စက်တင်ဘာလရဲ့ပထမ အပတ်ထိ မိုးက မကုန်သေးပေ။ နေ့ဘက်တွေမှာ များသောအားဖြင့် ရာသီဥတုသာယာပေမယ့် ခုလတ်တလောတော့ ညနေတိုင်းလိုလို မိုးရွာပါသည်။
မိုင်မိုင်းတို့ ဒုတိယနှစ် စာမေးပွဲနီးပြီဖြစ်၍ ကျောင်းမသွားတော့ဘဲ အိမ်မှာပဲ Self study လုပ်ဖြစ်နေ၏။
စာကြည့်ရတာ ငြီးငွေ့လာလျှင်မူ သူ မိုးဦးကျတုန်းက စိုက်ထားသည့် စိုက်ခင်းလေးထဲ ဆင်းပြီး အပန်းဖြေလေ့ရှိသည်။
သူ့စိုက်ခင်းလေးထဲမှာ ဟင်းသီးဟင်းရွက်တွေ ပေါ်ချိန်က စိတ်ချမ်းသာဖို့အကောင်းဆုံးပင်။
ကိုယ့်စိုက်ခင်းထဲက အသီးအရွက်တွေကို ကိုယ်ကိုယ်တိုင် ခူးဆွတ်ပြီး ချက်ပြုတ်စားသောက်နိုင်သည့် ခံစားချက်ကဘာနှင့်မျှမတူပေ။
ခရမ်းချဥ်၊ငရုတ်သီးနှင့်ကြက်သွန်ပင်တွေအပြင် ဆလပ်ရွက်၊ပန်းပွင့်စိမ်း၊ပဲသီး၊ ချဥ်ပေါင်၊ ကန်စွန်းနှင့်မုန်ညင်းပင်တွေလည်း ဝေဝေဆာဆာ။
မိုင်မိုင်း ဒီနှစ်မှ ပထမဆုံး စိုက်ဖူးသည့် လေးတန်းပြောင်းဖူးတွေဆို အစေ့အဆံကောင်းကောင်းနှင့် ဖူးလာကြတာမို့
ကျေနပ်ရ၏။
တကယ်တော့ သူ ငယ်ငယ်ကတည်းက ဘာပင်စိုက်စိုက် ရှင်တာဖြစ်သည်။ ထို့ကြောင့် မေမေတို့က သူ့ကို ရွှေလက်ပိုင်ရှင်လေးဟု ပြောတတ်ကြ၏။
မိုင်မိုင်း ညနေစာ ချက်ရန် စိုက်ခင်းထဲက အသီးအရွက်တချို့ကို ခူးဆွတ်ပြီး
အိမ်ထဲကို ပြန်ဝင်ခဲ့သည်။
အဓိက ဟင်းအဖြစ် ဒီမနက်မှ စျေးကဝယ်လာပြီးနှပ်ထားသည့် ဝက်သားကို အသားတွေချည်းပဲ ဆီပြန်လေးချက်၊ ကြက်သွန်ပင်ကို ကြက်ဥနှင့်ကြော်၊ ပန်းပွင့်စိမ်းကြော်၊ ကန်စွန်းရွက်၊ပဲသီးနှင့် ချဥ်ပေါင်ကိုတော့ ဟင်းရည်လေးချက်ကာ အစပ်အရသာအတွက်က ခရမ်းချဥ်သီး မီးကင်ကို ငရုတ်သီးနှင့်ထောင်းလိုက်ပါသည်။
သူ ညနေစာချက်ပြီးချိန်နှင့်ဦးမြတ်သော ရုံးကနေပြန်လာချိန်က ကွက်တိပဲမို့ မိုင်မိုင်း တစ်ခါတည်း ထမင်း၊ဟင်းတွေကို ပူပူနွေးနွေး တည်ခင်းလိုက်ပါ၏။
"ကိုယ် အဝတ်လဲပြီး ဆင်းခဲ့မယ်နော်"
"ဟုတ်ကဲ့"
သူ ရေနွေးကြမ်းအိုးကို လက်ဖက်ခြောင်ခပ်နေစဥ်မှာပဲ ဦးမြတ်သောက Dining Room ထဲ ဝင်လာပြီး သူပြင်ပေးထားသည့် ထမင်းဝိုင်းကို ပြုံးကြည့်သည်။
အိမ်နေရင်းဆို Polo Shirt တွေ အဝတ်များသည့် ဦးမြတ်သောက ဒီညနေတော့ ခဲရောင်ဖျော့ဖျော့ Polo shirt လက်ရှည်နှင့်ဆင်စွယ်ရောင် ဘောင်းဘီရှည်ကို ဝတ်ထား၏။
ဘယ်အချိန်ကြည့်ကြည့် အမြဲ သန့်ပြန့်နေခြင်းကလည်း သူ ဦးမြတ်သောကို သဘောကျရသည့် အချက်တွေထဲက တစ်ချက်ပင်။
"စိုက်ခင်းထဲက အသီးအရွက်တွေလား မိုင်"
"ဟုတ်တယ်ဗျ...အခုခူး အခုချက်ထားတာ"
"လတ်လတ်ဆတ်ဆတ်နဲ့ချိုနေမှာပဲ"
"လေးတန်းပြောင်းတွေလည်း ကောင်းကောင်းဖူးတယ်ဗျ...နောက်နေ့ကျ ချိုးပြီး ပြုတ်ကျွေးမယ်"
"ကောင်းပါပြီဗျာ"
*******************************
ညစာ စားပြီးနောက် မြတ်သောမာန် ထုံးစံအတိုင်း ရုံးခန်းထဲ ဝင်ခဲ့၏။ အပြင်မှာ မိုးတွေ ရွာနေကာ အိမ်ထဲမှာလည်း အေးစိမ့်စိမ့် ဖြစ်လာတာကြောင့်
