႐ွင္သန္ရာေမ်ွာ္လင့္ရင္ခြင္ဆီ Ep-19
Zawgyi
အနက္ေရာင္ကားေလးေ႐ွ႕မွာ ခပ္ေစာင္းေစာင္း ပိတ္ရပ္ပစ္လိုက္သည္။ ရီေပၚ ကားေပၚက ဆင္းေတာ့ ေျခေထာက္ေတြက မခိုင္ခ်င္။ တံခါးကိုဆုတ္ထားၿပီး ထိန္းသည္။ လက္ေနာက္ျပန္ပိတ္ရင္း ေက်ာက ကပ္ပါသြားကာ ကားကိုမွီရပ္လိုက္သလို ျဖစ္သြား၏။
မ်က္လံုးထဲမွာ ရီေဝေဝျဖစ္ေနသည္။ ေသာက္လာခဲ့မိတာ မွားၿပီဆိုတာ ကိုယ့္ကိုကိုယ္ သိလိုက္၏။ ဒါေပမယ့္ ျပန္ေထြးထုတ္ၿပီး ပလုတ္က်င္းပစ္လို႔ ရႏိုင္တာမဟုတ္။
ကားနက္ေလးေဘးမွာ နံ႔သာေရာင္ႏွင့္ ႏြဲ႔ႏြဲ႔ေလးရပ္ေနေသာ အရိပ္ကေလးက သူ႔အာရံုထဲမွာ ဟိုဘက္ယိမ္း ဒီဘက္ယိမ္းႏွင့္ အနားေရာက္လာသလိုလို၊ ေနာက္ျပန္ဆုတ္သြားသလိုလို။
ေ႐ွာင္က်န္႔.....။ ေန႔စဥ္ သူ လာေစာင့္တာ ေ႐ွာင္က်န္႔က မလာ။ ဒီKGေက်ာင္းမွာ အပ္ထားမွန္းသိလ်က္ႏွင့္ သူလာတိုင္းဝင္လည္းမေတြ႔။ ထြက္တာလည္း သားေလးမပါ။ ေသခ်ာတာက သူေစာင့္ေနတာသိ၍ ကေလးကို ေက်ာင္းမပို႔ဘဲ ထားျခင္းပင္။ သူကေတာ့ ေန႔စဥ္မပ်က္မကြက္ လာတာပဲျဖစ္၏။
ဒီေန႔ တကယ္ဆံုလိုက္ရေတာ့ ရီေပၚ မူးေနပါၿပီ။ ဘာပဲျဖစ္ျဖစ္ ေ႐ွာင္က်န္႔ႏွင့္ ျပန္လည္ဆံုေတြ႔ခဲ့ၿပီးေသာ ေနာက္ပိုင္းမွာ သူ႔ဘက္က ကံေကာင္းခဲ့တာမ႐ွိပါလား။
မူးေဝေနတာကို မေက်နပ္ဘဲ ေခါင္းကို ဆတ္ခနဲ ခါထုတ္ပစ္လိုက္မိသည္။ ေ႐ွာင္က်န္႔ကို ေတြ႔တဲ့ေနက်မွ သူ မူးေအာင္ေသာက္ခဲ့မိသည္။ ဒါေပမယ့္ ေျခလွမ္းတို႔က ေနာက္ဆုတ္ဖို႔ ပါမစ္မရသလို ေ႐ွာင္က်န္႔႐ွိရာသို႔သာ ဦးတည္ေလသည္။
ေ႐ွာင္က်န္႔က ရီေပၚကိုျမင္လိုက္သည္ႏွင့္ ကားကို မွီေနရာကေန ခ်က္ခ်င္း မတ္တပ္ရပ္၏။ လက္သီးႏွစ္ဖက္ကိုလည္း ဆုပ္သည္။ ပင့္သက္႐ႈိက္၍ ႏႈတ္ခမ္းလႊာေလးကို မသိမသာ ဖိကိုက္ထား၏။
ဒီေန႔ေတာ့ တျခားကားႏွင့္ပို႔ၿပီး သူကိုယ္တိုင္ လာေစာင့္ေနတာျဖစ္၏။
