You are My First Love (or) M...

By millaryoon

3.2K 115 17

ေတြ႕ဆံုမႈတစ္ခုဟာ ခြဲခြာျခင္းရဲ႕အစဆိုတဲ့အဓိပၸါယ္လို႔ ငါသိလိုက္ရတာ ငါ့အခ်စ္ဦး မင္းေၾကာင့္ပါ။ More

(၂)
(၃)
(၄)
(၅)
note
(၆)
(၇)
(8)
(9)

(၁)

1.8K 36 7
By millaryoon

Zawgyi

သံသရာဟာ
တကယ္လည္ေနခဲ့ရင္
တစ္ႀကိမ္တစ္ခါေလာက္ေတာ့
ျပန္ဆံုခ်င္ေသးတယ္..

××××××××××××××××××××

၂၀၁၉ခုနွစ္ ေန႔သစ္တစ္ေန႔၏ အစျပဳခ်ိန္ မနက္ခင္းတစ္ခုတြင္ ဆိုးဆိုးဝါးဝါး နိုးစက္သံက ျမည္လာတာေၾကာင့္ ရွန္မင္းဆက္တစ္ေယာက္ အိပ္မႈန္စံုမြား နိုးလာသည္။ကုတင္ေဘးက ဖုန္းကိုယူၾကည့္ေတာ့ မနက္၆နာရီခြဲ။ဒါက သူပံုမွန္ထေနက်အခ်ိန္။

"ရွန္႔ေရ..ႀကီးႀကီး မနက္စာျပင္ထားၿပီးၿပီမို႔ အိမ္ျပန္လိုက္ဦးမယ္။ေန႔လည္စာထမင္းခ်ိဳင့္ကို တစ္ခါတည္း ထည့္ထားၿပီးၿပီ။"

ရွန္အိပ္ခန္းကေနထြက္လာေတာ့ ႀကီးႀကီးစိန္ကျခင္းေတာင္းကိုင္ကာ ေျပာလာသည္။ႀကီးစိန္က ရွန္ရဲ႕ေဒၚေလးအရင္း။လြန္ခဲ့တဲ့၁၀နွစ္ ရွန္႔ရဲ႕ေဖေဖဆံုးၿပီးေနာက္မွာ ေဖေဖCompanyကို ႀကီးႀကီးစိန္နဲ႔ ႀကီးႀကီးရဲ႕ခင္ပြန္း ရွန္႕ရဲ႕ဦးေလး ကတာဝန္ယူခဲ့သည္။၈နွစ္ၾကာၿပီးတဲ့ေနာက္ ရွန္႔ရဲ႕ရွယ္ယာမ်ားကိုလြဲအပ္ၿပီး Companyကိုရွန္႔အားဆက္လက္အုပ္ခ်ဳပ္ေစသည္။

"ဟုတ္ကဲ့..ႀကီးစိန္။ဘႀကီးေရာ ေနေကာင္းရဲ႕လား.."

"ေကာင္းပါ့ေတာ္။ကဲသားေရ ႀကီးႀကီးသြားၿပီ။"

ႀကီးစိန္ထြက္သြားၿပီးေနာက္မွာ သူေရခ်ိဳးခန္းဝင္ကာမ်က္နာသစ္လိုက္သည္။ေဘစင္ကိုလက္ေထာက္ၿပီး သူ႔ကိုယ္သူၾကည့္လိုက္သည္။မျဖဴလြန္းေသာအသားအေရက ျမန္မာေယာက်ာ္းတု႔ိရဲခန္႔ညားမႈနဲ႔ထပ္တူက်သည္။Vဆိုဒ္က်ေသာ ေမးရိုး ဆင္ေျခေလ်ွာငယ္ကဲ့သို႔ နာတံစင္းစင္းနဲ႔ မၿပံဳးလိုေသာ ႏုတ္ခမ္းပါး။သူႏုတ္ခမ္းတစ္ဖက္တြန္႔ခ်ိဳးရံုသာၿပံဳးလိုက္သည္။ကိုယ္လက္သန္႔စင္ၿပီးထြက္လာကာ မနက္စာစားရန္ ထိုင္ခ်လိုက္သည္။

နွပ္ေကာ္ဖီနဲ႔ ဆန္းတဝွစ္နွစ္ခုေလာက္ဆိုရင္ သူအတြက္မနက္စာဟာျပည့္စံုၿပီ။ဧည့္ခန္းတြင္းရွိ ခံုေလးေပၚက DVDစက္ကိုဖြင့္လိုက္ေတာ့ Violinတီးခပ္သံသာယာနာေပ်ာ္ဖြယ္ရွိေသာ ေတးသံထြက္ပၚလာသည္။Laptopဖြင့္ကာ နွစ္ခ်ဳပ္စရင္းမ်ားအား ျပန္စစ္ေဆးေနလိုက္သည္။မနက္ခင္းတိုင္း အလုပ္လုပ္ရင္း ဒီေတးသံကိုနားေထာင္ရတာ သူ႔အတြက္မရိုးသြားေပ။

"ထပ္ၿပီးဖြင့္ျပန္ၿပီလား ဥကၠ႒။၈နွစ္စလံုးဒီတေယာသံကိုနားေထာင္တာ မပ်င္းဘူးလား။"

အိမ္တြင္းသို႔ဝင္လာရင္း ပြစိပြစိေျပာေနသူက ရွန္မင္းဆက္ရဲ႕လက္ေထာက္ ဘုန္းသစ္ဟန္ျဖစ္သည္။ရွန္မင္းဆက္ နဲ႔အရင္းနွီးဆံုးသူတစ္ဦးလည္းျဖစ္သည္။

"မင္းဘာသိလို႔လဲ။ဘဝရဲ႕ ေပ်ာ္႐ႊင္မႈဆိုတာ ၿငိမ္သက္ေအးခ်မ္းတဲ့မနက္ခင္းမွာ လွပတဲ့ေတးသံကို နားေထာင္ရတာဘဲ။မင္းဒီဂီတကိုမခံစားတတ္တာဘဲ။"

"ေမးပါဦးမယ္။ဒီတေယာသံက ဘာကိုေဖာ္ၾကဴးတာလဲ။"

"အခ်စ္ဦး.."

ရွန္႔အေျပာေၾကာင့္ ဘုန္းသစ္စိတ္ဝင္စားသြားသည္။ၾကမ္းျပင္ေပၚထိုင္ခ်လိုက္ၿပီး စပ္စုရန္ ျပင္လိုက္သည္။

"အဲဒီေတာ့ အခ်စ္ဦးရွိတာေပါ့။ဘယ္ကလဲ ဘယ္သူလဲ ဘယ္တုန္းကလဲ..နာမည္ဘယ္လိုေခၚလဲ.."

"မေျပာဘူး။ပါကင္ကိုသာသြားၿပီး ကားထုတ္ထားေပး။"

"လက္ေပါက္ကပ္လိုက္တာ..။"

ဘုန္းသစ္ထြက္သြားၿပီးေတာ့ လုပ္လက္စ အလုပ္ခ်ကာ ထိုင္ေနမိသည္။ေမ့ေပ်ာက္ေလာက္သည့္အခ်ိန္မွာ ဘုန္းသစ္အေမးေၾကာင့္ ရုတ္တရက္အတိတ္ကို သတိရသြားမိသည္။

"အခုဘာမ်ားလုပ္ေနမလဲ။မဂၤလာေတြေဆာင္ၿပီး သားေတြသမီးေတြမ်ား ရေနေလာက္မလား။"

ၾကည္လင္ေတာက္ပေနတဲ့ မ်က္နာေလးနဲ႔ ခ်ိဳသာေသာအၿပံဳးပိုင္ရွင္ကိုေတြးမိလိုက္တိုင္း..ျပန္မရေတာ့တဲ့အမွတ္တရေတြၾကားမွာ သူတစ္ေယာက္ ေယာင္လည္လည္နဲ႔ ပိတ္မိေနတုန္း။ဒီလိုအ႐ႊယ္မွာ ဒါကိုအခ်စ္လို႔ေခါင္းစဥ္တတ္လို႔မရေပမဲ့ လြမ္းေမာစရာေန႔ရက္အျဖစ္ သူ႔နွလံုးသားထဲ ထင္က်န္ရစ္ေနဆဲပင္။

"တစ္ႀကိမ္ေလာက္..တစ္ႀကိမ္ေလာက္သာျပန္ေတြ႕ခဲ့ရင္ က်ေနာ္ပထမဆံုးရင္ခုန္ခဲ့တာ ခဗ်ားပါလို႔ ေျပာျပခ်င္တယ္။"

DVDစက္ကိုပိတ္လိုက္ကာ အဝတ္လဲရန္ျပင္လိုက္သည္။အနက္ေရာင္ ကုဒ္ကိုဝတ္ကာ နက္ကတိုင္ကိုေ႐ႊးလိုက္သည္။ပံုမွန္သူ ဝတ္စံုျပည့္ဝတ္ရတာမႀကိဳက္ေပ။သို႔ေသာ္ ဒီေန႔က Companyမွာ အင္တာဗ်ဴးလုပ္ရမဲ့ေန႔။ဘုန္းသစ္အႀကံေပးမႈေၾကာင့္ အတြင္းေရးမႈးေခၚရန္ဆံုးျဖတ္လိုက္ၿပီး ကိုယ္တိုင္စစ္ေဆးမည္ဟုဆံုးျဖတ္ထားသည္။စစ္သာစစ္ရတာ သူ႔စိတ္ႀကိဳက္ေတြ႕ပါ့မလားမသိေပ။အရင္ကတည္းက လက္ေပါက္ကပ္ ဇီဇာေၾကာင္သည္ဟုအမ်ားက သမုတ္ထားသျဖင့္ လာေလ်ွာက္သူေတာင္ရွိပါ့မလားမသိ..။ဘုန္းသစ္ကိုေတာင္ထြက္မသြားဖို႔ မရရေအာင္ဆြဲထားရသည္။

တိုက္ခန္းေအာက္သို႔ ဆင္းလာကာ အသင့္ရပ္ထားေသာ ကားေပၚသို႔တက္လိုက္သည္။

"ဒီေန႔ ဗ်ဴးမဲ့အလုပ္ေလ်ွာက္လႊာေတြျပပါလား။စစ္ၾကည့္မလို႔.."