သူ Heater ဖွင့်လိုက်သည်။
ည ၈နာရီကျော်တော့ မိုင်မိုင်းက တံခါးခေါက်ပြီး သူ့ရုံးခန်းထဲ ဝင်လာ၏။
"ပန်းလက်ဖက်ရည် လာပို့တာဗျ"
"ကျေးဇူး"
Chamomile လက်ဖက်ရည်တစ်ခွက်ကို ပန်းကန်ပြား ခံလျက်သားဖြင့် သူ့အနားတိုးပေးလာသည့် မိုင်မိုင်းက ထောပတ်စိမ်းရောင် Cardigan လေးနှင့်သိပ်ကို အေးချမ်းနေတာမို့ မြတ်သောမာန်မှာ ငေးကနဲ ဖြစ်သွားရသည်။
"ကျွန်တော် ခဏထိုင်မယ်နော်"
"ရတာပေါ့...ဒီဘေးမှာထိုင်ခုံရှိတယ် လာ"
သူ ခွင့်ပြုမှ မိုင်မိုင်းက
သူ့အလုပ်စားပွဲ နံဘေးတွင် သာသာလေး ခုံဆွဲထိုင်၏။
"ဦးမြတ်သော အလုပ်လုပ်တာကို ကြည့်ချင်လို့...ငြိမ်ငြိမ်လေးပဲ နေမှာမို့ လုပ်စရာရှိတာလုပ်ပါဗျ"
"ဒါပေမယ့် မင်း ကိုယ့်အနားမှာရှိရင် ကိုယ်က အလုပ်ထက် မင်းကိုပဲ ပိုအာရုံစိုက်မိတယ် မိုင်ရဲ့"
"ဒါဆို ကျွန်တော် သွားရမလားဟင်"
"နေပါဦး...အလုပ်ခဏနားပြီး မင်းနဲ့စကားပြောမယ်လေ"
မြတ်သောမာန် ပန်းလက်ဖက်ရည်တစ်ငုံသောက်ပြီး ဖန်ခွက်ကို ပန်းကန်ပြားပေါ် ပြန်ချလိုက်တော့ မိုင်မိုင်းက သူ့ညာလက်ကို သာသာလေးဆွဲယူသည်။
"လက်က နာသေးလားဗျ"
မြတ်သောမာန် ခေါင်းရမ်းပြလိုက်ပေမယ့် မိုင်မိုင်းက သူ့အင်္ကျီလက်ကို ပင့်တင်ကြည့်ပြီးမှ ညင်ညင်သာသာ ပြန်ဆွဲချပေး၏။
"ကိုယ့်ကို လက်ဖွဲ့ကြိုးပြပါဦး"
သူ မိုင်မိုင်းရဲ့လက်ကလေးနှစ်ဖက်ကို ပြန်လည် ဖမ်းဆုပ်ထားလိုက်ပြီး ဘယ်ဘက်လက်ကောက်ဝတ်ရှိ လက်ပတ်ကြိုးလေးကို ဖွဖွလေးထိတွေ့မိသည်။
"ကိုယ်တို့ စေ့စပ်ထားတာတောင်၂နှစ်ပြည့်တော့မယ်နော်"
"အချိန်တွေက ခဏလေးလို့ ထင်ရတယ်ဗျ"
"အင်း...မင်း ဒီအိမ်ကို စရောက်လာတဲ့နေ့ကို ပြန်တွေးမိရင် မနေ့တစ်နေ့ကလိုပဲ"
ဒီလက်ဖွဲ့ကြိုးတွေကို နှစ်ဦးသဘောတူ ပြန်လည်ချည်နှောင်ခဲ့ကြပြီးကတည်းက ရေချိုးသည့်အချိန်မှ လွဲ၍
သူတို့နှစ်ယောက်လုံး အမြဲဝတ်ထားခဲ့ကြတာ ဖြစ်သည်။
"ဦးမြတ်သော"
"ဗျာ"
"အချစ်ဆိုတာ ဘယ်လိုမျိုးလဲဟင်"
မိုင်မိုင်း ရဲ့မေးခွန်းကြောင့် မြတ်သောမာန် ရင်ထဲ လှုပ်ခတ်သွားရပါသည်။
"ကိုယ့်အတွက်တော့ အချစ်ဆိုတာ မင်းပေါ့"
စိတ်ထဲ ရှိသည့်အတိုင်း ဖြေတော့လည်း ကောင်လေးက ပါးပြင်လေးနှစ်ဖက် နီရောင်ပြေးသည့်အောင် ရှက်လေသည်။
တကယ်ဆို ရင်ခွင်ထဲ ထည့်ပြီး ချစ်ရကြောင်းတွေကို နှစ်ကိုယ်ကြား ပြောပြချင်မိတာ။
အသည်းယားလာရင် ပါးကလေးတွေ ပိုရဲအောင် နမ်းပစ်ချင်မိပေမယ့်
လက်မထပ်ရသေးဘဲ အခွင့်အရေး ယူလွန်းသည်ဟု ထင်မှာလည်းစိုးတာကြောင့်
လက်ဖွဲ့ကြိုးချည်ထားသည့် လက်ကလေးကိုပဲ သူ့နှုတ်ခမ်းနားဆွဲယူကာ လက်ဖမိုးထက် အနမ်းတစ်ပွင့် ဖိကပ်ခြွေလိုက်ပါသည်။
အချစ်ကလေး စာမေးပွဲ ပြီးရင် သူလွမ်းရဦးမည် ထင်။
သို့ပေမယ့် လက်ထပ်ခွင့် တောင်းရဖို့ ရက်တွေက မဝေးတော့ဘူး မဟုတ်လားလေ။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
မိုင်မိုင်းတို့ စာမေးပွဲဖြေရန် ရက်အနည်းငယ်သာ လိုပါတော့သည်။
