ချစ်ရပါသောမောင် (ခ်စ္ရပါေသာေမ...

By Lily_Han02

1.3M 110K 3.5K

❣︎𝐴𝑟𝑡 𝑏𝑦 𝑆𝑢𝑦𝑖❣︎ ❦{Own Creation}❦ Unicode&Zawgyi မောင်ပေးတဲ့ အနွေးဓာတ်တွေကို ဖမ်းဆုပ်ထားရင်း နွေးထွေ... More

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57
Chapter-58(Finale)
Extra-1
Extra-2
Extra-3
Extra-4
Extra-5
Final Extra
Special Extra-1(Surprise!!)
Special Extra-2
Final Special Extra-3
Hello><

Chapter-33

17.7K 1.6K 79
By Lily_Han02

Unicode

ကံကြမ္မာက ဆုံစည်းပေးဖို့ ဖြစ်လာခဲ့တာ
အဝါရောင်ခေါက်ထီးလေး တစ်လက်ကနေ
အစပြုပါတယ်....။

                         ************

အိပ်ရာနိုးလာရင် မောင်ပြန်ရောက်နေပါစေ
ဆိုပြီး ဆုတောင်းဖြစ်ခဲ့တာလည်း အထပ်
ထပ်အခါခါ။ဆုတောင်းတွေပြည့်ဖို့များ
ခက်ခဲလွန်းသလား။အိပ်ရာကနိုးတော့
မောင့်အရိပ်အယောင်ကိုလည်းမတွေ့ရ။
သက်ပြင်းချမိတာ စိတ်ပျက်ပျက်နှင့်ပင်။

"ဟူး...."

"အစ်ကိုတောင် နိုးလာပြီ"

အခန်းထဲသို့ နေရှင်းဝင်လာရင်းမှပြောသည်။
အနောက်မှာ ခေတ်သွန်းလေးလည်းပါလာသည်။

"ကိုသု သက်သာရဲ့လားဟင်"

"သက်သာပါတယ်ဗျာ"

မုန့်လုံးလေးကတော့ ပါးစပ်နဲ့ မုန့်နဲ့မပြတ်။
ခေတ်သွန်းလေးကိုကြည့်ပြီး သဘောတကျ
ပြုံးမိတာဖြစ်သည်။

"နေရှင်း..မောင့်ဆီက ဆက်သွယ်လာသေးလား"

"ဪ သော်ယံက ပြန်....အား!!"

နေရှင်း ခြေထောက်ကို ခေတ်ခေတ်က
တက်နင်းထားပစ်ပြီး နေရှင်းကို အံကြိတ်
ကာ မျက်လုံးနဲ့မပြောဖို့လည်းတားသည်။
သော်ယံမောင်ကိုယ်တိုင်က မပြောဖို့မှာထား
ခဲ့တာပဲ။အိမ်ပြန်ပြီး ကိုကို့အတွက် လိုအပ်တာ
တွေယူရင်း ရေချိုးပြီးမှပြန်လာမှာဖြစ်ကြောင်း
နဲ့ သူပြန် ရောက်ပြီဆိုတာကို မပြောနဲ့ဆိုကာ
မှာထားခဲ့တာဖြစ်သည်။

"ဘာဖြစ်လို့လဲ နေရှင်း"

"ပုရွက်ဆိတ်အဖြူလေး လာကိုက်လို့.."

