Unicode
ခင်ဗျားလေးတို့သိလား Ravn hyungက
လူကသာ ကြီးကောင်ကြီးမားနဲ့ သူငယ်
ပြန်နေတယ်ဆိုတာလေ
အရမ်းလဲ စိတ်မကောင်းဖြစ်လွယ်လွန်းတယ်
ဘာမဟုတ်တာလေးနဲ့လဲ စိတ်ဆိုးတတ်သေး
တယ် ပြီးရင် ချော့လဲမချော့ရပဲသူ့ဘာသာ
စိတ်ဆိုးပြေတယ်လေ မရယ်ရဘူးလား
အခုလဲ ကြည့် ကျွန်တော့်ကိုစိတ်ဆိုးနေတာ
တဲ့ စကားတခွန်းမှ မပြောဘူးလေ
အဲလိုစိတ်ဆိုးရလောက်အောင် အရမ်းကို
ကြီးမားလှတဲ့ အကြောင်းပြချက်က.......
"Woongie မနက်က ဘာလို့ hyungကို မစောင့် တာလဲ "
ရုံးခန်းထဲ ခြေစုံရောက်လာကတည်း
ပွစိပွစိလုပ်တော့ တာ ပဲ
မျက်နှာကစူပုတ်လို့ ငှက်စိတ်တိုလေးနဲ့တူတယ် လေ
"ဒီတိုင်း ဝင်စရာလေးရှိလို့ "
"hyungနဲ့သွားလို့ရတာပဲ မဟုတ်ဘူးလား"
"အာ...hyungကတကယ်ပွစိပွစိနိုင်တာပဲ"
"ဘာလို့ ဒီလိုပြောတာလဲ
hyungကို စိတ်ကုန်နေတာလား "
"တကယ် စိတ်ကုန်တယ် ပြန်အမ်းလို့ရရင်
ပြန်အမ်းပစ်ချင်တယ်"
ကျွန်တော်က ဘာရယ်မဟုတ်ဒီတိုင်း
ပြောမိလိုက်ပေမဲ့ hyungကတော့ ဘာမှ
ပြန်မပြောပဲ သူ့နေရာသူပြန်သွားတော့တာ
အခုထိ အကြည့်တချက်တောင်ရောက်မလာ
ပဲ ခေါင်းငိုက်စိုက်ပြီး ဘာတွေလုပ်နေမှန်းမသိဘူး
"ဒါ လက်မှတ်ထိုးရမှာ "
"အင်း ထားခဲ့"
ဒီတခါ စိတ်ဆိုးတာ နဲနဲကြာနေလွန်းတယ်
ဘာလို့ ကျွန်တော့်ကို တချက်တောင်မကြည့်
တာလဲ
"စိတ်ဆိုးနေတာလား ခုနက ဒီတိုင်းပြောမိတာ"
"မတရားဘူး မဟုတ်လား မင်းကတော့
လွယ်လွယ်လေးပြောနိုင်ပေမဲ့ ငါကတော့
မင်းစိတ်ပျက်သွားမှာ ကို ဘယ်လောက်တောင်ကြောက်နေမိလဲ"
မင်းတွေငါတွေနဲ့ပါ ပြောလာတော့ တကယ်
စိတ်ဆိုးနေတယ်ထင်တယ် ဒီတိုင်းလေ
လူပဲ စိတ်ရှုပ်တုန်းခဏ ပါးစပ်ထဲရှိရာ
ပြောမိတာကို အကုန်လိုက်မှတ်နေလို့ဖြစ်မလား
"ကျွန်တော်က ဒီတိုင်း...."
"စိတ်ဆိုးနေတာ မဟုတ်ဘူး ဘာလို့ လွယ်
လွယ်ပြောနိုင်ရတာလဲဆိုပြီး စိတ်မကောင်း
ဖြစ်မိတာ နားလည်လား"
hyungစကားကို ကျွန်တော် ခေါင်းညိတ်ပြ
မိတော့ ဘာမှထပ်မပြောတော့ပဲ ထထွက်သွားတဲ့hyung
ခြေလှမ်း သုံးလေးလှမ်းလောက် လှမ်းပြီး
မှ hyungက ကျွန်တော့်ဘက်ပြန်လှည့်
လာပြီး
"လွန်လွန်းတယ် မဟုတ်ဘူးလား "တဲ့
တယ် ဒီhyungနဲ့တော့ ဒုက္ခပဲ ဘာကို
ပြောချင်ပြန်တာလဲ
"ဟမ်..."