စာတွေအကုန် ကြေညက်နေပြီဆိုပေမယ့် စနေနေ့ နေ့လယ်ပိုင်းတွေမှာ သူတို့သူငယ်ချင်းတွေ ခွန်းဒီပရဲ့ အိမ်တွင်
ဆုံပြီး စာပြန်နွေးကြ၏။
ဒီနေ့လည်း သူငယ်ချင်း သုံးယောက် နှစ်နာရီဆက်တိုက် စာကြည့်ပြီးနောက်
ခဏနားချိန်တွင် စိုင်းလောဝ်က ဂစ်တာ ခေါက်သည်။
ခွန်းဒီနှင့်သူက အချိုပွဲစားရင်း စိုင်းလောဝ်သီချင်းဆိုတာကို ထိုင်နားထောင်ကြ၏။
ဒီနေ့အတွက်ကတော့ ဦးဘိုဖြူရဲ့
"ထာဝရ" ဟူသည့် သီချင်း။
ရှမ်းတိုင်းရင်းသား စိုင်းလောဝ်က အတော်လေး စကားဝဲပေမယ့် သီချင်းဆိုလျှင်တော့ ပီပီသသနှင့် အသံကလည်း ကြည်လင်ပြတ်သားနေတတ်သည်။
"ခိုလှုံ ကိုးစားခဲ့
အချစ်ရဲ့ အရိပ်ဟာ အလုံခြုံဆုံးပဲ
တည်ဆောက်သွားရမယ့်
တို့ရဲ့ ဘဝအိမ်ငယ်"
"တစ်ခါတလေ တွေ့ရမယ့်
အတားအဆီးများအတွက် အဆင်သင့်ပဲ
ကိုယ်ဟာ မင်းအတွက် အမြဲတမ်းရှိနေမယ်"
"အတူဖန်တီးမယ့် ငြိမ်းချမ်းမှုရယ်
လက်တစ်ကမ်းပဲ
ယုံကြည်ခြင်းနဲ့ အကြွင်းမဲ့သစ္စာရယ်"
"အကြင်နာတွေရယ်
ရင်မှာကိုယ်စီ သိနားလည်
ပျော်ရွှင်စေတဲ့ ဘဝလေး
မင်းအတွက် ပေးမယ်"
စိုင်းလောဝ်ရဲ့ချိုမြသည့် အသံနှင့်အတူ
မိုင်မိုင်းရဲ့ နားထဲ စွဲကျန်နေသည့် စာသားတွေ။
အခုဆိုရင် ဘယ်နေရာ ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် "အချစ်" ဟူသည့် စကားကို ကြားရုံဖြင့် သူ မြင်ယောင်မိသူမှာ ဦးမြတ်သောမာန်ပင် ဖြစ်လေသည်။
ခုတလော သူလည်း စာမေးပွဲနီးနေတာရယ် ဦးမြတ်သောကလည်း အလုပ်တွေများနေတာရယ်ကြောင့် သူတို့နှစ်ယောက် မျက်နှာချင်း သိပ်မဆိုင်ဖြစ်တော့ တစ်အိမ်တည်းနေပြီး လွမ်းသလိုလိုတောင် ခံစားရ၏။
"ကျွန်တော့်ကို မဆက်သွယ်နဲ့တော့!"
အစောက ဖုန်းလာလို့ အပြင်ထွက်သွားသည့် ခွန်းဒီပရဲ့ ဒေါသတကြီး ပြောသံကို ကြားတော့ မိုင်မိုင်းရဲ့ အတွေးစလေး ပြတ်တောက်သွားသလို တစ်ပြိုင်နက်တည်းမှာပဲ စိုင်းလောဝ်ရဲ့ဂစ်တာသံလည်း ရပ်သွားပါ၏။
ဒီရက်ပိုင်း သူတို့ရဲ့သူငယ်ချင်း ခွန်းဒီကို ကြည့်ရတာ စိတ်ဖိစီးမှုတွေ များနေပုံပေါ်သည်။
"တကယ် မုန်းဖို့ကောင်းလိုက်တာ"
အကောင်းမြင်စိတ်များသည့် ခွန်းဒီက ဦးပိုင်အံ့မှူးနှင့် ပါတ်သက်လျှင်တော့ ထိုကဲ့သို့ ညည်းညူတတ်၏။
"ဘာဖြစ်လို့လဲ ခွန်းဒီ...တစ်ခုခုဆို မင်း ငါတို့ကို ရင်ဖွင့်လို့ရပါတယ်"
ခွန်းဒီက သက်ပြင်းရှည်ကြီး ချပြီး
ကြမ်းပေါ်ကို ခြေတစ်ဖက်ဆင်းလျက်ဖြင့် Sofaကို စိတ်ပျက်လက်ပျက် မှီထိုင်သည်။
"ငါ သူ့ရဲ့ အပျော် ရည်းစား မဖြစ်ချင်ဘူး"
စကားလုံးတို့က ရှိုက်သံ ကင်းသော်လည်း ဘယ်ဖက် မျက်ဝန်းထောင့်မှ လှိမ့်ဆင်းသွားသော မျက်ရည်တစ်စကြောင့် ခံပြင်းမှုတွေနှင့်ခွန်းဒီပက အံကိုတင်းတင်းကြိတ်သည်။
မျက်နှာများတဲ့ ဦးပိုင်အံ့မှူးက သူတို့သူငယ်ချင်းလေးကို ကစားရရုံသက်သက် ကြံနေတာများလားဟု တွေးမိတော့ မိုင်မိုင်း စိတ်မကောင်း ဖြစ်သွားရ၏။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
