(Unicode)
"ရိပေါ် ပြိုင်ပွဲကို ကိုယ်လာအားပေးချင်တယ်"
"လာလေ Zack"
"ကိုယ်လက်မှတ်ဝယ်လိုက်တော့မယ်နော်..."
ရိပေါ်ခွင့်ပြုလိုက်တာနဲ့ Zack က online ကနေလက်မှတ်တန်းဝယ်တော့တယ်...
~ကျန့်ကောကတော့ ကျွန်တော်လက်မှတ်လာပေးထားတာတောင် လာပါ့မလားပဲ.. ချေမိုးနေတာပဲ..~
"gotcha!!! ရသွားပြီ..
ရိပေါ် လေ့ကျင့်ရတာ အရမ်းပင်ပန်းနေလား..ကျန်းမာရေးလဲ ဂရုစိုက်ဦးနော်.."
"ပွဲနီးရင်ကတော့ ဒီလိုပါပဲ.. ကျင့်သားရနေပါပြီ..ကျွန်တော်ပြန်ဝင်တော့မယ်နော်.. နောက်မှတွေ့မယ် Zack"
"See you later ရိပေါ်... Do your magic!!!"
Zack က ရိပေါ်လေ့ကျင့်နေတုန်း ထမင်းစားနားချိန်ကို ခဏလာတွေ့တာ။ အခု ရိပေါ်training ပြန်ဝင်ရတော့မယ်ဆိုတော့ မပြန်ချင်ပြန်ချင်နဲ့ပဲ ပြန်လာခဲ့ရပါတယ်...
Training ပြီးတော့ ရိပေါ် ဆိုင်ကယ်နဲ့ပဲ အိမ်ပြန်လာလိုက်တယ်... Zio နားရောက်တော့ ကျန့်ကောကိုဝင်တွေ့လိုက်ချင်သေးတာ... အရမ်းပင်ပန်းနေပြီမို့သာ မဝင်လိုက်တော့တာ... ဒီလိုနဲ့ Zio ကို နဲနဲကျော်လာတော့ ပလက်ဖောင်းမှာ အေးအေးလူလူလမ်းလျှောက်နေတဲ့ ရှောင်းကျန့်ကိုတွေ့ရတယ်... ရှောင်းကျန့်ရဲ့ ကျောပြင်လေးကို စတွေ့ထဲက ရိပေါ်ဘရိတ်ဆွဲပြီးသား...
"ကျန့်ကော.."
"ရိပေါ်!?!?"
"ကော ဘယ်သွားမလို့လဲ.."
"အိမ်ပြန်နေတာလေ.."
"အယ်... ကားနဲ့မပြန်ဘူးလားကောရဲ့.."
"ကားက workshop ပို့ထားရတယ် ပျက်နေလို့..
Taxi လဲမစီးချင်လို့လေ.. ရာသီဥတုကကောင်းတော့ လေညှင်းခံရင်း လမ်းလျှောက်ပြန်နေတာ.."
"လာ... တက်"
ပြောပြောဆိုဆိုနဲ့ ရိပေါ် သူဝတ်ထားတဲ့ ဦးထုတ်ကိုချွတ်ပြီး ရှောင်းကျန့်ကိုလှမ်းပေးတော့ ဦးထုတ်လေးပိုက်ရင်း အူကြောင်ကြောင်လေးပြန်ကြည့်နေတယ်..
~အသဲယားအောင်သိပ်မလုပ်နဲ့ကောရာ..~
"လိုက်ပို့မယ်လေ.. ကောလမ်းလျှောက်ပုံနဲ့ဆို သန်းခေါင်မှပဲ အိမ်ရောက်တော့မှာ.. ဆိုင်ကယ်နဲ့လဲလေညှင်းခံလို့ရတယ်..."
"အိမ်ကနီးပါတယ်... ကိုယ်လိုက်ရင် ရိပေါ်ဆောင်းစရာမှမရှိတော့တာ...အန္တရာယ်များတယ်.."
"ရပါတယ်ကောရာ..အေးဆေး... ရပြီ.. တက်တော့.."
ရှောင်းကျန့်ကို ဦးထုပ်ဆောင်းပေးလိုက်ပြီး ဆိုင်ကယ်ခုံကို ပုတ်ပြကာ တက်ဖို့ခေါ်နေတဲ့ရိပေါ်က ခုနက training ကြောင့်ပင်ပန်းနေတယ်ဆိုတဲ့ရိပေါ်နဲ့ တစ်ခြားစီပါပဲ...
