Silent Crying book(1) (Compl...
By Rockeain
265K 9.5K 345
ကျွန်တော့်ရဲ့ရှိုက်သံတွေကိုမုန်းတယ် အသံတိတ်နေခဲ့တဲ့ ရင်ခုန်သံကိုလည်းမုန်းတယ်..ခင်ဗျားကြီးကြောင့် ကျွန်တော့်ဘဝ... More
ep(1)💔
ep(2)💔
ep(3)💔
ep(4)💔
ep(5)💔
ep(6)💔
ep(7)💔
ep(8)💔
ep(9)💔
ep(10)💔
ep(11)💔
ep(12)💔
ep(13)💔
ep(14)💔🔞
ep(15)💔
ep(16)💔
ep(17)💔
ep(18)💔
ep(19)💔
ep(20)💔
ep(21)💔
ep(22)💔
ep(23)💔
ep(24)💔
ep(26)💔
ep(27)💔🔞
ep(28)💔
ep(29)💔
ep(30)💔
ep(31)🔞
ep(32)🔞
ep(33)💔
ep(34)💔
ep(35)💔
ep(36)💔
ep(37)🔞
ep(38)💔
ep(39)💔
ep(40)💔
ep(41)🔞
ep(42)💔
ep(43)💔
ep(44)💔
ep(45)💔
ep(46)💔
ep(47)💔
ep(48)final
extra 😁
book(2)par(1)
par(2)
par(3)
par(4)
par(5)
par(6)
par(7)
ep(25)💔
3.1K 157 1
By Rockeain
စစ်မဟာ လွန်းကိုအိမ်မှာထားခဲ့ပြီး ဝေယံနဲ့အတူအပြင်ထွက်သွားတော့တယ်..ဒီညလွန်းကို သူကောင်းကောင်းကြီးပညာပြအုံးမှာ....
ကလေးလို ဖြူစင်သူကလွန်း ဘာမှနားမလည်... စိတ်ဆင်းရဲစေချင်လို့သာ စစ်မဟာကို သူအနိုင်ယူတဲ့စကားပြောခဲ့တာ..
'ခုချိန်မှာသူက စစ်မဟာနဲ့လက်ထပ်ထားတာလေ.. စစ်မဟာကိုမုန်းပေမဲ့ ဘဝကိုပုံအပ်ထားမိပြီလေ..ဘာတွေကြောက်နေခဲ့တာပါလိမ့်..ဟုတ်တယ် ငါအဲ့ဒီနေ့က ညကို
လုံးဝမေ့မှာမဟုတ်ဘူး..ငါ့ရဲ့အရှက်သိက္ခာတွေ တန်ဖိုးမဲ့ခဲ့ရတဲ့နေ့ဖြစ်ခဲ့လို့ပဲ။'
'ငါမာမီဆီ သွားအုံးမှ သုတကဒီနေ့နေ့လည်
Flight နဲ့ သြစီမှာကျောင်းသွားတတ်တော့မှာ..အကိုဆိုတဲ့ငါက အနားမှာခဏတော့ရှိပေးသင့်တယ်လေ..နှစ်ရှည်လများစွာ ခွဲနေရမဲ့ညီဖြစ်သူကို အားပေးစကားအနည်းငယ်တော့ပြောသင့်တာမို့' လွန်းဆက်မအိပ်တော့ပဲ အိမ်ကိုထွက်လာခဲ့တော့တယ်။
ပိုင်မှူးကို နှိုင်းမခ နိုင်ငံခြားမှာဆေးကုသဖို့အတွက်ဖြောင်းဖျနေခဲ့ရတယ်။
ဦးခေါင်းအထူးကုနဲ့ပြသပေးနေပေမဲ့ ကျန်းမားရေးက ထူးခြားမလာ..ဒီတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ နိုင်ငံခြားမှာဆေးကုပေးဖို့ စီစဥ်ခဲ့တော့တယ်။
''သားငယ်..မနိုးသေးဘူးလား..ခုထိ
မာမီအားလုံးအဆင်သင့်ပြင်ထားပြီးပြီ..
သားအကိုကမာမီတို့ဆီထွက်လာပြီ..သားငယ်ကို လေဆိပ်လိုက်ပို့ပေးမလို့တဲ့..''
''မာမီ..သားဝမ်းနည်းတယ်..ပြီးတော့ဝမ်းလည်သာတယ်။''
''သားရယ်..မာမီတော့ သားငယ်ကိုလွမ်းရအုံးမှာပဲ..ဟောကြည့်..ပြောရင်းမျက်ရည်က လွယ်လာပြန်ပြီ ဒီကလေးကတော့လေ။''
''အဟင့်..အဟင့်..မာမီ သားမြန်မြန်ပြန်လာခဲ့မှာပါ.. မာမီနဲ့ဒယ်ဒီတို့ဆီမှာ သားချစ်ခြင်းမေတ္တာတွေအပြည့်အဝရရှိတဲ့အတွက်..သားအတွက်ပြည့်စုံနေပါပြီ။
မာမီနဲ့ဒယ်ဒီတို့ ကျန်းမားရေးဂရုစိုက်ကြနော်..သားစိတ်မချဘူး..''
