Letters

By mysunshineisbright

56.3K 6.1K 121

စာလေးတစ်စောင်မှာ ရေးပေးလိုက်တဲ့သူရဲ့ နှလုံးသားတစ်ခုလုံးကို ခံစားရစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်.. စာေလးတစ္... More

1
2
3
4
5
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
Finale
❤️📢💚

6

2K 254 2
By mysunshineisbright

(Unicode)

ရိပေါ်ဒီနေ့ သူ့အိမ် Jackson လာမယ်ဆိုတာနဲ့ ဘာတွေမှာစားရင်ကောင်းမလဲစဉ်းစားနေတယ်..ခေါက်ဆွဲခြောက်ထုပ်လောက်သာပြုတ်တတ်တာဆိုတော့ မပြင်မှာစားရင်စား မစားရင် ဒီလိုပဲမှာစားလိုက်တော့တာ... မဆီမဆိုင် ကျန့်ကောဒီနေ့ဘာဟင်းချက်စားမလဲဆိုတဲ့အတွေးက ပေါ်လာလိုက်သေးတယ်.. တဖြည်းဖြည်းနဲ့ ရိပေါ်နဲ့ရှောင်းကျန့်တို့ ပိုပိုရင်းနှီးလာခဲ့ပြီး ဖုန်းနံပါတ်တွေတောင်လဲထားကြပြီ.. မခေါ်ဖြစ်ကြပေမဲ့ပေါ့လေ..ရှောင်းကျန့်အကြောင်းတွေလဲပိုပိုသိလာခဲ့ရပါတယ်..

ကျန့်ကောက ကြောင်လေးတွေချစ်တဲ့အကြောင်း.
ပန်းချီဆွဲတဲ့အကြောင်း..
SpongeBob ကြိုက်တဲ့အကြောင်း
ပြီးတော့သူကြိုက်တတ်တဲ့ အစားအသောက်တွေအကြောင်း...
သူချက်တဲ့ဟင်းတွေအကြောင်း...
ပြီးတော့ အရေးအကြီးဆုံးဖြစ်တဲ့ single ဖြစ်တဲ့အကြောင်း...

ဘဲလ်သံကြားတော့မှ သူ့အတွေးလွန်နေတာကိုဖြတ်ပြီး တံခါးအမြန်ထဖွင့်ရတယ်..

"လဒရဲ့ ကြာလိုက်တာ တံခါးဖွင့်ဖို့အရေးကို.."
"မင်းကလဲ လူကအိမ်ထဲမရောက်ဘူး အဆဲကအရင်ရောက်နေပြီ"
"ဘာစားရမှာလဲ"
"မင်းအကြောင်းသိလို့ ခုနထဲကဆိုင်ရှာနေတာ။ တရုတ်စာပဲမှာလိုက်တော့မလို့။ ငါမနေ့ကမှ စပါကတီတွေစားထားလို့"
"ရတယ်လေ။ မင်းလဲငါလာတွေ့မှပဲနော်။ ဘာတွေများ အလုပ်ရှုပ်တော်မူနေတာလဲ။ training လဲရှိတာမဟုတ်ဘူး"
"အေး.. မင်းကို ပြောစရာတွေရှိတယ်.. ဟီးဟီး"
"အသံကပုံမှန်မဟုတ်ဘူး။ စော်ကြောင်နေတာလား"
"မဟုတ်ပါဘူးမင်းကလဲ"
"စော်မဟုတ်ရင် ဘဲလား"
"အေး"
"What?!?!?"
"အရမ်းတွေအော်မနေနဲ့  နားပင်းတော့မယ်"
"ရှင်းစမ်း မင်းပြောတာကို"

ဒီလိုနဲ့ စာအိတ်အပြာလေးတွေရောက်တာကစလို့ ကျန့်ကောနဲ့တွေ့တာအထိ ဇာတ်လမ်းရှည်ကြီးကိုရှင်းပြရတယ်..ကျန့်ကောကို ခိုးရိုက်ထားတဲ့ဓာတ်ပုံလေးကိုလဲ ပြဖို့မမေ့မလျော့...
Jackson ကတော့ စားလိုက်သောက်လိုက်နဲ့နားထောင်ပြီးတဲ့အခါ သက်ပျင်းကြီးချတယ်..