ထင္တဲ့အတိုင္းပဲ။ သူသာ မလာခဲ့လ်ွင္ သားေလးကို သူ ကားေပၚ ဆြဲတင္သြားမလားမသိ။
"က်န္႔က်န္႔"
လူထက္အရင္ အနံ႔က ႏႈတ္ဆက္လာသည္။ ေ႐ွာင္က်န္႔ ႏွာေခါင္း႐ႈံ႕၍ ေနာက္ဆုတ္ရ၏။
"သားေလးရယ္၊ မင္းရယ္၊ ကိုယ္နဲ႔ခဏေလး လိုက္ခဲ့ေနာ္ ကိုယ္တို႔ စကားေျပာရေအာင္"
"ဝမ္ရီေပၚ၊ ခင္ဗ်ားအသံကိုေရာ၊ ခင္ဗ်ားပါးစပ္ကအနံ႔ကိုေရာ ကြၽန္ေတာ္ ရြံတယ္၊ ခုခ်က္ခ်င္း ကြၽန္ေတာ့္ေ႐ွ႕က ထြက္သြား"
"Sorry...အဲဒါ Sorry၊ ကိုယ္ မင္းကို သတိရတိုင္း ရင္ထဲမွာ ဘာျဖစ္မွန္းမသိဘူး၊ အဲဒါေၾကာင့္ ေသာက္လိုက္မိတာ၊ ကိုယ္ မမူးပါဘူး၊ စကားေျပာရေအာင္ေနာ္၊ ခဏေလးပါ"
"မလိုက္ႏိုင္ဘူး၊ ခင္ဗ်ားလိုလူနဲ႔ တြဲရပ္ေနတာေတာင္ ကြၽန္ေတာ္ သိကၡာက်ေနၿပီ၊ ဝမ္ရီေပၚရဲ႕ ဘယ္ႏွေယာက္ေျမာက္လဲဆိုတဲ့ မ်က္လံုးေတြေလ၊ ဒီမွာ ခင္ဗ်ား ကြၽန္ေတာ့္ကို ဟိုတုန္းကပဲ စံုလံုးကန္းေအာင္ ျဖားေယာင္းႏိုင္မယ္၊ အခု ကြၽန္ေတာ္ မ်က္လံုးေကာင္းသြားၿပီ၊ မင္းသားမွန္း၊ ဘီလူးမွန္း ခြဲခါးႏိုင္ေနျပီ၊ ခင္ဗ်ားလို သားစားက်ဴးတဲ့ ဘီလူးေနာက္ကို ထပ္လိုက္ရင္ ကြၽန္ေတာ့္ကို မစင္စားေနလိုက္ေတာ့လို႔ ေျပာမွာေပါ့"
"က်န္႔က်န္႔၊ မင္းကို...ကိုယ္"
"ခင္ဗ်ား...ေ႐ွ႕မတိုးနဲ႔"
"ကိုယ္ေျပာစရာေတြ အမ်ားႀကီး႐ွိတယ္၊ ခဏေလးလိုက္ခဲ့ပါ"
"မလိုက္ဘူး"
ထိုအခ်ိန္မွာ ေက်ာင္းတံခါးဖြင့္ေနၿပီ ျဖစ္သည္။ ကေလးေတြ ထြက္လာေနၿပီမို႔ ႀကိဳေနက်အတိုင္း သြားႀကိဳမလို႔ ေ႐ွာင္က်န္႔က သူ႔ကို ေ႐ွာင္ထြက္ေနသည္။ ရီေပၚက မူးေနသည္မို႔ ေက်ာင္းလႊတ္လိုက္သည္ကို သတိမထားမိ။ ေ႐ွာင္က်န္႔ ထြက္ေျပးသည္ဟုထင္၍ လက္ကို ဖမ္းဆြဲသည္။
"ဟင္...ဘာလုပ္တာလဲ"
"မင္း ထြက္မသြားနဲ႔ဦး"
"ေတာက္!..."
ေဆာင့္႐ုန္းပစ္တာ မရသျဖင့္ ေ႐ွာင္က်န္႔ တက္ေခါက္လိုက္ကာ.....