ရှောင်းကျန့်လဲ ငြင်းမရတော့ ခပ်ပြုံးပြုံးနဲ့ ခေါင်းလေးတခါခါနဲ့ ဆိုင်ကယ်ပေါ်တက်ထိုင်လိုက်ရတော့တယ်...
အကြံသမားလေးရိပေါ်က လိပ်စာမေးပြီးတာနဲ့ သေချာကိုင်ထားနော်ဆိုကာ ဆိုင်ကယ်ကိုစောင့်ထွက်လိုက်ပါတော့တယ်...သူ့အကြံက အောင်တော့မအောင်မြင်လိုက်ဘူး.. ဘာလို့ဆို ရှောင်းကျန့်လက်တွေက ခါးကိုမဖက်လိုက်ပဲ ပုခုံးကိုပဲလာကိုင်ထားတာကိုး..
ဘယ်လိုပဲဖြစ်ဖြစ်ပျော်တာပါပဲ....
ကျန့်ကောကိုလဲ ဆိုင်ကယ်ပေါ်တင်ခေါ်လာရတယ်...
သူ့ပုခုံးကိုလဲကိုင်ထားသေးတယ်...
ကျန့်ကောအိမ်ကိုလဲသိရဦးမယ်...
ရိပေါ်အတွက် အဆင်ပြေတာတွေချည်း....
ဒီလောက်နှေးနှေးလေးမောင်းတာလာတာကိုတောင် အိမ်ကို အမြန်ကြီးရောက်လာခဲ့တယ်...
~နောက်ဆိုနဲနဲဝေးတဲ့အိမ်ပြောင်းဗျာ~
ရှောင်းကျန့်ရဲ့အိမ်လေးက ခြံခပ်ကျယ်ကျယ်လေးထဲမှာရှိပါတယ်... minimalism ပုံစံဆောက်ထားတဲ့အိမ်လေးက ရှောင်းကျန့်လိုပဲ အေးအေးချမ်းချမ်းပုံလေးနဲ့...
"Thank you ရိပေါ်"
"မလိုပါဘူး ကောရာ.."
"နောက်ဆို ဦးထုတ်မပါပဲဆိုင်ကယ်မစီးနဲ့နော်."
"ဟုတ်ကဲ့ပါ ဆရာရှောင်းရဲ့.. နောက်ဆို အပိုဆောင်ထားတော့မှာပါ.. ပုံမှန်ဆိုရင် နောက်ကစီးမဲ့လူမရှိတာနဲ့ ဦးထုတ်အပိုက မရှိနေတာ"
~စျေးဗန်းများခင်းမိသွားမသိဘူး အဟီး~
"ကိုယ်ဝင်တော့မယ်နော်... အိမ်ကောင်းကောင်းပြန် ပေါက်စလေး.."
~ကြိုက်တယ်.. ကောဘယ်လိုခေါ်ခေါ်ကြိုက်တယ်...အဟီးဟီး~
ရိပေါ် fan တွေကမြင်ရင်တော့ ခြံတံခါးအဖြူကြီးကို ပြုံးပြုံးကြီးကြည့်နေတဲ့ သူတို့ရဲ့ tracer 85 ကြီးကို စိတ်ပူမိမယ်ထင်ပါရဲ့.. ပြိုင်ပွဲအတွက်ပင်ပန်းလွန်းလို့ နေများမကောင်းတော့ဘူးလို့ပေါ့...
အိမ်လဲရောက်ရော ရိပေါ်အိပ်ယာပေါ်ဒိုင်ပင်ပစ်လိုက်ပြီး ခေါင်းအုံးကြီးဖက်ကာ ရင်ထဲဂဏန်းတွေလျှောက်နေသလိုခံစားနေရတယ်...ရိပေါ် ခုထိနွေးနေသေးသလိုရှိတဲ့ သူ့ပုခုံးသူအုပ်ကိုင်လိုက်ရင်း
~ကျန့်ကောရေ ကျွန်တော်တော့ ရောဂါအတော်ကျွမ်းနေပြီ~
_________________
(Zawgyi)
"ရိေပၚ ၿပိဳင္ပြဲကို ကိုယ္လာအားေပးခ်င္တယ္"
"လာေလ Zack"
"ကိုယ္လက္မွတ္ဝယ္လိုက္ေတာ့မယ္ေနာ္..."
ရိေပၚခြင့္ျပဳလိုက္တာနဲ႔ Zack က online ကေနလက္မွတ္တန္းဝယ္ေတာ့တယ္...
