*ဘယ္လိုအခက္အခဲပဲ ႐ွိလာသည္ျဖစ္ေစ အစ္ကို႔ရင္ခြင္ထဲ တိုးဝင္လွည့္ပါ ဂြၽန္း*
ကားေမာင္းေနသည့္ အစ္ကိုဟာ ေခ်ာရက္ႏိုင္လြန္းသည္။
သူတစ္ခါမွမထိေတြ႕ဖူးသည့္ ဖူးထြက္ေနသည့္ ႏႈတ္ခမ္းႏုႏုေလးကို နမ္ဂြၽန္းသိပ္ျမတ္ႏိုးမိပါသည္။
"ဂြၽန္းေ႐ွ႕နားဆို မင္းမာမီတို႔ ေလယာဥ္ဆိုက္မယ့္ ေလယာဥ္ကြင္းေရာက္ၿပီေနာ္ ေဘးပတ္ဝန္းက်င္ကို နည္းနည္းေဝ့ဝိုက္
ၾကည့္ဦး"
ငမ္းေနတာသိသြားတာမို႔ မေနတတ္စြာေျပာလာသည့္အစ္ကိုေၾကာင့္ နမ္ဂြၽန္းပါးခ်ိဳင့္ေတြ နစ္ဝင္သြားသည္အထိ ႏွစ္ႏွစ္ကာကာ ျပံဳးမိေသးသည္။
အစ္ကိုဟာ သူ႔ဘက္ကို တစ္ခ်က္သာေစာင္းငဲ့ၾကည့္ရင္း ခပ္ျပံဳးျပံဳးႏွင့္ ကားကိုဂ႐ုစိုက္ဆက္ေမာင္းသည္။
ဒါေၾကာင့္ နမ္ဂြၽန္းလည္း ေဘးပတ္ဝန္းက်င္ကိုသာ ေဝ့ဝိုက္
ၾကည့္ေနလိုက္သည္။
မာမီျပန္လာၿပီမို႔ ေပ်ာ္သလားဆိုရင္ေတာ့ သူမေျဖတတ္။
ေသခ်ာတာတစ္ခုကေတာ့ အစ္ကိုနဲ႔အတူ မိုးလင္းမိုးခ်ဳပ္ေနလို႔ မရႏိုင္ေတာ့ဘူး။
သံုးမိနစ္ေလာက္ ေမာင္းၿပီးတဲ့အခါမွာေတာ့ ဆ္ိုးလ္ေလဆိပ္ကို ဆိုက္ေရာက္လာသည္။
ေဆာ့ဂ်င္ေရာ နမ္ဂြၽန္းေရာ ကားေပၚမွဆင္းၿပီး ေလဆိပ္႐ွိရာသို႔သြားသည္။
ေလဆိပ္အတြင္းဝင္ေရာက္ေတာ့ နမ္ဂြၽန္းသည္ ေဆာ့ဂ်င္၏ လက္ဖဝါးအား ဆုပ္ကိုင္သည္။
ဒီကေလး သူ႔မာမီကို မည္မွ်ေၾကာက္သည္ဆိုတာ ေဆာ့ဂ်င္သာ အသိဆံုး။
ေဆာ့ဂ်င္သည္ ဂြၽန္း၏ ဆုပ္ကိုင္လာေသာ လက္ေခ်ာင္း႐ွည္သြယ္သြယ္တို႔အား ယွက္ကိုင္ၿပီး ျပံဳးျပမိသည္။
ဒီကေလး လက္ဖ်ားေလးေတြ ေအးစက္ေနၿပီပဲ။
~ထိုင္ဝမ္ေလယာဥ္ အမွတ္-တစ္ ဆိုက္ေရာက္ပါၿပီ ~
ေလယာဥ္မယ္တစ္ဦး၏ ေၾကညာသံသည္ ေလဆိပ္တစ္ခုလံုးသို႔ ပ်ံ့ႏွံ႔သြားသည္။
"ဂြၽန္းေလယာဥ္က ဟိုဘက္အျခမ္းမွာ ဆင္းမွာ အဲ့ဘက္သြားရေအာင္"
အစ္ကိုဟာ ဂြၽန္း၏ လက္ကိုဆြဲၿပီးအေ႐ွ႕မွ ဦးေဆာင္သြားေနသည္။
"အစ္ကို ကြၽန္ေတာ္ေၾကာက္တယ္"
႐ုတ္တရက္ ရင္ခြင္ထဲတိုးဝင္လာတဲ့ ဂြၽန္းေၾကာင့္ ေဆာ့ဂ်င္ ဆံပင္ေလးကို ဖြေပးရင္း ပါးေလးကို ဆြဲဖ်စ္လိုက္သည္။
"ဂြၽန္းက အျပစ္လုပ္ထားတဲ့သူ မဟုတ္တာမို႔ ဘာမွေၾကာက္စရာမ႐ွိဘူး ဂြၽန္း အစ္ကို႐ွိတာပဲ မေၾကာက္နဲ႔"
