Unicode
အချစ်ကြောင့်ပဲ ပြောင်းလဲခဲ့တယ်။
ဒီအချစ်ကြောင့်ပဲ သဝန်တိုတတ်လာတယ်။
နေရှင်းအတွက်တော့ ဒီစကားတွေက
မှန်ကန်ပါတယ်။သူပြောင်းလဲခဲ့တာ
ခေတ်ခေတ်နဲ့တွေ့ပြီး နောက်ပိုင်းက
စသည်။ကျန်တဲ့ကာလ ဘဝတစ်ခုလုံးမှာ
ဒီတစ်ယောက်ကိုပဲ ချစ်တော့မယ်ဆိုတဲ့စိတ်မျိုး
တွေနဲ့။
ခေတ်ခေတ်ကျူရှင်သို့ နေရှင်းသွားကြို
ဖြစ်သည်။မမျှော်လင့်ပဲ တွေ့လိုက်ရတဲ့
မြင်ကွင်းက နေရှင်းအတွက်တော့ ရူးစေ
နိုင်သည်။မင်းခေတ်သွန်းဆိုတဲ့ကောင်လေးက
ကိုယ်တစ်ယောက်ထဲအတွက်ဆိုတဲ့
အတ္တတို့က စတင်ဝင်ရောက်သည်။
ခပ်ပြင်းပြင်းတောက်ခေါက်မိတာလည်း
နေရှင်းပင်။
တောက်!!
"ငယ်သေးလို့ ကိုယ်က ဖွင့်မပြောဘဲ
ကလေးလိုတယုတယနဲ့ ချစ်နေရတာတောင်..
အခုတော့ကွာ!တောက်!!"
ခေတ်ခေတ်က ကောင်မလေးအနောက်ကို
စာတစ်စောင်ကိုင်ပြီး အတင်းလိုက်ပေး
နေတာဖြစ်သည်။နေရှင်းအခုချိန်လုပ်မိတာ
က ကားပေါ်မှဆင်းပြီး ခေတ်သွန်းဆီကို
သွားနေတာပဲ။သူဘယ်အချိန် ကားပေါ်က
ဆင်းခဲ့မိမှန်းလည်း မသိတော့ပါ။
အင်္ကျီကြယ်သီးတို့ကို သုံးဆင့်ထိဖြုတ်သည်။
ဆံပင်ကို လက်ဖြင့်ထိုးဖွမိရင်း ခေတ်သွန်းကို
မှီဖို့ ပြေးလိုက်မိတာဖြစ်သည်။မင်းနဲ့တွေ့မှ
ကိုယ်ဝဋ်လည်နေတာ။
"မင်းခေတ်သွန်း!!"
ခေတ်ခေတ်ကိုမှီတော့ လက်ကိုဖမ်းဆွဲပြီး
အော်ခေါ်ပစ်တော့ ကောင်လေးက တအံတဩ။
"အစ်ကိုနေရှင်း"
ရုတ်တရက်ရောက်လာတဲ့ နေရှင်းကိုမြင်
တော့ လက်ထဲမှ စာကိုလည်း ခေတ်ခေတ်
အနောက်ဘက်သို့ ဖွက်ထားမိသည်။
ခေတ်ခေတ်ဘေးမှာရှိတဲ့ ကောင်မလေး
ကတော့ သူ့လမ်းသူဆက်လျှောက်သွား
တာလည်းဖြစ်သည်။
"ဟာ သွားပြီ။အစ်ကိုနေရှင်း ခဏလေးနော် ခေတ်ခေတ်ပြန်လာခဲ့မယ်"
"မင်းခေတ်သွန်း ဘယ်ကိုလိုက်ဦးမလို့လဲ။
ဘာလဲ သူ့အိမ်ထိလိုက်သွားမလို့လား။
လူကြည့်တော့ လက်တောက်လောက်လေး
ပဲရှိသေးတယ် ရည်းစားစာပေးတတ်နေပြီ"
အစ်ကိုနေရှင်းပြောနေတဲ့စကားကို
ခေတ်ခေတ်နားမလည်ပါ။ရည်းစားစာကို
ခေတ်ခေတ်ပေးနေတာမှမဟုတ်ဘဲ။
"ဘာတွေပြောနေတာလဲ အစ်ကိုနေရှင်း။
