21
မယ္ေတာ္ႀကီးကစင္ျမင့္ထိုင္ေနၿပီးဘုရင္နဲ႔သူက
ေတာ့ေဘးနားတြင္အတူထိုင္ေနသည္။
အကမ်ိဳးစံုနဲ႔ေဖ်ာ္ေျဖေနေသာလူေတြထဲတြင္အာ
ရံုမရိွပဲေ႐ွ႕ကဟင္းပြဲ၌တြင္သာသူ႔ရဲ႕အာရံုုကိုပံု
အပ္ထားသည္။
ဂဏာန္းအေကာင္အႀကီးႀကီးေတြပုစြန္လံုးေတြ
အန႔ံေမႊးလွေသာငါးကင္ေတြကိုၾကည့္ကာလ်ွာသပ္
ေနရသည္။
ေ႐ွာင္းက်န္႔တြင္အက်င့္ရိွသည္ပုစြန္ေတြဂဏာန္း
ေတြကိျုကိုု္က္ေသာ္လဲအခြံႏႊာရသည္ကိုအလြန္
အပ်င္းတက္သည္။
အ့ဲတာေၾကာင့္မို႔သူပင္လယ္စာေတြစားမယ္ဆိုရင္.
ေဘးနားကတစ္ေယာက္ေယာက္ကအခြံႏႊာေပး
ရသည္။
အခုေတာ့ျမင္သာျမင္မၾကင္ရသည့္ဘဝမို႔သစ္သီး
ေတြကိုစိတ္မပါတပါနဲ႔ခရင္းနဲ႔ထိုးဆြကာစားေနရ
သည္။
ရိေပၚ ေဘးနားကငေမႊထိုးကိုၾကည့္လိုက္ေတာ့
သစ္သီးေတြကိုသာစားေနေသာ္လဲမ်က္လံုးေတြက
ဂဏာန္းနဲ႔ပုစြန္ေတြေပၚမွာဝဲေနသည္။
တခါတခါတံေတြးၿမိဳခ်ၿပီးေၾကာင္ေပါက္ေလးေတြလို
လ်ွာသပ္ေနေသာေၾကာင့္
အ့ဲတာေတြကိုစားခ်င္မွန္းသူသိလိုက္သည္။
အ့ဲတာေၾကာင့္ပင္လက္ကိုေဆးကာဂဏာန္းနဲ႔
ပုစြန္ေတြကိုေသေသခ်ာခ်ာအခြံႏႊာၿပီးပန္းကန္တစ္ခု
ထဲကိုထည့္ပံုလိုက္သည္။
အခ်ဥ္ရည္နဲ႔ပါတစ္ခါထဲေရာနယ္ေပးၿပီးသူအရင္
တစ္ေကာင္စားၿပီး
" စားလို႔လဲမေကာင္းဘူး "
ဆိုကာေဘးနားတြင္ဖယ္ထားလိုက္ေတာ့
အနားကငေမႊထိုးကခရင္းေလးကိုကိုက္ၿပီး
အရည္လ့ဲေနေသာမ်က္လံုးဝိုင္းႀကီးမ်ားနဲ႔ၾကည့္.
လာသည္။
" အ့ဲတာေလးေတြကိုမစားေတာ့ဘူးလားဝမ္ကိုကို
ေလး ဟင္...ဟင္..."
" မင္းစားမို႔လား..."
" အြန္း "
ေခါင္းေလးကိုအဆက္မျပတ္ၿငိမ့္ျပေနေသာမိဖုရား
မွာခ်စ္စရာေလးပင္
" အဟင္း....ေယာက်ာ္းလို႔ေခၚရင္ေႂကြးမယ္ေလ "
ေယာက်ာ္းဆိုေသာစကားေၾကာင့္ေ႐ွာင္းက်န္႔
မ်က္ႏွာရဲတက္လာသည္။
အစကေယာက်ာ္းလို႔ေခၚတာကရိေပၚသတိမထား..
မိတဲ့အခ်ိန္ေတြမွာေခၚတာျဖစ္လို႔ကိစၥမရိွေပမ့ဲ
အခုလိုမ်ိဳးႀကီးသူ႔မ်က္ႏွာကိုတည့္တည့္စိုက္ၾကည့္
ကာေခၚရမည္ဆိုတာကေတာ့နည္းနည္း
ျပသနာရိွသည္။
" ေယာ...ေယာက်ာ္း..."