"မိုင်မိုင်း"
"ဗျ"
တစ်ညနေလုံး မိုင်မိုင်း မျက်နှာ မလန်းတာကို မြတ်သောမာန် သတိထားမိသည်။ စာမေးပွဲ နီးလို့ စိတ်ပင်ပန်းနေခြင်းမျိုးတော့ မဟုတ်တန်ရာ။ မိုင်မိုင်း သိသိသာသာ ငြိမ်နေပြီဆိုရင် အကြောင်းတစ်ခုခုကြောင့် အတွေးများနေခြင်းပင် ဖြစ်၏။
"ဦးမြတ်သောဗျ"
"အင်ဟင်း"
မိုင်မိုင်း သူ့အနားတိုးထိုင်လာတော့ မြတ်သောမာန် Keyboard ပေါ် တွင် လှုပ်ရှားနေသော လက်တွေကို ရပ်တန့်ကာ မိုင်မိုင်းနှင့် မျက်နှာချင်း ဆိုင်လိုက်ပါသည်။
"ဘာပြောစရာရှိလို့လဲ"
"ဦးပိုင်အံ့မှူးကလေ"
"အင်း"
"ရည်းစားတိုင်းကို အပျော်တွဲတာလားဗျ"
မမျှော်လင့်ထားတဲ့ မေးခွန်း မို့ သူ မျက်ခုံး ပင့်လိုက်မိပေမယ့် မိုင်မိုင်းက သူငယ်ချင်းဖြစ်သူ ခွန်းဒီပနှင့် ပတ်သက်ပြီး ပိုင်အံ့မှူးအကြောင်း သိချင်နေပုံရ၏။
"ကိုယ်သိသလောက်တော့ သူတွဲလိုက်တိုင်း အပျော်သက်သက်ပဲ...ဒီလို ဆိုလို့ ပိုင်အံ့က မကောင်းတဲ့လူတော့ မဟုတ်ပါဘူး...ရည်းစားများပေမယ့် သူနဲ့တွဲတဲ့သူတိုင်းကို ထိခိုက်နစ်နာအောင် ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးတဲ့သူမို့"
"ဒါပေမယ့် ခွန်းဒီကတော့ စိတ်ဆင်းရဲနေရပုံပဲ"
ပိုင်အံ့မှူးက ခွန်းဒီကို လိုက်နေတာ ကြာပြီဖြစ်သလို ပိုင်အံ့မှူးဆီကနေ ဖူးစာဟူသည့် စကားကို ကြားရတာလည်း ခွန်းဒီနှင့်တွေ့မှ ဖြစ်သည်။ ဒီတစ်ခါတော့ ပိုင်အံ့မှူး အမှန်တကယ် ချစ်မိနေပြီဟု သူထင်ပေမယ့် ကာယကံရှင်တွေကသာ အသိဆုံးမို့ သူ့အနေနဲ့ တိတိကျကျ မပြောနိုင်ပါ။
မိုင်မိုင်းနှင့်သူ အတွေးကိုယ်စီဖြင့် ရုံးခန်းထဲ တဒင်္ဂတိတ်ဆိတ်သွားပြီးနောက်
နှစ်ယောက်သား အကြည့်ချင်း ပြန်ဆုံသည့်အခါ မိုင်မိုင်းရဲ့မျက်ဝန်းတွေထဲမှာ သံသယ အရိပ်အယောင်တွေကို မြင်ရသည်။
"ဦးမြတ်သော ရော အပျော်ရည်းစား ထားဖူးလား"
သူ့ခင်ပွန်းလောင်းလေးက သူ့ကို စစ်ဆေးမေးမြန်းလာသလို ခံစားရသဖြင့် မြတ်သောမာန် ခပ်ပါးပါးလေး ပြုံးလိုက်မိ၏။
"ဘယ်လို ထင်လဲ"
အမေးကို အမေးနှင့် တုံ့ပြန်တော့
မိုင်မိုင်းက မျက်မှောင်တွေ ကြုတ်သွားပေမယ့် သူ့မျက်နှာကို စေ့စေ့ကြည့်ကာ အလေးအနက် တွေးတောစဥ်းစားနေဟန် ပေါ်သည်။
"အပျော်မက်တဲ့သူ မဟုတ်ဖူးလို့ ယူဆတာပဲ"
မိုင်မိုင်းရဲ့ ယခုလို
လူကြီးဆန်တဲ့ အပြောအဆိုလေးတွေ ကိုလည်း မြတ်သောမာန် ချစ်ရတာပင်။
"ယောက်ျား သဘာဝ တစ်ခါတလေ အသောက်အစား အပျော်အပါးလေးတွေတော့ ရှိခဲ့တယ်"
မိုင်မိုင်းက သူ့ရဲ့အတိတ်ကို လက်ခံနိုင်ပါ့မလား မသိပေမယ့် သူကတော့ ဘာကိုမှ ဖုံးကွယ်မထားချင်။
"ဘာပဲဖြစ်ဖြစ် ကျွန်တော်နဲ့ မသိခင်က ကိစ္စတွေမဟုတ်လား...ကျွန်တော်က လက်ရှိ ဦးမြတ်သောကို ပိုသဘောကျတယ်"
ရင့်ကျက်သည့် အတွေးအခေါ်တွေနှင့်သည် ကောင်လေးဟာ သူ့အနာဂါတ်ရဲ့ လက်တွဲဖော်ဆိုတာ သေချာတာထက်ကို ပိုနေပါပြီလေ။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
