Letters

By mysunshineisbright

56.3K 6.1K 121

စာလေးတစ်စောင်မှာ ရေးပေးလိုက်တဲ့သူရဲ့ နှလုံးသားတစ်ခုလုံးကို ခံစားရစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်.. စာေလးတစ္... More

1
2
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
Finale
❤️📢💚

3

2.3K 275 5
By mysunshineisbright

(Unicode)

ရိပေါ်ဒီနေ့တော့ training အချိန်ကလိုသေးတာမို့ ကော်ဖီဝယ်နေကျ Zio မှာပဲ မနက်စာအေးဆေးစားဖို့ စဉ်းစားလိုက်တယ်..အိမ်ကမထွက်ခင် စာတိုက်ပုံးကို စစ်ဖို့လဲ မမေ့မလျော့...

~မရောက်သေးဘူးပဲ... အဟက် ဘယ်သူကရော နေ့တိုင်းပို့ပါ့မယ် ကတိပေးထားလို့လဲကွာ~

၁လကျော်တဲ့ထိ နေ့တိုင်းရနေကျစာလေး မရသေးတော့လဲ တစ်ခုခုလိုနေသလိုလို..

ရိပေါ်ကော်ဖီဆိုင်ရောက်တော့ ထူးထူးခြားခြား outdoor မှာထိုင်ချင်စိတ်ဖြစ်မိတယ်..ဒါနဲ့ လွတ်နေတဲ့စားပွဲကိုဝင်ထိုင်တော့ စာအုပ်တစ်အုပ်ကရှိနေတယ်..

~အရင်ထိုင်သွားတဲ့သူများကျန်သွားလား~

Waiter ကိုစာအုပ်ပေးဖို့ကောက်ယူလိုက်တော့ စာအုပ်စီကနေ ရင်းနှီးနေတဲ့ အနံ့တစ်ခု...
သေချာအောင်အနီးကပ်ရှူကြည့်မိတော့ အတွေးထဲဝင်လာတာက အပြာနုရောင်စာအိတ်လေးတွေ..

~ဆေးလိပ်နံ့တွေကတော့ အတူတူပဲနေမှာပါ~

တွေးနေရင်း အသံတစ်ခု သူ့နောက်ကျောကနေထွက်လာတယ်

"Excuse me.. ဒါကျွန်တော်ထိုင်နေတာခင်ဗျ"

ရိပေါ်မော့ကြည့်လိုက်တဲ့အခါ

~damnnnn ငါ့ရဲ့ artwork လေး~

ရိပေါ်မေ့မေ့လျော့လျော့ကြည့်နေမိတယ်..တစ်ဖက်လူကလဲ တုတ်တုတ်မလှုပ်..
ရိပေါ်ကိုယ့်ကိုကိုယ်ပြန်ထိန်းရင်းနဲ့

"အာ.. sorry ပါဗျ.. ကျွန်တော်ကလွတ်တယ်ထင်တာနဲ့"

ရိပေါ်ပြောလိုက်တော့ ထိုသူက ပြုံးပြလာတယ်

~wow မှဲ့လေး..~

"အကို ကျွန်တော်ရော ဒီမှာထိုင်လို့ရမလား.. အပြင်မှာတစ်ခြားခုံတွေကလဲပြည့်နေလို့လေ"
"ရပါတယ်.. ဒါပေမဲ့ ကိုယ်က ဆေးလိပ်သောက်လို့"
"အာ ကိစ္စမရှိပါဘူးအကို ကျေးဇူးပါ"

သီးသန့်နေတတ်တဲ့ ဆေးလိပ်မသောက်တဲ့ရိပေါ်က indoorမှာ စားပွဲလွတ်တွေရှိရက်နဲ့ ဆေးလိပ်သောက်မဲ့လူနဲ့ တစ်စားပွဲထဲထိုင်ဖို့ခွင့်တောင်းတယ်တဲ့လေ..

