Unconditional Love
By Euphoria_Min
328K 36.5K 5.5K
တစ်နေ့က ခေါင်မိုးထပ်အိမ်ခန်းငယ်ဆီကို ချစ်ခြင်းမေတ္တာတွေ မနိုင်မနင်းသယ်ပိုးထားတဲ့ လူလိမ်လေးတစ်ယောက် ရောက်လာခဲ့... More
🍒 1 🍒
🍒 2 🍒
🍒 3 🍒
🍒 4 🍒
🍒 5 🍒
🍒 6 🍒
🍒 7 🍒
🍒 8 🍒
🍒 9 🍒
🍒 10 🍒
🍒 11 🍒
🍒 12 🍒
🍒 13 🍒
🍒 14 🍒
🍒 15 🍒
🍒 16 🍒
🍒 17 🍒
🍒 18 🍒
🍒 19 🍒
🍒 20 🍒
🍒 21 🍒
🍒 22 🍒
🍒 24 - UNICODE 🍒
🍒 24 -ZAWGYI 🍒
🍒 25 🍒
🍒 26 🍒
🍒 27 🍒
🍒 28 🍒
🍒 29 🍒
🍒Finale (Unicode)🍒
🍒Finale (Zawgyi)🍒
🍀
Extra-1
Extra-2
🍔Fanart🍔
🍒 23 🍒
8.2K 1.1K 125
By Euphoria_Min
-Unicode-
TaeHyungတွေးထားသည့်အတိုင်းပင်Jiminတစ်
ယောက် နောက်ပိုင်းရက်တွေမှာ ဗီဒီယိုရိုက်ဖို့
အတွက် အတင်းအကြပ်တိုက်တွန်းရတာမျိုးမရှိ
တော့ဘဲ သူကိုယ်တိုင်က စိတ်ပါဝင်စားစွာ ရိုက်
ထားတတ်လာသည်။ လူသိနည်းနေသေးတဲ့
Channelလေး ဖြစ်သော်လည်းပျော်ရွှင်ခြင်းလမ်း
စတစ်ခုကို ရှာတွေ့လာသလို နိစ္စဓူဝ ဘယ်လို
အသစ်အဆန်း နည်းလမ်းတွေနှင့် တင်ဆက်ရမလဲဆိုတာကို ကြံဆရင်းနှင့် အချိန်အတော်များ
များကို မီးဖိုခန်းထဲမှာ ကုန်ဆုံးတတ်ခဲ့သည်။
ပြီးလျှင် သောကြာနေ့နဲ့စနေနေ့ရဲ့ ညနေခင်း
အချိန်များကို တိတ်တဆိတ်လွမ်းမောတတ်လာ
သည်။ အပတ်စဉ်တိုင်းရဲ့ ထိုနေ့ရက်များတွင်
လုပ်စရာရှိသည်တို့ကို စောစောစီးစီးပြီးပြတ်
အောင် လုပ်ထားကာ TVရှေ့မှာငြိမ်ငြိမ်လေးထိုင်
စောင့်နေတတ်သော Jiminလေးကို တွေ့ရမည်
လိမ့်မည်ဖြစ်သည်။
ဒီနေ့လဲ TVရှေ့မှာ အကျအနနေရာယူကာ ထိုင်
နေစဉ်တွင် ဘဲလ်သံလေးမြည်လာသည်မို့ ခြံထဲ
သို့ ဆင်းကာကြည့်လိုက်တော့ ပန်းစည်းလေး
ကိုင်ထားသည့် ကောင်လေးတစ်ယောက်က ခြံ
တံခါးရှေ့မှာ ရပ်နေလေသည်မို့ခြံရှေ့သို့လျှောက်
သွားကာ-
"ဘယ်သူလဲမသိဘူး"
"အော်...ဒီအိမ်လိပ်စာနဲ့ ပန်းစည်းပို့ခိုင်းထားလို့
ပါ"
"ဒီအိမ်ကို?"
"ဟုတ်"
"ကျေးဇူးနော်"
သူ့ဆီ အထူးတလည် ပန်းစည်းပို့ပေးနိုင်လောက်
တဲ့ သူမရှိတာမို့ဇဝေဇဝါဖြစ်နေပေမဲ့လဲ ကောင်
လေးကို အားနာတာနဲ့ပဲ ပန်းစည်းလေးကိုယူကာ မက်မွန်ရောင် နှင်းဆီပန်းပွင့်များကြားကစာအိတ်ကလေးကိုဖွင့်ကြည့်လိုက်သည်။
အထဲက ခရမ်းရောင်ဖျော့ဖျော့ ကတ်ထူစာရွက်
လေးပေါ်တွင် ရေးထားသည်က
[ Subscriber 100K ပြည့်သွားတဲ့အတွက် ဂုဏ်
ပြုပါတယ်။ Mochi's kitchenက တင်ပေးတဲ့ videoတိုင်းကိုလည်း အားပေးနေပါတယ်။ ပျော်
ရွှင်ပါစေ။
ဟမ်ဘာဂါ အိချိ ]
ရနံ့သင်းသင်းကတ်ထူစက္ကူလေးပေါ်ကလက်ရေး
လေးတွေကို တလှည့် ၊ အပွင့် ၅၀လောက်ပါလာ
တဲ့ နှင်းဆီပွင့်လှလှလေးများကို တလှည့်ကြည့်
ရင်း သဘောကျစွာ အားရပါးရပြုံးလိုက်သည်။
Jimin ခဏခဏ ထုတ်ပြောတတ်တာကြောင့်မို့
သူ့channelလေးကို ချစ်ကြတဲ့ ပရိတ်သတ်တွေ
က သူတို့ကိုယ်သူတို့ Jiminရဲ့ ဟမ်ဘာဂါလေး
တွေ ဟူ၍ အမည်ပေးထားကြလေသည်။ပြီးလျှင်
Tae ရဲ့ဆိုင်သို့လဲ Jiminအတွက် လက်ဆောင်
လေးတွေ ပို့ပေးတတ်ကြပြီး ဟိုမုန့်လေးလုပ်ပြ
ပါ...ဒီဟင်းလေးချက်ပြပါဦး ဟူ၍လဲ သူ့ဆီမှာ
တောင်းဆိုတတ်ကြသေးသည်။ဒါကြောင့်ပဲ
သူ့channelလေးကို တစ်နေ့ထက်တစ်နေ့ပိုပြီး
သံယောဇဉ်တွယ်လာမိတာဖြစ်သည်။
အခု သူ့လက်ထဲမှာရှိနေသည့် ပန်းစည်းကလွဲ
ရင် ရောက်လာခဲ့ဖူးသမျှသော လက်ဆောင်လေး
တွေက Taeရဲ့ ဆိုင်သို့သာ လိပ်မူပြီးရောက်လာ
တတ်သည်။ ပြီးလျှင် တစ်နေ့တစ်နေ့သူ့ရဲ့Chan-
nelကို subscribeလုပ်တဲ့သူဘယ်နှစ်ယောက်တိုး
လာသလဲ ဆိုတာကို ရေတွက်နေတတ်သူကလဲ
Tae တစ်ယောက်ပဲရှိတာမို့ အများကြီးထပ်မစဉ်း
စားဘဲ TaeHyungဆီသို့ ဖုန်းခေါ်လိုက်သည်။
"ဟယ်လို"
"ဟေ့ကောင်"
"ဘာတုန်း... မင်းရဲ့ ရွှေကိုကိုတို့ မလာသေးဘူး
လား"
"လာတော့မှာ... ဟားဟား ...ဒီလိုတွေမလုပ်လဲ
ငါနောက်ထပ်Videoတစ်ခု ရိုက်ထားပြီးပါပြီကွ"
"ငါဘာလုပ်လို့တုန်း! ရိုက်ပြီးရင် ညကျပို့လိုက်
ငါ့ဆီကို"
"ဟီး ...လက်ရေးကတော့ မင်းလက်ရေးမဟုတ်
ပေမဲ့ ငါ့ကိုဒီလိုပေးတာမင်းပဲရှိတာကို...ဟား
ဟား"
"ဘာတွေလာပြောနေတာလဲ..."