နားမလည်နိုင်စွာ အာမေဋိတ်အသံသာ
ထွက်မိတော့တယ်
"အနည်းဆုံးတော့ အမှားကိုသိပြီဆိုရင်
hyungထွက်သွားမလို့လုပ်နေတာကို hyungကို ဖက်ပြီး
မှားသွားပါတယ်လို့ ပြောသင့်တာမဟုတ်
ဘူးလား "
ရယ်ချင်တာကို မနည်းအောင့်အီးထားရတယ်
ဒီhyung dramaတွေရိုက်နေတာလား
"အဲလို မလုပ်ချင်ပါဘူး "
အမြဲ အဲလိုပဲ ဆိုတဲ့ပုံစံမျိုးနဲ့ hyungက
ကျွန်တော့်ကို မျက်မှောင် ကုပ်ပြတော့
ကျွန်တော်လဲမျက်နှာချိုသွေးကာ ပြန်
ပြုံးပြမိတယ်
"မပြုံးနဲ့ အဲလိုပြုံးရင် စိတ်ဆိုးနေတာ
တွေဘယ်ရောက်လို့ရောက်မှန်းမသိတော့
ဘူး "
"ဒါဆို စိတ်မဆိုးနဲ့တော့လေ "
hyungက ကျွန်တော့်ဆီပြန်လျောက်လာ
ပြီး ကျွန်တော်က hyungရဲ့ရင်ခွင်ကျယ်
ကြီးထဲ နွေးထွေးစွာဖက်ခံလိုက်ရတယ်
"hyungကတောင်းပန်ပါတယ် နောက်ဆို
ဘယ်လိုပဲဖြစ်ဖြစ် စိတ်ကုန်တယ်ဆိုတဲ့
စကားကိုမပြောပါနဲ့ "
တိုးဖွဖွပြောလာတဲ့ hyungရဲ့စကား
ကြောင့် hyungရဲ့ရင်ခွင်ထဲကရုန်းထွက်မိရင်း
"ကျွန်တော်မှားသွားပါတယ်"
ဆိုတဲ့စကားကိုမဝံ့မရဲဆိုမိတယ်
hyungက ပြုံးရင်း ကျွန်တော့်ဆံပင်တွေကို ဆွဲဖွတော့ ခေါင်းကို နောက်လှန်ရင်း ရှောင်လိုက်မိလိုက်တယ်
"ဆံပင်မဖွနဲ့ ပုံပျက်တယ် "
"အဆိုးလေး "
နှုတ်ခမ်းလေးကိုက်ကာ hyungက ကျွန်တော့်
ကိုဆူသလို ပြောလာတယ်လေ
"ဒီတိုင်း မျက်စိရှေ့မှာမြင်နေရတာတောင်
လွမ်းတယ် "
အခုနေများ hyungက ပိုတယ်လို့
သွားပြောကြည့် စိတ်ဆိုးသွားမဲ့ဖြစ်ခြင်း
ကျွန်တော်ကအဲလိုတွေမပြောတတ်လို့လား
မသိဘူး အဲလိုတွေကြားရင် တကယ်ကြ က်
သီး ထတယ်
ကိုယ့်အတွေး နဲ့ကိုယ်ဖြစ်နေတုန်း
ပါးပြင် ပေါ်နွေးခနဲ ခံစားလိုက်ရတော့ ကြောင် အ သွားမိတယ်
"အာ...လုပ်စရာရှိတာမေ့နေတာပဲ "
ဘာလဲဟ သူ့ဘာသာသူ ကျွန်တော့်ပါး
ကိုလာနမ်းပြီး ကျွန်တော်ကြောင်ကြည့်နေတော့ နားရွက်တွေပါနီလာတယ်လေ
ရှက်ရှက်နဲ့ လည်ပင်းကို လက်နဲ့ပွတ်ရင်း ထွက်ပြေးသွားတဲ့ hyungလေ
"ငါတောင် မရှက်လိုက်ရဘူး ဒီhyungကတော့ "
ပျာပျာသလဲထွက်သွားတဲ့ hyungကိုကြည့်
ရင်း ခေါင်းတခါခါနဲ့ရယ်လိုက်မိတယ်
......................................................................