"လာၾကပါဦး၊ ကယ္ၾကပါဦး၊ ဒီမွာ အရက္သမား ကြၽန္ေတာ့္ကို ဆြဲလားရမ္းလား လုပ္ေနပါတယ္၊ လာၾကပါဦး"
က်ယ္က်ယ္ေလာင္ေလာင္ ထေအာ္ပစ္လိုက္၏။
"ေဟ့...လႊတ္လိုက္စမ္း"
"ဟိတ္ေကာင္"
လူရိပ္ေတြ ေျပးလႊားေရာက္လာၾကသည္။
"မဟုတ္ဘူး"
ရီေပၚ ဒါပဲ ေျပာႏိုင္သည္။ ေ႐ွာင္က်န္႔ကို ဆြဲထားသည့္လက္ကို ျဖတ္႐ိုက္ခံလိုက္ရသျဖင့္ လူက ခ်ာခနဲ လည္ထြက္သြားသည္။ ႏွစ္ေယာက္ သံုးေယာက္ေလာက္ကို အညံ့ခံဖို႔မလိုေအာင္ သူ႔မွာ ကိုယ္ခံပညာတတ္ထားသည္။ သို႔ေသာ္ မူးေဝေနေသာ အာရံုထဲမွာ ေ႐ွာင္က်န္႔ကိုပဲ ျမင္သည္။
"ပါပါး"
"သား"
လွည့္ၾကည့္လိုက္ေပမယ့္ ခြပ္ခနဲ မီးပြင့္သြား၏။ အသားနားေတာ့ ေဒါသက ေထာင္းခနဲ ျဖစ္ကာ လက္မွာဆြဲခ်ဳပ္ထားသူကို ဒူးနဲ႔တိုက္ပစ္လိုက္သည္။ ေ႐ွ႕က ဝင္ထိုးသူကို လက္ျပန္႐ိုက္ခ်လိုက္တာ ကြက္တိ။ သူ႔ေဘးမွာ ႐ုတ္တရက္ ဖ႐ိုဖရဲႏွင့္ လူ႐ွဲသြား၏။
"ဝိုင္းခ်ဳပ္စမ္း၊ ဒီေကာင့္ကို အခ်ဳပ္ထဲသြင္းရမယ္"
"ဘာေကာင္လဲ"
နာသြားသည့္လူေတြေကာ၊ လူရမ္းကားအျဖစ္ အျပစ္ေပးလိုက္ၾကသူေတြေကာ၊ ေနာက္ထပ္ဝိုင္းလာၾကေတာ့ ရီေပၚ ဘာမွမသိေတာ့ေပ။
"လာ...သား လာ"
သားေလးကို ေစြ႔ခနဲေပြ႔၍ ကားထဲဆြဲသြင္းလိုက္ၿပီး သူပါ ဝင္၍.....
"ဦးခ်န္ ေမာင္းေလ"
ဦးခ်န္က ရန္ပြဲကို ပါးစပ္အေဟာင္းသားႏွင့္ၾကည့္ေနၿပီး တံေတြးမ်ိဳခ်ေန၏။ ထို႔ေနာက္ ေ႐ွာင္က်န္႔ ယကို တအံ့တဩျပန္ၾကည့္သည္။ သူ ၾကားဖူးခဲ့ေသာ အျဖစ္အပ်က္မ်ားထဲမွာ ေ႐ွာင္က်န္႔ဟာ ထိုေယာက်ာ္းကို အ႐ူးအမူး ခ်စ္ခဲ့သည္ တဲ့။
အ႐ူးအမူးျဖစ္ေလာက္ေအာင္လည္း ေခ်ာေမြ႔ေနေသာ မ်က္ႏွာကို သူ ခဏခဏ ျမင္ဖူးပါသည္။ ဒါေၾကာင့္ပဲ ေခ်ာ႔တဲ့သူနဲ႔ စိတ္ေကာက္သူ၊ တစ္ေန႔ေန႔ေတာ့ ျပန္ေပါင္းထုပ္ၾကလိမ့္မည္ဟုပဲ ထင္ခဲ့မိ၏။
ဦးခ်န္က မွန္ထဲကေန ေ႐ွာင္က်န္႔ မ်က္ႏွာေလး တင္းေနတာကို ထပ္ၾကည့္သည္။ ထပ္၍ အံ့ဩရင္း ေနာက္တစ္ခါ တံေတြးမ်ိဳခ်မိျပန္၏။
သူ အံ့ဩေနတုန္းမွာပင္.....
"ဟင္...သား၊ သားသား ဒါဘာလဲ"
ေ႐ွာင္က်န္႔ သားေလးကိုဖက္ထားရင္း လူၾကားထဲမွာ ေခြေခါက္ၿပိဳက်သြားသည့္သူ႔အျဖစ္ကိုေတြး၍ ေက်နပ္ေနတုန္း သား လက္ကေလးကို ဆုပ္ကိုင္လိုက္မိ၏။
"ေျပာေလ သား၊ ဒီ ဟမ္းခ်ိန္းက ဘယ္ကဟာလဲ"
သားေလးက လက္ထဲမွာက်စ္ေနေအာင္ ဆုတ္ထားသည့္ ပလက္တီနမ္ႀကိဳးေပ်ာ့အျပတ္ေလးကို ဖိဆုပ္ထားကာ.....
