(Unicode)
ရိပေါ်မနက်ကို ၆နာရီလောက်ကြီးနိုးလာတယ်။ ချိန်းထားတာက ၁၁:၃၀ မှဆိုတော့ စောလွန်းနေသေးတာမို့ အိပ်ယာပေါ်မှာလူးလိမ့်နေတယ်...မျက်နှာကြီးကလဲပြုံးလို့ပေါ့...
တော်တော်အကြာကြီးလှဲနေပြီးတော့မှ သည်းမခံနိုင်တော့လို့ ထပြီးရေချိုးတော့မယ်လို့တွေးလိုက်တယ်...နာရီထပ်ကြည့်မိတော့ ၆:၃၀..
~what?!?! ငါအတော်သည်းခံပြီးလှဲနေတဲ့အကြာကြီးက နာရီဝက်လား...~
ရေချိုးပြီးတော့ မနေ့ကရှာထားတဲ့ အင်္ကျီကိုဝတ်ကြည့်တယ်...
အရောင်က တောက်လွန်းနေတယ်....နောက်တစ်စုံ
ပွလွန်းတယ်... နောက်တစ်စုံ
ကလေးကလားနဲ့.... နောက်တစ်စုံ
Formal ဖြစ်လွန်းတယ်.... နောက်တစ်စုံ
.
.
.
.
.
.
နောက်တစ်စုံပေါင်းများစွာကို လဲပြီးတဲ့အခါမှာတော့ ရိပေါ် အဆင်သင့်ဖြစ်ပါပြီ...
တီရှပ်အဖြူကို အပေါ်က leather jacket အမဲရောင်ထပ်ပြီး ဘောင်းဘီအမဲရောင်ဝတ်လို့ နေကာမျက်မှန်တပ်ထားတဲ့ racer ရိပေါ်ဟာ idol နဲ့တောင်မှားလောက်ပါတယ်...
ချိန်းထားတဲ့အချိန်ရောက်ဖို့ ၁နာရီခွဲလောက်လိုသေးပေမဲ့ ဘယ်လိုမှ မနေနိုင်တော့လို့ ထွက်လာလိုက်တော့တယ်...ဆိုင်ကယ်ကို သေချာမောင်းလာတယ်..ကျန့်ကောက အမြန်ကြီးမောင်းတာအကြိုက်ဘူးမဟုတ်လား..
ချိန်းထားတဲ့ ဂျပန်ဆိုင်ကိုရောက်တော့ ရိပေါ်သူ့နာမည်ပြောလိုက်တဲ့အခါ သီးသန့်အခန်းလေးဆီကို waitress ကခေါ်သွားပေးတယ်... Zen theme နဲ့ design လုပ်ထားတဲ့ဆိုင်ဆိုတော့ အတော်ကို မျက်စိအေးပြီး ထိုင်လို့ကောင်းတဲ့ဆိုင်လေးပါပဲ...
~ကျန့်ကောက အနုပညာမျက်စိတော့ သိပ်ရှိတာပဲ...ဆိုင်တောင်လှလှလေးကိုရွေးထားတာ..~
Waitress လာချပေးတဲ့ ရေနွေးလေးကိုသောက်ရင်းနဲ့ ရင်ခုန်တာငြိမ်အောင်ကြိုးစားနေရတယ်... အရင်ကပို့ထားတဲ့စာလေးတွေကို ပြန်စဉ်းစားရင်း ခဏနေတွေ့ရမဲ့ ကျန့်ကောကိုပုံဖော်မိတော့ ရင်တွေကခုန်လာပြန်တယ်...
ရုတ်တရက် နီးလာတဲ့ ခြေသံတစ်ခုကိုကြားရတယ်.. ခြေသံကနီးလာလေ ရိပေါ်ရင်ခုန်သံတွေပိုမြန်လာလေပါပဲ... တံခါးဆွဲဖွင့်သံကြားလိုက်ရတဲ့အချိန်မှာတော့ ရိပေါ် နှလုံးသားတစ်ခုလုံးပေါက်ထွက်မတတ်ပါပဲ...