" ဟမ္...အသံတိုုးေနတယ္မၾကားရဘူး "
" ေယာက်ာ္း..."
" အာ...ဗံုသံေတြနဲ႔ဘာမွမၾကားရဘူး "
ၾကားေနရေသာ္လဲတမင္သက္သက္ညစ္ေနေသာ
အ႐ူးဘုရင္ကိုၾကည့္ကာေ႐ွာင္းက်န္႔စိတ္တိုလာရ
သည္။
ဒါေပမ့ဲလဲအခြံခြာထားတဲ့ပုစြန္နဲ႔ဂဏာန္းမ်က္ႏွာက
ရိွေနေသာေၾကာင့္ေဒါသကိုေလ်ာ့ကာ
မ်က္ႏွာကိုအတတ္ႏိုင္ဆံုးခ်ိဳေအာင္ထားၿပီး
" ေယာက်ာ္းေရ က်န္႔က်န္႔ကိုေလ ပုစြန္ေတြထည့္
ထားတဲ့ပန္းကန္ေလးေပးပါလားေနာ္....ေယာက်ာ္း
ေနာ္..."
ခြၽဲပစ္ကာခ်ိဳအီေနေသာအသံနဲ႔ေျပာေနေသာ
မိဖုရားေခါင္ရဲ႕ေမးဖ်ားေလးကိုလက္နဲ႔ကိုင္ကာ
"ေကြၽးမွာေပါ့ ကိုယ့္မိဖုရားအတြက္ပဲဟာ..."
( အ႐ူးဘုရင္ ေမ်ာက္ဘုရင္ အသားယူတတ္တဲ့
ဟာႀကီး အခြင့္အေရးသမားႀကီး ခ်ီးကိုမိန္းမပါလား
အ့ဲေနရာမွာငုတ္နဲ႔ေစာင့္ေသလိုက္....)
အေတြးထဲမွာကမာၻပ်က္ေအာင္ဆဲဆိုေနေသာ္လဲ
မ်က္ႏွာတြင္ေတာ့ဘာအရိပ္အေယာင္မွမျပပဲ
ေ႐ွ႕ကဟင္းပြဲေတြကိုရိေပၚအထင္နဲ႔ဖိၿပီးစားေန
လိုက္သည္။
" ခ်န္အန္းတိုင္းျပည္ရဲ႕အိမ္ေ႐ွ႕စံစုန္႔က်ိရန္နဲ႔မင္းသမီး
ငယ္စုန္႔ဆုရီ ေရာက္လာေၾကာင္းပါ "
သံတမန္ေတြျခံရံကာမင္းသမီးျဖစ္သူကို
လက္ကဆြဲၿပီးခန္းမထဲဝင္လာေသာသူေတြ
ေၾကာင့္ အမတ္ေတြကထကာဂါဝရျပဳလာသည္။
အိမ္ေ႐ွ႕စံဆိုေသာသူကမိန္းကေလးေတြထက္
ေတာင္လွေနၿပီးေဘးနားကမင္းသမီးကေတာ့
ခ်စ္ဖို႔ေကာင္းသည္။
တစ္လွမ္းခ်င္းစီခန္းမထဲအိေျႏၵရရနဲ႔ဝင္လာေသာ
မင္းသမီးျဖစ္သူကိုၾကည့္ကာရိေပၚေက်နပ္မိသည္။
အနည္းဆံုးေတာ့အန္းဇီယန္လိုဥာဏ္မမ်ားပဲ
မိဖုရားေခါင္လို ငေမႊထိုး မ....မဟုတ္
" ဗုန္း.... !! "
" အင့္.... !! အိုက္ယား...နာလိုက္တာေသေတာ့မွာ
ပဲ "
ခ်ီးက်ဴ းကာမွမဆံုးေသးဝတ္ရံုစကိုတက္နင္းကာ
ေမွာက္လ်က္လဲသြားေသာမင္းသမီးေၾကာင့္
ရိေပၚစိတ္ညစ္သြားရသည္.။
" ဆုရီ ဘယ္လိုျဖစ္တာတံုး...ထ ထ..."
