Daechwita : Unexpectedly Fall...

By Jinsoohyuk_0127

148K 15.2K 2K

⚠ This one is bottom kook ဤဇာတ်လမ်းတွင်ပါဝင်သော အချိန်ကာလ၊ ဇာတ်လမ်းဇာတ်ကွက်များနှင့် အဖြစ်အပျက်များသည် စာရေးသ... More

Introduction
CHAPTER - 1 (Unicode)
CHAPTER - 1 (Zawgyi)
CHAPTER- 2 (Unicode)
CHAPTER - 2 (Zawgyi)
CHAPTER - 3 (Unicode)
CHAPTER - 3 (Zawgyi)
CHAPTER - 4 (Unicode)
CHAPTER - 4 (Zawgyi)
CHAPTER - 5 (Unicode)
CHAPTER - 5 (Zawgyi)
CHAPTER - 6 (Unicode + Zawgyi)
CHAPTER - 7 (Unicode+ Zawgyi)
CHAPTER - 8 (Unicode)
CHAPTER - 9 (Unicode)
CHAPTER - 9 (Zawgyi)
CHAPTER - 10 (Unicode)
CHAPTER - 10 (Zawgyi)
CHAPTER - 11 (Unicode+Zawgyi)
CHAPTER - 12 (Unicode+ Zawgyi)
CHAPTER - 13 (Unicode+ Zawgyi)
CHAPTER - 14 (Unicode + Zawgyi)
CHAPTER - 15 (Unicode+ Zawgyi)
CHAPTER - 16 (Unicode + Zawgyi)
CHAPTER - 17 (Unicode + Zawgyi)
CHAPTER - 18 (Unicode)
CHAPTER - 18 (Zawgyi)
CHAPTER - 19 (Unicode)
CHAPTER - 19 (Zawgyi)
CHAPTER - 20 (Unicode+ Zawgyi)
CHAPTER - 21 (Unicode + Zawgyi)
CHAPTER - 22 (Unicode)
CHAPTER - 22 (Zawgyi)
CHAPTER - 23 (Unicode)
CHAPTER - 23 (Zawgyi)
CHAPTER - 24 (Unicode)
CHAPTER - 24 (Zawgyi)
CHAPTER - 25 (Unicode)
CHAPTER - 25 (Zawgyi)
CHAPTER - 26 (Unicode + Zawgyi)
CHAPTER - 27 (Unicode+ Zawgyi)
CHAPTER - 28 (Unicode)
CHAPTER - 28 (Zawgyi)
CHAPTER - 29 (Unicode)
CHAPTER - 29 (Zawgyi)
CHAPTER - 30 (Unicode + Zawgyi)
CHAPTER - 31 (Unicode + Zawgyi)
CHAPTER - 32 (FINALE)

CHAPTER - 8 (Zawgyi)

2K 188 14
By Jinsoohyuk_0127

CHAPTER - 8

" ဟေ့ မင်းတို့အခု လက်နက်မပါတဲ့လူကို အနိုင်ကျင့်ဖို့ကြိုးစားနေတာ မရှက်ဘူးကြဘူးလား။ သတ္တိရှိရင် မင်းတို့ငါနဲ့လာတိုက်ကြစမ်း "

ဝါးစိမ်းတုတ်တစ်ချောင်းကိုင်ရင်း စိန်ခေါ်လာသော ဟန်ဆောင်းကိုကြည့်ကာ ဓားသမားငါးယောက် အားရပါးရလှောင်ရယ်လိုက်ကြသည်။ ဓားကိုင်ထားသည့်သူတို့ကို ဝါးစိမ်းတုတ်ဖြင့်စိန်ခေါ်ရဲသူက သာမန်ရူးမိုက်သူမျိုးတော့ မဟုတ်နိုင်။

" အမလေး ရယ်ရလွန်းလို့ ပါးတောင်ညောင်းတယ်ကွာ။ ဝါးရင်းတုတ်လေးနဲ့ ကယ်တင်ရှင်လုပ်ဦးမယ်တဲ့။ အစက တစ်ယောက်တည်းပဲသတ်ဖို့လာတာ နောက်တစ်ယောက်ကို ထပ်သတ်ပေးရမယ့်ပုံပဲ။ ကဲ ကယ်တင်ရှင်ကြီးကို အရင်ရှင်းကြရအောင်ကွာ "

ဓားသမားငါးယောက်လည်း ပြောပြောဆိုဆိုဖြင့် ဟန်ဆောင်းကို စတင်တိုက်ခိုက်လာသည်။ ဟန်ဆောင်းကလည်း သတိကြီးကြီးထားကာ ရန်သူ့ဓားချက်တွေကို ရှောင်တိမ်းရင်း ရန်သူ၏ဟာကွက်ကို ရှာကြည့်နေသည်။
တစ်ချီတွင် ရန်သူ့ဓားချက်ကို ခန္ဓာကိုယ်တစ်ချက်ယိမ်းကာရှောင်လိုက်ရင်း ရန်သူ၏လည်စေ့ကို ဝါးလုံးနဲ့ဆတ်ခနဲလှမ်းတွတ်လိုက်နိုင်သည်။ အားပါလှသဖြင့် ဓားသမားလည်း သူ့လည်ပင်းသူကိုင်ကာ သတိလစ်လဲကျသွားလေတော့၏။

