ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ...
AnnaXiao105 által
423K 28.3K 1.1K
WangYiBo [&] XiaoZhan Több
Intro
Part-1
Part-2
Part -3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31(final)
19.6K 895 73
AnnaXiao105 által
Zawgyi
  "ကျန့်ကျန့်၊ နေမကောင်းဘူးလား၊ ကိုယ် ဧည့်သည်တွေနည်းနည်းပဲ ဖိတ်ထားတာပါ. . .ပါးက၊ သူ့သားမက်လေးကို ကြွားချင်လွန်းလို့၊ သူ့ မိတ်ဆွေတွေ ဖိတ်တာ များသွားပြီထင်တယ်....."
  "ဟုတ်"
  "အင်း၊ ငါအခုလာခဲ့မယ်"
  "ဟုတ်၊ ကိုကို"
  ထိုချိန်.....
  "ကျွန်တော် ကတိပေးပါတယ် Uncle၊ ကျန့်ကျန့်ကို ဘယ်တော့မှစိတ်မဆင်းရဲစေရပါဘူး၊ ကျန့်ကျန့်ရော သားလေးပါ ကျွန်တော် အပြည့်အဝကာကွယ်ပေးသွားမှာပါ၊ ဘယ်တော့မှ မဖောက်ပြားတဲ့ အချစ်စစ်နဲ့ချစ်ပြီး ကျန့်ကျန့်နဲ့ သားလေးကို၊ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေး ဖန်တီးပေးသွားမှာပါ"
  ကျေနပ်ပါပြီ.....
  ဖာသာကြီး၏ "နမ်းနိုင်ပါပြီ" ဟု စကားသံထွက်လာချိန်တွင်၊ ခန်းမထဲရှိ လူအားလုံး တိတ်ဆိတ်သွားကာ၊ သတို့သားနှစ်ယောက် နမ်းလိုက်သောအချိန်တွင်၊ ချီးကျူးခြင်းလက်ခုပ်သံများက ကျယ်လှောင်စွာ ထွက်ပေါ်လာ၏။
    ချစ်ခြင်းမေတ္တာဆိုတာ တောင်းခံလို့ရတာ မဟုတ်ဘူး.....
  "ရီပေါ်တို့ကတော့ စွံတာပဲဗျာ၊ ကံတရားက လက်ဆောင်အဆစ်အဖြစ် သားလေးတစ်ယောက်ကိုပါ၊ အပိုပေးလိုက်သေးတယ်ဗျာ၊ Congratulationပါ ဝမ်ရီပေါ်"
  ပြောလိုက်ကြ၊ ဝါးဟားဟား လုပ်လိုက်ကြနှင့် ရှောင်ကျန့်မှာတော့၊ သူ့သဘောကျ အနားမှာ နေပေးနေရတာကို ခပ်ညစ်ညစ်ဖြစ်နေပါပြီ။ ပြောနေရင်းနှင့် ကိုယ့်အကြောင်းကိုရောက်သွားပြီး၊ ဘယ်သူက သူ့မိန်းမကို ဘယ်လောက်ပိုင်ကြောင်း၊ ဘယ်လောက်နိုင်ကြောင်းတွေဆီကို စကားလှည့်သွားပြန်သည်။
  "ဝမ်ရီပေါ်က ခုကတည်းက သူ့ယောကျာ်းလေး တားမြစ်ထားလို့၊ ငါးပတ်ပဲ သောက်ရရှာသေးတယ်၊ သူ့ခမျာ အိပ်ချင်လို့ သမ်းဝေပြနေတာလဲ တဝါးဝါူနဲ့၊ ခုမှ ည(10:00)ပဲ ထိုးပါသေးတယ်"
  "ငါဆို ည(1:00)ထိုးမှ မင်္ဂလာအိပ်ခန်းထဲ ဝင်ရတယ်လေ၊ ငါ့ဇနီးလောင်းလေးက စိတ်ကောက်ပြီး၊ ကုတ်ဖဲ့လို့ ငါ့မှာ နောက်နေ့မနက် မျက်နှာမှာ လက်သည်းရာကို ထပ်နေတာပဲ"
  "ချစ်စ၊ ခင်စ၊ ကြင်နာစမို့ ခွင့်လွှတ်ထားတာပါကွ"
  "အင်းပါ၊ ကျန့်ကျန့်လဲ ကိုကို့ကိုချစ်တယ်နော်၊ လက်လွှတ်ပါဦး၊ ဒီမှာ အင်္ကျီချွတ်လဲပေးမလို့"
  "မလွှတ်ဘူးကွာ"
  "မဆိုးနဲ့နော်"
  "ဆိုးမှာပဲ၊ ကိုယ်...အိပ်မက် မက်နေတာလား၊ အေ့...ကိုယ် တကယ် ပိုင်ဆိုင်နေရတာပါနော်"
   ယောကျာ်းသားတစ်ယောက်ရဲ့ ဘဝ၊ အမှတ်တရဖြစ်စရာ မင်္ဂလာညလေး တစ်ညပါပဲ။
The End
အားပေးပေးကြပါဦးလို့
ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-31( Final )
Unicode
  You were to me something apart from common life a thing. Pure, honest,without tain. The world seemed to me finer because you are in it, and goodness more real because you lived.