အစ္ကိုေဆာ့ဂ်င္က ခပ္ျပံဳးျပံဳးႏွင့္ ႏွစ္သိမ့္စကားဆိုတာေၾကာင့္ နမ္ဂြၽန္း ေခါင္းၿငိမ့္ျပမိသည္။
"ဂြၽန္း ဟိုမွာ မင္းမာမီ မဟုတ္လား"
အစ္ကိုၫႊန္ျပရာကို ၾကည့္မိေတာ့ ခပ္ေဟာ့ေဟာ့ ဝတ္စားထားသည့္ မိန္းမတစ္ေယာက္ႏွင့္ သူမေဘးတြင္လည္း ကေလကေခ်ေလးတစ္ေကာင္က ကပ္ပါလာေသး။
နမ္ဂြၽန္း စိတ္ပ်က္စြာသက္ျပင္းခ်မိသည္။
ၾကည့္ေနရင္း သူမတို႔ႏွစ္ဦးသည္ သူတို႔ဘက္သို႔ ေလွ်ာက္လာသည္။
ေနာက္တြင္လည္း ခရီးေဆာင္အိတ္မ်ားသယ္လာသည့္ ဝန္ထမ္းမ်ားႏွင့္တကြ။
သူမကေတာ့ ဟိုကေလကေခ်ေကာင္ရဲ႕ လက္ေမာင္းကိုခိုဆြဲၿပီး ျပံဳးေနတာမွ ပါးခ်ိဳင့္ကိုထင္းလို႔။
"နမ္ဂြၽန္း မာမီ့ေဘဘီက မာမီ့ကိုလာႀကိဳတာပဲ ေဆာ့ဂ်င္ေရာပဲ
လိုက္ခဲ့ နမ္ဂြၽန္း မင္းဒယ္ဒီအသစ္နဲ႔ မိတ္ဆက္ေပးမယ္"
ႏွစ္ႏွစ္တာေဝးကြာေနခဲ့ေသာ သားျဖစ္သူကို ဤမွ်သာႏႈတ္ဆက္ျပီးေနာက္ သူမေဘးက ေကာင္ေလးႏွင့္ထြက္သြားသည္
နမ္ဂြၽန္းကေတာ့ အစ္ကိုလက္ကို တင္းတင္းဆုပ္ကိုင္ၿပီး ေငး
ၾကည့္ေနရံုမွတပါး....ဘာမွမတတ္ႏိုင္ခဲ့။
႐ွင္း႐ွင္းေျပာရလွ်င္ သူ မာမီေဘးက ထိုင္ဝမ္ေကာင္ကို ၾကည့္မရပါ။
"သြားရေအာင္ ဂြၽန္း"
နမ္ဂြၽန္းလည္း စိတ္ပ်က္ပ်က္ႏွင့္ အစ္ကို႔အားလက္ဆြဲၿပီး မာမီေနာက္သို႔ ခပ္သြက္သြက္လိုက္လာခဲ့မိသည္။
သူမသည္ ေလဆိပ္႐ွိ အထူးစားေသာက္ဆိုင္အတြင္းသို႔ဝင္သြားသည္။
ဝန္ထမ္းမ်ားကေတာ့ ကားပါကင္သို႔သြားကာ ကင္မ္သူေဌးမ၏ ကားအတြင္းသို႔ အထုတ္အပိုးမ်ားထည့္ရန္သြားၾကၿပီ။
က်န္ခဲ့သူက ေလးေယာက္တည္း။
နမ္ဂြၽန္းသည္ ကင္မ္ဝမ္ေျဗာ(နမ္ဂြၽန္း၏ မာမီ) ေ႐ွ႕တြင္ဝင္ထိုင္ေတာ့ အစ္ကိုက ေဘးတြင္ကပ္ထိုင္သည္။
"ေမာင္ဘာစားမွာလည္း"
ကင္မ္ဝမ္ေျဗာသည္ သူမေဘး႐ွိ ထိုင္ဝမ္ေကာင္ရဲ႕ ပါးကိုဖြဖြဆြဲရင္းေမးေတာ့ ထိုေကာင္ေလးဟာ နမ္ဂြၽန္းႏွင့္ေဆာ့ဂ်င္ဘက္သို႔ ခပ္ရြဲ႔ရြဲ႔လွမ္းျပံဳးျပၿပီး ကင္မ္ဝမ္ေျဗာရဲ႕ ဆံႏြယ္ကို သပ္ကာ ခြၽဲျပစ္ျပစ္အသံႏွင့္ေျပာေတာ့သည္။
"မမ ႀကိဳက္တာမွာပါ မမႀကိဳက္ရင္ ေမာင္က ႀကိဳက္ၿပီးသား"
ထြက္လာေသာ မပီတသ ကိုရီးယားအသံေၾကာင့္ နမ္ဂြၽန္း
ေတာ္ေတာ့္ကို စိတ္ပ်က္ေနမိၿပီ။