အျမဲ႐ွပ္ျပာတိုက္ကာဆိုးသြမ္းေနေသာညီမ
ျဖစ္သူေၾကာင့္က်ိရန္ရင္ေမာရသည္။
" အ့ဲတာေၾကာင့္ေျပာတာေပါ့ဒါႀကီးမဝတ္ခ်င္ပါဘူး
ဆိုတာကို ကိုကိုပဲအတင္းဝတ္ခိုင္းတာေလၿပီး
ေတာ့ ဒီဖိနပ္လဲမစီးခ်င္ဘူး ေျခေထာက္ေတြအရမ္း
နာတယ္ "
ဝတ္ထားေပးေသာပန္းဆီေရာင္အေဖ်ာ့ဖိနပ္ေလး
ကိုခြၽတ္ကာ ေ႐ွ႕ကိုလႊင့္ပစ္လိုက္ေသာညီမျဖစ္သူ
ေၾကာင့္က်ိရန္ေခါင္းနပန္းႀကီးသြားသည္။
( ဘုရားဘုရား ငါတို႔ေရာက္ေနတာသူမ်ားတိုင္းျပည္
ေလဆုရီရဲ႕ မင္းသမီးဆိုတဲ့ဂုဏ္သိကၡာနဲ႔အိမ္ေ႐ွ႕စံ
ဆိုတဲ့ငါ့မ်က္ခြက္ေလးကိုေထာက္ပါဦးဟ.)
" ေတာင္းပန္ပါတယ္ အ႐ွင္ ညီမေလးကအရမ္းကို
အလိုလိုက္ထားမိလို႔ပါ ၿပီးေတာ့သူကနန္းေတာ္
မွာတစ္ခါမွမိန္းကေလးလိုမဝတ္စားဖူးဘူးေလ "
" အင္း...ရပါတယ္...ရပါတယ္..."
( ငေမႊးထုိးမိဖုရားေခါင္ရယ္စပ္စလူးမိဖုရားရယ္ငါ
နန္းေတာ္အသစ္ေဆာက္ဖို႔အတြက္ေနရာႀကိဳ႐ွာ
ထားေတာ့မယ္ )
" အယ္...ေခ်ာလိုက္တာ....ဝါး..."
႐ုတ္တရက္ထိုင္ေနရာကေနေျပးလာၿပီးသူ႔ရဲ႕
မ်က္ႏွာကိုေသခ်ာလာၾကည့္ေနေသာမင္းသမီး
ေၾကာင့္ေ႐ွာင္းက်န္႔နည္းနည္းလန္႔သြားသည္။
" နာမည္ဘယ္လိုေခၚလဲဟင္ လွလိုက္တာ ကိုကို
ညီမေလးဘုရင္နဲ႔လက္မထပ္ခ်င္ဘူး သူနဲ႔ပဲလက္
ထပ္ေတာ့မယ္ "
မင္းသမီးဆုပ္ကိုု္င္ထားတဲ့လက္ကိုရိေပၚဆြဲယူကာ..
ေ႐ွာင္းက်န္႔ရဲ႕တစ္ကိုယ္လံုးကိုသူ႔ရင္ခြင္ထဲထည့္
ထားၿပီး
" သူကငါ့ရဲ႕မိဖုရားေခါင္ လင္မယားေတာ့လုပ္လို႔မ
ရဘူးငါနဲ႔လက္ထပ္ရင္ေတာ့မင္းသူနဲ႔ေမာင္ႏွမ
ျဖစ္မွာေပါ့..."
" အဟြတ္....အဟြတ္..."
႐ုပ္တည္ႀကီးနဲ႔ေျပာလိုက္ေသာအ႐ူးဘုရင္ေၾကာင့္..
ေ႐ွာင္းက်န္႔ေခ်ာင္းေတြေတာင္ထဆိုးကုန္သည္။
" ဝါး...တကယ္လား....အ့ဲတာေၾကာင့္မို႔ကိုး....
ဘာပဲျဖစ္ျဖစ္အမ်ိဳးေတာ္ရရင္ေက်နပ္ၿပီ ေနာ္.....