အခန်းထဲဝင်လာတဲ့ခြေသံတစ်ခု အာရုံစိုက်နားထောင်နေပေမဲ့ ရိပေါ်လှည့်မကြည့်ရဲဘူး..ရင်ခုန်ရလွန်းလို့ နဲနဲတောင်မောနေပြီ...
"ကောင်လေး စောင့်နေရတာကြာပြီလား"
၁စက္ကန့်
၂စက္ကန့်
၃စက္ကန့်
ရိပေါ်ရင်ထဲမှာ နျူကလီးယားဗုံးပေါက်သွားသလို...
ရှေ့မှာထိုင်နေတဲ့သူကိုကြည့်ပြီး အသက်ရှုလို့ပင်မရတော့သလို..
ဘာတွေဖြစ်ကုန်တာလဲ....
သူ့ရှေ့မှာထိုင်ပြီး ပြုံးပြနေတာက မျက်လုံးပြာပြာနဲ့ လူတစ်ယောက်..
~ခင်ဗျားဘယ်သူလဲ..
ဘာလို့ကောင်လေးလို့လာခေါ်နေတာလဲ..
ကျန့်ကောရော...
ကျန့်ကောရောလို့......~
ရိပေါ်ရင်ထဲမှာ ဗြောင်းဆန်နေပေမဲ့ နှုတ်ကတော့ ဘာမှထွက်မလာနိုင်ဘူး... ရင်ထဲမွန်းလွန်းလို့ အသက်ကို အားစိုက်ပြီးရှုနေရတယ်...
"ကောင်လေး ကိုယ့်ကိုစကားပြောပါဦး"
"Hi"
ဒီတစ်လုံးထွက်ဖို့ကို ရိပေါ်တစ်ကိုယ်လုံးကအားတွေအကုန်သုံးလိုက်ရသလိုပါပဲ...
"ကိုယ်က ရိပေါ်ကို စာတွေပို့နေတဲ့ Zack ပါ"
~Zack??? Z က Zhan မဟုတ်ပဲ Zack တဲ့လား~
"ဟုတ် ကျွန်တော်ရိပေါ်ပါ"
"ရိပေါ်လာခဲ့ပေးတာ ကိုယ်သိပ်ဝမ်းသာတယ်"
ခပ်ဝဲဝဲတရုတ်သံနဲ့ မျက်နှာချိုတဲ့ ကပြား Zack ဆိုတဲ့သူကို ဒီိအခြေအနေသာမဟုတ်ရင် ခင်မင်မိမှာပဲ...
Zackနဲ့တွေ့နေတဲ့တစ်ချိန်လုံး ထိုသူကဘာတွေပြောလို့ သူကဘာတွေပြန်ဖြေမိလဲလည်းမသိ၊ ဘာတွေစားခဲ့မှန်းလဲမသိ၊ အိမ်ကိုတောင်ဘယ်လိုပြန်ရောက်ခဲ့မှန်းမသိတဲ့ထိ ရိပေါ်ဟုန်နေပြီ...
မျှော်လင့်ချက်နဲ့ နာကျင်ရမှုဟာ တိုက်ရိုက်အချိုးကျပါတယ်... ရိပေါ်က သူ့နှလုံးသားတစ်ခုလုံးရင်းပြီးတော့ကိုမျှော်လင့်ခဲ့တာမှန်း နာကျင်ရတဲ့အချိန်မှ သေချာသိလိုက်ရတယ်...အခုသူ့ရင်ဘတ်တစ်ခုလုံး အကန်ခံထားရသလိုကို နာကျင်နေရတာ...ဒါတောင် ကျန့်ကောက သူ့ကို April fool လုပ်တာများဖြစ်မလားရယ်လို့ အမှတ်မရှိမျှော်လင့်မိတုန်း...