~အတော်မောသွားပုံပဲ သကောင့်သားက..~

"အဲ့တော့ မင်းက သေချာအောင်လုပ်ချင်တာမလား"
"အေး"
"မေးလိုက်လေ"
"ငါ.. လုပ်လိုက်ရ.. အဲ့လောက်လွယ်နေရင် ဒီအချိန် ငါသူနဲ့ ရည်းစားဖြစ်နေလောက်ပြီ"
"Overconfident ကလုပ်ပြန်ပြီ..
ဒီလိုရော... မင်းသူ့လက်ရေးကိုရအောင်ယူကြည့်ပါလား. အဲ့ဒါဆို ဟိုစာတွေနဲ့တိုက်လို့ရတာပဲဟာ..."
"အေး ဟုတ်သား... ငါ့ကောင်ကြီးက တယ်အားကိုးရတာကိုး.."
"ပုံမှန်ပဲဆက်ဆံ ဟေ့ရောင်"
"ဆက်အားကိုးပါရစေဦး... သူ့လက်ရေးရအောင်ဘယ်လိုလုပ်ရမတုန်း"
"ကိုယ့်ဟာကိုစဉ်းစား.. ငါမအားဘူး.. ချိန်းထားတာရှိသေးတယ်.. သွားပြီ"

ချစ်လှစွာ​သော သူငယ်ချင်းကြီးကကောက်ခါငင်ကာကြီးထပြန်သွားတာများ ဆဲဖို့အချိန်တောင်မမှီလိုက်ဘူး.. စားသောက်သွားတာတွေလဲသိမ်းကူမသွားဘူး.. ဒါပေမဲ့လဲ သူ့အကြံကမဆိုးဘူးဆိုတော့ သည်းခံလိုက်ပါတယ်လေ..

ဒီလိုနဲ့ နောက်နေ့မှာ Zio ကိုထွက်လာလိုက်တယ်..ကျန့်ကောလက်ရေးမြင်ရဖို့ mission ကို ကိုင်စွဲလို့ပေါ့...

ကံကောင်းချင်တော့ ထိုင်နေကြနေရာမှာကျန့်ကောရှိနေတယ်..

"ကျန့်ကော"
"လာ ရိပေါ်..
ညီလေး black coffee တစ်ခွက်ပေးပါ"

ရိပေါ် သူ့အတွက်အလိုက်တသိမှာပေးတဲ့ ကျန့်ကောကို သဘောကျလွန်းလို့ပြုံးနေမိတော့တာ...

"ကျေးဇူး ကျန့်ကော..
ပြပွဲအတွက်ပြင်နေတာ အဆင်ပြေလားကော.. ကျွန်တော်ကူညီလို့ရတာရှိရင်ပြောနော်.. အခုတစ်လောအားနေတာ..."
"အင်း..အဆင်ပြေတယ်"

ကျန့်ကောက သူ့ gallery မှာလုပ်မဲ့ပွဲအကြောင်းပြောပြနေတုန်း ရိပေါ်ကတော့ သူ့ mission အကောင်အထည်ဖော်ဖို့ အကဲခတ်နေပါတယ်..

~ကောအင်္ကျီအိတ်ကပ်ထဲမှာ ဘောပင်..
ဘေးမှာစာအုပ်တစ်အုပ်.. ok!! mission စမယ်~

ရိပေါ်ဖုန်းဝင်လာသလိုနဲ့ ဖုန်းထူးလိုက်တယ်
ပြီးတော့

"ကျန့်ကော ကျန်တော့်ကို ဖုန်းနံပါတ်လေးတစ်ချက်ရေးမှတ်ပေးပါလား..
09.......... နာမည်က ဝမ်ကျားအာ"

ရွတ်ပြီးလို့ ကျန့်ကောလိုက်မှတ်ပေးတာကိုကြည့်လိုက်တာနဲ့တစ်ပြိုင်နက် ရိပေါ်ခဲလေသမျှ သဲရေကျ...
ကျန့်ကောက ဘောပင်လဲမကိုင် စာအုပ်လဲမထိပဲ သူ့ဖုန်းထဲမှာမှတ်ပေးနေတာကိုး...