"ဟို သားသားေလးDaddyဆိုတဲ့၊ ပါပါးက Daddyလို႔မေခၚရဘူးဆိုတာ့ ဟို ဦးဦး"
သားေလးက ကိုယ္ေလးလိမ္သြားေအာင္ ေနာက္ကိုလွည့္၍ လက္ညိွဳးေလးထိုးကာ.....
"အဲဒီ Daddyဆိုတဲ့ ဦးဦးဆီက"
"ဘယ္လို"
"ဟိုလူႀကီးတစ္ေယာက္ကို ႐ိုက္ပစ္လိုက္ေတာ့ ဒီဥစၥာက သားသားေလး ရင္ဘတ္ကို လာမွန္တာ"
"ၾကည့္စမ္း"
ေ႐ွာင္က်န္႔က လက္ကိုျဖန္႔ယူဖို႔လုပ္လိုက္ေတာ့ သားေလးက လက္ကိုလိမ္၍ ႐ုန္းသည္။ ၿပီးေတာ့ ေပါင္ေလးႏွစ္ေခ်ာင္းၾကားမွာ လက္ႏွစ္ဖက္ဆုပ္၍ ထိုးထည့္လိုက္ၿပီး.....
"သားသားေလး လိုခ်င္လို႔"
"အို...မယူရဘူး၊ ေပး၊ ဒါ သူမ်ားပစၥည္း"
"ဟင့္အင္း...ဟင့္အင္း သားသားေလး ယူခ်င္တယ္"
"မယူရဘူး၊ ဒါ ဘယ္ေလာက္လွလို႔လဲ၊ ဒီထက္လွတာေတြ ပါးဝယ္ေပးမယ္၊ ေပး၊ အဲဒါ ပါးကိုေပး"
အျမဲတမ္းနာခံေနခဲ့ေသာ သားသည္ ေခါင္းေလးတြင္တြင္ခါလ်က္ ကိုယ္လံုးေလးပါ ကုန္းကြဖံုးကြယ္ကာ ဘယ္လိုမွ ေတာင္းလို႔မရ။
"ေပး...ေပးဆိုေပး၊ ဒီလူယုတ္မာရဲ႕ပစၥည္းကို..."
"အား...ပါး၊ ဟင့္အင္း မေပးဘူး၊ သားသားေလး ယူမွာ"
"ကဲ ဟာ...."
တစ္ဝက္ခ်ထားသည့္ မွန္တံခါးကေန ေ႐ွာင္က်န္႔က လႊဲေပါက္ပစ္လိုက္၏။
"ပါပါး မလုပ္ပါနဲ႔၊ အီးဟီး....ဟီး"
"မငိုနဲ႔ ပါပါး အဲဒါမ်ိဳးျပန္ဝယ္ေပးမယ္၊ အခု ဝယ္ေပးမယ္၊ ဦးခ်န္ Shopping Mallကိုေမာင္း"
သားကိုဖက္၍ေခ်ာ့ရင္း ဦးခ်န္ကို ေ႐ွာင္က်န္႔က လွမ္းေျပာသည္။ အလုပ္သမားမို႔ အလုပ္႐ွင္ေက်နပ္ေအာင္ ကားကို ဦးလႊဲလိုက္ရသည္။ ဦးခ်န္မ်က္ဝန္းေတြက ဟမ္းခ်ိန္းက်သြားသည့္ေနရာႏွင့္ ကေလးပါးမို႔ေလးေတြေပၚက မ်က္ရည္ေတြကို တစ္လွည့္စီ ၾကည့္လို႔မၿပီးႏိုင္ခဲ့။
ဒီမ်က္ရည္ေတြဟာ ဆင္တူ႐ိုးမွားနဲ႔ အစားထိုးေပးလို႔ အငိုတိတ္မွာမဟုတ္ဘူးဆိုတာ သူကေတာ့ နားလည္သည္။ တန္ဖိုးႀကီးတာ နည္းတာ မသိနားမလည္ေသးေသာ ကေလး၏ရင္ထဲက ဒါကိုပဲ လိုခ်င္ေနတာ ဘာေၾကာင့္လဲဆိုတာလည္း ဦးခ်န္ ေတြးေနမိသည္။