ကံတရား၏ ဖေးမခြင်းပေလား မပြောတတ်။ ကြောက်ချင်ဟန်ဆောင်ကာ ငြိမ်နေခဲ့သော ခရီးသည်အမျိုးသားကလည်း ဖွက်ထားသောဓားကိုဆွဲထုတ်ရင်း ဓားသမားတွေကို အလစ်ဝင်တိုက်လာသည်။ ဟန်ဆောင်းနှင့်ကျောချင်းကပ်ရပ်ရင်း ရန်သူတွေကို ရင်ဆိုင်လိုက်သည်။
ဟန်ဆောင်းအဖို့တော့ ခရီးသည်အမျိုးသား၏ လုပ်ရပ်ကိုအံ့သြနေမိသည်။ အစကကြောက်နေပုံရသောသူက အဘယ်ကြောင့် အခုမှ ဓားထုတ်ပြီးဝင်တိုက်ရပါသနည်း။ အဖြေထွက်သည်အထိ စဉ်းစားဖို့ ဟန်ဆောင်းအချိန်မရ။ ရန်သူတွေကို အမြန်အပြတ်ဖြတ်ဖို့က အရေးကြီးနေလေပြီ။

လူ့ခန္ဓာကိုယ်က ပျော့ကွက်တွေသိထားသော ဟန်ဆောင်းအတွက် ဝါးရင်းတုတ်တစ်ချောင်းက လက်နက်အဖြစ် ကောင်းစွာအသုံးဝင်လှသည်။ ရန်သူ့ဒူးခေါက်ကွေးကို ဆတ်ခနဲကန်လိုက်၊ ခွေကျသွားချိန်တွင် ဝါးရင်းတုတ်ဖြင့်တွယ်လိုက်ဖြင့် ဟန်ဆောင်းအလုပ်ဖြစ်နေသည်။
အချိန်အနည်းငယ်မျှအကြာမှာတော့ ဟန်ဆောင်းလက်ချက်နဲ့ ဓားသမားအားလုံး မှောက်သွားခဲ့သည်။ ခရီးသွားအမျိုးသားကတော့ သူ့ကိုယ်သူကာကွယ်နေရသဖြင့် ဓားသမားတွေကို တိုက်ခိုက်ခွင့်မရလိုက်ချေ။

" ခင်ဗျားက အရမ်းတော်တာပဲဗျာ။ ဝါးရင်းတုတ်တစ်ချောင်းနဲ့ ရန်သူအကုန်လုံးကို တိုက်ခိုက်နိုင်တယ်။ လှုပ်ရှားတာကလည်း အရမ်းသွက်တာပဲ။ အစကလေ ကျွန်တော်က လက်နက်မဲ့အယောင်ဆောင်ပြီး ဓားသမားတွေကို အသနားခံကြည့်မလို့ စဉ်းစားထားတာ။ ခင်ဗျား သူတို့နဲ့ချတော့မှ ကျွန်တော်လည်းမနေသာလို့ ဓားထုတ်ပြီးဝင်တိုက်လိုက်ရတာ "

" ခင်ဗျားဆိုသည်မှာလည်း ကြံဖန်ပြီးတွေးတတ်ပါ့ဗျာ။ ကျွန်တော်သာ ရောက်မလာရင် ခင်ဗျားကို ဟိုလူတွေသတ်ပစ်နေလောက်ပြီ ထင်တယ်"

" ဟုတ်ပါ့ဗျာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို အခုလိုကယ်ပေးလို့ ခင်ဗျားကို တကယ်ကျေးဇူးတင်ပါတယ်ဗျာ။ ခင်ဗျား နာမည်က ဘယ်လိုခေါ်လဲ။ ကျွန်တော့်ကျေးဇူးရှင်ရဲ့နာမည်ကို မှတ်ထားချင်လို့ "

" ကျွန်တော့်နာမည်က ဟန်ဆောင်းပါ။ ဒီနားကရွာလေးမှာ ဧည့်သည်လာလုပ်နေတာလေ။ နေသာနေရတာ အခုထိရွာနာမည်မသိသေးဘူး။ အိမ်ရှင်နဲ့ကလည်း သိပ်ရင်းနှီးတာမဟုတ်ဘူး။ သဘောကောင်းတဲ့အိမ်ရှင်မို့လို့ နေလို့ရတာ "

" သြော် ရွာနာမည်က Daechwitaလေဗျာ။ အခုကျွန်တော် အဲဒီရွာကိုလာတာဗျ။ တစ်ခါတည်း ကျွန်တော့်နာမည်​ပြောပြပါရစေ။ ကျွန်တော်က ဂျွန်းဂျယ်ပါ "

" ကောင်းရော ဂျွန်းဂျယ်ရာ။ အခုမှလာတဲ့လူတောင် ရွာနာမည်သိတယ်။ ကျွန်တော်က မသိဘူး "

သူတို့နှစ်ယောက် စကားတပြောပြောဖြင့် Jungkookစောင့်နေတဲ့နေရာဆီ ရောက်လာခဲ့ကြသည်။ ဟန်ဆောင်းသူ့ရှေ့ရောက်ရောက်ချင်းမှာပဲ Jungkook ဟန်ဆောင်းလက်ကို ဆတ်ခနဲဆွဲကာ ဟန်ဆောင်းခန္ဓာကိုယ်ကို စိုးရိမ်တကြီး စစ်ဆေးနေသည်။

" အစ်ကိုဟန်ဆောင်း ဘယ်နားထိခိုက်မိသေးလဲ။ ထိခိုက်မိတဲ့နေရာမရှိဘူးမဟုတ်လားဟင်။ ကျွန်တော့်အိမ်မှာ နေတဲ့ဧည့်သည်ဆိုတော့ ကျွန်တော့်ဆီမှာနေရင်း တစ်ခုခုဖြစ်သွားမှာ စိုးရိမ်တယ် "

Jungkook၏ စိုးရိမ်တကြီးအပြောလေးတွေကြောင့် ဟန်ဆောင်းမျက်နှာက မိန့်မိန့်ကြီးပြုံးသွားသည်။ သူ့အတွက်ထားရှိသည့် ဂရုစိုက်မှု​တိုင်းက ဟန်ဆောင်းကို ကျေနပ်ပျော်ရွှင်စေသည်။

