႐ွင္သန္ရာေမ်ွာ္လင့္ရင္ခြင္ဆီ Ep-25
Zawgyi
"ပါပါး၊ သားသားေလးတို႔က ဘယ္ကိုသြားမွာလဲဟင္"
"အရမ္းလွတဲ့ၿမိဳ႕ကိုသြားမွာ သားသားရဲ႕၊ သားသားေလး ဟိုကိုေရာက္ရင္ ေပ်ာ္သြားမွာ၊ ေတာင္ျမင့္ျမင့္ေတြနဲ႔၊ ေရတံခြန္ႀကီးေတြနဲ႔"
"ဖိုးဖိုးကိုလဲ ေခၚမယ္"
ကားေပၚကို ပစၥည္းေတြတင္ေနရင္း တံခါးဝအေပၚပိုင္းမွာ ရပ္ၾကည့္ေနသည့္ ဦးေ႐ွာင္ေဝထံ ေ႐ွာင္က်န္႔ လွမ္းၾကည့္မိသည္။ ဦးေ႐ွာင္ေဝက ခပ္ျဖည္းျဖည္းဆင္းလာကာ ဝမ္ရီက်န္႔ကိုယ္ေလးကို တယုတယ ေပြ႔ခ်ီလိုက္၏။
"ေျမးေလး"
ပါးခ်င္ကပ္လိုက္၊ နဖူးေလးကို ႏႈတ္ခမ္းနဲ႔ နမ္းလိုက္.....။ ေျမးအဖိုးကို ခဏပဲေငးမိသြားကာ ေ႐ွာင္က်န္႔ မ်က္ႏွာလႊဲလိုက္မိသည္။
"သားရဲ႕ အိတ္အညိဳေလး ႐ွိေသးတယ္ ဥိးခ်န္"
ဦးခ်န္ကိုပဲ ခိုင္းၿပီး ကားေပၚတက္ထိုင္လိုက္သည္။ ဦးေ႐ွာင္ေဝက ေျမးကို အထပ္ထပ္နမ္းၿပီးမွ ကားထဲ ထည့္ေပးသည္။
"သား၊ ဟိုမွာ က်န္းမာေရးကို ဂ႐ုစိုက္ေနာ္၊ ေကာင္းေကာင္းလဲ ေနေကာင္းတာမဟုတ္ဘဲနဲ႔"
ဦးေ႐ွာင္ေဝမ်က္ႏွာ ႏြမ္းလ်ညိဳေမွာင္ေန၏။ ကေလးမို႔ ဘာမွန္းညာမွန္းမသိဘဲ ခရီးသြားဖို႔ အားတက္သေရာ ျဖစ္ေနသည့္ မ်က္ႏွာေလးဆီ လွမ္းၾကည့္၍.....
"သား"
ငိုခ်င္တာကို အားတင္း၍ ငုတ္တုတ္ေတာင့္ေတာင့္ေလးထိုင္ေနသည့္ ေ႐ွာင္က်န္႔ နားနားမွာ မ်က္ႏွာငံု႔ကပ္ကာ.....
"ကေလးကို ေခ်ာ့ေခ်ာ့ေမာ့ေမာ့ ထားေနာ္၊ သူ႔Daddy အေၾကာင္းနဲ႔ တစ္ခုခု ကေလးက စကားမွားရင္ မျငဴစူမိေစနဲ႔၊ မ႐ိုက္နဲ႔၊ ဟိုမွာဆို သားက႐ိုက္ရင္ ေျပးကပ္စရာ ဘယ္သူမွအ႐ွိဘူး"
ဦးေ႐ွာင္ေဝ ငိုသံႀကီးပါလာေတာ့ ေ႐ွာင္က်န္႔မ်က္ဝန္းမွာ မ်က္ရည္ေတြ ျပည့္သိပ္႐ုန္းႂကြေနေလၿပီ။