ရိပေါ် စိတ်အနည်းငယ်တည်ငြိမ်လာတော့ အခြေအနေတွေကို ပြန်စဉ်းစားကြည့်တဲ့အခါ ကိုယ့်ကိုကိုယ်သာအပြစ်တင်စရာတွေ့ပါတယ်... ကျန့်ကောက သူ့ကို ဘာမျှော်လင့်ချက်မှ ပေးခဲ့တာမဟုတ်ဘူး.. ကော်ဖီဆိုင်က သူထိုင်တဲ့စားပွဲမှာ အတင်းလာထိုင်ရောတဲ့ လူတစ်ယောက်ကို ခင်မင်ပေးခဲ့ယုံတင်... Zack ကရောဘာထူးလဲ... သူ့နာမည် initial သူသုံးပြီး စာတွေပို့ခဲ့ရုံတင်...ဒီအတောအတွင်းစိတ်ချမ်းသာခဲ့ရတာတွေအတွက် ကျေးဇူးတောင်တင်ရဦးမှာ..
ခြေပစ်လက်ပစ်ထိုင်ရင်း စဉ်းစားခန်းဝင်နေတဲ့အချိန် ဖုန်းက message ဝင်လာတာမို့ကြည့်လိုက်တော့ unknown နံပါတ်နဲ့
"Yibo, have you arrived home safely?
I'm Zack."
ရိပေါ်ဘာမှပြန်မဖြေချင်သေးလို့ ဖုန်းပြန်ချပြီး ဆက်ထိုင်နေလိုက်တယ်..ခဏနေတော့ ဖုန်းဝင်လာတယ်.. Zack ဆီကပဲ...
"Hello"
"ရိပေါ် အိမ်ရောက်ပြီလား.. reply မလာတော့ ကိုယ်စိတ်ပူသွားလို့..."
"ရောက်ပြီ Zack... ကျွန်တော်နားတော့မလို့.."
" oh I'm sorry ရိပေါ်နားပါ.. Have a nice evening"
~ဒီညနေကဘယ်လိုမှ မသာယာနိုင်တော့ဘူး Zack ရေ~
ရိပေါ် ဖုန်းချပြီးတော့ မန်နေဂျာကို ဖုန်းခေါ်လိုက်တယ်..
"ကော ကျွန်တော် တစ်ပါတ်လောက် နားချင်လို့.."
"ဟေ.. ပြိုင်ပွဲနီးနေတာကို.. နေမကောင်းဘူးလားမင်း... ကောလာခဲ့ရမလား"
"ရတယ်ကော.. နားလိုက်ရင်ကောင်းသွားမှာ..ဒါပဲနော်"
ပြီးတာနဲ့ ရိပေါ် ရေအကြာကြီးချိုးနေလိုက်တယ်.. ရင်ထဲပူနေတာတွေသက်သာမလားရယ်လို့.. နောက်တော့ အင်္ကျီ လဲကာ မီးအကုန်ပိတ်ပြီး စောင်ပုံထဲဝင်ခွေနေလိုက်တော့တယ်...ဒီလိုအချိန်မှာ အိပ်လိုက်တာက သူ့အတွက်အသက်သာဆုံးပဲမို့....
~ကျန့်ကောရေ ကျွန်တော်အဆင်ပြေမနေဘူးဗျာ...~
________________
(Zawgyi)
ရိေပၚမနက္ကို ၆နာရီေလာက္ႀကီးနိုးလာတယ္။ ခ်ိန္းထားတာက ၁၁:၃၀ မွဆိုေတာ့ ေစာလြန္းေနေသးတာမို႔ အိပ္ယာေပၚမွာလူးလိမ့္ေနတယ္...မ်က္ႏွာႀကီးကလဲျပဳံးလို႔ေပါ့...