သားမိနှစ်ယောက်  ရှိရာဆီ ရောက်လာသူကတော့ လွန်းပါ..''မာမီရေ..မာမီ..ဒယ်ဒီ..''
''အိမ်ထဲဝင်လာတာနဲ့ အသံကိုဆာနေတာပဲ
မာမီနဲ့ဒယ်ဒီတို့ ရှိပါတယ် သားကြီးရယ်။''
''ဟီးဟီး.. အကျင့်ပါနေပြီလေ အိမ်ထဲဝင်ရင်
အသံဗြဲကြီးနဲ့ ခေါ်လိုက်ရမှနေသားထိုင်သားကျတာ..မာမီ.နဲ့.ဒယ်ဒီ..''
''ကိုကိုလွန်းက အိမ်ထောင်ကျသွားတာတောင် ကလေးကုလားအကျင့်တွေ မပျောက်သေးဘူးကြည့် မာမီ..''
''သုတ..အကြီးကို ပြန်ပြီး ဆရာလုပ်နေတယ်ပေါ့..လာစမ်းကိုကို့ညီတောင်မှ သြစီသွားဖို့အသင့်ဖြစ်နေပြီပေါ့။''
''ကိုကို..ညီမရှိရင် မာမီနဲ့ဒယ်ဒီတို့ကို စောင့်ရှောက်ပေးထါးအုံး..ပြီးတော့ မကြာမကြာ
အိမ်အလည်လေး လာခဲ့..စိမ်းကားမနေနဲ့..
အကြီးဖြစ်ပြီး အငယ်ကပြန်ပြီးဆရာလုပ်ရင်အပြစ်ကတင်အုံးမယ်..''
''ဒီကောင်လေး တော်တော်စွာနေပါလား..
အပြစ်ပေးရမယ်..သုတ ဘာအကောင်ကြောက်လဲဆိုတာမေ့နေပုံပဲ။
ဟဲဟဲ..ကိုကိုဖမ်းပေးရမလား ညီ..''
''ကိုကိုနော်..အကြီးဖြစ်ပြီး အနိုင်မကျင့်နဲ့.
မာမီရေ ကိုကို သားကိုအနိုင်ကျင့်နေတယ်''
ဒေါ်မေထား ကော်ဖီသောက်နေတဲ့ဆီ ပတ်ပြေးနေတဲ့ သုတ..လွန်းကတော့ အိမ်မြောင်ကိုလက်ထဲကိုင်ပြီး သုတနောက်ပတ်လိုက်နေပါရော..
''ကိုကို..ကြောက်ပါတယ်ဆို..အဲ့ကောင်ကြီးခေါ်မလာနဲ့..''
''မရဘူး..ကိုကို့အစား ဒီကောင်ကြီးကို ညီနောက်ထည့်ပေးလိုက်မလို့ အဖော်ခေါ်သွားလေ..မကောင်းဘူးလား။''
''ဟာ..ကိုကိုကလည်း ပေါက်ပေါက်ရှာရှာဗျာ..ကြောက်တယ်..''
''ကဲ. ကဲ တော်ကြပါတော့ လွန်းနဲ့သုတ
မာမီ သားတို့ကိုကြည့်ရတာ ခေါင်းတွေပါမူးနောက်လာပြီ..ယူစရာရှိတာယူကြ..
မာမီ သားတို့ရဲ့ဒယ်ဒီကို သွားခေါ်လိုက်အုံးမယ်..ကားပေါ်ပစ္စည်းတွေတင်ထားနှင့်ကြ''
''ဟုတ်ကဲ့..မာမီ''
ဒေါ်မေထားအိမ်အပေါ်ထပ်ကို တက်သွားတော့မှ
လွန်း..
''ညီ..သုတ ဟိုကိုရောက်ရင် အစစအရာရာဂရုစိုက်နော် ညီ..စာသေချာကြိုးစားကြားလား..ညီ ဘွဲ့ယူပြီးရင် ကိုကိုညီ့အတွက်လက်ဆောင်ပြင်ပေးထါးမယ်။
ညီကြိုက်တာပြော ကိုကိုရအောင်ဝယ်ပေးမယ်..ဟုတ်ပြီလား..''
''ကိုကို..ညီ တခုလောက်မေးမလို့ ရလားဟင်။''
''ဘာမေးမလို့လဲ..ညီ မေးလေ..''
''ကိုကို..စိတ်မဆိုးရဘူးနော်. ညီကို အပြစ်လဲမတင်ရဘူး။''
''အင်းပါ..ဘာမို့လို့လည်း..ညီ''
''ကိုကိုနဲ့ ဟိုလူကြီးနဲ့ ညဘက်အတူတူအိပ်နေပြီလား..ဟင်။''
လွန်း..မျက်လုံးပြူးမိ.. ''ညီသုတ
ဘာတွေမေးမှန်းမသိဘူး..''