[ Zawgyi ]
စက္တင္ဘာလရဲ႕ပထမ အပတ္ထိ မိုးက မကုန္ေသးေပ။ ေန႕ဘက္ေတြမွာ မ်ားေသာအားျဖင့္ ရာသီဥတုသာယာေပမယ့္ ခုလတ္တေလာေတာ့ ညေနတိုင္းလိုလို မိုး႐ြာပါသည္။
မိုင္မိုင္းတို႔ ဒုတိယႏွစ္ စာေမးပြဲနီးၿပီျဖစ္၍ ေက်ာင္းမသြားေတာ့ဘဲ အိမ္မွာပဲ Self study လုပ္ျဖစ္ေန၏။
စာၾကည့္ရတာ ၿငီးေငြ႕လာလွ်င္မူ သူ မိုးဦးက်တဳန္းက စိုက္ထားသည့္ စိုက္ခင္းေလးထဲ ဆင္းၿပီး အပန္းေျဖေလ့ရွိသည္။
သူ႕စိုက္ခင္းေလးထဲမွာ ဟင္းသီးဟင္း႐ြက္ေတြ ေပၚခ်ိန္က စိတ္ခ်မ္းသာဖို႔အေကာင္းဆုံးပင္။
ကိုယ့္စိုက္ခင္းထဲက အသီးအ႐ြက္ေတြကို ကိုယ္ကိုယ္တိုင္ ခူးဆြတ္ၿပီး ခ်က္ျပဳတ္စားေသာက္နိုင္သည့္ ခံစားခ်က္ကဘာႏွင့္မွ်မတူေပ။
ခရမ္းခ်ဥ္၊င႐ုတ္သီးႏွင့္ၾကက္သြန္ပင္ေတြအျပင္ ဆလပ္႐ြက္၊ပန္းပြင့္စိမ္း၊ပဲသီး၊ ခ်ဥ္ေပါင္၊ ကန္စြန္းႏွင့္မုန္ညင္းပင္ေတြလည္း ေဝေဝဆာဆာ။
မိုင္မိုင္း ဒီႏွစ္မွ ပထမဆုံး စိုက္ဖူးသည့္ ေလးတန္းေျပာင္းဖူးေတြဆို အေစ့အဆံေကာင္းေကာင္းႏွင့္ ဖူးလာၾကတာမို႔
ေက်နပ္ရ၏။
တကယ္ေတာ့ သူ ငယ္ငယ္ကတည္းက ဘာပင္စိုက္စိုက္ ရွင္တာျဖစ္သည္။ ထို႔ေၾကာင့္ ေမေမတို႔က သူ႕ကို ေ႐ႊလက္ပိုင္ရွင္ေလးဟု ေျပာတတ္ၾက၏။
မိုင္မိုင္း ညေနစာ ခ်က္ရန္ စိုက္ခင္းထဲက အသီးအ႐ြက္တခ်ိဳ႕ကို ခူးဆြတ္ၿပီး
အိမ္ထဲကို ျပန္ဝင္ခဲ့သည္။
အဓိက ဟင္းအျဖစ္ ဒီမနက္မွ ေစ်းကဝယ္လာၿပီးႏွပ္ထားသည့္ ဝက္သားကို အသားေတြခ်ည္းပဲ ဆီျပန္ေလးခ်က္၊ ၾကက္သြန္ပင္ကို ၾကက္ဥႏွင့္ေၾကာ္၊ ပန္းပြင့္စိမ္းေၾကာ္၊ ကန္စြန္း႐ြက္၊ပဲသီးႏွင့္ ခ်ဥ္ေပါင္ကိုေတာ့ ဟင္းရည္ေလးခ်က္ကာ အစပ္အရသာအတြက္က ခရမ္းခ်ဥ္သီး မီးကင္ကို င႐ုတ္သီးႏွင့္ေထာင္းလိုက္ပါသည္။
သူ ညေနစာခ်က္ၿပီးခ်ိန္ႏွင့္ဦးျမတ္ေသာ ႐ုံးကေနျပန္လာခ်ိန္က ကြက္တိပဲမို႔ မိုင္မိုင္း တစ္ခါတည္း ထမင္း၊ဟင္းေတြကို ပူပူေႏြးေႏြး တည္ခင္းလိုက္ပါ၏။
"ကိုယ္ အဝတ္လဲၿပီး ဆင္းခဲ့မယ္ေနာ္"
"ဟုတ္ကဲ့"
သူ ေရေႏြးၾကမ္းအိုးကို လက္ဖက္ေျခာင္ခပ္ေနစဥ္မွာပဲ ဦးျမတ္ေသာက Dining Room ထဲ ဝင္လာၿပီး သူျပင္ေပးထားသည့္ ထမင္းဝိုင္းကို ၿပဳံးၾကည့္သည္။
အိမ္ေနရင္းဆို Polo Shirt ေတြ အဝတ္မ်ားသည့္ ဦးျမတ္ေသာက ဒီညေနေတာ့ ခဲေရာင္ေဖ်ာ့ေဖ်ာ့ Polo shirt လက္ရွည္ႏွင့္ဆင္စြယ္ေရာင္ ေဘာင္းဘီရွည္ကို ဝတ္ထား၏။
ဘယ္အခ်ိန္ၾကည့္ၾကည့္ အၿမဲ သန့္ျပန့္ေနျခင္းကလည္း သူ ဦးျမတ္ေသာကို သေဘာက်ရသည့္ အခ်က္ေတြထဲက တစ္ခ်က္ပင္။
"စိုက္ခင္းထဲက အသီးအ႐ြက္ေတြလား မိုင္"
"ဟုတ္တယ္ဗ်...အခုခူး အခုခ်က္ထားတာ"
"လတ္လတ္ဆတ္ဆတ္နဲ႕ခ်ိဳေနမွာပဲ"
"ေလးတန္းေျပာင္းေတြလည္း ေကာင္းေကာင္းဖူးတယ္ဗ်...ေနာက္ေန႕က် ခ်ိဳးၿပီး ျပဳတ္ေကြၽးမယ္"
"ေကာင္းပါၿပီဗ်ာ"
*******************************
ညစာ စားၿပီးေနာက္ ျမတ္ေသာမာန္ ထုံးစံအတိုင္း ႐ုံးခန္းထဲ ဝင္ခဲ့၏။ အျပင္မွာ မိုးေတြ ႐ြာေနကာ အိမ္ထဲမွာလည္း ေအးစိမ့္စိမ့္ ျဖစ္လာတာေၾကာင့္