"ကျွန်တော့်နာမည် ဝမ်ရိပေါ်ပါ.. ဒီဆိုင်ကို အမြဲလာဖြစ်တယ်.. အကိုရောလာဖြစ်လား"
"ရှောင်းကျန့်ပါ.. ကိုယ့်အလုပ်က Zio Gallery မှာဆိုတော့ ဒီမှာ အမြဲရှိတာ"
"ဪ..ဒါကြောင့် ဟိုတစ်ခါအကို့ကိုတွေ့လိုက်တာ"

ရိပေါ်ပြောလိုက်တော့ ထိုသူက အံ့ဩရိပ်ကလေးနဲနဲဖြတ်ပြေးသွားသလိုလို..

"ကျွန်တော်က ၂၃ နှစ်ရှိပြီ... အကိုက ကျွန်တော့်ထက်နဲနဲပိုကြီးမယ်ထင်တယ်"
"ကိုယ်က ၂၈"
"ဒါဆို ကျန့်ကော လို့ခေါ်မယ်လေ.. နောက်တွေ့ရင်လဲ ကော်ဖီအတူတူသောက်ကြတာပေါ့...ကျွန်တော်က ခဏခဏလာဖြစ်တယ်ဒီကို"

ဘုရားစူးရိပေါ်ပါပဲ... စကားတွေဘယ်လိုတောင်ဖောင်ဖွဲ့မိနေတာပါလိမ့်...ခဏခဏလာဖြစ်တဲ့ဒီဆိုင်ကို နောက်ကျရင် ပိုလာဖြစ်တော့မယ်ဆိုတာ ရိပေါ် ကိုယ့်ကိုကိုယ်သိလိုက်ပါတယ်...
ရိပေါ်စကားတွေပြောနေတဲ့တစ်လျှောက်လုံး ကျန့်ကောကို ကြည့်နေတာ..
ကောရဲ့ပုံစံက ဘယ်လိုလေးပါလိမ့်..
မခင်ချင်တဲ့ပုံလားဆိုလဲမဟုတ်..
ခင်နေတဲ့ပုံလားဆိုလဲမဟုတ်..
တစ်ခုခုဖြစ်နေသလို.. အဲ့ဒီတစ်ခုခုက ဘာမှန်းလဲရိပေါ်မသိ..

ရိပေါ်စကားပြောနေရင်းနဲ့ နောက်ထပ်သိလိုက်ရတာက ကျန့်ကောက အတော်ကို အကြည့်ခံပါတယ်။ ကြည့်လိုက်တာနဲ့ ဆက်ငေးချင်စရာကောင်းတဲ့သူမျိုး...
ဆံပင်တွေဝဲကျနေတဲ့နဖူးရယ်...
ခပ်နက်နက်မျက်ခုံးတန်းလေးတွေရယ်..
ကြည်လဲ့နေပေမဲ့ တစ်ပြိုင်တည်းထဲမှာပဲ နားလည်ရမလွယ်တဲ့ မျက်လုံးအိမ် တောက်တောက်လေးတွေရယ်..
နှာတံသွယ်သွယ်လေးရယ်...
မှဲ့နက်ကလေးနဲ့ နှုတ်ခမ်းပါးရယ်...
နောက်တော့ လည်ပင်းက အကြောဖောင်းဖောင်းလေးရယ်..
စီးကရက်ညှပ်ထားတဲ့ လက်ချောင်းသွယ်သွယ်လေးတွေရယ်...
ကျန့်ကောရဲ့ အစိတ်အပိုင်းတစ်ခုချင်းကို ရိပေါ်အလွတ်ကျက်နေမိတယ်...

~ကျန့်ကောဆိုတဲ့အမျိုးကလေ ဆေးလိပ်သောက်ကြတာချင်းအတူတူတောင် သူကကဗျာဆန်နေတာမျိုး~

ရုတ်တရက် မန်နေဂျာဆီက ဖုန်းဝင်လာလို့ ရိပေါ်အတွေးတွေ ပြတ်တောက်ကုန်တယ်။

"ရိပေါ် မလာသေးဘူးလား"

နာရီကောက်ကြည့်မိတော့ မိနစ်၂၀လောက် နောက်ကျနေပြီ...

~shit အချိန်က ဘယ်လိုကုန်သွားတာလဲ~

"လာပြီကော.. နောက်၁၅ မိနစ်လောက်ဆိုရောက်ပြီ"

ရိပေါ်ဖုန်းချလိုက်ပြီး ကော်ဖီကို မြန်မြန်လက်စသတ်ကာ..