တိုက်ခတ်နေတဲ့ လေအေးအေးက စိတ်ကို
လန်းဆန်းစေပြီး မြင်ကွင်းစိမ်းစိမ်းက
မျက်စိအေးစေတယ်
အက်ျီလက်ရှည်အဖြူကို ဝတ်ဆင်ထားရင်း
တလှမ်းချင်း ကျွန်တော့်ဆီရောက်လာတဲ့
hyung က ငေးမောရလောက်အောင်
ချောတယ်
တောင်ပံတွေထွက်လာတော့မလိုတောင်
ထင်ရလောက်အောင် ကြည့်ကောင်းလွန်း
တယ်
"မျက်စိကျိန်းလိုက်တာ"
"ဘာလို့လဲ နေပူနေလို့လား"
မျက်စိရှေ့လက်လေးကာ မိရင်းပြောမိတော့
စိုးရိမ်တကြီးနဲ့ပျာပျာသလဲမေးလာတဲ့
hyung
"မဟုတ်ဘူး hyungက ကြည့်ကောင်း
လွန်းနေလို့"
လက်မလေး ထောင်ပြရင်း ပြောမိတော့
ဘာပြောတယ်မှတ်လဲ
"ဒီလိုအများကြီး ကြားဖူးပေမဲ့ woongie
ဆီကကြားရတော့ တကယ်ပျော်တယ်"တဲ့
အဲဒါဘာလား များကြီးကြားဖူးတယ်ဆိုတာ
ထည့်ပြောသွားသေးတယ် အဲတာ သက်သက်
ကြွားတာ မဟုတ်ဘူးလား ကျွန်တော်ကျ
အဲလိုအပြောမခံရဖူးဘူးလေ
ချစ်ဖို့ကောင်းတယ် အရပ်ကပုတယ်နော်
အရပ်က မရှည်လာတော့ဘူးလား
အဲလိုစကားတွေတော့မကြားချင်မှအဆုံး
ကြားရတယ်
"ဒါလေး ခဏကိုင်ထားပေး အခင်း ခင်းပေး
မယ်"
ခေါင်း ညိတ်ပြမိရင်း hyungလက်ထဲက
ခြင်းလေးကိုလက်လွှဲယူလိုက်တော့
ဘာမဆိုင်ညာမဆိုင် ကျွန်တော့်ဆံပင်ကို
နမ်းသွားသေးတယ်
"ခေါင်းက အနံ့မရဘူး ဘာလို့ နမ်းတာတုန်း "
လက်နဲ့ကိုယ့်ခေါင်းကိုကိုယ်ပွတ်ပြီး
လက်ကိုပြန်နမ်းကြည့်မိတော့ hyungက
ကျွန်တော့်ကိုရယ်တယ်လေ
အနံ့မနံပါဘူး မွှေးသားပဲ့ကို
"ချစ်လို့နမ်းတာပါ အနံ့ရနေလို့နမ်းကြည့်တာ
မဟုတ်ဘူး တကယ့်အရူးလေးပဲ"
နောက်ဆုံးတော့လဲ ကျွန်တော်ပဲအရူးလေး
ဖြစ်သွားရပြန်တယ်
"ထိုင်လို့ရပြီ"
"ဒီထဲမှာဘာတွေပါလဲ "
အခင်းပိုင်းပေါ် တက်ထိုင်လိုက်ပြီး
ခြင်းလေးထဲ ဘာပါလဲ စပ်စုနေမိတယ်
"ဘာပါလဲ သိချင်လား "
ကျွန်တော်ခေါင်းတဆတ်ဆတ်ညိတ်ပြ
မိတော့ အဲဒီအရူးhyung ကဘာပြောတယ်
ထင်လဲ
လက်ညှိုးနဲ့လက်မလေးသုံးကာheartလေး
လုပ်ပြ ပြီး
"hyungရဲ့အချစ်တွေလေ"တဲ့
မကြီးမငယ်နဲ့ သူ့ကိုယ်သူ ဆယ်ကျော်သက်
လေးထင်လားမသိ ကလေးလိုအီစီကလီ
တွေလာလုပ်နေတာလေ
"အာ...နဲနဲလေးပြုံးပါ တကယ်ရှက်လာပြီ"
သူလုပ်ပြတာကို ကျွန်တော်က ကြောင်ကြည့်
နေတော့ အဲလိုထအော်တာလေ
ကျွန်တော့်hyungက တကယ်ချစ်စရာလေး