"ေရာ႕.."

ဘုန္းသစ္ေပးလာေသာ ေလ်ွာက္လြာတို႔ကိုတစ္႐ႊက္ခ်င္းၾကည့္ေနသည္။စာမ်က္နာ ၁၀ေလာက္အေရာက္မွာ သူလက္တို႔တုန္႔ခနဲရပ္သြားသည္။

"ဦးပိုင္ခြန္းသ..အသက္ ၂၈"

"ဒီတစ္ေယာက္က "

ဘုန္းသစ္ ကားေမာင္းရင္း တစ္ခ်က္ငဲ့ၾကည့္လိုက္သည္။

"အာ..သူလား။ပညာအရည္ခ်င္းက မဆိုးဘူးထင္ရေပမဲ့ အသက္ႀကီးတယ္။"

"မင္းထက္ေတာ့ ရုပ္ႏုပါတယ္။ၾကည့္ပါလား..၂၈လို႔ေတာင္ မထင္ရက္စရာေလး..အဟက္။"

ေလ်ွာက္လြာကို ၾကည့္ကာၿပံဳးေနသည့္ ရွန္႔ကို ၾကည့္ရင္း ဘုန္းသစ္က်ိန္ဆဲေနမိသည္။တစ္ေယာက္ကိုမွအေကာင္းမေျပာတတ္သည့္ ရွန္႔ရဲ႕ပါးစပ္က ခ်ီးက်ဴးစကားထြက္လာသျဖင့္ ထူးထူးဆန္းဆန္းေတြျဖစ္ေနသည္။ဘုန္းသစ္မ်က္နာဘာျဖစ္ေနတယ္ ရွန္ မသိေပ။မသိသလို ၾကည့္လည္းမၾကည့္မိ..

"ပိုင္ခြန္းသ..ခဗ်ားမ်ားျဖစ္ေနမလား..။"

ပတ္စပိုစ္ဓာတ္ပံုေလးကိုၾကည့္ရင္း လြန္ခဲ့ေသာ ၁၀နွစ္က ပိုင္ခြန္းသကိုသတိရမိသည္။အဲဒီတုန္းက ပိုင္ခြန္းသအသက္က၂၀နွစ္..အခုဆို ၃၀ေက်ာ္ေနၿပီျဖစ္သည္။သို႔ေသာ္ ယခုေလ်ွာက္လႊာထဲမွာ ၂၈။ ရွန္ရဲ႕အေတြးတစ္စဟာ ၂၀၀၉ကအတိတ္ေန႔ရက္မ်ားဆီသု႔ိေရာက္ရွိသြားေလသည္။
.
.
၂၀၀၉ခုနွစ္

၂၀၀၉ ဟာ ရွန္မင္းဆက္အတြက္ ဖိအားမ်ားေသာနွစ္ျဖစ္သည္။High Bossတစ္ေယာက္ရဲ႕သားက ဆယ္တန္းစာေမးပြဲက်ခဲ့တာ မယံုခ်င္စရာ။ငယ္ကတည္းက ရွန္မင္းဆက္သည္ စာကိုစိတ္မဝင္စားေပ။သူစိတ္ဝင္စားတာဘာလဲေမးရင္ ဘာဆိုဘာမ်ွမရွိ။ဒီအတိုင္း ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ေလ်ာက္လည္ရတာအရမ္းသေဘာက်သူျဖစ္သည္။

အခုလည္းဂ်င္းေဘာင္းဘီနဲ႔ အေပၚက Shirtတစ္ထည္ကိုဝတ္ၿပီး ရန္ကုန္အမ်ိဳးသားစာၾကည့္တိုက္တြင္းတြင္ ထိုင္ေနသည္။ Harry Botter စာအုပ္ကိုအလြန္ႀကိဳက္သျဖင့္ ဝယ္ခိုင္းေသာ္လည္း စာမက်က္ဘဲေနမည္စိုးသည္ ဟုဆိုကာအိမ္ကဝယ္မေပး။ထို႔ေၾကာင့္ လစ္တဲ့အခ်ိန္ စာၾကည့္တိုက္သို႔လာကာ ဖတ္ျခင္းျဖစ္သည္။စာအုပ္ဖတ္ေနရင္း သူႀကိဳက္ေသာစာသားကို ကူးယူကာ မွတ္သားရတာလည္း ဝါသနာတစ္ခု။ေဘာပင္အဖံုးကုိပါးစပ္နဲ႔ကိုက္ဖြင့္ၿပီး ေရးရန္ႀကံလိုက္ေတာ့ မင္ကမရွိေတာ့ေခ်။အပိုကလည္းမပါလာသျဖင့္ ခံုကိုေျချဖင့္ေဆာင့္ေနမိသည္။

ႀကံရာမရသည့္အဆံုး ေရွ႕က ထိုင္ေနသည့္ အျဖဴေရာင္ ရွပ္နဲ႔ ပုဆိုးနက္ျပာေရာင္ဝတ္ထားေသာသူကိုအကူအညီေတာင္းရန္ဆံုးျဖတ္လိုက္သည္။

"ဒီက.ဒီမွာခဗ်ာ။"

ထိုသူရဲ႕ေက်ာကို ေဘာပင္အစြန္းနဲ႔တို႔ထိၿပီး အသိေပးလိုက္သည္။စာၾကည့္တိုက္အတြင္း အသံက်ယ္က်ယ္ထြက္မည္စိုး၍ တို႔ထိၿပီး ေျပာလိုက္ေသာ္လည္းေရွ႕ကလူသည္ လွည့္မၾကည့္လာေပ။

"ခဗ်ားမွာ ေဘာပင္အပိုပါလား။က်ေနာ့္ကိုငွားေပးပါလား။"

အခုထိလွည့္မၾကည့္ဘဲ ေဘးက ကြန္ဘာဗူးထဲမွ ေဘာပင္တစ္ေခ်ာင္းဆယ္ေနသည္။ထို႔ေနာက္လက္ကိုေနာက္ပစ္ကာ သူ႔အားေပးလာသည္။လွည့္ေတာ့မလွည့္ၾကည့္ေပ။

"ဘာလဲဟ..လွည့္ေပးရင္ရေနတာကို။"

"ၾကားေနရတယ္။အတင္းမတုတ္ေနနဲ႔..စိတ္မေျပာင္းခင္ ျမန္ျမန္ယူ။"

သူေျပာတာကို ျပန္ေခ်ပကာ ေဘာပင္ကိုလႈပ္ျပေနသည္။ပါးစပ္ကုိ ေအာက္ႏုတ္ခမ္းအေပၚႏုတ္ခမ္းစိလိုက္ကာ မလံုမလဲျဖစ္ေနမိသည္။

"sorryပါ။"

ေပးလာေသာေဘာပင္ကိုယူၾကည့္လိုက္ေတာ့ ယုန္ကေလးနား႐ႊက္ေထာင္ေနသည့္ ပံုစံေလး။အသံမထြက္ေအာင္ထိန္းကာရယ္လိုက္ရသည္။ေယာက်ာ္းတစ္ေယာက္ရဲ႕ေဘာပင္က ကေလးဆန္လြန္းေနသည္မို႔ ရယ္လိုက္ျခင္းပင္။

"ခ်စ္စရာေလးဘဲ။"

ေရးလိုက္ေတာ့ မင္က မထြက္ျပန္။မရွည္တတ္ေသာစိတ္ကိုအတတ္နိုင္ဆံုး ဆြဲဆန္႔ထားၿပီး ထိုလူ႔ေက်ာကိုျပန္တို႔လိုက္သည္။

"ဒီမွာခဗ်ာ ေဘာပင္က မင္ကုန္ေနတယ္။"

ထပ္ၿပီးလွည့္မၾကည့္ဘဲ ေနာက္တစ္ေခ်ာင္းေပးလာျပန္သည္။အခုတစ္ခါက ပင္ကြင္းရုပ္နဲ႔။ေဘာပင္ကုိၾကည့္ရင္း ေရွ႕ကလူကိုစိတ္ဝင္စားမိတာအမွန္..။

"အရုပ္ႀကိဳက္တာလား။စူပါမင္းတို႔ဘာတို႔မဟုတ္ဘဲ..ယုန္ရုပ္တို႔ ပင္ကြင္းတို႕ ဝက္ဝံတို႔လား။မိန္းမလည္းမဟုတ္ဘဲနဲ႔.."

သူေဘာပင္ကိုၾကည့္ရင္းေတြးေနခိုက္ေရွ႕က လူမရွိေတာ့ေခ်။

"ဘာလဲဟ..ဘယ္ေရာက္သြားျပန္တာလဲ။"

မ်က္လံုးတို႔ကိုေဝ့ပတ္လိုက္သည့္အခ်ိန္ အဝင္တံခါးမွ စာၾကည့္တိုက္အျပင္ဘက္သို႔ ထြက္သြားသည္ကိုျမင္လိုက္ရသည္။
လက္ထဲက ေဘာပင္နွစ္ေခ်ာင္းကိုယူကာ ထိုလူေနာက္ အေမာတေကာေျပးလိုက္လာသည္။

"ဒီမွာ..ဒီမွာခဗ်ာ..။ေဘာပင္.."