~သေစမ်း.. ဘောပင်နဲ့ရေးမှတ်လေဗျာ ကျန့်ကောကလဲ..~

ရိပေါ်အောင့်သက်သက်နဲ့ပဲ သိပြီးသား Jackson ရဲ့ဖုန်းနံပါတ်ကြီးကိုယူမှတ်ပြီး ကော်ဖီဆက်သောက်နေရတယ်...

ရုတ်တရက် ကောင်မလေးတစ်ယောက်ရှောင်းကျန့်နားလာရင်း မဝံ့မရဲပြောလာတယ်..

"ဆရာ သမီးက ဆရာ့ပန်းချီတွေရဲ့ပရိသတ်ပါ.. အော်တိုလေးထိုးပေးပါလားဟင်"

အော်တိုလာထိုးခိုင်းတဲ့ကောင်မလေးကို ရိပေါ်ကော်ဖီတောင်ဝယ်တိုက်ချင်သွားတယ်.. အဆင်သင့်လိုက်တာဆိုတာ..

ရှောင်းကျန့်ကရှိုးတိုးရှန့်တန့်နဲ့ ပြုံးပြကာ စာအုပ်လေးကိုလှမ်းယူလိုက်တယ်။ ဒီအချိန်မှာ ရိပေါ်ဟာလဲ သူ့ရဲ့ သိမ်းငှက်မျက်လုံးအစွမ်းကို အပြည့်အဝ အသုံးချနေပါတယ်...ရင်တွေကလဲတဒုန်းဒုန်းခုန်လို့...

လက်မှတ်ထိုးပြီးလို့ နာမည်ရေးလိုက်တဲ့အချိန်မှာ ရိပေါ် တစ်ကမ္ဘာလုံးအပိုင်ရလိုက်သလိုခံစားလိုက်ရပါတော့တယ်..
သူနေ့တိုင်းမြင်နေကြ အလွတ်ရနေတဲ့လက်ရေးသော့လေးတွေရယ်လေ.....

ရှောင်းကျန့်က ရိပေါ်စာရွက်ကိုကြည့်နေတာမြင်တော့ မမြင်ရအောင် မသိမသာကွယ်လိုက်သေးတာ..

~ကြိုက်သလောက်ကွယ်ကျန့်ကော မမြင်ချင်ယောင်ဆောင်ထားပေးမယ်..  ကျန့်ကောကျွန်တော့်ရှေ့လာဖို့အဆင်သင့်ဖြစ်တဲ့ထိစောင့်နေမယ်.. ကျွန်တော်အရင်လာခဲ့လို့ ကျန့်ကောအဆင်မပြေဖြစ်မှာမျိုးတော့ အဖြစ်မခံနိုင်ဘူးလေ.. ဒီလောက်ထိကျွန်တော်က ကျန့်ကောကို တော်တော်လေးတွယ်တာနေပြီမို့..~

_____________________

(Zawgyi)

ရိေပၚဒီေန႔ သူ႔အိမ္ Jackson လာမယ္ဆိုတာနဲ႔ ဘာေတြမွာစားရင္ေကာင္းမလဲစဥ္းစားေနတယ္..ေခါက္ဆြဲေျခာက္ထုပ္ေလာက္သာျပဳတ္တတ္တာဆိုေတာ့ မျပင္မွာစားရင္စား မစားရင္ ဒီလိုပဲမွာစားလိုက္ေတာ့တာ... မဆီမဆိုင္ က်န္႔ေကာဒီေန႔ဘာဟင္းခ်က္စားမလဲဆိုတဲ့အေတြးက ေပၚလာလိုက္ေသးတယ္.. တျဖည္းျဖည္းနဲ႔ ရိေပၚနဲ႔ေရွာင္းက်န္႔တို႔ ပိုပိုရင္းႏွီးလာခဲ့ၿပီး ဖုန္းနံပါတ္ေတြေတာင္လဲထားၾကၿပီ.. မေခၚျဖစ္ၾကေပမဲ့ေပါ့ေလ..ေရွာင္းက်န္႔အေၾကာင္းေတြလဲပိုပိုသိလာခဲ့ရပါတယ္..