"ဟမ် ပုရွက်ဆိတ်အဖြူ"

"ထားလိုက်ပါတော့ အစ်ကိုမျက်နှာသစ်မှာမလား"

"အင်း ခေတ်သွန်းလေးခဏနော်..အစ်ကို
မျက်နှာသွားသစ်လိုက်ဦးမယ်"

"ခေတ်ခေတ် တွဲပေးမယ်လေ"

"ရပါတယ် အစ်ကို့ဘာသာပဲသွားပါ့မယ်"

မောင်ဆက်သွယ်လာသေးလားဆိုတဲ့
အမေးတို့ရှိပေမဲ့ အဖြေတို့က မရှိခဲ့။
ငါ မောင့်ကိုလိုအပ်တယ်။
ကိုကို မရှိတော့တဲ့အခါမှ နေရှင်းက
ခေတ်ခေတ်ကိုကြည့်လာရင်း နာသလို
ဟန်ဆောင်ပြသည်။

"ခေတ်ခေတ်လေး ကိုယ်နာသွားပြီ"

"သေလိုက်"

​ခေတ်သွန်းစကားကြောင့် နေရှင်းမှာ
အင်တင်တင်တော့ဖြစ်သည်။
သေလိုက်တဲ့လား။သူ့မုန့်လောက်တောင်
အရေးပေးမခံရတဲ့ဘဝ။အသားပေါင်းစား
နေတော့ ပါးနှစ်ဖက်က ဖောင်းတက်လာသည်။
ခပ်အိအိလေးဖြစ်ပုံပေါ်တော့ ခေတ်ခေတ်ပါး
ကို နေရှင်းလက်ဖြင့် တို့ထိမိတာဖြစ်သည်။

"ခေတ်ခေတ်"

"ဗျာ"

ပါးစပ်ထဲက မုန့်ကိုပဲ ဆက်ဝါးရမလား၊
ဒီတိုင်းပဲမျိုချပစ်ရမလား။အစ်ကိုနေရှင်း
မျက်လုံးတွေကိုကြည့်မိတော့ ဆက်မဝါး
ဖြစ်ပဲ မျိုချလိုက်မိတဲ့အဖြစ်။
အစ်ကိုနေရှင်းက ဒီတိုင်းနေတာတောင်
ခေတ်ခေတ်မှာရင်တွေတုန်သည်။
ဘယ်လို လူကြီးမှန်းမသိဘူး။

"ဟေ့ ကလေးလေး ကိုယ့်ကိုကြည့်မဝလို့လား"

"မဟုတ်ပါဘူးနော်..ဒီရုပ်ကြီးက ရည်းစားရှုပ်
ခဲ့တယ်ဆိုတာကို မယုံနိုင်လို့"

ခေတ်ခေတ်စကားတစ်ခွန်းက နေရှင်းကို
စကားလုံးတွေပင် ပျောက်ရှစေသည်။
အချိန်တွေသာ နောက်ပြန်ရစ်လို့ရမယ်ဆိုရင် ရည်စားမရှုပ်ဘဲ နေပစ်ရမှာ။အခုတော့
ခေတ်ခေတ်က စနောက်ပြောတိုင်း နောင်တ
တရားတွေပဲ အထပ်ထပ်အခါခါရသည်။
ပြောစရာစကားတို့ကိုလည်း အစတောင်
ရှာမရ။ဒီကိစ္စကြောင့် ခေတ်ခေတ်နဲ့ နေရှင်း
ကြားမှာ ဆူးငြောင့်ခလုတ်ဖြစ်နေမှာကို
နေရှင်းကြောက်သည်။

"ကိုယ့်ကို အထင်သေးလားခေတ်ခေတ်"

"ဟင် ဘာကိုအထင်သေးရမှာလဲ"

"ကိုယ်ရည်းစားတွေရှုပ်ခဲ့တာကိုလေ"

ယောကျာ်းကြီးတန်မဲ့ ကိုယ်က မျက်ရည်ဝဲ
ရင်းမေးမိတော့ ထိုကလေးက ရှောင်ထွက်သည်။

"ပေးတိုင်းပြန်မရတဲ့အရာတွေထဲမှာ
ဘာပါလဲ သိလားအစ်ကိုနေရှင်း"

"အချစ်ပေါ့ ဟုတ်တယ်မလား"