"ဟုတ္ၿပီ ပဲေခါက္ဆြဲႏွစ္ပြဲ ေအာ္တစ္ပြဲက ပဲျပစ္ျပစ္ေလးေနာ္ ေမာင္က အဲ့လိုပိုႀကိဳက္တယ္ ဟုတ္တယ္ဟုတ္"
"ဟုတ္ပါၿပီ မမရယ္"
ထိုင္ဝမ္ေကာင္ရဲ႕ရင္ခြင္ထဲက ပါးခ်ိဳင့္ေတြေပၚေအာင္ျပံဳးေနေသာ အသက္ေလးဆယ္အရြယ္ ကင္မ္ဝမ္ေျဗာသည္ ဆယ္ေက်ာ္သက္ေကာင္မေလးေတြလို ငယ္ရြယ္ႏုပ်ိဳေနဆဲ။
သားတစ္ေယာက္လံုးေ႐ွ႕မွာထားၿပီး အငယ္အေႏွာင္းႏွင့္ ျဖစ္ခ်င္တိုင္းျဖစ္ေနေသာ မာမီကိုၾကည့္ၿပီး နမ္ဂြၽန္း စိတ္နာလြန္းသည္။
"နမ္ဂြၽန္း ဒါမင္းဒယ္ဒီအသစ္ ထိုင္ဝမ္ႏိုင္ငံသား နာမည္က
ခန္ မင္းကေတာ့ ဒယ္ဒီလို႔ပဲေခၚ"
"ဟုတ္ကဲ့ပါ မာမီ"
"ေမာင္ ဒါက မမရဲ႕သား ကင္မ္နမ္ဂြၽန္း လို႔ေခၚတယ္"
"မမရဲ႕ သားက မမလိုေခ်ာသားပဲ"
"သိပ္ဟုတ္မွာေပါ့"
ေတာင္းပန္ပါတယ္ ဒယ္ဒီရယ္။
စားပြဲေအာက္တြင္ ဆုပ္ကိုင္ထားေသာ ဂြၽန္းရဲ႕ လက္ဖဝါးမ်ားသည္ေအးစက္တုန္ယင္ေနၿပီ ေ႐ွာင္လႊဲေနေသာ မ်က္ဝန္းထဲတြင္ အရည္ၾကည္တို႔ျပည့္ႏွက္ေနၿပီမွန္း ေဆာ့ဂ်င္ရိပ္မိသည္။
ျမန္ျမန္ျပန္မွျဖစ္ေတာ့မည္။
"ေဆာ့ဂ်င္ မင္းေရာအလုပ္ေတြအဆင္ေျပလား"
"ဟုတ္ အန္တီ"
ေဆာ့ဂ်င္သည္ ျပံဳးရံုျပံဳးျပရင္း ကင္မ္ဝမ္ေျဗာအား ေျဖမိသည္။
"အစ္ကိုျပန္ရေအာင္"
ဂြၽန္းက ေဆာ့ဂ်င္၏လက္ေမာင္းကိုဆြဲကိုင္ရင္းေျပာသည္။
"သားျပန္ေတာ့မို႔လား ဒယ္ဒီတို႔နဲ႔မွအတူျပန္မယ္ေလ မမ သားကိုေျပာပါဦး"
ခန္ဆိုသူႏွင့္ အသက္အလြန္ဆံုးကြာမွ ငါးႏွစ္မွ်သာ႐ွိမည္။
သို႔ေသာ္ သံုးႏႈန္းလာေသာ အသံုးအႏႈန္းေၾကာင့္ နမ္ဂြၽန္းမ်က္ေမွာင္က်ံဳမိသည္။
"သူက အဲ့လိုပဲ အေမကို အေမလို႔ နားမလည္ဘူး ေမာင္"
အဲ့လိုျဖစ္ေနတာ ဘယ္သူလဲလို႔ ေမးလိုက္ခ်င္ေပမယ့္ သူ
မတတ္ႏိုင္ခဲ့။သူ႔ဘဝက မာမီကို လြန္ဆန္ခြင့္မ႐ွိ။
ႏွစ္ဦးဆံုမိသည္ႏွင့္ မေျပလည္ေသာ ဆက္ဆံေရးႀကီးကို နမ္ဂြၽန္းမုန္းလြန္းသည္။
"သြားလိုက္ပါဦးမယ္ အန္တီ ဂြၽန္းကို ကြၽန္ေတာ္ ညေနက်ရင္ အိမ္လာပို႔ေပးပါ့မယ္"
"ဟုတ္ၿပီ"
သူမသည္ ခန္ ၏မ်က္ႏွာကို ဖြဖြပြတ္ဆြဲေနရင္း ဂ႐ုမစိုက္ဟန္ႏွင့္ ရင္ခြင္ထဲ ဝင္ေနသည္။
မာမီကို ေမးခ်င္သည္။
ကြၽန္ေတာ့္ကို သားတစ္ေယာက္လို႔ေရာ သိေသးရဲ႕လား။
~~~
"ဂြၽန္း ဘယ္သြားခ်င္လည္း"