"မင်းပို့ခိုင်းတဲ့ ပန်းစည်းရပြီလို့ပြောတာ"
"ဘာပန်းစည်းလဲ"
"နှင်းဆီပန်းစည်းလေ... Subscriber 100K
ရလို့ဆို"
"ငါဘာမှမပို့ဘူး။ ကိုယ့်ဘာကိုယ်တောင် မအား
ရတဲ့အထဲ "
"ဘာလဲ? တကယ် မင်းပို့တာမဟုတ်ဘူးလား"
"အော်...မပို့ပါဘူးဆို။မင်းရဲ့JeonJungkookကြီး
လာနေပြီ"
"အေးအေး ... ဟီး ဒါပဲနော်"
TVဖန်သားပြင်ပေါ်မှာ တစ်စတစ်စထွက်ပေါ်လာ
သော Health Talk အစီအစဉ်ရဲ့ Logo လေးကို
မြင်ရုံဖြင့် သူ့နှလုံးသားက ကဆုန်ပေါက်ပြီး မြူး
တူးလာသည်။ပန်းစည်းလေးကို စားပွဲပေါ်တင်
ကာ သူ့ရင်ဘတ်သူဖိပြီး TV ရှေ့မှာထိုင်ချလိုက်
သည်...။
"ဒီလောက်အခုန်မြန်နေတဲ့ နှလုံးသားနဲ့တော့
ခက်ပြီ"
ကိုကိုပြောတဲ့ အကြောင်းအရာမှန်သမျှကို အသံ
သွင်းထားပြီး မှတ်စုစာအုပ်ထဲချရေးရတာကလဲ
မငြီးမငွေ့ဘဲ ပြုလုပ်ချင်တဲ့ ကိစ္စတွေထဲက တစ်ခု
ဖြစ်သည်။ဖန်သားပြင်ပေါ်က ဒေါက်တာလေးကို
ငမ်းရတာရယ်၊ ခေါင်မိုးထပ်အခန်းဆီပြေးသွား
ချင်တဲ့ စိတ်ကိုထိန်းချုပ်ရတာရယ်နှင့်Jiminတစ်
ယောက် ပန်းစည်းဘယ်သူပို့လိုက်လဲ ဆိုသည့်
ကိစ္စအပေါ် မေ့မေ့ပျောက်ပျောက်ဖြစ်သွားလေ
သည်။
သို့ပေမဲ့ ထိုပန်းစည်းကိစ္စက တစ်ရက်ထဲနှင့် ပြီး
ဆုံးသွားသည်တော့ မဟုတ်ပေ။နောက်တစ်နေ့
Yummyဆိုင်က ပြန်လာသည့်အခါ အိမ်ရှေ့ခြံတံ
ခါးကြားမှာ ညှပ်ထားသော ပန်းစည်းတစ်ခုက
သူ့ကို ဆီးကြိုနေပြန်သည်။ကားကို ဂိုထောင်ထဲ
ရပ်ထားပြီးနောက် ထိုပန်းစည်းကိုခပ်သွက်သွက်
ယူကြည့်လိုက်သည်။ဒါက ဒီလိုပန်းစည်းမျိုး သူ့
ခြံရှေ့ကို ရောက်လာခဲ့တာ ၄ ရက်မြောက်တဲ့နေ့
ပဲဖြစ်သည်။
မိတ်ကပ်ရောင် နှင်းဆီပန်းများနှင့် အမျိုးအမည်
မသိသောမိုးပြာရောင်ဖျော့ဖျော့ ပန်းပွင့်အသေး
လေးတွေပါဝင်သော ပန်းစည်းလေးက မျက်စိ
ပသာဒဖြစ်စဖွယ်လှပနေပေမဲ့ တွန့်ချိုးသွားတဲ့
Jimin ရဲ့ မျက်ခုံးနှစ်ဖက်ကတော့စိတ်အလိုမကျ
မှုကို ဖော်ပြနေသယောင်ရှိသည်။
ဖဲကြိုးအဖြူလေးမှာ ချိတ်တွယ်ထားသော ကတ်
ပြားလေးကို ဖွင့်ကြည့်လိုက်တော့ တစ်နေ့ကမြင်
ခဲ့ဖူးတဲ့ လက်ရေးဝိုင်းဝိုင်းတို့ကို စတုတ္ထ အကြိမ် မြင်တွေ့ရပြန်သည်။
"ကောင်းသောနေ့လေးဖြစ်ပါစေ Min
-ဟမ်ဘာဂါ အိချိ "
ဒီပန်းစည်းနဲ့ စာကိုမတွေ့ရသေးခင်အထိတော့
ကောင်းသောနေ့လေးဖြစ်ခဲ့ပါတယ် ပေးပို့သူရေ။
"ရှုပ်ရှုပ်ယှက်ယှက်တွေ...ဘာ ဟမ်ဘာဂါအိချိ
လဲ"
တီးတိုးရေရွတ်လျက် ထိုပန်းစည်းကို ခြံတံခါးမှာ
ပဲ ပြန်ချိတ်ထားလိုက်သည်။သူ့ကို ဒီလိုမျိုးတွေ
လာလုပ်တာမျိုးကို သူတကယ်မနှစ်သက်ဘူး။
လှလှပပရောက်လာတတ်တဲ့ ပန်းစည်းလေးတွေ
မှာ တွဲခိုကာပါလာတတ်တဲ့ ကတ်ပြားပေါ်က စာ
သားတွေက ဘယ်အကြောင်းအရာဆီ ရည်ရွယ်
နေမှန်းမသိရလောက်အောင် ပိန်းတိန်းနေရမဲ့
အသက်အရွယ်လဲမဟုတ်တော့ဘူးမလား။
တရေးနိုး ထကြည့်လျှင်တောင် မှတ်မိနေမည့်
ကိုကို့ရဲ့လက်ရေးသော့သော့လေးတွေဖြစ်မနေ
တဲ့အပြင် ကိုကိုတောင် တစ်ခါမှ မခေါ်ခဲ့ဖူးတဲ့ သူ့
နာမည်ကိုပါ အဖျားဆွတ်ပြီးခေါ်ရဲတဲ့ ဒီဟမ်ဘာ
ဂါအိချိက ဘယ်လိုလူတုန်း။ပြီးတော့သူကပိုင်ရှင်
ရှိပြီးသား လူတစ်ယောက်မဟုတ်လား။
သို့ပေမဲ့ သူဟာ Jeon Jungkookဆိုတဲ့ တံဆိပ်
လေးခတ်နှိပ်ထားပြီးသား လူတစ်ယောက်ဖြစ်ပါ
တယ်ဆိုတာကို လက်ဆုပ်လက်ကိုင်ပြစရာ သက်သေသာဓကမျိုးကလဲ ရှိမနေပြန်ဘူး။အိပ်ခန်းထဲသို့ ခြေသံပြင်းပြင်းနဲ့ဝင်ကာ ကုတင်
ဘောင်ပေါ်မှာတင်ထားသည့် ကျွန်းညိုရောင် ဓာတ်ပုံမှန်ဘောင်လေးကိုလှမ်းယူလိုက်သည်။
"တွေ့လား... ကိုကိုက အကြာကြီးစိတ်ဆိုးနေ
တော့ ကျွန်တော့်ကို နှောင့်ယှက်မယ့်သူတွေရှိနေ
ပြီ... အဲ့ဒါတွေ သိရဲ့လား။ ကျွန်တော့်ကိုဘယ်နေ့
အထိ စိတ်ဆိုးနေဦးမှာလဲ... အခု ၆ လတောင်
ကျော်နေပြီ ကိုကိုရဲ့"
စိတ်ပျက်စွာဖြင့် ထိုဓာတ်ပုံလေးကိုခေါင်းအုံးပေါ်
ပစ်ချလိုက်ပြီး စိုစွတ်လာတဲ့ သူ့မျက်ဝန်းတွေကို
ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။စာကြည့်စား
ပွဲပေါ်တင်ထားသည့် ရေတကောင်းထဲမှ ရေတစ်
ခွက်ထည့်သောက်လိုက်ပြီးနောက် ခေါင်းအုံးပေါ်
က ဓာတ်ပုံလေးကို ပြန်ယူလိုက်ကာ အင်္ကျီလက်
ရှည်အနားစဖြင့် ခပ်ဖွဖွလေး သုတ်လိုက်သည်။
"ဟီးဟီး... နာသွားလား။ကိုကိုကြိုက်သလောက်
စိတ်ဆိုးပါ။ ကျွန်တော်က အကြာကြီးစောင့်နေ
မှာ"
ထိုဓာတ်ပုံမှန်ဘောင်လေးကို ကုတင်ခေါင်းရင်း
မှာ ပြန်တင်ထားရင်း စိတ်ထဲက တိတ်တဆိတ်
ကြုံးဝါးလိုက်သည်။ နောက်ရက်ကျရင် ထိုဟမ်
ဘာဂါ အိချိဆိုသူကို အမိဖမ်းဦးမည်ဟူ၍...။
တဖြည်းဖြည်းနဲ့ မှောင်ရိပ်သန်းလာပြီမို့ Jimin
တို့ ခြံဝင်းထဲမှာ မီးရောင်လေးတွေ လင်းလက်
လာသည်။ အမှောင်ရိပ်တစ်နေရာမှ စိတ်နှလုံး
ညှိုးနွမ်းစွာဖြင့် Jiminတို့ အိမ်ဘက်သို့ ငေးကြည့်
နေသူတစ်ဦးရဲ့ မျက်ဝန်းတွေကိုတော့ ဘယ်သူမျှ