ပြီးတော့ ခေတ်ခေတ်ကို သူစိမ်းလိုမျိုး
စိမ်းစိမ်းကားကားနဲ့သစ်စိမ်းချိုးမချိုးပါနဲ့"
"တိတ်စမ်း!! အခုအိမ်ပြန်ကြမယ် မင်းကို
ဒေါ်လေးနွယ်နဲ့လည်းတိုင်မယ် ကုန်ကုန်
ပြောမယ်ကွာ မင်းဘယ်ကျူရှင်မှမတက်ရ
တော့ဘူး၊အိမ်မှာပဲခေါ်သင်ရမယ်"
ပြောချင်ရာပြောပြီး ခေတ်ခေတ်လက်ကို
ဆွဲကာ နေရှင်းခေါ်သွားသည်။ခေတ်ခေတ်
မှာ ခလုတ်တိုက်မိလို့ ခြေမပဲ့သွားတာကိုပင်
နေရှင်းမသိ။နာလို့ငိုရင်း အသံတိတ်နဲ့ နေရှင်း
ခေါ်ရာအနောက်ကို လိုက်တော့လိုက်ရှာသည်။
ကားပေါ်ရောက်တော့ ခေတ်ခေတ်ငိုသံလေး
လည်းထွက်သည်။
"အခုမှကြောက်ပြီးငိုမနေနဲ့။
မင်းတက်နေတာ ဆယ်တန်းနော်၊
ရည်းစားထားဖို့တက်နေရတယ်များထင်
နေလား"
"ခေတ်ခေတ်က အစ်ကိုနေရှင်းလို လူရှုပ်
မဟုတ်ဘူး။ခေတ်ခေတ်ကို လာမအော်နဲ့ ။
ဘာမှလည်းမသိဘဲနဲ့လူကိုလာလာအော်
နေတယ် ဟင့်"
"ဘယ်လိုပြောလိုက်တယ် ခေတ်ခေတ်။
ဟုတ်တယ် ကိုယ်က ခေတ်ခေတ်ပြောသလို
လူရှုပ်..အေး အဲ့လူရှုပ်က အရင်ကကွ"
ခေတ်ခေတ်အထင်သေးမှာကိုလည်း
နေရှင်းကြောက်သည်။အခုတော့ ခေတ်ခေတ်
ပြောလိုက်တဲ့ လူရှုပ်ဆိုတဲ့စကားတစ်ခွန်းက
နေရှင်းအတွက်တော့ အဆိပ်တစ်ခွက်လိုပင်။
"ခုနက စာပေးစမ်း"
"ဟင့်အင်း မပေးဘူး"
"ပေးလို့ပြောနေတယ်နော်၊ကိုယ်ကောင်းကောင်း
မွန်မွန်တောင်းနေတုန်းပေး ခေတ်ခေတ်"
လက်ကိုနောက်ပစ်ကာ ဖွက်ထားရင်း
ခေတ်ခေတ်က စာရွက်ကို မရဲတရဲလေးလည်း
ပေးလာသည်။ပြီးနောက် ပြောသေးတာက
သူ့ကို မဆူဖို့။
"ခေတ်ခေတ်ကို မဆူနဲ့နော်"
စာရွက်ကိုဖွင့်ကြည့်မိမှ နေရှင်းမှာ ဟာခနဲ
ပင်ဖြစ်သည်။ရည်းစားစာပေးတာလို့ထင်
နေခဲ့တာ။ဘယ်ဟုတ်မလဲ သူစားချင်တဲ့မုန့်
နာမည်တွေရေးထားတာဖြစ်သည်။
"ခေတ်ခေတ်..ကလေးလေး ဒါဘယ်လို
ဖြစ်တာလဲ"
"ဘာ ကလေးလေးလဲ။ခေတ်ခေတ်က
အဲ့မုန့်တွေစားချင်လို့ သူ့ကိုဝယ်လာပေးဖို့
လိုက်ပြောနေတာ။မာမားသိရင် ဆူမှာစိုးလို့
ခိုးလုပ်ပါတယ်ဆို သူများကိုလာဆူတယ်"
"ကိုယ့်ကို စိတ်မဆိုးပါနဲ့။ကိုယ်တောင်းပန်