က်န္႔ေကာက ေၾကာင္ေလးေတြခ်စ္တဲ့အေၾကာင္း.
ပန္းခ်ီဆြဲတဲ့အေၾကာင္း..
SpongeBob ႀကိဳက္တဲ့အေၾကာင္း
ၿပီးေတာ့သူႀကိဳက္တတ္တဲ့ အစားအေသာက္ေတြအေၾကာင္း...
သူခ်က္တဲ့ဟင္းေတြအေၾကာင္း...
ၿပီးေတာ့ အေရးအႀကီးဆုံးျဖစ္တဲ့ single ျဖစ္တဲ့အေၾကာင္း...

ဘဲလ္သံၾကားေတာ့မွ သူ႔အေတြးလြန္ေနတာကိုျဖတ္ၿပီး တံခါးအျမန္ထဖြင့္ရတယ္..

"လဒရဲ့ ၾကာလိုက္တာ တံခါးဖြင့္ဖို႔အေရးကို.."
"မင္းကလဲ လူကအိမ္ထဲမေရာက္ဘူး အဆဲကအရင္ေရာက္ေနၿပီ"
"ဘာစားရမွာလဲ"
"မင္းအေၾကာင္းသိလို႔ ခုနထဲကဆိုင္ရွာေနတာ။ တ႐ုတ္စာပဲမွာလိုက္ေတာ့မလို႔။ ငါမေန႔ကမွ စပါကတီေတြစားထားလို႔"
"ရတယ္ေလ။ မင္းလဲငါလာေတြ႕မွပဲေနာ္။ ဘာေတြမ်ား အလုပ္ရႈပ္ေတာ္မူေနတာလဲ။ training လဲရွိတာမဟုတ္ဘူး"
"ေအး.. မင္းကို ေျပာစရာေတြရွိတယ္.. ဟီးဟီး"
"အသံကပုံမွန္မဟုတ္ဘူး။ ေစာ္ေၾကာင္ေနတာလား"
"မဟုတ္ပါဘူးမင္းကလဲ"
"ေစာ္မဟုတ္ရင္ ဘဲလား"
"ေအး"
"What?!?!?"
"အရမ္းေတြေအာ္မေနနဲ႔  နားပင္းေတာ့မယ္"
"ရွင္းစမ္း မင္းေျပာတာကို"

ဒီလိုနဲ႔ စာအိတ္အျပာေလးေတြေရာက္တာကစလို႔ က်န္႔ေကာနဲ႔ေတြ႕တာအထိ ဇာတ္လမ္းရွည္ႀကီးကိုရွင္းျပရတယ္..က်န္႔ေကာကို ခိုးရိုက္ထားတဲ့ဓာတ္ပုံေလးကိုလဲ ျပဖို႔မေမ့မေလ်ာ့...
Jackson ကေတာ့ စားလိုက္ေသာက္လိုက္နဲ႔နားေထာင္ၿပီးတဲ့အခါ သက္ပ်င္းႀကီးခ်တယ္..