" ငါက ဘာလို့ထိခိုက်ရမှာလဲ Jungkookလေးရဲ့။ ငါက တိုက်ခိုက်တာ တော်ပြီးသားပဲလေ။ ဘာပဲဖြစ်​ဖြစ် ငါ့ကို အခုလိုစိတ်ပူပေးတာ ကျေးဇူးပါပဲ "

ဟန်ဆောင်းနှင့် Jungkookတို့ စကားပြောသည်ကိုကြည့်ရင်း ဂျွန်းဂျယ် သဘောကျစွာပြုံးနေမိသည်။ ဒါက အိမ်ရှင်နဲ့ဧည့်သည်ကြားက ဆက်ဆံရေးတဲ့လား။ သူ့အမြင်တော့ နည်းနည်းပိုသည်ဟု မြင်နေမိသည်။

" ဂျွန်းဂျယ်ရေ ဒါက ကျွန်တော်တည်းတဲ့အိမ်က အိမ်ရှင် Jungkookလေ။ အခုသူက ကျွန်တော့ကို တောထဲကရေတံခွန်လေးဆီ လိုက်ပို့ပေးမှာ။ ခင်ဗျားလည်း ဘေးကင်းပြီဆိုတော့ ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး။ Jungkookလေးရေ သွားရအောင် "

ဟန်ဆောင်းလည်း တုန်တုန်ရီရီဖြစ်နေသည့် Jungkookလက်ကို တင်းတင်းဆုပ်ကိုင်ရင်း တောထဲမှရေတံခွန်လေးဆီ ခရီးဆက်ခဲ့သည်။ ဂျွန်းဂျယ်ကတော့ သူတို့နှစ်ယောက်ကိုငေးကြည့်ရင်း ခေါင်းတညိမ့်ညိမ့်လုပ်ရင်း ရယ်နေမိသည်။

" အေးပါကွာ မင်းတို့ပြောတာပဲ ယုံလိုက်ပါ့မယ်။ အိမ်ရှင်နဲ့ဧည့်သည်ကလည်း တော်တော်လေးရင်းနှီးနေကြတာပဲ။ အကြည့်လေးတွေ အခေါ်အဝေါ်လေးတွေက ညက်နေတာပဲ။ အစိုးရိမ်လွန်ပြီး ပျာယာခတ်နေတဲ့အကြည့်လေးတွေရယ်၊ စိတ်ပူခံရလို့ ပီတိဖြာနေတဲ့အကြည့်တွေ။ အဲဒါတွေကို ဘေးကငါတောင်မြင်နေရတယ်။ သူတို့က ဘာတွေလားပဲ "
---xxx---

ဝေါ!! ဝေါ!!

ရေတံခွန်ဆီမှ အရှိန်ပြင်းပြင်းစီးကျလာသည့် ရေများက သာယာသောစမ်းချောင်းလေးတစ်ခုကို ဖန်တီးပေးထားသည်။ ရေကြည်လင်လွန်းလှသဖြင့် စမ်းချောင်းအောက်ခြေက ကျောက်တုံးကလေးများကိုပင် မြင်နေရသည်။ စမ်းချောင်းနှင့်ရေတံခွန် ပတ်ဝန်းကျင်မှာတော့ သစ်ပင်ကြီးငယ်တို့ဖြင့် စိမ်းလန်းနေသည်။ သစ်ပင်စိမ်းစိမ်းတို့ကို တိုးဝှေ့တိုက်ခတ်လာသည့် လေညင်းကလည်း ရှူရှိုက်မဝအောင်ဖြစ်စေသည်။

ဟန်ဆောင်းနှင့် Jungkookတို့သည်လည်း ရေတံခွန်အောက်ဘက်ဆီမှ စမ်းချောင်းလေးဘေးမှာထိုင်ရင်းသဘာဝတရားကြီးကို ခံစားနေခဲ့သည်။ တစ်ခါတလေတော့ ဟန်ဆောင်းအကြည့်တွေက Jungkookဆီ ရောက်လာတတ်သည်။

" ရေတံခွန်လေးက တကယ်သာယာတာပဲ Jungkookလေးရာ။ အရှိန်ပြင်းပြင်းနဲ့ စီးကျနေတဲ့ရေသံတွေရယ်၊ ငှက်ကလေးတွေရဲ့ တကျီကျီအော်သံတွေကို နားထောင်ရင်း စိမ်းလန်းတဲ့ပတ်ဝန်းကျင်အလှကို ခံစားရတာသိပ်ကောင်းတာပဲ "

" ဟုတ်တယ် အစ်ကိုရဲ့။ ကျွန်တော်ငယ်ငယ်ကတည်းက ဒီကိုလာရရင်ကို အရမ်းပျော်နေမိတာ။ ဒီနေရာလေးက နတ်ဖွက်ထားတဲ့ သုခဘုံလေးလိုပဲ။ တောထဲလာနေကျမဟုတ်ရင် ဒီနေရာလေးရှိနေမှန်းတောင် သိကြမှာမဟုတ်ဘူး "

" ဟုတ်တယ်။ သဘာဝတရားကြီးက သေချာလေးသတိထားကြည့်ရင် သိပ်ကိုလှပပြီး မြတ်နိုးစရာကောင်းတယ်။ လူတွေက တစ်နေ့တစ်နေ့ စားဝတ်နေရေး၊ လူမှုရေးတွေနဲ့ လုံးပန်းနေရတော့ သဘာဝကို သတိမပြုမိကြဘူး။ အဲဒီတော့ သဘာဝတရားကြီးကပေးတဲ့ ပျော်ရွှင်မှုကိုလည်း ဘယ်ခံစားနိုင်ကြမှာလဲ။ ပြောသာပြောရတယ် အစ်ကိုလည်း သဘာဝတရားကြီးရဲ့အလှအပတွေကို အချိန်အကြာကြီး မေ့ခဲ့ဖူးတာပဲ "