"ဟုတ်ပါဘူးနော်..အကြွေးလေ အစ်ကိုနေရှင်း
ရဲ့။ခေတ်ခေတ်ဆီက ပိုက်ဆံချေးပြီး ပြန်မဆပ်
ကြတဲ့ သူငယ်ချင်းတွေမှအများကြီး။
ခေတ်ခေတ်ပြန်တောင်းရင်တောင် ခေတ်ခေတ်
မှာ မျက်နှာငယ်လေးနဲ့ ပြန်တောင်းနေရတာ။
မသိရင် ခေတ်ခေတ်က သူတို့ဆီကပဲ ပိုက်ဆံ
ချေးနေရသလိုမျိုး"

ကိုယ့်မှာ ခေတ်ခေတ်ပြောတာကိုနားထောင်
ရင်း ရယ်ရမလို၊ငိုရမလိုဖြစ်သည်။
ဒီကလေးနှယ့် ကိုယ်က ခံစားမလို့ပဲရှိ
သေးတယ် သူပြောတာနဲ့ စိတ်ညစ်တာတာ
တောင် ပျောက်သည်။

ကိုယ်က ခွင့်လွှတ်ပေးမှာမို့ ငယ်သူမို့ ဆိုးစမ်း
ပါလေ။

                                ***********

မောင်ရေချိုးပြီးနောက် ကိုကို့အတွက်
လိုအပ်တာတွေယူဖို့ ကိုကို့အခန်းထဲကိုလည်း
သွားဖြစ်သည်။အဝတ်စားထည့်ထားတဲ့
ဗီရိုကိုဖွင့်ရင်း အဝတ်စားအနည်းငယ်ကို
ယူသည်။ပြန်ပိတ်ဖို့လုပ်တော့ ဗီရိုထဲမှ
ထွက်ကျလာသည့် အဝါရောင်ခေါက်ထီး
တစ်လက်နှင့် ဓာတ်ပုံတစ်ပုံ။
မောင်ကောက်လိုက်ပြီး ဓာတ်ပုံကိုအရင်
ကြည့်မိတာဖြစ်သည်။ကိုကိုက ဒီထီးအဝါ
ကို ဆောင်းပြီးရိုက်ထားတာ။
နှစ်အနည်းငယ်တော့ ကြာမည့်ပုံပေါ်သည်။
ဓာတ်ပုံနောက်ကျောကို ကြည့်မိတော့
မောင့်မှာ တမေ့တမြော။
ရက်စွဲအတိအကျရေးထားပြီး ထီးပိုင်ရှင်
ကိုပြန်ပေးရန်တဲ့။ဆိုလိုချင်တာကတော့
ဒီထီးအဝါကိုပြန်ပေးရမယ်ဆိုတဲ့သဘော။
ထီးကို မောင့်ဖွင့်ကြည့်မိမှ ဒါ မောင်ပိုင်တဲ့
ထီးမှန်းသိရသည်။အကြောင်းအရာက
ထီးမှာ မောင်ကိုယ်တိုင်အမှတ်သားလုပ်
ထားခဲ့တာကြောင့်မို့ ဖြစ်မည်။

"ဒါဆို အဲ့နေ့က ကိုကိုလား"

​အတည်ပြုဖို့ မောင်က သူ့အခန်းထဲကိုလည်း
အမြန်ပြေးသည်။ထို့နောက် ဓာတ်ပုံတို့ထည့်
ထားသည့် Albumတွေကို ထုတ်ကာ လှန်လှော
ရှာမိတာက ဓာတ်ပုံတစ်ပုံကို။ပထမတစ်ခုမှာ
မတွေ့တော့ ဒုတိယတစ်ခုကိုဆက်ရှာသည်။
ရှာနေတဲ့ပုံကိုတွေ့တော့ ဆွဲထုတ်ရင်း ရက်စွဲ
ကိုကြည့်မိမှ တစ်ထပ်တည်းလည်းကျသည်။

"သေချာတယ်။ဒါဆို အဲဒီနေ့က ကိုကိုပေါ့"

