Letters
Galing kay mysunshineisbright
56.3K 6.1K 121
စာလေးတစ်စောင်မှာ ရေးပေးလိုက်တဲ့သူရဲ့ နှလုံးသားတစ်ခုလုံးကို ခံစားရစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်.. စာေလးတစ္... Higit pa
1
2
3
4
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
Finale
❤️📢💚
5
2K 253 4
Galing kay mysunshineisbright
(Unicode)
ရိပေါ် မရောက်ဖြစ်တာ တစ်ရက်တောင်ရှိပြီဖြစ်တဲ့ Zio ကို ထပ်ထွက်လာခဲ့တယ်... မနေ့က ဖျားချင်သလိုဖြစ်နေတာနဲ့ အိမ်တွင်းအောင်းလိုက်ရတာမို့မလာဖြစ်လိုက်တာ.. တစ်ချို့ fangirl လေးတွေတောင် ရိပေါ်လာတတ်တာသိလို့ Zio မှာ လာလာစောင့်ပြီးချောင်းကြည့်နေတတ်ကြပြီ...
ကျန့်ကောခရီးသွားတာ တစ်ပါတ်ကျော်ပြီ.. ခုထိပြန်မရောက်သေးဘူး.. စာတွေကတော့ တစ်ရက်မှမပြတ်တော့ ရိပေါ်ရဲ့ဝေခွဲမရတဲ့စိတ်တွေက ပိုတိုးလို့လာနေပြီ...
Zio ကိုရောက်တော့ ရိပေါ်ဆိုင်ကယ်ကို ကောင်းကောင်း parking ထိုးနိုင်ဖို့ အတော်ကို စိတ်ငြိမ်အောင်ထားပြီး ကြိုးစားလိုက်ရတယ်...အကြောင်းအရင်းလေးကတော့ outdoor ကခုံလေးမှာ ဆေးလိပ်သောက်ရင်း စိတ်အေးလက်အေး စာဖတ်နေလေရဲ့...
"ကျန့်ကော"
"ဪ ရိပေါ်... morning!!"
~တစ်စိတ်လောက်ခနနေမှပြုံးပါလား ကျန့်ကောရဲ့..ကျွန်တော်ခုထိအသက်ကောင်းကောင်းမရှူရသေးဘူး..~
"Morning ကျန့်ကော... ဘယ်တုန်းကပြန်ရောက်လဲ"
"....."
"ဪ.. ကျန်တော်ဟိုနေ့က Gallery ဖက်ရောက်တာနဲ့ ကျန့်ကောကိုမေးတော့ ခရီးသွားနေတယ်ပြောလို့လေ.. အဟီး"
~အဟီး ကဘာတုန်းဟ.. ကြောင်နေလိုက် ငါလဲ...
တစ်ကူးတစ်ကသွားမေးတယ်ဆိုတာတော့ ကျန့်ကောမသိလဲဖြစ်တယ် ဟုတ်တယ်မလား~
"ဪ.. ကိုယ့်မိဘတွေအိမ်ပြန်သွားတာလေ"
"မီးပုံးပွဲနေ့မှာ ပျော်ခဲ့မှာပေါ့ ကျန့်ကော"
"အင်း... ပျော်ပါတယ်"
"ကျန်တော်ကတော့ မိဘအိမ်မပြန်ဖြစ်ဘူးဒီနှစ်။ ဒါပေမဲ့ ယွမ်ရှောင်းကောင်းကောင်းလေးစားလိုက်ရတော့ တစ်ယောက်ထဲပေမဲ့ အထီးတော့မကျန်နေတော့ဘူးပေါ့.."
ရိပေါ်ပြောပြီးတော့ ကျန့်ကောကို သေချာအကဲခတ်မိတယ်...ကျန့်ကောဆီက လှုပ်ရှားမှုတစ်ခုခုကိုမျှော်လင့်ရင်းပေါ့...
ကျန့်ကောကတော့ သူ့မူပိုင် အပြုံးလက်လက်ကလေးနဲ့ ဆေးလိပ်ကို ရှိုက်ဖွာလို့ အေးဆေးနေလိုက်တာ...
~ကျန့်ကောရယ်..ဘာလဲဗျာ..ကျွန်တော်ပဲအတွေးမှားနေတာလား..~
"ရိပေါ် ကော်ဖီမသောက်တော့ဘူးလား..
နေရောကောင်းရဲ့လား... မျက်လုံးတွေနီနေသလိုပဲ"
"အာ မှာမယ်ကျန့်ကော.. ဟုတ်တယ် ကျွန်တော်မနေ့က နေမကောင်းချင်သလိုဖြစ်နေတာ"
"နွေးနွေးထွေးထွေးနေလေ ကောင်လေးရဲ့.. အေးနေ...."
"ကျန့်ကော.."