ပါတယ်နော်။ဒီမုန့်တွေက ခေတ်ခေတ်နဲ့
မတည့်ဘူးလေ။ဟို တစ်ခြားမုန့်သွားစားကြ
ရအောင်နော်"
"မစားဘူး အိမ်ပြန်ချင်တယ်။ခေတ်ခေတ်
ခြေထောက်နာနေပြီ။အစ်ကိုနေရှင်းဆွဲလာတာ ခေတ်ခေတ်ခလုတ်တိုက်မိပြီး ခြေမပဲ့သွားတာ
နာတယ်။မာမားရေ ခေတ်ခေတ်အဖြစ်ကိုကြည့် လှည့်ပါဦး။ချစ်သူကမုန်း ဖဲကရှုံး အယ်မှားလို့
မသိတော့ဘူး နာတယ်..အရမ်း နာနေပါတယ်ဆို"
ခေတ်ခေတ်မှာ အော်ငိုလာတော့ နေရှင်းမှာ
ချော့မော့ရသည်။ခေတ်ခေတ်ခြေထောက်က
ဒဏ်ရာကိုတွေ့တော့ ကိုယ့်မှာစိတ်မကောင်း။ခေတ်ခေတ် အငိုတိတ်အောင် ချော့မရတဲ့
အဆုံး ကားပေါ်မှာပါလာတဲ့ ခဲတံချွန်ဓားကို
ယူမိသည်။
"ခေတ်ခေတ် ခြေထောက်နာနေတယ်မလား၊
ကိုယ့်လက်ကို ဒီဓားနဲ့ခြစ်လိုက်၊ခေတ်ခေတ်
စိတ်ပြေတဲ့အထိ လုပ်လိုက်နော်။မငိုပါနဲ့
ကလေးရယ်"
"ခေတ်ခေတ် မငိုတော့ပါဘူး။ဒီဓားသေးသေး
လေးနဲ့လည်း အစ်ကိုနေရှင်းကိုမခြစ်ရက်ပါ
ဘူး။အိမ်ပြန်ချင်တယ် ခေတ်ခေတ်ကိုအိမ်ပြန်
ပို့ပေးပါ"
"ကောင်းပြီ ကိုယ်လိုက်ပို့ပေးမယ်နော်"
ဓားနဲ့ ပြချော့တော့မှ ခေတ်ခေတ်လည်း
အငိုတိတ်ပြီး အိမ်ကိုပြန်ပို့ရတဲ့အဖြစ်။
*************
ဒီနေ့က မိုးအုံ့တယ်။
မောင်က ဖုန်းတွေခေါ်လည်း မကိုင်ဖြစ်ခဲ့။
ညမိုးချုပ်တော့ ထပ်ဆက်မလာတော့ပါ။
နောက်နေ့မနက်ကိုလည်း ရောက်ရော
မောင့်ဆီမှ ဖုန်းတို့ထပ်ဝင်သည်။
"မောင် ငါတောင်းပန်တယ်နော်"
"နောက်ဆို မောင်ဖုန်းထပ်ခေါ်ရင်ကိုင်ပါ။
မောင် တောင်းပန်တယ်နော်..ကိုကိုလန့်သွား
ဖို့အထိ မရည်ရွယ်ပါဘူး"
"အင်း"
"ကိုကို မောင်ပြန်လာရင် ဝမ်းသာစရာသတင်း
တွေ ပြောဖို့ရှိတယ်"
မောင်က တက်တက်ကြွကြွ ဖြစ်တော့
စိတ်တို့ လန်းဆန်းလာသည်။အုံ့မှိုင်းမှိုင်း
စိတ်အနေအထားမှ မောင့်ရယ်သံတို့ကြောင်း
ရွှင်မြူးမိတာမျိုးလည်း ဖြစ်မည်။
"ဟုတ်လား ငါစောင့်နေမယ်"
"ကိုကို ဘယ်ရောက်နေတာလဲ။
အိမ်မှာမဟုတ်တာ မောင်သိတယ်နော်"
"ငါလား..ဘယ်တော့မှပိုင်ဆိုင်ခွင့်ရမှန်း
မသိတဲ့ နေရာတစ်ခုမှာ ရပ်နေတယ်၊
ငေးမောကြည့်ရင်းနဲ့.."