"ဘယ်လိုတောင် မမှတ်မိခဲ့ရတာလဲ။
မောင်တို့နှစ်ယောက်လုံး မမှတ်မိကြတာပဲ"

ကိုကို့ကို တွေ့ချင်စိတ်တို့ ဖြစ်တည်ပေါ်လာ
တော့ ယူရမဲ့ပစ္စည်းတွေကိုလည်း အမြန်ယူ၊
ကားပေါ်တင်ရင်း ဆေးရုံကိုကားမောင်းထွက်
ဖြစ်လာသည်။မထင်မှတ်ဘဲ ကူညီမိလိုက်တဲ့
သူက ကိုကို့ကိုမှတဲ့လေ။ဒါဆို မောင်တို့
တွေ့ဆုံမှုက ထီးဝါတစ်လက်ကနေ အစပြု
ခဲ့တာပေါ့။နောင်တစ်ချိန်မှာ မောင်ချစ်မိမဲ့
ကောင်လေးမှန်းသာ သိခဲ့ရင် အဲ့နေ့ကတည်းက အလွတ်ပေးခဲ့မှာမဟုတ်ဘူး။

​အဝါရောင်ခေါက်ထီးတစ်လက်က
မောင် မဟုတ်ခဲ့ပေမဲ့ မောင့်အငွေ့သက်တွေ
ရှိနေခဲ့တော့ မောင်ကျေနပ်မိတာပဲ။
မောင့်မေတ္တာတွေနဲ့ မောင့်အရိပ်အမိုးအောက်
မှာ အေးချမ်းပါစေလို့ မောင်တောင်းဆုပြုပါတယ်။

(2.9.2020)Lily_Han🍀

Zawgyi

ကံၾကမၼာက ဆုံစည္းေပးဖို႔ ျဖစ္လာ
ခဲ့တာ အဝါေရာင္ေခါက္ထီးေလး တစ္လက္ကေန
အစျပဳပါတယ္....။

                         ************

အိပ္ရာနိုးလာရင္ ေမာင္ျပန္ေရာက္ေန
ပါေစဆိုၿပီး ဆုေတာင္းျဖစ္ခဲ့တာလည္း အထပ္ထပ္အခါခါ။ဆုေတာင္းေတြျပည့္
ဖို႔မ်ား ခက္ခဲလြန္းသလား။အိပ္ရာကနိုးေတာ့
ေမာင့္အရိပ္အေယာင္ကိုလည္းမေတြ႕ရ။
သက္ျပင္းခ်မိတာ စိတ္ပ်က္ပ်က္ႏွင့္ပင္။

"ဟူး...."

"အစ္ကိုေတာင္ နိုးလာၿပီ"

အခန္းထဲသို႔ ေနရွင္းဝင္လာရင္းမွေျပာ
သည္။အေနာက္မွာ ေခတ္သြန္းေလးလည္း
ပါလာသည္။

"ကိုသု သက္သာရဲ့လားဟင္"

"သက္သာပါတယ္ဗ်ာ"

မုန႔္လုံးေလးကေတာ့ ပါးစပ္နဲ႔ မုန႔္နဲ႔မျပတ္။
ေခတ္သြန္းေလးကိုၾကည့္ၿပီး သေဘာ
တက်ျပဳံးမိတာျဖစ္သည္။

"ေနရွင္း..ေမာင့္ဆီက ဆက္သြယ္လာေသးလား"

"ေအာ္ ေသာ္ယံက ျပန္....အား!!"