  မင်းဟာ စင်ကြယ်တယ်၊ မြင့်မြတ်တယ်၊ ရိုးသားတယ်၊ အစွန်းအထင်း မရှိဘူး၊ ကိုယ့်အဖို့ မင်းဟာ သာမန်ဘဝထက် ထူးခြားပါတယ်၊ မင်း ရှိနေတဲ့အတွက် ကိုယ့်အဖို့ ဒီကမ်ဘာဟာ ပိုပြီး လှလာတယ်။ ပြီးတော့. . .မင်းအသက်ရှင်နေတဲ့အတွက် ဘဝရဲ့ အနှစ်သာရလည်း ပိုပြီး ယုတ္တိရှိလာပါတယ်။
   ရှောင်ကျန့်လက်တွေ၊ အေးစက်နေတာ သူသိသည်။ ခုနတုန်းက အေးစက်စက် လက်ကလေးတွေကို၊ သူ ဆုပ်ကိုင်လိုက်၏။ ဒီနေ့လေးဟာ သူတို့နှစ်ယောက် ပြန်၍ လက်ထပ်သည့်နေ့ပင်။ သူ့အတွက်တော့ ရှောင်ကျန့်ကို ချစ်ရခြင်း၊ ပိုင်ဆိုင်ရခြင်းဟာ တကယ့် ပျော်ရွှင်စရာ အကောင်းဆုံး အချိန်တွေပါ။
  "ကျန့်ကျန့်၊ နေမကောင်းဘူးလား၊ ကိုယ် ဧည့်သည်တွေနည်းနည်းပဲ ဖိတ္ထားတာပါ. . .ပါးက၊ သူ့သားမက်လေးကို ကြွားချင်လွန်းလို့၊ သူ့ မိတ်ဆွေတွေ ဖိတ္တာ များသွားပြီထင်တယ်....."
  "နေကောင်းပါတယ်၊ ကျွန်တော် ဘာမှမဖြစ်ပါဘူး...၊ သားလေးရောဟင်...သားကို မနက်ကတည်းက မတွေ့မိဘူး"
  "ပါး ခေါ်သွားပြီး၊ သူ့ ဧည့်သည်တွေကို သွားကြွားနေတယ်လေ"
  "ဟုတ်"
  ရီပေါ်၊ သူ့ရှေ့က လူသားလေးကို ကြည့်မဝနိုင်၊ အဖြူရောင် suitအပြည့်အစုံနှင့် လိုက်ဖက်လွန်းလှသည်။ ရှောင်ကျန့်ကို မသိတဲ့သူတွေကိုသာ၊ ကလေးတစ်ယောက်အဖေလို့ ပြောလျှင် ယုံကြည်နိုင်ကြမည် မဟုတ်။ ဖြူဖွေးသန့်ရှင်းချောမောနေသည့် မျက်နှာလေးနှင့်၊ သူ၏ စိတ်လေး ဖြူစင်လွန်းလှသည်ကြောင့်၊ သူ မြင်မြင်ချင်း ရင်ခုန်ခဲ့ရပါ၏။
  "ဆရာ၊ သခင်ကြီးက မင်္ဂလာချိန်နီးပြီမို့ ခန်းမထဲ၊ လာခဲ့ပါတော့တဲ့"
  "အင်း၊ ငါအခုလာခဲ့မယ်"
  သူ၏ အတွေးတို့ကို ဖြတ်ကာ၊ တပည့်တစ်ယောက် အကြောင်းလာကြားသည်ကို ပြန်ဖြေပြီး၊ ရှောင်ကျန့်ဘက်လှည့်ကာ.....