ဒီဦေလးဟာ ေ႐ွာင္က်န္႔ ငယ္ငယ္ေလးကတည္းက ေခ်းေသးသုတ္သင္ေပးၿပီး ေကြၽးေမြးေစာင့္ေ႐ွာက္ခဲ့တာ သားေလးထိ ဝတၱရားမပ်က္ခဲ့႐ွာ။ သားအခ်စ္ ေျမးအႏွစ္ဆိုသလို ေ႐ွာင္က်န္႔ကို ခ်စ္တဲ့အခ်စ္ထက္ မေလ်ာ့ေသာ ေမတၱာမ်ားျဖင့္ သားေလးကို ခ်စ္ခဲ့တာပဲ ျဖစ္သည္။ ဒါေပမယ့္ ခုခ်ိန္မွာ နင့္ေနေအာင္နာသည့္ ႏွလံုးသားထက္ ေ႐ွာင္က်န္႔ ဘာကိုမွ ဂ႐ုမစိုက္ခ်င္ေတာ့ေပ။ ဒါ ထာဝရခြဲခြာသြားတာမွ မဟုတ္ဘဲ။ ေျမးအဖိုး၏ လြမ္းဆြတ္ျခင္းမ်ားကို ေ႐ွာင္က်န္႔ ဥေပကၡာျပဳထားရမွာပဲ ျဖစ္၏၊၊
"သား"
ေ႐ွာင္က်န္႔ မ်က္ႏွာေပၚက အေျပာင္းအလဲေတြကို ဦးေ႐ွာင္ေဝက နားလည္ပါသည္။ သူ နားလည္ေနတာေတြ အားလံုးကိုလည္း ေ႐ွာင္က်န္႔ နားလည္ေစခ်င္သည္။
"တစ္ခါတစ္ေလ ကိုယ့္ကိုကိုယ္ နားမလည္ၾကတာေတြ ႐ွိတယ္ ကေလးရဲ႕၊ စိတ္အလိုအတိုင္း ပါးစပ္က မပါမိေစနဲ႔၊ ေဝးခ်င္လို႔ သြားတာေတာ့ သြားပါ၊ သူ႔Daddyရဲ႕ အေၾကာင္း ေျမးေလးကို တစ္ဖဲ့တစ္ရြဲ႔ မေျပာလိုက္ပါနဲ႔၊ တကယ္လို႔ တစ္ခ်ိန္ခ်ိန္ဆိုတာမွာ သားနဲ႔သူ....."
ေ႐ွာင္က်န္႔ ဖ်တ္ခနဲ လွည့္လာ၏။ ပါးေပၚသို႔ မ်က္ရည္စတို႔ ေႂကြဆင္းလာျခင္းႏွင့္အတူ.....
"ဘယ္ေတာ့မွ ဒီလူကို မစဥ္းစားဘူး Uncle၊ သူကလဲ ကြၽန္ေတာ့္ကို သူမ်ားယူေတာ့မယ္ဆိုမွညအႏိုင္မခံ အ႐ႈံးမေပး ဝင္ဖက္တာ၊ သူ ယုတ္မာတာကို သိေနကာမွ ကြၽန္ေတာ္က ျပန္ဆက္ရေအာင္ အ႐ူးမွ မဟုတ္ဘဲ"
ဦးေ႐ွာင္ေဝက ကားတံခါးကိုကိုင္လ်က္ သက္ျပင္းခ်သည္။ ဦးခ်န္က ေနရာတက် ဝင္ထိုင္ၿပီးမွ မေမာင္းရဲေသးဘဲ ေစာင့္ေန၏။
"သားျဖစ္ခ်င္တာအားလံုး Uncle လိုက္ေလ်ာခဲ့တာေတြ ဘယ္ေတာ့အဆံုးသတ္မလဲဆိုတာ မသိဘူး၊ ဒါေပမယ့္ Uncleကေတာ့ အဆံုးမဲ့လိုက္ေလ်ာေနမွာပါ၊ သားေမြးထားတဲ့ သားရဲ႕ ရင္ေသြးေလးအတြက္ သူ ျဖစ္ခ်င္သမ်ွထဲက တစ္ခုတစ္ေလျဖစ္ျဖစ္ လိုက္ေလ်ာေပးႏိုင္ေအာင္သာ သား ႀကိဳးစား"
"Uncle၊ Uncleက ကြၽန္ေတာ့္ကို....."