ျမန္လြန္းေသာသူသည္ ကားမွတ္တိုင္တြင္ရေနေသာ လိုင္းကားေပၚသို႔တက္သြားသည္။ရွန္တစ္ခါမွ လိုင္းကားမစီးဖူးေပ။လူမ်ားတိုးက်ပ္ေနသည့္ကားက ထြက္ရန္ျပင္ေနသည္။သူေယာင္လည္လည္လုပ္ေနတုန္း..

"ေဟ့ေကာင္ေလး..မတက္ဘူးလား။"

စပယ္ယာေအာ္သံေၾကာင့္ မထူးေတာ့ဆိုၿပီး ကားေပၚသို႔ တက္လိုက္သည္။ထို႔ေနာက္ထိုင္ခံုမရွိသျဖင့္ လက္ရန္းကိုကိုင္ကာထိုသူအားရွာေနမိသည္။ေတြ႕ပါၿပီ..ခံုေပၚတြင္ ပင္နီလြယ္အိတ္ကိုလြယ္ကာ ထိုင္ေနေသာသူ။

တိုးေဝွ႔ေနေသာလူမ်ားၾကားထဲမွ ထိုသူကိုၾကည့္ရင္း ရွန္႔ ၿပံဳးလိုက္မိသည္။ျဖဴေဖြးေသာအသားအေရ..သူထက္ အရပ္၁လက္မေလာက္ရွည္တဲ့သူ။ပန္းဆီေရာင္ပါးမို႔မို႔နဲ႔ ထူထဲေနတာမ်ိဳးမဟုတ္ဘဲ ႏုတ္ခမ္းတု႔ိက ဖူးဖူးကေလးျဖစ္ေနသည္။ဆံပင္ဘိုေကကို ေဘးခြဲထားေသာေၾကာင့္ နာဖူးေျပေျပေလးကိုျမင္ေနရသည္။အေတာ္ေခ်ာသည့္သူတစ္ေယာက္ဟု ရွန္ေကာက္ခ်က္ခ်လိုက္သည္။

မွတ္တိုင္တစ္တိုင္ၿပီးတစ္တိုင္ေက်ာ္လာေတာ့ ထိုလူေဘးမွခံုေနရာလြတ္သြားသျဖင့္ အျမန္ဆံုးဝင္ထုိင္လိုက္သည္။ထိုလူကေတာ့ သတိထားမိပံုမေပၚ။

"ဒီက အကို.."

"၅၀၀တန္ဘဲပါတယ္ေလ။၄၀၀အမ္း"

"အန္တီႀကီး က်ဳပ္မွာအေႂကြမပါဘူးေလဗ်ာ။ခဗ်ား ေဘးကလူနဲ႔ ေပါင္းထည့္လိုက္ပါလား.."

"ဟဲ့ မသိတဲ့သူနဲ႔ငါမေပါင္းထည့္ေပးနိုင္ဘူး။ေလးရာမရွိရင္ ရွိေအာင္ရွာႀကံၿပီးအမ္း.."

"ကားကမထြက္ေသးဘူးလားကြာ။ေတာ္ေတာ္ၾကာေနၿပီ။"

"မထြက္ရင္ဆင္းၿပီကြာ.."

ရွန္ စကားစဖို႔လုပ္တုန္း ကားေပၚမွ ဆူညံသံျပသာနာေတြေၾကာင့္ အာရံုကေထြျပားသြားသည္။

"ဦးေလး..က်ေနာ္ဆင္းမယ္။"

ထိုသို႔ေျပာကာ လူအုပ္ၾကားမွတိုးထြက္ၿပီးဆင္းသြားေသာ သူ႔ေၾကာင့္ ေက်ာပိုးအိပ္ကိုေကာက္ကိုင္ၿပီး..လက္ျပကာ

"က်ေနာ္ေရာ..က်ေနာ္ေရာဆင္းမယ္။"

ကားေပၚမွခုန္ဆင္းၿပီး ထိုလူလက္ကိုဆြဲလိုက္သည္။ရုတ္တရက္မို႔ အားနွင့္ဆြဲလိုက္သာေၾကာင့္ အင့္ခနဲ႔သူ႔အနားပါလာသည္။

"ဘာျဖစ္လို႔လဲ။ငါ့ကိုသိလို႔လား.."

"အမေလး..ေမာလိုက္တာ။ေနလာသမ်ွ ခဗ်ားေနာက္လိုက္ရတာ အေမာဆံုးဘဲ။"

ခါးကိုလက္ေထာက္ကာ အေမာတေကာ အသက္ရႈေနေသာသူ႔ကို ၾကည့္ေနေလသည္။အရပ္၁လက္မေလာက္ပိုရွည္ေနလို႔လား မသိ ရွန္မင္းဆက္ ထိုလူကို နည္းနည္းေမာ့ၾကည့္ရသည္။

"တကယ္သတိမထားမိတာလား။က်ေနာ္ တစ္လမ္းလုံးလိုက္ေနတာကိုေလ။"

"အင္း.."

"ေတာ္ၿပီ..ေဘာပင္။ခဗ်ားကိုျပန္ေပးတာ။"

"တစ္ေခ်ာင္းကမင္ကုန္ေနတယ္..တစ္ေခ်ာင္းက ကုန္လုဆဲဆဲေလ။ငါ့ေနရာသာဆိုရင္ ျပန္ေပးလည္း ေရးလို႔မွမရတာ..
ဘာလို႔ျပန္ေပးမွာလဲ။"

"အဲဒါက..!"

ရွန္မင္းဆက္ ေၾကာင္အအျဖစ္သြားရသည္။ထိုလူေျပာတာလည္းမွန္သလုိ။သို႔ေသာ္ မ်က္နာထားေလးခပ္တင္းတင္းထားလိုက္ျပီး

"အဲဒါက က်ေနာ္က တစ္ျခားသူပစၥည္းကိုကိုယ့္သေဘာနဲ႔ကိုယ္မလုပ္တတ္ဘူးေလ။ၿပီးေတာ့ ေဘာပင္က ခ်စ္စရာေလးမလား.."

"ဘာျဖစ္ျဖစ္ေက်းဇူးပါ..ေကာင္ေလး။အသက္ဘယ္ေလာက္လဲ.."

"၁၆ပါ..မဟုတ္ေသးဘူး ၁၇လို႔ေျပာရမလား.."

"ကေလးဘဲရွိေသးတာဘဲ။အထက္တန္ေက်ာင္းသားေလးေပါ့။"

ရွန္႔ရဲ႕ ႏုတ္ခမ္းမွာေထာ္သထက္ေထာ္လာသည္။ဒီလို အသားျဖဴျဖဴ မိန္းမရွံုးေအာင္လွသည့္သူက သူ႔ကိုမ်ားကေလးတစ္ေယာက္လို လာေျပာေနသည္မို႔ မခံခ်င္စိတ္က ထြက္လာသည္။

"က်ဳပ္ကိုေျပာတာ ခဗ်ားကေရာ။"

"အကိုက ၂၁..ရန္ကုန္တကၠသိုလ္ေနာက္ဆံုးနွစ္ မဟာတန္းက။"

"မဟာတန္း..အဲဒါဘာလဲ။"

သူတစ္ကယ္မသိတာ။စာဆိုရင္ အစားအစာဘဲစိတ္ဝင္စားသည္မို႔ သူမသိတာမဆန္းၾကယ္။သို႔ေသာ္ ရွန္႔ကို သူကအံ့ၾသသလိုၾကည့္ေနသည္။

"မဟုတ္ဘူးေလ။က်ေနာ္က အရင္ကတည္းက စာနဲ႔ပတ္သက္ရင္ နည္းနည္းတုံးလို႔။"

ေခါင္းကိုလက္ညိဳးနဲ႔႐ႊယ္ၿပီး ေဝ့ျပလိုက္ေတာ့ သူကလွလွေလၿပံဳးလာသည္။ေက်ာက္တန္းစီထားသလို စီရီေနတဲ့သြားမ်ားေပၚလာသည္အထိ ၿပံဳးရယ္ေနသည့္သူ႔ကို ရွန္ေငးေမာေနမိသည္။

"ေရာ႕..ပင္ကြင္းရုပ္ကိုမင္းယူထားလိုက္။ေရးလို႔ရေသးတယ္ေလ။ယုန္ရုပ္ကို အကိုယူသြားမယ္။"

"ဘာလို႔ပင္ကြင္းလဲ။ဘာလို႔ပင္ကြင္းရုပ္ေပးတာလဲ။"

နားမလည္သလိုၾကည့္ေနသည့္သူ႔ကို ခါးကိုင္းလိုက္ရင္း ေခါင္းကုိ ခပ္ဖြဖြပုတ္လာသည္။

"မင္းနဲ႔တူလို႔ ေကာင္ေလး။"

ရယ္ရယ္ေမာေမာပင္ သူ႔အနားမွလွည့္ထြက္သြားသည္။ခပ္လွမ္းလွမ္းတစ္ေနရာမွ ေအာ္လိုက္ေသာအသံကိုသူၾကားမိလိုက္ေသးသည္။

"ေဟ့ေကာင္ ပိုင္ခြန္းသ။ျမန္ျမန္လာ.."