"မာမီ ခန္ဆိုတဲ့ လူကိုလက္ထပ္လိုက္တာလား "
ေမးခြန္းႏွင့္လြဲေခ်ာ္စြာ ေျဖလာသည့္ ဂြၽန္းေၾကာင့္ ေဆာ့ဂ်င္ မည္သည့္ေနရာကို ေခၚသြားရမည္မွန္းနားလည္သြားသည္။
ဆယ္ဝါ။
ဆိုးလ္ၿမိဳ႕အစြန္တြင္႐ွိေသာ ေဆာ့ဂ်င္၏ အပန္းေျဖစံအိမ္သို႔ ေရာက္လာၾကသည္။
သူတို႔ေရာက္လာတာေတာ့ အိမ္အကူေကာင္မေလးေတြက ဆည္းႀကိဳၾကသည္။
အစ္ကိုကေတာ့ ဂြၽန္းလက္ကို ဆြဲရင္းပန္းျခံ႐ွိရာသို႔ ေခၚလာသည္။ကားေပၚတြင္ စိုးမိုးလာခဲ့သည့္ တိတ္ဆိတ္မႈသည္ ပန္းျခံေရာက္သည္အထိပင္။
"ဂြၽန္း ငိုခ်လိုက္"
အစ္ကို႔စကားေၾကာင့္ နမ္ဂြၽန္းထိန္းထားခဲ့သည့္ အရည္ၾကည္တို႔ကို ပါးျပင္ေပၚသို႔ စီးဆင္းခြင့္ေပးလိုက္သည္။
အစ္ကို႔ရင္ခြင္ထဲတိုးဝင္ရင္း အစ္ကို႔ကိုယ္လံုးေလးကို ဆြဲဖက္ထားရင္း ဂြၽန္း ႐ိႈက္ကာငင္ကာ ငိုေနမိသည္။
"မာမီက ကြၽန္ေတာ့္ကို သူ႔သားလို႔ေတာင္ ထင္ရဲ႕လား ငယ္ငယ္ကတည္းက ကြၽန္ေတာ့္မွာ ဒယ္ဒီဘယ္ႏွေယာက္႐ွိမယ္
မွန္းေတာင္မမွတ္မိေတာ့ဘူး အစ္ကို ငယ္ငယ္တုန္းကလိုပဲ အစ္ကိုမ႐ွိတဲ့အခ်ိန္မွာ ဒယ္ဒီေတြနဲ႔ေပါင္းၿပီ ကြၽန္ေတာ့္ကို ႏွိပ္စက္ဦးမွာလား မသိဘူး ၿပီေတာ့ကြၽန္ေတာ္ အဲ့ ခန္ ဆိုတဲ့ လူက လံုးဝၾကည့္မရဘူး အစ္ကို"
"အန္တီကင္မ္က ခန္ နဲ႔လက္ထပ္လိုက္လို႔ မင္းရဲ႕ ဒယ္ဒီျဖစ္သြားတယ္ပဲထား မင္းက အဲ့ ခန္ ထက္ေတာင္ ဗလေတာင့္ေသးတာပဲ ဂြၽန္းရယ္ ငယ္ငယ္တုန္းက ဂြၽန္းေသးေသးေလးကို အႏိုင္က်င့္ၾကတာေလ ဗလေတာင့္တဲ့ ကင္မ္နမ္ဂြၽန္းကို ဘယ္သူက အႏိုင္က်င့္ရဲမွာလည္း"
ဆံႏြယ္တို႔က ဖြေပးရင္း အစ္ကိုက အရႊန္းေဖာက္ေျပာလာေတာ့ နမ္ဂြၽန္း မ်က္ရည္မ်ားၾကားမွ ေအာ္ရယ္သည္။
"ဟုတ္တယ္ ကိုယ့္ကိုယ္ကို ကာကြယ္ႏိုင္တယ္ အစ္ကို႔ကိုလည္း ကာကြယ္ေပးမယ္ ဟားဟားဟား"
ဂြၽန္းကရယ္ေတာ့ အစ္ကိုလည္းလိုက္ရယ္သည္။
ဤသို႔ျဖင့္ ဆယ္ဝါအရပ္ေလးမွာ ေပ်ာ္ရႊင္မႈတို႔ျပည့္ႏွက္ေနတဲ့ ရယ္သံတို႔က လြင့္ပ်ံ့သြားသည္။
ဟုတ္သည္။
အစ္ကိုဟာ ဂြၽန္းဝမ္းနည္းေနတဲ့ အခ်ိန္မွာေတာင္ ေအာ္ရယ္ႏိုင္ေလာက္ေအာင္ လုပ္ေပးတဲ့ ဂြၽန္းရဲ႕ ဟက္ပီးဗိုင္းရက္စ္ေလး။
~~~
T.B.C
Written By
Guulili 🌕
Unicode~