စမ်းချောင်းလေးကိုကြည့်ရင်း သဘာဝတရားကို စာဖွဲ့ပြနေတဲ့ ဟန်ဆောင်းတစ်ယောက် Jungkookမျက်နှာလေးကို တစ်ဖန်လှည့်ကြည့်ပြန်သည်။ Jungkookကလည်း ကဗျာတွေဆန်နေသည့် ဟန်ဆောင်းကို ပြန်ငေးကြည့်နေသည်။ ဟန်ဆောင်းမျက်ဝန်းနှင့် ရွှန်းရွှန်းစားစားအကြည့်တို့က Jungkookမျက်နှာလေးကို သိမ်းပိုက်ထားသည်။

" ဟုတ်တယ်။ သဘာဝတရားကြီးက သိပ်လှတယ်။ အဲလိုပဲ သိပ်လှတဲ့သဘာဝတရားနဲ့ အတူကြီးပြင်းလာတဲ့မင်းကလည်း သိပ်ချစ်ဖို့ကောင်းတယ်။ မင်းဒီနေ့မှ ပိုပြီးချစ်ဖို့ကောင်းနေတယ် Jungkookလေး "

ညို့အားပြင်းလှသော ဟန်ဆောင်း အကြည့်တို့အောက်တွင် Jungkook ချစ်စဖွယ်ကောင်းအောင်ပြုံးနေမိသည်။ ဟန်ဆောင်းနှုတ်ဖျားမှ ပွင့်အန်ထွက်လာသော စကားလုံးတိုင်းက သူ့နှလုံးသားဆီ ငြိမ့်ညောင်းစွာတိုးဝင်နေသည်။ ရင်ထဲမှာနွေးထွေးလာသလိုခံစားချက်မျိုးက Jungkookမျက်နှာလေးကို ရှက်သွေးဖြာနေစေသည်။

" ကျွန်တော်က အဲလောက်ချစ်ဖို့ကောင်းမယ်မထင်ပါဘူးဗျာ။ အစ်ကိုဟန်ဆောင်း မြှောက်ပြောနေတာမဟုတ်ဘူးလား"

သမင်မျက်လုံးလေးဖြင့်ကြည့်ကာ မေးခွန်းထုတ်လာသည့် Jungkookကို ဟန်ဆောင်း ကြင်နာစွာပြုံးပြရင်း Jungkookလက်ကလေးကို နွေးထွေးစွာဆုပ်ကိုင်လိုက်သည်။ နူးညံ့သောသဘာဝတရားအောက်တွင် သူတို့နှစ်ဦး၏ နှလုံးသားတို့သည်လည်း အလိုအလျောက်နူးညံ့သွားခဲ့သည်။

" တကယ်ပါ Jungkookလေးရယ်။ ငါ့မျက်ဝန်းတွေထဲမှာတော့ မင်းကတကယ့်ကို အရုပ်လေးအတိုင်းပဲ။ တည်ငြိမ်ပြီး ချစ်ဖို့ကောင်းနေတတ်တာက မင်းရဲ့အားနည်းချက်ပဲ။ ငါ့အတွက်တော့ မင်းနဲ့ဆုံရတဲ့အချိန်တိုင်းက ပျော်စရာတွေအပြည့်နဲ့ ကြည်နူးဖို့ကောင်းတယ် "

" ဟုတ်ပါပြီဗျာ။ အစ်ကိုဟန်ဆောင်း မြှောက်ပြောတဲ့စကားတွေကို ကျွန်တော်လည်း သဘောကျမိပါတယ်။ ကျွန်တော့်ကို Jungkookလေးလို့ခေါ်တိုင်း ကျွန်တော့်စိတ်တွေ အလိုလိုကြည်နူးလာတယ်။ ကဲပါ စကားပြောနေတာနဲ့ပဲ လာလည်ရကျိုးမနပ်ဖြစ်တော့မယ်။ အခုကျွန်တော်တို့ စမ်းချောင်းထဲ ရေဆင်းဆော့ကြမလား။ ရေက တိမ်တိမ်လေးဆိုတော့ ရေကူးဖို့တော့အဆင်မပြေဘူး "

" ဟုတ်ပြီ Jungkookလေး။ ဒါဆို အစ်ကိုအဝတ်အစားတွေ ချွတ်လိုက်ဦးမယ် "

ဟန်ဆောင်းတစ်ယောက် ပြောပြောဆိုဆိုဖြင့် အင်္ကျီကြိုးဖြည်ဖို့ ဟန်ပြင်နေသဖြင့် ရှက်တတ်သောJungkook ပျာပျာသဲသဲဖြင့် ဟန်ဆောင်းကိုတားလိုက်ရသည်။

" အာ...မချွတ်ပါနဲ့။ ရေက အိမ်အပြန်လမ်းမှာတင် ခြောက်သွားလိမ့်မယ်။ ဒီအတိုင်းပဲ ရေထဲဆင်းကြရအောင်လေ "

Jungkook ရှက်သွေးဖြာနေပုံကြောင့် ဟန်ဆောင်း သဘောကျစွာပြုံးလိုက်ရင်း သူ့အင်္ကျီကြိုးကို ပြန်ချည်လိုက်သည်။ အရာရာကိုရှက်တတ်နေသော Jungkookကြောင့် ဟန်ဆောင်းလည်း အနေအထိုင်ဆင်ခြင်နေရသည်။

