Letters

By mysunshineisbright

56.2K 6.1K 121

စာလေးတစ်စောင်မှာ ရေးပေးလိုက်တဲ့သူရဲ့ နှလုံးသားတစ်ခုလုံးကို ခံစားရစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်.. စာေလးတစ္... More

1
2
3
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
Finale
❤️📢💚

4

2.1K 249 5
By mysunshineisbright

(Unicode)

ရိပေါ် alarm မလိုပဲ အစောကြီးနိုးလာပါတယ်..
ညကအတွေးပေါင်းစုံနဲ့အိပ်မပျော်ခဲ့တာတောင် training ရှိလို့စောအိပ်တဲ့နေ့တွေထက်စောပြီး ကြည်ကြည်လင်လင်နိုးလာခဲ့တယ်...ခါတိုင်းသာဆိုရင် training မရှိတဲ့ဒီလိုနေ့တွေမှာ မွန်းတဲ့ထိအိပ်ရမှ ကျေနပ်တာ...ကျန့်ကောရဲ့အစွမ်း နောက်စရာတော့မဟုတ်ဘူး...

ရိပေါ်မြန်မြန်ရေမိုးချိုးပြီး Zio ကိုထွက်လာခဲ့တယ်... outdoor ကခုံလေးမှာတော့ ကျန့်ကောရှိမနေဘူး။ order တင်ပြီးတော့ ကျန့်ကောထိုင်နေကျခုံမှာပဲထိုင်နေလိုက်တယ်.. မရောက်သေးတာဖြစ်နိုင်တဲ့ ကျန့်ကောကိုစောင့်ရင်း ဟိုဒီတွေးရင်းပေါ့..

ရိပေါ်ကော်ဖီကုန်တဲ့ထိ ကျန့်ကောကရောက်မလာတော့ သူမနေနိုင်တော့ဘူး..waiter တစ်ယောက်ကိုခေါ်ကာ

"ညီလေးရေ အကိုရှောင်းကျန့်ကိုသိတယ်မလား? သူရောက်ပြီလား"
"ဟုတ် သိပါတယ်ဗျ။ ဆိုင်ကိုတော့ မရောက်သေးပါဘူး။ gallery ဘက်မှာတော့ မပြောတတ်ဘူးခင်ဗျ"
"ဪ.. ဟုတ် ကျေးဇူးပါပဲ"

ရိပေါ် gallery ဖက်ကို လျှောက်လာခဲ့လိုက်တယ်.. Zio Cafe နဲ့ Zio Gallery က တစ်ခြံထည်းမှာပဲရှိပြီး အဆောက်အဦ၂ခုကို ကြာပန်းတွေရှိတဲ့ရေကန်ငယ်ပေါ်မှာ တံတားလေးနဲ့ဆက်ထားတာဖြစ်တယ်...Gallery ပီပီ အတော်ကဗျာဆန်ပြီး အေးအေးချမ်းချမ်းလေးရှိပါတယ်..
ရိပေါ် Gallery ထဲဝင်လိုက်တော့ Mozart ရဲ့ Fantasia ကို တိုးတိုးငြိမ့်ငြိမ့်လေးဖွင့်ထားတယ်.. ရိပေါ် Reception ကိုလျှောက်လာပြီး မေးမယ်လုပ်ခါမှ

~ငါဘာတွေလုပ်နေတာလဲ..တွေ့ပါပြီတဲ့ ကျွန်တော့်ကိုစာပေးတာ ကျန့်ကောမလားလို့မေးရမှာလား.. ကော်ဖီဆိုင်ဘာလို့လာမထိုင်လဲမေးရမှာလား..တစ်ခေါက်လေးစကားပြောဖူးတာနဲ့ ဒါတွေမေးရမှာက တော်တော်ကို awkward ဖြစ်မှာ.. ငါလဲအတော်ကြောင်တာပဲ..~

Reception ရှေ့မှာ တွေတွေကြီးရပ်နေတဲ့ရိပေါ်ကို Receptionist ၂ ယောက်က ရိပေါ်ရဲ့ရုပ်ခံလေးကြောင့် သည်းခံနိုင်စွမ်းတွေက အဆုံးမရှိ.. ကြာကြာရပ်လေ ကြည့်နေတဲ့ ငါတို့ အသက်ရှည်လေပေါ့ဆိုတဲ့ ထုံးနှလုံးမူထားကြတယ်..

ရိပေါ်တစ်ယောက် တွေ့မှပဲမီးစင်ကြည့်ကဖို့ဆုံးဖြတ်လိုက်ပါတယ်...