ေအာ္ေခၚေနေသာ သူအားလက္ျပကာ ကားလမ္းကူးသြားပါတဲ့ ထိုအကိုကို မ်က္စိတဆံုးလိုက္ၾကည့္ရင္း ရပ္ေနမိသည္။

"ပိုင္ခြန္းသ။"

နာမည္ကိုေရ႐ႊက္လ်ွက္ ရန္ကုန္တကၠသုိလ္ကိုမ်က္ေမွာင္က်ံဳကိုကာျကည့္မိလိုက္သည္။

"ငါဆယ္တန္းေအာင္ေအာင္ေျဖလိုက္ရမွာ။"

သူ႔ကိုယ္သူက်ိန္ဆဲရင္း ေဘာပင္ကိုၾကည့္လိုက္သည္။ပင္ကြင္းရုပ္က ေသခ်ာျပဴးၿပဲၾကည့္ၿပီး

'ဟုတ္ပါတယ္ေလ။တူတယ္ဆိုလည္းတူတယ္ေပါ့။"

ပိုင္ခြန္းသနဲ႔ ေတြ႕ၿပီး ရွန္႔ရဲ႕အိမ္ျပန္လမ္းဟာတက္ႂကြလို႔ေနသည္။အမွတ္မထင္ေတြ႕ဆံုခဲ့ေသာပိုင္ခြန္းသရဲ႕ အမည္ကို ရွန္ရဲ႕စိတ္တြင္စြဲစြဲၿမဲၿမဲမွတ္သားထားခဲ့ၿပီ။

"တစ္ခါေတြ႕ရင္ အမွတ္မထင္ေတြ႕ဆံုမႈတဲ့။နစ္ခါေတြ႕ရင္ ေရစက္ပါလို႔။သံုးခါေတြ႕ရင္ ဖူးစာတဲ့..
ေနာက္တစ္ႀကိမ္ထပ္ေတြ႕ရင္ က်ေနာ္တို႔နွစ္ေယာက္ေရစက္ပါတယ္လို႔ သတ္မွတ္လိုက္မယ္ ကိုပုိင္ခြန္းသ။"

××××××××××××××××××××××
၂၀၁၉...

"ေဟ့..ေဟ့..။ရံုးေရာက္ၿပီဟ.."

ရွန္မင္းဆက္ အေတြးတို႔ျဖတ္ကာ အသင့္ဖြင့္လာေပးေသာ ကားတံခါးကေနထြက္လိုက္သည္။M ကုန္သြယ္ေရး Company ေလာ္ဘီတြင္ ၾကဳိဆိုေနေသာ Companyမွ MDမ်ား Directorမ်ားနဲ႔ Mangerမ်ားကိုျဖတ္လာသည္။ေျခလွမ္းက်ဲက်ဲျဖင့္ အရပ္၆ေပ ဆံပင္တို႔လွန္တင္ထားကာ Modelတစ္ဦးေလ်ွာက္လမ္းေပၚတြင္ လမ္းေလ်ွာက္ေနသလိုခန္႔ညားလြန္းသည္။

ရံုးခန္းထဲဝင္လိုက္ၿပီး အလုပ္စားပြဲတြင္ထုိင္ကာ အင္တာဗ်ဴးမည့္လုပ္ငန္းကိုစရန္ ဘုန္းသစ္အား အရိပ္ျပလိုက္သည္။၅ေယာက္ေလာက္ထိ သူစိတ္တိုင္းမက်ေပ။ၾကာေတာ့ ဘုန္းသစ္ပါစိတ္မရွည္ခ်င္ေတာ့ ..အင္တာဗ်ဴးလာေျဖသူေတြကိုမဟုတ္ဘဲ ရွန္မင္းဆက္ကို စိတ္မရွည္ျခင္း။ရွန္မင္းဆက္ဆိုတာကလည္ သူသေဘာက်ရင္ ဘယ္သူ႔မ်က္နာမွမၾကည့္ ေသခ်ာေပါက္ခ်က္ခ်င္းအလုပ္ဆင္းခိုင္းမဲ့သူ။

"မဂၤလာပါ။အမွတ္စဥ္၆ ပိုင္ခြန္းသလို႔ေခၚပါတယ္။"

မိတ္ဆက္စကားနဲ႔အတူဝင္လာေသာ ပိုင္ခြန္းသကို ရွန္ၾကည့္လိုက္မိသည္။သူ႔ကိုသြားေပၚေအာင္ၿပံဳးျပလာသည့္ ပိုင္ခြန္းသ ဟာ အသက္သာမတူတာ က်န္တာအားလံုး လြန္ခဲ့ေသာ ၁၀နွစ္က ပိုင္ခြန္းသနဲ႔တစ္ပံုစံတည္းျဖစ္ေနသည္။

"ဟုတ္ကဲ့..ထိုင္ပါ။"

"ဟုတ္ကဲ့။"

"နာမည္က ပိုင္ခြန္းသေနာ္။ပညာအရည္အခ်င္းလည္း မဆိုးပါဘူး။ဘာေၾကာင့္ ဒီအလုပ္ကိုေလ်ွာက္တာလဲ။"

"လူတိုင္း ေကာင္းမြန္တဲ့အလုပ္ကိုလုပ္ခ်င္ၾကတာဘဲေလ။ေကာင္းမြန္တဲ့အလုပ္ထဲက အေကာင္ဆံုးအလုပ္..အေကာင္းဆံုအလုပ္ထဲက လစာမ်ားတဲ့အလုပ္..ဒီလိုအလုပ္မ်ိဳး လူတိုင္းရခ်င္ၾကတာေလ။"

"ဆိုေတာ့ ဒီအလုပ္ေလ်ွာက္တာ လစာမ်ားလို႔ဆိုတဲ့သေဘာလား။"

"မ်ားလို႔မဟုတ္ဘဲ ေပးတဲ့လစာနဲ႔ တန္ေအာင္ ၾကဳိးစားဖို႔ပါ။"

ရွန္ တစ္ခ်က္ရယ္လိုက္ၿပီး ေခါင္းၿငိမ့္လိုက္သည္။ထို႔ေနာက္ ပိုင္ခြန္းသရဲ႕လက္ကိုၾကည့္လိုက္ေတာ့ လက္သြယ္သြယ္ၾကားတြင္ ဆုတ္ကိုင္ထားေသာ နား႐ႊက္ေထာင္ေနသည့္ယုန္ရုပ္ကေလးေဘာပင္ကိုေတြ႕လိုက္သည္။တုိက္ဆိုင္တာလား တစ္ကယ္ဘဲ သူ႔သိတဲ့ပိုင္ခြန္းသလားဆိုတာ မခြဲျခားတတ္ေပ။

"ဒါနဲ႔ အသက္က ၂၈ေကာဟုတ္ရဲ႕လား..။"

"ဗ်ာ.."

"အာ..ႏုလြန္းလို႔ေမးၾကည့္တာပါ။၂၀ေက်ာ္ေလးလို႔ထင္ရလို႔.."

"ဟုတ္ကဲ့..."

သူ႔ေျပာလိုက္ေသာေၾကာင့္ ပိုင္ခြန္းသ သက္ပ်င္းခ်ကာ ေခါင္းအလ်ွင္စလိုၿငိမ့္လိုက္သည္။လက္ထဲမွ ေဘာပင္ကုိ အရင္ထက္ပို၍က်စ္က်စ္ပါေအာင္ဆုတ္ကိုင္ထားသည္။

"အရုပ္ေလးေတြကုိသေဘာက်တယ္ထင္တယ္။ေဘာပင္က ခ်စ္စရာေလးေတြကိုင္တာဘဲ။"

"က်ေနာ္အက်င့္မို႔ပါ။အရုပ္ပါတာ ဝယ္စုတတ္တယ္ေလ။"

သူေမးတဲ့အရာကိုအံ့ၾသေနသူက ေဘးကဘုန္းသစ္ပင္ျဖစ္သည္။စီစဥ္ထာေသာ ေမးခြန္းကိုမေမးဘဲ ထင္ရာေလ်ွာက္ေမးေနေသာ ရွန္႔ကိုၾကည့္ရင္းနားမလည္နိုင္ေပ။ေနာက္ၿပီးအရင္ကထက္ စကားသံတို႔က ခ်ိဳသာေနေသးသည္။

"ဟို  ဒီတစ္ခါက်ေနာ္ေမးပါမယ္။ကိုပိုင္ခြန္း..."

"ေတာ္ၿပီ။မနက္ျဖန္ခ်က္ခ်င္းအလုပ္ဆင္းပါ။ဘုန္းသစ္ မင္းလုပ္ရမဲ့ အခ်ိန္စရင္းေတြသူ႔ကိုေပးလိုက္။ေနာက္ၿပီး က်န္တဲ့ အင္တာဗ်ဴးေျဖတဲ့သူေတြကို ျပန္ခိုင္းလိုက္။"

"ဘာ..အခုလား။"

"မျပန္ခိုင္းဘဲ သူတု႔ိကိုမင္းတင္ေကြၽးထားမလို႔လား။"

ေဘာက္ဆပ္ဆပ္အေျဖေၾကာင့္ ဘုန္းသစ္ ဘာမွမေျပာေတာ့ဘဲ အလ်ွင္စလိုေျပးထြက္သြားသည္။

"က်ေနာ္ကိုခန္႔လိုက္တာလား..!!"

"ဒါနဲ႔ ငါတို႔တစ္ေနေနရာမွာေတြ႕ဖူးတယ္မထင္ဘူးလား။"

"လူမွားတာထင္ပါတယ္။က်ေနာ္ ဥကၠ႒ကို မေတြ႕ဖူးပါဘူး။"

"ဟုတ္ပါတယ္ေလ။သြားေတာ့.."

"ဟုတ္ကဲ့။"

ပိုင္ခြန္းသ လွည္ထြက္သြားသည့္ေနာက္ ေလ်ွာက္လြာစာ႐ႊက္ကိုၾကည့္ၿပီး တစ္ေနရာသို႔ဖုန္းေခၚလိုက္သည္။

"ေျပာပါ ဥကၠ႒။"

ငါမင္းအတြက္ စာ႐ႊက္တစ္႐ႊက္ဖက္စ္နဲ႔ပို႔လိုက္တယ္။အဲဒီထဲက ပိုင္ခြန္းသဆိုတဲ့သူအေၾကာင္းကို စံုစမ္းေပးပါ။

"ဟုတ္ကဲ့..."