ေ႐ွာင္က်န္႔ကေတာ့ ကေလးကို တင္းတင္းဖက္လ်က္ တက္ေခါက္ေနေလသည္။ မ်က္ရည္တို႔ စိုစြတ္ေနခဲ့ေသာ မ်က္ဝန္းအိမ္မွာ ဘယ္လိုပညာ႐ွင္မွ ဘာသာျပန္ဖို႔မလြယ္ေသာ နက္႐ႈိင္းသည့္ ကဗၺည္းလႊာ တင္ခ်င္သည္။
Ep-20
Coming Soon❤💚
ဆက္ခါးဦးမွာ 😁😁
ေခ်ာင္းေတာ့မ႐ိုက္ၾကပါနဲ႔😁😁
ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-19
Unicode
အနက်ရောင်ကားလေးရှေ့မှာ ခပ်စောင်းစောင်း ပိတ်ရပ်ပစ်လိုက်သည်။ ရီပေါ် ကားပေါ်က ဆင်းတော့ ခြေထောက်တွေက မခိုင်ချင်။ တံခါးကိုဆုတ်ထားပြီး ထိန်းသည်။ လက်နောက်ပြန်ပိတ်ရင်း ကျောက ကပ်ပါသွားကာ ကားကိုမွီရပ္လိုက္သလို ဖြစ်သွား၏။
မျက်လုံးထဲမှာ ရီဝေဝေဖြစ်နေသည်။ သောက်လာခဲ့မိတာ မှားပြီဆိုတာ ကိုယ့်ကိုကိုယ် သိလိုက်၏။ ဒါပေမယ့် ပြန်ထွေးထုတ်ပြီး ပလုတ်ကျင်းပစ်လို့ ရနိုင်တာမဟုတ်။
ကားနက်လေးဘေးမှာ နံ့သာရောင်နှင့် နွဲ့နွဲ့လေးရပ်နေသော အရိပ္ကေလးက သူ့အာရုံထဲမှာ ဟိုဘက်ယိမ်း ဒီဘက်ယိမ်းနှင့် အနားရောက်လာသလိုလို၊ နောက်ပြန်ဆုတ်သွားသလိုလို။
ရှောင်ကျန့်.....။ နေ့စဉ် သူ လာစောင့်တာ ရှောင်ကျန့်က မလာ။ ဒီKGကျောင်းမှာ အပ်ထားမှန်းသိလျက်နှင့် သူလာတိုင်းဝင်လည်းမတွေ့။ ထွက်တာလည်း သားလေးမပါ။ သေချာတာက သူစောင့်နေတာသိ၍ ကေလးကို ကျောင်းမပို့ဘဲ ထားခြင်းပင်။ သူကေတာ့ နေ့စဉ်မပျက်မကွက် လာတာပဲဖြစ်၏။
ဒီနေ့ တကယ်ဆုံလိုက်ရတော့ ရီပေါ် မူးနေပါပြီ။ ဘာပဲဖြစ်ဖြစ် ရှောင်ကျန့်နှင့် ပြန်လည်ဆုံတွေ့ခဲ့ပြီးသော နောက်ပိုင်းမှာ သူ့ဘက်က ကံကောင်းခဲ့တာမရှိပါလား။
မူးဝေနေတာကို မကျေနပ်ဘဲ ခေါင်းကို ဆတ္ခနဲ ခါထုတ်ပစ်လိုက်မိသည်။ ရှောင်ကျန့်ကို တွေ့တဲ့နေကျမှ သူ မူးအောင်သောက်ခဲ့မိသည်။ ဒါပေမယ့် ခြေလှမ်းတို့က နောက်ဆုတ်ဖို့ ပါမစ္မရသလို ရှောင်ကျန့်ရှိရာသို့သာ ဦးတည်လေသည်။
ရှောင်ကျန့်က ရီပေါ်ကိုမြင်လိုက်သည်နှင့် ကားကို မှီနေရာကနေ ချက်ချင်း မတ်တပ်ရပ်၏။ လက်သီးနှစ်ဖက်ကိုလည်း ဆုပ်သည်။ ပင့်သက်ရှိုက်၍ နှုတ်ခမ်းလွှာလေးကို မသိမသာ ဖိကိုက္ထား၏။