ကိုကို့စကားသံတွေရဲ့အဆုံးမှာ
မောင် ထပ်ကြားလာရတဲ့အသံတွေဟာ
ခပ်ကျယ်ကျယ် ကားဘရိတ်အုပ်သံ။
ဖုန်းကလည်း လွင့်စဉ်ကျသလိုမျိုးနှင့်
အဆုံး၌ အဆက်အသွယ်တို့ပြတ်တောက်
သည်။ကိုကို့ဆီ ဖုန်းကိုထပ်ခေါ်ဖြစ်တော့
စက်ပိတ်ထားပါသည်ဆိုတာကလွဲလို့
ထူးခြားမလာ။စိတ်မှာ ပူထူလာတော့ လူက
ထိုင်မရ၊ထမရ။
"ကိုကို..ကိုကို ဘာဖြစ်တာလဲ။
ကိုကို..မောင်ခေါ်နေတယ်လေ။ကိုကို!!"
လူက ပူထူလာပြီး စိုးရိမ်စိတ်တို့က
ဆောင့်တက်လာသည်။ဆောက်တည်ရာမရ
ထိုင်ချမိတော့ကိုကို့ဆီကိုလည်း ဖုန်းထပ်ခေါ်
နေဆဲ။ယောက်ယက်ခတ်နေမိပြီး ဘာဆက်
လုပ်ရမှန်းပင် မသိ။နေရှင်းကို ဖုန်းဆက်တော့
လည်း မအားသေးပါနဲ့ပဲ တိုးသည်။
အိမ်ဖုန်းကိုခေါ်တော့ မဖြူကလည်း မကိုင်။
ရရာလေယာဉ်နဲ့မောင်ပြန်လာဖို့ စီစဉ်
ဖြစ်တော့ အဝတ်စားအိတ်ကိုတောင် မယူနိုင်ခဲ့။
(30.8.2020)Lily_Han🍀
Zawgyi
အခ်စ္ေၾကာင့္ပဲ ေျပာင္းလဲခဲ့တယ္။
ဒီအခ်စ္ေၾကာင့္ပဲ သဝန္တိုတတ္လာတယ္။
ေနရွင္းအတြက္ေတာ့ ဒီစကားေတြက
မွန္ကန္ပါတယ္။သူေျပာင္းလဲခဲ့တာ
ေခတ္ေခတ္နဲ႔ေတြ႕ၿပီး ေနာက္ပိုင္းက
စသည္။က်န္တဲ့ကာလ ဘဝတစ္ခုလုံးမွာ
ဒီတစ္ေယာက္ကိုပဲ ခ်စ္ေတာ့မယ္ဆိုတဲ့စိတ္မ်ိဳး
ေတြနဲ႔။
ေခတ္ေခတ္က်ဴရွင္သို႔ ေနရွင္းသြားႀကိဳ
ျဖစ္သည္။မေမၽွာ္လင့္ပဲ ေတြ႕လိုက္ရတဲ့
ျမင္ကြင္းက ေနရွင္းအတြက္ေတာ့
႐ူးေစနိုင္သည္။မင္းေခတ္သြန္းဆိုတဲ့
ေကာင္ေလးက ကိုယ္တစ္ေယာက္ထဲအတြက္ဆို
တဲ့ အတၱတို႔က စတင္ဝင္ေရာက္သည္။
ခပ္ျပင္းျပင္းေတာက္ေခါက္မိတာလည္း
ေနရွင္းပင္။
ေတာက္!!
"ငယ္ေသးလို႔ ကိုယ္က ဖြင့္မေျပာဘဲ
ကေလးလိုတယုတယနဲ႔ ခ်စ္ေနရတာေတာင္..
အခုေတာ့ကြာ!ေတာက္!!"
ေခတ္ေခတ္က ေကာင္မေလးအေနာက္ကို
စာတစ္ေစာင္ကိုင္ၿပီး အတင္းလိုက္ေပး
ေနတာျဖစ္သည္။ေနရွင္းအခုခ်ိန္လုပ္မိတာ
က ကားေပၚမွဆင္းၿပီး ေခတ္သြန္းဆီကို
သြားေနတာပဲ။သူဘယ္အခ်ိန္ ကားေပၚက
ဆင္းခဲ့မိမွန္းလည္း မသိေတာ့ပါ။
အကၤ်ီၾကယ္သီးတို႔ကို သုံးဆင့္ထိျဖဳတ္သည္။
ဆံပင္ကို လက္ျဖင့္ထိုးဖြမိရင္း ေခတ္သြန္းကို
မွီဖို႔ ေျပးလိုက္မိတာျဖစ္သည္။မင္းနဲ႔ေတြ႕မွ
ကိုယ္ဝဋ္လည္ေနတာ။
"မင္းေခတ္သြန္း!!"
