Letters

By mysunshineisbright

56.3K 6.1K 121

စာလေးတစ်စောင်မှာ ရေးပေးလိုက်တဲ့သူရဲ့ နှလုံးသားတစ်ခုလုံးကို ခံစားရစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်.. စာေလးတစ္... More

1
2
3
4
5
6
7
8
10
11
12
13
14
15
16
17
18
19
20
21
22
23
24
Finale
❤️📢💚

9

1.8K 232 0
By mysunshineisbright

(Unicode)

ရိပေါ် ၂ ရက်ဆက်တိုက် အိမ်တွင်းအောင်းနေတယ်။ Zack ကတော့ စာအိတ်အပြာတွေအစား message ကနေ တစ်နေ့ ၃ ကြိမ်လောက် စာပို့တယ်...
အစားအချိန်မှန်စားဖို့..
ကော်ဖီလျှော့သောက်ဖို့..
နေကောင်းအောင်နေဖို့..
ပြီးရင် အပြင်မှာထပ်တွေ့ချင်တဲ့အကြောင်း........

~Zack ခင်ဗျားရဲ့လက်ရေးနဲ့အရမ်းတူတဲ့လူတစ်ယောက်ရှိတယ်သိလား....ကျွန်တော်လာမတွေ့တာတောင်သတိမထားမိမဲ့ လူတစ်ယောက်ပေါ့~

ဒီအတိုင်းကြီးနေဖို့မဖြစ်တာကြောင့် Jackson နဲ့အတူတူသောက်ရင်းနဲ့ ရင်ဖွင့်ဖို့စဉ်စားလိုက်တယ်.. အရွယ်ရောက်ပြီးသားလူတစ်ယောက်အနေနဲ့ လွှတ်ချစရာရှိတာ လွှတ်ချပြီး ရှေ့ဆက်လျှောက်ရဦးမယ်မလား...

Jackson ရောက်လာတော့ ဘီယာသောက်ရင်း စကားပြောကြတယ်..
"ရိပေါ်  မင်းရရဲ့လား"
"အဆင်တော့ပြေမနေဘူး"
"အေးကွာ... ကြုံလဲကြုံတတ်တယ်"
"ကြုံတတ်တာမဟုတ်ပါဘူးကွာ.... ငါကိုကမဟုတ်တာပါ.."
"အဲ့လိုတော့လဲဘယ်ဟုတ်မလဲ.. ငါဆိုလဲတွေးမိမှာပဲလေ.. အကြောင်းတွေက တိုက်ဆိုင်နေတာကိုး"
"....."
"Zack က ဘယ်လိုလဲ"
"အဆင်ပြေတဲ့လူပါ.. ထပ်တွေ့ချင်လို့တဲ့စာပို့ထားတယ်"
"တွေ့ကြည့်လေ စိတ်ပြေလက်ပျောက်ပေါ့... မဟုတ်လဲ စာတွေနဲ့ မင်းရင်းနှီးခဲ့တာပဲဟာ.. ဘော်ဒါတစ်ယောက်တိုးတယ်သဘောထားပြီး ပေါ့ပေါ့ပါးပါးပဲတွေ့ကြည့်ပေါ့"
"ငါကျန့်ကောကို လွမ်းတယ်"
"ရိပေါ် ငါပြောမယ်.. မင်းအခုက case ၂ခုကိုရောပြီးစဉ်စားနေလို့..
ကျန့်ကောက မင်းရင်းနှီးနေပြီးသားလူပဲ ထပ်တွေ့လဲဘာမှမဖြစ်ဘူး.. မင်းသွားတွေ့လို့ရတယ်..
Zack ကိုလဲ သူငယ်ချင်းအသစ်ရတယ်သဘောထားပြီးတွေ့လို့ရတာပဲလေ..
နောက်မှ မင်းစိတ်က ဘယ်မှာရှိတာလဲဆိုတာ သိလာမှ ဖြေးဖြေးချင်းသွားလို့ရတာပဲ.. စိတ်ကို ပေါ့ပေါ့ပါးပါးပဲထား.."
"အင်း.. မင်းပြောတာလဲဟုတ်ပါတယ်လေ... ငါကမျှော်လင့်တာတွေများနေလို့ ဒီလိုဖြစ်နေတာ.."

Jackson ပြောလိုက်တော့ ရိပေါ်အတွေးတွေနည်းနည်းရှင်းသွားတယ်...
ရောက်တတ်ရာရာတွေပြောကြရင်း သောက်ကြရင်းနဲ့ ရိပေါ် စိတ်ပြေလက်ပျောက်လေးဖြစ်လာတယ်...
နောက်နေ့တွေ ပုံမှန်အတိုင်း daily life ကိုပြန်ဝင်နိုင်လောက်ပါပြီ..