သူ Heater ဖြင့္လိုက္သည္။
ည ၈နာရီေက်ာ္ေတာ့ မိုင္မိုင္းက တံခါးေခါက္ၿပီး သူ႕႐ုံးခန္းထဲ ဝင္လာ၏။
"ပန္းလက္ဖက္ရည္ လာပို႔တာဗ်"
"ေက်းဇူး"
Chamomile လက္ဖက္ရည္တစ္ခြက္ကို ပန္းကန္ျပား ခံလ်က္သားျဖင့္ သူ႕အနားတိုးေပးလာသည့္ မိုင္မိုင္းက ေထာပတ္စိမ္းေရာင္ Cardigan ေလးႏွင့္သိပ္ကို ေအးခ်မ္းေနတာမို႔ ျမတ္ေသာမာန္မွာ ေငးကနဲ ျဖစ္သြားရသည္။
"ကြၽန္ေတာ္ ခဏထိုင္မယ္ေနာ္"
"ရတာေပါ့...ဒီေဘးမွာထိုင္ခုံရွိတယ္ လာ"
သူ ခြင့္ျပဳမွ မိုင္မိုင္းက
သူ႕အလုပ္စားပြဲ နံေဘးတြင္ သာသာေလး ခုံဆြဲထိုင္၏။
"ဦးျမတ္ေသာ အလုပ္လုပ္တာကို ၾကည့္ခ်င္လို႔...ၿငိမ္ၿငိမ္ေလးပဲ ေနမွာမို႔ လုပ္စရာရွိတာလုပ္ပါဗ်"
"ဒါေပမယ့္ မင္း ကိုယ့္အနားမွာရွိရင္ ကိုယ္က အလုပ္ထက္ မင္းကိုပဲ ပိုအာ႐ုံစိုက္မိတယ္ မိုင္ရဲ႕"
"ဒါဆို ကြၽန္ေတာ္ သြားရမလားဟင္"
"ေနပါဦး...အလုပ္ခဏနားၿပီး မင္းနဲ႕စကားေျပာမယ္ေလ"
ျမတ္ေသာမာန္ ပန္းလက္ဖက္ရည္တစ္ငုံေသာက္ၿပီး ဖန္ခြက္ကို ပန္းကန္ျပားေပၚ ျပန္ခ်လိဳက္ေတာ့ မိုင္မိုင္းက သူ႕ညာလက္ကို သာသာေလးဆြဲယူသည္။
"လက္က နာေသးလားဗ်"
ျမတ္ေသာမာန္ ေခါင္းရမ္းျပလိုက္ေပမယ့္ မိုင္မိုင္းက သူ႕အကၤ်ီလက္ကို ပင့္တင္ၾကည့္ၿပီးမွ ညင္ညင္သာသာ ျပန္ဆြဲခ်ေပး၏။
"ကိုယ့္ကို လက္ဖြဲ႕ႀကိဳးျပပါဦး"
သူ မိုင္မိုင္းရဲ႕လက္ကေလးႏွစ္ဖက္ကို ျပန္လည္ ဖမ္းဆုပ္ထားလိုက္ၿပီး ဘယ္ဘက္လက္ေကာက္ဝတ္ရွိ လက္ပတ္ႀကိဳးေလးကို ဖြဖြေလးထိေတြ႕မိသည္။
"ကိုယ္တို႔ ေစ့စပ္ထားတာေတာင္၂ႏွစ္ျပည့္ေတာ့မယ္ေနာ္"
"အခ်ိန္ေတြက ခဏေလးလို႔ ထင္ရတယ္ဗ်"
"အင္း...မင္း ဒီအိမ္ကို စေရာက္လာတဲ့ေန႕ကို ျပန္ေတြးမိရင္ မေန႕တစ္ေန႕ကလိုပဲ"
ဒီလက္ဖြဲ႕ႀကိဳးေတြကို ႏွစ္ဦးသေဘာတူ ျပန္လည္ခ်ည္ေႏွာင္ခဲ့ၾကၿပီးကတည္းက ေရခ်ိဳးသည့္အခ်ိန္မွ လြဲ၍
သူတို႔ႏွစ္ေယာက္လုံး အၿမဲဝတ္ထားခဲ့ၾကတာ ျဖစ္သည္။
"ဦးျမတ္ေသာ"
"ဗ်ာ"
"အခ်စ္ဆိုတာ ဘယ္လိုမ်ိဳးလဲဟင္"
မိုင္မိုင္း ရဲ႕ေမးခြန္းေၾကာင့္ ျမတ္ေသာမာန္ ရင္ထဲ လႈပ္ခတ္သြားရပါသည္။
"ကိုယ့္အတြက္ေတာ့ အခ်စ္ဆိုတာ မင္းေပါ့"
စိတ္ထဲ ရွိသည့္အတိုင္း ေျဖေတာ့လည္း ေကာင္ေလးက ပါးျပင္ေလးႏွစ္ဖက္ နီေရာင္ေျပးသည့္ေအာင္ ရွက္ေလသည္။
တကယ္ဆို ရင္ခြင္ထဲ ထည့္ၿပီး ခ်စ္ရေၾကာင္းေတြကို ႏွစ္ကိုယ္ၾကား ေျပာျပခ်င္မိတာ။
အသည္းယားလာရင္ ပါးကေလးေတြ ပိုရဲေအာင္ နမ္းပစ္ခ်င္မိေပမယ့္
လက္မထပ္ရေသးဘဲ အခြင့္အေရး ယူလြန္းသည္ဟု ထင္မွာလည္းစိုးတာေၾကာင့္
လက္ဖြဲ႕ႀကိဳးခ်ည္ထားသည့္ လက္ကေလးကိုပဲ သူ႕ႏႈတ္ခမ္းနားဆြဲယူကာ လက္ဖမိုးထက္ အနမ္းတစ္ပြင့္ ဖိကပ္ေႁခြလိုက္ပါသည္။
အခ်စ္ကေလး စာေမးပြဲ ၿပီးရင္ သူလြမ္းရဦးမည္ ထင္။
သို႔ေပမယ့္ လက္ထပ္ခြင့္ ေတာင္းရဖို႔ ရက္ေတြက မေဝးေတာ့ဘူး မဟုတ္လားေလ။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