ေခတ္ေခတ္ကိုမွီေတာ့ လက္ကိုဖမ္းဆြဲၿပီး
ေအာ္ေခၚပစ္ေတာ့ ေကာင္ေလးက
တအံတဩ။
"အစ္ကိုေနရွင္း"
႐ုတ္တရက္ေရာက္လာတဲ့ ေနရွင္းကိုျမင္
ေတာ့ လက္ထဲမွ စာကိုလည္း ေခတ္ေခတ္
အေနာက္ဘက္သို႔ ဖြက္ထားမိသည္။
ေခတ္ေခတ္ေဘးမွာရွိတဲ့ ေကာင္မေလး
ကေတာ့ သူ႔လမ္းသူဆက္ေလၽွာက္သြား
တာလည္းျဖစ္သည္။
"ဟာ သြားၿပီ။အစ္ကိုေနရွင္း ခဏေလး
ေနာ္ ေခတ္ေခတ္ျပန္လာခဲ့မယ္"
"မင္းေခတ္သြန္း ဘယ္ကိုလိုက္ဦးမလို႔လဲ။
ဘာလဲ သူ႔အိမ္ထိလိုက္သြားမလို႔လား။
လူၾကည့္ေတာ့ လက္ေတာက္ေလာက္
ေလးပဲရွိေသးတယ္ ရည္းစားစာေပးတတ္
ေနၿပီ"
အစ္ကိုေနရွင္းေျပာေနတဲ့စကားကို
ေခတ္ေခတ္နားမလည္ပါ။ရည္းစားစာကို
ေခတ္ေခတ္ေပးေနတာမွမဟုတ္ဘဲ။
"ဘာေတြေျပာေနတာလဲ အစ္ကိုေနရွင္း။
ၿပီးေတာ့ ေခတ္ေခတ္ကို သူစိမ္းလိုမ်ိဳး
စိမ္းစိမ္းကားကားနဲ႔သစ္စိမ္းခ်ိဳးမခ်ိဳးပါနဲ႔"
"တိတ္စမ္း!! အခုအိမ္ျပန္ၾကမယ္ မင္းကို
ေဒၚေလးႏြယ္နဲ႔လည္းတိုင္မယ္ ကုန္ကုန္
ေျပာမယ္ကြာ မင္းဘယ္က်ဴရွင္မွမတက္ရ
ေတာ့ဘူး၊အိမ္မွာပဲေခၚသင္ရမယ္"
ေျပာခ်င္ရာေျပာၿပီး ေခတ္ေခတ္လက္ကို
ဆြဲကာ ေနရွင္းေခၚသြားသည္။
ေခတ္ေခတ္မွာ ခလုတ္တိုက္မိလို႔ ေျခမပဲ့
သြားတာကိုပင္ ေနရွင္းမသိ။
နာလို႔ငိုရင္း အသံတိတ္နဲ႔ ေနရွင္း
ေခၚရာအေနာက္ကို လိုက္ေတာ့လိုက္ရွာသည္။
ကားေပၚေရာက္ေတာ့ ေခတ္ေခတ္ငို
သံေလးလည္းထြက္သည္။
"အခုမွေၾကာက္ၿပီးငိုမေနနဲ႔။
မင္းတက္ေနတာ ဆယ္တန္းေနာ္၊
ရည္းစားထားဖို႔တက္ေနရတယ္မ်ားထင္
ေနလား"
"ေခတ္ေခတ္က အစ္ကိုေနရွင္းလို လူရွုပ္
မဟုတ္ဘူး။ေခတ္ေခတ္ကို လာမေအာ္နဲ႔ ။
ဘာမွလည္းမသိဘဲနဲ႔လူကိုလာလာေအာ္
ေနတယ္ ဟင့္"
"ဘယ္လိုေျပာလိုက္တယ္ ေခတ္ေခတ္။
ဟုတ္တယ္ ကိုယ္က ေခတ္ေခတ္ေျပာသလို
လူရွုပ္..ေအး အဲ့လူရွုပ္က အရင္ကကြ"
ေခတ္ေခတ္အထင္ေသးမွာကိုလည္း
ေနရွင္းေၾကာက္သည္။
အခုေတာ့ ေခတ္ေခတ္
ေျပာလိုက္တဲ့ လူရွုပ္ဆိုတဲ့စကားတစ္ခြန္းက