  "ကျန့်ကျန့်၊ ကိုယ် သွားပြီနော်"
  ရှောင်ကျန့်၏ နဖူးပြေပြေလေးကို ဖွဖွလေးနမ်းကာ ပြော၏။
  "ဟုတ်၊ ကိုကို"
   No one can destory the strength of devotion that is real great.
   မွန်မြတ်မှန်ကန်တဲ့ အချစ်ရဲ့စွမ်းအားကို မည်သူတစ်ဦးတစ်ယောက်ကမျှ မဖျက်ဆီးနိုင်ပေ။
  ရီပေါ် တကယ်ပျော်ရွှင်နေမိသည်။ မကြာခင် သူ၏ လူသားလေးက၊ ဒီခန်းမကြီးနှင့် ဧည့်ခံပွဲသို့လာရောက်ဂုဏ်ပြုကြသည့် ဧည့်ပရိတ်သတ်များကို ဖြတ်ကျော်ကာ၊ ရောက်ရှိလာမည့် သူ၏ လူသားလေးကို၊ တကယ်ပင် တွေ့ချင်လွန်းလှပြီ။
  ထိုချိန်.....
  ပန်းခြင်းလေးကို ကိုင်ပြီး၊ တစ်လှမ်းချင်း လှမ်းကာ ပန်းလေးတွေကို ဖြန့်ကြဲလျက်၊ ခန်းမကြီးထဲ ဝင်လာသည်က သူ၏ ချစ်လှစွာသော၊ တစ်ဦးတည်းသောသား ဝမ်ရီကျန့်လေးပင်။
  ဝမ်ရီကျန့်လေး၏ နောက်တွင်၊ ဦးရှောင်ဝေ၏ လက်ကိုချိတ်၍ အေးမြလှသောအပြုံးလေးက၊ လေပြည်နုလေးပမာ မျက်နှာထက်တွင် ချိတ်ဆွဲလျက်၊ ခန်းမထဲသို့ တစ်လှမ်းချင်း၊ တစ်လှမ်းချင်း ဖြည်းညင်းစွာ လျှောက်လာ၏။
  ရီပေါ်၊ တကယ် စိတ်မရှည်ဖြစ်ရပါသည်။ ရှည်လျား ကျယ်ဝန်းလှသော ခန်းမကြီးကိုလဲ၊ စိတ်ထဲကနေ မေတ္တာပို့နေမိသည်။ ခန်းမကြီးကပဲ  ရှည်လျားနေတာလား၊ ရှောင်ကျန့်တို့ပဲ လမ်းလျှောက်နှေးနေတာလား၊ သူ တကယ်မသိတော့ပါ။
  (5)မိနစ်ကြီး ကြာပြီးချိန်မှာတော့ သူ၏ လူသားလေးက၊ မင်္ဂလာစင်မြင့်ပေါ်သို့ ရောက်ရှိလာ၏။ ထို့နောက် ဦးရှောင်ဝေက.....
  "သားကျန့်ကို၊ မင်းလက်ထဲ အပ်ပါတယ် ရီပေါ်၊ သားကျန့်ကို ပျော်ရွှင်အောင်ထားပါလို့၊ Uncle ခွင့်ပြုချက်တောင်းပါတယ်"
  ဦးရှောင်ဝေက ရှောင်ကျန့်ချိတ်ထားသည့်လက်ကို ဖြုတ်၍၊  သူ၏ လက်ထဲထည့်ကာ ပြောသဖြင့်၊ ဝမ်ရီပေါ် ခေါင်းညိတ်၍.....