"အားနာပေမဲ့ ကျွန်တော်ရယ်မိတော့မယ်
ထင်တယ် hyungကအရမ်းချစ်ဖို့ကောင်း
တာပဲ"
ရယ်မိတော့မယ်လို့သာပြောပေမဲ့
တကယ်ကကျွန်တော်ရယ်မိနေပြီလေ
ကျွန်တော့်ကိုကြည့်ရင်း ပြုံးနေတဲ့hyung
ကြောင့် အရယ်ရပ်မိပြီး ကျွန်တော်ပါ
နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိတယ်
အရမ်းပျော်မိတယ်
ကိုယ်ချစ်တဲ့သူနဲ့အတူရှိနေရတဲ့
အခိုက်အတန့်က တကယ်လှပလွန်းတာပဲ
........................................................................
"ဒါ ကိုယ့်မေမေလုပ်ပေးလိုက်တာ "
"ဒါလဲ ကိုယ့်မေမေ လုပ်ပေးလိုက်တာ
အာ....အရသာရှိတယ်"
အာ...ဆိုပြီး ဟွမ်းနုံးဆီခွံ့ကျွေးတော့
အဲဒီကလေးက သူ့လက်တွေကိုထောင်ပြ
တယ်လေ
သူ့လက်တွေအကောင်းကြီးရှိသေးတယ်ပေါ့
လေ
"အင်း အရသာ ရှိတယ်"
ကျွန်တော်ခွံ့တာကိုမစားပဲ သူဘာသာသူ
ယူစားလိုက်တာမို့ ဝမ်းနည်းစွာနဲ့ပဲ
ကိုယ့်လက်ကိုယ်ပြန်ရုတ်ရင်း ကိုယ့်ပါးစပ်
ထဲပဲထည့်လိုက်ရတယ်
"အရသာ ရှိတယ် "
လက်မလေးထောင်ပြပြီး ပြုံးပြလာပြန်
တော့လဲ စိတ်မကောင်းဖြစ်မိတာလေး
ကကြ က်ပျောက်ငှက်ပျောက်ဖြစ်ပြီး သူ့ပြုံး
တိုင်းလိုက်ပြုံးနေမိတာ
"ဒါက hyung လုပ်ထားတာ အရသာရှိပါ့
မလားတော့ မသိပေမဲ့ ချစ်ဖို့ကောင်းတယ်
မလား"
အရသာရှိမရှိ မသေချာတဲ့ အခြေနေမို့
သေချာအချိန်ယူပုံဖော်လာတဲ့ ပုံလေး
ကို ပြရင်း အမှတ်ယူနေမိတယ်
"ဘယ်လိုလဲ အရသာအရမ်းဆိုးနေလား"
ကျွန်တော် လုပ်လာတာကို ယူစားလိုက်ပြီး
အချိန်တော်တော်ကြာ အရသာခံနေတာမို့
စိတ်လှုပ်ရှားစွာ အဖြေကိုစောင့်နေမိတယ်
"ကျွန်တော် hyungကိုမြန်မြန်လက်ထပ်မှ
ဖြစ်မယ်ထင်တယ်"
"ဟင် "
ရုတ်တရက်ကြီး ပြောလာတဲ့စကားကြောင့်
နားမလည်စွာဟင် ခနဲဖြစ်သွားမိတယ်
"ဒီလောက်အရသာရှိတဲ့ လက်ရာကို
လက်လွှတ်လို့မဖြစ်ဘူးလေ "
"အာ...တကယ်အရသာရှိတာလား "
"တကယ်ပါဆို"
တကယ် အရမ်းကိုပျော်သွားမိတယ်
သူ့ဆီက ချီးကျူးခံရတာ တကယ်ကြည်နူး
ရတယ်
အလျင်မြန်ကျွန်တော် ယူစားကြည့်လိုက်မိတယ်
"အရသာ ရှိတယ်မဟုတ်လား"
စားလိုက်မိတဲ့အချိန် ကြည်နူးနေရတဲ့စိတ်
လေးက ဖန်ခွက်ကျကွဲသလို ခွက်ခနဲ
ကြေ ကွဲသွားရတာ
ငန်လိုက်တာ ဆိုတာ...