သတိပြုမိလိမ့်မည်မဟုတ်ပေ။
"ဘာလို့ပစ်ထားတာလဲ...ကိုယ်က ပျော်စေချင်
လို့ပေးတာပါ"
သူ့ကြောင့်နဲ့ အမြဲတမ်းလိုလိုထိတ်လန့်နေခဲ့ရတဲ့
ကောင်လေးဆီကို သူတတ်နိုင်သလောက်သော
အင်အားလေးနဲ့ ပျော်ရွှင်ဖွယ်ရာကိစ္စလေးတွေ
ဆောင်ကျဉ်းပေးချင်မိသည်။ ၆ လကျော်ခန့်လူချင်း ဝေးကွာနေခဲ့ရပေမဲ့သူ့နှလုံးသားထဲကနေ
တော့ ကောင်လေးကို တစ်စက္ကန့်လေးတောင်
ထုတ်မထားခဲ့ဖူးတာ သူ့ကိုယ်သူအသိဆုံးဖြစ်
သည်။
သူ့ရဲ့စိတ်အခြေအနေတည်ငြိမ်စပြုလာတဲ့အချိန်
မှာ ကိုယ့်ကိုယ်ကိုယ်ဝန်ခံမိသည်က သူ Jimin ကို အဆုံးရှုံးမခံနိုင်ဘူးဆိုတာကိုဖြစ်သည်။ ဆေးရုံမှာတွေ့ပြီးထဲက သူ့ရှေ့မှာထပ်ပေါ်မလာတော့တဲ့ ကောင်လေးရဲ့စိတ်ထဲမှာရော သူ့အတွက်နေရာတစ်နေရာလောက် ကျန်နေပါ့ဦးမလား။
ဒုတိယမြောက်နေ့အထိ သူပို့ပေးတဲ့ပန်းစည်း
လေးကို လက်ခံယူထားပေမဲ့ မနေ့ကရယ် ၊ ဒီနေ့
ရယ်မှာတော့ သူ့ရဲ့ပန်းစည်းလေးတွေကခြံတံခါး
ကြားထဲမှာပဲ အထီးကျန်စွာ ကျန်ရစ်နေလေသည်။သူပို့ပေးနေတာကို ရိပ်မိသွားလို့များ အခု
လိုပစ်ထားရက်နိုင်တာလား ဟူ၍တွေးမိတော့
ရင်ထဲမှာ ဗလောင်ဆူလာသည်။
ကောင်လေးသာ အသည်းလေးအယောင်ဆောင်
ပြီး သူ့အနားကိုချဉ်းကပ်ခဲ့တာမဟုတ်ဘူးဆိုလျှင်
ဒီရွှေအိမ်စံမင်းသားလေးနဲ့ ချစ်သူဖြစ်ခွင့်ရဖို့ဆို
တာ ဘယ်တော့မှ အကောင်အထည်ပေါ်မလာမဲ့
အိပ်မက်တစ်ခုအနေနှင့်သာ တည်ရှိနေလိမ့်မည်။
"ကိုယ့်ဆီက မဟုတ်ဘူးထင်လို့ မယူဘဲနေတာမ
လား။အဲ့လိုပဲထားလိုက်ပါတော့"
ထို့နောက်တွင်တော့Jiminတစ်ယောက်လှေကား
ထစ် လမ်းလေးကနေ လက်မှိုင်ချကာ ပြန်လာခဲ့
ရတဲ့နေ့ရက်များနည်းတူ Jungkookသည်လည်း
လူကုံထံရပ်ကွက်လေးထဲမှ စိတ်ပျက်ဝမ်းနည်း
စွာဖြင့် အိမ်ပြန်ခဲ့လေသည်။
---------------------
နောက်ရက်မှာတော့Jiminတစ်ယောက်စောစော
စီးစီး အိပ်ရာက ထကာ အိမ်ထဲကနေ ခြံအပြင်
ဘက်သို့ စောင့်ကြည့်နေလေသည်။ မနက် ၁၀
နာရီခန့်တွင် တစ်နေ့က ပန်းစည်းလာပို့ပေးသည့်
ကောင်လေးရဲ့ ဆိုင်ကယ်လေး သူတို့ခြံရှေ့သို့
ရောက်လာသည်။ Jiminတစ်ယောက် အိမ်ထဲ ကနေ အလျင်အမြန်ပြေးထွက်လိုက်ကာ
"ဟေ့ကောင်လေး"
"မင်္ဂလာပါ အစ်ကို"
ကောင်လေးက ဆိုင်ကယ်အနောက်ခုံမှာ တင်
ထားသည့် လေးထောင့်ခြင်းဖြူဖြူလေးထဲမှ ပန်း
စည်း တစ်စည်းကိုထုတ်ယူနေရင်းမှ နှုတ်ဆက်
စကားဆိုလေသည်။
"ဘာမင်္ဂလာလဲ"
"ဟို... အစ်ကို့အတွက် ပန်းစည်း"
"ဒါ ဘယ်သူပို့ခိုင်းတာလဲ"
"ကျွန်တော်လဲ မသိဘူးဗျ... ကျွန်တော်က ဆိုင်
က ခိုင်းတဲ့အတိုင်းပဲ ပို့ပေးရတာ"
"ပြန်ယူသွား... နောက်နေ့လဲ လာထပ်မပို့နဲ့။
အိမ်မှာ အမှိုက်ရှုပ်တယ်"
"အစ်ကိုမယူရင် ကျွန်တော်တို့ Customerက
ပြဿနာရှာလိမ့်မယ်အစ်ကိုရဲ့"
"မင်းတို့ဆိုင်က ဘယ်နားကဆိုင်လဲ...မင်းတို့
ဆိုင်ရှင်နဲ့လိုက်တွေ့မယ်"
"ဗျာ"
"မလိုချင်ပါဘူးဆိုနေ ...မင်းတို့ဆိုင်ကဟာ မင်း
ဘာသာပြန်ယူသွား"
ဒေါသထွက်နေသည့် အတိုင်းအဆကို ထိုကောင်
လေးမြင်သာစေရန် ခြံတံခါးကို ခပ်ကြမ်းကြမ်း
ဆောင့်ပိတ်ပစ်လိုက်ပြီး အိမ်ထဲဝင်ခဲ့လိုက်သည်။
ဒါတောင် ဇွဲမလျှော့သေးသည့် ထိုကောင်လေးက
သူ့ပန်းစည်းကို ခြံတံခါးကြားမှာ မရရအောင်
ထားပစ်ခဲ့သေးသည်။
Jiminတစ်ယောက် ပိုပြီးစိတ်တိုလာကာ အိမ်ထဲ
ကနေပြန်ထွက်လာပြီး ထိုပန်းစည်းကိုဆွဲယူ၊ ခြံ
တံခါးနှင့် ရိုက်ကာတစ်စစီဖြစ်အောင်လုပ်ပစ်
လိုက်သည်။
"အား...စိတ်တိုလိုက်တာ။ပြီးရင် အမှိုက်တွေပြန်
ရှင်းရဦးမယ်"
တီ.... တီ
သူတစ်ယောက်ထဲ ဒေါသူပုန်ထနေတာနဲ့ခြံရှေ့
မှာ TaeHyungရဲ့ ကားလေးရောက်လာတာကို
တောင် သတိမထားမိလိုက်ပေ။TaeHyungက
ဘေးမှန်ကိုချကာ-
"စောစောစီးစီးဘာဖြစ်နေပြန်ပြီလဲ"
"မင်းလာတာအတော်ပဲ... ငါအခုပဲ အဲ့ဆိုင်ကို
သွားပြီးပြဿနာရှာမလို့"
"ဟက်...ဒီနေ့ရော ပန်းဆက်သမားက ဘာတွေ
ရေးထားသေးလဲ"
"မသိဘူး ...ကြည့်စရာလား"
TaeHyungက ကားကို လမ်းဘေးမှာ ကျကျနန
ရပ်တန့်ပြီးမှ Jiminရှိရာသို့လျှောက်သွားကာ-
"ပြစမ်း... ဘာတွေ အမှာ ပါးထားလဲ ကြည့်ရ
အောင်"
Taeက တစစီ ကြွေမွနေသည့် ပွင့်ချပ်တွေကြား
က စက္ကူကတ်ပြားလေးကို ယူကြည့်လိုက်သည်။
၅ လက်မပတ်လည်လောက်ရှိမည့်ကတ်ထူစက္ကူ
ပေါ်တွင် ပန်းခရမ်းရောင် ခြောက်လခံပန်းပွင့်
အခြောက်လေးများဖြင့် ပုံဖော်ကာ ဖိကပ်ထား
သော"MOCHI'S KITCHEN"ဆိုသည့်စာလုံးလေး
ကလွဲရင် အခြားဘာစာသားမျှ ပါဝင်မနေသည်မို့
"မင်းကလေ... ဒီမှာဘာများရေးထားလို့လဲ။
အလကားနေရင်းဒေါသထွက်နေတယ်"
"မင်းဘာသိလို့လဲ အဲ့ဒါအပိုတွေ"
"အော်... ဒီကောင်နဲ့တော့ ခက်ပြီ။ တကယ် မင်း
ကို သဘောကျတဲ့ ပရိတ်သတ်မို့နေမှာပါကွာ၊
ကြည့်စမ်း ဒါလေးဘယ်လောက်လှလဲ... မင်းမ
လိုချင်လဲနေ...ငါတော့ လှလို့ သိမ်းထားမယ်"
"ယူသွား..."