  "ကျွန်တော် ကတိပေးပါတယ် Uncle၊ ကျန့်ကျန့်ကို ဘယ်တော့မှစိတ်မဆင်းရဲစေရပါဘူး၊ ကျန့်ကျန့်ရော သားလေးပါ ကျွန်တော် အပြည့်အဝကာကွယ်ပေးသွားမှာပါ၊ ဘယ်တော့မှ မဖောက်ပြားတဲ့ အချစ်စစ်နဲ့ချစ်ပြီး ကျန့်ကျန့်နဲ့ သားလေးကို၊ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝေလး ဖန်တီးပေးသွားမှာပါ"
  ဦးရှောင်ဝေက ရီပေါ်၏ စကားများကိုကြားပြီး၊ ကလေးနဲ့ မြေးလေးကို၊ ထိုသို့ ကာကွယ်ပေးပြီး ချစ်သွားမည်ဟု၊ ပြောသဖြင့် မျက်ရည်ဝဲတက်လာ၏။
  ကျေနပ်ပါပြီ.....
  ဒီလောက်ဆို ကလေးနဲ့ မြေးလေးအတွက်၊ သူ စိတ်ချပါပြီ.....
  မျက်ရည်စတို့မကျစေရန် မျက်တောင်ဖျားတို့ကို ပုတ်ခတ်လိုက်ပြီး၊ ရီပေါ်ကိုဖက်ကာ ကျောကို ဖွဖွပုတ်၏.....။
   ဖာသာကြီးရှေ့၊ ဧည့်ပရိတ်သတ်များရှေ့တွင် သစ္စာပြုခြင်း၊ ကျမ်းကျိန်ခြင်း၊ တစ်ယောက်နဲ့တစ်ယောက် သစ္စာပြုခြင်း၊ အရိုအသေပြုခြင်းတို့က ချောမွေ့စွာ၊ ပြီးမြောက်အောင်မြင်အပြီး.....
  ဖာသာကြီး၏ "နမ်းနိုင်ပါပြီ" ဟု စကားသံထွက်လာချိန်တွင်၊ ခန်းမထဲရှိ လူအားလုံး တိတ္ဆိတ္သြားကာ၊ သတို့သားနှစ်ယောက် နမ်းလိုက်သောအချိန်တွင်၊ ချီးကျူးခြင်းလက်ခုပ်သံများက ကျယ်လှောင်စွာ ထွက်ပေါ်လာ၏။
  "ပါပါး၊ ပါပါး...Daddy သားသားလေးကိုရော နမ်းပါ"
  သားလေးက မင်္ဂလာစင်မြင့်ပေါ်သို့ ပြေးတက်လာကာ၊ ပြောနေသဖြင့် ရှောင်ကျန့်နဲ့ ရီပေါ် သားလေးရှေ့ ဒူးထောက်ထိုင်ချလိုက်ပြီး၊ ချောမွတ်ပြီး ပေါက်စီလေးလို ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို၊ တစ်ယောက်တဖက် မွှေးကြူလိုက်၏။
  မင်္ဂလာဧည့်ခံပွဲသို့ ကြွရောက်လာကြသည့် ဧည့်ပရိတ်သတ်များမှာ၊ ထိုပုံရိပ်လေကို ပန်းချီကားတစ်ချပ်ပမာ၊ မှင်သက်ငေးမောနေကြ၏။
    Love is not a thing to ask for, but itself appears automatically.
    ချစ်ခြင်းမေတ္တာဆိုတာ တောင်းခံလို့ရတာ မဟုတ္ဘူး.....
    သူ့အလိုလို ဖြစ်တည်လာတာပါ.....