"ဘာမွ Uncle အမိန္႔မေပးဘူး၊ ေျမးေလး စိတ္ဆင္းရဲ ကိုယ္ဆင္းရဲ မျဖစ္ေစခ်င္တာတစ္ခုပဲ"
Uncle ဒီအတိုင္းရပ္က်န္ခဲ့ေတာ့ "ဖိုးဖိုးေရ၊ တာ့တာ" ဟု ေအာ္၍ ဝမ္ရီက်န္႔က ကူ႐ွင္ကို ေနာက္ျပန္ဖက္ရင္း လက္ကေလး ျပသည္။
"ဟင္...ဖိုးဖိုးက လက္လဲ မျပဘူး"
ႏႈတ္ခမ္းေလးစူၿပီး ေဆာင့္ခနဲ ျပန္ထိုင္သည္။ ေ႐ွာင္က်န္႔ ႏွစ္သိမ့္စကားမဆိုႏိုင္ဘဲ မ်က္ရည္ကို ႀကိတ္မွတ္သုတ္ပစ္ရသည္။ သုတ္ပစ္ရင္း က်၏။ ဒီမ်က္ရည္ေတြက ေ႐ွာင္က်န္႔အတြက္ အျမဲတမ္း ဝတၱရားေက်ေနတဲ့ ပင္လယ္ကမ္းစပ္က ေရလႈိင္းမ်ားလို.....
"ပါပါး"
"ဟင္...သားသား"
"ပါပါးက ဖိုးဖိုးကို လြမ္းလို႔လားဟင္"
သားသားက သူ႔မ်က္ႏွာကို အတင္းဆြဲလွည့္ယူၿပီး ေမးေန၏။ သားကိုယ္ေလးကို တင္းက်ပ္စြာဖက္၍ ေခါင္းညိတ္ျပမိသည္။ ရင္ထဲမွာ နင့္ေနတာက Uncleကို ေနာက္ထပ္ ဥေပကၡာထားရဦးမွာမို႔.....
"ဦးခ်န္"
"ဟင္"
"ရၿပီ၊ ဦးခ်န္ ေနခဲ့ပါေတာ့"
"ဘာရယ္"
ဦးခ်န္ မ်က္လံုးျပဴးသြားသည္။ ၿပီးမွ လမ္းကို ကပ်ာကယာ ျပန္ၾကည့္၍ ဂ႐ုစိုက္ရင္း ဒီဘက္ျပန္လွည့္၏။
"သားက်န္႔"
"Uncleကို ေ႐ွာင္က်န္႔က ကားယူသြားတယ္လို႔ပဲ ေျပာလိုက္ပါ"
"ေနဦးေလ၊ အခု ေလဆိပ္ကို ေမာင္းပို႔ရမွာမဟုတ္ဘူးလား"
ေ႐ွာင္က်န္႔က သားေလးကို ဖက္ထားလ်က္ႏွင့္ ေခါင္းလာ၏။
"ဦးခ်န္၊ ဆင္းေနခဲ့ပါေတာ့၊ ကြၽန္ေတာ္တို႔သြားမယ့္ေနရာကို ဘယ္သူမွမသိေတာ့ ဘယ္သူမွ စိတ္မညစ္ရေတာ့ဘူးေလ"
"မဟုတ္တာ သားက်န္႔ရယ္၊ မင္း အဲဒီေလာက္ထိ"
"ဆင္းပါေတာ့"
ေ႐ွာင္က်န္႔ အားလံုးကို မ်က္ေျချဖတ္ခ်င္သည္။ သူ႔ကို မုန္းတီး၍ ေက်ာခိုင္းခ်င္စိတ္က ဘာကိုမွ မျမင္ေအာင္ လႊမ္းမိုးထားခဲ့ၿပီးေနာက္.....