*ဘယ်လိုအခက်အခဲပဲ ရှိလာသည်ဖြစ်စေ အစ်ကို့ရင်ခွင်ထဲ တိုးဝင်လှည့်ပါ ဂျွန်း*
ကားမောင်းနေသည့် အစ်ကိုဟာ ချောရက်နိုင်လွန်းသည်။
သူတစ်ခါမှမထိတွေ့ဖူးသည့် ဖူးထွက်နေသည့် နှုတ်ခမ်းနုနုလေးကို နမ်ဂျွန်းသိပ်မြတ်နိုးမိပါသည်။
"ဂျွန်းရှေ့နားဆို မင်းမာမီတို့ လေယာဉ်ဆိုက်မယ့် လေယာဉ်ကွင်းရောက်ပြီနော် ဘေးပတ်ဝန်းကျင်ကို နည်းနည်းဝေ့ဝိုက်
ကြည့်ဦး"
ငမ်းနေတာသိသွားတာမို့ မနေတတ်စွာပြောလာသည့်အစ်ကိုကြောင့် နမ်ဂျွန်းပါးချိုင့်တွေ နစ်ဝင်သွားသည်အထိ နှစ်နှစ်ကာကာ ပြုံးမိသေးသည်။
အစ်ကိုဟာ သူ့ဘက်ကို တစ်ချက်သာစောင်းငဲ့ကြည့်ရင်း ခပ်ပြုံးပြုံးနှင့် ကားကိုဂရုစိုက်ဆက်မောင်းသည်။
ဒါကြောင့် နမ်ဂျွန်းလည်း ဘေးပတ်ဝန်းကျင်ကိုသာ ဝေ့ဝိုက်
ကြည့်နေလိုက်သည်။
မာမီပြန်လာပြီမို့ ပျော်သလားဆိုရင်တော့ သူမဖြေတတ်။
သေချာတာတစ်ခုကတော့ အစ်ကိုနဲ့အတူ မိုးလင်းမိုးချုပ်နေလို့ မရနိုင်တော့ဘူး။
သုံးမိနစ်လောက် မောင်းပြီးတဲ့အခါမှာတော့ ဆ်ိုးလ်လေဆိပ်ကို ဆိုက်ရောက်လာသည်။
ဆော့ဂျင်ရော နမ်ဂျွန်းရော ကားပေါ်မှဆင်းပြီး လေဆိပ်ရှိရာသို့သွားသည်။
လေဆိပ်အတွင်းဝင်ရောက်တော့ နမ်ဂျွန်းသည် ဆော့ဂျင်၏ လက်ဖဝါးအား ဆုပ်ကိုင်သည်။
ဒီကလေး သူ့မာမီကို မည်မျှကြောက်သည်ဆိုတာ ဆော့ဂျင်သာ အသိဆုံး။
ဆော့ဂျင်သည် ဂျွန်း၏ ဆုပ်ကိုင်လာသော လက်ချောင်းရှည်သွယ်သွယ်တို့အား ယှက်ကိုင်ပြီး ပြုံးပြမိသည်။
ဒီကလေး လက်ဖျားလေးတွေ အေးစက်နေပြီပဲ။
~ထိုင်ဝမ်လေယာဉ် အမှတ်-တစ် ဆိုက်ရောက်ပါပြီ ~
လေယာဉ်မယ်တစ်ဦး၏ ကြေညာသံသည် လေဆိပ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
"ဂျွန်းလေယာဉ်က ဟိုဘက်အခြမ်းမှာ ဆင်းမှာ အဲ့ဘက်သွားရအောင်"
အစ်ကိုဟာ ဂျွန်း၏ လက်ကိုဆွဲပြီးအရှေ့မှ ဦးဆောင်သွားနေသည်။
"အစ်ကို ကျွန်တော်ကြောက်တယ်"
ရုတ်တရက် ရင်ခွင်ထဲတိုးဝင်လာတဲ့ ဂျွန်းကြောင့် ဆော့ဂျင် ဆံပင်လေးကို ဖွပေးရင်း ပါးလေးကို ဆွဲဖျစ်လိုက်သည်။
"ဂျွန်းက အပြစ်လုပ်ထားတဲ့သူ မဟုတ်တာမို့ ဘာမှကြောက်စရာမရှိဘူး ဂျွန်း အစ်ကိုရှိတာပဲ မကြောက်နဲ့"