ေတာ္ေတာ္အၾကာႀကီးလွဲေနၿပီးေတာ့မွ သည္းမခံနိုင္ေတာ့လို႔ ထၿပီးေရခ်ိဳးေတာ့မယ္လို႔ေတြးလိုက္တယ္...နာရီထပ္ၾကည့္မိေတာ့ ၆:၃၀..
~what?!?! ငါအေတာ္သည္းခံၿပီးလွဲေနတဲ့အၾကာႀကီးက နာရီဝက္လား...~
ေရခ်ိဳးၿပီးေတာ့ မေန႔ကရွာထားတဲ့ အကၤ်ီကိုဝတ္ၾကည့္တယ္...
အေရာင္က ေတာက္လြန္းေနတယ္....ေနာက္တစ္စုံ
ပြလြန္းတယ္... ေနာက္တစ္စုံ
ကေလးကလားနဲ႔.... ေနာက္တစ္စုံ
Formal ျဖစ္လြန္းတယ္.... ေနာက္တစ္စုံ
.
.
.
.
.
.
ေနာက္တစ္စုံေပါင္းမ်ားစြာကို လဲၿပီးတဲ့အခါမွာေတာ့ ရိေပၚ အဆင္သင့္ျဖစ္ပါၿပီ...
တီရွပ္အျဖဴကို အေပၚက leather jacket အမဲေရာင္ထပ္ၿပီး ေဘာင္းဘီအမဲေရာင္ဝတ္လို႔ ေနကာမ်က္မွန္တပ္ထားတဲ့ racer ရိေပၚဟာ idol နဲ႔ေတာင္မွားေလာက္ပါတယ္...
ခ်ိန္းထားတဲ့အခ်ိန္ေရာက္ဖို႔ ၁နာရီခြဲေလာက္လိုေသးေပမဲ့ ဘယ္လိုမွ မေနနိုင္ေတာ့လို႔ ထြက္လာလိုက္ေတာ့တယ္...ဆိုင္ကယ္ကို ေသခ်ာေမာင္းလာတယ္..က်န္႔ေကာက အျမန္ႀကီးေမာင္းတာအႀကိဳက္ဘူးမဟုတ္လား..
ခ်ိန္းထားတဲ့ ဂ်ပန္ဆိုင္ကိုေရာက္ေတာ့ ရိေပၚသူ႔နာမည္ေျပာလိုက္တဲ့အခါ သီးသန္႔အခန္းေလးဆီကို waitress ကေခၚသြားေပးတယ္... Zen theme နဲ႔ design လုပ္ထားတဲ့ဆိုင္ဆိုေတာ့ အေတာ္ကို မ်က္စိေအးၿပီး ထိုင္လို႔ေကာင္းတဲ့ဆိုင္ေလးပါပဲ...
~က်န္႔ေကာက အႏုပညာမ်က္စိေတာ့ သိပ္ရွိတာပဲ...ဆိုင္ေတာင္လွလွေလးကိုေရြးထားတာ..~
Waitress လာခ်ေပးတဲ့ ေရေႏြးေလးကိုေသာက္ရင္းနဲ႔ ရင္ခုန္တာၿငိမ္ေအာင္ႀကိဳးစားေနရတယ္... အရင္ကပို႔ထားတဲ့စာေလးေတြကို ျပန္စဥ္းစားရင္း ခဏေနေတြ႕ရမဲ့ က်န္႔ေကာကိုပုံေဖာ္မိေတာ့ ရင္ေတြကခုန္လာျပန္တယ္...
႐ုတ္တရက္ နီးလာတဲ့ ေျခသံတစ္ခုကိုၾကားရတယ္.. ေျခသံကနီးလာေလ ရိေပၚရင္ခုန္သံေတြပိုျမန္လာေလပါပဲ... တံခါးဆြဲဖြင့္သံၾကားလိုက္ရတဲ့အခ်ိန္မွာေတာ့ ရိေပၚ ႏွလုံးသားတစ္ခုလုံးေပါက္ထြက္မတတ္ပါပဲ...
