႐ွင္သန္ရာေမ်ွာ္လင့္ရင္ခြင္ဆီ Ep-30
Zawgyi
The feeling called love bloomed in my heart puisating with life and shimmering like a rainbow.
အခ်စ္တည္းဟူသည့္ ခံစားမႈ ကိုယ့္ႏွလံုးသားအတြင္း ပြင့္လန္းလာသည္ႏွင့္ အသက္ဝင္လႈပ္႐ွားလာသည္. . .သက္တံ့သဖြယ္ အေရာင္အေသြး ေတာက္ပလာေလ၏။
ဝမ္ရီေပၚအတြက္ကေတာ့၊ လူကို ေျခေထာက္မွ ဆြဲကိုင္႐ိုက္ခံထားရသလို၊ တစ္ကိုယ္လုံး ဖြတ္ဖြတ္ညက္ညက္ေၾကမတတ္ နာက်င္ပင္ပန္းျခင္းမ်ားစြာ ခံစားရသည္။
တစ္ပတ္လံုး Nanjing Companyရံုးခြဲမွာ၊ ျပႆနာေတြကို ေျဖ႐ွင္း လႈပ္႐ွားခဲ့ရ၏။ Beijing အိမ္၌ ေစာင့္ေမ်ွာ္ေနၾကမည့္ ေ႐ွာင္က်န္႔နဲ႔ သားေလးထံ ၊ အေရာက္သြားလိုစိတ္ျဖင့္ ကားကိုအျပင္းေမာင္းခဲ့၏။
ေ႐ွာင္က်န္႔၏၊ Birthdayေလးမွာ ေ႐ွာင္က်န္႔ အံ႔အားသင့္ဝမ္းသာေစလိုစိတ္ျဖင့္၊ ေနာက္တစ္ေန႔. . .ေန႔လည္ခင္းအခ်ိန္ကိုက္ ေရာက္ဖို႔၊ ရည္ရြယ္ခဲ့၏။
သို႔ေပမယ့္၊ Beijingသို႔ထြက္ခြာမည့္ ေလယာဥ္မ႐ွိသျဖင့္၊ ကားျဖင့္သာ တပည့္(2)ေယာက္ႏွင့္၊ Beijingသို႔ ျပန္လာရ၏။
မထင္မွတ္ဘဲ၊ ကားက ေဖာက္လြဲေဖာက္ျပန္ျဖစ္ကာ၊ လံုးဝ သြား၍ မရျဖစ္ျခင္းက "ေ႐ွာင္က်န္႔နဲ႔ သားေလးထံ မသြားနဲ႔" ဟု တစ္စံုတစ္ေယာက္က ဆြဲထားသလို ျဖစ္ေနခဲ့၏။
"အံ့ေရာဗ်ာ. . .ကြၽန္ေတာ္ ကားနည္းနည္းပါပါးျပင္တတ္ပါတယ္၊ ခုလိုမ်ိဳး. . .တစ္ခါမွ၊ မၾကံဳဖူးဘူးေတာ့ အဟုတ္မွ ဟုတ္ေသးရဲ႕လားေတာင္ ေအာက္ေမ့မိတယ္"
တပည့္တစ္ေယာက္က ကားကို စက္ႏုိးၾကည့္ရင္း၊ ေျပာေလသည္။ လူေျချပတ္ေသာေနရာ၊ သစ္ပင္ႀကီးငယ္တို႔ အုပ္ဆိုင္းေနေသာ ေနရာ၊ မ်က္စိအၾကည့္ေရာက္လ်က္၊ ေန႔မွည. . .ေျပာင္းလဲသြားေသာ အေမွာင္ထုက၊ ဆရာ/တပည့္(3)ေယာက္၏ စိတ္ကို ေခ်ာက္ခ်ားေစသည္။
ဟိုင္းေဝး ခရီးျဖစ္သျဖင့္၊ အ႐ွိန္ျပင္းစြာ ေမာင္းသြားေသာ ကားႀကီး၊ ကားငယ္တို႔က မ်က္စိေ႐ွ႕မွာ၊ ရိပ္ခနဲ ျဖတ္ေျပးတာ ျမန္လွ၏။ ဝွီးခနဲ၊ ဝွီးခနဲ၊ အသံတုန္ခါသြားေသာ ေျမလိႈင္းထသံက ေျမေပၚမွာ ထိုခ်ေနမွ၊ လူကို ကိုင္လႈပ္သလို ျဖစ္ေနတာ၊ တိုက္႐ိုက္ထိေတြ႔ ခံစားရ၏။
ကားျပင္ေနၾကေသာ တပည့္(2)ေယာက္က၊ ဝမ္ရီေပၚကို ဂ႐ုဏာသက္စြာ လွမ္းၾကည့္ၾက၏။ အလင္းေရာင္အားနည္းကာ အေမွာင္ႀကီးစိုးေနသျဖင့္၊ တစ္ေယာက္ကိုတစ္ေယာက္ ဝိုးတိုးဝါးတားသာ ျမင္ရေလသည္။
"ေတာ္ေသးတာေပါ့. . .ဆရာရယ္၊ ဆရာတစ္ေယာက္တည္းဆို ဒုကၡေရာက္ေနမွာ ကြၽန္ေတာ္တို႔ပါလို႔တာေပါ့၊ ဂီယာေဖာက္ခ်တာ. . .ကလပ္ဘရိတ္လဲတာ အခ်ိန္အေတာ္ကုန္တာ၊ ခုေတာင္. . .နည္းတဲ့အခ်ိန္လား ကုန္သြားကာ"