တကယ်ပဲ ဘယ်လိုတောင် စိတ်ပျက်အောင်
လုပ်မိပြန်တာလဲ
"ဒါလေးတောင် သေချာ မလုပ်နိုင်ဘူး"
ကိုယ့်ဘာသာကိုယ်စိတ်ပျက်စွာ ခပ်တိုးတိုး
ရေရွတ်မိတော့ လက်သေးသေးလေး
တစုံက ကျွန်တော့်လက်ကိုဆုပ်ကိုင်လာတယ်
"ဘာဖြစ်တာလဲ hyungက ဒါတွေလုပ်
ဖူးတာမှမဟုတ်တာ အဲလိုဖြစ်နိုင်တာပဲလေ "
"ဒါပေမဲ့ လဲ...."
"hyungကျွန်တော်တော့hyungလုပ်ပေး
တဲ့ပထမဆုံးလက်ရာကိုလုံးဝမှတ်မိနေမှာ
ရှယ်ငန်လို့လေ အရသာရှိနေရင်တောင်အမှတ်ရချင်မှအမှတ်ရမှာ "
ကျွန်တော့်စကားကို အသေးလေးက
ဖြတ်ပြောလာတယ်လေ ကျွန်တော့်ကို
စိတ်မကောင်းမဖြစ်စေချင်လို့ ပြောလာတဲ့
အသေးလေးက ဘယ်လောက်တောင်ချစ်စရာကောင်းလိုက်သလဲ
"hyungက မင်းကိုဘယ်လောက်ထိချစ်
လဲဆိုတာ ဘယ်လိုပြောပြရမလဲမသိတော့
ဘူး "
"ကျွန်တော်သိပါတယ် hyungကအချစ်ရူး
လေးဆိုတာ ကိုလေ"
ကျွန်တော့်ကို လျှာ ထုတ်ပြောင်ပြပြီး
ပြောလာတဲ့အသေးလေးလေ
တဆိတ်လောက် ဒီအသေးလေး အရမ်း
ချစ်ဖို့ကောင်းလွန်းနေတာ လွန်လွန်းတယ်
မဟုတ်လား
"ချစ်တယ် "
ကျွန်တော်က ရုတ်တရက်ပြောလိုက်မိတော့
ဘာဖြစ်တာလဲဆိုတဲ့သဘောနဲ့ မျက်ခုံးလေး
ပင့်ပြီး ကြည့်လာတယ်လေ
ပြီးမှ ဟုတ်ပါပြီ ဆိုတဲ့ပုံစံနဲ့ခေါင်းလေး
ညိတ်ပြသေးတယ်
သူ့အမူအရာတခုချင်းစီက ကျွန်တော့်အတွက်.အရမ်းကိုအူယားစရာကောင်းလွန်း
နေတာ ဘယ်လိုလုပ်ရမလဲ
"ချစ်ဖို့ကောင်းနေတာလေး နဲနဲလောက်
လျော့ပေးလို့မရဘူးလား အူယားလွန်းလို့
သေတော့မယ်"
"အာ... hyungကလဲ ကျွန်တော်ဘာလုပ်နေလို့လဲ"
အပုလေးရှက်သွားတယ်ထင်တယ်
ခေါင်းကြီးငုံ့ပြီး စားစာရာတွေပါးစပ်ထဲ
အကုန်ထိုးထည့်နေတော့တာ
ကျွန်တော်က တော့ သူ့ကိုကြည့်ရင်း
ဘာမှမစားလဲ ဗိုက်ဝနေတော့တာလေ
..........................................