ေနရွင္းအတြက္ေတာ့ အဆိပ္တစ္ခြက္လိုပင္။
"ခုနက စာေပးစမ္း"
"ဟင့္အင္း မေပးဘူး"
"ေပးလို႔ေျပာေနတယ္ေနာ္၊
ကိုယ္ေကာင္းေကာင္းမြန္မြန္ေတာင္း
ေနတုန္းေပး ေခတ္ေခတ္"
လက္ကိုေနာက္ပစ္ကာ ဖြက္ထားရင္း
ေခတ္ေခတ္က စာရြက္ကို မရဲတရဲေလးလည္း
ေပးလာသည္။ၿပီးေနာက္ ေျပာေသး
တာက သူ႔ကို မဆူဖို႔။
"ေခတ္ေခတ္ကို မဆူနဲ႔ေနာ္"
စာရြက္ကိုဖြင့္ၾကည့္မိမွ ေနရွင္းမွာ
ဟာခနဲပင္ျဖစ္သည္။ရည္းစားစာေပးတာလို႔ထင္ေနခဲ့တာ။ဘယ္ဟုတ္မလဲ သူစားခ်င္တဲ့
မုန႔္ နာမည္ေတြေရးထားတာျဖစ္သည္။
"ေခတ္ေခတ္..ကေလးေလး ဒါဘယ္လို
ျဖစ္တာလဲ"
"ဘာ ကေလးေလးလဲ။ေခတ္ေခတ္က
အဲ့မုန႔္ေတြစားခ်င္လို႔ သူ႔ကိုဝယ္လာေပးဖို႔
လိုက္ေျပာေနတာ။မာမားသိရင္ ဆူမွာစိုး
လို႔ ခိုးလုပ္ပါတယ္ဆို သူမ်ားကိုလာဆူတယ္"
"ကိုယ့္ကို စိတ္မဆိုးပါနဲ႔။ကိုယ္ေတာင္းပန္
ပါတယ္ေနာ္။ဒီမုန႔္ေတြက ေခတ္ေခတ္နဲ႔
မတည့္ဘူးေလ။ဟို တစ္ျခားမုန႔္သြားစားၾက
ရေအာင္ေနာ္"
"မစားဘူး အိမ္ျပန္ခ်င္တယ္။ေခတ္ေခတ္
ေျခေထာက္နာေနၿပီ။အစ္ကိုေနရွင္းဆြဲ
လာတာ ေခတ္ေခတ္ခလုတ္တိုက္မိၿပီး ေျခမပဲ့သြားတာ နာတယ္။မာမားေရ ေခတ္ေခတ္
အျဖစ္ကိုၾကည့္ လွည့္ပါဦး။ခ်စ္သူကမုန္း
ဖဲကရွုံး အယ္မွားလို႔မသိေတာ့ဘူး
နာတယ္..အရမ္း နာေနပါတယ္ဆို"
ေခတ္ေခတ္မွာ ေအာ္ငိုလာေတာ့ ေနရွင္း
မွာေခ်ာ့ေမာ့ရသည္။
ေခတ္ေခတ္ေျခေထာက္ကဒဏ္ရာကို
ေတြ႕ေတာ့ ကိုယ့္မွာစိတ္မေကာင္း။
ေခတ္ေခတ္ အငိုတိတ္ေအာင္ ေခ်ာ့မရတဲ့
အဆုံး ကားေပၚမွာပါလာတဲ့ ခဲတံခၽြန္ဓားကို
ယူမိသည္။
"ေခတ္ေခတ္ ေျခေထာက္နာေနတယ္မလား၊
ကိုယ့္လက္ကို ဒီဓားနဲ႔ျခစ္လိုက္၊ေခတ္ေခတ္
စိတ္ေျပတဲ့အထိ လုပ္လိုက္ေနာ္။မငိုပါနဲ႔
ကေလးရယ္"
"ေခတ္ေခတ္ မငိုေတာ့ပါဘူး။
ဒီဓားေသးေသးေလးနဲ႔လည္း
အစ္ကိုေနရွင္းကိုမျခစ္ရက္ပါဘူး။
အိမ္ျပန္ခ်င္တယ္ ေခတ္ေခတ္ကိုအိမ္ျပန္
ပို႔ေပးပါ"
"ေကာင္းၿပီ ကိုယ္လိုက္ပို႔ေပးမယ္ေနာ္"