ေနာက္က်တူတူေဆာ့က်မယ္ေနာ္နန္းေတာ္ထဲမွာ "
" ေကာင္းတာေပါ့ ငါ့နာမည္ကေ႐ွာင္ေ႐ွာင္းက်န္႔
ငါ့နန္းေဆာင္ကဇာမဏီနန္းေဆာင္ မင္းလာခ့ဲေလ
ေနာက္ဆို..."
" အြင္း...လာမယ္လာမယ္..."
" အဟမ္း....ေတာ္ေတာ့ ကိုယ့္ေနရာကိုယ္ျပန္
ထိုင္ၾကေတာ့..."
________________________________
21
မယ်တော်ကြီးကစင်မြင့်ထိုင်နေပြီးဘုရင်နဲ့သူက
တော့ဘေးနားတွင်အတူထိုင်နေသည်။
အကမျိုးစုံနဲ့ဖျော်ဖြေနေသောလူတွေထဲတွင်အာ
ရုံမရှိပဲရှေ့ကဟင်းပွဲ၌တွင်သာသူ့ရဲ့အာရုံကိုပုံ
အပ်ထားသည်။
ဂဏာန်းအကောင်အကြီးကြီးတွေပုစွန်လုံးတွေ
အန့ံမွှေးလှသောငါးကင်တွေကိုကြည့်ကာလျှာသပ်
နေရသည်။
ရှောင်းကျန့်တွင်အကျင့်ရှိသည်ပုစွန်တွေဂဏာန်း
တွေကိြုကို်က်သော်လဲအခွံနွှာရသည်ကိုအလွန်
အပျင်းတက်သည်။
အ့ဲတာကြောင့်မို့သူပင်လယ်စာတွေစားမယ်ဆိုရင်.
ဘေးနားကတစ်ယောက်ယောက်ကအခွံနွှာပေး
ရသည်။
အခုတော့မြင်သာမြင်မကြင်ရသည့်ဘဝမို့သစ်သီး
တွေကိုစိတ်မပါတပါနဲ့ခရင်းနဲ့ထိုးဆွကာစားနေရ
သည်။
ရိပေါ် ဘေးနားကငမွှေထိုးကိုကြည့်လိုက်တော့
သစ်သီးတွေကိုသာစားနေသော်လဲမျက်လုံးတွေက
ဂဏာန်းနဲ့ပုစွန်တွေပေါ်မှာဝဲနေသည်။
တခါတခါတံတွေးမြိုချပြီးကြောင်ပေါက်လေးတွေလို
လျှာသပ်နေသောကြောင့်
အ့ဲတာတွေကိုစားချင်မှန်းသူသိလိုက်သည်။
အ့ဲတာကြောင့်ပင်လက်ကိုဆေးကာဂဏာန်းနဲ့
ပုစွန်တွေကိုသေသေချာချာအခွံနွှာပြီးပန်းကန်တစ်ခု
ထဲကိုထည့်ပုံလိုက်သည်။
အချဉ်ရည်နဲ့ပါတစ်ခါထဲရောနယ်ပေးပြီးသူအရင်
တစ်ကောင်စားပြီး
" စားလို့လဲမကောင်းဘူး "
ဆိုကာဘေးနားတွင်ဖယ်ထားလိုက်တော့
အနားကငမွှေထိုးကခရင်းလေးကိုကိုက်ပြီး
အရည်လ့ဲနေသောမျက်လုံးဝိုင်းကြီးများနဲ့ကြည့်.
လာသည်။
" အ့ဲတာလေးတွေကိုမစားတော့ဘူးလားဝမ်ကိုကို
လေး ဟင်...ဟင်..."
" မင်းစားမို့လား..."
" အွန်း "
ခေါင်းလေးကိုအဆက်မပြတ်ငြိမ့်ပြနေသောမိဖုရား
မှာချစ်စရာလေးပင်
" အဟင်း....ယောကျာ်းလို့ခေါ်ရင်ကြွေးမယ်လေ "
ယောကျာ်းဆိုသောစကားကြောင့်ရှောင်းကျန့်
မျက်နှာရဲတက်လာသည်။
အစကယောကျာ်းလို့ခေါ်တာကရိပေါ်သတိမထား..