~က်န္႔ေကာကေတာ့ ကၽြန္ေတာ္လက္မွတ္လာေပးထားတာေတာင္ လာပါ့မလားပဲ.. ေခ်မိုးေနတာပဲ..~
"gotcha!!! ရသြားၿပီ..
ရိေပၚ ေလ့က်င့္ရတာ အရမ္းပင္ပန္းေနလား..က်န္းမာေရးလဲ ဂ႐ုစိုက္ဦးေနာ္.."
"ပြဲနီးရင္ကေတာ့ ဒီလိုပါပဲ.. က်င့္သားရေနပါၿပီ..ကၽြန္ေတာ္ျပန္ဝင္ေတာ့မယ္ေနာ္.. ေနာက္မွေတြ႕မယ္ Zack"
"See you later ရိေပၚ... Do your magic!!!"
Zack က ရိေပၚေလ့က်င့္ေနတုန္း ထမင္းစားနားခ်ိန္ကို ခဏလာေတြ႕တာ။ အခု ရိေပၚtraining ျပန္ဝင္ရေတာ့မယ္ဆိုေတာ့ မျပန္ခ်င္ျပန္ခ်င္နဲ႔ပဲ ျပန္လာခဲ့ရပါတယ္...
Training ၿပီးေတာ့ ရိေပၚ ဆိုင္ကယ္နဲ႔ပဲ အိမ္ျပန္လာလိုက္တယ္... Zio နားေရာက္ေတာ့ က်န္႔ေကာကိုဝင္ေတြ႕လိုက္ခ်င္ေသးတာ... အရမ္းပင္ပန္းေနၿပီမို႔သာ မဝင္လိုက္ေတာ့တာ... ဒီလိုနဲ႔ Zio ကို နဲနဲေက်ာ္လာေတာ့ ပလက္ေဖာင္းမွာ ေအးေအးလူလူလမ္းေလၽွာက္ေနတဲ့ ေရွာင္းက်န္႔ကိုေတြ႕ရတယ္... ေရွာင္းက်န္႔ရဲ့ ေက်ာျပင္ေလးကို စေတြ႕ထဲက ရိေပၚဘရိတ္ဆြဲၿပီးသား...
"က်န္႔ေကာ.."
"ရိေပၚ!?!?"
"ေကာ ဘယ္သြားမလို႔လဲ.."
"အိမ္ျပန္ေနတာေလ.."
"အယ္... ကားနဲ႔မျပန္ဘူးလားေကာရဲ့.."
"ကားက workshop ပို႔ထားရတယ္ ပ်က္ေနလို႔..
Taxi လဲမစီးခ်င္လို႔ေလ.. ရာသီဥတုကေကာင္းေတာ့ ေလညႇင္းခံရင္း လမ္းေလၽွာက္ျပန္ေနတာ.."
"လာ... တက္"
ေျပာေျပာဆိုဆိုနဲ႔ ရိေပၚ သူဝတ္ထားတဲ့ ဦးထုတ္ကိုခၽြတ္ၿပီး ေရွာင္းက်န္႔ကိုလွမ္းေပးေတာ့ ဦးထုတ္ေလးပိုက္ရင္း အူေၾကာင္ေၾကာင္ေလးျပန္ၾကည့္ေနတယ္..
~အသဲယားေအာင္သိပ္မလုပ္နဲ႔ေကာရာ..~
"လိုက္ပို႔မယ္ေလ.. ေကာလမ္းေလၽွာက္ပုံနဲ႔ဆို သန္းေခါင္မွပဲ အိမ္ေရာက္ေတာ့မွာ.. ဆိုင္ကယ္နဲ႔လဲေလညႇင္းခံလို႔ရတယ္..."
"အိမ္ကနီးပါတယ္... ကိုယ္လိုက္ရင္ ရိေပၚေဆာင္းစရာမွမရွိေတာ့တာ...အႏၲရာယ္မ်ားတယ္.."
"ရပါတယ္ေကာရာ..ေအးေဆး... ရၿပီ.. တက္ေတာ့.."
ေရွာင္းက်န္႔ကို ဦးထုပ္ေဆာင္းေပးလိုက္ၿပီး ဆိုင္ကယ္ခုံကို ပုတ္ျပကာ တက္ဖို႔ေခၚေနတဲ့ရိေပၚက ခုနက training ေၾကာင့္ပင္ပန္းေနတယ္ဆိုတဲ့ရိေပၚနဲ႔ တစ္ျခားစီပါပဲ...