"အစ်ကိုရှောင်းကျန့်ရှိပါလားခင်ဗျ"
"သူဌေး ဒီနေ့မလားပါဘူးရှင်"

~what?! သူဌေး??~

"ဪ..ဟုတ်ကဲ့..မနက်ဖြန်ရောခင်ဗျ"
"သူဌေးက ခရီးထွက်သွားတာဆိုတော့ ဘယ်နေ့ပြန်ရောက်မယ်တော့ မပြောနိုင်ပါဘူးရှင့်"
"ဟုတ် ကျေးဇူးပါဗျ"

~ခင်ဗျားဟာလေ အရေးထဲမှ ခရီးသွားရတယ်လို့..ဒီတိုင်းဝန်ထမ်းထင်နေတာ..သူဌေးဆိုတော့လဲ အလုပ်ထုတ်ခံရတာတို့ ထွက်တာတို့မရှိတော့ ဝေးဝေးပြေးလို့မရဘူးပေါ့လေ... နောက်နေ့ပေါ့ကျန့်ကောရာ..~

ရိပေါ် ကိုယ့်ကိုကိုယ် အားပြန်တင်းနေပေမဲ့ နည်းနည်းတော့စိတ်ပျက်မိတယ်..ရင်းနှီးမယ်မှမကြံသေးဘူး ခရီးထွက်သွားတယ်ဆိုတော့လေ..တစ်ခြားလုပ်စရာမရှိတော့လဲ အိမ်ပဲပြန်လာခဲ့လိုက်တယ်..

အကျင့်ပါနေတဲ့ စာတိုက်ပုံးစစ်တဲ့အလုပ်လုပ်မိတော့ လက်ထဲ စာအိတ်အပြာလေးပါလာတယ်..စိတ်ကျေနပ်တာနဲ့မကျေနပ်တာက တစ်ဝက်စီရောလို့...
ဖတ်နေကြစာအိတ်လေးရောက်နေလို့ကျေနပ်မိပေမဲ့ ခရီးသွားနေတဲ့သူဆီကနေ စာရောက်နိုင်ခြေက နဲတာမို့ ကျန့်ကောမဟုတ်ဘူးလားတွေးမိတော့ နဲနဲတော့ အောင့်သက်သက်ပေါ့..ချက်ချင်းဖောက်ဖတ်လိုက်တဲ့အခါ လက်ရေးသော့လေးတွေနဲ့...

"မီးပုံးပွဲမှာ ယွမ်ရှောင်းနွေးနွေးလေး စားရင်း လပြည့်ညကို ခံစားပါ။ ကိုယ်လဲ ဒီလိုအချိန်ကို ကောင်လေးနဲ့အတူအချိန်ကုန်နိုင်ရင်ကောင်းမှာပဲ။

From Z"

စာကိုဖတ်ပြီးမှ စာတိုက်ပုံးထဲပြန်ကြည့်ဖြစ်တော့ အပြာရောင်ဗူးတစ်ဗူးကို ထပ်တွေ့တယ်။ ခုနက စိတ်လောနေတာနဲ့ ဒီဗူးကို သတိမထားမိဖြစ်သွားတာ။ဗူးကိုထုတ်ပြီး ရင်ခွင်ထဲပိုက်လိုက်တဲ့အခါ နွေးထွေးမှုက ရိပေါ် နှလုံးသားထဲထိရောက်သလိုခံစားရတယ်။

အိမ်ထဲရောက်လို့ ဗူးကိုဖွင့်လိုက်တဲ့အခါ ရောင်စုံယွမ်ရှောင်းလေးတွေကိုမြင်လိုက်ရတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဇာတိကိုမပြန်ဖြစ်တဲ့ရိပေါ်က မားလုပ်ကျွေးတဲ့ ယွမ်ရှောင်းကို မိသားစုစုံစုံလင်လင်နဲ့အတူစားကြရင်း မီးပုံးပွဲနေ့ကိုကုန်ဆုံးကြတာကို လွမ်းနေတာ။
စားကြည့်လိုက်တဲ့အခါ မားရဲ့လက်ရာကိုမမှီပေမဲ့ သူ့ကို emotionally satisfied ဖြစ်စေပါတယ်...