ရွန္ ဖုန္းခ်လိုက္ၿပီးေနာက္ ေဘးမွ ေဘာပင္ထည့္သည့္ခြက္တြင္းရွိ ပင္ကြင္းရုပ္ေဘာပင္ကိုၾကည့္လိုက္ေလသည္။ေတြ႕လိုက္ရတာ သူသိေသာပိုင္ခြန္းသမွ ပိုင္ခြန္းသအစစ္။သု႔ိေသာ္ သူ႔ကိုမသိဘူးဟုဆိုသည္။

"တစ္ကယ္လို႔ ခဗ်ားသာဆိုရင္ က်ေနာ္တို႔ရဲ႕ သံုးခါေျမာက္ေတြ႕ဆံုျခင္းကို ဖူးစာလို႔ေခါင္းစဥ္တတ္လို႔ရလား။"

    _×_×_×_×_×_×_×_×_×_×_×_×_×_×_×_

#First Love Violin Song
#crd

ပိုင္ခြန္းသ ဟာဘာေၾကာင့္ အသက္၂၈ျဖစ္ေနရသလဲ။?

ရွန္႔ကိုေရာ မမွတ္မိတာလား.. မမွတ္မိတာလား..။?

ရွန္မင္းဆက္ဆီမွာ အသက္လိမ္ၿပီး Secretaryလုပ္ရေလာက္ေအာင္ ဘာေတြမ်ားလ်ိဳ႕ဝွက္ခ်က္ရွိေနသလဲ။?

၅နွစ္ကြာတဲ့ Semeေပါက္စေလး ရွန္မင္းဆက္နဲ႔ Uke ကိုကို ပိုင္ခြန္းသ တို႔ကိုခ်စ္ေပးၾကပါဦး💞
      _______To Be Contintue_______

Unicode

သံသရာဟာ
တကယ်လည်နေခဲ့ရင်
တစ်ကြိမ်တစ်ခါလောက်တော့
ပြန်ဆုံချင်သေးတယ်..

××××××××××××××××××××

၂၀၁၉ခုနှစ် နေ့သစ်တစ်နေ့၏ အစပြုချိန် မနက်ခင်းတစ်ခုတွင် ဆိုးဆိုးဝါးဝါး နိုးစက်သံက မြည်လာတာကြောင့် ရှန်မင်းဆက်တစ်ယောက် အိပ်မှုန်စုံမွား နိုးလာသည်။ကုတင်ဘေးက ဖုန်းကိုယူကြည့်တော့ မနက်၆နာရီခွဲ။ဒါက သူပုံမှန်ထနေကျအချိန်။

"ရှန့်ရေ..ကြီးကြီး မနက်စာပြင်ထားပြီးပြီမို့ အိမ်ပြန်လိုက်ဦးမယ်။နေ့လည်စာထမင်းချိုင့်ကို တစ်ခါတည်း ထည့်ထားပြီးပြီ။"

ရှန်အိပ်ခန်းကနေထွက်လာတော့ ကြီးကြီးစိန်ကခြင်းတောင်းကိုင်ကာ ပြောလာသည်။ကြီးစိန်က ရှန်ရဲ့ဒေါ်လေးအရင်း။လွန်ခဲ့တဲ့၁၀နှစ် ရှန့်ရဲ့ဖေဖေဆုံးပြီးနောက်မှာ ဖေဖေCompanyကို ကြီးကြီးစိန်နဲ့ ကြီးကြီးရဲ့ခင်ပွန်း ရှန့်ရဲ့ဦးလေး ကတာဝန်ယူခဲ့သည်။၈နှစ်ကြာပြီးတဲ့နောက် ရှန့်ရဲ့ရှယ်ယာများကိုလွဲအပ်ပြီး Companyကိုရှန့်အားဆက်လက်အုပ်ချုပ်စေသည်။

"ဟုတ်ကဲ့..ကြီးစိန်။ဘကြီးရော နေကောင်းရဲ့လား.."

"ကောင်းပါ့တော်။ကဲသားရေ ကြီးကြီးသွားပြီ။"

ကြီးစိန်ထွက်သွားပြီးနောက်မှာ သူရေချိုးခန်းဝင်ကာမျက်နာသစ်လိုက်သည်။ဘေစင်ကိုလက်ထောက်ပြီး သူ့ကိုယ်သူကြည့်လိုက်သည်။မဖြူလွန်းသောအသားအရေက မြန်မာယောကျာ်းတု့ိရဲခန့်ညားမှုနဲ့ထပ်တူကျသည်။Vဆိုဒ်ကျသော မေးရိုး ဆင်ခြေလျှောငယ်ကဲ့သို့ နာတံစင်းစင်းနဲ့ မပြုံးလိုသော နုတ်ခမ်းပါး။သူနုတ်ခမ်းတစ်ဖက်တွန့်ချိုးရုံသာပြုံးလိုက်သည်။ကိုယ်လက်သန့်စင်ပြီးထွက်လာကာ မနက်စာစားရန် ထိုင်ချလိုက်သည်။

နှပ်ကော်ဖီနဲ့ ဆန်းတဝှစ်နှစ်ခုလောက်ဆိုရင် သူအတွက်မနက်စာဟာပြည့်စုံပြီ။ဧည့်ခန်းတွင်းရှိ ခုံလေးပေါ်က DVDစက်ကိုဖွင့်လိုက်တော့ Violinတီးခပ်သံသာယာနာပျော်ဖွယ်ရှိသော တေးသံထွက်ပါ်လာသည်။Laptopဖွင့်ကာ နှစ်ချုပ်စရင်းများအား ပြန်စစ်ဆေးနေလိုက်သည်။မနက်ခင်းတိုင်း အလုပ်လုပ်ရင်း ဒီတေးသံကိုနားထောင်ရတာ သူ့အတွက်မရိုးသွားပေ။

"ထပ်ပြီးဖွင့်ပြန်ပြီလား ဥက္ကဋ္ဌ။၈နှစ်စလုံးဒီတယောသံကိုနားထောင်တာ မပျင်းဘူးလား။"

အိမ်တွင်းသို့ဝင်လာရင်း ပွစိပွစိပြောနေသူက ရှန်မင်းဆက်ရဲ့လက်ထောက် ဘုန်းသစ်ဟန်ဖြစ်သည်။ရှန်မင်းဆက် နဲ့အရင်းနှီးဆုံးသူတစ်ဦးလည်းဖြစ်သည်။

"မင်းဘာသိလို့လဲ။ဘဝရဲ့ ပျော်ရွှင်မှုဆိုတာ ငြိမ်သက်အေးချမ်းတဲ့မနက်ခင်းမှာ လှပတဲ့တေးသံကို နားထောင်ရတာဘဲ။မင်းဒီဂီတကိုမခံစားတတ်တာဘဲ။"

"မေးပါဦးမယ်။ဒီတယောသံက ဘာကိုဖော်ကြူးတာလဲ။"

"အချစ်ဦး.."

ရှန့်အပြောကြောင့် ဘုန်းသစ်စိတ်ဝင်စားသွားသည်။ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီး စပ်စုရန် ပြင်လိုက်သည်။

"အဲဒီတော့ အချစ်ဦးရှိတာပေါ့။ဘယ်ကလဲ ဘယ်သူလဲ ဘယ်တုန်းကလဲ..နာမည်ဘယ်လိုခေါ်လဲ.."

"မပြောဘူး။ပါကင်ကိုသာသွားပြီး ကားထုတ်ထားပေး။"

"လက်ပေါက်ကပ်လိုက်တာ..။"

ဘုန်းသစ်ထွက်သွားပြီးတော့ လုပ်လက်စ အလုပ်ချကာ ထိုင်နေမိသည်။မေ့ပျောက်လောက်သည့်အချိန်မှာ ဘုန်းသစ်အမေးကြောင့် ရုတ်တရက်အတိတ်ကို သတိရသွားမိသည်။

"အခုဘာများလုပ်နေမလဲ။မင်္ဂလာတွေဆောင်ပြီး သားတွေသမီးတွေများ ရနေလောက်မလား။"

ကြည်လင်တောက်ပနေတဲ့ မျက်နာလေးနဲ့ ချိုသာသောအပြုံးပိုင်ရှင်ကိုတွေးမိလိုက်တိုင်း..ပြန်မရတော့တဲ့အမှတ်တရတွေကြားမှာ သူတစ်ယောက် ယောင်လည်လည်နဲ့ ပိတ်မိနေတုန်း။ဒီလိုအရွှယ်မှာ ဒါကိုအချစ်လို့ခေါင်းစဉ်တတ်လို့မရပေမဲ့ လွမ်းမောစရာနေ့ရက်အဖြစ် သူ့နှလုံးသားထဲ ထင်ကျန်ရစ်နေဆဲပင်။

"တစ်ကြိမ်လောက်..တစ်ကြိမ်လောက်သာပြန်တွေ့ခဲ့ရင် ကျနော်ပထမဆုံးရင်ခုန်ခဲ့တာ ခဗျားပါလို့ ပြောပြချင်တယ်။"

DVDစက်ကိုပိတ်လိုက်ကာ အဝတ်လဲရန်ပြင်လိုက်သည်။အနက်ရောင် ကုဒ်ကိုဝတ်ကာ နက်ကတိုင်ကိုရွှေးလိုက်သည်။ပုံမှန်သူ ဝတ်စုံပြည့်ဝတ်ရတာမကြိုက်ပေ။သို့သော် ဒီနေ့က Companyမှာ အင်တာဗျူးလုပ်ရမဲ့နေ့။ဘုန်းသစ်အကြံပေးမှုကြောင့် အတွင်းရေးမှုးခေါ်ရန်ဆုံးဖြတ်လိုက်ပြီး ကိုယ်တိုင်စစ်ဆေးမည်ဟုဆုံးဖြတ်ထားသည်။စစ်သာစစ်ရတာ သူ့စိတ်ကြိုက်တွေ့ပါ့မလားမသိပေ။အရင်ကတည်းက လက်ပေါက်ကပ် ဇီဇာကြောင်သည်ဟုအများက သမုတ်ထားသဖြင့် လာလျှောက်သူတောင်ရှိပါ့မလားမသိ..။ဘုန်းသစ်ကိုတောင်ထွက်မသွားဖို့ မရရအောင်ဆွဲထားရသည်။

တိုက်ခန်းအောက်သို့ ဆင်းလာကာ အသင့်ရပ်ထားသော ကားပေါ်သို့တက်လိုက်သည်။

"ဒီနေ့ ဗျူးမဲ့အလုပ်လျှောက်လွှာတွေပြပါလား။စစ်ကြည့်မလို့.."