"ပါပါး၊ သားသားေလး Coffeeေသာက္မယ္ေနာ္"
သားက သူ႔ဟာသူ ဓာတ္ဘူးဖြင့္ေနသျဖင့္ ေခါင္းညိတ္လိုက္မိသည္။ ေနမေကာင္းသျဖင့္ ေခါင္းထဲက မၾကည္။ ငိုခ်င္ေနတာကို ထိန္းခ်ဳပ္ရင္း ပို၍ အံုခဲေနခဲ့သည္။
"သားရယ္၊ ဘယ္အရာမဆို အဆံုးစြန္အထိျဖစ္သြားရင္ ျပန္လွည့္ရတာပဲ၊ မုန္းလြန္းရင္ ခ်စ္တတ္တယ္၊ စကားကို လက္လြတ္စပယ္ေတြ သိပ္မေျပာပါနဲ႔ကြယ္"
သူ႔ကိုမုန္းလိုက္တာဟု ေတြးမိတိုင္း Uncleေျပာခဲ့တာကို သတိရသည္။ ဟုတ္ပါသည္။ ေ႐ွာင္က်န္႔ သိပ္ခ်စ္ခဲ့သည္ပဲ။ ဒါေပမယ့္ အခု မုန္းေနသည္။ ဘယ္ေတာ့မွ ျပန္ခ်စ္ဖို႔မ႐ွိေတာ့တာ ကိုယ့္ဟာကိုယ္ ေသခ်ာေနၿပီးသား။
ကားကို ဂ႐ုတစိုက္ေမာင္းရင္း အေဝးေျပးလမ္းမႀကီးေပၚ ေရာက္လာတာကို သတိထားလိုက္မိ၏။ နာရီကို ငံု႔ၾကည့္လိုက္မိရင္း သက္ျပင္းခ်မိေလသည္။
Ep-26
Coming Soon
ခ်ိဳေတာ့မယ္ ဒန္...ဒန္႔...ဒန္
26ေတာင္ေရးထားၿပီးၿပီ အခ်ိဳဆံုးနဲ႔အ႐ွည္ဆံုးပါဆို
ပ်က္သြားတယ္ အီးဟီး
ေသခ်င္တယ္ အီးဟီး
ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-25
Unicode
"ပါပါး၊ သားသားလေးတို့က ဘယ်ကိုသွားမှာလဲဟင်"
"အရမ်းလှတဲ့မြို့ကိုသွားမှာ သားသားရဲ့၊ သားသားလေး ဟိုကိုရောက်ရင် ပျော်သွားမှာ၊ တောင်မြင့်မြင့်တွေနဲ့၊ ရေတံခွန်ကြီးတွေနဲ့"
"ဖိုးဖိုးကိုလဲ ခေါ်မယ်"
ကားပေါ်ကို ပစ္စည်းတွေတင်နေရင်း တံခါးဝအပေါ်ပိုင်းမှာ ရပ်ကြည့်နေသည့် ဦးရှောင်ဝေထံ ရှောင်ကျန့် လှမ်းကြည့်မိသည်။ ဦးရှောင်ဝေက ခပ်ဖြည်းဖြည်းဆင်းလာကာ ဝမ်ရီကျန့်ကိုယ်လေးကို တယုတယ ပွေ့ချီလိုက်၏။
"မြေးလေး"
ပါးချင်ကပ်လိုက်၊ နဖူးလေးကို နှုတ်ခမ်းနဲ့ နမ်းလိုက်.....။ မြေးအဖိုးကို ခဏပဲငေးမိသွားကာ ရှောင်ကျန့် မျက်နှာလွှဲလိုက်မိသည်။
"သားရဲ့ အိတ်အညိုလေး ရှိသေးတယ် ဥိးချန်"
ဦးခ်န္ကိုပဲ ခိုင်းပြီး ကားပေါ်တက်ထိုင်လိုက်သည်။ ဦးရှောင်ဝေက မြေးကို အထပ်ထပ်နမ်းပြီးမှ ကားထဲ ထည့်ပေးသည်။
"သား၊ ဟိုမွာ ကျန်းမာရေးကို ဂရုစိုက်နော်၊ ကောင်းကောင်းလဲ နေကောင်းတာမဟုတ်ဘဲနဲ့"
ဦးရှောင်ဝေမျက်နှာ နွမ်းလျညိုမှောင်နေ၏။ ကလေးမို့ ဘာမှန်းညာမှန်းမသိဘဲ ခရီးသွားဖို့ အားတက္သေရာ ဖြစ်နေသည့် မျက်နှာလေးဆီ လှမ်းကြည့်၍.....
"သား"
ငိုချင်တာကို အားတင်း၍ ငုတ်တုတ်တောင့်တောင့်လေးထိုင်နေသည့် ရှောင်ကျန့် နားနားမွာ မျက်နှာငုံ့ကပ်ကာ.....