~စာထဲကအတိုင်း ခင်ဗျားနဲ့အတူစားရရင်တော့ ပိုစိတ်ကျေနပ်စရာကောင်းမယ်ထင်ပါရဲ့..ကျန့်ကောလဲ သူ့ကိုယ်သူ ကိုယ်လို့သုံးတာ ခင်ဗျားသိလား...သူက ခရီးသွားနေတော့ ဒါတွေဘယ်လုပ်နိုင်မလဲလေ...ဒါပေမဲ့ မျှော်လင့်နေတုန်းပဲ တစ်ယောက်ထဲပါလို့...~

မီးပုံးပွဲညဟာ စာအိပ်အပြာလေးကျေးဇူးနဲ့ ရိပေါ်အထီးမကျန်ခဲ့ရပါဘူး..ဒီလိုနဲ့ပဲရိပေါ်ဟာ စာအိပ်အပြာလေးကို သိစိတ်ကရော မသိစိတ်ကပါ ပိုပိုတိုးလို့ တွယ်တာခဲ့ရပါတယ်....

________________
*Note*
မီးပုံးပွဲ (Lantern festival) က တရုတ်ရိုးရာနှစ်သစ်ရဲ့ ၁၅ ရက်မြောက်နေ့မှာကျင်းပကြပါတယ်။ ဖေဖော်ဝါရီ လကုန်နဲ့ မတ်လ လဆန်းကြားထဲ ကြရောက်လေ့ရှိပါတယ်။ ဒီပွဲမှာ စက္ကူမီးပုံး​လေးတွေနဲ့အလှဆင်ကြပြီး ကလေးတွေကလဲ မီးပုံးလေးတွေကိုင်ပြီးလျှောက်လည်ကြပါတယ်။ ယွမ်ရှောင်း (Yuanxaio) က မီးပုံးပွဲမှာ စားလေ့ရှိကြတဲ့မုန့်ဖြစ်ပါတယ်။ ကောက်ညှင်းလုံးတွေထဲမှာ နှမ်း စတဲ့ အစာသွပ်ထားပြီး သကြားရည်နဲ့စားကြတဲ့ သရေစာမုန့်ဖြစ်ပါတယ်။
________________

(Zawgyi)

ရိေပၚ alarm မလိုပဲ အေစာႀကီးနိုးလာပါတယ္..
ညကအေတြးေပါင္းစုံနဲ႔အိပ္မေပ်ာ္ခဲ့တာေတာင္ training ရွိလို႔ေစာအိပ္တဲ့ေန႔ေတြထက္ေစာၿပီး ၾကည္ၾကည္လင္လင္နိုးလာခဲ့တယ္...ခါတိုင္းသာဆိုရင္ training မရွိတဲ့ဒီလိုေန႔ေတြမွာ မြန္းတဲ့ထိအိပ္ရမွ ေက်နပ္တာ...က်န္႔ေကာရဲ့အစြမ္း ေနာက္စရာေတာ့မဟုတ္ဘူး...

ရိေပၚျမန္ျမန္ေရမိုးခ်ိဳးၿပီး Zio ကိုထြက္လာခဲ့တယ္... outdoor ကခုံေလးမွာေတာ့ က်န္႔ေကာရွိမေနဘူး။ order တင္ၿပီးေတာ့ က်န္႔ေကာထိုင္ေနက်ခုံမွာပဲထိုင္ေနလိုက္တယ္.. မေရာက္ေသးတာျဖစ္နိုင္တဲ့ က်န္႔ေကာကိုေစာင့္ရင္း ဟိုဒီေတြးရင္းေပါ့..

ရိေပၚေကာ္ဖီကုန္တဲ့ထိ က်န္႔ေကာကေရာက္မလာေတာ့ သူမေနနိုင္ေတာ့ဘူး..waiter တစ္ေယာက္ကိုေခၚကာ

"ညီေလးေရ အကိုေရွာင္းက်န္႔ကိုသိတယ္မလား? သူေရာက္ၿပီလား"
"ဟုတ္ သိပါတယ္ဗ်။ ဆိုင္ကိုေတာ့ မေရာက္ေသးပါဘူး။ gallery ဘက္မွာေတာ့ မေျပာတတ္ဘူးခင္ဗ်"
"ဪ.. ဟုတ္ ေက်းဇူးပါပဲ"

ရိေပၚ gallery ဖက္ကို ေလၽွာက္လာခဲ့လိုက္တယ္.. Zio Cafe နဲ႔ Zio Gallery က တစ္ၿခံထည္းမွာပဲရွိၿပီး အေဆာက္အဦ၂ခုကို ၾကာပန္းေတြရွိတဲ့ေရကန္ငယ္ေပၚမွာ တံတားေလးနဲ႔ဆက္ထားတာျဖစ္တယ္...Gallery ပီပီ အေတာ္ကဗ်ာဆန္ၿပီး ေအးေအးခ်မ္းခ်မ္းေလးရွိပါတယ္..
ရိေပၚ Gallery ထဲဝင္လိုက္ေတာ့ Mozart ရဲ့ Fantasia ကို တိုးတိုးၿငိမ့္ၿငိမ့္ေလးဖြင့္ထားတယ္.. ရိေပၚ Reception ကိုေလၽွာက္လာၿပီး ေမးမယ္လုပ္ခါမွ