"ရော့.."

ဘုန်းသစ်ပေးလာသော လျှောက်လွာတို့ကိုတစ်ရွှက်ချင်းကြည့်နေသည်။စာမျက်နာ ၁၀လောက်အရောက်မှာ သူလက်တို့တုန့်ခနဲရပ်သွားသည်။

"ဦးပိုင်ခွန်းသ..အသက် ၂၈"

"ဒီတစ်ယောက်က "

ဘုန်းသစ် ကားမောင်းရင်း တစ်ချက်ငဲ့ကြည့်လိုက်သည်။

"အာ..သူလား။ပညာအရည်ချင်းက မဆိုးဘူးထင်ရပေမဲ့ အသက်ကြီးတယ်။"

"မင်းထက်တော့ ရုပ်နုပါတယ်။ကြည့်ပါလား..၂၈လို့တောင် မထင်ရက်စရာလေး..အဟက်။"

လျှောက်လွာကို ကြည့်ကာပြုံးနေသည့် ရှန့်ကို ကြည့်ရင်း ဘုန်းသစ်ကျိန်ဆဲနေမိသည်။တစ်ယောက်ကိုမှအကောင်းမပြောတတ်သည့် ရှန့်ရဲ့ပါးစပ်က ချီးကျူးစကားထွက်လာသဖြင့် ထူးထူးဆန်းဆန်းတွေဖြစ်နေသည်။ဘုန်းသစ်မျက်နာဘာဖြစ်နေတယ် ရှန် မသိပေ။မသိသလို ကြည့်လည်းမကြည့်မိ..

"ပိုင်ခွန်းသ..ခဗျားများဖြစ်နေမလား..။"

ပတ်စပိုစ်ဓာတ်ပုံလေးကိုကြည့်ရင်း လွန်ခဲ့သော ၁၀နှစ်က ပိုင်ခွန်းသကိုသတိရမိသည်။အဲဒီတုန်းက ပိုင်ခွန်းသအသက်က၂၀နှစ်..အခုဆို ၃၀ကျော်နေပြီဖြစ်သည်။သို့သော် ယခုလျှောက်လွှာထဲမှာ ၂၈။ ရှန်ရဲ့အတွေးတစ်စဟာ ၂၀၀၉ကအတိတ်နေ့ရက်များဆီသု့ိရောက်ရှိသွားလေသည်။
.
.
၂၀၀၉ခုနှစ်

၂၀၀၉ ဟာ ရှန်မင်းဆက်အတွက် ဖိအားများသောနှစ်ဖြစ်သည်။High Bossတစ်ယောက်ရဲ့သားက ဆယ်တန်းစာမေးပွဲကျခဲ့တာ မယုံချင်စရာ။ငယ်ကတည်းက ရှန်မင်းဆက်သည် စာကိုစိတ်မဝင်စားပေ။သူစိတ်ဝင်စားတာဘာလဲမေးရင် ဘာဆိုဘာမျှမရှိ။ဒီအတိုင်း ပျော်ပျော်နေတတ်ပြီး လျောက်လည်ရတာအရမ်းသဘောကျသူဖြစ်သည်။

အခုလည်းဂျင်းဘောင်းဘီနဲ့ အပေါ်က Shirtတစ်ထည်ကိုဝတ်ပြီး ရန်ကုန်အမျိုးသားစာကြည့်တိုက်တွင်းတွင် ထိုင်နေသည်။ Harry Botter စာအုပ်ကိုအလွန်ကြိုက်သဖြင့် ဝယ်ခိုင်းသော်လည်း စာမကျက်ဘဲနေမည်စိုးသည် ဟုဆိုကာအိမ်ကဝယ်မပေး။ထို့ကြောင့် လစ်တဲ့အချိန် စာကြည့်တိုက်သို့လာကာ ဖတ်ခြင်းဖြစ်သည်။စာအုပ်ဖတ်နေရင်း သူကြိုက်သောစာသားကို ကူးယူကာ မှတ်သားရတာလည်း ဝါသနာတစ်ခု။ဘောပင်အဖုံးကိုပါးစပ်နဲ့ကိုက်ဖွင့်ပြီး ရေးရန်ကြံလိုက်တော့ မင်ကမရှိတော့ချေ။အပိုကလည်းမပါလာသဖြင့် ခုံကိုခြေဖြင့်ဆောင့်နေမိသည်။

ကြံရာမရသည့်အဆုံး ရှေ့က ထိုင်နေသည့် အဖြူရောင် ရှပ်နဲ့ ပုဆိုးနက်ပြာရောင်ဝတ်ထားသောသူကိုအကူအညီတောင်းရန်ဆုံးဖြတ်လိုက်သည်။

"ဒီက.ဒီမှာခဗျာ။"

ထိုသူရဲ့ကျောကို ဘောပင်အစွန်းနဲ့တို့ထိပြီး အသိပေးလိုက်သည်။စာကြည့်တိုက်အတွင်း အသံကျယ်ကျယ်ထွက်မည်စိုး၍ တို့ထိပြီး ပြောလိုက်သော်လည်းရှေ့ကလူသည် လှည့်မကြည့်လာပေ။

"ခဗျားမှာ ဘောပင်အပိုပါလား။ကျနော့်ကိုငှားပေးပါလား။"

အခုထိလှည့်မကြည့်ဘဲ ဘေးက ကွန်ဘာဗူးထဲမှ ဘောပင်တစ်ချောင်းဆယ်နေသည်။ထို့နောက်လက်ကိုနောက်ပစ်ကာ သူ့အားပေးလာသည်။လှည့်တော့မလှည့်ကြည့်ပေ။

"ဘာလဲဟ..လှည့်ပေးရင်ရနေတာကို။"

"ကြားနေရတယ်။အတင်းမတုတ်နေနဲ့..စိတ်မပြောင်းခင် မြန်မြန်ယူ။"

သူပြောတာကို ပြန်ချေပကာ ဘောပင်ကိုလှုပ်ပြနေသည်။ပါးစပ်ကို အောက်နုတ်ခမ်းအပေါ်နုတ်ခမ်းစိလိုက်ကာ မလုံမလဲဖြစ်နေမိသည်။

"sorryပါ။"

ပေးလာသောဘောပင်ကိုယူကြည့်လိုက်တော့ ယုန်ကလေးနားရွှက်ထောင်နေသည့် ပုံစံလေး။အသံမထွက်အောင်ထိန်းကာရယ်လိုက်ရသည်။ယောကျာ်းတစ်ယောက်ရဲ့ဘောပင်က ကလေးဆန်လွန်းနေသည်မို့ ရယ်လိုက်ခြင်းပင်။

"ချစ်စရာလေးဘဲ။"

ရေးလိုက်တော့ မင်က မထွက်ပြန်။မရှည်တတ်သောစိတ်ကိုအတတ်နိုင်ဆုံး ဆွဲဆန့်ထားပြီး ထိုလူ့ကျောကိုပြန်တို့လိုက်သည်။

"ဒီမှာခဗျာ ဘောပင်က မင်ကုန်နေတယ်။"

ထပ်ပြီးလှည့်မကြည့်ဘဲ နောက်တစ်ချောင်းပေးလာပြန်သည်။အခုတစ်ခါက ပင်ကွင်းရုပ်နဲ့။ဘောပင်ကိုကြည့်ရင်း ရှေ့ကလူကိုစိတ်ဝင်စားမိတာအမှန်..။

"အရုပ်ကြိုက်တာလား။စူပါမင်းတို့ဘာတို့မဟုတ်ဘဲ..ယုန်ရုပ်တို့ ပင်ကွင်းတို့ ဝက်ဝံတို့လား။မိန်းမလည်းမဟုတ်ဘဲနဲ့.."

သူဘောပင်ကိုကြည့်ရင်းတွေးနေခိုက်ရှေ့က လူမရှိတော့ချေ။

"ဘာလဲဟ..ဘယ်ရောက်သွားပြန်တာလဲ။"

မျက်လုံးတို့ကိုဝေ့ပတ်လိုက်သည့်အချိန် အဝင်တံခါးမှ စာကြည့်တိုက်အပြင်ဘက်သို့ ထွက်သွားသည်ကိုမြင်လိုက်ရသည်။
လက်ထဲက ဘောပင်နှစ်ချောင်းကိုယူကာ ထိုလူနောက် အမောတကောပြေးလိုက်လာသည်။

"ဒီမှာ..ဒီမှာခဗျာ..။ဘောပင်.."