ရိပေါ်ရင်ထဲ ဒိန်းကနဲပဲ... ကျန့်ကောက ကောင်လေးလို့ခေါ်လိုက်တိုင်း သူ့ထင်နေတာတွေမှန်တယ်လို့ မျှော်လင့်ချက်တွေကလဲ တစ်ရိပ်ရိပ်တိုးလို့....
ရိပေါ် စကားဖြတ်ကာနာမည်ကိုခေါ်မိတော့ ကျန့်ကောက မျက်လုံးလေးပြူးလို့ ကြောင်ကြည့်နေတယ်..
"Ah sorry ကျန့်ကော... ကျွန်တော်လောသွားတယ်.. ကျန့်ကော ဘာလို့ကျွန်တော့်ကို ကောင်လေးလို့ခေါ်တာလဲ?"
"ဪ... ကိုယ့်ထက်ငယ်တဲ့ ပိစိလေးမို့ပေါ့.. ကိုယ်က ရိပေါ်အရွယ်ညီတစ်ဝမ်းကွဲလေးကိုလဲ ဒီလိုပဲခေါ်တာမို့... ရိပေါ်မကြိုက်ရင်လဲ ကိုယ်ပြောင်းခေါ်ပါမယ်.."
~သူများကိုလဲခေါ်တာပဲတဲ့လား..~
ရိပေါ်အားတင်းပြုံးရင်းနဲ့...
"မဟုတ်ပါဘူးကောရ.. ကျွန်တော်သိတဲ့သူတစ်ယောက်ကလဲဒီလိုပဲခေါ်တာမို့လို့မေးကြည့်တာ"
"အေးတယ်ရိပေါ်ရ.. ဒါလေးပတ်သွား..
ကိုယ်အလုပ်ဆီပြန်သွားတော့မယ်နော်.. see you later.."
ကျန့်ကောက ပြောပြောဆိုဆိုနဲ့ သူ့မာဖလာအပြာမှိုင်းမှိုင်းလေးကိုပတ်ပေးကာ gallery ထွက်သွားတော့တယ်..
စီးကရက်နံ့ပြေပြေနဲ့ မာဖလာလေးက ရိပေါ်လည်ပင်းမှာ ပတ်ထားတာပေမဲ့ နွေးနေတာကတော့ နှလုံးသားထဲမှာပဲဖြစ်ပါတယ်..
ရိပေါ်အိမ်ကိုပြန်ရောက်တဲ့ထိ မာဖလာလေးကိုမချွတ်မိသေးဘူး..ကုတင်ပေါ်တက်လိုက်ပြီး သူသေချာစဉ်စားနေမိတယ်..စာအိပ်အပြာတွေပိုင်ရှင်က ကျန့်ကောဖြစ်မှဖြစ်မှာလား... ဒီတိုင်းသပ်သပ်ဆီအနေနဲ့ တစ်ကန့်ဆီသဘောကျတော့ရောဘာဖြစ်လို့လဲဆိုတာကိုပေါ့...တစ်ဆက်တည်းမှာလဲ ကျန့်ကောပဲဖြစ်စေချင်တဲ့လောဘလေးကလဲတွဲရက်....
~လောဘတကြီး ဆက်မျှော်လင့်နေဦးမယ် ကျန့်ကော...ကျွန်တော်ကခေါင်းမာတာမို့..~
_______________
(Zawgyi)
"ကျန့်ကော"
"ဪ ရိပေါ်... morning!!"
"....."
"အင်း... ပျော်ပါတယ်"
"ကျန့်ကော.."
Ipagpatuloy ang Pagbabasa
Magugustuhan mo rin
29.9K 3.4K 40
"ကျန့်ပေပေ့ ငါတို့အတူတူထွက်​ပြေးရအောင်..."
35.3K 3K 11
𝑾𝒉𝒂𝒕 𝒘𝒐𝒖𝒍𝒅 𝒚𝒐𝒖 𝒄𝒉𝒐𝒐𝒔𝒆 ❝ 𝑻𝒓𝒖𝒕𝒉 𝗼𝐫 𝑫𝒂𝒓𝒆 ! ❞ ? -𝙱𝙹𝚈𝚇-♡︎ ∆ 𝙵𝚞𝚕𝚕 𝚌𝚛𝚎𝚍𝚒𝚝 𝚝𝚘 𝙲𝚅 𝚙𝚑𝚘𝚝𝚘 ∆
17.9K 822 6
(Unicode) ဒါလေးတော့ ကျန့်ကောမွေးနေ့အဖြစ်ဖန်တီးဖြစ်တာလေးပါ အစကတော့ တစ်ပိုင်းနဲ့အပြီးရေးဖို့စဉ်းစားထားပေမယ့် အရမ်းရှည်နေတာကြောင့်မလို အပိုင်းခွဲရေးလိုက...
21.2K 2.1K 17