~ငါဘာေတြလုပ္ေနတာလဲ..ေတြ႕ပါၿပီတဲ့ ကၽြန္ေတာ့္ကိုစာေပးတာ က်န္႔ေကာမလားလို႔ေမးရမွာလား.. ေကာ္ဖီဆိုင္ဘာလို႔လာမထိုင္လဲေမးရမွာလား..တစ္ေခါက္ေလးစကားေျပာဖူးတာနဲ႔ ဒါေတြေမးရမွာက ေတာ္ေတာ္ကို awkward ျဖစ္မွာ.. ငါလဲအေတာ္ေၾကာင္တာပဲ..~

Reception ေရွ႕မွာ ေတြေတြႀကီးရပ္ေနတဲ့ရိေပၚကို Receptionist ၂ ေယာက္က ရိေပၚရဲ့႐ုပ္ခံေလးေၾကာင့္ သည္းခံနိုင္စြမ္းေတြက အဆုံးမရွိ.. ၾကာၾကာရပ္ေလ ၾကည့္ေနတဲ့ ငါတို႔ အသက္ရွည္ေလေပါ့ဆိုတဲ့ ထုံးႏွလုံးမူထားၾကတယ္..

ရိေပၚတစ္ေယာက္ ေတြ႕မွပဲမီးစင္ၾကည့္ကဖို႔ဆုံးျဖတ္လိုက္ပါတယ္...

"အစ္ကိုေရွာင္းက်န္႔ရွိပါလားခင္ဗ်"
"သူေဌး ဒီေန႔မလားပါဘူးရွင္"

~what?! သူေဌး??~

"ဪ..ဟုတ္ကဲ့..မနက္ျဖန္ေရာခင္ဗ်"
"သူေဌးက ခရီးထြက္သြားတာဆိုေတာ့ ဘယ္ေန႔ျပန္ေရာက္မယ္ေတာ့ မေျပာနိုင္ပါဘူးရွင့္"
"ဟုတ္ ေက်းဇူးပါဗ်"

~ခင္ဗ်ားဟာေလ အေရးထဲမွ ခရီးသြားရတယ္လို႔..ဒီတိုင္းဝန္ထမ္းထင္ေနတာ..သူေဌးဆိုေတာ့လဲ အလုပ္ထုတ္ခံရတာတို႔ ထြက္တာတို႔မရွိေတာ့ ေဝးေဝးေျပးလို႔မရဘူးေပါ့ေလ... ေနာက္ေန႔ေပါ့က်န္႔ေကာရာ..~

ရိေပၚ ကိုယ့္ကိုကိုယ္ အားျပန္တင္းေနေပမဲ့ နည္းနည္းေတာ့စိတ္ပ်က္မိတယ္..ရင္းႏွီးမယ္မွမႀကံေသးဘူး ခရီးထြက္သြားတယ္ဆိုေတာ့ေလ..တစ္ျခားလုပ္စရာမရွိေတာ့လဲ အိမ္ပဲျပန္လာခဲ့လိုက္တယ္..

အက်င့္ပါေနတဲ့ စာတိုက္ပုံးစစ္တဲ့အလုပ္လုပ္မိေတာ့ လက္ထဲ စာအိတ္အျပာေလးပါလာတယ္..စိတ္ေက်နပ္တာနဲ႔မေက်နပ္တာက တစ္ဝက္စီေရာလို႔...
ဖတ္ေနၾကစာအိတ္ေလးေရာက္ေနလို႔ေက်နပ္မိေပမဲ့ ခရီးသြားေနတဲ့သူဆီကေန စာေရာက္နိုင္ေျခက နဲတာမို႔ က်န္႔ေကာမဟုတ္ဘူးလားေတြးမိေတာ့ နဲနဲေတာ့ ေအာင့္သက္သက္ေပါ့..ခ်က္ခ်င္းေဖာက္ဖတ္လိုက္တဲ့အခါ လက္ေရးေသာ့ေလးေတြနဲ႔...