''ကိုကိုကလည်း ညီကသိချင်ရုံပါ''
''မအိပ်ဘူး..အခန်းခွဲအိပ်တာ..ယူတဲ့နေ့ကတည်းက ခုထိပဲ။''
''ဟမ်း..ဟုတ်လား..ဒါဆိုကိုကိုက original
လူပျိုလေးပေါ့..''
''သုတညီဘာတွေမေးနေတာလဲကွာ..
ကိုကိုစိတ်ဆိုးလာပြီနော်..''
''ဟီးဟီး.. ဟီး..ကိုကိုလွန်းရှက်သွားပုံကြီးက
ငရုတ်သီးမှည့်ထက် ပိုနီလာတဲ့ မျက်နှာကြီးနဲ့
ကိုကို ညီ့အတွက်လေ တူမလေးမဟုတ်ရင်
တူလေးတစ်ယောက်လောက် မွေးမပေးချင်ဘူးလား။''
''ဒီကောင်လေး ပြောလေကဲလေပါလား..''
''မွေးစရာလား..ငါကယောကျာ်းလေး မိန်းခလေးမဟုတ်ဘူးကွ..လိုချင်ရင် ကိုယ့်ဘာသာ မွေးပေါ့.''
''ကိုကိုမကြားဖူးဘူးလား..ယောကျာ်းလေးတွေလည်း ကိုယ်ဝန်ဆောင်လို့ရတယ်ဆိုတာလေ..''
''ပေါက်ကရတွေပါ..သုတ စကားကိုအကောင်းပြောစမ်းပါ..''
''အယ်..တကယ်ပြောနေတာ ကိုကိုက မယုံတာလား..ညီဖတ်ဖူးတဲ့ မဂ္ဂဇင်းထဲမှာ အဲ့လိုရေးထားတဲ့အကြောင်း ဖတ်ဖူးတယ်။''
''ကိုကိုမယုံရင် ကိုယ်တိုင် ကလေးမွေးကြည့်ရင်သိလိမ့်မယ်..ဟားဟား..''
''သုတ..''
''ကဲ..ဘာတွေအော်ကြောလန်နေကြတာလဲ
လေယာဥ်ချိန်မမှီပဲနေမယ် သားငယ် သားကြီး သွားကြရအောင်ကွယ်။''
''ကိုကျော်နိုင် မပြီးနိုင်မစီးနိုင်နဲ့ရှင်နဲ့လဲ တကတည်းမှပဲတော်..မြန်မြန်လာပါ..''
''လာပြီ.မိန်းမရေ..လာပြီ လာပြီ''
ကားလေးခြံထဲကထွက်လို့ လမ်းအချိုးလေး အကွေ့မှာပင် ကုန်တင်ကားကြီးတစ်စီးရှေ့တည့်တည့်မှ အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်လိုက်တာကြောင့် လွန်းတို့စီးလာတဲ့ကားလေး ခေါင်းပိုင်းကြေမွသွားပြီး လွန်းရဲ့ဘေးကဒေါ်မေထားပွဲချင်းပြီး ဆုံးခဲ့ရတယ်..
နောက်က ဦးကျော်နိုင်ကလဲ နှလုံးရောဂါသမားမို့ လန့်ပြီးသွေးတက်ကာ နေရာမှာပဲဆုံးခဲ့ရရှာပြီ.. သုတကတော့ ခေါင်းနဲ့ကိုယ်မှာ
သွေးသံရဲရဲဖြင့် စိုးရိမ်ရအခြေအနေနဲ့ ဆေးရုံအရေးပေါ်တင်ရပြီး လွန်းကတော့
သုတလိုပဲ စိုးရိမ်ရအခြေအနေအဖြစ်ပါပဲ။
စားသောက်ဆိုင်ထဲ ဘီယာသောက်နေတဲ့
စစ်မဟာဆီ ဖုန်းဝင်လာတဲ့အတွက် ဖုန်းကိုင်လိုက်ချိနိမှာတော့.
''ဘာ..ကားအက်ဆီဒင့်..ဟုတ်လား..
အေး..ငါအခုချက်ချင်းလာခဲ့မယ်..''
''အေး..ကောင်းပြီ..လိုအပ်တာတွေ စီစဥ်ပေးလိုက်ပါ..မေသူ ငါထွက်လာပြီ..''
''ဝေယံ လွန်းကားအက်ဆီဒင့်ဖြစ်လို့တဲ့ ငါသွားမှရမယ်.. မိသားစုအကုန်လုံးတဲ့..
ငါစိတ်ပူတယ်ကွာ..''
''အေးငါပါလိုက်ခဲ့မယ် မဟာ..''
''ဒါဆိုသွားကြမယ်လေ မြန်မြန်လုပ်''
mp Rockeain
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
Zawgyi