ဒီနေ့တော့ တခြားကားနှင့်ပို့ပြီး သူကိုယ်တိုင် လာစောင့်နေတာဖြစ်၏။
ထင်တဲ့အတိုင်းပဲ။ သူသာ မလာခဲ့လျှင် သားလေးကို သူ ကားပေါ် ဆွဲတင်သွားမလားမသိ။
"ကျန့်ကျန့်"
လူထက်အရင် အနံ့က နှုတ်ဆက်လာသည်။ ရှောင်ကျန့် နှာခေါင်းရှုံ့၍ နောက်ဆုတ်ရ၏။
"သားလေးရယ်၊ မင်းရယ်၊ ကိုယ်နဲ့ခဏလေး လိုက်ခဲ့နော် ကိုယ်တို့ စကားပြောရအောင်"
"ဝမ်ရီပေါ်၊ ခင်ဗျားအသံကိုရော၊ ခင်ဗျားပါးစပ်ကအနံ့ကိုရော ကျွန်တော် ရွံတယ်၊ ခုချက်ချင်း ကျွန်တော့်ရှေ့က ထြက္သြား"
"Sorry...အဲဒါ Sorry၊ ကိုယ် မင်းကို သတိရတိုင်း ရင်ထဲမှာ ဘာဖြစ်မှန်းမသိဘူး၊ အဲဒါကြောင့် သောက်လိုက်မိတာ၊ ကိုယ် မမူးပါဘူး၊ စကားပြောရအောင်နော်၊ ခဏေလးပါ"
"မလိုက်နိုင်ဘူး၊ ခင်ဗျားလိုလူနဲ့ တွဲရပ်နေတာတောင် ကျွန်တော် သိက္ခာကျနေပြီ၊ ဝမ်ရီပေါ်ရဲ့ ဘယ်နှယောက်မြောက်လဲဆိုတဲ့ မျက်လုံးတွေလေ၊ ဒီမွာ ခင်ဗျား ကျွန်တော့်ကို ဟိုတုန်းကပဲ စုံလုံးကန်းအောင် ဖြားယောင်းနိုင်မယ်၊ အခု ကျွန်တော် မျက်လုံးကောင်းသွားပြီ၊ မင်းသားမှန်း၊ ဘီလူးမှန်း ခွဲခါးနိုင်နေပြီ၊ ခင်ဗျားလို သားစားကျူးတဲ့ ဘီလူးနောက်ကို ထပ်လိုက်ရင် ကျွန်တော့်ကို မစင်စားနေလိုက်တော့လို့ ပြောမှာပေါ့"
"ကျန့်ကျန့်၊ မင်းကို...ကိုယ်"
"ခင်ဗျား...ရှေ့မတိုးနဲ့"
"ကိုယ်ပြောစရာတွေ အများကြီးရှိတယ်၊ ခဏလေးလိုက်ခဲ့ပါ"
"မလိုက္ဘူး"
ထိုအချိန်မှာ ကျောင်းတံခါးဖွင့်နေပြီ ဖြစ်သည်။ ကလေးတွေ ထွက်လာနေပြီမို့ ကြိုနေကျအတိုင်း သွားကြိုမလို့ ရှောင်ကျန့်က သူ့ကို ရှောင်ထွက်နေသည်။ ရီပေါ်က မူးနေသည်မို့ ကျောင်းလွှတ်လိုက်သည်ကို သတိမထားမိ။ ရှောင်ကျန့် ထွက်ပြေးသည်ဟုထင်၍ လက္ကို ဖမ်းဆွဲသည်။
"ဟင်...ဘာလုပ္တာလဲ"
"မင်း ထွက်မသွားနဲ့ဦး"
"တောက်!..."
ဆောင့်ရုန်းပစ်တာ မရသဖြင့် ရှောင်ကျန့် တက်ခေါက်လိုက်ကာ.....
