Baby's Breath

57 4 23
                                    

Unicode

ခင်ဗျားလေးတို့သိလား Ravn hyungက
လူကသာ ကြီးကောင်ကြီးမားနဲ့ သူငယ်
ပြန်နေတယ်ဆိုတာလေ

အရမ်းလဲ စိတ်မကောင်းဖြစ်လွယ်လွန်းတယ်
ဘာမဟုတ်တာလေးနဲ့လဲ စိတ်ဆိုးတတ်သေး
တယ် ပြီးရင် ချော့လဲမချော့ရပဲသူ့ဘာသာ
စိတ်ဆိုးပြေတယ်လေ မရယ်ရဘူးလား

အခုလဲ ကြည့် ကျွန်တော့်ကိုစိတ်ဆိုးနေတာ
တဲ့ စကားတခွန်းမှ မပြောဘူးလေ

အဲလိုစိတ်ဆိုးရလောက်အောင် အရမ်းကို
ကြီးမားလှတဲ့ အကြောင်းပြချက်က.......

"Woongie မနက်က ဘာလို့  hyungကို မစောင့် တာလဲ  "

ရုံးခန်းထဲ ခြေစုံရောက်လာကတည်း
ပွစိပွစိလုပ်တော့ တာ ပဲ
မျက်နှာကစူပုတ်လို့ ငှက်စိတ်တိုလေးနဲ့တူတယ် လေ

"ဒီတိုင်း ဝင်စရာလေးရှိလို့ "

"hyungနဲ့သွားလို့ရတာပဲ မဟုတ်ဘူးလား"

"အာ...hyungကတကယ်ပွစိပွစိနိုင်တာပဲ"

"ဘာလို့ ဒီလိုပြောတာလဲ
hyungကို စိတ်ကုန်နေတာလား "

"တကယ် စိတ်ကုန်တယ် ပြန်အမ်းလို့ရရင်
ပြန်အမ်းပစ်ချင်တယ်"

ကျွန်တော်က ဘာရယ်မဟုတ်ဒီတိုင်း
ပြောမိလိုက်ပေမဲ့ hyungကတော့ ဘာမှ
ပြန်မပြောပဲ သူ့နေရာသူပြန်သွားတော့တာ

အခုထိ အကြည့်တချက်တောင်ရောက်မလာ
ပဲ ခေါင်းငိုက်စိုက်ပြီး ဘာတွေလုပ်နေမှန်းမသိဘူး

"ဒါ လက်မှတ်ထိုးရမှာ "

"အင်း ထားခဲ့"

ဒီတခါ စိတ်ဆိုးတာ နဲနဲကြာနေလွန်းတယ်
ဘာလို့ ကျွန်တော့်ကို တချက်တောင်မကြည့်
တာလဲ

"စိတ်ဆိုးနေတာလား ခုနက ဒီတိုင်းပြောမိတာ"

"မတရားဘူး မဟုတ်လား မင်းကတော့
လွယ်လွယ်လေးပြောနိုင်ပေမဲ့ ငါကတော့
မင်းစိတ်ပျက်သွားမှာ ကို ဘယ်လောက်တောင်ကြောက်နေမိလဲ"

မင်းတွေငါတွေနဲ့ပါ ပြောလာတော့ တကယ်
စိတ်ဆိုးနေတယ်ထင်တယ် ဒီတိုင်းလေ
လူပဲ စိတ်ရှုပ်တုန်းခဏ ပါးစပ်ထဲရှိရာ
ပြောမိတာကို အကုန်လိုက်မှတ်နေလို့ဖြစ်မလား

Baby's breath حيث تعيش القصص. اكتشف الآن