မိုင္မိုင္းတို႔ စာေမးပြဲေျဖရန္ ရက္အနည္းငယ္သာ လိုပါေတာ့သည္။
စာေတြအကုန္ ေၾကညက္ေနၿပီဆိုေပမယ့္ စေနေန႕ ေန႕လယ္ပိုင္းေတြမွာ သူတို႔သူငယ္ခ်င္းေတြ ခြန္းဒီပရဲ႕ အိမ္တြင္
ဆုံၿပီး စာျပန္ေႏြးၾက၏။
ဒီေန႕လည္း သူငယ္ခ်င္း သုံးေယာက္ ႏွစ္နာရီဆက္တိုက္ စာၾကည့္ၿပီးေနာက္
ခဏနားခ်ိန္တြင္ စိုင္းေလာဝ္က ဂစ္တာ ေခါက္သည္။
ခြန္းဒီႏွင့္သူက အခ်ိဳပြဲစားရင္း စိုင္းေလာဝ္သီခ်င္းဆိုတာကို ထိုင္နားေထာင္ၾက၏။
ဒီေန႕အတြက္ကေတာ့ ဦးဘိုျဖဴရဲ႕
"ထာဝရ" ဟူသည့္ သီခ်င္း။
ရွမ္းတိုင္းရင္းသား စိုင္းေလာဝ္က အေတာ္ေလး စကားဝဲေပမယ့္ သီခ်င္းဆိုလွ်င္ေတာ့ ပီပီသသႏွင့္ အသံကလည္း ၾကည္လင္ျပတ္သားေနတတ္သည္။
"ခိုလႈံ ကိုးစားခဲ့
အခ်စ္ရဲ႕ အရိပ္ဟာ အလုံၿခဳံဆုံးပဲ
တည္ေဆာက္သြားရမဲ့
တို႔ရဲ႕ ဘဝအိမ္ငယ္"
"တစ္ခါတေလ ေတြ႕ရမယ့္
အတားအဆီးမ်ားအတြက္ အဆင္သင့္ပဲ
ကိုယ္ဟာ မင္းအတြက္ အၿမဲတမ္းရွိေနမယ္"
"အတူဖန္တီးမယ့္ ၿငိမ္းခ်မ္းမႈရယ္
လက္တစ္ကမ္းပဲ
ယုံၾကည္ျခင္းနဲ႕ အႂကြင္းမဲ့သစၥာရယ္"
"အၾကင္နာေတြရယ္
ရင္မွာကိုယ္စီ သိနားလည္
ေပ်ာ္႐ႊင္ေစတဲ့ ဘဝေလး
မင္းအတြက္ ေပးမယ္"
စိုင္းေလာဝ္ရဲ႕ခ်ိဳျမသည့္ အသံႏွင့္အတူ
မိုင္မိုင္းရဲ႕ နားထဲ စြဲက်န္ေနသည့္ စာသားေတြ။
အခုဆိုရင္ ဘယ္ေနရာ ဘယ္လိုအခ်ိန္မွာပဲျဖစ္ျဖစ္ "အခ်စ္" ဟူသည့္ စကားကို ၾကား႐ုံျဖင့္ သူ ျမင္ေယာင္မိသူမွာ ဦးျမတ္ေသာမာန္ပင္ ျဖစ္ေလသည္။
ခုတေလာ သူလည္း စာေမးပြဲနီးေနတာရယ္ ဦးျမတ္ေသာကလည္း အလုပ္ေတြမ်ားေနတာရယ္ေၾကာင့္ သူတို႔ႏွစ္ေယာက္ မ်က္ႏွာခ်င္း သိပ္မဆိုင္ျဖစ္ေတာ့ တစ္အိမ္တည္းေနၿပီး လြမ္းသလိုလိုေတာင္ ခံစားရ၏။
"ကြၽန္ေတာ့္ကို မဆက္သြယ္နဲ႕ေတာ့!"
အေစာက ဖုန္းလာလို႔ အျပင္ထြက္သြားသည့္ ခြန္းဒီပရဲ႕ ေဒါသတႀကီး ေျပာသံကို ၾကားေတာ့ မိုင္မိုင္းရဲ႕ အေတြးစေလး ျပတ္ေတာက္သြားသလို တစ္ၿပိဳင္နက္တည္းမွာပဲ စိုင္းေလာဝ္ရဲ႕ဂစ္တာသံလည္း ရပ္သြားပါ၏။
ဒီရက္ပိုင္း သူတို႔ရဲ႕သူငယ္ခ်င္း ခြန္းဒီကို ၾကည့္ရတာ စိတ္ဖိစီးမႈေတြ မ်ားေနပုံေပၚသည္။
"တကယ္ မုန္းဖို႔ေကာင္းလိုက္တာ"
အေကာင္းျမင္စိတ္မ်ားသည့္ ခြန္းဒီက ဦးပိုင္အံ့မႉးႏွင့္ ပါတ္သက္လွ်င္ေတာ့ ထိုကဲ့သို႔ ညည္းၫူတတ္၏။
"ဘာျဖစ္လို႔လဲ ခြန္းဒီ...တစ္ခုခုဆို မင္း ငါတို႔ကို ရင္ဖြင့္လို႔ရပါတယ္"
ခြန္းဒီက သက္ျပင္းရွည္ႀကီး ခ်ၿပီး
ၾကမ္းေပၚကို ေျခတစ္ဖက္ဆင္းလ်က္ျဖင့္ Sofaကို စိတ္ပ်က္လက္ပ်က္ မွီထိုင္သည္။
"ငါ သူ႕ရဲ႕ အေပ်ာ္ ရည္းစား မျဖစ္ခ်င္ဘူး"
စကားလုံးတို႔က ရွိုက္သံ ကင္းေသာ္လည္း ဘယ္ဖက္ မ်က္ဝန္းေထာင့္မွ လွိမ့္ဆင္းသြားေသာ မ်က္ရည္တစ္စေၾကာင့္ ခံျပင္းမႈေတြႏွင့္ခြန္းဒီပက အံကိုတင္းတင္းႀကိတ္သည္။
မ်က္ႏွာမ်ားတဲ့ ဦးပိုင္အံ့မႉးက သူတို႔သူငယ္ခ်င္းေလးကို ကစားရ႐ုံသက္သက္ ႀကံေနတာမ်ားလားဟု ေတြးမိေတာ့ မိုင္မိုင္း စိတ္မေကာင္း ျဖစ္သြားရ၏။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