တပည့္တစ္ေယာက္က ကားေဘာ္ဒီေအာက္ပိုင္းမွ၊ ထြက္လာရသျဖင့္ ေညာင္းညာေနေသာေၾကာင့္ ကိုယ္လက္လႈပ္႐ွားမႈျပဳကာ၊ ေျပာရင္း "ဝါး" ခနဲ တစ္ခ်က္သမ္း၏။
"ဟား. . .အိမ္ျပန္ေရာက္ရင္၊ တစ္ခ်ိဳတည္း အိပ္ခ်လိုက္ရမွာပဲ ပင္ပန္းသြားၿပီ၊ ကားျပင္ၿပီးပါၿပီ ဆရာ"
"ငါ့မွာလဲ မင္းတို႔ ပါလာလို႔ ေတာ္ေသးတယ္၊ ေနာက္မို႔ဆို ငါတစ္ေယာက္တည္း ဒုကၡျဖစ္ေနမွာ"
တပည့္(2)ေယာက္က ရယ္ေလသည္။
"က်န္႔က်န္႔၊ ငါ့ကို စိတ္ဆိုးေနတာနဲ႔ ခုက အိမ္ျပန္ေနာက္က်ျပန္ေတာ့၊ ဘယ္ေလာက္ စိတ္ဆိုးျပန္မလဲ မသိဘူး"
"ဗ်ာ"
တပည့္(2)ေယာက္မွာ၊ အံ့ဩလြန္း၍ ပါးစပ္အေဟာင္းသား၊ မ်က္လံုးအဝိုင္းသား ျဖစ္သြားရ၏။
တစ္စံုတစ္ခုကိုလည္း၊ ဒက္ခနဲ သေဘာေပါက္သြားၾကကာ.....။
"ဘာမွ မစိုးရိမ္ပါနဲ႔ Boss၊ ကြၽန္ေတာ္တို႔ ကူညီပါ့မယ္"
ထို႔ေနာက္ ဆရာ/တပည့္(3)ေယာက္ Beijingသို႔ ကားေလးကို၊ အေျပးႏွင္ကာ၊ ထိုေနရာမွ ေမာင္းထြက္လာၾက၏။
----------
Beijingအိမ္သို႔ ေရာက္သည္ႏွင့္၊ ဆရာသမားက အိမ္ထဲသို႔ လွစ္ခနဲ၊ ေျပးဝင္သြား၏။ သူတို႔လဲ အိမ္ထဲသို႔ လိုက္ဝင္၏။
ဧည့္ခန္းထဲတြင္ စားရင္းေတြထိုင္စစ္ေနေသာ ပါးက၊ သူ႔ကို ျမင္သည္ႏွင့္.....
"သားက်န္႔၊ စိတ္ေကာက္ေနတယ္ သြားေခ်ာ့လိုက္ဦး"
"ဟုတ္၊ သားေလးေရာ"
ဦးဝမ္ေလာ့ကြမ္၊ မ်က္မွန္ကို တစ္ခ်က္ပင့္တင္ၿပီး၊ Computerကို ပိတ္ကာ၊ အေၾကာေလ်ွာ့လ်က္ႏွင့္.....
"အိပ္သြားၿပီ၊ Companyခြဲေရာ အဆင္ေျပခဲ့ရဲ႕လား ရီေပၚ"
"အဆင္ေျပသြားပါၿပီ၊ Companyရံုးခြဲကိစၥ ေနာက္မွ ေျပာမယ္ေနာ္ ပါး၊ ခုေတာ့ က်န္႔က်န္႔ကို သြားေခ်ာ့လိုက္ဦးမယ္"
"ေအး၊ ေအး"
ပါး ေျပာသည္ကို ေခါင္းညိတ္ျပၿပီး၊ က်န္႔က်န္႔နဲ႔ သားေလး႐ွိရာ အိပ္ခန္းဆီ အေျပးေလးသြားမိသည္။ မ်က္ႏွာေပၚ၌ အျပံဳးခပ္ႀကီးႀကီးက ခ်ိတ္ဆြဲလ်က္၊ တစ္ပတ္လံုး ပင္ပန္းထားသမ်ွ၊ ခ်စ္ရတဲ့လူသားေလး(2)ေယာက္၏ မ်က္ႏွာေလးကို ျမင္ရလ်ွင္ပင္၊ ပင္ပန္းထားသမ်ွေတြကို စုပ္ယူလိုက္သလို ျဖစ္ရပါသည္။
"ေဒါက္...ေဒါက္"
"က်န္႔က်န္႔...က်န္႔က်န္႔"
အခန္းတံခါးေလးကို ေခါက္ၿပီး ေအာ္ေခၚလိုက္ေပမယ့္၊ ထူးသံမလာ...
"က်န္႔က်န္႔ေလးေရ...ကိုယ့္ကို တံခါးဖြင့္ေပးပါဦး"
"ေဒါက္...ေဒါက္...ေဒါက္"
"သားေလးေရ...က်န္႔က်န္႔"
"ေခ်ာက္..."
အခန္းတံခါးေလး ပြင့္လာသျဖင့္၊ အခန္းထဲဝင္ဖို႔ ေျခလွမ္း လွမ္းလိုက္လ်ွင္ဘဲ.....
"အင့္..."
ေစာင္ႏွင့္ေခါင္းအံုးေလးက၊ လက္ထဲ ေရာက္႐ွိလာ၏။ ထို႔ေနာက္ ေ႐ွာင္က်န္႔က အခန္းတံခါးျပန္ပိတ္ၿပီး.....