နှစ်ယောက်အတူတူရှိနေပေမဲ့
အသေးလေးက ကျွန်တော့်ကို
စိတ်မဝင်စားဘူး အမြဲပစ်ထားတယ်လေ
ခုနကလဲ ဘယ်ကရောက်လာမှန်းမသိတဲ့
ခွေးလေးနဲ့ဆော့နေပြီး အခုလဲ တငေး
တမော နဲ့ကို လိုက်ကြည့်နေရှာတာ.
ဘယ်သူ့ကိုလဲဆိုတော့ ခပ်လှမ်းလှမ်းမှာ
ဆော့နေတဲ့ကလေးလေးကို
ကျွန်တော်ကတော့ ဘေးမှာ ထိုင်နေပေမဲ့
ကလေးနဲ့ခွေးလောက်တောင်အာရုံစိုက်မခံ
ရဘူးလေ
"ဘာလို့ အဲကလေးကိုပဲ ကြည့်နေတာလဲ"
"ချစ်စရာလေးလေ သိလားhyung
ကလေးလေးတွေတခုခုကို စိတ်ဝင်တစား
ကြည့်နေရင် အရမ်းချစ်စရာကောင်းတာ "
အဲကလေးကိုပဲသူမြင်တယ်
သူ့ကို အရိပ်တကြည်ကြည့် ကြည့်နေတဲ့
ကျွန်တော့်ကိုကျမမြင်ဘူးလေ
"Woongieက ကလေးချစ်တယ်လား "
"အင်း ချစ်တာပေါ့"
ပါးစပ်ကသာလွှတ်ခနဲဖြေလာပေမဲ့
ကျွန်တော့်ကိုတော့ လုံးဝမကြည့်လာဘူးလေ
"ခွေးလေးတွေရော ချစ်လား"
"အင်း ချစ်တယ် "
" hyungကိုရော ချစ်လား"
"ချစ်တယ်လေ "
"hyungလဲ တကယ်အများကြီး ချစ်တာ "
သူ့ဘာသာသူတောင် သတိမထားမိပဲ
လွှတ်ခနဲပြောမိသွားတယ်ထင်တယ်
ပြီးမှ ကျွန်တော့်ကို အူကြောင်ကြောင်လေး
ပြန်ကြည့်လာတယ်လေ
"ဒီhyung ကတော့လေ "
မနိုင်ဘူး ဆိုတဲ့သဘောနဲ့ ကျွန်တော့်ကိုကြည့်ရင်း ခေါင်းတခါခါလုပ်နေတော့တာ
အဲကလေးကတကယ့်ကပ်စီးကုပ်လေးလေ
ကျွန်တော်ကသာ ချစ်တယ် တဖွဖွပြောပေမဲ့
သူ့ဆီက ပြန်ကြားရတာ ရှားတယ်
ကျွန်တော့် ကို အပြစ်တင်ချင်နေတဲ့
သူ့ကို ဘာမှပြန်မပြောမိပဲ သူ့ပါးပြင်လေး
ကိုအုပ်ကိုင်မိလိုက်တယ်
ကျွန်တော့်လုပ်ရပ်ကြောင့် ပြူးကြောင်
သွားတဲ့ သူ့မျက်ဝန်းလေးကြောင့် ပို အူယား
မိတယ်
သူ့ဆီပိုတိုးကပ်သွားမိတဲ့အခါ သူ့လက်
သေးသေးလေးတွေက ကျွန်တော့်ရင်ဘက်
ဆီတွန်းကပ်လာပေမဲ့ ကျွန်တော်နောက်မဆုတ်ချင်ဘူး
သူ့နှုတ်ခမ်းရဲရဲလေးကို ဘယ်လိုငြင်းဆန်
နိုင်မှာလဲ နူးညံ့တဲ့ နှုတ်ခမ်းလေးဆီ
အနမ်းတို့ ခြွေမိတယ်
သူရုန်းမရတော့ မျက်လုံးစုံမှိတ်ပြီး
ကျွန်တော့်အက်ျီစကို စုပ်ကိုင်လာတဲ့
လက်သေးသေးလေးတွေက ပိုအူယားစေ
တယ်
ပြန်မလွှတ်ချင်အောင် စွဲမက်စရာကောင်း
တဲ့ နှုတ်ခမ်းတွေပေမဲ့ နူးနူးညံ့ညံ့လေးသာ နမ်းပြီးပြန်လွှတ်ပေးလိုက်ရတယ်
ဘာလို့ဆိုတော့ ကျွန်တော်ဒီကျားပေါက်