မြန်လွန်းသောသူသည် ကားမှတ်တိုင်တွင်ရနေသော လိုင်းကားပေါ်သို့တက်သွားသည်။ရှန်တစ်ခါမှ လိုင်းကားမစီးဖူးပေ။လူများတိုးကျပ်နေသည့်ကားက ထွက်ရန်ပြင်နေသည်။သူယောင်လည်လည်လုပ်နေတုန်း..

"ဟေ့ကောင်လေး..မတက်ဘူးလား။"

စပယ်ယာအော်သံကြောင့် မထူးတော့ဆိုပြီး ကားပေါ်သို့ တက်လိုက်သည်။ထို့နောက်ထိုင်ခုံမရှိသဖြင့် လက်ရန်းကိုကိုင်ကာထိုသူအားရှာနေမိသည်။တွေ့ပါပြီ..ခုံပေါ်တွင် ပင်နီလွယ်အိတ်ကိုလွယ်ကာ ထိုင်နေသောသူ။

တိုးဝှေ့နေသောလူများကြားထဲမှ ထိုသူကိုကြည့်ရင်း ရှန့်ပြုံးလိုက်မိသည်။ဖြူဖွေးသောအသားအရေ..သူထက် အရပ်၁လက်မလောက်ရှည်တဲ့သူ။ပန်းဆီရောင်ပါးမို့မို့နဲ့ ထူထဲနေတာမျိုးမဟုတ်ဘဲ နုတ်ခမ်းတု့ိက ဖူးဖူးကလေးဖြစ်နေသည်။ဆံပင်ဘိုကေကို ဘေးခွဲထားသောကြောင့် နာဖူးပြေပြေလေးကိုမြင်နေရသည်။အတော်ချောသည့်သူတစ်ယောက်ဟု ရှန်ကောက်ချက်ချလိုက်သည်။

မှတ်တိုင်တစ်တိုင်ပြီးတစ်တိုင်ကျော်လာတော့ ထိုလူဘေးမှခုံနေရာလွတ်သွားသဖြင့် အမြန်ဆုံးဝင်ထိုင်လိုက်သည်။ထိုလူကတော့ သတိထားမိပုံမပေါ်။

"ဒီက အကို.."

"၅၀၀တန်ဘဲပါတယ်လေ။၄၀၀အမ်း"

"အန်တီကြီး ကျုပ်မှာအကြွေမပါဘူးလေဗျာ။ခဗျား ဘေးကလူနဲ့ ပေါင်းထည့်လိုက်ပါလား.."

"ဟဲ့ မသိတဲ့သူနဲ့ငါမပေါင်းထည့်ပေးနိုင်ဘူး။လေးရာမရှိရင် ရှိအောင်ရှာကြံပြီးအမ်း.."

"ကားကမထွက်သေးဘူးလားကွာ။တော်တော်ကြာနေပြီ။"

"မထွက်ရင်ဆင်းပြီကွာ.."

ရှန် စကားစဖို့လုပ်တုန်း ကားပေါ်မှ ဆူညံသံပြသာနာတွေကြောင့် အာရုံကထွေပြားသွားသည်။

"ဦးလေး..ကျနော်ဆင်းမယ်။"

ထိုသို့ပြောကာ လူအုပ်ကြားမှတိုးထွက်ပြီးဆင်းသွားသော သူ့ကြောင့် ကျောပိုးအိပ်ကိုကောက်ကိုင်ပြီး..လက်ပြကာ

"ကျနော်ရော..ကျနော်ရောဆင်းမယ်။"

ကားပေါ်မှခုန်ဆင်းပြီး ထိုလူလက်ကိုဆွဲလိုက်သည်။ရုတ်တရက်မို့ အားနှင့်ဆွဲလိုက်သာကြောင့် အင့်ခနဲ့သူ့အနားပါလာသည်။

"ဘာဖြစ်လို့လဲ။ငါ့ကိုသိလို့လား.."

"အမလေး..မောလိုက်တာ။နေလာသမျှ ခဗျားနောက်လိုက်ရတာ အမောဆုံးဘဲ။"

ခါးကိုလက်ထောက်ကာ အမောတကော အသက်ရှုနေသောသူ့ကို ကြည့်နေလေသည်။အရပ်၁လက်မလောက်ပိုရှည်နေလို့လား မသိ ရှန်မင်းဆက် ထိုလူကို နည်းနည်းမော့ကြည့်ရသည်။

"တကယ်သတိမထားမိတာလား။ကျနော် တစ်လမ်းလုံးလိုက်နေတာကိုလေ။"

"အင်း.."

"တော်ပြီ..ဘောပင်။ခဗျားကိုပြန်ပေးတာ။"

"တစ်ချောင်းကမင်ကုန်နေတယ်..တစ်ချောင်းက ကုန်လုဆဲဆဲလေ။ငါ့နေရာသာဆိုရင် ပြန်ပေးလည်း ရေးလို့မှမရတာ..
ဘာလို့ပြန်ပေးမှာလဲ။"

"အဲဒါက..!"

ရှန်မင်းဆက် ကြောင်အအဖြစ်သွားရသည်။ထိုလူပြောတာလည်းမှန်သလို။သို့သော် မျက်နာထားလေးခပ်တင်းတင်းထားလိုက်ပြီး

"အဲဒါက ကျနော်က တစ်ခြားသူပစ္စည်းကိုကိုယ့်သဘောနဲ့ကိုယ်မလုပ်တတ်ဘူးလေ။ပြီးတော့ ဘောပင်က ချစ်စရာလေးမလား.."

"ဘာဖြစ်ဖြစ်ကျေးဇူးပါ..ကောင်လေး။အသက်ဘယ်လောက်လဲ.."

"၁၆ပါ..မဟုတ်သေးဘူး ၁၇လို့ပြောရမလား.."

"ကလေးဘဲရှိသေးတာဘဲ။အထက်တန်ကျောင်းသားလေးပေါ့။"

ရှန့်ရဲ့ နုတ်ခမ်းမှာထော်သထက်ထော်လာသည်။ဒီလို အသားဖြူဖြူ မိန်းမရှုံးအောင်လှသည့်သူက သူ့ကိုများကလေးတစ်ယောက်လို လာပြောနေသည်မို့ မခံချင်စိတ်က ထွက်လာသည်။

"ကျုပ်ကိုပြောတာ ခဗျားကရော။"

"အကိုက ၂၁..ရန်ကုန်တက္ကသိုလ်နောက်ဆုံးနှစ် မဟာတန်းက။"

"မဟာတန်း..အဲဒါဘာလဲ။"

သူတစ်ကယ်မသိတာ။စာဆိုရင် အစားအစာဘဲစိတ်ဝင်စားသည်မို့ သူမသိတာမဆန်းကြယ်။သို့သော် ရှန့်ကို သူကအံ့သြသလိုကြည့်နေသည်။

"မဟုတ်ဘူးလေ။ကျနော်က အရင်ကတည်းက စာနဲ့ပတ်သက်ရင် နည်းနည်းတုံးလို့။"

ခေါင်းကိုလက်ညိုးနဲ့ရွှယ်ပြီး ဝေ့ပြလိုက်တော့ သူကလှလှလေပြုံးလာသည်။ကျောက်တန်းစီထားသလို စီရီနေတဲ့သွားများပေါ်လာသည်အထိ ပြုံးရယ်နေသည့်သူ့ကို ရှန်ငေးမောနေမိသည်။

"ရော့..ပင်ကွင်းရုပ်ကိုမင်းယူထားလိုက်။ရေးလို့ရသေးတယ်လေ။ယုန်ရုပ်ကို အကိုယူသွားမယ်။"

"ဘာလို့ပင်ကွင်းလဲ။ဘာလို့ပင်ကွင်းရုပ်ပေးတာလဲ။"

နားမလည်သလိုကြည့်နေသည့်သူ့ကို ခါးကိုင်းလိုက်ရင်း ခေါင်းကို ခပ်ဖွဖွပုတ်လာသည်။

"မင်းနဲ့တူလို့ ကောင်လေး။"

ရယ်ရယ်မောမောပင် သူ့အနားမှလှည့်ထွက်သွားသည်။ခပ်လှမ်းလှမ်းတစ်နေရာမှ အော်လိုက်သောအသံကိုသူကြားမိလိုက်သေးသည်။

"ဟေ့ကောင် ပိုင်ခွန်းသ။မြန်မြန်လာ.."

အော်ခေါ်နေသော သူအားလက်ပြကာ ကားလမ်းကူးသွားပါတဲ့ ထိုအကိုကို မျက်စိတဆုံးလိုက်ကြည့်ရင်း ရပ်နေမိသည်။

"ပိုင်ခွန်းသ။"

နာမည်ကိုရေရွှက်လျှက် ရန်ကုန်တက္ကသိုလ်ကိုမျက်မှောင်ကျုံကိုကာကြည့်မိလိုက်သည်။

"ငါဆယ်တန်းအောင်အောင်ဖြေလိုက်ရမှာ။"

သူ့ကိုယ်သူကျိန်ဆဲရင်း ဘောပင်ကိုကြည့်လိုက်သည်။ပင်ကွင်းရုပ်က သေချာပြူးပြဲကြည့်ပြီး

'ဟုတ်ပါတယ်လေ။တူတယ်ဆိုလည်းတူတယ်ပေါ့။"

ပိုင်ခွန်းသနဲ့ တွေ့ပြီး ရှန့်ရဲ့အိမ်ပြန်လမ်းဟာတက်ကြွလို့နေသည်။အမှတ်မထင်တွေ့ဆုံခဲ့သောပိုင်ခွန်းသရဲ့ အမည်ကို ရှန်ရဲ့စိတ်တွင်စွဲစွဲမြဲမြဲမှတ်သားထားခဲ့ပြီ။

"တစ်ခါတွေ့ရင် အမှတ်မထင်တွေ့ဆုံမှုတဲ့။နစ်ခါတွေ့ရင် ရေစက်ပါလို့။သုံးခါတွေ့ရင် ဖူးစာတဲ့..
နောက်တစ်ကြိမ်ထပ်တွေ့ရင် ကျနော်တို့နှစ်ယောက်ရေစက်ပါတယ်လို့ သတ်မှတ်လိုက်မယ် ကိုပိုင်ခွန်းသ။"

××××××××××××××××××××××
၂၀၁၉...