  ညဘက်ရောက်တော့ သူ့အပေါင်းအသင်းတွေနှင့်၊ ဘက်ချလာနိုက် ဟုဆိုကာ သောက်ကြစားကြပြန်သည်။
  အလွန်အကျွံမဖြစ်ဖို့၊ ရှောင်ကျန့် ဘေးကနေ တားနေရ၏။ သူ့ မိတ်ဆွေတွေကလည်း (30)ကျော်ဝန်းကျင်တွေဆိုတော့၊ စကြ နောက်ကြ၏။
  "ရီပေါ်တို့ကတော့ စြံတာပဲဗ်ာ၊ ကံတရားက လက်ဆောင်အဆစ်အဖြစ် သားလေးတစ်ယောက်ကိုပါ၊ အပိုပေးလိုက်သေးတယ်ဗျာ၊ Congratulationပါ ဝမ်ရီပေါ်"
  "ခင်ဗျားကတော့ နောက်ပြီ"
  ပြောလိုက်ကြ၊ ဝါးဟားဟား လုပ်လိုက်ကြနှင့် ရှောင်ကျန့်မှာတော့၊ သူ့သဘောကျ အနားမွာ နေပေးနေရတာကို ခပ်ညစ်ညစ်ဖြစ်နေပါပြီ။ ပြောနေရင်းနှင့် ကိုယ့်အကြောင်းကိုရောက်သွားပြီး၊ ဘယ္သူက သူ့မိန်းမကို ဘယ်လောက်ပိုင်ကြောင်း၊ ဘယ်လောက်နိုင်ကြောင်းတွေဆီကို စကားလှည့်သွားပြန်သည်။
  တော်တော်နှင့် စားသောက်ဝိုင်း မသိမ်းနိုင်အောင်၊ အချိန်ဆွဲနေကြခြင်း ဖြစ်သည်။
  "ဝမ်ရီပေါ်က ခုကတည်းက သူ့ယောကျာ်းလေး တားမြစ်ထားလို့၊ ငါးပတ်ပဲ သောက်ရရှာသေးတယ်၊ သူ့ခမျာ အိပ်ချင်လို့ သမ်းဝေပြနေတာလဲ တဝါးဝါူနဲ့၊ ခုမွ ည(10:00)ပဲ ထိုးပါသေးတယ်"
  "ခင်ဗျားတို့ ကိုယ်ချင်းမစာဘူး၊ ပြန်ကြဗျာ"
  "ငါဆို ည(1:00)ထိုးမွ မင်္ဂလာအိပ်ခန်းထဲ ဝင်ရတယ်လေ၊ ငါ့ဇနီးလောင်းလေးက စိတ်ကောက်ပြီး၊ ကုတ်ဖဲ့လို့ ငါ့မွာ နောက်နေ့မနက် မျက်နှာမှာ လက်သည်းရာကို ထပ်နေတာပဲ"
  "ပြောတော့ မိန်းမနိုင်တယ်ဆို"
  "ခ်စ္စ၊ ခင်စ၊ ကြင်နာစမို့ ခွင့်လွှတ်ထားတာပါကွ"
  ရှောင်ကျန့်က ကလေးအကြောင်းပြပြီး၊ (10:30)မွာ အိမ်ပေါ်တက်နေလိုက်၏။ သားလေး အိပ်ခန်းထဲ အသာသွားကြည့်တော့ လက်မလေးကိုငုံကာ အိပ်ပျော်နေလေသည်။
  သားလေးကို မွေးပြီး၊ ယောကျာ်းလေးဖြစ်လျက် နို့လှန်တိုက်ခဲ့ရတဲ့ ဘဝ။ မှတ်မှတ်ရရပါပဲ။ သားလေး နို့သိပ်မစို့သောနေ့တွေဆို နို့တွေ ပန်းထွက်တာကို ကိုယ့်ဘာသာတွေးမိပြီး ပြုံးလိုက်မိ၏။ သားလေးကို စောင်ပါးလေး သေချာခြုံပေးပြီးမှ၊ မင်္ဂလာအိပ်ခန်းဘက်ကို ပြန်ကူးလာမိ၏။
  ခုတင်ပေါ်မှာ တအောင့်တနား လှဲရုံရှိသေးသည်၊ ကိုရွှေချောက မူးမူးနဲ့ သိုင်းကွက်နင်းပြီး ဝင်လာလေပြီ။
  "ဟင်...ခုနက ဒီလောက်မမူးပါဘူး၊ နာရီဝက်ကျော်ကျော်လေးမှာ ခင်ဗျားက ဘယ်လိုဖြစ်လာရတာလဲ"
  "ဟိုလူတွေ အတင်းတိုက်လို့၊ ထပ်သောက်လိုက်တာ များသွားတယ် ကျန့်ကျန့်ရယ်၊ အဟဲ...ကိုယ့်ကို ခွင့်လွှတ်နော်"
  "ဘယ်လောက်တောင် ခေါင်းစိုက်အောင် သောက်လာရတာလဲ၊ လေးဖက်ထောက်ကြီး လဲလို့ပါလား၊ ခုတင်ပေါ်ရော တက်နိုင်သေးရဲ့လား"
  "တက်နိုင်တယ်၊ ဆေးစွမ်းကောင်းတွေ သောက်ထားတယ်၊ ခွန်အားဖြိုးမောက် ABCစတောက် ရှိတယ်လေ၊ အေ့...ဂေ့..."