"ငါ့စိတ်ထင် Jungkookများလားလို့"
"ငါ့ကိုကိုက ဒီလိုပေါကြောင်ကြောင်တွေ လုပ်
တတ်တဲ့သူမဟုတ်ဘူး"
"ထားလိုက်ပါကွာ... ငါဗိုက်ဆာလို့"
"ဆိုင်ကလာတာမဟုတ်ဘူးလား...ကိုယ့်ဆိုင်မှာ
ကိုယ်စားပေါ့"
ပန်းစည်းပေးပို့သူအပေါ် မကျေမနပ်ဖြစ်နေသည့်
ခံစားချက်များကို TaeHyungဆီ ပုံချပစ်ကာ စူ
အောင့်နေသည့် Jiminကို အသည်းယားစွာဖြင့်
ပခုံးပေါ် ပွေ့တင်လိုက်ကာ ထမင်းစားခန်းထဲသို့
ခေါ်သွားလေသည်။
ထမင်းစားခန်းထဲ၌ TaeHyungအတွက် ပြင်
ဆင်ပေးနေစဉ်မှာပင် Jiminရဲ့ ဖုန်းမှ Ringtone
သံလေးမြည်လာသည်။သူမသိတဲ့ နံပါတ်အစိမ်း
ဖြစ်သည်မို့ ပန်းစည်းပို့ပေးသူများလားတွေးကာ
ရန်တွေ့ဖို့ ပြင်ဆင်ပြီး ဖုန်းကိုင်လိုက်သည်။
"ဟယ်လို"
"Jiminလေးလား"
ကြားဖူးသလိုရှိသော အမျိုးသမီးတစ်ယောက်ရဲ့
အသံဖြစ်သည်မို့ ပန်းစည်းပို့တဲ့သူတော့ မဟုတ်
လောက်ဘူးဟုတွေးကာ ပုံမှန်အတိုင်းပဲ စကား
ပြန်ပြောမိသည်။
"ဟုတ်ပါတယ်"
"မေမေကြီးပါ"
"မေမေကြီး !"
လေသံထွက်ရုံလေး သံယောင်လိုက်ကာ ရေရွတ်
ကြည့်ပြီးနောက် အထိတ်တလန့်နှင့် ဖုန်းကိုချပစ်
ကာ စားပွဲခုံပေါ်တင်ထားလိုက်သည်။ဒီလောက်
ကြာတဲ့ အချိန်အတွင်းမှာဆို သူ့ရဲ့ အလိမ်အညာ
ဇာတ်လမ်းအားလုံးကို ကိုကိုက မေမေကြီးဆီမှာ
ပြောပြပြီးလောက်ရောပေါ့။ အဲ့ဒီလိုဆိုမေမေကြီး
က SeokJin Hyung နဲ့ နှိုင်းယှဉ်ပြီး သူ့ကိုမုန်းနေ
တော့မှာ...။အခုဖုန်းဆက်တာ သူ့ကို တစ်ခုခု
အပြစ်ပြောမလို့လား။လူကြီးတွေအပေါ် လိမ်ညာရက်တယ်ဆိုပြီး ရန်တွေ့မလို့များလား။
ရုတ်တရက် ငိုချတော့မလိုဖြစ်နေသည့် Jimin
ကြောင့် TaeHyungလဲ မနက်စာစားနေခြင်းကို
ရပ်လိုက်ကာ-
"ဘာလဲ...ဘာဖြစ်လို့လဲ"
"ဟို... ဂေဟာက မေမေကြီးတဲ့"
"Jungkookတို့ ဂေဟာကလား"
Jimin က ခေါင်းညိတ်ပြကာ ဖုန်းကိုဆွဲယူပြီး
အိပ်ခန်းထဲသို့ဝင်လိုက်သည်။ဒီလိုမျိုးရှောင်လွှဲ
နေမယ်ဆိုရင် ပိုပြီးဆိုးရွားလာဖို့ပဲရှိသည်။ရန်
တွေ့တာဖြစ်ဖြစ် ၊ ဆဲဆိုတာဖြစ်ဖြစ် ခံစရာရှိတာ
ခံလိုက်ပြီး တောင်းပန်စရာရှိတာကို တောင်းပန်
ရဦးမည်။မေမေကြီးရဲ့ သားအရင်းလိုချစ်ရတဲ့
ကောင်လေးနှစ်ယောက်ကြားဝင်ပြီး အပြစ်လုပ်
ခဲ့မိသူအနေနှင့် မေမေကြီးကို တောင်းပန်စကား
မဆိုခဲ့ရသေးဘူးမဟုတ်လား။
သူ့ကို လူတွေမုန်းသွားမှာကို စိုးရွံ့နေခဲ့မိလို့ပါ။
စောစောက ဖုန်းနံပါတ်ကိုပြန်ခေါ်လိုက်တော့
မေမေကြီးက ချက်ချင်းပဲသူ့ဘက်ကဖုန်းကိုလက်
ခံဖြေဆိုလေသည်။
"ဟယ်လို... မေမေကြီးလား"
"ဟုတ်ပါတယ်။ ခုနက ဖုန်းချသွားတော့ Jimin
မဟုတ်ဘူးလားလို့"
"ဟို... ကျွန်တော် မှားပြီး ဖုန်းချလိုက်မိလို့ပါ၊
ကျွန်တော့်ကို ဘာပြောစရာရှိလို့ ဖုန်းဆက်တာ
လဲဟင်"
"Jiminကို ပြောစရာကိစ္စတစ်ခုရှိလို့ပါ"
"ကျွန်တော် တောင်းပန်ပါတယ်။ စောစောထဲက
မေမေကြီးဆီ ဖုန်းဆက်ခဲ့သင့်တာဆိုပေမဲ့ အရမ်း
ကြောက်နေတာမို့လို့ မဆက်ရဲခဲ့လို့ပါ။
ကျွန်တော် Jungkookကိုရော မေမေကြီးကိုရော
အားလုံးအပေါ် အပြစ်ကျူးလွန်မိခဲ့လို့တောင်းပန်
ပါတယ်...အရမ်းနောက်ကျနေပြီဆိုပေမဲ့တောင်း
ပန်ပါရစေ"
"Jungkookဆီကနေ မေမေကြီး အကုန်လုံးသိခဲ့
ပြီးပါပြီ...။ဖြစ်ပြီးသားကိစ္စဆိုတော့လဲ ဘယ်
တတ်နိုင်ပါ့မလဲလေ။ စပြီး သိရတဲ့နေ့တုန်းက
မေမေကြီးလဲ လက်မခံနိုင်ခဲ့ဘူး ...စိတ်ဆိုးပြီး
ဒေါသလဲ ထွက်တယ်...Jungkookလို ကလေး
ကိုမှ အခုလိုလုပ်ရက်တယ်ဆိုပြီး စိတ်မကောင်း
လဲ ဖြစ်ရတယ်"
"တောင်းပန်ပါတယ်...အခုကျွန်တော့်ကို ဆူမလို့
ဆက်တာမဟုတ်လား။ မေမေကြီး စိတ်ကျေနပ်
တဲ့အထိ ဆူပါ...ဆိုးလ်အထိလာပြီး ရိုက်လို့လဲ
ရပါတယ်"
"ထားပါလေ ...ဒီကိစ္စက ပြန်ပြောနေလို့လဲ
ကောင်းတဲ့ကိစ္စမျိုးမှမဟုတ်တာ...။Jungkook
ကိုယ်တိုင်တောင် ခွင့်လွှတ်ပေးနိုင်တဲ့ ကိစ္စပဲဟာ။
အခု ဖုန်းဆက်တာက တခြားကိစ္စကြောင့်ပါ"
"တခြားကိစ္စ?"