~ကျန့်ကော လွမ်းရင်တော့ လာတွေ့မယ်နော်.. အရင်လို မျှော်လင့်ချက်တွေမပါမိအောင်သတိထားရင်းပေါ့....~
.
.
.
.
ရိပေါ်ဒီလိုနဲ့ ပြိုင်ပွဲကိုပဲ အာရုံစိုက်ထားလိုက်တယ်... တစ်ခါတစ်လေ Zack နဲ့ကော်ဖီသောက်ရင်း စကားပြောရင်းတွေ့ဖြစ်ကြတယ်...
Zack က ပေါင်းလို့သင်းလို့ကောင်းတဲ့သူတစ်ယောင်ပါပဲ.. စကားပြောလို့လဲအဆင်ပြေတယ်..တစ်ခါတစ်ခါ တရုတ်စကားမကျွမ်းလို့ အသုံးအနှုန်းတွေမှားပြောတဲ့အခါ ရီရသေးတာ...ရိပေါ်တောင်းဆိုထားလို့ ကောင်လေးလို့မခေါ်ပဲ ရိပေါ်လို့ပဲပြောင်းခေါ်ပေးတယ်...ကောင်လေးဆိုတာကို ကျန့်ကောခေါ်တာကလွဲလို့ သူနားမယဉ်နိုင်ဘူး... ပြီးတော့ Zack က နေရခက်စေမဲ့စကားတွေမပြောပဲ သာမာန်မိတ်ဆွေတွေလိုနေပေးတာကိုလဲ ရိပေါ်ကြိတ်ပြီး ကျေးဇူးတင်ရပါသေးတယ်..

ဘယ်လိုပဲပြိုင်ပွဲကိုအာရုံစိုက်ထားတယ်ပဲပြောပြော ကျန့်ကောကိုကတော့ နေ့တိုင်းသတိရတာပါပဲ...
ဟိုတစ်လောတုန်းက Jackson နဲ့သောက်ကြပြီးနောက်နေ့ရောက်တော့ Zio ကိုထွက်လာခဲ့သေးတယ်... ဒါပေမဲ့ ကျန့်ကောက ခရီးသွားနေတယ်တဲ့... မတွေ့ရတာ နှစ်ပါတ်ကျော်ပြီ..

~ကျွန်တော် တော်တော်လေး လွမ်းနေပြီ ကျန့်ကောရေ.. ပြန်လာတော့...~

Telepathy က ကောင်းကောင်းအလုပ်လုပ်တယ်တူပါရဲ့။ နောက်နေ့မှာ ရိပေါ်  training မစခင် Zio ကိုဝင်တော့ ကျန့်ကောကို ထိုင်နေကြခုံလေးမှာတွေ့ရတယ်...ရိပေါ်မပြေးရုံတစ်မယ်လျှောက်သွားလိုက်တယ်...
"ကျန့်ကော... ပြန်ရောက်ပြီလား.."
"ဪ ရိပေါ်... မနေ့ညကပဲရောက်တယ်.."
"ကျွန်တော်ကသတိတွေရနေတာ.."

~shit ဝမ်ရိပေါ် သေလိုက်တော့အဲ့မှာ.. ဘာတွေသွားပြောနေတာလဲ...~

"ရိပေါ် training သွားမလို့လား"

ကျန့်ကောက ရုပ်မပျက်သွားပဲ အေးအေးဆေးဆေးပဲတုန့်ပြန်လာတော့မှ ရိပေါ်စိတ်အေးလိုက်ရတယ်.. မဟုတ်ရင် နှစ်ယောက်လုံးနေရခက်ဦးမယ်လေ...

"ဟုတ်တယ်ကျန့်ကော.. ပြိုင်ပွဲရှိလို့ သေချာလုပ်နေတာ..ပွဲနေ့ကြရင် လာခဲ့ပါလားကော... ကျွန်တော် လက်မှတ်လာပေးမယ်လေ.."

~လာခဲ့ကော.. ကောလာရင် ကျွန်တော် အားရှိပြီး နိုင်ဖို့ပိုသေချာမှာ...~

"ကိုယ့် schedule ကိုတစ်ချက်ပြန်ကြည့်လိုက်ဦးမယ်.. အဆင်ပြေရင်လာတာပေါ့.."

မသေမချာပြန်ဖြေတာပေမဲ့ အပြတ်မငြင်းလိုက်တာပဲ တော်လှပါပြီ..

"Ok ကော.. ကျွန်တော်နောက်နေ့လက်မှတ်လာပေးမယ်.. သွားတော့မယ်နော်.. အချိန်နီးနေပြီ.. bye bye ကော.."

ကျန့်ကောက ပြုံးပြုံးလေးနဲ့ လက်ပြန်ပြတယ်..

~ရပြီ.. ဒီနေ့တစ်နေကုန်လေ့ကျင့်ဖို့ အားအလုံအလောက်ရပြီ.. ကျေးဇူးကျန့်ကော..~

_______________

(Zawgyi)

နေကောင်းအောင်နေဖို့..



"ရိပေါ်  မင်းရရဲ့လား"
"အဆင်တော့ပြေမနေဘူး"
"....."
"Zack က ဘယ်လိုလဲ"


.
.
.
.














to be continued...

Continue Reading

You'll Also Like

1.8M 110K 41
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
6.4K 503 14
#not translation #own creation #You can enjoy both uni & zawgyi versions ဖက်လက်စစာအုပ်ထဲကိုကူး‌ပြောင်းသွားခဲ့တဲ့ရှောင်းကျန့်တယောက် သူဘယ်လိုရှင်သန်ရန...
1.2M 14.8K 52
NOT EDITED YET Gracie Owen's a headstrong journalist major rooms with her childhood best friend JJ Anderson for junior year, little does she know she...
39.4K 3.7K 22
မူကြိုကျောင်းဆရာလေးရှောင်ကျန့်ဟာအကြောင်းတစ်ခုခုကြောင့်ဝတ္ထုထဲကဗီလိန်ရဲ့ယောက်ျားဖြစ်သွားပါတယ်။