"မီးပုံးပြဲမွာ ယြမ္ေရွာင္းေႏြးေႏြးေလး စားရင္း လျပည့္ညကို ခံစားပါ။ ကိုယ္လဲ ဒီလိုအခ်ိန္ကို ေကာင္ေလးနဲ႔အတူအခ်ိန္ကုန္နိုင္ရင္ေကာင္းမွာပဲ။

From Z"

စာကိုဖတ္ၿပီးမွ စာတိုက္ပုံးထဲျပန္ၾကည့္ျဖစ္ေတာ့ အျပာေရာင္ဗူးတစ္ဗူးကို ထပ္ေတြ႕တယ္။ ခုနက စိတ္ေလာေနတာနဲ႔ ဒီဗူးကို သတိမထားမိျဖစ္သြားတာ။ဗူးကိုထုတ္ၿပီး ရင္ခြင္ထဲပိုက္လိုက္တဲ့အခါ ေႏြးေထြးမႈက ရိေပၚ ႏွလုံးသားထဲထိေရာက္သလိုခံစားရတယ္။

အိမ္ထဲေရာက္လို႔ ဗူးကိုဖြင့္လိုက္တဲ့အခါ ေရာင္စုံယြမ္ေရွာင္းေလးေတြကိုျမင္လိုက္ရတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဇာတိကိုမျပန္ျဖစ္တဲ့ရိေပၚက မားလုပ္ေကၽြးတဲ့ ယြမ္ေရွာင္းကို မိသားစုစုံစုံလင္လင္နဲ႔အတူစားၾကရင္း မီးပုံးပြဲေန႔ကိုကုန္ဆုံးၾကတာကို လြမ္းေနတာ။
စားၾကည့္လိုက္တဲ့အခါ မားရဲ့လက္ရာကိုမမွီေပမဲ့ သူ႔ကို emotionally satisfied ျဖစ္ေစပါတယ္...

~စာထဲကအတိုင္း ခင္ဗ်ားနဲ႔အတူစားရရင္ေတာ့ ပိုစိတ္ေက်နပ္စရာေကာင္းမယ္ထင္ပါရဲ့..က်န္႔ေကာလဲ သူ႔ကိုယ္သူ ကိုယ္လို႔သုံးတာ ခင္ဗ်ားသိလား...သူက ခရီးသြားေနေတာ့ ဒါေတြဘယ္လုပ္နိုင္မလဲေလ...ဒါေပမဲ့ ေမၽွာ္လင့္ေနတုန္းပဲ တစ္ေယာက္ထဲပါလို႔...~

မီးပုံးပြဲညဟာ စာအိပ္အျပာေလးေက်းဇူးနဲ႔ ရိေပၚအထီးမက်န္ခဲ့ရပါဘူး..ဒီလိုနဲ႔ပဲရိေပၚဟာ စာအိပ္အျပာေလးကို သိစိတ္ကေရာ မသိစိတ္ကပါ ပိုပိုတိုးလို႔ တြယ္တာခဲ့ရပါတယ္....

________________
*Note*
မီးပုံးပြဲ (Lantern festival) က တ႐ုတ္ရိုးရာႏွစ္သစ္ရဲ့ ၁၅ ရက္ေျမာက္ေန႔မွာက်င္းပၾကပါတယ္။ ေဖေဖာ္ဝါရီ လကုန္နဲ႔ မတ္လ လဆန္းၾကားထဲ ၾကေရာက္ေလ့ရွိပါတယ္။ ဒီပြဲမွာ စကၠဴမီးပုံး​ေလးေတြနဲ႔အလွဆင္ၾကၿပီး ကေလးေတြကလဲ မီးပုံးေလးေတြကိုင္ၿပီးေလၽွာက္လည္ၾကပါတယ္။ ယြမ္ေရွာင္း (Yuanxaio) က မီးပုံးပြဲမွာ စားေလ့ရွိၾကတဲ့မုန္႔ျဖစ္ပါတယ္။ ေကာက္ညႇင္းလုံးေတြထဲမွာ ႏွမ္း စတဲ့ အစာသြပ္ထားၿပီး သၾကားရည္နဲ႔စားၾကတဲ့ သေရစာမုန္႔ျဖစ္ပါတယ္။
________________

to be continued...

Continue Reading

You'll Also Like

10.9K 714 4
3.April.2023 Birthday present for sister ❤️🙆
3.2M 185K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
844 88 26
Photos Albums There's no house here..!!! YoUth #121321
17.6K 811 6
(Unicode) ဒါလေးတော့ ကျန့်ကောမွေးနေ့အဖြစ်ဖန်တီးဖြစ်တာလေးပါ အစကတော့ တစ်ပိုင်းနဲ့အပြီးရေးဖို့စဉ်းစားထားပေမယ့် အရမ်းရှည်နေတာကြောင့်မလို အပိုင်းခွဲရေးလိုက...