လေးကို ကြောက်တယ်လေ
ကျွန်တော့်အပေါ် တမျိုးမြင်မှာလဲ ကြောက်
တယ်
ချစ်တယ် ဆိုတာတောင် ပြောရခက်ခဲတဲ့
သူ့အတွက် နမ်းတာက ပိုခက်ခဲနေမှာ
"စိတ်ဆိုး သွားလား "
ကျွန်တော့်ဆီက အနမ်းခံရပြီးကတည်းက
အချိန်အတော်ကြာထိ ဘာစကားမှ မပြော
တော့တာမို့ စိတ်ပူပြီး မေးမိတယ်
"စိတ်ဆိုးတာ မဟုတ်ဘူး ရုတ်တရက်ကြီး
ဘာလို့ထနမ်းတာလဲ...အာ..ဒီhyung က
တကယ်အရှက်လဲမရှိဘူး "
ကျွန်တော့်အသေးလေးက ကျွန်တော့်ကို
စိတ်ဆိုးနေတာ မဟုတ်ပဲ ရှက်နေတာကိုး
နားရွက်လေးတွေပါ နီရဲလို့
တကယ်ကိုက်ပစ်ချင်စရာလေး
"ရှက်ရင် hyungရင်ခွင်ထဲ ဝင်ပုန်းလိုက်လေ"
လက်လေးဆန့်ရင်း ရင်ခွင်ထဲဝင်လာဖို့
ခေါ်တော့ ပြန်ဖြေတာက
အရမ်းပြတ်သားတာ
"မလုပ်ချင်ဘူး "တဲ့လေ
"ဒါဆို hyungက ရှက်နေလို့ ဖက်ထား
ပါရစေ "
ပြောပြီး အသေးလေးကို ရင်ခွင်ထဲ ဆွဲ
သွင်းပြီးတင်းနေအောင်ဖက်ထားလိုက်တယ်
ညနေစောင်းချိန်အထိ ဟိုဟိုဒီဒီစကားတွေ
ပြောဖြစ်ကြတယ်
ကျွန်တော်က တော့ 'အရှက်မရှိဘူး' ဆိုတဲ့
စကားခဏခဏအပြောခံရတယ်လေ
တကယ် ကျွန်တော်ဘာမှလုပ်တာမဟုတ်ဘူး
ချစ်တယ်လို့ပြောမိတာလေးရယ်
လစ်ရင်လစ်သလိုပါးလေးခိုးနမ်းမိတာပဲရှိတာကို
"ကျွန်တော် ဘာတွေများလုပ်ခဲ့လို့
အဲလောက်အချစ်ခံရတာလဲမသိဘူး အရမ်းကံကောင်းလွန်းလို့ စိတ်ကြီးတောင် ဝင်မိတယ် "
အသေးလေးကအဲလိုပြောတော့ ကျွန်တော်
သူ့ဆံပင်လေးကိုဆွဲဖွရင်းပြုံးလိုက်မိတယ်
ကျွန်တော်လဲ အရမ်းကံကောင်းတယ်လို့
တွေးမိလို့လေ
ကိုယ်ချစ်တဲ့သူက ကိုယ့်ဘေးမှာရှိနေပြီး
သူ့ကို ချစ်နေနိုင်တာအရမ်းကိုကံကောင်း
လွန်းတယ်မဟုတ်လား
"hyungက ပိုကံကောင်းတယ်လို့ထင်တယ်"
ကျွန်တော့် စကားကို တုံ့ပြန်စကားမဆိုပဲ
ပုခုံးပေါ် ခေါင်းလေးမှီလာတဲ့အသေးလေးကြောင့် နှစ်ခြိုက်စွာပြုံးမိရင်း ဆံနွယ်လေးတွေကို နမ်းရှိုက်မိတယ်
လက်သေးသေးလေးတွေကို တင်းတင်းဆုပ်
ကိုင်ထားမိရင်း အကြောင်းပြချက်မရှိ ပြုံး
နေမိတယ်
တကယ် ဒီလူသားလေး ကို
ချစ်လွန်းလို့ ရူးသွားနိုင်တယ် ထင်တယ်
Zawgyi
ပြန်နေတယ်ဆိုတာလေ
"ဘာလို့ ဒီလိုပြောတာလဲ
ပြန်အမ်းပစ်ချင်တယ်"
"ဒါ လက်မှတ်ထိုးရမှာ "
"အင်း ထားခဲ့"
တာလဲ
"ကျွန်တော်က ဒီတိုင်း...."