ေနရွင္း ေျခေထာက္ကို ေခတ္ေခတ္က
တက္နင္းထားပစ္ၿပီး ေနရွင္းကို အံႀကိတ္
ကာ မ်က္လုံးနဲ႔မေျပာဖို႔လည္းတားသည္။
ေသာ္ယံေမာင္ကိုယ္တိုင္က မေျပာဖို႔မွာထား
ခဲ့တာပဲ။အိမ္ျပန္ၿပီး ကိုကို႔အတြက္ လိုအပ္တာ
ေတြယူရင္း ေရခ်ိဳးၿပီးမွျပန္လာမွာျဖစ္
​ေၾကာင္းနဲ႔ သူျပန္ ေရာက္ၿပီဆိုတာကို မေျပာနဲ႔ဆိုကာ မွာထားခဲ့တာျဖစ္သည္။

"ဘာျဖစ္လို႔လဲ ေနရွင္း"

"ပုရြက္ဆိတ္အျဖဴေလး လာကိုက္လို႔.."

"ဟမ္ ပုရြက္ဆိတ္အျဖဴ"

"ထားလိုက္ပါေတာ့ အစ္ကိုမ်က္ႏွာသစ္မွာမလား"

"အင္း ေခတ္သြန္းေလးခဏေနာ္..
အစ္ကိုမ်က္ႏွာသြားသစ္လိုက္ဦးမယ္"

"ေခတ္ေခတ္ တြဲေပးမယ္ေလ"

"ရပါတယ္ အစ္ကို႔ဘာသာပဲသြားပါ့မယ္"

ေမာင္ဆက္သြယ္လာေသးလားဆိုတဲ့
အေမးတို႔ရွိေပမဲ့ အေျဖတို႔က မရွိခဲ့။
ငါ ေမာင့္ကိုလိုအပ္တယ္။
ကိုကို မရွိေတာ့တဲ့အခါမွ ေနရွင္းက
ေခတ္ေခတ္ကိုၾကည့္လာရင္း နာသလို
ဟန္ေဆာင္ျပသည္။

"ေခတ္ေခတ္ေလး ကိုယ္နာသြားၿပီ"

"ေသလိုက္"

​ေခတ္သြန္းစကားေၾကာင့္ ေနရွင္း
မွာ အင္တင္တင္ေတာ့ျဖစ္သည္။
ေသလိုက္တဲ့လား။သူ႔မုန႔္ေလာက္ေတာင္
အေရးေပးမခံရတဲ့ဘဝ။အသားေပါင္းစား
ေနေတာ့ ပါးႏွစ္ဖက္က ေဖာင္းတက္လာသည္။
ခပ္အိအိေလးျဖစ္ပုံေပၚေတာ့ ေခတ္ေခတ္ပါး
ကို ေနရွင္းလက္ျဖင့္ တို႔ထိမိတာျဖစ္သည္။

"ေခတ္ေခတ္"

"ဗ်ာ"

ပါးစပ္ထဲက မုန႔္ကိုပဲ ဆက္ဝါးရမလား၊
ဒီတိုင္းပဲမ်ိဳခ်ပစ္ရမလား။အစ္ကိုေနရွင္း
မ်က္လုံးေတြကိုၾကည့္မိေတာ့ ဆက္မဝါး
ျဖစ္ပဲ မ်ိဳခ်လိုက္မိတဲ့အျဖစ္။
အစ္ကိုေနရွင္းက ဒီတိုင္းေနတာေတာင္
ေခတ္ေခတ္မွာရင္ေတြတုန္သည္။
ဘယ္လို လူႀကီးမွန္းမသိဘူး။

"ေဟ့ ကေလးေလး ကိုယ့္ကိုၾကည့္
မဝလို႔လား"

"မဟုတ္ပါဘူးေနာ္..ဒီ႐ုပ္ႀကီးက ရည္းစား
ရွုပ္ခဲ့တယ္ဆိုတာကို မယုံနိုင္လို႔"