"ကေလးကို ချော့ချော့မော့မော့ ထားနော်၊ သူ့Daddy အကြောင်းနဲ့ တစ္ခုခု ကေလးက စကားမှားရင် မငြူစူမိစေနဲ့၊ မရိုက်နဲ့၊ ဟိုမွာဆို သားကရိုက်ရင် ပြေးကပ်စရာ ဘယ်သူမှအရှိဘူး"
ဦးရှောင်ဝေ ငိုသံကြီးပါလာတော့ ရှောင်ကျန့်မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်သိပ်ရုန်းကြွနေလေပြီ။
ဒီဦလေးဟာ ရှောင်ကျန့် ငယ်ငယ်လေးကတည်းက ချေးသေးသုတ်သင်ပေးပြီး ကျွေးမွေးစောင့်ရှောက်ခဲ့တာ သားလေးထိ ဝတ္တရားမပျက်ခဲ့ရှာ။ သားအချစ် မြေးအနှစ်ဆိုသလို ရှောင်ကျန့်ကို ချစ်တဲ့အချစ်ထက် မလျော့သော မေတ္တာများဖြင့် သားလေးကို ချစ်ခဲ့တာပဲ ဖြစ်သည်။ ဒါပေမယ့် ခုချိန်မှာ နင့်နေအောင်နာသည့် နှလုံးသားထက် ရှောင်ကျန့် ဘာကိုမွ ဂရုမစိုက်ချင်တော့ပေ။ ဒါ ထာဝရခြဲခြာသြားတာမွ မဟုတ်ဘဲ။ မြေးအဖိုး၏ လွမ်းဆွတ်ခြင်းများကို ရှောင်ကျန့် ဥပေက္ခာပြုထားရမှာပဲ ဖြစ်၏၊၊
"သား"
ရှောင်ကျန့် မျက်နှာပေါ်က အပြောင်းအလဲတွေကို ဦးရှောင်ဝေက နားလည်ပါသည်။ သူ နားလည်နေတာတွေ အားလုံးကိုလည်း ရှောင်ကျန့် နားလည်စေချင်သည်။
"တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် နားမလည်ကြတာတွေ ရှိတယ် ကလေးရဲ့၊ စိတ်အလိုအတိုင်း ပါးစပ္က မပါမိစေနဲ့၊ ဝေးချင်လို့ သွားတာတော့ သြားပါ၊ သူ့Daddyရဲ့ အကြောင်း မြေးလေးကို တစ်ဖဲ့တစ်ရွဲ့ မပြောလိုက်ပါနဲ့၊ တကယ်လို့ တစ်ချိန်ချိန်ဆိုတာမှာ သားနဲ့သူ....."
ရှောင်ကျန့် ဖ်တ္ခနဲ လှည့်လာ၏။ ပါးပေါ်သို့ မျက်ရည်စတို့ ကြွေဆင်းလာခြင်းနှင့်အတူ.....
"ဘယ်တော့မှ ဒီလူကို မစဉ်းစားဘူး Uncle၊ သူကလဲ ကျွန်တော့်ကို သူများယူတော့မယ်ဆိုမှညအနိုင်မခံ အရှုံးမပေး ဝင်ဖက်တာ၊ သူ ယုတ်မာတာကို သိနေကာမှ ကျွန်တော်က ပြန်ဆက်ရအောင် အရူးမှ မဟုတ်ဘဲ"
ဦးရှောင်ဝေက ကားတံခါးကိုကိုင်လျက် သက်ပြင်းချသည်။ ဦးခ်န္က နေရာတကျ ဝင်ထိုင်ပြီးမှ မမောင်းရဲသေးဘဲ စောင့်နေ၏။
"သားဖြစ်ချင်တာအားလုံး Uncle လိုက်လျောခဲ့တာတွေ ဘယ်တော့အဆုံးသတ်မလဲဆိုတာ မသိဘူး၊ ဒါပေမယ့် Uncleကေတာ့ အဆုံးမဲ့လိုက်လျောနေမှာပါ၊ သားမွေးထားတဲ့ သားရဲ့ ရင်သွေးလေးအတွက် သူ ဖြစ်ချင်သမျှထဲက တစ်ခုတစ်လေဖြစ်ဖြစ် လိုက်လျောပေးနိုင်အောင်သာ သား ကြိုးစား"
"Uncle၊ Uncleက ကျွန်တော့်ကို....."
"ဘာမွ Uncle အမိန့်မပေးဘူး၊ မြေးလေး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ မဖြစ်စေချင်တာတစ်ခုပဲ"
Uncle ဒီအတိုင်းရပ်ကျန်ခဲ့တော့ "ဖိုးဖိုးရေ၊ တာ့တာ" ဟု အော်၍ ဝမ်ရီကျန့်က ကူရှင်ကို နောက်ပြန်ဖက်ရင်း လက္ကေလး ပြသည်။
"ဟင်...ဖိုးဖိုးက လက်လဲ မျပဘူး"
နှုတ်ခမ်းလေးစူပြီး ဆောင့်ခနဲ ပြန်ထိုင်သည်။ ရှောင်ကျန့် နှစ်သိမ့်စကားမဆိုနိုင်ဘဲ မျက်ရည်ကို ကြိတ်မှတ်သုတ်ပစ်ရသည်။ သုတ်ပစ်ရင်း က်၏။ ဒီမျက်ရည်တွေက ရှောင်ကျန့်အတွက် အမြဲတမ်း ဝတ္တရားကျေနေတဲ့ ပင်လယ်ကမ်းစပ်က ရေလှိုင်းများလို.....