  ညဝတ်အကျႌကို ရှောင်ကျန့် လှဲလှယ်ပေးရတော့၏။ သူ့ဟာက မူးတဲ့ နေရာက မူးပြီး၊ မမူးတဲ့နေရာက မမူးဖြစ်နေ၏။ လက်တွေက မမူး၊ ရှောင်ကျန့် ကိုယ်လေးကို အတင်းလိုက်ဖက်နေ၏။ ရှောင်ကျန့်ရဲ့ ခါးသိမ်ကျဉ်းကျဉ်းလေးကိုလည်း၊ မလွှတ်တမ်း ဖက်ထားလိုက်ပြန်သေး၏။
  "သိပ်ချစ်တယ်၊ ကျန့်ကျန့်ရယ်၊ အရမ်းချစ်တယ်ကွာ"
  "အင်းပါ၊ ကျန့်ကျန့်လဲ ကိုကို့ကိုချစ်တယ်နော်၊ လက်လွှတ်ပါဦး၊ ဒီမွာ အကျႌချွတ်လဲပေးမလို့"
  "မလွှတ်ဘူးကွာ"
  "မဆိုးနဲ့နော်"
  "ဆိုးမွာပဲ၊ ကိုယ်...အိပ်မက် မက်နေတာလား၊ အေ့...ကိုယ် တကယ် ပိုင်ဆိုင်နေရတာပါနော်"
  "အင်းပါဆိုမှ၊ ဟော...ကိုကို မကဲနဲ့ကွာ"
  ရီပေါ်ရဲ့ ချုပ်နှောင်မှုအောက်မှာ၊ ရှောင်ကျန့် ရောက်ရှိသွားရတော့၏။ ကြိုးမျှင်အထပ်ထပ် ရစ္ပတ္ခံရေသာ၊ သားကောင်လို ပင့်ကူရဲ့ ဖောက်စားခြင်းကို ခံလိုက်ရလေပြီ။
  စားပွဲပေါ်မှ အလှစိုက်ပန်းအိုးလေးထဲက၊ ပန်းနုရောင်နှင်းဆီဖူးအာလေး ပွင့်လန်းသွား၏။ ချစ်ခြင်းလိပ်ပြာရဲ့ တောင်ပံခတ်သံတွေ မရပ္မနား။ ဝတ်ရည်တွေ စုပ်ယူသလို ချိုမြိန်သွားချိန်ခဏ၊ အထွတ်အထိပ်မှာ ဇောဝတ်ရုံလွှာကြီး ကြိုးပြတ်ကျသွားလေပြီ။
   ယောကျာ်းသားတစ်ယောက်ရဲ့ ဘဝ၊ အမွတ္တရျဖစ္စရာ မင်္ဂလာညလေး တစ္ညပါပဲ။
  When one is in love one begins by deceiving oneself. And one ends by deceiving others. That is what the worl called a romance.
  ချစ်မိသောအခါတွင် မိမိကိုယ္ကို လှည့်စား၏။ ပြီးသော်...သူတစ်ပါးကို လှည့်စားခြင်းဖြင့် အဆုံးသတ်၏။ ဤသည်ကိုပင်လျှင် အချစ်ဇာတ်လမ်းဟု လောက၌ ခေါ်ဝေါ်ကြလေသည်။
The End
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်
နောက်Ficတစ်ပုဒ်တင်ပေးပါ့မယ်နော်
အားပေးပေးကြပါဦးလို့
Olvasás folytatása
You'll Also Like
446K 62.7K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
202K 18K 28
Chance 🐰မထင်မှတ်ထားသော အခွင့်​အရေး 🐰ရဲ့ S2ပါနော် ခေါင်းစဥ်ကို တအားစဥ်းစားပစ်တာ😂😂
32.3K 3.3K 26
ရှောင်းကျန့်"ပျော်ရွှင်မှုဆိုတာကို ကျွန်တော်မသိဘူး.....ပျော်ရွှင်မှုဆိုတာ တကယ်ရော ရှိရဲ့လား" ဝမ်ရိပေါ် "မင်းမှာ မရှိရင် အဲ့ပျော်ရွှင်မှုကို ဖန်တီးလို...
55.8K 9.8K 47
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...