" မင်း ရှက်တတ်တာငါမေ့သွားလို့ပါ Jungkookလေးရာ။ မင်းမချွတ်စေချင်ရင် မချွတ်တော့ပါဘူး။ ကြည့်ပါဦး ရှက်နေလိုက်တာများ။ ကဲပါ ရေထဲဆင်းကြရအောင် "
~~~~~xxxxx~~~~~

" နောက်ဆုံးတော့ Daechwitaရွာကို ရောက်လာခဲ့ပြီ။ ငါ့မိဘတွေရဲ့ဆန္ဒအတိုင်း အရာရှိစာမေးပွဲကို အောင်အောင်ဖြေနိုင်ခဲ့လို့ အခုဒီရွာကိုအုပ်ချုပ်ရမယ့် အရာရှိအဖြစ် ခန့်အပ်ခံလိုက်ရပြီ။ အန္တရာယ်မကြုံရအောင် ခရီးသွားဟန်ဆောင်ပြီးလာတာတောင် လုပ်ကြံတဲ့သူနဲ့တည့်တည့်တိုးသေးတယ်။ ဘာပဲဖြစ်ဖြစ် ငါ့ကိုကယ်ပေးမယ့် ဟန်ဆောင်းနဲ့တွေ့လို့တော်သေးတယ်။ သူ့ကို ရွာအုပ်ချုပ်ရေးရုံးခေါ်ပြီး ကျေးဇူးဆပ်ရဦးမယ် "

ဂျွန်းဂျယ်တစ်ယောက် သူ့အတွေးနှင့်သူ ရွာထဲကိုတစ်လှမ်းချင်းဝင်လာခဲ့သည်။ သူ့အမြင်တော့ ရွာလေးက သာသာယာယာနဲ့ နေချင်စဖွယ်ကောင်းလှသည်။ နန်းတွင်းရေးအရှုပ်အထွေးကို သူသေချာနားမလည်သော်လည်း ရွာတစ်ရွာလောက်ကို အုပ်ချုပ်နိုင်မည်ယူဆ၍ အရာရှိစာမေးပွဲဝင်ခဲ့ခြင်းဖြစ်သည်။ ရှုပ်ထွေးသော နန်းတွင်းတွင် အမှုထမ်းရသည်ထက် အေးချမ်းသောကျေးရွာတစ်ရွာတွင် အမှုထမ်းဖို့က သူ့အိပ်မက်ဖြစ်သည်။

" အမေလး အစ်ကိုကြီးစိတ်လိုက်မာန်ပါ မလုပ်ရဘူးလေ။ အရပ်ကတို့ရေ ကျွန်တော့်ကိုကယ်ပါဦး "

သူ့အတွေးနှင့်သူနစ်မြောနေစဉ် မျက်နှာချင်းဆိုင်ဆီမှ ပြေးလာသည့် မျက်နှာဝိုင်းဝိုင်းနှင့်လူငယ်လေးကြောင့် ဂျွန်းဂျယ် လမ်းလယ်မှာကြောင်ပြီးရပ်နေမိသည်။ ထိုလူငယ်လေး၏နောက်တွင်တော့ နောက်လူငယ်တစ်ယောက်က တုတ်တစ်ချောင်းဖြင့်လိုက်လာသည်။ အရှေ့ကပြေးလာသောလူငယ်လေး ဂျွန်းဂျယ်နားရောက်လာချိန်တွင် ဂျွန်းဂျယ်နောက်ကျောဘက်ကို ဝင်ပုန်းရင်းအင်္ကျီစကို ဆွဲထားသည်။

" ကောင်လေး မင်းဒါဘာလုပ်တာလဲ။ ဘာလို့ငါ့နောက်မှာ လာပုန်းနေတာလဲကွ "

" ကျွန်တော့်အစ်ကို ကျွန်တော့်ကိုလိုက်ရိုက်နေလို့။ သူ့ကြက်သားလေး နည်းနည်းလုစားမိတာကို ရန်သူကြီးလို လိုက်ရိုက်နေလို့ ထွက်ပြေးလာတာ "

ပြောရင်းဆိုရင်း နောက်ကတုတ်တစ်ချောင်းဖြင့် လိုက်လာသည့် လူငယ်လေးလည်း ဂျွန်းဂျယ်ဆီရောက်လာသည်။ ဒေါသထွက်သည် လူငယ်လေး၏မျက်နှာတွင် ပါးချိုင့်နှစ်ဖက်က ထင်ထင်ရှားရှားမြင်နေရသည်။

" Beomgyu သူများနောက်မှာ ပုန်းမနေနဲ့ ။ သတ္တိရှိရင်ထွက်လာခဲ့။ ဧည့်သည်တွေစားလို့ က်န်သမ်ွကို ငါနဲ့အစ်ကိုယွန်းဂျွန်း စားနေကျလေ။ ဒီနေ့မှ မင်းကဘာကိစ္စ လုပြေးတာလဲ။ အစ်ကိုတွေဆီက နည်းနည်းပါးပါး တောင်းပါလား "

" တောင်းရင်ရော အစ်ကိုတို့က ကျွေးမှာကျနေတာပဲ။ ကျွန်တော့်ဟာကျွန်တော် လုစားတော့မှ စားရတာလေ။ အစ်ကိုတွေဖြစ်ပြီး အငယ်ကိုနည်းနည်းလေးမှ မျှမကျွေးကြဘူး "

ညီအစ်ကိုနှစ်ယောက် ပြဿနာကြားမှာ ဂျွန်းဂျယ် တောင့်တောင့်ကြီးရပ်ရင်း အကြံအိုက်နေသည်။ ပွစိပွစိဖြင့် အစ်ကိုကိုပြန်ပြောနေသည့် Beomgyuဆိုသော လူငယ်လေးကို သူ့အစ်ကိုဒေါသပိုထွက်သွားပုံရသည်။ ကြားထဲမှာ ဂျွန်းဂျယ်ရှိနေ၍သာ တုတ်ဖြင့်လှမ်းမရိုက်ခြင်းပေ။ သူအုပ်ချုပ်ရမည့်ရွာသားတွေ ဖြစ်နေသဖြင့် ဂျွန်းဂျယ် ကူညီဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။

" အစ္ကို ကြည့်ရသလောက်တော့ ညီလေးတို့ပြဿနာက အေးဆေးဖြေရှင်းလို့ရပါတယ်ကွာ။ ညီအစ်ကိုချင်းပဲ အေးဆေးဖြေရှင်းကြပါ။ Beomgyuကလည်း အကြီးကိုပြန်မပြောနဲ့။ Beomgyuတို့ အစ်ကိုကလည်း စိတ်လေးနည်းနည်းလျှော့ ဟုတ်ပြီလား။ ညီလေး Beomgyuအစ်ကို့နောက်ကထွက်လာခဲ့။ မင်းကို မင်းအစ်ကိုမရိုက်စေရဘူး လာ "

ဂျွန်းဂျယ် ပြောပြောဆိုဆိုဖြင့် ဆူဘင်းလက်ထဲက တုတ်ကိုဆွဲလုတော့ Soobinလည်း တုတ်ကိုအတင်းပြန်ဆွဲထားသည်။ Beomgyuကေတာ့ ဂျွန်းဂျယ်စကားကိုယုံကြည်ပြီး ဂျွန်းဂျယ်နောက်က မဝံ့မရဲထွက်လာပြီး ဘေးမှာကုပ်ကုပ်ကလေးရပ်နေသည်။ ဆူဘင်းလက်ထဲမှတုတ်ကို လွယ်လွယ်လုမရသဖြင့် ဂျွန်းဂျယ် ညဏ်ကိုလွှာသုံးလိုက်ရသည်။