ေရွာင္းက်န္႔လဲ ျငင္းမရေတာ့ ခပ္ျပဳံးျပဳံးနဲ႔ ေခါင္းေလးတခါခါနဲ႔ ဆိုင္ကယ္ေပၚတက္ထိုင္လိုက္ရေတာ့တယ္...
အႀကံသမားေလးရိေပၚက လိပ္စာေမးၿပီးတာနဲ႔ ေသခ်ာကိုင္ထားေနာ္ဆိုကာ ဆိုင္ကယ္ကိုေစာင့္ထြက္လိုက္ပါေတာ့တယ္...သူ႔အႀကံက ေအာင္ေတာ့မေအာင္ျမင္လိုက္ဘူး.. ဘာလို႔ဆို ေရွာင္းက်န္႔လက္ေတြက ခါးကိုမဖက္လိုက္ပဲ ပုခုံးကိုပဲလာကိုင္ထားတာကိုး..
ဘယ္လိုပဲျဖစ္ျဖစ္ေပ်ာ္တာပါပဲ....
က်န္႔ေကာကိုလဲ ဆိုင္ကယ္ေပၚတင္ေခၚလာရတယ္...
သူ႔ပုခုံးကိုလဲကိုင္ထားေသးတယ္...
က်န္႔ေကာအိမ္ကိုလဲသိရဦးမယ္...
ရိေပၚအတြက္ အဆင္ေျပတာေတြခ်ည္း....
ဒီေလာက္ေႏွးေႏွးေလးေမာင္းတာလာတာကိုေတာင္ အိမ္ကို အျမန္ႀကီးေရာက္လာခဲ့တယ္...
~ေနာက္ဆိုနဲနဲေဝးတဲ့အိမ္ေျပာင္းဗ်ာ~
ေရွာင္းက်န္႔ရဲ့အိမ္ေလးက ၿခံခပ္က်ယ္က်ယ္ေလးထဲမွာရွိပါတယ္... minimalism ပုံစံေဆာက္ထားတဲ့အိမ္ေလးက ေရွာင္းက်န္႔လိုပဲ ေအးေအးခ်မ္းခ်မ္းပုံေလးနဲ႔...
"Thank you ရိေပၚ"
"မလိုပါဘူး ေကာရာ.."
"ေနာက္ဆို ဦးထုတ္မပါပဲဆိုင္ကယ္မစီးနဲ႔ေနာ္."
"ဟုတ္ကဲ့ပါ ဆရာေရွာင္းရဲ့.. ေနာက္ဆို အပိုေဆာင္ထားေတာ့မွာပါ.. ပုံမွန္ဆိုရင္ ေနာက္ကစီးမဲ့လူမရွိတာနဲ႔ ဦးထုတ္အပိုက မရွိေနတာ"
~ေစ်းဗန္းမ်ားခင္းမိသြားမသိဘူး အဟီး~
"ကိုယ္ဝင္ေတာ့မယ္ေနာ္... အိမ္ေကာင္းေကာင္းျပန္ ေပါက္စေလး.."
~ႀကိဳက္တယ္.. ေကာဘယ္လိုေခၚေခၚႀကိဳက္တယ္...အဟီးဟီး~
ရိေပၚ fan ေတြကျမင္ရင္ေတာ့ ၿခံတံခါးအျဖဴႀကီးကို ျပဳံးျပဳံးႀကီးၾကည့္ေနတဲ့ သူတို႔ရဲ့ tracer 85 ႀကီးကို စိတ္ပူမိမယ္ထင္ပါရဲ့.. ၿပိဳင္ပြဲအတြက္ပင္ပန္းလြန္းလို႔ ေနမ်ားမေကာင္းေတာ့ဘူးလို႔ေပါ့...
အိမ္လဲေရာက္ေရာ ရိေပၚအိပ္ယာေပၚဒိုင္ပင္ပစ္လိုက္ၿပီး ေခါင္းအုံးႀကီးဖက္ကာ ရင္ထဲဂဏန္းေတြေလၽွာက္ေနသလိုခံစားေနရတယ္...ရိေပၚ ခုထိေႏြးေနေသးသလိုရွိတဲ့ သူ႔ပုခုံးသူအုပ္ကိုင္လိုက္ရင္း
~က်န္႔ေကာေရ ကၽြန္ေတာ္ေတာ့ ေရာဂါအေတာ္ကၽြမ္းေနၿပီ~
to be continued...