ေခတ္ေခတ္စကားတစ္ခြန္းက ေနရွင္း
ကို စကားလုံးေတြပင္ ေပ်ာက္ရွေစသည္။
အခ်ိန္ေတြသာ ေနာက္ျပန္ရစ္လို႔ရမယ္ဆိုရင္ ရည္စားမရွုပ္ဘဲ ေနပစ္ရမွာ။အခုေတာ့
ေခတ္ေခတ္က စေနာက္ေျပာတိုင္း
​ေနာင္တတရားေတြပဲ အထပ္ထပ္အခါခါရသည္။
ေျပာစရာစကားတို႔ကိုလည္း အစေတာင္
ရွာမရ။ဒီကိစၥေၾကာင့္ ေခတ္ေခတ္နဲ႔
ေနရွင္းၾကားမွာ ဆူးေျငာင့္ခလုတ္
ျဖစ္ေနမွာကို ​ေနရွင္းေၾကာက္သည္။

"ကိုယ့္ကို အထင္ေသးလားေခတ္ေခတ္"

"ဟင္ ဘာကိုအထင္ေသးရမွာလဲ"

"ကိုယ္ရည္းစားေတြရွုပ္ခဲ့တာကိုေလ"

ေယာက်ာ္းႀကီးတန္မဲ့ ကိုယ္က မ်က္ရည္ဝဲ
ရင္းေမးမိေတာ့ ထိုကေလးက ေရွာင္ထြက္သည္။

"ေပးတိုင္းျပန္မရတဲ့အရာေတြထဲမွာ
ဘာပါလဲ သိလားအစ္ကိုေနရွင္း"

"အခ်စ္ေပါ့ ဟုတ္တယ္မလား"

"ဟုတ္ပါဘူးေနာ္..အေႂကြးေလ အစ္ကို
​ေနရွင္းရဲ့။ေခတ္ေခတ္ဆီက ပိုက္ဆံေခ်းၿပီး ျပန္မဆပ္ၾကတဲ့ သူငယ္ခ်င္းေတြမွအမ်ား
ႀကီး။​ေခတ္ေခတ္ျပန္ေတာင္းရင္
​ေတာင္ ေခတ္ေခတ္မွာ မ်က္ႏွာငယ္ေလးနဲ႔ ျပန္ေတာင္းေနရတာ။
မသိရင္ ေခတ္ေခတ္က သူတို႔ဆီကပဲ ပိုက္ဆံ
ေခ်းေနရသလိုမ်ိဳး"

ကိုယ့္မွာ ေခတ္ေခတ္ေျပာတာကို
နားေထာင္ရင္း ရယ္ရမလို၊ငိုရမလိုျဖစ္သည္။
ဒီကေလးႏွယ့္ ကိုယ္က ခံစားမလို႔ပဲရွိ
ေသးတယ္ သူေျပာတာနဲ႔ စိတ္ညစ္တာတာ
ေတာင္ ေပ်ာက္သည္။

ကိုယ္က ခြင့္လႊတ္ေပးမွာမို႔ ငယ္သူမို႔
ဆိုးစမ္းပါေလ။

                                ***********

ေမာင္ေရခ်ိဳးၿပီးေနာက္ ကိုကို႔အတြက္
လိုအပ္တာေတြယူဖို႔ ကိုကို႔အခန္းထဲ
ကိုလည္းသြားျဖစ္သည္။အဝတ္စားထည့္
ထားတဲ့ ဗီရိုကိုဖြင့္ရင္း အဝတ္စား
အနည္းငယ္ကို ယူသည္။ျပန္ပိတ္ဖို႔လုပ္ေတာ့
ဗီရိုထဲမွထြက္က်လာသည့္ အဝါေရာင္ေခါက္ထီး
တစ္လက္ႏွင့္ ဓာတ္ပုံတစ္ပုံ။
ေမာင္ေကာက္လိုက္ၿပီး ဓာတ္ပုံကိုအရင္
ၾကည့္မိတာျဖစ္သည္။ကိုကိုက ဒီထီးအဝါ
ကို ေဆာင္းၿပီးရိုက္ထားတာ။
ႏွစ္အနည္းငယ္ေတာ့ ၾကာမည့္ပုံ
​ေပၚသည္။ဓာတ္ပုံေနာက္ေက်ာကို ၾကည့္မိေတာ့​ေမာင့္မွာ တေမ့တေျမာ။
ရက္စြဲအတိအက်ေရးထားၿပီး ထီးပိုင္ရွင္
ကိုျပန္ေပးရန္တဲ့။ဆိုလိုခ်င္တာကေတာ့
ဒီထီးအဝါကိုျပန္ေပးရမယ္ဆိုတဲ့သေဘာ။
ထီးကို ေမာင့္ဖြင့္ၾကည့္မိမွ ဒါ ေမာင္ပိုင္တဲ့
ထီးမွန္းသိရသည္။အေၾကာင္းအရာက
ထီးမွာ ေမာင္ကိုယ္တိုင္အမွတ္သားလုပ္
ထားခဲ့တာေၾကာင့္မို႔ ျဖစ္မည္။