" Beomgyuတို့အစ်ကို စိတ်လျှော့ပါကွာ။ မင်းကို အစ်ကိုစားစရာပြန်ဝယ်ကျွေးမယ်။ တုတ္ကို အစ်ကို့ပေး ။ မင်းညီလေးကို မရိုက်နဲ့တော့ ဟုတ်ပြီလား "

ဂျွန်းဂျယ်စကားထဲမှာ အစားအသောက်ပါလာသဖြင့် ဆူဘင်း ရှောရှောရှူရှူဖြင့် သူ့တုတ်ကို ဂျွန်းဂျယ်လက်ထဲအပ်လိုက်သည်။ ဂျွန်းဂျယ်လည်း ဆူဘင်းဆီကတုတ်ကိုယူပြီး လမ်းပေါ်ပစ်ချလိုက်သည်။

" ကဲ ငါ့ညီလေးက လိမ္မာတယ်ကွာ။ ညီအကိုတွေ ရန်ထပ်မဖြစ်ကြနဲ့နော်။ ဒါနဲ့ Beomgyuတို့အစ်ကို နာမည်ဘယ်လိုခေါ်လဲ "

" ကျွန်တော့်နာမည်က ဆူဘင်းပါ အစ်ကိုကြီး။ ဒါနဲ့ ကျွန်တော်တို့ကို အစားအသောက်ကျွေးမယ်ဆိုတာ တကယ်နော် "

" တကယ်ပါ ဆူဘင်းရာ ။ မင်းတို့ညီအစ်ကို အစ်ကို့ကို ရွာအုပ်ချုပ်ရေးရုံး အရင်လိုက်ပို့ပေးဦး။ ပြီးရင် မင်းတို့စားချင်တာကျွေးမယ် "

" စိတ္ခ် မုန့်စားရမယ်ဆို တစ်ရွာလုံးလိုက်ပြပေးဆိုလည်း ရသေးတယ် "

ဤသို့ဖြင့် ဂျွန်းဂျယ်တို့သုံးယောက်သား စကားတပြောပြောဖြင့် ရွာအုပ်ချုပ်ရေးရုံးရှေ့ ရောက်လာခဲ့ကြသည်။ အုပ်ချုပ်ရေးရုံး၏ ဝန်းခြံအဝတွင်ရပ်လျှက် တစ်စုံတစ်ယောက်ကိုမျှော်နေပုံရသည့် အမှုထမ်းကို ဆူဘင်း နားနားကပ်ပြီးအော်ခေါ်လိုက်၏။

" ဦးလေးဂင်!! "

ဆူဘင်းအော်သံကြောင့် အုပ်ချုပ်ရေးရုံးဝန်ထမ်း ဦးလေဂင် လန့်ပြီးတုန်တက်သွားသည်။ သာမန်ထက်ပုသောသူ့အရပ်ကြောင့် ဆူဘင်းအရပ်အရှည်ကြီးကိုမော့ကြည့်ရင်း ဦးလေးဂင် မကျေမနပ်ဆူလိုက်မိသည်။

" ဘာလို့ နားနားကပ်ပြီးလာအော်ရတာလဲ ဆူဘင်းရာ။ ငါ့အာရုံနဲ့ငါနေတာကို လန့်သွားတာပဲ။ မင်းဒီကိုလာတာ ဘာကိစ္စ..."

ဦးလေးဂင်စကားမဆုံးခင်မှာ ဂျွန်းဂျယ်တစ်ယောက် သူ့အင်္ကျီထဲက စာအိတ္တစ္ခုကိုထုတ္ကာ ဦးလေးဂင်လက်ထဲထည့်ပေးလိုက်၏။ ထို့နောက် Soobinတို့ညီအစ်ကိုကို နောက်ကလိုက်ခဲ့ဖို့ ခြေဟန်လက်ဟန်ပြရင်း အုပ်ချုပ်ရေးရုံးထဲဝင်လာခဲ့သည်။ ဦးလေးဂင်လည်း သူ့လက်ထဲရောက်လာတဲ့စာအိတ်ကို ဖွင့်ဖတ်ရင်း မျက်လုံးအစုံပြူးသွားခဲ့သည်။

" ဟင်! သူက ရွာကိုအသစ်ရောက်လာတဲ့ အုပ်ချုပ်ရေးအရာရှိပဲဟ။ ဒီလို လူငယ်လေးဖြစ်နေမယ်လို့ ဘယ်သူကထင်မှာလဲ "

ဦးလေးဂင်ပျာယာခတ်နေစဉ်တွင် ဂျွန်းဂျယ်နှင့် ဆူဘင်းတို့ညီအစ်ကိုနှစ်ယောက်သည် အရာရှိကြိုရန်ပြင်ထားသည့် စားပွဲဝိုင်းတွင် အဆင်သင့်နေရာယူပြီးကြလေပြီ။ မျက်စိရှေ့ကအစားအသောက်တွေကြောင့် Soobinတို့မျက်လုံးတွေက အရောင်တလက်လက်ဖြစ်နေသည်။ ဝမ်းသာအားရ ဂျွန်းဂျယ်ကိုကျေးဇူးတင်စကားပြောပြီးနောက်တွင် မျက်စိရှေ့ကအစားအသောက်တွေကို အဝစားလေတော့သည်။

" အစ်ကိုကြီးက ဒီရွာကိုအသစ်ရောက်လာတဲ့ အရာရှိမင်းဆိုတာ ကျွန်တော်တို့မသိခဲ့ဘူး။ ခုနက နှောင့်ယှက်မိတာ တောင်းပန်ပါတယ်နော်။ အခုလိုစားကောင်းသောက်ဖွယ်တွေ ကျွေးတာလည်း ကျေးဇူးတင်ပါတယ်။ တကယ်တော့ ဒါတွေအားလုံးက ကျွန်တော့်အမေလက်ရာတွေဗျ။ ရုံးကို အရာရှိအသစ်ရောက်မယ်ဆိုလို့ ဦးလေးဂင်က အမေ့ဆီကဟင်းတွေမှာပြီး ဒီလိုပြင်ဆင်ထားတာလေ "

သူ့ကို ကျေးဇူးတင်စကားပြောပြီး အစားအသောက်တွေအပီအပြင်တွယ်နေသည့် ဆူဘင်းတို့ညီအစ်ကိုကိုကြည့်ကာ ဂျွန်းဂျယ် သဘောကျနေမိသည်။ သူအုပ်ချုပ်ရမည့်ရွာတွင် ဒီလိုကလေးတွေရှိနေသဖြင့် ရှေ့လျှောက်သူပျင်းတော့မည်မထင်ပေ။

" ရပါတယ္ကြာ။ ငါလည်း မင်းတို့ညီအစ်ကိုကြောင့် အတွေ့အကြုံအသစ်လေးရလိုက်တယ်။ မင်းအမေက အစားအသောက်ရောင်းပြီး ဝင်ငွေရတယ်။ မင်းတို့က ငါကျွေးလို့ပြန်စားတယ်။ ဘာပဲဖြစ်ဖြစ် မင်းတို့ညီအစ်ကိုက အမြတ်ချည်းပါပဲ "
~~~~~xxxxx~~~~~