မေမေကြီးရဲ့ အသံထဲမှာ သူ့အပေါ်မလိုမုန်းတီး
တဲ့စိတ်မျိုးပါမနေတာကို ခံစားမိတာမို့ သူ့ဘက်
ကလဲ အနည်းငယ်စိတ်အေးသွားသည်။
"အင်း... SeokJin နဲ့ Jungkookတို့ဒီကိုလာသွား
တဲ့အချိန်တုန်းကလေ SeokJinပြောပြသွားတယ်
ဂေဟာဆောက်ဖို့ သန်း၁၀၀ လှူခဲ့တဲ့ အလှူရှင်
က Jiminတဲ့။ အဲ့ဒါကြောင့် မေမေကြီးက ဖုန်း
ဆက်ရတာပါ"
"ဟို... အဲ့ဒါကလေ ဒီအတိုင်းပဲ လှူတာပါ။
ဘာလို့လဲဟင်... ကျွန်တော်လှူတာဆို မေမေ
ကြီးက သဘောမကျလို့လား"
"အဲ့လိုမဟုတ်ပါဘူး။ Jiminလှူပေးတာဆိုတော့
အားနာမိတာတော့ ရှိပေမဲ့ သဘောမကျတာမျိုး
တော့မဟုတ်ပါဘူး"
"တခြားလူက လှူတယ်လို့ပဲသဘောထားပါ။
အားမနာပါနဲ့နော်"
"အင်းပါ... အဲ့ဒီပိုက်ဆံနဲ့ မေမေကြီးတို့ ဂေဟာ
အသစ်ဆောက်တာ ပြီးသလောက်ဖြစ်နေပြီ။
နောက်လဆို ဂေဟာဖွင့်ပွဲလုပ်မလို့လေ။ဒီက
ကလေးတွေနဲ့ Jungkookတို့နဲ့ပဲ"
"အော်... ပြီးတောင်ပြီးသွားပြီလား။ တော်သေး
တာပေါ့၊ ကိုကိုက ဂေဟာအသစ်ဆောက်ဖို့ အမြဲ
တမ်း စိတ်ပူနေတာ"
"နောက်လဖွင့်ပွဲကျရင် သား လာခဲ့လို့ရမလား"
"ဗျာ"
"ဒီအဆောင်လေး ဖြစ်လာဖို့အတွက် သားက အဓိက အလှူရှင်ဆိုတော့ သားကိုလာကြည့်စေချင်လို့ပါ"
"သားမလာတော့ပါဘူး... အဆင်ပြေပြေနဲ့
ဆောက်ပြီးသွားတယ်ဆိုတာကြားရရုံနဲ့တင်
ကျေနပ်နေပါပြီ"
"ဘာလို့လဲ... မေမေကြီးက အဲ့ဒီနေ့ကျရင် သား
ကိုရှိနေစေချင်တာ။ ကလေးတွေကိုရော သတိ
မရဘူးလား"
"ကိုကိုက သားကိုတွေ့ချင်မှာမဟုတ်ဘူး။အရေး
ကြီးတဲ့နေ့မှာ သားကိုတွေ့လိုက်ရရင် မပျော်
တော့ဘူး ဖြစ်နေမှာစိုးလို့ မလာတော့ပါဘူး။
နောက်မှ ဒီအတိုင်း လာကြည့်ပါ့မယ်"
"အော် ...သားရယ်။ Jungkookက အဲ့လိုမျိုး
ကလေးမဆန်တတ်ပါဘူး"
"မေမေကြီးက ဘာသိလို့လဲ။ အဲ့ကိုကိုက သူ့အ
ရှေ့မှာ ထပ်ပြီးပေါ်လာတာနဲ့ သားကို မုန်းလိုက်
တော့မှာတဲ့။ သားကိုတွေ့နေရတာ ပင်ပန်းတယ်
တဲ့။ ခဏခဏ လာမရှာနဲ့တဲ့... အဲ့လိုမျိုးပဲ ခဏ
ခဏပြောနေတာ"
Jungkook ဘယ်လောက်အထိ ဆိုးနေကြောင်းကို ဒီလိုမျိုး တစ်ယောက်ယောက်ဆီမှာ ရင်ဖွင့်ပြီးတိုင်ပြောပစ်ချင်တာကြာနေခဲ့ပြီ။အိမ်ကလူတွေအရှေ့မှာကျတော့ Jungkook အပေါ် စိတ်ခု
သွားကြမှာစိုးရိမ်နေရတာမို့ သူ့ကိုဒီလိုမျိုး ရက်
ရက်စက်စက်စကားလုံးတွေနဲ့ ကြိမ်ဖန်များစွာ
နာကျင်အောင်လုပ်ခဲ့တယ်ဆိုတာကို တစ်ခါမှ
ဖွင့်မပြောခဲ့ဘဲ သူကိုယ်တိုင်ကသာ မကောင်းတဲ့
လူဖြစ်ခဲ့တာဟူ၍ Jungkookဘက်ကို ကာကွယ်
ပြောဆိုပေးခဲ့မိတာချည်းပင်။
အခုတော့ ဆိုးနေတဲ့ ကလေးကို သူ့အမေဆီမှာ
တိုင်ပြောပစ်လိုက်ရသလိုခံစားချက်မျိုးနဲ့ အများ
ကြီးထိန်းချုပ်မထားတော့ဘဲ မေမေကြီးဆီ တိုင်
ပြောပစ်လိုက်သည်။ ပြီးတော့ အလိုလိုနေရင်း
မျက်ရည်ကျကာ ငိုချမိပြန်သည်။
"အဲ့ဒါကြောင့် သားကိုမြင်တာနဲ့ မေမေကြီးကိုပါ
စိတ်ဆိုးနေလိမ့်မယ်"
"အခုက Jungkookရဲ့ အမေအနေနဲ့ ဖိတ်တာ
မဟုတ်ပါဘူး။ ဂေဟာပိုင်ရှင်အနေနဲ့ အလှူရှင်
လေးကို ဖိတ်တာပါ။ Jungkookက မေမေကြီး
ကို အရမ်းကြောက်ရတာပဲဟာ...မေမေကြီး
ဖိတ်တယ်ဆို သူဘာမှ ပြောရဲမှာမဟုတ်ပါဘူး"
"ဟင့်အင်း... သား မလာခဲ့တော့ပါဘူး။ အများ
ကြီး သည်းခံခဲ့ပြီးပြီမို့ အခုနည်းနည်းလေးပဲထပ်
ပြီး ကိုကို့စကားကို နားထောင်လိုက်ရင် ကိုကိုက
တစ်ရက်ပဲဖြစ်ဖြစ် သားဆီ မြန်မြန်လေး ပြန်လာ
မှာ"
"သား မလာဘူးဆိုမှ Jungkookက ပိုပြီးတော့
တောင် စိတ်ဆိုးဦးမယ်"
"အင် ...ဘာဖြစ်လို့လဲ"
"သန်း ၁၀၀က သားအတွက် ဘာမှမဟုတ်ဘူး။
ဂေဟာက ဘယ်လိုပုံစံနဲ့ပဲ ဆောက်လို့ပြီးပြီး
အရေးမကြီးဘူး ဆိုတဲ့ပုံစံနဲ့ အလေးမထားသလို
ဖြစ်နေမှာပေါ့"
"အဲ့လိုမဟုတ်ပါဘူးဆိုနေ"
"အဲ့ဒါဆို လာခဲ့နော်... Jungkookကို မတွေ့ချင်
ဘူးလား"
"ဂေဟာဖွင့်ပွဲနေ့မတိုင်ခင် အကြောင်းပြန်ပါ့မယ်"
"အင်း... မေမေကြီးကတော့ Jiminလာမယ်လို့ပဲ
မှတ်ထားလိုက်တော့မယ်"
"တကယ်လို့ လာဖြစ်တယ်ဆိုရင် သားကိုဂေဟာ
ရှေ့မှာ ထွက်ပြီးကြိုပေးမှာလား"
"ကြိုပေးမှာပေ့ါ... တို့ဂေဟာရဲ့ အလှူရှင်လေး
ကို"
"အဲ့ဒါဆို နောက်မှ ဖုန်းပြန်ဆက်လိုက်မယ်နော်"
"ဟုတ်ပါပြီ... အဲ့ဒါဆို ဒါပဲနော်။ ဆက်ဆက်လာ
ခဲ့ပေးပါ "
မေမေကြီးဆီကဖုန်းချသွားသည်နှင့်အခန်းအပြင်
ဘက်သို့ ပြန်ထွက်လာကာ TaeHyungဘေးနား
မှာဝင်ထိုင်လိုက်သည်။
"ဘာဖြစ်လာပြန်ပြီလဲ"
"မေမေကြီးဆီဖုန်းပြန်ဆက်လိုက်တာလေ"
"အင်း"
"နောက်လကျရင် ဂေဟာဖွင့်ပွဲရှိလို့ လာခဲ့ပါလား
တဲ့"
"အဲ့ဒီတော့ ?"