အစ်ကိုဆော့ဂျင်က ခပ်ပြုံးပြုံးနှင့် နှစ်သိမ့်စကားဆိုတာကြောင့် နမ်ဂျွန်း ခေါင်းငြိမ့်ပြမိသည်။
"ဂျွန်း ဟိုမှာ မင်းမာမီ မဟုတ်လား"
အစ်ကိုညွှန်ပြရာကို ကြည့်မိတော့ ခပ်ဟော့ဟော့ ဝတ်စားထားသည့် မိန်းမတစ်ယောက်နှင့် သူမဘေးတွင်လည်း ကလေကချေလေးတစ်ကောင်က ကပ်ပါလာသေး။
နမ်ဂျွန်း စိတ်ပျက်စွာသက်ပြင်းချမိသည်။
ကြည့်နေရင်း သူမတို့နှစ်ဦးသည် သူတို့ဘက်သို့ လျှောက်လာသည်။
နောက်တွင်လည်း ခရီးဆောင်အိတ်များသယ်လာသည့် ဝန်ထမ်းများနှင့်တကွ။
သူမကတော့ ဟိုကလေကချေကောင်ရဲ့ လက်မောင်းကိုခိုဆွဲပြီး ပြုံးနေတာမှ ပါးချိုင့်ကိုထင်းလို့။
"နမ်ဂျွန်း မာမီ့ဘေဘီက မာမီ့ကိုလာကြိုတာပဲ ဆော့ဂျင်ရောပဲ
လိုက်ခဲ့ နမ်ဂျွန်း မင်းဒယ်ဒီအသစ်နဲ့ မိတ်ဆက်ပေးမယ်"
နှစ်နှစ်တာဝေးကွာနေခဲ့သော သားဖြစ်သူကို ဤမျှသာနှုတ်ဆက်ပြီးနောက် သူမဘေးက ကောင်လေးနှင့်ထွက်သွားသည်
နမ်ဂျွန်းကတော့ အစ်ကိုလက်ကို တင်းတင်းဆုပ်ကိုင်ပြီး ငေး
ကြည့်နေရုံမှတပါး....ဘာမှမတတ်နိုင်ခဲ့။
ရှင်းရှင်းပြောရလျှင် သူ မာမီဘေးက ထိုင်ဝမ်ကောင်ကို ကြည့်မရပါ။
"သွားရအောင် ဂျွန်း"
နမ်ဂျွန်းလည်း စိတ်ပျက်ပျက်နှင့် အစ်ကို့အားလက်ဆွဲပြီး မာမီနောက်သို့ ခပ်သွက်သွက်လိုက်လာခဲ့မိသည်။
သူမသည် လေဆိပ်ရှိ အထူးစားသောက်ဆိုင်အတွင်းသို့ဝင်သွားသည်။
ဝန်ထမ်းများကတော့ ကားပါကင်သို့သွားကာ ကင်မ်သူဌေးမ၏ ကားအတွင်းသို့ အထုတ်အပိုးများထည့်ရန်သွားကြပြီ။
ကျန်ခဲ့သူက လေးယောက်တည်း။
နမ်ဂျွန်းသည် ကင်မ်ဝမ်ဗြော(နမ်ဂျွန်း၏ မာမီ) ရှေ့တွင်ဝင်ထိုင်တော့ အစ်ကိုက ဘေးတွင်ကပ်ထိုင်သည်။
"မောင်ဘာစားမှာလည်း"
ကင်မ်ဝမ်ဗြောသည် သူမဘေးရှိ ထိုင်ဝမ်ကောင်ရဲ့ ပါးကိုဖွဖွဆွဲရင်းမေးတော့ ထိုကောင်လေးဟာ နမ်ဂျွန်းနှင့်ဆော့ဂျင်ဘက်သို့ ခပ်ရွဲ့ရွဲ့လှမ်းပြုံးပြပြီး ကင်မ်ဝမ်ဗြောရဲ့ ဆံနွယ်ကို သပ်ကာ ချွဲပြစ်ပြစ်အသံနှင့်ပြောတော့သည်။
"မမ ကြိုက်တာမှာပါ မမကြိုက်ရင် မောင်က ကြိုက်ပြီးသား"
ထွက်လာသော မပီတသ ကိုရီးယားအသံကြောင့် နမ်ဂျွန်း
တော်တော့်ကို စိတ်ပျက်နေမိပြီ။