"ဧည့္ခန္းမွာ သြားအိပ္၊ ေသာ့ဖြင့္ၿပီး ဝင္လာဖို႔ မႀကိဳးစားနဲ႔၊ ကြၽန္ေတာ္ စိတ္ဆိုးမေျပမခ်င္း ဒီမွာ လာမအိပ္ရဘူး"
"က်န္႔က်န္႔...တံခါးဖြင့္ပါဦးကြာ၊ ဒီလို မေျပာပါနဲ႔ တံခါးေလးေတာ့ ဖြင့္ပါဦး၊ ဧည့္ခန္းထဲက Sofaမွာေတာ့ မအိပ္ခ်င္ဘူး၊ အိပ္ခန္းထဲက Sofaမွာပဲ အိပ္မယ္ေလေနာ္...ေနာ္"
"ခင္ဗ်ား၊ ဒီအခန္းထဲ ေျခတစ္လွမ္းလွမ္းတာနဲ႔ တစ္ခ်က္ပဲ"
"အာဘြား ေပးမွာကိုေျပာတာလားဟင္၊ အဲ့ဆို ကိုယ္ ဝင္လာၿပီေနာ္"
"ခင္ဗ်ားရဲ႕ လက္ေမာင္းကို႐ိုက္မွာ၊ ေတာ္ၿပီ ကြၽန္ေတာ္အိပ္ၿပီ"
"က်န္႔က်န္႔ ကိုယ့္ကို မသနားဘူးလားဟင္"
"ခင္ဗ်ားကို သနားဖို႔ထက္၊ ကြၽန္ေတာ့္ကို ကြၽန္ေတာ္ ပိုသနားတယ္၊ သားေလး အိပ္ေနၿပီ၊ မဆူနဲ႔ေတာ့ ခင္ဗ်ားဟာ ခင္ဗ်ား ဘယ္မွာအိပ္၊ အိပ္ ဒီအခန္းထဲ မဟုတ္ရင္ ၿပီးတာပဲ"
စကားအဆံုး အိပ္ခန္းဆီက၊ ေျခသံေလးက တခ်ပ္ခ်ပ္ႏွင့္ ခုတင္သို႔ သြားေနသည္ကို ၾကားရ၏။
-------------
ဧည့္ခန္းထဲမွ ဦးေလာ့ကြမ္မွာ စာရြက္စာတမ္းမ်ားျဖင့္၊ အလုပ္မ်ားေန၏။ ဖတ္႐ႈစီစစ္ခ်ိန္မွာ ေလွကားရင္းမွ ေခါင္းငိုက္စိုက္ခ်၍ ရပ္ေနသည့္၊ သားျဖစ္သူကို ၾကည့္မိသည္။
"ဟို(2)ေယာက္၊ ငါနဲ႔ ခဏ လိုက္ခဲ့"
အာေလးလ်ွာေလးႏွင့္ ေျပာလာေသာ ဆရာသမားေၾကာင့္၊ အျပင္ထြက္သြားသည့္ ဆရာသမားေနာက္ ခပ္ျမန္ျမန္ လိုက္ရျပ၏။
"က်န္႔က်န္႔၊ ငါ့ကို စိတ္ဆိုးေနတယ္"
"ဗ်ာ...ဆရာ အေပၚထပ္မွာ ၾကာေနေတာ့၊ ကြၽန္ေတာ္တို႔က အဆင္ေျပသြားၿပီ ထင္ေနတာ"
သူတို႔ ဆရာေျပာျပသမ်ွ ေခါင္းတဆတ္ဆတ္ ညိတ္ကာ၊ သူတို႔ နားေထာင္ၿပီး ေက်နပ္စြာ ျပံဳးကာေျပာလိုက္၏။
"ဘာမွ...မစိုးရိမ္ပါနဲ႔ ဆရာ၊ စိတ္ဓာတ္လည္း မက်ပါနဲ႔၊ ဆရာ ျဖစ္ခ်င္တဲ့ ဆႏၵအတိုင္း ျဖစ္ေစရမယ္"
"ကြၽန္ေတာ္တို႔ လုပ္တာေတြကို ဆရာက ၿငိမ္ၿငိမ္ေလးထိုင္ၿပီး ၾကည့္ေန၊ အဟင္း...ဟင္း"
တပည့္(2)ေယာက္စကားကို သူနားမလည္။ ကားကို အိမ္ဘက္ျပန္ေကြ႔ၿပီး အိမ္ေရာက္ခါနီး လမ္းေဘးတြင္ကားကိုရပ္လိုက္ၿပီးမွ၊ ဖုန္းကို ယူကာ ဖုန္းဆက္ေနျပန္ၾက၏။ သူတို႔ ဘယ္ကို ဆက္မွန္း သူမသိ။
"Hello...အကိုေလးေ႐ွာင္က်န္႔လား"
"ဟင္"
သူ ဆတ္ခနဲ ျဖစ္သြားကာ၊ သူတို႔ကို ၾကည့္လိုက္ေတာ့ သူကို လက္ဝါးကာျပကာ ျပံဳးျပၿပီး စကားဆက္ေျပာ၏။
"ဆရာ Accidentျဖစ္လို႔ ခုေဆးရံုမွာ၊ ေမ်ွာ္လင့္ခ်က္မ႐ွိေတာ့ပါဘူးဗ်ာ"
"ဟာ...ေဟ့ေကာင္ေတြ"
ရီေပၚ တပည့္(2)ေယာက္ကို အလန္႔တၾကားေခၚေတာ့၊ တပည့္(2)ေယာက္ကျပံဳး၍ ကားကို ဆက္ေမာင္းလိုက္၏။ အိမ္အဝင္လမ္းထိပ္ ေရာက္ေနေလၿပီ။
ဖုန္းခြက္ကို ၾကက္ေသေသေလး ကိုင္ထားကာ၊ မ်က္ႏွာတစ္ခုလံုး ေဖြးခနဲ ျဖစ္သြားရေသာ ေ႐ွာင္က်န္႔ကို၊ ဦးေလာ့ကြမ္က.....