"ဟေ့..ဟေ့..။ရုံးရောက်ပြီဟ.."

ရှန်မင်းဆက် အတွေးတို့ဖြတ်ကာ အသင့်ဖွင့်လာပေးသော ကားတံခါးကနေထွက်လိုက်သည်။M ကုန်သွယ်ရေး Company လော်ဘီတွင် ကြိုဆိုနေသော Companyမှ MDများ Directorများနဲ့ Mangerများကိုဖြတ်လာသည်။ခြေလှမ်းကျဲကျဲဖြင့် အရပ်၆ပေ ဆံပင်တို့လှန်တင်ထားကာ Modelတစ်ဦးလျှောက်လမ်းပေါ်တွင် လမ်းလျှောက်နေသလိုခန့်ညားလွန်းသည်။

ရုံးခန်းထဲဝင်လိုက်ပြီး အလုပ်စားပွဲတွင်ထိုင်ကာ အင်တာဗျူးမည့်လုပ်ငန်းကိုစရန် ဘုန်းသစ်အား အရိပ်ပြလိုက်သည်။၅ယောက်လောက်ထိ သူစိတ်တိုင်းမကျပေ။ကြာတော့ ဘုန်းသစ်ပါစိတ်မရှည်ချင်တော့ ..အင်တာဗျူးလာဖြေသူတွေကိုမဟုတ်ဘဲ ရှန်မင်းဆက်ကို စိတ်မရှည်ခြင်း။ရှန်မင်းဆက်ဆိုတာကလည် သူသဘောကျရင် ဘယ်သူ့မျက်နာမှမကြည့် သေချာပေါက်ချက်ချင်းအလုပ်ဆင်းခိုင်းမဲ့သူ။

"မင်္ဂလာပါ။အမှတ်စဉ်၆ ပိုင်ခွန်းသလို့ခေါ်ပါတယ်။"

မိတ်ဆက်စကားနဲ့အတူဝင်လာသော ပိုင်ခွန်းသကို ရှန်ကြည့်လိုက်မိသည်။သူ့ကိုသွားပေါ်အောင်ပြုံးပြလာသည့် ပိုင်ခွန်းသ ဟာ အသက်သာမတူတာ ကျန်တာအားလုံး လွန်ခဲ့သော ၁၀နှစ်က ပိုင်ခွန်းသနဲ့တစ်ပုံစံတည်းဖြစ်နေသည်။

"ဟုတ်ကဲ့..ထိုင်ပါ။"

"ဟုတ်ကဲ့။"

"နာမည်က ပိုင်ခွန်းသနော်။ပညာအရည်အချင်းလည်း မဆိုးပါဘူး။ဘာကြောင့် ဒီအလုပ်ကိုလျှောက်တာလဲ။"

"လူတိုင်း ကောင်းမွန်တဲ့အလုပ်ကိုလုပ်ချင်ကြတာဘဲလေ။ကောင်းမွန်တဲ့အလုပ်ထဲက အကောင်ဆုံးအလုပ်..အကောင်းဆုံအလုပ်ထဲက လစာများတဲ့အလုပ်..ဒီလိုအလုပ်မျိုး လူတိုင်းရချင်ကြတာလေ။"

"ဆိုတော့ ဒီအလုပ်လျှောက်တာ လစာများလို့ဆိုတဲ့သဘောလား။"

"များလို့မဟုတ်ဘဲ ပေးတဲ့လစာနဲ့ တန်အောင် ကြိုးစားဖို့ပါ။"

ရှန် တစ်ချက်ရယ်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။ထို့နောက် ပိုင်ခွန်းသရဲ့လက်ကိုကြည့်လိုက်တော့ လက်သွယ်သွယ်ကြားတွင် ဆုတ်ကိုင်ထားသော နားရွှက်ထောင်နေသည့်ယုန်ရုပ်ကလေးဘောပင်ကိုတွေ့လိုက်သည်။တိုက်ဆိုင်တာလား တစ်ကယ်ဘဲ သူ့သိတဲ့ပိုင်ခွန်းသလားဆိုတာ မခွဲခြားတတ်ပေ။

"ဒါနဲ့ အသက်က ၂၈ကောဟုတ်ရဲ့လား..။"

"ဗျာ.."

"အာ..နုလွန်းလို့မေးကြည့်တာပါ။၂၀ကျော်လေးလို့ထင်ရလို့.."

"ဟုတ်ကဲ့..."

သူ့ပြောလိုက်သောကြောင့် ပိုင်ခွန်းသ သက်ပျင်းချကာ ခေါင်းအလျှင်စလိုငြိမ့်လိုက်သည်။လက်ထဲမှ ဘောပင်ကို အရင်ထက်ပို၍ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားသည်။

"အရုပ်လေးတွေကိုသဘောကျတယ်ထင်တယ်။ဘောပင်က ချစ်စရာလေးတွေကိုင်တာဘဲ။"

"ကျနော်အကျင့်မို့ပါ။အရုပ်ပါတာ ဝယ်စုတတ်တယ်လေ။"

သူမေးတဲ့အရာကိုအံ့သြနေသူက ဘေးကဘုန်းသစ်ပင်ဖြစ်သည်။စီစဉ်ထာသော မေးခွန်းကိုမမေးဘဲ ထင်ရာလျှောက်မေးနေသော ရှန့်ကိုကြည့်ရင်းနားမလည်နိုင်ပေ။နောက်ပြီးအရင်ကထက် စကားသံတို့က ချိုသာနေသေးသည်။

"ဟို  ဒီတစ်ခါကျနော်မေးပါမယ်။ကိုပိုင်ခွန်း..."

"တော်ပြီ။မနက်ဖြန်ချက်ချင်းအလုပ်ဆင်းပါ။ဘုန်းသစ် မင်းလုပ်ရမဲ့ အချိန်စရင်းတွေသူ့ကိုပေးလိုက်။နောက်ပြီး ကျန်တဲ့ အင်တာဗျူးဖြေတဲ့သူတွေကို ပြန်ခိုင်းလိုက်။"

"ဘာ..အခုလား။"

"မပြန်ခိုင်းဘဲ သူတု့ိကိုမင်းတင်ကျွေးထားမလို့လား။"

ဘောက်ဆပ်ဆပ်အဖြေကြောင့် ဘုန်းသစ် ဘာမှမပြောတော့ဘဲ အလျှင်စလိုပြေးထွက်သွားသည်။

"ကျနော်ကိုခန့်လိုက်တာလား..!!"

"ဒါနဲ့ ငါတို့တစ်နေနေရာမှာတွေ့ဖူးတယ်မထင်ဘူးလား။"

"လူမှားတာထင်ပါတယ်။ကျနော် ဥက္ကဋ္ဌကို မတွေ့ဖူးပါဘူး။"

"ဟုတ်ပါတယ်လေ။သွားတော့.."

"ဟုတ်ကဲ့။"

ပိုင်ခွန်းသ လှည်ထွက်သွားသည့်နောက် လျှောက်လွာစာရွှက်ကိုကြည့်ပြီး တစ်နေရာသို့ဖုန်းခေါ်လိုက်သည်။

"ပြောပါ ဥက္ကဋ္ဌ။"

ငါမင်းအတွက် စာရွှက်တစ်ရွှက်ဖက်စ်နဲ့ပို့လိုက်တယ်။အဲဒီထဲက ပိုင်ခွန်းသဆိုတဲ့သူအကြောင်းကို စုံစမ်းပေးပါ။

"ဟုတ်ကဲ့..."

ရှန် ဖုန်းချလိုက်ပြီးနောက် ဘေးမှ ဘောပင်ထည့်သည့်ခွက်တွင်းရှိ ပင်ကွင်းရုပ်ဘောပင်ကိုကြည့်လိုက်လေသည်။တွေ့လိုက်ရတာ သူသိသောပိုင်ခွန်းသမှ ပိုင်ခွန်းသအစစ်။သု့ိသော် သူ့ကိုမသိဘူးဟုဆိုသည်။

"တစ်ကယ်လို့ ခဗျားသာဆိုရင် ကျနော်တို့ရဲ့ သုံးခါမြောက်တွေ့ဆုံခြင်းကို ဖူးစာလို့ခေါင်းစဉ်တတ်လို့ရလား။"

    _×_×_×_×_×_×_×_×_×_×_×_×_×_×_×_

#First Love Violin Song
#crd

ပိုင်ခွန်းသ ဟာဘာကြောင့် အသက်၂၈ဖြစ်နေရသလဲ။?

ရှန့်ကိုရော မမှတ်မိတာလား.. မမှတ်မိတာလား..။?

ရှန်မင်းဆက်ဆီမှာ အသက်လိမ်ပြီး Secretaryလုပ်ရလောက်အောင် ဘာတွေများလျို့ဝှက်ချက်ရှိနေသလဲ။?

၅နှစ်ကွာတဲ့ Semeပေါက်စလေး ရှန်မင်းဆက်နဲ့ Uke ကိုကို ပိုင်ခွန်းသ တို့ကိုချစ်ပေးကြပါဦး💞
   
         _______To Be Contintue_______

Continue Reading

You'll Also Like

231K 34.9K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
39.8K 7.2K 107
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...