အခန္းထဲဝင္လာတဲ့ေျခသံတစ္ခု အာ႐ုံစိုက္နားေထာင္ေနေပမဲ့ ရိေပၚလွည့္မၾကည့္ရဲဘူး..ရင္ခုန္ရလြန္းလို႔ နဲနဲေတာင္ေမာေနၿပီ...
"ေကာင္ေလး ေစာင့္ေနရတာၾကာၿပီလား"
၁စကၠန္႔
၂စကၠန္႔
၃စကၠန္႔
ရိေပၚရင္ထဲမွာ န်ဴကလီးယားဗုံးေပါက္သြားသလို...
ေရွ႕မွာထိုင္ေနတဲ့သူကိုၾကည့္ၿပီး အသက္ရႈလို႔ပင္မရေတာ့သလို..
ဘာေတြျဖစ္ကုန္တာလဲ....
သူ႔ေရွ႕မွာထိုင္ၿပီး ျပဳံးျပေနတာက မ်က္လုံးျပာျပာနဲ႔ လူတစ္ေယာက္..
~ခင္ဗ်ားဘယ္သူလဲ..
ဘာလို႔ေကာင္ေလးလို႔လာေခၚေနတာလဲ..
က်န္႔ေကာေရာ...
က်န္႔ေကာေရာလို႔......~
ရိေပၚရင္ထဲမွာ ေျဗာင္းဆန္ေနေပမဲ့ ႏႈတ္ကေတာ့ ဘာမွထြက္မလာနိုင္ဘူး... ရင္ထဲမြန္းလြန္းလို႔ အသက္ကို အားစိုက္ၿပီးရႈေနရတယ္...
"ေကာင္ေလး ကိုယ့္ကိုစကားေျပာပါဦး"
"Hi"
ဒီတစ္လုံးထြက္ဖို႔ကို ရိေပၚတစ္ကိုယ္လုံးကအားေတြအကုန္သုံးလိုက္ရသလိုပါပဲ...
"ကိုယ္က ရိေပၚကို စာေတြပို႔ေနတဲ့ Zack ပါ"
~Zack??? Z က Zhan မဟုတ္ပဲ Zack တဲ့လား~
"ဟုတ္ ကၽြန္ေတာ္ရိေပၚပါ"
"ရိေပၚလာခဲ့ေပးတာ ကိုယ္သိပ္ဝမ္းသာတယ္"
ခပ္ဝဲဝဲတ႐ုတ္သံနဲ႔ မ်က္ႏွာခ်ိဳတဲ့ ကျပား Zack ဆိုတဲ့သူကို ဒီိအေျခအေနသာမဟုတ္ရင္ ခင္မင္မိမွာပဲ...
Zackနဲ႔ေတြ႕ေနတဲ့တစ္ခ်ိန္လုံး ထိုသူကဘာေတြေျပာလို႔ သူကဘာေတြျပန္ေျဖမိလဲလည္းမသိ၊ ဘာေတြစားခဲ့မွန္းလဲမသိ၊ အိမ္ကိုေတာင္ဘယ္လိုျပန္ေရာက္ခဲ့မွန္းမသိတဲ့ထိ ရိေပၚဟုန္ေနၿပီ...
ေမၽွာ္လင့္ခ်က္နဲ႔ နာက်င္ရမႈဟာ တိုက္ရိုက္အခ်ိဳးက်ပါတယ္... ရိေပၚက သူ႔ႏွလုံးသားတစ္ခုလုံးရင္းၿပီးေတာ့ကိုေမၽွာ္လင့္ခဲ့တာမွန္း နာက်င္ရတဲ့အခ်ိန္မွ ေသခ်ာသိလိုက္ရတယ္...အခုသူ႔ရင္ဘတ္တစ္ခုလုံး အကန္ခံထားရသလိုကို နာက်င္ေနရတာ...ဒါေတာင္ က်န္႔ေကာက သူ႔ကို April fool လုပ္တာမ်ားျဖစ္မလားရယ္လို႔ အမွတ္မရွိေမၽွာ္လင့္မိတုန္း...