"သားက်န္႔...ဘာလဲ၊ ဘယ္ကဖုန္းလဲဟင္၊ သားက်န္႔ ဘာျဖစ္"
"ပါး...ကို...ကိုကို"
"ဝုန္း"
"သားက်န္႔"
အ႐ုပ္ႀကိဳးျပတ္ လဲက်သတိလစ္သြားေသာ၊ ေ႐ွာင္က်န္႔ကို ဦးေလာ့ကြမ္ ေပြ႔ကာ ပ်ာယာခတ္ေနစဥ္ ရီေပၚတို႔ကားလည္း၊ ေပၚတီကို ေအာက္သို႔ ၿငိမ့္ခနဲ၊ ဆိုက္လာေတာ့၏။
"ရီေပၚ၊ သားက်န္႔ ဘာျဖစ္သြားမွန္း မသိပါဘူး လုပ္ပါဦး၊ သားက်န္႔ သားက်န္႔"
တပည့္(2)ေယာက္ႏွင့္သူ ဧည့္ခန္းထဲ အျမန္ဆံုးဝင္ၿပီး၊ ပါး ရင္ခြင္ထဲမွ သတိလစ္ေနေသာ ေ႐ွာင္က်န္႔ကို ၾကည့္ကာ သူ စိတ္ပူသြားရ၏။
"ဟို(2)ေယာက္ ႐ွဴေဆးယူ၊ ရီေပၚ သားက်န္႔ကို အခန္းထဲ ေပြ႔"
ပါး စကားအတိုင္း ေ႐ွာင္က်န္႔ကို ေပြ႔ခ်ီကာ အခန္းထဲ ပို႔၏။ ေ႐ွာင္က်န္႔ကို ႐ွဴေဆး႐ွဴခိုင္း ယပ္ခပ္ေပးလုပ္ေနသျဖင့္၊ ခဏအၾကာမွာ ေ႐ွာင္က်န္႔ သတိရလာ၏။
"အင္း"
"သားက်န္႔၊ သတိရလာၿပီ"
"ပါး...ကိုကို၊ ကိုကို ဆံုးသြားၿပီလားဟင္"
"ဟင္"
"အကိုေလး၊ ေနသာရဲ႕လား"
"အဟင့္...ကိုကို၊ ကိုကို ဆံုးၿပီလားဟင္၊ အဲဒါ ကြၽန္ေတာ့္ေၾကာင့္ပါ အင့္ ဟင့္"
ခုတင္ေခါင္းရင္းဘက္မွာ ထိုင္ကာ၊ သူ႔ကိုရင္ခြင္ထဲ ထည့္ထားေသာ၊ ရီေပၚကို မျမင္ဘဲ၊ ေျပာရင္းငိုခ်လိုက္သျဖင့္ ဦးေလာ့ကြမ္မွာ မ်က္လံုးဝိုင္းကာ အံ့ဩေနေလၿပီ။ တပည့္(2)ေယာက္က ရယ္ခ်င္စိတ္ကို မ်ိဳသိပ္၍.....
"အကိုေလးက ဆရာ့ကို ခြင့္မလႊတ္ႏိုင္တာပဲ၊ ဆံုးသြားလည္း ဘာအေရးလဲ"
"ဟင္...ဟင့္အင္း၊ ကြၽန္ေတာ္ ကိုကို႔ကို ခြင့္လႊတ္တယ္၊ ကိုကို႔ကို ကြၽန္ေတာ္ ခ်စ္တယ္"
"က်န္႔က်န္႔...တကယ္ေျပာတာေနာ္"
ေခါင္းရင္းမွ ရီေပၚက တင္းက်ပ္စြာ ဖက္လိုက္ၿပီး၊ ပါးေလးကိုနမ္းလိုက္သျဖင့္ ေ႐ွာင္က်န္႔ အံ့ဩသြားကာ၊ သူ၏ ရင္ခြင္ထဲဝင္ၿပီး တင္းက်ပ္စြာ ဖက္ထားလိုက္၏။ ဦးေလာ့ကြမ္က သေဘာေပါက္စြာ ျပံဳးလိုက္ၿပီးမွ.....
"လာ၊ ဟို(2)ေယာက္ အဲ့မွာ ဘာလုပ္ေနတာလဲ"
ဦးေလာ့ကြမ္ ေခၚသည့္ေနာက္ တပည့္(2)ေယာက္ပါသြား၏။
"က်န္႔က်န္႔ ကိုယ္ေတာင္းပန္ပါတယ္၊ က်န္႔က်န္႔ကို အရမ္းခ်စ္တယ္ သိလား"
"မသိဘူး"
"မသိဘူးတဲ့လား၊ စိတ္ပူလို႔ သတိေတာင္လစ္သြားတယ္ကြာ၊ သနားစရာ"
"သြား"
"မသြားပါဘူး၊ ကိုယ့္ေယာက်ာ္းနဲ႔ ကိုယ့္သားေလး႐ွိတဲ့ ဒီေနရာမွာပဲ ေနမယ္"
မ်က္ေစာင္းဒိုင္းခနဲ ထိုးလိုက္ေသာ ေ႐ွာင္က်န္႔ကို၊ သားေလးအိပ္ေနေသာ နံေဘးတြင္ အိပ္ေစၿပီး၊ သူက ေ႐ွာင္က်န္႔ႏွင့္သားေလးကို လွမ္းဖက္ကာ လွဲေလ်ာင္း၏။
"ခ်စ္တယ္၊ က်န္႔က်န္႔"
ေ႐ွာင္က်န္႔၏ နဖူးေျပေျပေလးကို၊ ျမတ္ႏိုးယုယစြာ နမ္း႐ႈိက္လိုက္ၿပီး၊ အိပ္မက္ကမၻာဆီသို႔.....