"ကျန့်ကောသွားပြီနော်.. ကျွန်တော် training နောက်ကျနေပြီမို့.. နောက်မှတွေ့မယ်"

ရိပေါ်နှုတ်ဆက်ရင်း ဆိုင်ကယ်ဆီပြေးနေတုန်း ရင်ထဲဒိန်းကနဲ....

"Ok ကောင်လေး" တဲ့..

ရိပေါ်မေးချင်တာတွေပေါ်လာပေမဲ့ အချိန်ကလင့်နေပြီမို့ မြန်မြန်သာ ထွက်လာလိုက်ရတော့တယ်..ဆိုင်ကယ်မောင်းရင်း လမ်းတစ်လျှောက်လုံး အတွေးတွေက သောင်းခြောက်ထောင်မက..

ကောင်လေးတဲ့...
ပြီးတော့ စာအုပ်ကရတဲ့ စီးကရက်နံ့....
ပြီးတော့ Zhan ဆိုတဲ့ သူ့ရဲ့နာမည်....

ရိပေါ်ရင်တွေခုန်နေတယ်..
ဒါပေမဲ့ စတွေ့တုန်းက ကျန့်ကောက သူ့ကိုမသိသလိုနေနေတာမဟုတ်လား..

~သူပို့တာဆိုရင် စာအကြောင်းမပြောရင်တောင် မသိချင်ယောင်ဆောင်စရာတော့မရှိဘူးလို့ ထင်တာပဲ...ဒါမှမဟုတ် ငါ့များရှက်နေတာလား~

ဆိုင်ကယ်ဦးထုတ်အောက်က ရိပေါ်ရဲ့မျက်နှာက ပြုံးပြုံးကြီးနဲ့ပေါ့...ရိပေါ် အတွေးပေါင်းစုံနဲ့ လေ့ကျင့်ကွင်းကိုရောက်လာပါတော့တယ်..

~မနက်ဖြန်ထပ်သွားတွေ့တာပေါ့..သူ့အလုပ်ကအဲ့မှာပဲကို မတွေ့စရာမရှိဘူး..ကော်ဖီဆိုင်မှာမတွေ့တော့လဲ gallery မှာဝင်ရှာမှာပေါ့~
.
.
.
.
ဒီလိုနဲ့ ရိပေါ်တစ်နေကုန်လေ့ကျင့်ပြီးတော့ အိမ်ပြန်ရောက်ပါပြီ.. အရင်ဆုံးစာတိုက်ပုံးလေးဆီသွားကြည့်တော့ စာအိတ်အပြာလေးက စောင့်လို့..
ရိပေါ်အိမ်ထဲတောင်မဝင်နိုင်သေးပဲ စာတိုက်ပုံးဘေးတင် ဖွင့်ဖတ်လိုက်တော့...

"ဆိုင်ကယ်ကို ဖြေးဖြေးစီးပါကောင်လေးရ... စိတ်ပူနေရတယ်...

From Z"

~ဘာလဲ ဘာလဲ မနက်က အမြန်ကြီးစီးသွားမိလို့မလား ကျန့်ကော~

လိပ်ကြီးရိပေါ်ရဲ့ရင်ထဲမှာ ဖောက်လက်စ ပေါက်ပေါက်ဆုပ်တွေလိုပဲ...ခုန်ပေါက်လို့ အငြိမ်ကိုမနေနိုင်ဘူး..

~မနက်ဖြန်တော့ ကျန့်ကောနဲ့ ကျွန်တော်တွေ့ပြီပေါ့..~


(Zawgyi)















~wow မှဲ့လေး..~





"ကိုယ်က ၂၈"


နှာတံသွယ်သွယ်လေးရယ်...



"ရိပေါ် မလာသေးဘူးလား"







"Ok ကောင်လေး" တဲ့..


ကောင်လေးတဲ့...




.
.
.
.


From Z"




to be continued...

Continue Reading

You'll Also Like

1.7M 98.2K 88
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
878 172 5
အိမ်မက်လေးကနေပြန်မနိုးလာချင်တော့ဘူး
3.7K 116 3
MC gets reincarnated into the previous era or PE for short as Bronya the herrscher of truth. I know some of y'all might skip the prologue but if you...
455K 24.9K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...