~အေတာ္ေမာသြားပုံပဲ သေကာင့္သားက..~

"အဲ့ေတာ့ မင္းက ေသခ်ာေအာင္လုပ္ခ်င္တာမလား"
"ေအး"
"ေမးလိုက္ေလ"
"ငါ.. လုပ္လိုက္ရ.. အဲ့ေလာက္လြယ္ေနရင္ ဒီအခ်ိန္ ငါသူနဲ႔ ရည္းစားျဖစ္ေနေလာက္ၿပီ"
"Overconfident ကလုပ္ျပန္ၿပီ..
ဒီလိုေရာ... မင္းသူ႔လက္ေရးကိုရေအာင္ယူၾကည့္ပါလား. အဲ့ဒါဆို ဟိုစာေတြနဲ႔တိုက္လို႔ရတာပဲဟာ..."
"ေအး ဟုတ္သား... ငါ့ေကာင္ႀကီးက တယ္အားကိုးရတာကိုး.."
"ပုံမွန္ပဲဆက္ဆံ ေဟ့ေရာင္"
"ဆက္အားကိုးပါရေစဦး... သူ႔လက္ေရးရေအာင္ဘယ္လိုလုပ္ရမတုန္း"
"ကိုယ့္ဟာကိုစဥ္းစား.. ငါမအားဘူး.. ခ်ိန္းထားတာရွိေသးတယ္.. သြားၿပီ"

ခ်စ္လွစြာ​ေသာ သူငယ္ခ်င္းႀကီးကေကာက္ခါငင္ကာႀကီးထျပန္သြားတာမ်ား ဆဲဖို႔အခ်ိန္ေတာင္မမွီလိုက္ဘူး.. စားေသာက္သြားတာေတြလဲသိမ္းကူမသြားဘူး.. ဒါေပမဲ့လဲ သူ႔အႀကံကမဆိုးဘူးဆိုေတာ့ သည္းခံလိုက္ပါတယ္ေလ..

ဒီလိုနဲ႔ ေနာက္ေန႔မွာ Zio ကိုထြက္လာလိုက္တယ္..က်န္႔ေကာလက္ေရးျမင္ရဖို႔ mission ကို ကိုင္စြဲလို႔ေပါ့...

ကံေကာင္းခ်င္ေတာ့ ထိုင္ေနၾကေနရာမွာက်န္႔ေကာရွိေနတယ္..

"က်န္႔ေကာ"
"လာ ရိေပၚ..
ညီေလး black coffee တစ္ခြက္ေပးပါ"

ရိေပၚ သူ႔အတြက္အလိုက္တသိမွာေပးတဲ့ က်န္႔ေကာကို သေဘာက်လြန္းလို႔ျပဳံးေနမိေတာ့တာ...

"ေက်းဇူး က်န္႔ေကာ..
ျပပြဲအတြက္ျပင္ေနတာ အဆင္ေျပလားေကာ.. ကၽြန္ေတာ္ကူညီလို႔ရတာရွိရင္ေျပာေနာ္.. အခုတစ္ေလာအားေနတာ..."
"အင္း..အဆင္ေျပတယ္"

က်န္႔ေကာက သူ႔ gallery မွာလုပ္မဲ့ပြဲအေၾကာင္းေျပာျပေနတုန္း ရိေပၚကေတာ့ သူ႔ mission အေကာင္အထည္ေဖာ္ဖို႔ အကဲခတ္ေနပါတယ္..

~ေကာအကၤ်ီအိတ္ကပ္ထဲမွာ ေဘာပင္..
ေဘးမွာစာအုပ္တစ္အုပ္.. ok!! mission စမယ္~

ရိေပၚဖုန္းဝင္လာသလိုနဲ႔ ဖုန္းထူးလိုက္တယ္
ၿပီးေတာ့

"က်န္႔ေကာ က်န္ေတာ့္ကို ဖုန္းနံပါတ္ေလးတစ္ခ်က္ေရးမွတ္ေပးပါလား..
09.......... နာမည္က ဝမ္က်ားအာ"

ရြတ္ၿပီးလို႔ က်န္႔ေကာလိုက္မွတ္ေပးတာကိုၾကည့္လိုက္တာနဲ႔တစ္ၿပိဳင္နက္ ရိေပၚခဲေလသမၽွ သဲေရက်...
က်န္႔ေကာက ေဘာပင္လဲမကိုင္ စာအုပ္လဲမထိပဲ သူ႔ဖုန္းထဲမွာမွတ္ေပးေနတာကိုး...