Ep-31
Coming Soon
ဒီအပိုင္းည(12)နာရီထိုးသြားတယ္ေရးရတာ ဖတ္ရတာလဲအဆင္မေျပဘူး
Sweetတာေတြမေရးတတ္ေတာ့ သည္းခံၿပီးဖတ္ေပးၾကပါ
ဇာတ္သိမ္းေတာ့မွာေနာ္ ဒီficၿပီးရင္ ေနာက္ထပ္တင္ေပးဖို႔yizhan ficေတြ အမ်ားႀကီး ႐ွိပါေသးတယ္ ဆက္ၿပီးအားေပးၾကပါဦးေနာ္
ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-30
Unicode
The feeling called love bloomed in my heart puisating with life and shimmering like a rainbow.
အချစ်တည်းဟူသည့် ခံစားမှု ကိုယ့်နှလုံးသားအတွင်း ပွင့်လန်းလာသည်နှင့် အသက်ဝင်လှုပ်ရှားလာသည်. . .သက်တံ့သဖွယ် အရောင်အသွေး တောက်ပလာလေ၏။
ဝမ်ရီပေါ်အတွက်ကတော့၊ လူကို ခြေထောက်မှ ဆွဲကိုင်ရိုက်ခံထားရသလို၊ တစ္ကိုယ္လုံး ဖွတ်ဖွတ်ညက်ညက်ကြေမတတ် နာကျင်ပင်ပန်းခြင်းများစွာ ခံစားရသည်။
တစ်ပတ်လုံး Nanjing Companyရုံးခွဲမှာ၊ ပြဿနာတွေကို ဖြေရှင်း လှုပ်ရှားခဲ့ရ၏။ Beijing အိမ်၌ စောင့်မျှော်နေကြမည့် ရှောင်ကျန့်နဲ့ သားလေးထံ ၊ အရောက်သွားလိုစိတ်ဖြင့် ကားကိုအပြင်းမောင်းခဲ့၏။
ရှောင်ကျန့်၏၊ Birthdayလေးမှာ ရှောင်ကျန့် အံ့အားသင့်ဝမ်းသာစေလိုစိတ်ဖြင့်၊ နောက်တစ်နေ့. . .နေ့လည်ခင်းအချိန်ကိုက် ရောက်ဖို့၊ ရည်ရွယ်ခဲ့၏။
သို့ပေမယ့်၊ Beijingသို့ထွက်ခွာမည့် လေယာဉ်မရှိသဖြင့်၊ ကားဖြင့်သာ တပည့်(2)ယောက်နှင့်၊ Beijingသို့ ပြန်လာရ၏။
မထင်မှတ်ဘဲ၊ ကားက ဖောက်လွဲဖောက်ပြန်ဖြစ်ကာ၊ လုံးဝ သြား၍ မရဖြစ်ခြင်းက "ရှောင်ကျန့်နဲ့ သားလေးထံ မသွားနဲ့" ဟု တစ်စုံတစ်ယောက်က ဆြဲထားသလို ဖြစ်နေခဲ့၏။
"အံ့ရောဗျာ. . .ကျွန်တော် ကားနည်းနည်းပါပါးပြင်တတ်ပါတယ်၊ ခုလိုမျိုး. . .တစ်ခါမှ၊ မကြုံဖူးဘူးတော့ အဟုတ်မှ ဟုတ်သေးရဲ့လားတောင် အောက်မေ့မိတယ်"
တပည့်တစ်ယောက်က ကားကို စက်နိုးကြည့်ရင်း၊ ပြောလေသည်။ လူခြေပြတ်သောနေရာ၊ သစ်ပင်ကြီးငယ်တို့ အုပ်ဆိုင်းနေသော နေရာ၊ မျက်စိအကြည့်ရောက်လျက်၊ နေ့မှည. . .ပြောင်းလဲသွားသော အမှောင်ထုက၊ ဆရာ/တပည့်(3)ယောက်၏ စိတ္ကို ချောက်ချားစေသည်။
ဟိုင်းဝေး ခရီးဖြစ်သဖြင့်၊ အရှိန်ပြင်းစွာ မောင်းသွားသော ကားကြီး၊ ကားငယ်တို့က မျက်စိရှေ့မှာ၊ ရိပ္ခနဲ ဖြတ်ပြေးတာ မြန်လှ၏။ ဝွီးခနဲ၊ ဝွီးခနဲ၊ အသံတုန်ခါသွားသော မြေလှိုင်းထသံက မြေပေါ်မှာ ထိုချနေမှ၊ လူကို ကိုင်လှုပ်သလို ဖြစ်နေတာ၊ တိုက်ရိုက်ထိတွေ့ ခံစားရ၏။
ကားပြင်နေကြသော တပည့်(2)ယောက်က၊ ဝမ်ရီပေါ်ကို ဂရုဏာသက်စွာ လှမ်းကြည့်ကြ၏။ အလင်းရောင်အားနည်းကာ အမှောင်ကြီးစိုးနေသဖြင့်၊ တစ်ယောက်ကိုတစ်ယောက် ဝိုးတိုးဝါးတားသာ မြင်ရလေသည်။