ရိေပၚ စိတ္အနည္းငယ္တည္ၿငိမ္လာေတာ့ အေျခအေနေတြကို ျပန္စဥ္းစားၾကည့္တဲ့အခါ ကိုယ့္ကိုကိုယ္သာအျပစ္တင္စရာေတြ႕ပါတယ္... က်န္႔ေကာက သူ႔ကို ဘာေမၽွာ္လင့္ခ်က္မွ ေပးခဲ့တာမဟုတ္ဘူး.. ေကာ္ဖီဆိုင္က သူထိုင္တဲ့စားပြဲမွာ အတင္းလာထိုင္ေရာတဲ့ လူတစ္ေယာက္ကို ခင္မင္ေပးခဲ့ယုံတင္... Zack ကေရာဘာထူးလဲ... သူ႔နာမည္ initial သူသုံးၿပီး စာေတြပို႔ခဲ့႐ုံတင္...ဒီအေတာအတြင္းစိတ္ခ်မ္းသာခဲ့ရတာေတြအတြက္ ေက်းဇူးေတာင္တင္ရဦးမွာ..
ေျခပစ္လက္ပစ္ထိုင္ရင္း စဥ္းစားခန္းဝင္ေနတဲ့အခ်ိန္ ဖုန္းက message ဝင္လာတာမို႔ၾကည့္လိုက္ေတာ့ unknown နံပါတ္နဲ႔
"Yibo, have you arrived home safely?
I'm Zack."
ရိေပၚဘာမွျပန္မေျဖခ်င္ေသးလို႔ ဖုန္းျပန္ခ်ၿပီး ဆက္ထိုင္ေနလိုက္တယ္..ခဏေနေတာ့ ဖုန္းဝင္လာတယ္.. Zack ဆီကပဲ...
"Hello"
"ရိေပၚ အိမ္ေရာက္ၿပီလား.. reply မလာေတာ့ ကိုယ္စိတ္ပူသြားလို႔..."
"ေရာက္ၿပီ Zack... ကၽြန္ေတာ္နားေတာ့မလို႔.."
" oh I'm sorry ရိေပၚနားပါ.. Have a nice evening"
~ဒီညေနကဘယ္လိုမွ မသာယာနိုင္ေတာ့ဘူး Zack ေရ~
ရိေပၚ ဖုန္းခ်ၿပီးေတာ့ မန္ေနဂ်ာကို ဖုန္းေခၚလိုက္တယ္..
"ေကာ ကၽြန္ေတာ္ တစ္ပါတ္ေလာက္ နားခ်င္လို႔.."
"ေဟ.. ၿပိဳင္ပြဲနီးေနတာကို.. ေနမေကာင္းဘူးလားမင္း... ေကာလာခဲ့ရမလား"
"ရတယ္ေကာ.. နားလိုက္ရင္ေကာင္းသြားမွာ..ဒါပဲေနာ္"
ၿပီးတာနဲ႔ ရိေပၚ ေရအၾကာႀကီးခ်ိဳးေနလိုက္တယ္.. ရင္ထဲပူေနတာေတြသက္သာမလားရယ္လို႔.. ေနာက္ေတာ့ အကၤ်ီ လဲကာ မီးအကုန္ပိတ္ၿပီး ေစာင္ပုံထဲဝင္ေခြေနလိုက္ေတာ့တယ္...ဒီလိုအခ်ိန္မွာ အိပ္လိုက္တာက သူ႔အတြက္အသက္သာဆုံးပဲမို႔....
~က်န္႔ေကာေရ ကၽြန္ေတာ္အဆင္ေျပမေနဘူးဗ်ာ...~
to be continued...