~ေသစမ္း.. ေဘာပင္နဲ႔ေရးမွတ္ေလဗ်ာ က်န္႔ေကာကလဲ..~

ရိေပၚေအာင့္သက္သက္နဲ႔ပဲ သိၿပီးသား Jackson ရဲ့ဖုန္းနံပါတ္ႀကီးကိုယူမွတ္ၿပီး ေကာ္ဖီဆက္ေသာက္ေနရတယ္...

႐ုတ္တရက္ ေကာင္မေလးတစ္ေယာက္ေရွာင္းက်န္႔နားလာရင္း မဝံ့မရဲေျပာလာတယ္..

"ဆရာ သမီးက ဆရာ့ပန္းခ်ီေတြရဲ့ပရိသတ္ပါ.. ေအာ္တိုေလးထိုးေပးပါလားဟင္"

အော္တိုလာထိုးခိုင်းတဲ့ေကာင္မေလးကို ရိေပၚေကာ္ဖီေတာင္ဝယ္တိုက္ခ်င္သြားတယ္.. အဆင္သင့္လိုက္တာဆိုတာ..

ေရွာင္းက်န္႔ကရွိုးတိုးရွန္႔တန္႔နဲ႔ ျပဳံးျပကာ စာအုပ္ေလးကိုလွမ္းယူလိုက္တယ္။ ဒီအခ်ိန္မွာ ရိေပၚဟာလဲ သူ႔ရဲ့ သိမ္းငွက္မ်က္လုံးအစြမ္းကို အျပည့္အဝ အသုံးခ်ေနပါတယ္...ရင္ေတြကလဲတဒုန္းဒုန္းခုန္လို႔...

လက္မွတ္ထိုးၿပီးလို႔ နာမည္ေရးလိုက္တဲ့အခ်ိန္မွာ ရိေပၚ တစ္ကမၻာလုံးအပိုင္ရလိုက္သလိုခံစားလိုက္ရပါေတာ့တယ္..
သူေန႔တိုင္းျမင္ေနၾက အလြတ္ရေနတဲ့လက္ေရးေသာ့ေလးေတြရယ္ေလ.....

ေရွာင္းက်န္႔က ရိေပၚစာရြက္ကိုၾကည့္ေနတာျမင္ေတာ့ မျမင္ရေအာင္ မသိမသာကြယ္လိုက္ေသးတာ..

~ႀကိဳက္သေလာက္ကြယ္က်န္႔ေကာ မျမင္ခ်င္ေယာင္ေဆာင္ထားေပးမယ္..  က်န္႔ေကာကၽြန္ေတာ့္ေရွ႕လာဖို႔အဆင္သင့္ျဖစ္တဲ့ထိေစာင့္ေနမယ္.. ကၽြန္ေတာ္အရင္လာခဲ့လို႔ က်န္႔ေကာအဆင္မေျပျဖစ္မွာမ်ိဳးေတာ့ အျဖစ္မခံနိုင္ဘူးေလ.. ဒီေလာက္ထိကၽြန္ေတာ္က က်န္႔ေကာကို ေတာ္ေတာ္ေလးတြယ္တာေနၿပီမို႔..~

to be continued...

Continue Reading

You'll Also Like

15.2K 1.3K 5
𝑩𝑱𝒀𝑿 𝑭𝒂𝒏𝒇𝒊𝒄𝒕𝒊𝒐𝒏~♡︎ 𝒱𝒶𝓁ℯ𝓃𝓉𝒾𝓃ℯ 𝒹𝒶𝓎 𝓅𝓇ℯ𝓈ℯ𝓃𝓉 𝒷𝓎 ℳℴ𝓂ℯ𝓁ℴ𝓃_𝒴𝒾 Publish Date_14.2.2022
878 172 5
အိမ်မက်လေးကနေပြန်မနိုးလာချင်တော့ဘူး
1.7M 98K 88
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
1.8M 116K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...