"တော်သေးတာပေါ့. . .ဆရာရယ်၊ ဆရာတစ်ယောက်တည်းဆို ဒုက္ခရောက်နေမှာ ကျွန်တော်တို့ပါလို့တာပေါ့၊ ဂီယာဖောက်ချတာ. . .ကလပ်ဘရိတ်လဲတာ အချိန်အတော်ကုန်တာ၊ ခုတောင်. . .နည်းတဲ့အချိန်လား ကုန္သြားကာ"
တပည့်တစ်ယောက်က ကားဘော်ဒီအောက်ပိုင်းမှ၊ ထွက်လာရသဖြင့် ညောင်းညာနေသောကြောင့် ကိုယ်လက်လှုပ်ရှားမှုပြုကာ၊ ပြောရင်း "ဝါး" ခနဲ တစ်ချက်သမ်း၏။
"ဟား. . .အိမ်ပြန်ရောက်ရင်၊ တစ်ချိုတည်း အိပ်ချလိုက်ရမှာပဲ ပင်ပန်းသွားပြီ၊ ကားပြင်ပြီးပါပြီ ဆရာ"
"ငါ့မွာလဲ မင်းတို့ ပါလာလို့ တော်သေးတယ်၊ နောက်မို့ဆို ငါတစ်ယောက်တည်း ဒုက္ခဖြစ်နေမှာ"
တပည့်(2)ယောက်က ရယ်လေသည်။
"ကျန့်ကျန့်၊ ငါ့ကို စိတ်ဆိုးနေတာနဲ့ ခုက အိမ်ပြန်နောက်ကျပြန်တော့၊ ဘယ်လောက် စိတ်ဆိုးပြန်မလဲ မသိဘူး"
"ဗ်ာ"
တပည့်(2)ယောက်မှာ၊ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား၊ မျက်လုံးအဝိုင်းသား ဖြစ်သွားရ၏။
တစ်စုံတစ်ခုကိုလည်း၊ ဒက္ခနဲ သဘောပေါက်သွားကြကာ.....။
"ဘာမွ မစိုးရိမ်ပါနဲ့ Boss၊ ကျွန်တော်တို့ ကူညီပါ့မယ်"
ထို့နောက် ဆရာ/တပည့်(3)ယောက် Beijingသို့ ကားလေးကို၊ အပြေးနှင်ကာ၊ ထိုနေရာမှ မောင်းထွက်လာကြ၏။
-----------
Beijingအိမ်သို့ ရောက်သည်နှင့်၊ ဆရာသမားက အိမ်ထဲသို့ လွစ္ခနဲ၊ ပြေးဝင်သွား၏။ သူတို့လဲ အိမ်ထဲသို့ လိုက်ဝင်၏။
ဧည့်ခန်းထဲတွင် စားရင်းတွေထိုင်စစ်နေသော ပါးက၊ သူ့ကို မြင်သည်နှင့်.....
"သားကျန့်၊ စိတ်ကောက်နေတယ် သွားချော့လိုက်ဦး"
"ဟုတ်၊ သားလေးရော"
ဦးဝမ်လော့ကွမ်၊ မျက်မှန်ကို တစ်ချက်ပင့်တင်ပြီး၊ Computerကို ပိတ္ကာ၊ အကြောလျှော့လျက်နှင့်.....
"အိပ်သွားပြီ၊ Companyခွဲရော အဆင်ပြေခဲ့ရဲ့လား ရီပေါ်"
"အဆင်ပြေသွားပါပြီ၊ Companyရုံးခွဲကိစ္စ နောက်မှ ပြောမယ်နော် ပါး၊ ခုတော့ ကျန့်ကျန့်ကို သွားချော့လိုက်ဦးမယ်"
"အေး၊ အေး"
ပါး ပြောသည်ကို ခေါင်းညိတ်ပြပြီး၊ ကျန့်ကျန့်နဲ့ သားလေးရှိရာ အိပ်ခန်းဆီ အပြေးလေးသွားမိသည်။ မျက်နှာပေါ်၌ အပြုံးခပ်ကြီးကြီးက ချိတ်ဆွဲလျက်၊ တစ်ပတ်လုံး ပင်ပန်းထားသမျှ၊ ချစ်ရတဲ့လူသားလေး(2)ယောက်၏ မျက်နှာလေးကို မြင်ရလျှင်ပင်၊ ပင်ပန်းထားသမျှတွေကို စုပ်ယူလိုက်သလို ဖြစ်ရပါသည်။
"ဒေါက်...ဒေါက်"
"ကျန့်ကျန့်...ကျန့်ကျန့်"
အခန်းတံခါးလေးကို ခေါက်ပြီး အော်ခေါ်လိုက်ပေမယ့်၊ ထူးသံမလာ...
"ကျန့်ကျန့်လေးရေ...ကိုယ့်ကို တံခါးဖွင့်ပေးပါဦး"
"ဒေါက်...ဒေါက်...ဒေါက်"
"သားလေးရေ...ကျန့်ကျန့်"
"ချောက်..."
အခန်းတံခါးလေး ပွင့်လာသဖြင့်၊ အခန်းထဲဝင်ဖို့ ခြေလှမ်း လှမ်းလိုက်လျှင်ဘဲ.....
"အင့်..."
စောင်နှင့်ခေါင်းအုံးလေးက၊ လက်ထဲ ရောက်ရှိလာ၏။ ထို့နောက် ရှောင်ကျန့်က အခန်းတံခါးပြန်ပိတ်ပြီး.....