"ပါပါး"
"ဟင်...သားသား"
"ပါပါးက ဖိုးဖိုးကို လွမ်းလို့လားဟင်"
သားသားက သူ့မျက်နှာကို အတင်းဆွဲလှည့်ယူပြီး မေးနေ၏။ သားကိုယ်လေးကို တင်းကျပ်စွာဖက်၍ ခေါင်းညိတ်ပြမိသည်။ ရင်ထဲမှာ နင့်နေတာက Uncleကို နောက်ထပ် ဥပေက္ခာထားရဦးမှာမို့.....
"ဦးချန်"
"ဟင်"
"ရပြီ၊ ဦးချန် နေခဲ့ပါတော့"
"ဘာရယ်"
ဦးချန် မျက်လုံးပြူးသွားသည်။ ပြီးမှ လမ်းကို ကပ်ာကယာ ပြန်ကြည့်၍ ဂရုစိုက်ရင်း ဒီဘက်ပြန်လှည့်၏။
"သားကျန့်"
"Uncleကို ရှောင်ကျန့်က ကားယူသွားတယ်လို့ပဲ ပြောလိုက်ပါ"
"နေဦးလေ၊ အခု လေဆိပ်ကို မောင်းပို့ရမှာမဟုတ်ဘူးလား"
ရှောင်ကျန့်က သားလေးကို ဖက်ထားလျက်နှင့် ခေါင်းလာ၏။
"ဦးချန်၊ ဆင်းနေခဲ့ပါတော့၊ ကျွန်တော်တို့သွားမယ့်နေရာကို ဘယ်သူမှမသိတော့ ဘယ္သူမွ စိတ်မညစ်ရတော့ဘူးလေ"
"မဟုတ္တာ သားကျန့်ရယ်၊ မင်း အဲဒီလောက်ထိ"
"ဆင်းပါတော့"
ရှောင်ကျန့် အားလုံးကို မျက်ခြေဖြတ်ချင်သည်။ သူ့ကို မုန်းတီး၍ ကျောခိုင်းချင်စိတ်က ဘာကိုမွ မမြင်အောင် လွှမ်းမိုးထားခဲ့ပြီးနောက်.....
"ပါပါး၊ သားသားလေး Coffeeသောက်မယ်နော်"
သားက သူ့ဟာသူ ဓာတ်ဘူးဖွင့်နေသဖြင့် ခေါင်းညိတ်လိုက်မိသည်။ နေမကောင်းသဖြင့် ခေါင်းထဲက မကြည်။ ငိုချင်နေတာကို ထိန်းချုပ်ရင်း ပို၍ အုံခဲနေခဲ့သည်။
"သားရယ်၊ ဘယ်အရာမဆို အဆုံးစွန်အထိဖြစ်သွားရင် ပြန်လှည့်ရတာပဲ၊ မုန်းလွန်းရင် ချစ်တတ်တယ်၊ စကားကို လက်လွတ်စပယ်တွေ သိပ်မပြောပါနဲ့ကွယ်"
သူ့ကိုမုန်းလိုက်တာဟု တွေးမိတိုင်း Uncleပြောခဲ့တာကို သတိရသည်။ ဟုတ်ပါသည်။ ရှောင်ကျန့် သိပ်ချစ်ခဲ့သည်ပဲ။ ဒါပေမယ့် အခု မုန်းနေသည်။ ဘယ်တော့မှ ပြန်ချစ်ဖို့မရှိတော့တာ ကိုယ့်ဟာကိုယ် သေချာနေပြီးသား။
ကားကို ဂရုတစိုက်မောင်းရင်း အဝေးပြေးလမ်းမကြီးပေါ် ရောက်လာတာကို သတိထားလိုက်မိ၏။ နာရီကို ငုံ့ကြည့်လိုက်မိရင်း သက်ပြင်းချမိလေသည်။
Ep-26
Coming Soon
ချိုတော့မယ် ဒန်...ဒန့်...ဒန်
26တောင်ရေးထားပြီးပြီ အချိုဆုံးနဲ့အရှည်ဆုံးပါဆို
ပျက်သွားတယ် အီးဟီး
သေချင်တယ် အီးဟီး