4 🌕

612 99 0
                                    

*ကျွန်​​တော့်​ဘဝမှာ အ​ပျော်​ရွှင်​ဆုံးအခိုက်​အတန့်​​လေး​တွေက အစ်​ကို့​ဘေးနားမှာ ​နေ​နေရတာပဲ အစ်​ကို*

"ဂျွန်း အစ်​ကိုက ​ကြက်​သားပြုတ်​ထားလိုက်​မယ်​ မင်းက ကြက်​သွန်​​လေးပဲ နွှာထား​ပေး​နော်​ အစ်​ကို့ဂျွန်းက လိမ္မာပါတယ်​"

လူကို​နောက်​က​နေသိုင်းဖက်​ပြီး နားရွက်​ဖျားကိုလာလာကိုက်​​နေ​တဲ့ ဂျွန်း​ကြောင့်​ ​ဆော့ဂျင်​ ရှက်​ကိုးရှက်​ကန်းနှင့်​ ​မောင်းထုတ်​သည်​။

"ဟုတ်​ကဲ့အစ်​ကို"

ဂျွန်းဟာ ပါးချိုင့်​​တွေ​ပေါ်လာသည်​အထိနှစ်​နှစ်​ခြိုက်​ခြိုက်​ပြုံးပြီး
အစ်​ကို​ပြောသလို ကြက်​သွန်​နီကို ​အောက်​ခံအမာသား​ပေါ်တွင်​​တင်​ပြီး​နောက်​ လှီးရမည့်​ဓားကိုလိုက်​ရှာ​တော့သည်​။

"အစ်​ကို ဒီဓားနဲ့ လှီးလို့ရလား"

ဂျွန်းဟာ အသားလှီးသည့်​ ဓားအကြီးကြီးကို အစ်​ကို့အားပြ​တော့ အစ်​ကိုဟာ ကြက်​သား​ပေါင်းအိုးအပြင်​ ဟင်​ချိုအိုးနှင့်​ပါ အလုပ်​ရှုပ်​​နေစဉ်​။

"​အေး ရတယ်​ ဂျွန်း"

ဆော့ဂျင်​ဟာ ဟင်းချိုအိုးကို ​မွှေရင်းလှည့်​မကြည့်​ဘဲ​ပြော​သည်​။
ဒါကို နမ်​ဂျွန်းက အတည်​မှတ်​ပြီး ထိုဓားအကြီးကြီးနှင့်​ ကြက်​သွန်​နွှာ​တော့သည်​။

"အစ်​ကို နွှာရတာအဆင်​မ​ပြေဘူး အစ်​ကို"

မိမိအားတ​ကြော်​​ကြော်​​အော်​​ခေါ်လာသည်​မို့ ​ဆော့ဂျင်​လှည့်​ကြည့်​မိ​တော့ မြင်​လိုက်​ရတဲ့ မြင်​ကွင်း​ကြောင့်​ ​ဆော့ဂျင်​မှာ ငိုရခက်​၊ရယ်​ရခက်​။
ဓားအကြီးကြီးကို ပယ်​ပယ်​နှယ်​နှယ်​ ဆုပ်​ကိုင်​ပြီး အရပ်​ကြီကန်​လန်​ကလားနှင့်​ ကြက်​သွန်​နီလုံးအား အားမလိုအားမရ နွှာ​နေသည့်​ ဂျွန်း..။

ဒါ​ကြောင့်​ ​ဆော့ဂျင်​မရယ်​မိ​အောင်​ အတင်းထိန်းရင်း ကြက်​သွန်​နွှာသည့်​ ဓားအ​သေးအားယူပြီး ဂျွန်းလက်​ထဲမှ ဓားအကြီးကြီးအား ​ဘေးမှာချလိုက်​သည်​။
ထိုအခါမှ ဂျွန်းက သွားဖြဲပြသည်​။
ဓားအ​သေးအား ဂျွန်းလက်​ထဲထည့်​​ပေးလိုက်​ပြီး ကြက်​သား​ပေါင်းအိုးကို ပြန်​ပြီးအာရုံစိုက်​​နေလိုက်​သည်​။

ᴍᴏᴏɴ' ꜱ ᴍᴏᴏɴ ᴄʜɪʟᴅ🌙 {NamJin} Completed!!!Where stories live. Discover now