ဖြစ်မိတာ နားလည်လား"
လာပြီး
ပြောချင်ပြန်တာလဲ
"ဟမ်..."
ထွက်မိတော့တယ်
ဘူးလား "
"အဲလို မလုပ်ချင်ပါဘူး "
ပြုံးပြမိတယ်
ဘူး "
hyungက ကျွန်တော့်ဆီပြန်လှေြာကျလာ
စကားကိုမပြောပါနဲ့ "
"အဆိုးလေး "
လွမ်းတယ် "
သီး ထတယ်
......................................................................
မျက်စိအေးစေတယ်
ချောတယ်
တယ်
"မျက်စိကျိန်းလိုက်တာ"
hyung
လွန်းနေလို့"
ဘာပြောတယ်မှတ်လဲ
ကြားရတယ်
မယ်"
နမ်းသွားသေးတယ်
ဖြစ်သွားရပြန်တယ်
"ထိုင်လို့ရပြီ"
"ဒီထဲမှာဘာတွေပါလဲ "
"ဘာပါလဲ သိချင်လား "
ထင်လဲ
လုပ်ပြ ပြီး
တွေလာလုပ်နေတာလေ
တာပဲ"
အရမ်းပျော်မိတယ်
........................................................................
အာ....အရသာရှိတယ်"
တယ်လေ
လေ
"အင်း အရသာ ရှိတယ်"
ထဲပဲထည့်လိုက်ရတယ်
"အရသာ ရှိတယ် "
မလား"
ဖြစ်မယ်ထင်တယ်"
"ဟင် "
"အာ...တကယ်အရသာရှိတာလား "
"တကယ်ပါဆို"
ရတယ်
"အရသာ ရှိတယ်မဟုတ်လား"
ကြေ ကွဲသွားရတာ
ငန်လိုက်တာ ဆိုတာ...
လုပ်မိပြန်တာလဲ
"ဒါပေမဲ့ လဲ...."
ဘူး "
လေးဆိုတာ ကိုလေ"
ပြောလာတဲ့အသေးလေးလေ
မဟုတ်လား
"ချစ်တယ် "
ညိတ်ပြသေးတယ်
နေတာ ဘယ်လိုလုပ်ရမလဲ
သေတော့မယ်"
..........................................
ဆော့နေတဲ့ကလေးလေးကို
ရဘူးလေ
"အင်း ချစ်တာပေါ့"
"အင်း ချစ်တယ် "
" hyungကိုရော ချစ်လား"
"ချစ်တယ်လေ "
ပြန်ကြည့်လာတယ်လေ
"ဒီhyung ကတော့လေ "
မိတယ်
အနမ်းတို့ ခြွေမိတယ်
တယ်
လေးကို ကြောက်တယ်လေ
တယ်
"စိတ်ဆိုး သွားလား "
တကယ်အရှက်လဲမရှိဘူး "
ခေါ်တော့ ပြန်ဖြေတာက
အရမ်းပြတ်သားတာ
"မလုပ်ချင်ဘူး "တဲ့လေ
ပါရစေ "
ပြောဖြစ်ကြတယ်
တွေးမိလို့လေ
လွန်းတယ်မဟုတ်လား
နေမိတယ်
တကယ် ဒီလူသားလေး ကို