"အဲ့ဒါ သွားလဲ သွားချင်တယ်။ကိုကို့ကိုလဲ ကြောက်တယ်"
"သွားချင်စိတ်ရှိရင်သွားလေ...။ မသွားချင်ရင်လဲ
မသွားနဲ့"
"လိုက်ခဲ့ပေး"
"ဂေဟာကိုလား"
"အွန်း... ငါတစ်ယောက်ထဲမသွားရဲလို့။ ဒါပေမဲ့
ကိုကို့ကို တစ်ခါလောက်တွေ့ချင်လို့။ မေမေကြီး
ဖိတ်တာဆို ကိုကိုက ဘာမှမပြောရဲလောက်ဘူး
တဲ့"
"ဘယ်နှစ်ရက်ကြာမှာလဲ"
"နှစ်ရက်လောက်ပဲ ကြာမှာတဲ့... လိုက်ခဲ့နော်"
"အေးကွာ...လိုက်ခဲ့မယ်။ ပြီးမှ စိတ်ကပြန်ပြီး
မပြောင်းသွားနဲ့ဦး"
"နောက်လမှဆိုတော့ သွားဖြစ်မလား မသေချာ
သေးပါဘူး"
"အခုပဲ သွားမယ် အခုပဲမသွားဘူးနဲ့။ သွားဖြစ်တဲ့
နေ့ လာခေါ်လိုက်။ ငါပြန်တော့မယ်"
"လိုက်ခဲ့မယ်လေ... ဟိုဘက်ဆိုင်ကို တစ်ချက်
သွားကြည့်မလို့"
"အင်း...လိုက်ခဲ့"
--------------------
တစ်ဖက်က Jungkookခမျာလဲ ပန်းဆိုင်ကနေ
ပြန်ကြားရသည်တို့ကို နားထောင်ရင်း သူ့ကောင်
လေးရဲ့ ပုံသဏ္ဍာန်အစစ်အမှန်ကို ပုံဖော်ကြည့်
ကာ ငိုရခက်ခက် ရယ်ရခက်ခက် ဖြစ်နေလေ
သည်။ပန်းစည်းပို့ခိုင်းတဲ့သူရဲ့ နာမည်ကို အတင်း
အကြပ်မေးကာ နောက်ရက်တွေ ပန်းစည်းထပ်
လာပို့ရင် သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်တယ်ဆိုပြီး အင်တာနက်ထဲပေါ်ကနေ ဆိုင်ကို နာမည်ပျက်အောင်လုပ်ပစ်မည်ဟူ၍ ဆိုင်
အထိရောက်လာပြီး ခြိမ်းခြောက်သွားသေးတယ်
တဲ့လေ။
သူ့မှာ ဆိုင်ကို အားနာစွာဖြင့် နောက်ရက်တွေ
တော့ ဆက်ပြီးမပို့ပါနဲ့ဦးဟု မှာထားရသည်အထိ
ပင်။ ဒါပေမဲ့ သူ့စိတ်ထဲကအလိုလိုနေရင်းခံစားမိ
နေတယ်။ သူ့ကောင်လေးက သူတစ်ပါးရဲ့ စီးပွား
ပျက်ရာပျက်ကြောင်းအထိတော့ရန်မရှာလောက်
ဘူးဆိုတာကို သူကောင်းကောင်းသိနေတယ်။
သူ့နာမည်သုံးပြီး ပို့လိုက်လျှင် တိကျပြတ်သားတဲ့
အဖြေတစ်ခု ထွက်လာမယ်ဆိုပေမဲ့အဲ့ဒီအဖြေက
သူမလိုချင်တဲ့ အဖြေမျိုးဖြစ်ခဲ့မယ်ဆိုရင် ခံနိုင်
ရည်မရှိတဲ့ ဒီပျော့ညံ့ညံ့ကောင်ကဒုတိယအကြိမ်
ပြိုလဲပျက်ဆီးသွားဉီးမှာဖြစ်သည်။
ဒီအတိုင်းလေးပဲ တစ်ဖက်သတ်ချစ်ရသူအနေနဲ့
ကောင်လေးဆီ ပန်းစည်းလေးတွေပို့ပေးချင်
တယ်။ ပန်းစည်းလှလှလေးတွေကို လွှင့်ပစ်တတ်
တဲ့ကောင်လေးက Jeon Jungkookမှမဟုတ်ရင်
တခြားလူကို အနားကပ်မခံဘူးဆိုတဲ့ တစ်ယူသန်
အတွေးနဲ့ ပျော်ရွှင်မိတဲ့ မနက်ခင်းတွေရှိသလို
ပန်းစည်းလေးတွေ ဖျက်ဆီးခံရကြောင်း ပြန်
ကြားရလို့ စိတ်မကောင်းဖြစ်ရတဲ့ ညနေခင်း
အချိန်တွေလဲရှိတယ်။
နောက်တစ်ရက်မှာ ဘယ်လိုစာသားလေးထည့်
ပေးရင် ကောင်းမလဲ အတွေးများနေရတဲ့ ညဉ့်
နက်သန်းခေါင် အချိန်တွေမှာဆိုလျှင်တော့ သူတို့
နှစ်ဦးရဲ့ကြားမှာ အလွှာပေါင်းများစွာခြားနေ
တယ်ဆိုတာကို မေ့လျော့သွားရသည်အထိပင်
ကောင်လေးကို ပိုင်ဆိုင်ချင်တဲ့ စိတ်ရိုင်းတွေက
တစ်စထက်တစ်စ ကြီးထွားလို့လာနေတတ်
တယ်။
ဟင်းချက်ဖို့ကလွဲပြီး တခြားကိစ္စတွေမှာ အာရုံ
မရှိတတ်တဲ့ ထိုကလေးများ သူတို့ရဲ့ Health
Talk အစီအစဉ်ကိုမျက်စိလည်လမ်းမှားပြီးကြည့်
မိလောက်မလားတွေးကာတစ်ပိုင်းထက်တစ်ပိုင်း
ပြီးပြည့်စုံသည်ထက်ပိုအောင် ပြင်ဆင်ရသည်က
လဲ သူ့ကိုစိတ်ဖိးစီးစေသည့် ကိစ္စတစ်ခုပင်။
ဖူးသစ်စ မနက်ခင်းနေရောင်ခြည်လေးသဖွယ်
နွေးထွေးမှုအပြည့်နဲ့ကောင်​လေးကို ချစ်ကြတဲ့သူ
တွေက ကောင်လေးရဲ့ ဟမ်ဘာဂါလေးတွေဟု
ဆိုလေလျှင် သူကထိုဟမ်ဘာဂါတွေထဲကမှ
အမှတ်စဉ် (၁)ဖြစ်တဲ့ ဟမ်ဘာဂါအိချိလေးသာ
ဖြစ်လိုတယ်။
တကယ်လို့များJungkookသာ Mochi'sKitchen
၏ ပထမဆုံးသော videoလေးကို ကြည့်ခွင့်ရခဲ့
မယ်ဆိုလျှင် ဤမျှလောက်အထိ အတွေးများနေ
ရမည်မဟုတ်ပေ။ သူချစ်သော ထိုကောင်လေးက
ကိုကိုမြင်ရင် သူ့ကိုအရှက်ခွဲတယ် ထင်နေဦးမည်
ဟုဆိုကာ ထို videoကို သူကိုယ်တိုင်ပဲ ပြန်ဖြုတ်
ချခဲ့သည်မို့...။
--------------------------
တစ်လခန့်ကြာသော်-
မျက်နှာပြောင်တိုက်ပြီး သူ့မျက်စိရှေ့ထပ်ရောက်
လာတယ်ဟူ၍ ခေါင်းစဉ်တပ်ခံရမည်ကိုတွေးပူ
နေခဲ့ကာ အဆောင်သစ်ဖွင့်ပွဲကို မသွားတော့ပါ
ဘူးဟူ၍ စိတ်ဆုံးဖြတ်ထားပြီးကာမှ ရခဲလှတဲ့
အခွင့်အရေးကို အဆုံးရှုံးမခံနိုင်သဖြင့် "သားလာ
ခဲ့ပါ့မယ် မေမေကြီး"ဟု အကြောင်းပြန်စာပို့
လိုက်မိသည်။
SeokJin Hyungပါ အဆောင်သစ်ဖွင့်ပွဲအတွက်
ရောက်နေမယ်မှန်း စောစောစီးစီးထဲကသိခဲ့လျှင် Jimin တစ်ယောက် ဂေဟာသို့ လာခဲ့မိမှာမဟုတ်ပေ။
မေမေကြီးက သူမပေးထားတဲ့ကတိအတိုင်း ဂေ
ဟာအရှေ့မှာ ကလေးတွေနဲ့ အတူတူ Jiminတို့
နှစ်ယောက်ကို စောင့်မျှော်နေပြီး ခရီးဦးကြိုပြု
လေသည်။
လမ်းတစ်လျှောက်လုံးလဲ ဆိုးလ်ကိုလှည့်ပြန်ချင်
တဲ့စိတ်နဲ့ ဂေဟာကိုသွားချင်တဲ့စိတ်တို့ အပြင်း
အထန်လွန်ဆွဲနေကာ နှစ်ခါလောက်ပြန်ကွေ့မိ
သည်အထိပင်။ နောက်ဆုံးတော့စိတ်မရှည်တော့
တဲ့ TaeHyungက ဒီတစ်ခါဂဂျီဂဂျောင်ထပ်ကျ
ရင် လမ်းမှာ ပစ်ထားခဲ့မယ်ဟူ၍ စိတ်ဆိုးမာန်ဆိုး
နဲ့ ပြောလာတော့မှပင် ဂေဟာသို့တန်းတန်းမတ်
မတ်ရောက်လာခဲ့ကြခြင်းဖြစ်သည်။
မေမေကြီးရဲ့ဘေးနားမှာ အတူတူရပ်စောင့်ပေး
နေသည့် ဗြောလေးက ကားပေါ်ကဆင်းလာတဲ့
Jiminကို တွေ့တော့ ကိုကိုအသည်းလေးဟူ၍
အော်ဟစ်ကာ ပြေးဖက်လေသည်။
"ကိုကို အသည်းလေး"
"အင်း... ကလေးလေး မတွေ့ရတာကြာပြီ။
နေကောင်းရဲ့လား"
"ဟုတ်... ကိုကို့လက်လေးတွေ အေးစက်နေတာ
ပဲ နေမကောင်းဘူးလား"
သူမရဲ့ ပါးပြင်လေးကို ခပ်ဖွဖွညှစ်ရင်း အမေး
စကားဆိုမိသည်မို့ ကလေးက ချက်ချင်းပဲ ထိုသို့
ပြန်မေးလာသည်။ ကိုကိုနေကောင်းပါတယ်...