မိတဲ့အချိန်တွေမှာခေါ်တာဖြစ်လို့ကိစ္စမရှိပေမ့ဲ
အခုလိုမျိုးကြီးသူ့မျက်နှာကိုတည့်တည့်စိုက်ကြည့်
ကာခေါ်ရမည်ဆိုတာကတော့နည်းနည်း
ပြသနာရှိသည်။
" ယော...ယောကျာ်း..."
" ဟမ်...အသံတိုးနေတယ်မကြားရဘူး "
" ယောကျာ်း..."
" အာ...ဗုံသံတွေနဲ့ဘာမှမကြားရဘူး "
ကြားနေရသော်လဲတမင်သက်သက်ညစ်နေသော
အရူးဘုရင်ကိုကြည့်ကာရှောင်းကျန့်စိတ်တိုလာရ
သည်။
ဒါပေမ့ဲလဲအခွံခွာထားတဲ့ပုစွန်နဲ့ဂဏာန်းမျက်နှာက
ရှိနေသောကြောင့်ဒေါသကိုလျော့ကာ
မျက်နှာကိုအတတ်နိုင်ဆုံးချိုအောင်ထားပြီး
" ယောကျာ်းရေ ကျန့်ကျန့်ကိုလေ ပုစွန်တွေထည့်
ထားတဲ့ပန်းကန်လေးပေးပါလားနော်....ယောကျာ်း
နော်..."
ချွဲပစ်ကာချိုအီနေသောအသံနဲ့ပြောနေသော
မိဖုရားခေါင်ရဲ့မေးဖျားလေးကိုလက်နဲ့ကိုင်ကာ
"ကျွေးမှာပေါ့ ကိုယ့်မိဖုရားအတွက်ပဲဟာ..."
( အရူးဘုရင် မျောက်ဘုရင် အသားယူတတ်တဲ့
ဟာကြီး အခွင့်အရေးသမားကြီး ချီးကိုမိန်းမပါလား
အ့ဲနေရာမှာငုတ်နဲ့စောင့်သေလိုက်....)
အတွေးထဲမှာကမ္ဘာပျက်အောင်ဆဲဆိုနေသော်လဲ
မျက်နှာတွင်တော့ဘာအရိပ်အယောင်မှမပြပဲ
ရှေ့ကဟင်းပွဲတွေကိုရိပေါ်အထင်နဲ့ဖိပြီးစားနေ
လိုက်သည်။
" ချန်အန်းတိုင်းပြည်ရဲ့အိမ်ရှေ့စံစုန့်ကျိရန်နဲ့မင်းသမီး
ငယ်စုန့်ဆုရီ ရောက်လာကြောင်းပါ "
သံတမန်တွေခြံရံကာမင်းသမီးဖြစ်သူကို
လက်ကဆွဲပြီးခန်းမထဲဝင်လာသောသူတွေ
ကြောင့် အမတ်တွေကထကာဂါဝရပြုလာသည်။
အိမ်ရှေ့စံဆိုသောသူကမိန်းကလေးတွေထက်
တောင်လှနေပြီးဘေးနားကမင်းသမီးကတော့
ချစ်ဖို့ကောင်းသည်။
တစ်လှမ်းချင်းစီခန်းမထဲအိနြေ္ဒရရနဲ့ဝင်လာသော
မင်းသမီးဖြစ်သူကိုကြည့်ကာရိပေါ်ကျေနပ်မိသည်။
အနည်းဆုံးတော့အန်းဇီယန်လိုဉာဏ်မများပဲ
မိဖုရားခေါင်လို ငမွှေထိုး မ....မဟုတ်
" ဗုန်း.... !! "
" အင့်.... !! အိုက်ယား...နာလိုက်တာသေတော့မှာ
ပဲ "
ချီးကျူ းကာမှမဆုံးသေးဝတ်ရုံစကိုတက်နင်းကာ
မှောက်လျက်လဲသွားသောမင်းသမီးကြောင့်
ရိပေါ်စိတ်ညစ်သွားရသည်.။
" ဆုရီ ဘယ်လိုဖြစ်တာတုံး...ထ ထ..."