"ဟုတ်ပြီ ပဲခေါက်ဆွဲနှစ်ပွဲ အော်တစ်ပွဲက ပဲပြစ်ပြစ်လေးနော် မောင်က အဲ့လိုပိုကြိုက်တယ် ဟုတ်တယ်ဟုတ်"
"ဟုတ်ပါပြီ မမရယ်"
ထိုင်ဝမ်ကောင်ရဲ့ရင်ခွင်ထဲက ပါးချိုင့်တွေပေါ်အောင်ပြုံးနေသော အသက်လေးဆယ်အရွယ် ကင်မ်ဝမ်ဗြောသည် ဆယ်ကျော်သက်ကောင်မလေးတွေလို ငယ်ရွယ်နုပျိုနေဆဲ။
သားတစ်ယောက်လုံးရှေ့မှာထားပြီး အငယ်အနှောင်းနှင့် ဖြစ်ချင်တိုင်းဖြစ်နေသော မာမီကိုကြည့်ပြီး နမ်ဂျွန်း စိတ်နာလွန်းသည်။
"နမ်ဂျွန်း ဒါမင်းဒယ်ဒီအသစ် ထိုင်ဝမ်နိုင်ငံသား နာမည်က
ခန် မင်းကတော့ ဒယ်ဒီလို့ပဲခေါ်"
"ဟုတ်ကဲ့ပါ မာမီ"
"မောင် ဒါက မမရဲ့သား ကင်မ်နမ်ဂျွန်း လို့ခေါ်တယ်"
"မမရဲ့ သားက မမလိုချောသားပဲ"
"သိပ်ဟုတ်မှာပေါ့"
တောင်းပန်ပါတယ် ဒယ်ဒီရယ်။
စားပွဲအောက်တွင် ဆုပ်ကိုင်ထားသော ဂျွန်းရဲ့ လက်ဖဝါးများသည်အေးစက်တုန်ယင်နေပြီ ရှောင်လွှဲနေသော မျက်ဝန်းထဲတွင် အရည်ကြည်တို့ပြည့်နှက်နေပြီမှန်း ဆော့ဂျင်ရိပ်မိသည်။
မြန်မြန်ပြန်မှဖြစ်တော့မည်။
"ဆော့ဂျင် မင်းရောအလုပ်တွေအဆင်ပြေလား"
"ဟုတ် အန်တီ"
ဆော့ဂျင်သည် ပြုံးရုံပြုံးပြရင်း ကင်မ်ဝမ်ဗြောအား ဖြေမိသည်။
"အစ်ကိုပြန်ရအောင်"
ဂျွန်းက ဆော့ဂျင်၏လက်မောင်းကိုဆွဲကိုင်ရင်းပြောသည်။
"သားပြန်တော့မို့လား ဒယ်ဒီတို့နဲ့မှအတူပြန်မယ်လေ မမ သားကိုပြောပါဦး"
ခန်ဆိုသူနှင့် အသက်အလွန်ဆုံးကွာမှ ငါးနှစ်မျှသာရှိမည်။
သို့သော် သုံးနှုန်းလာသော အသုံးအနှုန်းကြောင့် နမ်ဂျွန်းမျက်မှောင်ကျုံမိသည်။
"သူက အဲ့လိုပဲ အမေကို အမေလို့ နားမလည်ဘူး မောင်"
အဲ့လိုဖြစ်နေတာ ဘယ်သူလဲလို့ မေးလိုက်ချင်ပေမယ့် သူ
မတတ်နိုင်ခဲ့။သူ့ဘဝက မာမီကို လွန်ဆန်ခွင့်မရှိ။
နှစ်ဦးဆုံမိသည်နှင့် မပြေလည်သော ဆက်ဆံရေးကြီးကို နမ်ဂျွန်းမုန်းလွန်းသည်။
"သွားလိုက်ပါဦးမယ် အန်တီ ဂျွန်းကို ကျွန်တော် ညနေကျရင် အိမ်လာပို့ပေးပါ့မယ်"
"ဟုတ်ပြီ"
သူမသည် ခန် ၏မျက်နှာကို ဖွဖွပွတ်ဆွဲနေရင်း ဂရုမစိုက်ဟန်နှင့် ရင်ခွင်ထဲ ဝင်နေသည်။
မာမီကို မေးချင်သည်။
ကျွန်တော့်ကို သားတစ်ယောက်လို့ရော သိသေးရဲ့လား။
~~~
"ဂျွန်း ဘယ်သွားချင်လည်း"