"လာကြပါဦး၊ ကယ်ကြပါဦး၊ ဒီမွာ အရက္သမား ကျွန်တော့်ကို ဆွဲလားရမ်းလား လုပ်နေပါတယ်၊ လာကြပါဦး"
ကျယ်ကျယ်လောင်လောင် ထအော်ပစ်လိုက်၏။
"ဟေ့...လွှတ်လိုက်စမ်း"
"ဟိတ်ကောင်"
လူရိပ်တွေ ပြေးလွှားရောက်လာကြသည်။
"မဟုတ္ဘူး"
ရီပေါ် ဒါပဲ ပြောနိုင်သည်။ ရှောင်ကျန့်ကို ဆွဲထားသည့်လက်ကို ဖြတ်ရိုက်ခံလိုက်ရသဖြင့် လူက ခ်ာခနဲ လည်ထွက်သွားသည်။ နှစ်ယောက် သုံးယောက်လောက်ကို အညံ့ခံဖို့မလိုအောင် သူ့မှာ ကိုယ်ခံပညာတတ်ထားသည်။ သို့သော် မူးဝေနေသော အာရုံထဲမှာ ရှောင်ကျန့်ကိုပဲ မြင်သည်။
"ပါပါး"
"သား"
လှည့်ကြည့်လိုက်ပေမယ့် ခြပ္ခနဲ မီးပွင့်သွား၏။ အသားနားတော့ ဒေါသက ထောင်းခနဲ ဖြစ်ကာ လက်မှာဆွဲချုပ်ထားသူကို ဒူးနဲ့တိုက်ပစ်လိုက်သည်။ ရှေ့က ဝင်ထိုးသူကို လက်ပြန်ရိုက်ချလိုက်တာ ကြက္တိ။ သူ့ဘေးမှာ ရုတ်တရက် ဖရိုဖရဲနှင့် လူရှဲသွား၏။
"ဝိုင်းချုပ်စမ်း၊ ဒီကောင့်ကို အချုပ်ထဲသွင်းရမယ်"
"ဘာကောင်လဲ"
နာသွားသည့်လူတွေကော၊ လူရမ်းကားအဖြစ် အပြစ်ပေးလိုက်ကြသူတွေကော၊ နောက်ထပ်ဝိုင်းလာကြတော့ ရီပေါ် ဘာမှမသိတော့ပေ။
"လာ...သား လာ"
သားလေးကို စွေ့ခနဲပွေ့၍ ကားထဲဆွဲသွင်းလိုက်ပြီး သူပါ ဝင်၍.....
"ဦးချန် မောင်းလေ"
ဦးခ်န္က ရန္ပြဲကို ပါးစပ်အဟောင်းသားနှင့်ကြည့်နေပြီး တံတွေးမျိုချနေ၏။ ထို့နောက် ရှောင်ကျန့် ယကို တအံ့တဩပြန်ကြည့်သည်။ သူ ကြားဖူးခဲ့သော အဖြစ်အပျက်များထဲမှာ ရှောင်ကျန့်ဟာ ထိုယောကျာ်းကို အရူးအမူး ချစ်ခဲ့သည် တဲ့။
အရူးအမူးဖြစ်လောက်အောင်လည်း ချောမွေ့နေသော မျက်နှာကို သူ ခဏခဏ မြင်ဖူးပါသည်။ ဒါကြောင့်ပဲ ချော့တဲ့သူနဲ့ စိတ်ကောက်သူ၊ တစ်နေ့နေ့တော့ ပြန်ပေါင်းထုပ်ကြလိမ့်မည်ဟုပဲ ထင်ခဲ့မိ၏။
ဦးခ်န္က မှန်ထဲကနေ ရှောင်ကျန့် မျက်နှာလေး တင်းနေတာကို ထပ်ကြည့်သည်။ ထပ်၍ အံ့ဩရင်း နောက်တစ်ခါ တံတွေးမျိုချမိပြန်၏။
သူ အံ့ဩနေတုန်းမှာပင်.....
"ဟင်...သား၊ သားသား ဒါဘာလဲ"
ရှောင်ကျန့် သားလေးကိုဖက်ထားရင်း လူကြားထဲမှာ ခွေခေါက်ပြိုကျသွားသည့်သူ့အဖြစ်ကိုတွေး၍ ကျေနပ်နေတုန်း သား လက္ကေလးကို ဆုပ်ကိုင်လိုက်မိ၏။
"ပြောလေ သား၊ ဒီ ဟမ်းချိန်းက ဘယ္ကဟာလဲ"
သားလေးက လက်ထဲမှာကျစ်နေအောင် ဆုတ်ထားသည့် ပလက်တီနမ်ကြိုးပျော့အပြတ်လေးကို ဖိဆုပ္ထားကာ.....