အမြဲရှပ်ပြာတိုက်ကာဆိုးသွမ်းနေသောညီမ
ဖြစ်သူကြောင့်ကျိရန်ရင်မောရသည်။
" အ့ဲတာကြောင့်ပြောတာပေါ့ဒါကြီးမဝတ်ချင်ပါဘူး
ဆိုတာကို ကိုကိုပဲအတင်းဝတ်ခိုင်းတာလေပြီး
တော့ ဒီဖိနပ်လဲမစီးချင်ဘူး ခြေထောက်တွေအရမ်း
နာတယ် "
ဝတ်ထားပေးသောပန်းဆီရောင်အဖျော့ဖိနပ်လေး
ကိုချွတ်ကာ ရှေ့ကိုလွှင့်ပစ်လိုက်သောညီမဖြစ်သူ
ကြောင့်ကျိရန်ခေါင်းနပန်းကြီးသွားသည်။
( ဘုရားဘုရား ငါတို့ရောက်နေတာသူများတိုင်းပြည်
လေဆုရီရဲ့ မင်းသမီးဆိုတဲ့ဂုဏ်သိက္ခာနဲ့အိမ်ရှေ့စံ
ဆိုတဲ့ငါ့မျက်ခွက်လေးကိုထောက်ပါဦးဟ.)
" တောင်းပန်ပါတယ် အရှင် ညီမလေးကအရမ်းကို
အလိုလိုက်ထားမိလို့ပါ ပြီးတော့သူကနန်းတော်
မှာတစ်ခါမှမိန်းကလေးလိုမဝတ်စားဖူးဘူးလေ "
" အင်း...ရပါတယ်...ရပါတယ်..."
( ငမွှေးထိုးမိဖုရားခေါင်ရယ်စပ်စလူးမိဖုရားရယ်ငါ
နန်းတော်အသစ်ဆောက်ဖို့အတွက်နေရာကြိုရှာ
ထားတော့မယ် )
" အယ်...ချောလိုက်တာ....ဝါး..."
ရုတ်တရက်ထိုင်နေရာကနေပြေးလာပြီးသူ့ရဲ့
မျက်နှာကိုသေချာလာကြည့်နေသောမင်းသမီး
ကြောင့်ရှောင်းကျန့်နည်းနည်းလန့်သွားသည်။
" နာမည်ဘယ်လိုခေါ်လဲဟင် လှလိုက်တာ ကိုကို
ညီမလေးဘုရင်နဲ့လက်မထပ်ချင်ဘူး သူနဲ့ပဲလက်
ထပ်တော့မယ် "
မင်းသမီးဆုပ်ကို်င်ထားတဲ့လက်ကိုရိပေါ်ဆွဲယူကာ..
ရှောင်းကျန့်ရဲ့တစ်ကိုယ်လုံးကိုသူ့ရင်ခွင်ထဲထည့်
ထားပြီး
" သူကငါ့ရဲ့မိဖုရားခေါင် လင်မယားတော့လုပ်လို့မ
ရဘူးငါနဲ့လက်ထပ်ရင်တော့မင်းသူနဲ့မောင်နှမ
ဖြစ်မှာပေါ့..."
" အဟွတ်....အဟွတ်..."
ရုပ်တည်ကြီးနဲ့ပြောလိုက်သောအရူးဘုရင်ကြောင့်..
ရှောင်းကျန့်ချောင်းတွေတောင်ထဆိုးကုန်သည်။
" ဝါး...တကယ်လား....အ့ဲတာကြောင့်မို့ကိုး....
ဘာပဲဖြစ်ဖြစ်အမျိုးတော်ရရင်ကျေနပ်ပြီ နော်.....
နောက်ကျတူတူဆော့ကျမယ်နော်နန်းတော်ထဲမှာ "
" ကောင်းတာပေါ့ ငါ့နာမည်ကရှောင်ရှောင်းကျန့်
ငါ့နန်းဆောင်ကဇာမဏီနန်းဆောင် မင်းလာခ့ဲလေ
နောက်ဆို..."
" အွင်း...လာမယ်လာမယ်..."
" အဟမ်း....တော်တော့ ကိုယ့်နေရာကိုယ်ပြန်
ထိုင်ကြတော့..."
________________________________