ဓားနဲ႔ ျပေခ်ာ့ေတာ့မွ ေခတ္ေခတ္လည္း
အငိုတိတ္ၿပီး အိမ္ကိုျပန္ပို႔ရတဲ့အျဖစ္။
*************
ဒီေန႔က မိုးအုံ႔တယ္။
ေမာင္က ဖုန္းေတြေခၚလည္း မကိုင္ျဖစ္ခဲ့။
ညမိုးခ်ဳပ္ေတာ့ ထပ္ဆက္မလာေတာ့ပါ။
ေနာက္ေန႔မနက္ကိုလည္း ေရာက္ေရာ
ေမာင့္ဆီမွ ဖုန္းတို႔ထပ္ဝင္သည္။
"ေမာင္ ငါေတာင္းပန္တယ္ေနာ္"
"ေနာက္ဆို ေမာင္ဖုန္းထပ္ေခၚရင္ကိုင္ပါ။
ေမာင္ ေတာင္းပန္တယ္ေနာ္..ကိုကိုလန႔္သြား
ဖို႔အထိ မရည္ရြယ္ပါဘူး"
"အင္း"
"ကိုကို ေမာင္ျပန္လာရင္ ဝမ္းသာစရာသတင္း
ေတြ ေျပာဖို႔ရွိတယ္"
ေမာင္က တက္တက္ႂကြႂကြ ျဖစ္ေတာ့
စိတ္တို႔ လန္းဆန္းလာသည္။
အုံ႔မွိုင္းမွိုင္းစိတ္အေနအထားမွ
ေမာင့္ရယ္သံတို႔ေၾကာင္းရႊင္ျမဴးမိတာ
မ်ိဳးလည္း ျဖစ္မည္။
"ဟုတ္လား ငါေစာင့္ေနမယ္"
"ကိုကို ဘယ္ေရာက္ေနတာလဲ။
အိမ္မွာမဟုတ္တာ ေမာင္သိတယ္ေနာ္"
"ငါလား..ဘယ္ေတာ့မွပိုင္ဆိုင္ခြင့္ရမွန္း
မသိတဲ့ ေနရာတစ္ခုမွာ ရပ္ေနတယ္၊
ေငးေမာၾကည့္ရင္းနဲ႔.."
ကိုကို႔စကားသံေတြရဲ့အဆုံးမွာ
ေမာင္ ထပ္ၾကားလာရတဲ့အသံေတြဟာ
ခပ္က်ယ္က်ယ္ ကားဘရိတ္အုပ္သံ။
ဖုန္းကလည္း လြင့္စဥ္က်သလိုမ်ိဳးႏွင့္
အဆုံး၌ အဆက္အသြယ္တို႔ျပတ္ေတာက္
သည္။ကိုကို႔ဆီ ဖုန္းကိုထပ္ေခၚျဖစ္ေတာ့
စက္ပိတ္ထားပါသည္ဆိုတာကလြဲလို႔
ထူးျခားမလာ။စိတ္မွာ ပူထူလာေတာ့ လူက
ထိုင္မရ၊ထမရ။
"ကိုကို..ကိုကို ဘာျဖစ္တာလဲ။
ကိုကို..ေမာင္ေခၚေနတယ္ေလ။ကိုကို!!"
လူက ပူထူလာၿပီး စိုးရိမ္စိတ္တို႔က
ေဆာင့္တက္လာသည္။ေဆာက္တည္ရာမရ
ထိုင္ခ်မိေတာ့ကိုကို႔ဆီကိုလည္း ဖုန္းထပ္
ေခၚေနဆဲ။ေယာက္ယက္ခတ္ေနမိၿပီး
ဘာဆက္လုပ္ရမွန္းပင္ မသိ။ေနရွင္းကို
ဖုန္းဆက္ေတာ့လည္း မအားေသးပါနဲ႔
ပဲ တိုးသည္။အိမ္ဖုန္းကိုေခၚေတာ့ မျဖဴ
ကလည္း မကိုင္။
ရရာေလယာဥ္နဲ႔ေမာင္ျပန္လာဖို႔ စီစဥ္
ျဖစ္ေတာ့ အဝတ္စားအိတ္ကိုေတာင္ မယူနိုင္ခဲ့။
(30.8.2020)Lily_Han🍀