေတာ့ ဗီရိုထဲ အျမတ္တနိုးသိမ္းထားတဲ့ မာဖလာအျပာမွိုင္းမွိုင္းေလးကိုထုတ္လိုက္တယ္... ရင္ထဲမွာပိုက္ၿပီး နမ္းရွိုက္လိုက္ေတာ့ ရေနၾက စီးကရက္နံ့ေျပေျပေလးရယ္ ေရွာင္းက်န္႔ရဲ့ ကိုယ္သင္းနံ့ေလးရယ္.. ဒါေလးေတြေပ်ာက္သြားမွာစိုးလို႔ အိတ္ေလးနဲ႔ထုတ္ၿပီးသိမ္းထားရတာ.. တစ္ျခားအဝတ္ေတြနဲ႔ေရာလိုက္ရင္ ဆပ္ျပာနံ့ေတြနဲ႔ေရာသြားမွာမဟုတ္လား..
ဒီေလာက္ထိ ရိေပၚက ေရွာင္းက်န္႔ကို႐ူးသြပ္ပါတယ္..

~အရမ္းလဲမနမ္းရဲဘူး.. ေတာ္ၾကာအနံ့ေလးေတြပ်ယ္သြားရင္ တျခားအလြမ္းေျဖစရာကလဲရွိတာမဟုတ္ဘူး...~

ေရွာင္းက်န္႔နဲ႔ အရင္လို ေကာ္ဖီအတူေသာက္ရင္း ေထြရာေလးပါးေျပာရင္း ကုန္ဆုံးရတဲ့မနက္ခင္းေတြကို ရိေပၚႏွေမ်ာမိတယ္... ဘယ္လိုပဲ ကိုယ့္စိတ္ကိုသူသိရင္ရၿပီေျပာေျပာ ကိုယ္ေပးခ်င္တာကို တစ္ဖက္လူကမယူတဲ့အခါ ခ်စ္ေနရယုံနဲ႔ေက်နပ္တယ္ဆိုတဲ့စကားဟာမွားမွန္းသိလိုက္ရပါတယ္..

ေဝးေနၾကပါတယ္...ဟုတ္တိပတ္တိနီးခဲ့တာလဲမဟုတ္ေပမဲ့ေပါ့ေလ.. ဒီလိုနဲ႔ ရိေပၚဟာ ဒုတိယအႀကိမ္ေသပါတယ္...

to be continued...

Continue Reading

You'll Also Like

17.9K 822 6
(Unicode) ဒါလေးတော့ ကျန့်ကောမွေးနေ့အဖြစ်ဖန်တီးဖြစ်တာလေးပါ အစကတော့ တစ်ပိုင်းနဲ့အပြီးရေးဖို့စဉ်းစားထားပေမယ့် အရမ်းရှည်နေတာကြောင့်မလို အပိုင်းခွဲရေးလိုက...
6.4K 501 14
#not translation #own creation #You can enjoy both uni & zawgyi versions ဖက္လက္စစာအုပ္ထဲကိုကူး‌ေျပာင္းသြားခဲ့တဲ့ေရွာင္းက်န႔္တေယာက္ သူဘယ္လိုရွင္သန္ရန...
1.8M 116K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
453K 24.9K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...