"ဧည့်ခန်းမှာ သွားအိပ်၊ သော့ဖွင့်ပြီး ဝင်လာဖို့ မကြိုးစားနဲ့၊ ကျွန်တော် စိတ်ဆိုးမပြေမချင်း ဒီမွာ လာမအိပ်ရဘူး"
"ကျန့်ကျန့်...တံခါးဖွင့်ပါဦးကွာ၊ ဒီလို မပြောပါနဲ့ တံခါးလေးတော့ ဖွင့်ပါဦး၊ ဧည့်ခန်းထဲက Sofaမှာတော့ မအိပ်ချင်ဘူး၊ အိပ်ခန်းထဲက Sofaမွာပဲ အိပ်မယ်လေနော်...နော်"
"ခင်ဗျား၊ ဒီအခန်းထဲ ခြေတစ်လှမ်းလှမ်းတာနဲ့ တစ်ချက်ပဲ"
"အာဘြား ပေးမှာကိုပြောတာလားဟင်၊ အဲ့ဆို ကိုယ် ဝင်လာပြီနော်"
"ခင်ဗျားရဲ့ လက်မောင်းကိုရိုက်မှာ၊ တော်ပြီ ကျွန်တော်အိပ်ပြီ"
"ကျန့်ကျန့် ကိုယ့်ကို မသနားဘူးလားဟင်"
"ခင်ဗျားကို သနားဖို့ထက်၊ ကျွန်တော့်ကို ကျွန်တော် ပိုသနားတယ်၊ သားလေး အိပ်နေပြီ၊ မဆူနဲ့တော့ ခင်ဗျားဟာ ခင်ဗျား ဘယ်မှာအိပ်၊ အိပ် ဒီအခန်းထဲ မဟုတ်ရင် ပြီးတာပဲ"
စကားအဆုံး အိပ်ခန်းဆီက၊ ခြေသံလေးက တချပ်ချပ်နှင့် ခုတင်သို့ သွားနေသည်ကို ကြားရ၏။
------------
ဧည့်ခန်းထဲမှ ဦးလော့ကွမ်မှာ စာရွက်စာတမ်းများဖြင့်၊ အလုပ်များနေ၏။ ဖတ်ရှုစီစစ်ချိန်မှာ လှေကားရင်းမှ ခေါင်းငိုက်စိုက်ချ၍ ရပ်နေသည့်၊ သားဖြစ်သူကို ကြည့်မိသည်။
"ဟို(2)ယောက်၊ ငါနဲ့ ခဏ လိုက်ခဲ့"
အာလေးလျှာလေးနှင့် ပြောလာသော ဆရာသမားကြောင့်၊ အပြင်ထွက်သွားသည့် ဆရာသမားနောက် ခပ်မြန်မြန် လိုက်ရပြ၏။
"ကျန့်ကျန့်၊ ငါ့ကို စိတ်ဆိုးနေတယ်"
"ဗ်ာ...ဆရာ အပေါ်ထပ်မှာ ကြာနေတော့၊ ကျွန်တော်တို့က အဆင်ပြေသွားပြီ ထင်နေတာ"
သူတို့ ဆရာပြောပြသမျှ ခေါင်းတဆတ်ဆတ် ညိတ္ကာ၊ သူတို့ နားထောင်ပြီး ကျေနပ်စွာ ပြုံးကာပြောလိုက်၏။
"ဘာမွ...မစိုးရိမ်ပါနဲ့ ဆရာ၊ စိတ်ဓာတ်လည်း မကျပါနဲ့၊ ဆရာ ဖြစ်ချင်တဲ့ ဆန္ဒအတိုင်း ဖြစ်စေရမယ်"
"ကျွန်တော်တို့ လုပ်တာတွေကို ဆရာက ငြိမ်ငြိမ်လေးထိုင်ပြီး ကြည့်နေ၊ အဟင်း...ဟင်း"
တပည့်(2)ယောက်စကားကို သူနားမလည်။ ကားကို အိမ်ဘက်ပြန်ကွေ့ပြီး အိမ်ရောက်ခါနီး လမ်းဘေးတွင်ကားကိုရပ်လိုက်ပြီးမှ၊ ဖုန်းကို ယူကာ ဖုန်းဆက်နေပြန်ကြ၏။ သူတို့ ဘယ္ကို ဆက်မှန်း သူမသိ။
"Hello...အကိုလေးရှောင်ကျန့်လား"
"ဟင်"
သူ ဆတ္ခနဲ ဖြစ်သွားကာ၊ သူတို့ကို ကြည့်လိုက်တော့ သူကို လက်ဝါးကာပြကာ ပြုံးပြပြီး စကားဆက်ပြော၏။
"ဆရာ Accidentဖြစ်လို့ ခုဆေးရုံမှာ၊ မျှော်လင့်ချက်မရှိတော့ပါဘူးဗျာ"
"ဟာ...ဟေ့ကောင်တွေ"
ရီပေါ် တပည့်(2)ယောက်ကို အလန့်တကြားခေါ်တော့၊ တပည့်(2)ယောက်ကပြုံး၍ ကားကို ဆက်မောင်းလိုက်၏။ အိမ်အဝင်လမ်းထိပ် ရောက်နေလေပြီ။
ဖုန်းခွက်ကို ကြက်သေသေလေး ကိုင်ထားကာ၊ မျက်နှာတစ်ခုလုံး ဖွေးခနဲ ဖြစ်သွားရသော ရှောင်ကျန့်ကို၊ ဦးလော့ကွမ်က.....