တောထဲကစမ်းချောင်းလေးမှာတော့ ဟန်ဆောင်းနှင့် Jungkookတို့ တစ်ယောက်နှင့်တစ်ယောက် ရေပက်ကစားရင်း ပျော်ရွှင်နေကြသည်။ စမ်းချောင်းထဲမှရေကို လက်ဖြင့်ယပ်ပြီး ပက်နေခြင်းဖြစ်၍ ရေအများကြီးမပါသော်လည်း မထိတထိစိုသောရေဖြစ်၍ အသည်းယားစရာကောင်းလှသည်။

" ဟေး Jungkookလေး။ မျက်နှာတည့်တည့်ကြီး မပက်နဲ့လေကွာ။ နှာခေါင်းထဲတွေ မျက်လုံးထဲတွေပါ စင်ကုန်ပြီ "

" မသိဘူး ပက်မှာပဲဗျာ "

Jungkookတစ်ယောက် ဟန်ဆောင်းစကားကို မထီမဲ့မြင်ပြုရင်း လျှာထုတ်ပြနေသည်။ Jungkookလုပ္ပုံက ဟန်ဆောင်းကို စိတ်မဆိုးစေသည့်အပြင် အသည်းပါယားလာစေသည်။

" မင်းငါ့ကို ပြောင်နေတာက ငါ့ကိုအသည်းယားလာအောင် လုပ်နေသလိုပဲ။ ကဲ ငါလာပြီ။ လွတ်အောင်သာပြေးပေ တော့ Jungkookလေးရေ "

ဟန်ဆောင်းတစ်ယောက် Jungkookကို လူယုတ်မာအကြည့်ဖြင့် အနားကပ်လာသဖြင့် Jungkookထွက်ပြေးရလေတော့သည်။ ရေထဲမှာပြေးနေရသဖြင့် Jungkookသိပ်ပြီး ခရီးမတွင်လှ။ အချိန်တန်တော့ Jungkookထက်သန်မာသောဟန်ဆောင်း အသာလေးမီလာပြီ Jungkookကိုအပေါ်ကနေခုန်အုပ်လိုက်၏။

" အား သေပါပြီ! "

ဟန်ဆောင်း ခုန်အုပ်သည့်အရှိန်ကြောင့် Jungkookအကျမတော်လှ။ ရေပိုတိမ်သောအပိုင်းဖြစ်၍ စမ်းချောင်းအောက်ခြေက တစ်စုံတစ်ရာက သူ့ကျောကိုလာစူးလေတော့သည်။ Jungkookအော်သံကြောင့် ဟန်ဆောင်းလည်း သူတွေးချင်ရာတွေးပြီ စနောက်လိုက်သေးသည်။

" Jungkookလေးရေ အကျယ်ကြီးမအော်ရဘူးလေ။ အခြားလူတွေကြားရင် ငါမင်းကို မတော်မတရားကြံနေတယ် ထင်ဦးမယ် "

" အေရးထဲ စနိုင်သေးတယ် အစ္ကိုရာ။ ဒီမွာ ကျောကုန်းကို ဘာစူးသွားလဲမသိလို့ အော်လိုက်မိတာကို။ လူအပေါ်ကဖယ်ပေးဦး "