ဒီအတိုင်း ကြောက်နေမိတာမို့ပါ ဗြောလေးရေ။
"နေကောင်းပါတယ်ကွာ...TaeHyungလာလေ။
မေမေကြီးနဲ့ မိတ်ဆက်ပေးမယ်"
"အေး... လာပြီ လာပြီ"
"မေမေကြီး ဒါက သားသူငယ်ချင်းပါ Kim Tae
Hyungတဲ့...။သားနဲ့ညီအစ်ကိုလိုပဲ"
"ဟိုရက်က Jimin ဒီကိုလာဖို့လှမ်းပြောထဲက
နာမည်လေးကြားဖူးထားပါတယ်... ကလေးတွေ
အဝေးကြီး ကားမောင်းလာရတာ ပင်ပန်းနေမှာ
ပေါ့။ မေမေကြီးရုံးခန်းထဲမှာ အရင် ဝင်နားကြဦး...ပြီးမှ ဂေဟာအဆောင်အသစ်ဘက်ကို လိုက်
ပြမယ်"
"ဟုတ်ကဲ့"
"မီးမီးသွားတော့မယ်နော်။ ဆရာမငယ်ဆီမှာ
စာဆိုပြရဦးမှာ။ ကိုကိုလာမယ်ဆိုလို့ ခဏလာ
စောင့်ပေးတာ"
"ဟုတ်ပါပြီကွာ... ဗြောလေးတို့အတွက် ဂါဝန်
လှလှလေးတွေ အများကြီးရှာဝယ်လာတယ်။
စာသင်ပြီးမှ ထပ်တွေ့ကြမယ်နော်"
"ဟုတ်... ကိုကိုတာ့တာ"
"အင်း... တာ့တာ"
ဗြောလေးထွက်သွားတော့မှ သူနဲ့TaeHyung
လဲ မေမေကြီးရုံးခန်းဘက်သို့ လိုက်သွားကြသည်။
သူ့မှာ မလုံမလဲနှင့် ဟိုကြည့်ဒီကြည့်ဖြစ်နေကာ
ကိုကို့ကို ဗြုန်းခနဲတွေ့လိုက်ရလျှင်ဘယ်နားပြေး
ပုန်းရမလဲတွေးပြီး TaeHyungအနောက်ကနေ
ခပ်ကုတ်ကုတ်လေး လျှောက်လိုက်နေမိသည်။
"ကဲ ကလေးတွေ ထိုင်ကြ"
"ဟုတ်"
တစ်လမ်းလုံး သတိချပ်ကာ လျှောက်လာခဲ့သော်
လည်း Jiminရှာဖွေနေသည့် တစ်စုံတစ်ယောက်
က မေမေကြီးရဲ့ရုံးခန်းထဲကနေ စောင့်ကြိုနေ
လေသည်။ ခုံအပုလေးတစ်ခုပေါ်တက်ကာ နံရံ
ပေါ်တွင် ဓာတ်ပုံမှန်ဘောင်တစ်ခု ချိတ်နေသည်
ဟု ထင်ရသော ထိုလူသားရဲ့ နောက်ကျောကို
မြင်ရုံနဲ့ ကိုကိုပဲဆိုတာသိလိုက်သလို ရှေ့တိုးဖို့
ပြင်နေတဲ့ ခြေလှမ်းကလဲ ဘရိတ်အုပ်ပြီးသားဖြစ်
သွားသည်။
"မေမေကြီး"
မေမေကြီးရဲ့ လက်ကို အားကိုးတကြီးလှမ်းဆွဲ
ကာ အထဲမဝင်တော့ဘူးဟု ကပ်ပြောလိုက်သော်
လည်း တစ်လမ်းလုံးJiminရဲ့ စိတ်နှစ်ခွဖြစ်မှုကို
သည်းခံလာရတဲ့ TaeHyungကတော့ အခွင့်ကြုံ
တုန်း အချွန်နဲ့မဖို့ အဆင်သင့်ဖြစ်နေပုံဖြင့်-
"မင်္ဂလာပါ Jungkook ssi... အဟဲ မတွေ့ရတာ
တောင် ကြာပြီနော်"
TaeHyungဆီက ထိုနှုတ်ဆက်စကားသံ ထွက်
လာသည်နှင့် တပြိုင်နက် Jimin တစ်ယောက်
TaeHyungခန္ဓာကိုယ်နှင့် ကျောချင်းကပ်ကာ ရပ်
လိုက်ပြီး ရင်ဘတ်ကိုဖိထားမိလေသည်။ယုံမှာ
မဟုတ်ပေမဲ့ ကိုကို့ကို စိတ်ဒုက္ခပေးဖို့ လိုက်လာ
တာမဟုတ်ဘဲ မေမေကြီးဖိတ်လို့လာခဲ့ရတာဖြစ်
ကြောင်း အသံတိတ်ဝန်ခံနေမိသည်။
"အော်...TaeHyungတို့ ရောက်လာပြီကိုး"
"ဟုတ်... နေကောင်းရဲ့လား"
"အင်း... ပုံတွေအကုန် သန့်ရှင်းရေးလုပ်ပြီး ပြန်
ချိတ်ထားလိုက်ပြီ မေမေကြီး။ သားဟိုဘက်အ
ဆောင်ပြန်သွားလိုက်ဦးမယ်။ SeokJinနဲ့ Hyung
တို့ ရွာထဲ လိုက်ပြဖို့ပြောထားသေးလို့လေ"
"အေးအေး... သားသွားရင် မီးဖိုဆောင်ထဲက
ကလေးတွေကို လှမ်းပြောလိုက်ဦး။ ဧည့်သည်
တွေအတွက် စားစရာယူခဲ့ပေးပါဦးလို့"
"ဟုတ်"
အဖြေပေးသံရဲ့အဆုံးမှာ Jiminဘက်ကို တစ်
ချက်လေးမျှပင် စောင်းငဲ့ကြည့်ခြင်းမရှိတဲ့ ထို
လေပြေအေးက သူ့ခန္ဓာကိုယ်လေးဘေးကနေ
ဝေ့ဝဲကာ ဖြတ်လျှောက်သွားလေသည်မို့ ယိုင်နဲ့
နဲ့နှလုံးသားက ထပ်မံနာကျင်ရပြန်သည်။
အင်း... ကိုကိုက စိတ်ဆိုးမပြေသေးဘူးကိုး။
12.9.2020
Happy RM Day
🍒🍒🍒🍒🍒🍒🍒🍒🍒
ကိုကိုနဲ့အသည်းလေးကို ပေးမတွေ့တော့ဘူး
လားဆိုလို့ ပေးတွေ့ဖို့ စီစဉ်လိုက်ပါပြီရှင်။
စောင့်နေပေးတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူး
ပါနော်။ဂေဟာကအပိုင်းက ကြားထဲမှာ အရမ်း
ကြာသွားရင် တစ်ဆက်ထဲမဖြစ်တော့ဘဲ ဖတ်ရ
တာတစ်မျိုးဖြစ်နေမှာစိုးလို့ မနက်ဖြန် ညနေ
လောက်ဖြစ်ဖြစ် နောက်တစ်ပိုင်းတင်ပေးနိုင်
အောင်ကြိုးစားပါ့မယ်။ အဲ့ဒါကြောင့် နောက်တစ် ပိုင်း upပြီးမှ comလေးတွေ နှစ်ပိုင်းပေါင်းပြီး
replyပြန်မယ်နော်။
အိချိ(ichi)ဆိုတာက ဂျပန်လိုဆို (၁) ကိုပြော
တာမို့လို့ ကိုကိုက ဒီမင်းနီးလေးရဲ့ပရိတ်သတ် တွေထဲကမှ အမှတ်စဉ်(၁) ပရိတ်သတ်လေးဆိုတဲ့ အဓိပ္ပါယ်နဲ့ ဟမ်ဘာဂါအိချိဆိုပြီး သူ့ကိုယ်သူ
နာမည်ပေးထားတာဖြစ်ပါတယ်။ မရိုတတ် ရို
တတ်နဲ့ ကြိတ်ရိုနေတဲ့ ကိုကို့ကို အာဘွားတွေ
ပေးလိုက်ကြပါဦး။
(တော်တော်များများက ဂျပန်စာဆို တီးမိခေါက်
မိရှိပြီးသားမို့ အထွေအထူးရှင်းပြစရာမလိုပေမဲ့
မသိတဲ့သူတွေဆို ဖတ်ရတာတစ်မျိုးဖြစ်နေမှာစိုး
လို့ပါ)
ဒီအပိုင်းလေးအထိ စိတ်ရှည်သည်းခံပြီး အတူတူ
ဖတ်လာပေးတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူး
အထူးတင်ပါတယ်🐰🐥
🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒
Unconditional Love
Part 23
Zawgyi
ထားတတ်လာသည်။ လူသိနည်းနေသေးတဲ့
လိမ့်မည်ဖြစ်သည်။
သွားကာ-
"ဘယ်သူလဲမသိဘူး"
ပါ"
"ဒီအိမ်ကို?"