"မိုင္မိုင္း"
"ဗ်"
တစ္ညေနလုံး မိုင္မိုင္း မ်က္ႏွာ မလန္းတာကို ျမတ္ေသာမာန္ သတိထားမိသည္။ စာေမးပြဲ နီးလို႔ စိတ္ပင္ပန္းေနျခင္းမ်ိဳးေတာ့ မဟုတ္တန္ရာ။ မိုင္မိုင္း သိသိသာသာ ၿငိမ္ေနၿပီဆိုရင္ အေၾကာင္းတစ္ခုခုေၾကာင့္ အေတြးမ်ားေနျခင္းပင္ ျဖစ္၏။
"ဦးျမတ္ေသာဗ်"
"အင္ဟင္း"
မိုင္မိုင္း သူ႕အနားတိုးထိုင္လာေတာ့ ျမတ္ေသာမာန္ Keyboard ေပၚ တြင္ လႈပ္ရွားေနေသာ လက္ေတြကို ရပ္တန့္ကာ မိုင္မိုင္းႏွင့္ မ်က္ႏွာခ်င္း ဆိုင္လိုက္ပါသည္။
"ဘာေျပာစရာရွိလို႔လဲ"
"ဦးပိုင္အံ့မႉးကေလ"
"အင္း"
"ရည္းစားတိုင္းကို အေပ်ာ္တြဲတာလားဗ်"
မေမွ်ာ္လင့္ထားတဲ့ ေမးခြန္း မို႔ သူ မ်က္ခုံး ပင့္လိုက္မိေပမယ့္ မိုင္မိုင္းက သူငယ္ခ်င္းျဖစ္သူ ခြန္းဒီပႏွင့္ ပတ္သက္ၿပီး ပိုင္အံ့မႉးအေၾကာင္း သိခ်င္ေနပုံရ၏။
"ကိုယ္သိသေလာက္ေတာ့ သူတြဲလိုက္တိုင္း အေပ်ာ္သက္သက္ပဲ...ဒီလို ဆိုလို႔ ပိုင္အံ့က မေကာင္းတဲ့လူေတာ့ မဟုတ္ပါဘူး...ရည္းစားမ်ားေပမယ့္ သူနဲ႕တြဲတဲ့သူတိုင္းကို ထိခိုက္နစ္နာေအာင္ ဘယ္တုန္းကမွ မလုပ္ခဲ့ဖူးတဲ့သူမို႔"
"ဒါေပမယ့္ ခြန္းဒီကေတာ့ စိတ္ဆင္းရဲေနရပုံပဲ"
ပိုင္အံ့မႉးက ခြန္းဒီကို လိုက္ေနတာ ၾကာၿပီျဖစ္သလို ပိုင္အံ့မႉးဆီကေန ဖူးစာဟူသည့္ စကားကို ၾကားရတာလည္း ခြန္းဒီႏွင့္ေတြ႕မွ ျဖစ္သည္။ ဒီတစ္ခါေတာ့ ပိုင္အံ့မႉး အမွန္တကယ္ ခ်စ္မိေနၿပီဟု သူထင္ေပမယ့္ ကာယကံရွင္ေတြကသာ အသိဆုံးမို႔ သူ႕အေနနဲ႕ တိတိက်က် မေျပာနိုင္ပါ။
မိုင္မိုင္းႏွင့္သူ အေတြးကိုယ္စီျဖင့္ ႐ုံးခန္းထဲ တဒဂၤတိတ္ဆိတ္သြားၿပီးေနာက္
ႏွစ္ေယာက္သား အၾကည့္ခ်င္း ျပန္ဆုံသည့္အခါ မိုင္မိုင္းရဲ႕မ်က္ဝန္းေတြထဲမွာ သံသယ အရိပ္အေယာင္ေတြကို ျမင္ရသည္။
"ဦးျမတ္ေသာ ေရာ အေပ်ာ္ရည္းစား ထားဖူးလား"
သူ႕ခင္ပြန္းေလာင္းေလးက သူ႕ကို စစ္ေဆးေမးျမန္းလာသလို ခံစားရသျဖင့္ ျမတ္ေသာမာန္ ခပ္ပါးပါးေလး ၿပဳံးလိုက္မိ၏။
"ဘယ္လို ထင္လဲ"
အေမးကို အေမးႏွင့္ တုံ႕ျပန္ေတာ့
မိုင္မိုင္းက မ်က္ေမွာင္ေတြ ၾကဳတ္သြားေပမယ့္ သူ႕မ်က္ႏွာကို ေစ့ေစ့ၾကည့္ကာ အေလးအနက္ ေတြးေတာစဥ္းစားေနဟန္ ေပၚသည္။
"အေပ်ာ္မက္တဲ့သူ မဟုတ္ဖူးလို႔ ယူဆတာပဲ"
မိုင္မိုင္းရဲ႕ ယခုလို
လူႀကီးဆန္တဲ့ အေျပာအဆိုေလးေတြ ကိုလည္း ျမတ္ေသာမာန္ ခ်စ္ရတာပင္။
"ေယာက္်ား သဘာဝ တစ္ခါတစ္ေလ အေသာက္အစား အေပ်ာ္အပါးေလးေတြေတာ့ ရွိခဲ့တယ္"
မိုင္မိုင္းက သူ႕ရဲ႕အတိတ္ကို လက္ခံနိုင္ပါ့မလား မသိေပမယ့္ သူကေတာ့ ဘာကိုမွ ဖုံးကြယ္မထားခ်င္။
"ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္နဲ႕ မသိခင္က ကိစၥေတြမဟုတ္လား...ကြၽန္ေတာ္က လက္ရွိ ဦးျမတ္ေသာကို ပိုသေဘာက်တယ္"
ရင့္က်က္သည့္ အေတြးအေခၚေတြႏွင့္သည္ ေကာင္ေလးဟာ သူ႕အနာဂါတ္ရဲ႕ လက္တြဲေဖာ္ဆိုတာ ေသခ်ာတာထက္ကို ပိုေနပါၿပီေလ။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