"ဒါဆို အဲ့ေန႔က ကိုကိုလား"

​အတည္ျပဳဖို႔ ေမာင္က သူ႔အခန္းထဲကို
လည္း အျမန္ေျပးသည္။ထို႔ေနာက္
ဓာတ္ပုံတို႔ထည့္ ထားသည့္ Album
​ေတြကို ထုတ္ကာ လွန္ေလွာရွာမိတာက
ဓာတ္ပုံတစ္ပုံကို။ပထမတစ္ခုမွာ မေတြ႕ေတာ့
ဒုတိယတစ္ခုကိုဆက္ရွာသည္။ရွာေနတဲ့ပုံကို
​ေတြ႕ေတာ့ ဆြဲထုတ္ရင္း ရက္စြဲ
ကိုၾကည့္မိမွ တစ္ထပ္တည္းလည္းက်သည္။

"ေသခ်ာတယ္။ဒါဆို အဲဒီေန႔က ကိုကိုေပါ့"

"ဘယ္လိုေတာင္ မမွတ္မိခဲ့ရတာလဲ။
ေမာင္တို႔ႏွစ္ေယာက္လုံး မမွတ္မိၾကတာပဲ"

ကိုကို႔ကို ေတြ႕ခ်င္စိတ္တို႔ ျဖစ္တည္ေပၚ
လာ​ေတာ့ ယူရမဲ့ပစၥည္းေတြကိုလည္း
အျမန္ယူ၊ကားေပၚတင္ရင္း ေဆး႐ုံကိုကား
​ေမာင္းထြက္ျဖစ္လာသည္။မထင္မွတ္ဘဲ
ကူညီမိလိုက္တဲ့သူက ကိုကို႔ကိုမွတဲ့ေလ။
ဒါဆို ေမာင္တို႔ေတြ႕ဆုံမွုက ထီးဝါတစ္လက္
ကေန အစျပဳခဲ့တာေပါ့။ေနာင္တစ္ခ်ိန္မွာ
​ေမာင္ခ်စ္မိမဲ့ ​ေကာင္ေလးမွန္းသာ သိခဲ့ရင္
အဲ့ေန႔ကတည္းက အလြတ္ေပးခဲ့မွာမဟုတ္ဘူး။

​အဝါေရာင္ေခါက္ထီးတစ္လက္က ​ေမာင္ မဟုတ္
ခဲ့ေပမဲ့ ေမာင့္အေငြ႕သက္ေတြ
ရွိေနခဲ့ေတာ့ ေမာင္ေက်နပ္မိတာပဲ။
ေမာင့္ေမတၱာေတြနဲ႔ ေမာင့္အရိပ္
မိုးေအာက္မွာ ေအးခ်မ္းပါေစလို႔
​ေမာင္ေတာင္းဆုျပဳပါတယ္။

(2.9.2020)Lily_Han🍀

Continue Reading

You'll Also Like

198K 23.6K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.6M 65.9K 77
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
443K 33K 42
[Mini-story] Love has no pride!
270K 9.8K 41
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...