မျက်နှာလေးရှုံ့မဲ့ပြီး ပွစိပွစိပြောနေသည့် Jungkookကြောင့် ဟန်ဆောင်းစနောက်တာရပ်ပြီး စိုးရိမ်တကြီးဖြစ်သွားသည်။

" ဟာ ဟုတ္လား။ ငါတောင်းပန်ပါတယ် Jungkookလေးရယ်။ ငါမရွယ်ပါဘူး "

ဟန်ဆောင်းလည်း Jungkookအပေါ်ကနေ ဖယ်ပေးလိုက်ပြီး Jungkookကို ဆွဲထူလိုက်သည်။ စိုးရိမ်တကြီးဖြင့် Jungkookကိုယ်ကိုဆွဲလှည့်ကာ ကျောဘက်ကိုသေချာစစ်ဆေးကြည့်တော့ စူးနေသောအရာ တစ်ခုမှမရှိချေ။

" မင်းကသာ နာတယ်ပြောနေတာ။ မင်းကျောကုန်းမှာ ဘာမှစူးနေတာ မရွိဘူးကြာ။ မင်းဝတ်ထားတဲ့အင်္ကျီမှာ ဆူးချွန်နဲ့ထိုးမိလို့ ပေါက်တဲ့အရာတောင်မရှိဘူး။ ကျောက်ခဲအမာတစ်ခုခုကြောင့် ထင်တယ်။ မင်းကျောကုန်း နာနေသေးတယ်ဆိုရင် ရေမဆော့နဲ့တော့လေ။ ကမ်းပေါ်ပြန်တက်ပြီး ငါတို့ယူလာတဲ့ စားစရာတွေစားရအောင် "

" ဟုတ်တယ် အခုစဖြစ်ဖြစ်ချင်းတုန်းကလောက် မနာတော့ဘူး။ နည်းနည်းတော့နာနေသေးတယ်ဆိုပေမယ့် နေလို့တော့ရပါတယ်။ အစားအသောက်တွေ စားပြီးမှ ရွာထဲပြန်ကြတာပေါ့ "

ဟန်ဆောင်းနှင့် Jungkookလည်း ရေထဲကပြန်တက်လာပြီး ကမ်းပေါ်မှာခေတ္တ အမောဖြေလိုက်ကြသည်။ ထို့နောက် ပါလာသည့်အစားအသောက်များဖြင့် နေ့လည်စာကိုဖြေရှင်းလိုက်ကြသည်။ သူတို့ နေ့လည်စာစားနေချိန်မှာ ပတ်ဝန်းကျင်က တဖြည်းဖြည်းမှောင်လာသလို ခံစားရသည်။ Jungkookကောင်းကင်ကို မော့ကြည့်လိုက်တော့ တရိပ်ရိပ်တက်လာနေသည့် မိုးသားတွေကြောင့် ဟိုဆော့ ပြောခဲ့ဖူးသည်ကို သူသတိရသွားသည်။

" အာ...ဟိုဆော့က ဒီရက်ပိုင်းမိုးရွာမယ် ပြောထားတာတကယ်မှန်တာပဲ။ အခု မိုးသားတွေတက်လာပြီ။ သိပ်မကြာခင် မိုးရွာတော့မယ်ထင်တယ်။ သူပြောတာယုံပြီး မုန်ညင်းတွေခူးရောင်းလိုက်တာ မှန်သွားတယ်။ မယုံတဲ့လူတွေကတော့ မိုးကြောင့်ပျာယာခတ်နေတော့မှာပဲ "

" Jungkookလေး မုန်ညင်းတွေကို အမြန်ခူးပြီးသွားရောင်းတာက ဟိုဆော့ ဆိုတဲ့တစ်ယောက်ကြောင့်ပေါ့။ အခု သူပြောတာမှန်ပြီး အချိန်အခါမဟုတ်မိုးကြီးရွာတော့မယ်။ သူက ဘယ်လိုကြောင့် ကြိုသိနေရတာပါလိမ့် "

" သူ့အကြောင်း နောက်မှမေးတော့ အစ်ကိုဟန်ဆောင်း။ကျွန်တော်တို့ မိုးမရွာခင်အမြန်ပြန်ကြရအောင်။ မိုးရွာရင်တောတွင်းလမ်းတွေက အန္တရာယ်များတယ် "

" ဟုတ်ပါပြီ မင်းသဘောပါ။ မင်းပြန်ချင်တယ်ဆိုမှတော့ ပြန်ကြတာပေါ့ကွာ "

Jungkookနှင့်ဟန်ဆောင်းလည်း မိုးရန်ကလွတ်အောင် ရေတံခွန်ကနေ အမြန်ပြန်လာခဲ့ကြသည်။ သို့သော ကံတရားက သူတို့ဘက်ကမပါခဲ့ပေ။ ရွာမရောက်ခင်မှာ မိုးစရွာလာပြီး တဖြည်းဖြည်းပိုသည်းလာသည်။ ရေဆော့ကတည်းက အဝတ်အစားတွေစိုနေသည့် သူတို့နှစ်ယောက်လုံး မိုးရေတွေကြောင့် တစ်ကိုယ်လုံးစိုရွှဲကာ ချမ်းစပြုလာသည်။ သို့သော် ရွာနှင့်နီးနေပြီမို့ နောက်ပြန်မလှည့်ဘဲ ရွာအရောက်အားတင်းပြန်ခဲ့ကြသည်။

To be continued...

Continue Reading

You'll Also Like

175K 26.5K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
576K 35.7K 71
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
267K 21.1K 22
taekook&vkook (yaoi) ❤Kim Tae Hyung ❤Jeon Jung Kook Please enjoy my taekook fic I love you all my lovely readers Created by Kyallay Start - 16 Januar...
40.4K 3.1K 44
အတိတ်ဘဝကတည်းက ချစ်သူတွေဖြစ်ခဲ့ကြပေမယ့်ဆုံစည်းခွင့်မရတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း....