"ဟုတ်"
"ကျေးဇူးနော်"
ရွှင်ပါစေ။
ဟမ်ဘာဂါ အိချိ ]
"ဟယ်လို"
"ဟေ့ကောင်"
လား"
ငါ့ဆီကို"
ဟား"
"ဘာတွေလာပြောနေတာလဲ..."
"ဘာပန်းစည်းလဲ"
ရလို့ဆို"
ရတဲ့အထဲ "
လာနေပြီ"
"အေးအေး ... ဟီး ဒါပဲနော်"
သည်...။
ခက်ပြီ"
သည်။
ပဲဖြစ်သည်။
-ဟမ်ဘာဂါ အိချိ "
လဲ"
ပြီ... အဲ့ဒါတွေ သိရဲ့လား။ ကျွန်တော့်ကိုဘယ်နေ့
ကျော်နေပြီ ကိုကိုရဲ့"
"ဟီးဟီး... နာသွားလား။ကိုကိုကြိုက်သလောက်
မှာ"
ကြုံးဝါးလိုက်သည်။ နောက်ရက်ကျရင် ထိုဟမ်
လို့ပေးတာပါ"
သည်။
---------------------
"ဟေ့ကောင်လေး"
"မင်္ဂလာပါ အစ်ကို"
စကားဆိုလေသည်။
"ဘာမင်္ဂလာလဲ"
"ဗျာ"
ဘာသာပြန်ယူသွား"
ထားပစ်ခဲ့သေးသည်။
လိုက်သည်။
ရှင်းရဦးမယ်"
တီ.... တီ
ဘေးမှန်ကိုချကာ-
ရေးထားသေးလဲ"
"မသိဘူး ...ကြည့်စရာလား"
အောင်"
"ယူသွား..."
တတ်တဲ့သူမဟုတ်ဘူး"
ကိုယ်စားပေါ့"
ခ်ါသွားလေသည်။
ထမင်းစားခန်းထဲတွင် TaeHyungအတွက် ပြင်
"ဟယ်လို"
"Jiminလေးလား"
ပြန်ပြောမိသည်။
"ဟုတ်ပါတယ်"
"မေမေကြီးပါ"
"မေမေကြီး !"
ရပ်လိုက်ကာ-
"ဘာလဲ...ဘာဖြစ်လို့လဲ"
"ဟို... ဂေဟာက မေမေကြီးတဲ့"
ခံဖြေဆိုလေသည်။
"ဟယ်လို... မေမေကြီးလား"
မဟုတ်ဘူးလားလို့"
လဲဟင်"
ပန်ပါရစေ"
လဲ ဖြစ်ရတယ်"
ဆက်တာမဟုတ်လား။ မေမေကြီး စိတ်ကျေနပ်
ရပါတယ်"
"တခြားကိစ္စ?"
ဆက်ရတာပါ"
ကြီးက သဘောမကျလို့လား"
တော့မဟုတ်ပါဘူး"
အားမနာပါနဲ့နော်"
တမ်း စိတ်ပူနေတာ"
"ဗျာ"
"ဒီဂေဟာလေး ဖြစ်လာဖို့အတွက် သားက အဓိ
လို့ပါ"
ကျေနပ်နေပါပြီ"
ကိုရှိနေစေချင်တာ။ ကလေးတွေကိုရော သတိ
မရဘူးလား"
ကလေးမဆန်တတ်ပါဘူး"
"မေမေကြီးက ဘာသိလို့လဲ။ အဲ့ကိုကိုက သူ့အ
ခဏပြောနေတာ"
Jungkook ဘယ်လောက်ဆိုးနေကြောင်းကို
စိတ်ဆိုးနေလိမ့်မယ်"
လေးကို ဖိတ်တာပါ။ Jungkookက မေမေကြီး
မှာ"
တောင် စိတ်ဆိုးဦးမယ်"
"အင် ...ဘာဖြစ်လို့လဲ"
ဖြစ်နေမှာပေါ့"
ဘူးလား"
မှတ်ထားလိုက်တော့မယ်"
"ကြိုပေးမှာပေါ့... တို့ဂေဟာရဲ့ အလှူရှင်လေး
ကို"
ခဲ့ပေးပါ "
မှာဝင်ထိုင်လိုက်သည်။
"ဘာဖြစ်လာပြန်ပြီလဲ"
"အင်း"
တဲ့"
"အဲ့ဒီတော့ ?"
မသွားနဲ့"
"လိုက်ခဲ့ပေး"
"ဂေဟာကိုလား"
တဲ့"
"ဘယ်နှစ်ရက်ကြာမှာလဲ"
"အေးကွာ...လိုက်ခဲ့မယ်။ ပြီးမှ စိတ်ကပြန်ပြီး
မပြောင်းသွားနဲ့ဦး"
သေးပါဘူး"
နေ့ လာခေါ်လိုက်။ ငါပြန်တော့မယ်"
သွားကြည့်မလို့"
"အင်း...လိုက်ခဲ့"
--------------------
တဲ့လေ။
ပန်းစည်းလေးတွေ ဖျက်ဆီးခံရလို့ စိတ်မကောင်း
ဖြစ်လိုတယ်။
ချခဲ့သည်မို့...။
--------------------------
တစ်လခန့်ကြာသော်-
လိုက်မိသည်။
SeokJin Hyungပါ ဂေဟာဖွင့်ပွဲအတွက် ရောက်နေမယ်မှန်း စောစောစီးစီးထဲကသိခဲ့လျှင် Jimin တစ်ယောက် ဂေဟာသို့ လာခဲ့မိမှာမဟုတ်ပေ။
လေသည်။
"ကိုကို အသည်းလေး"
နေကောင်းရဲ့လား"
ပဲ နေမကောင်းဘူးလား"
ပြန်ပေးလာသည်။ ကိုကိုနေကောင်းပါတယ်...
ဒီအတိုင်း ကြောက်နေမိလို့တာမို့ပါ ဗြောလေး
ရေ။
"အေး... လာပြီ လာပြီ"
Hyungတဲ့...။သားနဲ့ညီအစ်ကိုလိုပဲ"
ပေါ့။ မေမေကြီးရုံးခန်းထဲမှာ အရင် ဝင်နားကြဦး...ပြီးမှ ဂေဟာအသစ်ဘက်ကို လိုက်ပြမယ်"
"ဟုတ်ကဲ့"
စောင့်ပေးတာ"
"ဟုတ်... ကိုကိုတာ့တာ"
"အင်း... တာ့တာ"
"ကဲ ကလေးတွေ ထိုင်ကြ"
"ဟုတ်"
သွားသည်။
"မေမေကြီး"
တောင် ကြာပြီနော်"
"ဟုတ်... နေကောင်းရဲ့လား"
"ဟုတ်"
12.9.2020
Happy RM Day
🍒🍒🍒🍒🍒🍒🍒🍒🍒
replyပြန်မယ်နော်။
ပေးလိုက်ကြပါဦး။
လို့ပါ)
အထူးတင်ပါတယ်🐰🐥
🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒
Continue Reading
You'll Also Like
984K 53.4K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Jungkook's ) daughter Mishel...
291K 6.6K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
45.6K 2.6K 20
"Everyone has to die one day. No one can outdo death and no one can cheat death. There are only few who are capable of it. They are lucky and blessed...