"ဟို သားသားလေးDaddyဆိုတဲ့၊ ပါပါးက Daddyလို့မခေါ်ရဘူးဆိုတာ့ ဟို ဦးဦး"
သားလေးက ကိုယ်လေးလိမ်သွားအောင် နောက်ကိုလှည့်၍ လက်ညှိုးလေးထိုးကာ.....
"အဲဒီ Daddyဆိုတဲ့ ဦးဦးဆီက"
"ဘယ္လို"
"ဟိုလူကြီးတစ်ယောက်ကို ရိုက်ပစ်လိုက်တော့ ဒီဥစ္စာက သားသားလေး ရင်ဘတ်ကို လာမွန္တာ"
"ကြည့်စမ်း"
ရှောင်ကျန့်က လက်ကိုဖြန့်ယူဖို့လုပ်လိုက်တော့ သားလေးက လက်ကိုလိမ်၍ ရုန်းသည်။ ပြီးတော့ ပေါင်လေးနှစ်ချောင်းကြားမှာ လက်နှစ်ဖက်ဆုပ်၍ ထိုးထည့်လိုက်ပြီး.....
"သားသားလေး လိုချင်လို့"
"အို...မယူရဘူး၊ ပေး၊ ဒါ သူများပစ္စည်း"
"ဟင့်အင်း...ဟင့်အင်း သားသားလေး ယူချင်တယ်"
"မယူရဘူး၊ ဒါ ဘယ်လောက်လှလို့လဲ၊ ဒီထက်လှတာတွေ ပါးဝယ်ပေးမယ်၊ ပေး၊ အဲဒါ ပါးကိုပေး"
အမြဲတမ်းနာခံနေခဲ့သော သားသည် ခေါင်းလေးတွင်တွင်ခါလျက် ကိုယ်လုံးလေးပါ ကုန်းကွဖုံးကွယ်ကာ ဘယ္လိုမွ တောင်းလို့မရ။
"ပေး...ပေးဆိုပေး၊ ဒီလူယုတ်မာရဲ့ပစ္စည်းကို..."
"အား...ပါး၊ ဟင့်အင်း မေပးဘူး၊ သားသားလေး ယူမွာ"
"ကဲ ဟာ...."
တစ်ဝက်ချထားသည့် မွန္တံခါးကေန ရှောင်ကျန့်က လွှဲပေါက်ပစ်လိုက်၏။
"ပါပါး မလုပ်ပါနဲ့၊ အီးဟီး....ဟီး"
"မငိုနဲ့ ပါပါး အဲဒါမျိုးပြန်ဝယ်ပေးမယ်၊ အခု ဝယ်ပေးမယ်၊ ဦးချန် Shopping Mallကိုမောင်း"
သားကိုဖက်၍ချော့ရင်း ဦးခ်န္ကို ရှောင်ကျန့်က လှမ်းပြောသည်။ အလုပ်သမားမို့ အလုပ်ရှင်ကျေနပ်အောင် ကားကို ဦးလွှဲလိုက်ရသည်။ ဦးချန်မျက်ဝန်းတွေက ဟမ်းချိန်းကျသွားသည့်နေရာနှင့် ကလေးပါးမို့လေးတွေပေါ်က မျက်ရည်တွေကို တစ်လှည့်စီ ကြည့်လို့မပြီးနိုင်ခဲ့။
ဒီမျက်ရည်တွေဟာ ဆင်တူရိုးမှားနဲ့ အစားထိုးပေးလို့ အငိုတိတ်မှာမဟုတ်ဘူးဆိုတာ သူကေတာ့ နားလည်သည်။ တန်ဖိုးကြီးတာ နည်းတာ မသိနားမလည်သေးသော ကလေး၏ရင်ထဲက ဒါကိုပဲ လိုချင်နေတာ ဘာကြောင့်လဲဆိုတာလည်း ဦးချန် တွေးနေမိသည်။
ရှောင်ကျန့်ကတော့ ကေလးကို တင်းတင်းဖက်လျက် တက်ခေါက်နေလေသည်။ မျက်ရည်တို့ စိုစွတ်နေခဲ့သော မျက်ဝန်းအိမ်မှာ ဘယ်လိုပညာရှင်မှ ဘာသာပြန်ဖို့မလွယ်သော နက်ရှိုင်းသည့် ကဗ္ဗည်းလွှာ တင်ချင်သည်။
Ep-20
Coming Soon❤💚
ဆက်ခါးဦးမှာ 😁😁
ချောင်းတော့မရိုက်ကြပါနဲ့😁😁