အပိုင်း [ ၂၀ ]

100K 10.9K 941
                                    

ဦးမြတ်သောမာန် ခေါ်ရာနောက် လိုက်ရသည့် ခရီးက အရင်တစ်ကြိမ်နှင့်မတူဘဲ ပြောင်းလဲ သွားခဲ့ပြီ။

အရင်ကဆို မိုင်မိုင်း ခရီးတစ်လျှောက်လုံး ညိုးငယ်စွာဖြင့်လိုက်ပါသွားခဲ့ရခြင်းဖြစ်ပြီး အခုတော့ ခရီးအစကတည်းက မိုင်မိုင်းရဲ့စိတ်တွေ လွတ်လပ် ပေါ့ပါးနေ၏။

မနက် ၇ နာရီကတည်းက အိမ်မှ ထွက်လာကြသဖြင့် ၁၀ နာရီကျော်တော့ ခရီး အတော် ပေါက်လာပြီ ဖြစ်သည်။

"ဗိုက်ဆာနေပြီလား မိုင်မိုင်း"

မုန့်ထုပ်တွေဆီ လက်လှမ်းမိသည့် သူ့အား ဦးမြတ်သောမာန်က ချိုသာစွာဖြင့် မေးတော့ မိုင်မိုင်း ပြုံးလျက် ခေါင်းရမ်းပြလိုက်၏။

"မုန့်ဖက်ထုပ် စားမလို့ဗျ"

လမ်းတွင် အဆာပြေစားရန် မေမေ ပေါင်းပေးလိုက်သော မုန့်ဖက်ထုပ်တွေ အေးကုန်ပြီ ထင်သည်။

သူ နှီးတောင်းကလေးရဲ့ အဖုံးကို လှပ်ကြည့်လိုက်တော့ ရေနွေးငွေ့တွေ စိုနေသော သုံးထောင့်ချွန် ဖက်ထုပ်လေးတွေက ဆယ်ထုပ်ထက် မနည်း။

သည်လောက်အများကြီး မိုင်မိုင်း တစ်ယောက်တည်း မစားနိုင်ပေ။ မေမေကတော့ ဦးမြတ်သောအတွက်ပါ ထည့်ပေးလိုက်တာ ဆိုပေမယ့် ဦးမြတ်သောက ဒီလို သရေစာတွေကို စားတတ်ပါ့မလား သူ မသိ။

"ဦးမြတ်သောရော စားမလားဗျ"

"အင်း"

ဦးမြတ်သောက ကားမောင်းနေရင်း ခေါင်းညိတ်ပြတော့ သူ နှီးတောင်းရဲ့ အဖုံးကို လှန်ပြီး ထိုအပေါ်တွင် ငှက်ပျောဖက်ကို ဖြည်လိုက်သည်။ သူ ဦးမြတ်သောကို မုန့်မခွံ့ခင် ယာဥ်​ကြော ရှင်းရဲ့လားဟု အရင်ကြည့်ရ၏။

ဦးမြတ်သောကလည်း ကားကို  ဖြည်းဖြည်းမှန်မှန်လေး အရှိန်လျှော့ကာ မောင်းလိုက်တော့မှ သူ ဖက်ပေါ်က မုန့်ကို ဝါးတူဖြင့် ညှပ်ယူပြီး ဘယ်လက်တစ်ဖက်ကို ခံလျက် ဦးမြတ်သောရဲ့နှုတ်ခမ်းနား တိုးပေးလိုက်သည်။

ရှေ့ကိုလည်း အကြည့် မလွှဲပါဘဲ ဦးမြတ်သောမာန်က ခေါင်းအသာငဲ့လျက် သူ ခွံ့ကျွေးသည့် မုန့်ဖက်ထုပ်ကို စားပါ၏။

မိုင်Where stories live. Discover now