"မာမီ ခန်ဆိုတဲ့ လူကိုလက်ထပ်လိုက်တာလား "
မေးခွန်းနှင့်လွဲချော်စွာ ဖြေလာသည့် ဂျွန်းကြောင့် ဆော့ဂျင် မည်သည့်နေရာကို ခေါ်သွားရမည်မှန်းနားလည်သွားသည်။
ဆယ်ဝါ။
ဆိုးလ်မြို့အစွန်တွင်ရှိသော ဆော့ဂျင်၏ အပန်းဖြေစံအိမ်သို့ ရောက်လာကြသည်။
သူတို့ရောက်လာတာတော့ အိမ်အကူကောင်မလေးတွေက ဆည်းကြိုကြသည်။
အစ်ကိုကတော့ ဂျွန်းလက်ကို ဆွဲရင်းပန်းခြံရှိရာသို့ ခေါ်လာသည်။ကားပေါ်တွင် စိုးမိုးလာခဲ့သည့် တိတ်ဆိတ်မှုသည် ပန်းခြံရောက်သည်အထိပင်။
"ဂျွန်း ငိုချလိုက်"
အစ်ကို့စကားကြောင့် နမ်ဂျွန်းထိန်းထားခဲ့သည့် အရည်ကြည်တို့ကို ပါးပြင်ပေါ်သို့ စီးဆင်းခွင့်ပေးလိုက်သည်။
အစ်ကို့ရင်ခွင်ထဲတိုးဝင်ရင်း အစ်ကို့ကိုယ်လုံးလေးကို ဆွဲဖက်ထားရင်း ဂျွန်း ရှိုက်ကာငင်ကာ ငိုနေမိသည်။
"မာမီက ကျွန်တော့်ကို သူ့သားလို့တောင် ထင်ရဲ့လား ငယ်ငယ်ကတည်းက ကျွန်တော့်မှာ ဒယ်ဒီဘယ်နှယောက်ရှိမယ်
မှန်းတောင်မမှတ်မိတော့ဘူး အစ်ကို ငယ်ငယ်တုန်းကလိုပဲ အစ်ကိုမရှိတဲ့အချိန်မှာ ဒယ်ဒီတွေနဲ့ပေါင်းပြီ ကျွန်တော့်ကို နှိပ်စက်ဦးမှာလား မသိဘူး ပြီတော့ကျွန်တော် အဲ့ ခန် ဆိုတဲ့ လူက လုံးဝကြည့်မရဘူး အစ်ကို"
"အန်တီကင်မ်က ခန် နဲ့လက်ထပ်လိုက်လို့ မင်းရဲ့ ဒယ်ဒီဖြစ်သွားတယ်ပဲထား မင်းက အဲ့ ခန် ထက်တောင် ဗလတောင့်သေးတာပဲ ဂျွန်းရယ် ငယ်ငယ်တုန်းက ဂျွန်းသေးသေးလေးကို အနိုင်ကျင့်ကြတာလေ ဗလတောင့်တဲ့ ကင်မ်နမ်ဂျွန်းကို ဘယ်သူက အနိုင်ကျင့်ရဲမှာလည်း"
ဆံနွယ်တို့က ဖွပေးရင်း အစ်ကိုက အရွှန်းဖောက်ပြောလာတော့ နမ်ဂျွန်း မျက်ရည်များကြားမှ အော်ရယ်သည်။
"ဟုတ်တယ် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တယ် အစ်ကို့ကိုလည်း ကာကွယ်ပေးမယ် ဟားဟားဟား"
ဂျွန်းကရယ်တော့ အစ်ကိုလည်းလိုက်ရယ်သည်။
ဤသို့ဖြင့် ဆယ်ဝါအရပ်လေးမှာ ပျော်ရွှင်မှုတို့ပြည့်နှက်နေတဲ့ ရယ်သံတို့က လွင့်ပျံ့သွားသည်။
ဟုတ်သည်။
အစ်ကိုဟာ ဂျွန်းဝမ်းနည်းနေတဲ့ အချိန်မှာတောင် အော်ရယ်နိုင်လောက်အောင် လုပ်ပေးတဲ့ ဂျွန်းရဲ့ ဟက်ပီးဗိုင်းရက်စ်လေး။
~~~
T.B.C
Written By
Guulili 🌕