"သားကျန့်...ဘာလဲ၊ ဘယ်ကဖုန်းလဲဟင်၊ သားကျန့် ဘာဖြစ်"
"ပါး...ကို...ကိုကို"
"ဝုန်း"
"သားကျန့်"
အရုပ်ကြိုးပြတ် လဲကျသတိလစ်သွားသော၊ ရှောင်ကျန့်ကို ဦးလော့ကွမ် ပွေ့ကာ ပျာယာခတ်နေစဉ် ရီပေါ်တို့ကားလည်း၊ ပေါ်တီကို အောက်သို့ ငြိမ့်ခနဲ၊ ဆိုက်လာတော့၏။
"ရီပေါ်၊ သားကျန့် ဘာဖြစ်သွားမှန်း မသိပါဘူး လုပ်ပါဦး၊ သားကျန့် သားကျန့်"
တပည့်(2)ယောက်နှင့်သူ ဧည့်ခန်းထဲ အမြန်ဆုံးဝင်ပြီး၊ ပါး ရင်ခွင်ထဲမှ သတိလစ်နေသော ရှောင်ကျန့်ကို ကြည့်ကာ သူ စိတ္ပူသြားရ၏။
"ဟို(2)ယောက် ရှူဆေးယူ၊ ရီပေါ် သားကျန့်ကို အခန်းထဲ ပွေ့"
ပါး စကားအတိုင်း ရှောင်ကျန့်ကို ပွေ့ချီကာ အခန်းထဲ ပို့၏။ ရှောင်ကျန့်ကို ရှူဆေးရှူခိုင်း ယပ်ခပ်ပေးလုပ်နေသဖြင့်၊ ခဏအကြာမှာ ရှောင်ကျန့် သတိရလာ၏။
"အင်း"
"သားကျန့်၊ သတိရလာပြီ"
"ပါး...ကိုကို၊ ကိုကို ဆုံးသွားပြီလားဟင်"
"ဟင်"
"အကိုလေး၊ နေသာရဲ့လား"
"အဟင့်...ကိုကို၊ ကိုကို ဆုံးပြီလားဟင်၊ အဲဒါ ကျွန်တော့်ကြောင့်ပါ အင့် ဟင့်"
ခုတင်ခေါင်းရင်းဘက်မှာ ထိုင်ကာ၊ သူ့ကိုရင်ခွင်ထဲ ထည့်ထားသော၊ ရီပေါ်ကို မမြင်ဘဲ၊ ပြောရင်းငိုချလိုက်သဖြင့် ဦးလော့ကွမ်မှာ မျက်လုံးဝိုင်းကာ အံ့ဩနေလေပြီ။ တပည့်(2)ယောက်က ရယ်ချင်စိတ်ကို မျိုသိပ်၍.....
"အကိုလေးက ဆရာ့ကို ခွင့်မလွှတ်နိုင်တာပဲ၊ ဆုံးသွားလည်း ဘာအေရးလဲ"
"ဟင်...ဟင့်အင်း၊ ကျွန်တော် ကိုကို့ကို ခွင့်လွှတ်တယ်၊ ကိုကို့ကို ကျွန်တော် ချစ်တယ်"
"ကျန့်ကျန့်...တကယ်ပြောတာနော်"
ခေါင်းရင်းမှ ရီပေါ်က တင်းကျပ်စွာ ဖက်လိုက်ပြီး၊ ပါးလေးကိုနမ်းလိုက်သဖြင့် ရှောင်ကျန့် အံ့ဩသြားကာ၊ သူ၏ ရင်ခွင်ထဲဝင်ပြီး တင်းကျပ်စွာ ဖက်ထားလိုက်၏။ ဦးလော့ကွမ်က သဘောပေါက်စွာ ပြုံးလိုက်ပြီးမှ.....
"လာ၊ ဟို(2)ယောက် အဲ့မွာ ဘာလုပ်နေတာလဲ"
ဦးလော့ကွမ် ခေါ်သည့်နောက် တပည့်(2)ယောက်ပါသွား၏။
"ကျန့်ကျန့် ကိုယ်တောင်းပန်ပါတယ်၊ ကျန့်ကျန့်ကို အရမ်းချစ်တယ် သိလား"
"မသိဘူး"
"မသိဘူးတဲ့လား၊ စိတ်ပူလို့ သတိတောင်လစ်သွားတယ်ကွာ၊ သနားစရာ"
"သြား"
"မသြားပါဘူး၊ ကိုယ့်ယောကျာ်းနဲ့ ကိုယ့်သားလေးရှိတဲ့ ဒီနေရာမှာပဲ နေမယ်"
မျက်စောင်းဒိုင်းခနဲ ထိုးလိုက်သော ရှောင်ကျန့်ကို၊ သားလေးအိပ်နေသော နံဘေးတွင် အိပ်စေပြီး၊ သူက ရှောင်ကျန့်နှင့်သားလေးကို လှမ်းဖက်ကာ လှဲလျောင်း၏။
"ချစ်တယ်၊ ကျန့်ကျန့်"
ရှောင်ကျန့်၏ နဖူးပြေပြေလေးကို၊ မြတ်နိုးယုယစွာ နမ်းရှိုက်လိုက်ပြီး၊ အိပ်မက်ကမ်ဘာဆီသို့.....
Ep-31
Coming Soon
ဒီအပိုင်းည(12)နာရီထိုးသွားတယ်ရေးရတာ ဖတ်ရတာလဲအဆင်မပြေဘူး
Sweetတာတွေမရေးတတ်တော့ သည်းခံပြီးဖတ်ပေးကြပါ
ဇာတ်သိမ်းတော့မှာနော် ဒီficပြီးရင် နောက်ထပ်တင်ပေးဖို့yizhan ficတွေ အများကြီး ရှိပါသေးတယ် ဆက်ပြီးအားပေးကြပါဦးနော်